ရွှေဥမင်.အတွင်းမှဆင်းတုတော်များ ………..အပိုင်းတစ်
- 20 နံရံပေါ်မှာအဆင့်ဆင့်တည်ထားတဲ့ဆင်းတုတော်များ
“ရွှေဥမင် အတွင်းပိုင်းတစ်ံ”
ဓါတ်လှေခါးကဆင်းပြီးတဲ့အခါမှာ အပေါ်တက်တဲ့လှေခါးလေးတစ်ခုတွေ့ရပါတယ်။
လှေခါးလေးအတိုင်းတက်သွားတဲ့အခါမှာတော့ စေတီလေးတစ်ဆူ။
ဘုရားရှိခိုးနေသူလဲရှိ။
လူလတ်ပိုင်းတစ်ယောက်ကတော့ ဘုရားဖူးလာသူအမျိုးသမီးနှစ်ဦးကို ဘုရားသမိုင်းကြောင်း
ကိုရှင်းပြလို့နေပါတယ်။
ဘုရားအတွင်းက နံရံအောက်ခြေကစလို့ ဂူအမိုးထိတိုင်အောင်သဏ္ဍာန်အမျိုးမျိုးသောဆင်းတုများနဲ့
ပြည့်လို့နေပါတယ်။.
နေရာအနှံ့မှာ ဆင်းတုတော်တွေရှိနေပါတယ်။
စေတီလေးကနေ အနောက်ဖက်ကို ထွက်လိုက်တဲ့အခါ ဝင်္ကပါလမ်းကလေးကိုတွေ့ရပါတယ်။
မျက်နှာချင်းဆိုင်တည်ထားတဲ့ ဆင်းတုတော်တွေကြားမှာ လူတစ်ယောက်သွားသာရုံလမ်းကလေး
လုပ်ပေးထားပါတယ်။
ဒီလမ်းကလေးအတိုင်းကွေ့လိုက်ကောက်လိုက် လိုက်သွားရင်းကနေ
အပေါ်ဘက်ကို ရောက်မှန်းမသိရောက်သွားပါတယ်။
အပေါ်မှာလဲ ဆင်းတုတော်ပုံစံမျုိုးစုံကိုဖူးမြင်ရပါတယ်။
ကျနော့်အဘို့တော့ မြင်မြင်သမျှဓါတ်ပုံရိုက်ချင်စရာချည်းပါဘဲ။
ကဲ ဖူးလိုက်ကြပါအုံးဗျာ။
ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ
(30-5-2012)
14 comments
ကိုပေါက်(မန္တလေး)
June 1, 2012 at 9:30 am
လှိုဏ်ဂူထဲမှာ ရိုက်ထားခဲ့တာတွေအများကြီးဖြစ်တာကြောင့် အားလုံးကိုလည်းကြည့်စေချင်တဲ့
အတွက် လေးပိုင်းခွဲတင်ပေးလိုက်ပါတယ်။
ရှမ်းပြည်သား (တောင်ပိုင်း)
June 1, 2012 at 9:35 am
လေးပေါက်ဘယ်လောက်တောင်လက်ဆော့ခဲ့သလဲမသိ….
စနပ်ရှော့ပ်ကတော့အပီဆွဲခဲ့ပုံရတယ်…..ပင်းတယပြီးရင်…ကွန်လုံကျောင်းမသွားခဲ့ဘူးလားဗျ….
