တောင်ပေါ်သားတို့ရဲ့အောင်ပန်းမြို့ကဈေးကလေး…………………..















ကျနော်အောင်ပန်းမြို့ကို 26ရက်နေ့ညနေရောက်ပါတယ်။
ရောက်တဲ့နေ့ညနေကတော့ ဈေးနားမှာရှိတဲ့လက်ဖက်ရည်ဆိုင်ကိုရောက်ပါတယ်။
ညနေမှာတော့ ဈေးက သိပ်မစည်ပါဘူး။
နောက်နေ့မနက်ကျနော် လမ်းလျောက်ထွက်တဲ့အခါ မြို့အနောက်ပိုင်းကို လျျောက်လာခဲ့ပါတယ်။
အောင်ပန်းဘူတာရုံရဲ့အနောက်ဖက်မှာရှိတဲ့ဈေးကို ဈေးလေးလို့ခေါ်ပါတယ်။
ကျနော်လမ်းလျောက်ထွက်တဲ့ မနက်ဝေလီဝေလင်းမှာ ဈေးရောင်းသွားကြမယ့်ဈေးသည်လေးတွေကိုတွေ့ရပါတယ်။
ကုန်သွားတိုက်မယ့် မြင်းလှည်းလေးတွေလည်းမြင်ရပါတယ်။
မြင်းလှည်းဂိတ်ကတော့ ဈေးကြီးကိုသွားတဲ့လမ်းမှာတွေ့ခဲ့ရပါတယ်၊
ဈေးကြီးကတော့ အောင်ပန်း-ပင်းတယလမ်းရဲ့အပေါ်ဘက် တောင်ကုန်းလေးပေါ်မှာရှိတာပါ။
ကျနော်ရောက်တဲ့ရက်က တော့ ဈေးနေ့ဖြစ်နေတော့ဈေးထဲမှာ တိုင်းရင်းသားဈေးသည်လေးတွေ
အများကြီးတွေ့ခဲ့ရပါတယ်။
ကျနော်လဲ အားပါးတရလက်ဆော့တော့တာပေါ့။
ကျနော်ဓါတ်ပုံရိုက်တဲ့အခါမှာ မသိအောင်ရို်က်တာများပါတယ်။
သိသွားရင် သဘာဝကျတဲ့ပုံမရဘဲရှက်ကိုးရှက်ကန်းဖြစ်နေတတ်ကြလို့ပါ.။
နောက် သစ်ခွပန်းရောင်းတဲ့သူကိုလဲမြင်ခဲ့ရပါတယ်။
နောက်ပြန်ခါနီးရက်မှာတာ့ ဈေးတန်းလေးဖြစ်နေတဲ့ ကားရပ်နားစခန်းနားမှာရှိတဲ့ဈေးသည်လေးတွေကိုလည်း
မှတ်တမ်းတင်ခဲ့လက်ဆော့ခဲ့ပါသေးတယ်။
လှတာမလှတာ အပထားသူတို့လေးတွေဘာရောင်းနေကြတယ်ဆိုတာ သိအောင်တင်ပြပေးလိုက်ပါတယ.်။
ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ
(21-5-2012)
24 comments
water-melon
May 21, 2012 at 8:44 am
အန်တီက သများအတွက် သစ်ခွတွေလည်း ဝယ်မလာဘူး
စိတ်ဆိုးတယ်
အန်တီက အာဖွားမပေးတော့ဘူး
အခု ချစ်ရင်ထူးပြောတဲ့ ဈေုးသည်ခေါင်းစဉ်ကို အန်တီပုံတွေနဲ့ဝင်ပြိုင်အုန်းမယ်
သများ ကင်မတာ ပျက်နေလို့
အဟိ
ကိုရင်မောင်
May 21, 2012 at 9:29 am
အားကျလိုက်တာဆရာပေါက်ရေ…
မြန်မာပြည်အနှံ့သွားနိုင်တဲ့ဆရာပေါက်ပါဘဲ..
အားပေးသွားပါတယ်……
ကိုပေါက်(မန္တလေး)
May 21, 2012 at 9:38 am
ကိုရင်မောင်ရေ
အလုပ်တစ်ဖက်နဲ့သွားရတာဆိုတော့ ဟိုစကားပုံလိုပါဘဲ။
ဘုရားလဲဖူးရင်းလိပ်ဥလဲတူးရင်း……………………………
windtalker
May 21, 2012 at 9:57 am
မောင်ပေ ငယ်တုန်းက နွေရောက်တိုင်း ကလောက အဘိုးအိမ်မှာ။ ဈေးနေ့ရောက်ပြီဆိုရင် မြို့အနီးနားက ဈေးသည်တွေဟာ ရောင်းကုန်တွေနဲ့အတူ မနက် အစောကြီးကတဲက လမ်းလျှောက် လာကြတယ်။ အဲ့မှာ ပအို့မ ဈေးသည်တွေလဲပါတယ်။ သူရို့တွေ အပေါ့သွားရင် အိမ်ရှေ့က ခြံစည်းရိုးကဖြစ် ရှိနေတဲ့ ခြုံတွေနားကပ်ပြီး မတ်တပ်ရပ် သွားကြတာကလား။
Ma Ei
May 21, 2012 at 11:12 am
ကိုပေါက် ရဲ့
ဈေးသည် ဓါတ်ပုံပြပွဲလေးကိုကြည့်ပြီး
အောင်ပန်းမြို့ဈေးကလေးကိုအလည်ရောက်ခဲ့ပါတယ်…
Shwe Tike Soe
May 21, 2012 at 11:43 am
လေးပေါက် အပေါ်ဆုံးက မြင်းလှည်းပုံလေး ကူးသွားတယ်နော်… Desktop ပေါ်တင်ထားမလို….
