နှလုံးသား မရှိသူများ အမြန်လမ်းမကြီးပေါ် ဖြတ်သန်းသွားလာခွင့်မပြုဆိုပါလား
“ကျွန်တော်က ရန်ကုန်ကနေအစည်းအဝေးရှိလို့ တစ်ယောက်တည်း ကားကို ဖြည်းဖြည်းလေးမောင်းပြီး မနက်၆နာရီလောက် ထွက်လာတာ။ ၉နာရီကျော်လောက်ပဲရှိသေးတယ် မိုင်တိုင်အမှတ် (/)မှာ ကားတစ်စင်းမှောက်ပြီး ကားကလည်း တစ်စောင်းကြီးဖြစ်နေတယ်။ အစည်းအဝေးဆိုပြီး တက်လာတာမို့ ဆေးအိတ်မပါလာတာရယ်၊ ကားထဲကလူတွေကို ဆွဲထုတ်ဖို့၊ ပြုစုဖို့က ကျွန်တော်တစ်ယောက်တည်းနဲ့ မဖြစ်နိုင်တာရယ်ကြောင့် ရှေ့ဆက်မောင်းလာပြီး တွေ့တဲ့ရဲစခန်းကို ဝင်သတင်းပို့လိုက်တော့ အဲဒီစခန်းကပုဂိ္ဂုလ်က အဲဒီနေရာက သူတို့အပိုင်မဟုတ်ဘူး၊ သူတို့နဲ့မဆိုင်ဘူး ဆိုပြီးပြန်ပြောတယ်။ ဘာမှဝေးတာမဟုတ်ဘူးနော်။ ကျွန်တော်က အဲဒါဆိုလည်း သက်ဆိုင်တဲ့ အပိုင်စခန်းကို ဆက်ပြီးအမြန်အကြောင်းကြားပေးပါ။ ဘယ်အချိန်ကတည်းက မှောက်နေမှန်းမသိဘူး၊ အချိန်ကြာသွားရင် ခက်မယ်လို့ အတင်းတောင်းတောင်းပန်ပန်နဲ့ပြောခဲ့ရတယ်။ ကျွန်တော်ဆိုလိုတာက ကျွန်တော့်အပိုင်မဟုတ်ဘူး ဆိုပြီး ကျွန်တော့်ကိုငြင်းနေစရာမလိုဘူး၊ သူ့ဘာသာပဲ ‘ဟုတ်လား၊ နေရာအတိအကျလေးပြောပေးပါ’ ဆိုပြီး ပြာပြာသလဲနဲ့ သူ့အပိုင်မဟုတ်လည်း ကိုယ့်စခန်းမှာ လာသတင်းပေးနေပြီပဲ၊ သက်ဆိုင်တဲ့စခန်းကို ဆက်သွယ်ရေးစက်တို့ ဖုန်းတို့နဲ့ပြောပေး အရေးတယူဆောင်ရွက်ပေးစေချင်တာပါ၊ ခပ်တည်တည်နဲ့ အေးအေးဆေးဆေးပဲ၊ လူ့အသက်ကို တန်ဖိုးမထားတဲ့ တော်တော်သွေးအေးတဲ့ သူတွေဗျာ”။
နှလုံးအထူးကုဆရာဝန်ကြီးတစ်ဦးက ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးပေါ်မှ သူကိုယ်တိုင်ကြုံတွေ့ခဲ့သော စိတ်မသက်သာဖွယ် အဖြစ်အပျက်တစ်ခုကို စကားစပ်မိရင်း ပြောပြသည်။
မီဒီယာဂရုတစ်ခုမှ အမှုဆောင်အရာရှိက “အေးဗျာ၊ ဟိုရက်က တွေ့လိုက်ရတဲ့ နာရေးတစ်ခု၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးပဲလေ။ သတိထားမိလိုက်ကြတယ်မဟုတ်လား။ ရန်ကုန်ကနေ နေပြည်တော်ကိုတက်လာတာတဲ့။ ကားမှောက်ရော။ ဖြတ်သွားတဲ့ ကားတွေက တစ်စီးပြီးတစ်စီး ဆက်သာမောင်းသွားတယ် လူနာကိုမတင်ဘူးတဲ့ဗျာ။ အတူပါလာတဲ့ သမီးဖြစ်သူက