တောင်ငူ ခရီးစဉ် အမှတ်တရပုံရိပ်အချို ့
၂၀၁၂ခု၊မတ်လ(၁၀)ရက်နေ ့ သံတွဲမှစတင်ထွက်ခွာဖြစ်ပြီး၊ဧပြီလ(၇)ရက်နေ ့တွင်ပြန်လည်ရောက်ရှိခဲ့ပါသည်။စတင်ထွက်ခွာခဲ့ရာ
သံတွဲမှ တောင်ကုတ်(၄၄မိုင်)၊ထို ့နောက် တောင်ကုတ်တောင်ကြားလမ်းအတိုင်း ဥသျှစ်ပင်(၈၅မိုင်)၊ဆက်ပြီး ပုသိမ်-မုံရွာလမ်း(၁၀၆မိုင်)အတိုင်း
ပဒန်း၊မင်းဘူး၊မကွေး။မကွေးမှ ပြည်သို ့(၁၄၅မိုင်) နဂိုလမ်းဟောင်းအတိုင်းဆက်ခရီးနှင်ခဲ့သည်။လမ်းတလျှောက် ဓါတ်ပုံများရိုက်ကူးလာနိုင်ခဲ့သော်လည်း
ပျက်စီးသွားသည်များရှိသလို၊တန်ဖိုးရှိသော ပုံများမှာ ကံကောင်းသည်ဟုဆိုရပေမည်။
ပြည်မှ ရန်ကုန်သို ့ရောက်ရှိပြီး မှတ်မှတ်ရရ မမဆူးထံ အလှူငွေထည့်ဝင်နိုင်ခဲ့သည်။ရန်ကုန်မှတောင်ငူ၊ထိုမှတဆင့်တောင်ကြီးခရီး၊ပြီးနောက် တလတာ
အလည်အပတ်အဆုံးသတ်လေ၏။လူလဲမော၊ငွေလဲ ကုန်ပါလေသည်။မှတ်မှတ်ရရ ပုံများထဲမှ အကောင်းဆုံးဟု ကိုယ်တိုင်ထင်ရသမျှတင်ပေးပါမည်။
မှတ်ချက်ချီးမြှင့်ပေးစေလိုပါသည်။လမ်းခရီးတလျှောက် အစစရာရာ လိုရာရောက်အောင် ကူညီပေးခဲ့သော စီးတော်မြင်းကြီး CBR-150i ကိုလဲ ကျေးဇူးတင်
ကြောင်းပြောရပါမည်။ထပျက်နေရင် ဒုက္ခမဟုတ်ပါလား။
မမမိုးသီတာစိုး ပြောတဲ့ကောင်းမှ ုတော်ဘုရားကို မရောက်ဖြစ်ခဲ့ပေမယ့်၊ရနိုင်သလောက်ပေါ့ဗျာ။သီးခံကြည့်ရှ ုအားပေးသူများ
အားလုံးကို ကျေးဇူးပါ။နောက်ပိုင်းမှာ မကွေး၊ပြည်၊တောင်ကြီး မှပုံများကိုတင်ပေးသွားပါမယ်။
21 comments
ကိုရင်မောင်
April 14, 2012 at 6:56 pm
အားပေးသွားပါတယ်ကိုနာဂရချစ်သူရေ…
ကိုရင်မောင်
April 14, 2012 at 7:08 pm
ကိုနာဂရရေ ဆိုင်ကယ်နဲ့ဆိုတော့ တော်တော်ပင်ပန်းမှာနော့….
ဆိုင်ကယ်ကတော့အပြန်စားဘဲဗျို……
ခရီးသွားဆောင်းပါလေးလဲ လုပ်စမ်းပါအုံး…
အတွေ့အကြုံလေးတွေပေါ့….