ဦးပေါက်လိုပဲသေးသေးလေးကိုင်တဲ့…..(ကင်မလာပြောပါတယ်…)
ရှမ်းပြည်သား(မိုင်ဆွန်ခ)
windtalker
June 1, 2012 at 9:37 am
ရွှေဥမင် လှိုင်ဂူအတွင်းမှာ ဗုဒ္ဓရုပ်ပွားတော် ၈၀၉၄ဆူ နဲ့ စေတီပေါင်း ၁၆၄ဆူ ရှိကြောင်းပါ။
AKKO
June 1, 2012 at 9:57 am
ပင်းတယ ရွှေဥမင်ကိုတော့ တစ်ခါမှ မရောက်ဖူးသေးဘူး ။
MRTV 4 မှာ ပြတုန်းကတော့ ကြည့်လိုက်ရတယ် ။ အင်းလေးကိုသွားဖြစ်လျှင် မဖြစ်မနေ ဝင်ဖူးရမယ့် ဘုရားတစ်ဆူပါ ။
လောလောဆယ်တော့ ခရီးထွက်ဖို့ ခက်နေတာကြောင့် ၊ သွားမယ့်ခရီးစဉ်တွေထဲ တော့ မှတ်ထားလိုက်ပါပြီ။
အခုလို ကြည့်ရတော့ အတွင်းမှာ အရမ်းမှောင်မနေဘူး လင်းသားပဲ ။ etone တို့ သွားတုန်းကတော့ အထဲမှာ မဲမှောင်နေတာပဲတဲ့ ။ အောက်ဆီဂျင်အဝင်ထွက်အားနည်းလို့ နှလုံးရောဂါရှိသူတွေ သိပ်အကြာကြီးနေလို့မသင့်တော်ဘူးပြောတယ်(ကြားဖူးတာ) ။ ကြမ်းခင်းကလည်း ကျောက်ဆက်ရေတွေကျလို့ စိုစိစိနဲ့ဆိုပဲ ။ ကျောက်သား အရကို ရေတွေစိမ့်ထွက်နေတဲ့ ဆင်းတုချွေးထွက်ကိုယ်တော်လည်း ရှိသေးတယ်ဆို ။
etone
June 1, 2012 at 10:08 am
လေးပေါက်ရေ .. ရွှေဥမင်ကို သမီး ကိုးတန်းနှစ်က တစ်ခါရောက်ဖူးတယ် ။
ဦးလေးက တောင်ကြီးမှာ တာဝန်ကျလို့ တစ်မိသားစုလုံး သွားလည်ရင်း ရှမ်းပြည်ဘက် ဘုရားဖူးထွက်ရာကရောက်ဖူးခဲ့တာ ။ အဲ့ဒီဘက်ကို သွားတဲ့လမ်းမှာ မှတ်မှတ်ရရဖြစ်တာက သစ်ပင်အကြီးကြီးတွေပါပဲ … အရမ်းကိုလှတဲ့ နှစ်ချို့ သစ်ပင်တွေပေ့ါ …. ။
လေးပေါက်ရေ … အဲ့ဒီဘုရားပေါ်ကို တက်ပြီးအောက်ကို ပြန်ကြည့်ရတဲ့ ဖီလင်လေး အရမ်းသဘောကျတာပါပဲ … ။ လေတွေလည်း တဟူးဟူးတိုက်ပြီး အရမ်းကို လန်းဆန်းစေတယ် …. ။ ဒါပေမယ့် ဂူထဲသွားရတာတော့ အရမ်းကြောက်တယ် … မှောင်ကလည်း မှောင် ၊ မြေသားကလည်း စိုစွတ်တော့ …. စိတ်ထဲ မရိုးမရွနဲ့ တမျိုးပဲ … ။ နောက်ပြီး သမီးက နေရာတကာ စိုးရိမ်လွန်နေတယ် … သူများတွေ ဒီလောက် ဂူထဲဝင်ဘုရားဖူးနေတာ ဘာမှ စိတ်မပူကြပဲ .. သမီးစိတ်ထဲတော့ ဂူထဲသာ ဘုရားသွားဖူးနေရတာ … ဒီဂူရဲ့ ကြံ ့ခိုင်မှုကိုတော့ စိတ်တထင့်ထင့်နဲ့ … ။ အဲ့လို နေရာတကာ တွေးပူတတ်တဲ့ အကျင့်က တမင်လုပ်ယူထားတာမဟုတ်ပေမယ့် … မြင်နေလျှင် … သံသယဖြစ်မိတာ အတော်ဆိုးတာပါပဲ … ။ ကြောက်သားတွေက ရေတွေ တစက်စက်ကျတာကိုယ်ပေါ်ကျသွားလျှင် လန့်ဖြန့်သွားတာ အကြိမ်ကြိမ်ပါပဲ … ။ မြေသားစွတ်စိုပေမယ့် … တစ်ခုကောင်းတာက … အရမ်းမုန်းစရာကောင်းတဲ့ တီကောင်မရှိဘူး … 😀 ဟီး ။
အထဲမှာ နတ်သမီးကျောက်ပြင်တို့ ဘာတို့လည်း ရှိသေးတယ်နော် … သမီးသွားတုန်းကတော့ ဓါတ်ပုံရိုက်ခဲ့ရကောင်းမှန်း နားမလည်ဘူးဆိုတော့ …. အမှတ်တရဓါတ်ပုံတွေ မရှိခဲ့ဘူး … ။ 🙂
Davit
June 1, 2012 at 11:01 am
ဟူးးးးးးးးးးးးး …… ကိုပေါက်ရယ်…..လူကို ကိုရီးယားကားလိုတယ်ဆွဲဆောင်ပါလား….. အရင်ပိုစ့်တုန်းကတော့ တစ်ပုံပြီးတစ်ပုံကြည့်… လယ်ကွင်းတွေ တောင်တန်းတွေပဲမြင်….ကြည့်နေရင်းနဲ့ ဂူထဲကဘုရားဆင်းတုတော်တွေမြင်ရတော့မယ်ထင်ပြီး မျှော်လင့်ချက်နဲ့ တစ်ပုံပြီးတစ်ပုံကြည့်လာတာ…ပြီးတော့ သူကလယ်ကွင်းနဲ့တင်ဆုံးသွားတယ်…… ခုမှပဲ သူ့နေက်ဆက်တွဲကလာတော့တယ်….. မရောက်တာကြာပြီဖြစ်တဲ့ဘုရားကိုဖူးရတာ ကျေးဇူးဗျို့….. 🙂
Ma Ei
June 1, 2012 at 11:14 am
ဓါတ်ပုံတွေကြည့်ပြီး
ခုချက်ချင်းတစ်ခေါက်ပြန်ရောက်သွားပြီ…
နောက်ထပ်ပုံတွေ မျှော်နေမယ်…
မဟာရာဇာ အံစာတုံး
June 1, 2012 at 11:39 am
ဆင်းတုတော်တွေက အများကြီးပဲဗျနော့ …
အားပါးတရ ဖူးမြော်သွားပါတယ် ဖေဂျီးရေ ..