ရှမ်းပြည့်က ဈေးလေးတွေက ဝယ်ရတာ အရမ်းကောင်းမဲ့ပုံပဲနော်……
လေးပေါက်လို သွားချင်လိုက်တာဗျာ……
kyeemite
May 21, 2012 at 1:02 pm
ကျုပ်လဲ အောင်ပန်း ကလော တောင်ကြီး ရောက်ဘူးတယ်
ဒါပေမဲ့ အဲဒီတုန်းက ကင်မလာကမရှိသေး…ကြည့်ရတာ ဈေးသယ်တွေကို
အဝေးကဆွဲရိုက်တယ်နဲ့တူပါရဲ့…
ကိုပေါက်(မန္တလေး)
May 21, 2012 at 1:23 pm
ဘယ်ဟုတ်မလဲ အလစ်ကပ်ရိုက်တာ ကိုမိုက်ရဲ့။
ကျနော်က ရိုက်ရင် ဇွမ်းသုံးခဲတယ်။
ဇွမ်းသုံးရင် ပုံကဝါးသွားတတ်လို့ပါ။
ကင်မလာက ပေါက်စနကိုးဗျ။
အတိသဉ္ဖာ နာဂရချစ်သူ
May 21, 2012 at 1:26 pm
ကိုပေါက်ရေ နံပါတ်(၁၇)ပုံလေးထဲက ဈေးသည်လေးတွေ. ပုံကျနော်လဲ ရိုက်ဖြစ်ခဲ့သေးတယ်။
ပုံတင်ဖို ့လိုင်းစောင့်နေတာ တစ်လပြညိ့ပါတော့မယ်
etone
May 21, 2012 at 2:33 pm
ကိုပေါက် ခရီးသွားနေသည် ဆိုတဲ့ .. ဇာတ်ကားတစ်ကားတော့ ရိုက်လို့ ရပြီ လေးပေါက်ရေ … ။
သမီးတို့လို တစ်နေကုန် ကွန်ပျူတာထဲ ခေါင်းစိုက်နေသူတွေအတွက် .. တနှစ်လုံးနေလို့တောင် တစ်ခါ ခရီးမထွက်ဖြစ်ခဲ့ဘူးလေ … ။ နောက်ပြီး … သူများ အလုပ်လုပ်နေရတာမို့ .. ခွင့်ယူချင်တာတောင် … ယူလို့ မရတာမျိုး .. ဒါကြောင့် ဘယ်မှ ဟုတ်တိပတ်တိ မသွားဖြစ်ဘူး .. ။
အခုလို နေရာဒေသတွေ ၊ ရှုခင်းလေးတွေအကြောင်း မြင်ရတာ … ကွန်ပျူတာထဲကနေ .. ခရီးထွက်လိုက်သလိုပါပဲ .. ဗဟုသုတလည်းရသလို .. ကိုယ်မရောက်ဖူးတဲ့ နေရာတွေကိုလည်း ရောက်ရလို့ ကျေးဇူးပါ လေးလေးရေ … ။ အောင်ပန်းကို ဖြတ်ပဲ သွားဖူးတာ … မလည်ပတ်ဖူးဘူး … ။ 🙂
ဗိုက်ကလေး
May 21, 2012 at 3:57 pm
ဒါကတော့ အူးေးပါက်ရဲ့
ဓာတ်ပုံပြပွဲအမီ ဈေးသည် ပုံများ ဖြစ်ပေသည်တစ်မုံ ့
အဲဘက်မှာ ငြုပ်သီးတော့ အတော်ပေါပုံရတယ်နော
ကိုပေါက်(မန္တလေး)
May 21, 2012 at 5:52 pm
အောင်ပန်းကပုံတွေရိုက်ထားတာ အများကြီးထဲက တစ်ကန့်စီထုတ်တင်ပေးလိုက်တာပါ.
