ဆွမ်းဦးပုညရှင်အနီးမှ အပေါ်စီး ကြည့် မြင်ကွင်းအစုံ


သီတဂူ ဆန်ချီစေတီတော်……………..
















- 21 အရှေ့တလွှားမြင်ကွင်း


ဆွမ်းဦးပုညရှင်အနီးမှ အပေါ်စီး ကြည့် မြင်ကွင်းအစုံ
စစ်ကိုင်းတောင်လို့ပြောလိုက်တာနဲ့ ဆွမ်းဦးပုညရှင်ကိုပြေးမြင်မိတာအမှန်ပါဘဲ။
ဒီဆွမ်းဦးပုညရှင်ရင်ပြင်တော်ပေါ်ကနေ အရှေ့ဘက်မှာမြစ်ပြင် ရွှေတောင်ဦးမော်
မြောက်ဘက်ကိုကြည့်ရင်ရှင်ဖြူရှင်လှနဲ့ဥမင်ကိုးဆယ်။
တောင်ဘက်ကိုကြည့်မယ်ဆိုရင် အင်းဝဘက်ကမ်း
အနောက်ဘက်ကိုကြည့်မယ်ဆိုရင် ကောင်းမူ့တော် သီတဂူ ဆင်များရှင် ငါးထပ်ကြီး အစရှိတဲ့ဘုရားများအပြင်
စစ်ကိုင်းတံတား(ခ)အင်းဝတံတားဟောင်းနဲ့ဧရာဝတီ တံတား အသစ်ကြီးကိုနှစ်စင်းယှဉ်လျက်တွေ့နိုင်ပါသေးတယ်။
ရှေးကတည်းက စာဆိုရှိခဲ့တာတော့ ဆွမ်းဦးပုညရှင်ကို ဘယ်သူတစ်ဦးတစ်ယောက်မှ ဆွမ်းဦးအောင်ကပ်လို့မရ။
မနက်ဘယ်လောက်စောစော ဆွမ်းကပ်ပြီးသားဖြစ်နေတယ်လို့ တစ်ဆင့်စကားတစ်ဆင့်နားနဲ့ကြားဘူးခဲ့ရ။
ဝါဆိုလပြည့်နေ့တိုင်းမှာဘုရားပွဲကျင်းပလေ့ရှိပါတယ်။
ဟိုအရင်ကဆိုရင်တော့ စစ်ကိုင်းတောင်ကို ခြေလျင်တက်ကြရပါတယ်။
မန္တလေးကထိန်နဲ့စစ်ကိုင်းတောင်ခွဲခြားလို့မရတဲ့အချိန်များမှာတော့ တန်ဆောင်မုန်းလပြည့်မတိုင်ခင်
အဖိတ်နေ့ညများမှာ ဒီဆွမ်းဦးပုညရှင်အရှေ့ဖက်ရင်ပြင်ကနေ လရောင်အောက်က ဧရာဝတီမြစ်ညရူ့ခင်းကိုခံစား
တတ်ကြပါတယ်။
မြစ်မင်းက တငြိမ့်ငြိမ့် သူ့ကျောပေါမှာ မီးဖောင်လေးတွေမျောလျက်။
အဝေးက ရွာလေးတွေက မီးလေးတွေမှိတ်တုတ်တုတ်။
လရောင်ပြိုးပြက်လက်နေတဲ့ ကောင်းကင်ကြီးအောက်မှ ရေတွက်မဆုံးနိုင်တဲ့ပုထိုးဘုရားတွေ
ကထွက်ပေါ်လာတဲ့ မီးရောင်လေးတွေက တလက်လက်။
တကယ့်လွမ်းစရာ။
ဒါပေမယ့် တစ်နှစ်တစ်ကြိမ်နှစ်ကြိမ်ရောက်အောင်မနည်း ကြိုးပမ်းရပါတယ်။
အခုချိန်လို စစ်ကိုင်းတောင် တက်ကားလမ်းဖောက်ပြီးချိန်မှာတော့ ဒီဆွမ်းဦးပုညရှင်ကို စိတ်ကူးပေါက်တိုင်းရောက်ပါတယ်။
ဒီနှစ်ထဲမှာတင်သုံးကြီမ်ရှိသွားပါပြီ။
ဒီတစ်ခေါက်ကတော့ ထူးထူးခြားခြား ဆွမ်းဦးပုညရှင်ဘုရားရဲ့မြောက်ဘက် တောင်ကုန်းမှာတည်ထားတဲ့
ဆီမီးမသေဘုရားပေါ်ကိုရောက်သွားပါတယ်။
ပိုမိုလှပသောမြင်ကွင်း ပိုမိုလွတ်လပ်ကျယ်ပြန့်သောမြင်ကွင်းတွေကိုမြင်တွေ့ခံစားလိုက်ရပါတယ်။
သဘာဝအလှအပဆိုတာက ကျနော်တို့အားလုံးရဲ့လက်တကမ်းမှာရှိတာပါ။
ကျနော့်တို့က ခံစားတတ်ဘို့ဘဲလိုပါတယ်။
ကဲကျနော်မြင်ခဲ့တာလေးကိုတော့ ပြန်လည်ဝေငှချင်ပါသေးတယ်။
ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ
(26-7-2012)
13 comments
aye.kk
July 29, 2012 at 10:38 am
0h,….အရမ်းလှလိုက်တာ။
စိတ်ထဲမှာကြည်လင်လန်းဆတ်သွားခဲ့ရပါတယ်။
ရိုက်ချက်တွေကြည့်မြင်ရင်း…
ကိုပေါက်ရဲ ့စေတနာမေတ္တာဖြူလွှလွှတွေကိုလေးစားမိရပါတယ်။