သာဓု .. သာဓု .. သာဓု …
ကိုပေါက်(မန္တလေး)
June 1, 2012 at 12:05 pm
ကျေးဇူးတင်ပါ၏။
အခုလိုကော်မင်းလေးတွေဖတ်လိုက်ရတော့အမောပြေပါ၏။
ဒီပင်းတယ လိူဏ်ဂူက အမိုးနည်းနည်းပိုမြင့်တဲ့အတွက် အသက်ရူသိပ်မကျပ်ပါဘူး။
ပိတ်ချင်းမြောင်မှာတော့ အပေါ်ဆင့်ရောက်တဲ့အခါ အတော်လေးမွန်းကျပ်ပါတယ်။
မြင်းမထိကတော့ အပြင်ကို ပြန်ထွက်မယ့် အကွေ့လေးနေရာရောက်တော့ လူမွှန်ထူလာသလိုပါဘဲ။.
ကျနော်ကြက်သီးထတယ်ဆိုတဲ့နေရာပြန်စဉ်းစားတော့ အကွေ့အဆုံးလမ်းမှာ အသက်ရူမဝတာကြောင့်ဖြစ်နိုင်ပါတယ်။
ကျနော်ရောက်လေရာ ရာ ဒေသက ပုံတွေ ကျနော်ရွာသူားတွေမြင်ရအောင် အမြဲမှတ်တမ်းတင်ခဲ့ပါမယ်နော်။။
(2-6-2012) ရှမ်းမြောက်ကို ခရီးထွက်ပါမည်။
မျှော်…………………………
pooch
June 1, 2012 at 12:17 pm
ဖူးသွားပါတယ် လေးပေါက်။ ရှမ်းမြောက်ကို ရောက်ရင် ဟိုတခါပြောဖူးတာလေး ဓာတ်ပုံရိုက်ခဲ့ဖို့ မမေ့နဲ့အုန်းနော်။ 😀
aye.kk
June 1, 2012 at 1:34 pm
ကျေးဇူးပါကိုပေါက်ရေ…
ဘုရားတွေကသပ္ပါယ်လွန်းလှသည်….
ဖူးမျှော်ကာကြည်ညိုသွားပါ၏….။။
ထုံးဘဲဥ
June 1, 2012 at 3:25 pm
အားပေးတွားပါဒယ် အန်တီပေါက်ချင့် သများဂိုလည်း လက်တွဲခေါ်ပေးနော်
eipu
June 1, 2012 at 4:04 pm
ကျေးဇူးပါ ကိုပေါက်ရေ.
ဖူးသွားပါတယ်.
အခွင်းအရေးရရင် ကိုယ်တိုင်သွားဖူးမယ်.
ကိုပေါက်(မန္တလေး)
June 1, 2012 at 4:43 pm
နိုင်ငံခြားကလူတွေပါကြည့်ပြီးလာချင်စိတ်ပေါက်သွားမယ်
ကျနော်တို့ကလဲ လမ်းခရီးကောင်းအောင် လုပ်ပေးနိုင်မယ်ဆိုရင် နိုင်ငံမှာဒေါ်လှတွေလှိမ့်ဝင်လာမှာသေချာါတယ်။
မြန်မာပြည်မှာအလှတရားပေါင်းများစွာရှိတာကို နိုင်ငံခြားက ဒေါ်လှပိုင်ရှင်များသ်ိစေချင်ပါ၏။