ဈေးသည် ပြပွဲမလုပ်ခင်ကတည်းက ဒီဈေးသည်လေးတွေရဲ့ပုံက တင်ဘို့စီထားပြီးသားလေ
Gipsy
May 21, 2012 at 6:04 pm
ဪ ကိုပေါက်တို့များ ရိုးရာဓလေ့၊ ရိုးရာ အဝတ်အစားတွေနဲ့ တိုင်းရင်းသားတွေကို
တွဲဖက် ဖေါ်ပြတတ်ပါပေတယ် …
ရောက်ဖူးတယ်ရှိအောင် သွားရပါဦးမယ်… အေးမြတဲ့ ရာသီဥတု ကိုလဲ ခံစားကြည့်ချင်ပါတယ်…။
ကိုပေါက်(မန္တလေး)
May 21, 2012 at 6:36 pm
ပထမတစ်ခေါက်က ဈေးနေ့နဲ့ မဆုံလို့ မရိုက်လိုက်ရတာကို အတိုးချပြီးရိုက်လာခဲ့ပါတယ်။
အောင်ပန်းက နေကတော့ ပူတယ်။
ဒါပေမယ့် အရိပ်အောက်မှာအေးတယ်။
မန်းလေးသားကျနော်အောင်ပန်းရောက်တော့ အေးတယ်ဆို ပျော်နေတာ။
အောင်ပန်းကလူကတော့ ပူလို့ မနေနိုင်ဘူးတဲ့ဗျာ။
TTNU
May 21, 2012 at 9:06 pm
ကိုပေါက်ရေ..
ပုံ(၆) သစ်ခွကိုတောင်းကြီးဖြုတ်ပြီး ပန်းအနီးကပ်ကူးပေးပါနော်။
ပုံ(၈)လူက နနွင်းမှုန့်ရောင်းတာမဟုတ်လား။
may flowers
May 21, 2012 at 9:30 pm
လေးပေါက်ရေ မြန်မာပြည်အနှံ့ခရီးထွက်ရင် ဓါတ်ပုံလေးရိုက်နိုင်နေတဲ့လေးပေါက်ကို အားကျလိုက်
တာ။ အောင်ပန်းဈေးလေးကို ကြည့်ရတာပျော်စရာကောင်းမဲ့ပုံနော်။ သစ်ခွပန်းတွေ ယူသွားမယ်နော်
လေးပေါက်။
kotun winlatt
May 21, 2012 at 9:34 pm
လေးပေါက်ရေ…
အောင်ပန်းရောက်ဘူးးချင်တယ်…
ပအိုဝ်မလေးတွေ ချောတယ်မဟုတ်လားးးဗျာ…
ဟီးးးးးးးးး))))))))))))))))))))
ကိုပေါက်(မန္တလေး)
May 21, 2012 at 9:52 pm
သစ်ခွပန်းကျနော်လဲသဘောကျတယ်။
ခရီးသွားခွင့်ဆုံတာကတော့ကံကောင်းခြင်းတစ်ရပ်လို့ဘဲခံယူပါတယ်။
အောင်ပန်းဈေးက အခု သင်္ကြန်အပြီးမို့သိပ်မစည်ဘူးပြောတယ်။
တိုင်းရင်းသားအစုံကြည့်ချင်ရင် သင်္ကြန်မတိုင်ခင်လာခဲ့လို့မြို့ခံတွေက မှာလိုက်ပါတယ်။
ကိုင်း ရွာသူားတွေစုပြီး သွားလိုက်ကြရအောင်ဗျာ။
လွိုင်ကော်အသွားလမ်းက ပအိုဝ့်မလေးတွေက ပိုချောတယ်ဗျ၊
ကိုပေါက်(မန္တလေး)
May 21, 2012 at 10:01 pm
မေဖလားဝါးရေ
ဒီအထဲမှာတင်တဲ့ပုံတွေကို နှစ်သက်တယ်ဆိုရင် ယူလို့ရပါ၏။
ရဲစည်
May 22, 2012 at 12:26 pm
အားပေးနေပါတယ် လေးပေါက်ရေ လုံ့လစိုက်ထုတ်နိူင်မှု အားကိုတော့ လေးစားအပ်ပါကြောင်း..
MaMa
May 22, 2012 at 2:39 pm
ကိုယ်တိုင်လည်း အောင်ပန်း ရောက်ဖူးတာပဲ။
ကိုပေါက်လို လှတပတ မမြင်တတ်တော့ ရိုက်စရာကို မရှိခဲ့ဘူး။
ဘာမှလည်း မရိုက်ဖြစ်ခဲ့ဘူး။ 🙁
ကိုပေါက်(မန္တလေး)
May 22, 2012 at 4:22 pm
ကျနော်ကတော့ တစ်နေရာရောက်ရင် ကျီးကန်းတောင်းမှောက်လိုက်ကြည့်တာ အကျင့်ပါနေပြီဗျာ။
အရင့်ရောင်
May 22, 2012 at 4:41 pm
ဦးပေါက် က
ကျီးကန်း တောင် တောင်းမှောက်ကြည့်တယ်ဆိုတော့
အရင့်ရောင်တော့ ပြေးပီ
ဘာနဲ့မှောက်မယ်မသိလို့
ဝှီးးးးးးးးးးးးးးးးးးးးး
ကိုပေါက်(မန္တလေး)
May 22, 2012 at 4:47 pm
ဆင်အကန်ခံရတာ မမှတ်သေးဘူးနဲ့တူတယ်။
ဒီကလေးတော့ကွယ်……………………..တနင်္လာသမီးနဲ့ပေးစားမှနဲ့တူတယ်နော်။