ဆွမ်းဦးပုညရှင်ကိုဖူးမျှော်ခွင့်ရတာကျေးဇူးပါ။
ရောက်ဘူးချင်တာကငယ်ငယ်လေးထဲကပါဘဲ။
အခုမှတကယ်ကိုဖူးတွေ ့ခွင့်ရလိုက်တယ်။
ကိုပေါက်ရေ,ကျေးဇူးကမ္ဘာပါဘဲနော်။။။
ကိုပေါက်(မန္တလေး)
July 31, 2012 at 11:30 am
ရွာကလူတွေရောက်အောင် စစ်ကိုင်းတောင်မှာ ရွာသူားတွေပေါင်းပြီး ကထိန်ခင်းလိုက်ရင်သေချာပေါက်ရောက်မှာနော်။
aye.kk
July 31, 2012 at 12:03 pm
ကိုပေါက်..
သေချာပေါက်ရောက်မှာပါ။။
mamanoyar
July 29, 2012 at 10:46 am
ပုံလေးတွေအရမ်းလှတာပဲ
စကားပန်းလေးကြိုက်တယ်
မောင်ပေ
July 29, 2012 at 12:05 pm
စောင်းနေတဲ့ ပုံကလွဲရင် အားလုံးကြိုက်တယ်ဗျို ့
မိုးတွင်းမို ့… မြင်ကွင်းအားလုံးက စိမ်းစိုနေတယ်နော
ဦးဦးပါလေရာ
July 29, 2012 at 12:42 pm
အခုတော့ မသိဘူး ကိုပေါက်ရေ
အရင်ကတော့ စစ်ကိုင်းတောင်ပေါ်ရောက်တာနဲ့
စိတ်ထဲ ရင်ထဲ အေးချမ်းသွားတော့တာ….
အရင်ကျွန်တော်ရောက်တုန်းကတော့
စားဝတ်နေရေးအတွက် ပူပူလောင်လောင် ရုန်းကန်လှုပ်ရှားနေရချိန်ဆိုတော့
စစ်ကိုင်းတောင်က တောရိပ်၊ တောင်ရိပ်၊ ဘုရားရိပ်၊ တရားရိပ် တွေကြောင့်
ဘဝအမောတွေကို ပြေသွားသလိုပါပဲ…။
ကိုပေါက်(မန္တလေး)
July 31, 2012 at 11:35 am
ကိုပါ
အခုလဲအေးချမ်းမြဲ့ပါဘဲနော်
Moe Z
July 29, 2012 at 12:44 pm
လေးပေါက်ရေ ထုံးစံအတိုင်းပဲ ကြိုက်တဲ့ပုံလေးတွေကူးသွားပါတယ်ရှင့် ..
အားနာပေမယ့် ကိုယ်တိုင်သွားတုန်းက ရှုခင်းပုံတွေမရိုက်ဖြစ်ခဲ့လို့ 🙂
ဆူး
July 29, 2012 at 3:10 pm
ပုံတွေ မြင်တော့ တလောက ရောက်ခဲ့တာလေး သွားပြန်သတိရမိတယ်။
မဟာရာဇာ အံစာတုံး
July 29, 2012 at 3:32 pm
ဖေဂျီးရေ
ဘုရားတွေကို ဖူးသွားပါတယ် ခညာ ..
ဖေဂျီးရဲ့ ပုံတွေကို ကြည့်ပြီး အင်္ဂလိပ်စာသားလေးတစ်ခုတောင်
သတိရမိသွားသေးတယ် ခညာ့ ..
Myanmar is full of Palms, Peacocks and Pagodas
ဆိုတဲ့ စာသားလေး ပါပဲ ခညာ့ …..
စံပယ်တင်မှဲ.လေး
July 29, 2012 at 6:08 pm
လေးပေါက်ရယ်…..ပုံ5ကိုအကြိုက်ဆုံးပဲဗျို…..
အမြင်တောင့်စောင့်စောင်းလေးမို.လားမသိ….ဆွဲဆောင်အားကောင်းကောင်းနဲ….
အရမ်းကြည့်ကောင်းတဲ့ပုံလေးပါနော်……
ဘုရားလည်းဖူးရင်း…..ပန်းလည်းခူးရင်း….အလှတရားလည်းကြည့်ရင်း….
shwe kyi
July 30, 2012 at 10:49 am
လေးလေး ပုံတွေအားလုံးကြိုက်တယ်။ သစ်ပင်ကြိုကြားဝိုးတဝါးပုံကိုကြည့်ပြီးကိုယ်ကိုယ်တိုင်လှမ်းကြည့်နေရသလိုပဲ။
ှဆီမီးမသေစေတီမှာဆီမီးတွေအမြဲရှိနေလို့လားဟင်။
ဖိုးထောင်
July 31, 2012 at 12:33 am
စောင်းနေတဲ့ပုံလေးကိုအကြိုက်ဆုံးပါပဲ အူးပေါက် (ဘိုပေနဲ့ပြောင်းပြန်) ဓါတ်ပုံဆိုတာအမြဲတမ်းတည့်တည့် ပဲရိုက်တော့ အဲဒီလိုစောင်းနေတဲ့ပုံလေးတွေက ရသတစ်မျိုးပေးတယ်လေ … ညွှတ်ညွှတ်ညွှတ်