ဘာကြောင့်မတင်မှန်း သဘောပေါက်သွားတာမို့ ကိုယ်တိုင်ကားတားပြီး အခုတင်သွားတဲ့ကားပေါ်မှာ သူ့အဖေသေရင် အခုကားလိုမျိူး ပုံစံတူအစားပြန်ဝယ်ပေးပါမယ်၊ သူ့အဖေကိုဆေးရုံအမြန်ပို့ပေးပါလို့ ကတိပေးပြီး တောင်းပန်တာတောင်မရဘူးတဲ့ဗျာ။ အဲဒါနောက်ဆုံးတော့ အချိန်တွေနောက်ကျသွားပြီး အခုလိုဖြစ်သွားရတာလို့ သိရတယ်ဗျာ။ တစ်ဦးနဲ့တစ်ဦးရိုင်းပင်းပါတယ်။ ကူညီပါတယ်။ ဖော်ရွေပါတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာ လုံးဝကြားလို့မကောင်းတဲ့ ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုပဲပေါ့” ဟု မချိတင်ကဲ ထောက်ခံဆွေးနွေးသည်။
“အေးဗျာ၊ အဲဒီမှာ ကျွန်တော်တို့လူတွေက အကြောက်ကြီးတာအဓိကပဲလို့ထင်တယ်။ ဗုဒ္ဓဘာသာဝင်တွေဖြစ်ပေမယ့် မိရိုးဖလာတွေများတော့ ကားပေါ်မှာ လူသေရင်မကျွတ်ပဲ စွဲနေမယ်လို့ အယူသီးကြတယ်။ လူသေထားတဲ့ကားနမိတ်မရှိဘူးလို့ အမှတ်မှားနေကြတယ်။ တစ္ဆေ၊ သရဲကို အကြောက်ကြီးကြတယ်။ ရုံးမှာ ဂတ်မှာ လိုက်ရှင်းရမှာကို အကြောက်ကြီးကြတယ်။ အဲဒီလိုအကြောက်ကြီးရတာကြောင့် လူသားဆန်မှုတွေပျောက်ဆုံးကုန်တာပဲ။ မြန်မာတို့ရဲ့အစွဲမှာ လူသေတွေ့ရင် နမိတ်မကောင်းဘူးဆိုတဲ့ အယူကလည်းရှိသေးတယ်။ မသာတစ်ခေါက် ကျောင်းဆယ်ခေါက် လို့ဘာသာရေးနဲ့နွယ်တဲ့ မြန်မာဆိုရိုးစကားရှိတာလည်း မေ့နေကြတယ်လို့ထင်တယ်” ဟု သတင်းထောက်တစ်ဦးက သူ့အမြင်ကို ဝင်ပြောပြသည်။
“တကယ်တော့ နိုင်ငံတော်အစိုးရကလည်း အမြန်လမ်းမကြီးပေါ်မှာ ဖြည့်ဆည်းသင့်တာတွေ ထပ်မံဖြည့်ဆည်းပေးမယ်။ ဟိုသူ့အပိုင်၊ငါ့အပိုင်ဆိုြပီး တာဝန်တစ်ခုပဲ သိတဲ့ သူတွေကို တာဝန်နဲ့ဝတ္တရားဒွန်တွဲသိအောင် စိတ်ဓာတ်သွင်းပေးတာအပါအဝင်ေပါ့လေ၊ မောင်းနှင်သူတွေကလည်း ဘုရား၊တရား၊သံဃာနှလုံးသွင်းပြီး ဘာသာရေးအသိလေးနဲ့ သတိလေးထားပြီး မောင်းနှင်ကြမယ်။ အမြန်လမ်းမကြီးပေါ်မှာ တစ်ခုခုဖြစ်တာတွေ့ရင် မိမိရဲ့ အချိန်ကုန်မှာ၊ လူသေတင်မိလို့ ရှင်းရလင်းရမှာ၊ မိမိကားပေါ်မှာ မကျွတ်ပဲ ကျန်နေမယ်ဆိုတဲ့ ကြောက်စိတ်တွေနဲ့ ရှောင်ပြေးချင်တဲ့ စိတ်တွေ ကျွန်တော်တို့အမြဲဖြတ်သန်းသွားလာနေတဲ့ လူတွေဆီမှာ နည်းပါးသွားအောင် မီဒီယာတွေကနေ အသိပေးပညာပေးတာလုပ်ကြဖို့ လိုမယ်လို့ကျွန်တော်ထင်တယ်” ဟုထိုနေ့က စကားဝိုင်းတွေစာရေးသူ ဝင်ဆွေးနွေးခဲ့သည်။
