21 အရှေ့တလွှားမြင်ကွင်း ဆွမ်းဦးပုညရှင်အနီးမှ အပေါ်စီး ကြည့် မြင်ကွင်းအစုံ စစ်ကိုင်းတောင်လို့ပြောလိုက်တာနဲ့ ဆွမ်းဦးပုညရှင်ကိုပြေးမြင်မိတာအမှန်ပါဘဲ။ ဒီဆွမ်းဦးပုညရှင်ရင်ပြင်တော်ပေါ်ကနေ အရှေ့ဘက်မှာမြစ်ပြင် ရွှေတောင်ဦးမော် မြောက်ဘက်ကိုကြည့်ရင်ရှင်ဖြူရှင်လှနဲ့ဥမင်ကိုးဆယ်။ တောင်ဘက်ကိုကြည့်မယ်ဆိုရင် အင်းဝဘက်ကမ်း အနောက်ဘက်ကိုကြည့်မယ်ဆိုရင် ကောင်းမူ့တော် သီတဂူ ဆင်များရှင် ငါးထပ်ကြီး အစရှိတဲ့ဘုရားများအပြင် စစ်ကိုင်းတံတား(ခ)အင်းဝတံတားဟောင်းနဲ့ဧရာဝတီ တံတား အသစ်ကြီးကိုနှစ်စင်းယှဉ်လျက်တွေ့နိုင်ပါသေးတယ်။ ရှေးကတည်းက စာဆိုရှိခဲ့တာတော့ ဆွမ်းဦးပုညရှင်ကို ဘယ်သူတစ်ဦးတစ်ယောက်မှ ဆွမ်းဦးအောင်ကပ်လို့မရ။ မနက်ဘယ်လောက်စောစော ဆွမ်းကပ်ပြီးသားဖြစ်နေတယ်လို့ တစ်ဆင့်စကားတစ်ဆင့်နားနဲ့ကြားဘူးခဲ့ရ။ ဝါဆိုလပြည့်နေ့တိုင်းမှာဘုရားပွဲကျင်းပလေ့ရှိပါတယ်။ ဟိုအရင်ကဆိုရင်တော့ စစ်ကိုင်းတောင်ကို ခြေလျင်တက်ကြရပါတယ်။ မန္တလေးကထိန်နဲ့စစ်ကိုင်းတောင်ခွဲခြားလို့မရတဲ့အချိန်များမှာတော့ တန်ဆောင်မုန်းလပြည့်မတိုင်ခင် အဖိတ်နေ့ညများမှာ ဒီဆွမ်းဦးပုညရှင်အရှေ့ဖက်ရင်ပြင်ကနေ လရောင်အောက်က ဧရာဝတီမြစ်ညရူ့ခင်းကိုခံစား တတ်ကြပါတယ်။ မြစ်မင်းက တငြိမ့်ငြိမ့် သူ့ကျောပေါမှာ မီးဖောင်လေးတွေမျောလျက်။ […]