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
April 15, 2012 at 12:04 am
@ကိုရင်မောင်ရေ——
အကိုအကြံပြုတလ့ခရီးသွားဆောင်းပါးလေးကို ကြိုးစားရေးပါမည့်အကြောင်းကတိပေးပါတယ်။
@ကိုလွင်အောင်ရေ—
ခုလို ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်မယ်လို ့အားပေးလို ့ကျေးကျေးပါနော်။
@ကိုုဂျစ်ရေ
စီးတော်မြင်းကြီးပုံတွေလဲ နောက်ပိုင်းပါလာမှာပါ။မျှော်ပေါ့နော်။ဒီပုံတွေက iPad -3 လက်ချက်ပေါ့။
မရိုက်တတ်သေးဘူးလော
@ကိုထူးဆန်းရေ
ဟိုတယ်ရယ်လို ့ပြောလိုက်တာနဲ ့ဘယ်သူ ့ပိုင်တာ၊ဘယ်သူ ့လက်ချက် တိကျအောင်ပြောနိုင်ပါပေတယ်။
လေးစားပါတယ်ဗျာ။
@ကိုရှမ်းပြည်သားလေး ပြောတဲ့ အတိုင်းဖြစ်နိုင်ပါစေဗျား။
Lwin Aung
April 14, 2012 at 7:37 pm
Thank you. I think, you can become professional.
Gipsy
April 14, 2012 at 8:15 pm
စီးတော်မြင်းကြီး ပုံကိုလည်း ဓါတ်ပုံရိုက်ပြဦးလေ….
ဓါတ်ပုံတွေက အိုင်ပက် ချောင်းပက် တို့ နဲ့ ရိုက်လာတာလား…
ပုံတွေ ကောင်းတယ်ဗျာ…
htoosan
April 14, 2012 at 8:25 pm
လူရိပ်လူယောင်တောင် မမြင်ရပါလား ကိုနာဂ ရဲ့ ။ စီဘီဘဏ်ဥက္ကဌ ပိုက်ဆံပေါတိုင်း သူ့မြို့ပြန်ပြီး ကန်တော်ကြီးစောင်း ဦးခင်ညွန့်ဆီက တောင်းပြီးဆောက်ထားတဲ့ ဟိုတယ်လေ။ သမျောစရာ ကောင်းတယ် ။
စော်ဘွားလေး မောင်မာန်ခ
April 14, 2012 at 8:35 pm
ကိုထွဋ်ခရီးသွားနေခဲ့သည်……. အတိတ်ကာလ.. (past tense)
ကိုထွဋ်ခရီးသွားပြီးပြီဒါ့ပုံတွေတင်နေသည်…..ပစ္စုပ္ပန်ကာလ..(present tense)
ကိုထွဋ်ခရီးသွားလိမ့်ဦးမည်…. အနာဂါတ်ကာလ…(future tense)
ဟုတ်လားကိုထွဋ်……
ချာလီဂဇက်ဒလဝမ်
April 15, 2012 at 12:19 am
ဒါ့ပုံတွေကတော့ ဂယ့်ဆြာကြီး များရဲ့ ရိုက်ချက်နဲ့ တူတူလောက်ဖြစ်မယ်။
ကျုပ်တို့ ဂေဇက်မှာတော့ ဂယ့်ဆြာကြီးတွေ အများသား။
ငတုံး ၊ ငအ ဆိုလို့ ကျုုပ်တယောက်ထဲ ရှိ မှတ်တယ်။
ဒါလဲလေ ကျုုပ်က ဒလဝမ် ပဲ ဟာပဲ ဟာကို ။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
April 15, 2012 at 12:25 am
ဘယ်လို နာမည်ကြီးပါလိမ့် မိတ်ဆွေရာ။နောက်တမျိုးပြောင်းကြည့်ပါလားနော်။
တံခါးစောင့်ကြီးက ကိုဘလက်ချောလော
metallic
April 15, 2012 at 12:46 am
ဓာတ်ပုံလေးတွေက
မျက်စိထဲမှာ သပ်ယပ်လှပနေတာပဲ
အသုံးပြုရွေ့( စာလုံးမပေါင်းတတ်) မရပါဆိုတဲ့ပုံလေးအကြိုက်ဆုံးပဲ
ကျေးဇူးပါ။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
April 15, 2012 at 12:33 pm
@metallic ရေ —သပ်ရပ်လှပနေတယ်လို ့မြင်ပေးလို ့ကျေးကျေးပါ။