ုမြန်မာနိုင်ငံ၏ မြို့တော်နေပြည်တော်နှင့် စီးပွားရေးမြို့တော်ရန်ကုန်၊ အထက်မြန်မာပြည်၏ မြို့တော် မန္တလေးတို့သို့ အမြန်လမ်းမကြီးကို အသုံးပြု၍ ဖြတ်သန်းသွားလာနေကြသူများတွင် မိမိတစ်စုံတစ်ခုဖြစ်လျှင်လည်း ကူညီဆောင်မသူများနှင့် လွယ်ကူလျင်မြန်စွာ ဆုံတွေ့ပါစေ၊ သူများတစ်ခုခုဖြစ်လျှင်လည်း ကူညီစောင့်ရှောက်နိုင်သော ကိုယ်ဖြစ်ရပါစေဟု လူသားဆန်သော စိတ်ထားလှလှလေးများ ရှိစေချင်မိပါသည်။
15 comments
Ch@vez
May 31, 2012 at 11:43 am
ဒါက ဒီလို ရှိပါတယ် ချစ်သူ …
ဟိုဟာက ဟိုလိုရှိပါတယ် ချစ်သူ…
နှစ်ပေါင်းများစွာ အနီဂိုဏ်းနဲ့ အစိမ်းဂိုဏ်းက လူတွေကို
ကြောက်ရွံ့ထိတ်လန့်အောင် ဖိနှိပ် ချုပ်ချယ် ထားခဲ့တဲ့
အကျိုးကျေးဇူးတွေပါ ချစ်သူ…
သဂျားကိုဇီး
မန့်လိုက်ပါသည်…
မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ
May 31, 2012 at 11:50 am
အင် ဘယ်လို ကနေဘယ်လိုဗျာ အနီဂိုဏ်း၊အစိမ်းဂိုဏ်း ဖြစ်ရတာလဲဗျ။
ရှင်းပြပါအုံး ကိုဂီရေ။ဒါနဲ ့ဆက်ပါအုံး. သကြားကိုဇီး ဆိုတော့ သူကြီးကို
စားများလားလို ့ဗျာ။
သူကြီးလဲ ကျနော့်ကြောင့် ခေါင်းစားနေလောက်ပီ။အဲလောက်ဆဲခံနေရတာ
ကို ကျနော်ကလဲ မမှတ်ဘူးဗျ။ဟီးးးးးးးးးး
manawphyulay
May 31, 2012 at 12:23 pm
ကားပြန်ဝယ်ပေးမယ် ပြောတာတောင် ဘာလို့မတင်ကြတာလဲ လူမှုရေးခေါင်းပါးတာလည်း ပါတာပေါ့။ သူ့နေရာမှာ ကိုယ်သာဆိုရင်အတွေး မတွေးကြတာ ဖြစ်မယ်။ နောက်ပြီး လူတွေက အတ္တနဲ့ ကိုယ်ဖြစ်ရင်သာ အသည်းအသန် သူများဖြစ်ရင် မကူညီကြတဲ့သူတွေကြီးပါပဲ။ ကိုယ်တိုင်ကရော ဘယ်ထဲပါနေသလဲ မနောလည်း အမြဲစဉ်းစားမိပါတယ်။
windtalker
May 31, 2012 at 12:28 pm
ဆိုင်တော့မဆိုင်ပေမယ့် ပြောပြချင်တယ်ဗျာ