@ကိုရင်မောင်ရေ—-cbr-150 i. နော်။ဆိုင်ကယ်ကြီးတွေထဲမှာတော့
အမြင့်ဆုံးမဟုတ်ပေမယ့် အလယ်အလတ်ပေါ့။အရမ်းလဲမလန်းရပါဘူး။
မြန်မာပြည်မြို ့တွေတော်တော်များများဖြတ်သွားခဲ့ပေမယ့် လိုင်စင်မပါဘူးနော်။
လိုင်စင်လုပ်ရင် (၁၅)သိန်းလောက် သူတောင်းစားတွေကို အရှောင်ပေးနေရမှာ။
@bidchefရေ—–လာလည်ပါအုံးနော်
@ကိုအလင်းစက်လဲ လည်နိုင်ပါစေဗျား။
ဒါနဲ ့ဗျာ. ဘယ်သူများနောက်ကလိုက် အနီတွေပေးနေပါလိမ့်ဗျာ။မိန်းမကျင့်၊မိန်းမကျင့်နဲ ့
သူတောင်းစား ဖွတ်ကျားပါလား
ကိုရင်မောင်
April 15, 2012 at 3:00 am
ကိုနာဂရရေ cbr-150 ဆိုတာဘာမှန်းမသိလို့အင်တာနက်ထဲမှာရှာကြည့်တော့မှ..လားလား
အပြင်မှာတခါမှတောင်မမြင်ဘူးတဲ့ဆိုင်ကယ်ပါလားကွယ်တို့ရေရေလည်လည်လန်းတယ်
ipad-3ကလဲတန်ဘိုးကကွန်ပြူတာတလုံးစာလောက်ရှိတယ်
..ကဲလာထားပုံကောင်းတွေအားပေးဘို့စောင့်နေပြီ..
အားကျ… ထွာ…. ( ဂိဂိလေသံ )
bigchef
April 15, 2012 at 8:55 am
ပုံတွေလဲ မိုက်တယ် ။သံတွဲလာရင် အဲဒီ စီဘီအာ ကြီး လာစီး အုံးမယ်. ငပလီ နားက ဂျိတ်တောမှာတော့ တစ်လ လောက်လာနေဘူးတယ်.
alinsett
April 15, 2012 at 11:58 am
နာဂရ ချစ်သူ..ရေ.. ကိုယ်လည်း.အဲဒီလို ခရီးတွေ..သွားချင်လိုက်တာ…
ဆူး
April 15, 2012 at 7:48 pm
မီးမီး ရဲ့ ပုံတွေ ကြည့်သွားတယ်နော်.. အဲ. ကိုနာဂ
🙂 🙂 :haha:
ကိုပေါက်(မန္တလေး)
April 15, 2012 at 10:12 pm
ကိုဦး
ရှေးဟောင်းလှေကြီးကိုတော့ ခိုက်တယ်ဗျာ။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
April 15, 2012 at 11:38 pm
မမဆူးရေ—-မီးလေ အဲ ယောင်လို ့ပါ. ကျေးကျေးပါလို ့နော့်။
ကိုပေါက်ရေ. စိတ်ကြိုက်ပုံတွေရွေးနေရလို ့မတင်ဖြစ်သေးပါဘူး။နောက်ထပ်
တင်မယ့်ပို ့စ်က ပုံလေးတွေကိုလဲ အားပေးကြပါနော့်
koaung
April 16, 2012 at 9:14 am
အားကျပါတယ်ဗျာ ခရီးသွားတာတွေကို ဓတ်ပုံတွေကလဲကောင်းပါ့
သမိန်ဂီ့
April 16, 2012 at 9:36 am
အားပေးသွားပါတယ်…. မီးမီး အဲ့လေ.. ကို နာဂ ရယ်…
အာဟိ..ဒက်ဂလောက်
ဇောက်ထိုး မိုးမျှော် သခင် ကိုယ်တော်
April 16, 2012 at 9:53 am
ကွမ်းသီး မှာ တောင်ငူ လို့ ကြားဖူးပါတယ်
တောင်ငူ ကွမ်းသီး ကောင်း/မကောင်းသိချင်လို့
နောက်တခေါက်များ ရောက်ခဲ့ရင် ကွမ်းသီး ဒ့ါပုံလေး ရိုက်လာခဲ့ ဦး ။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
April 17, 2012 at 12:40 am
ဟုတ်တယ်ဗျာ သခင်နှာကိုယ်တော်ပြောတဲ ့အတိုင်း ကွမ်းသီးပင်တောင် မတွေ ့မိသလိုပါဘဲ။
နောက်တလါပေါ့ဗျာ။