မန်းတလေးဆေးရုံကြီးနားမှာ ဆန်နီပစ်ကပ်ကားလေးတွေ ရှိခဲ့ပါတယ် ။ သည်နေ ့ချိန်ကြ လိုက်ထရပ်တို ့၊ စူပါကပ်စတမ်တို ့ပေါ့ ။ နယ်ကလာပြီးဆေးလာကုတဲ့ လူနာ ရှောသွားလို ့နယ်ကို ပြန်သယ်ချင်ပါသလား ၊ ဒါမှမဟုတ် အခြေအနေဆိုးနေပြီး ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေပြီမို ့၊ ကိုယ့်မြို ့ ကိုယ့်ရွာကို ပြန်သေမယ် ဆိုပြီး ကားငှားချင်ပါသလား ၊ ပုံမှန်ထက် ၃ ဆ လောက်ပိုပေးရင် လိုရာခရီးကို လိုက်ပို ့ကြပါတယ် ။ အဲဒီကားမောင်းတဲ့သူတွေကလဲ အရဲစွန် ့ပြီး မောင်းကြရတယ် ဆိုဘဲ ။ တစ်ချို ့မြို ့ရွာ ရပ်ကွက်တွေက လူသေ တင်တဲ့ကား အဝင်မခံ အဖြတ်မခံဘူး တဲ့ဗျ။ လူသေတင်သွားခဲ့လို ့ရှိရင်လဲ ခွေးတွေက အရင်သိကြတယ် ။ အကုန်လုံး ပြေးလိုက်လာပြီး အသားကုန် အူကြ ဟောင်ကြတယ် ။ အဲ့ခါကြ ရောက်တဲ့ မြို ့ရွာ ရပ်ကွက်ကနေ အမြန်ဆုံးသာ မောင်းပေရော့ဘဲ ။ တစ်ချို ့ဒေသတွေမှာကြတော့ ဆိုင်ရာအစောင့်အရှောက်တွေ ကို တောင်းပန်ရတယ်တဲ့ဗျာ ။ နို ့..မဟုတ်ရင် ကားက ဘာမှမပျက်ဘဲနဲ ့စက်လုံးဝ နှိုးမရဖြစ်တယ်တဲ့ဗျာ ။
ဘာရယ်ညာရယ် မဟုတ်ပါဘူး ။ သိထားသမျှလေး ပြန် ကွန်မန် ့လိုက်ပါတယ် ။
htoosan
May 31, 2012 at 12:32 pm
ကိုသန်းထွဋ်ဦးရေ … တကယ်တော့ စာရေးတဲ့ သူအနေနဲ့ ဘယ် မိုင်တိုင် ဘယ်စခန်းဝင်ပြောတယ် ဆိုတာကိုထည့်သင့်ပါသည် ။ ဒါမျိုး က အားနာစရာ မဟုတ်လို့ သူတစ်ပါးထိခိုက်မှာ စိုးလို့ ဖော်ပြခြင်း မပြုတာဟာ အခုလိုထပ်ဖြစ်ရင် အခုလိုသာ ထပ်ပြောအောင် အားပေးထား သလိုဖြစ်နေမလားလို့ တွေးမိပါသည်။
accident တွေမှာ လူနာတွေ မတင်ချင်ကြတာ က အဓီက က ရဲတွေ နဲ့ ဆက်ဆံရမှာ ကို ဝေးဝေးရှောင်ချင်ကြတာလည်း အဓီက ကျတဲ့ အကြောင်းရင်းတစ်ခု ထဲမှာ ပါနေပါသည် ။
နောက် ..အမှန် အကန် မဟုတ်ဘဲ အယောင်ဆောင် လုချင်လို့များလား ဆိုတဲ့ အတုအယောင်များကြောင့် လည်း ပါကြပါသည် ။ ( ကားတိုက်ထားတာ မှောက်ထားတာ တွေ့နေရတာကို ဆိုလိုသည်မဟုတ်ပါ။ ) တစ်ခါတစ်လေ လူတစ်ယောက် မှောက်နေတာ ဘဲတွေ့လျင် ရပ်၍ မကူရဲတော့ပါ ။ လုချင်လို့လား ၊ အမှုပါတ်နေဦးမယ် ဆိုသည့် အရာများက သနားစိတ် ကူညီချင်စိတ်ကို ကျော်လွှားသွားပါသည် ။
နောက်ဆုံးပြောရရင်တော့ သူရဲတွေ နာနာဘာဝတွေ ထက်ကြောက်စရာကောင်းတဲ့ ရဲတွေနဲ့ ဆက်ဆံရမှာ စိုးကြတာဘဲ။
ဗိုက်ကလေး
May 31, 2012 at 7:28 pm
ကိုထူးဆန်းပြောသလိုပါပဲဗျာ..
မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ
May 31, 2012 at 7:33 pm
အူးဗိုက်ရေ. ကိုထူးဆန်းက ဘာမှမပြောပါဘူးတဲ့။
ဆက်ပါအုံးဗျာ။ဒါနဲ ့ညနေစာလေး ဆွဲပြီးပြီလား။
လမ်းဖြတ်ကူးရင် သတိသာထားဗို ့ကားသစ်တွေ
လဲ ဆော်နေကြပီ။
surmi
June 1, 2012 at 12:16 am
အင်း ………ကိုထူးဆန်းပြောသလိုပါဘဲ …..ရဲဆိုတဲ.ကောင်ကလဲ တရားခံမရှိလို.မဖြစ်တော.
တွေ.တဲ.သူ တရားခံလုပ်တတ်ကြတယ်လေ …..ဒီလိုနဲ. လူမှုရေးစိတ်ဓတ်တွေပျက်ရော …။
အဓိက ဥပဒေ စိုးမိုးဖို.လည်း လိုနေတာပါ ။။။(ရွာထဲက ရဲတွေမပါ …..)
မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ
May 31, 2012 at 1:52 pm
ဟုတ်ပါတယ် ကိုထူးဆန်းရေ. ကျနော်လဲ စဉ်းစားမိပါတယ်ဗျာ။တလောက ကျနော်ရန်ကုန်မှာ ရှိနေတုန်းကြုံတာလောပြော
ပါရစေ။အောင်မင်္ဂလာ အဝေးပြေးအထွက်မှာ လူတစ်ယောက် လမ်းပေါ်မှာ အသက်ထွက်နေပြီဗျာ။ဘယ်ကားတိုက်သွားမှန်း
လဲမသိဘူး။လာသမျှကားအားလုံး ရပ်ကြည့်သွားကြတာချည်းပါဘဲ။ဘယ်သူမှ ဆင်းမကြည့်ကြပါ။အနားလေးရှိနေတဲ့ ရဲကင်း
ကလဲ လာတောင်မကြည့်ဘူး။မိုးလင်းမှ အလောင်းလာကောက်သွားတယ်ကြားပါတယ်။စိတ်မကောင်းစရာပါဗျာ။
Gipsy
May 31, 2012 at 2:07 pm
အမှုအခင်းဖြစ်ရင် ဝေးဝေးရှောင်တတ်တာ လူတွေ အကျင့်ဖြစ်နေပါပြီ ကိုနာဂရရေ…
အမှုက ကိုယ့်ကိုလာပြီးတိုင်ပတ်နေမှာ ကြောက်ရတယ်လေ…
ဒါတွေကြောင့်လဲ အမှုမှန်တွေ မပေါ်ပေါက်တာနေမှာ….။
ster
May 31, 2012 at 3:20 pm
ko htoosan ပြောသလိုပါပဲ။ အဝေးပြေးလမ်းတွေပေါ်မှာ ကားပျက်နေလို.အကူအညီတောင်းရင် တော်ရုံတန်ရုံ လူတွေကတော.ကူညီရဲမှာ မဟုတ်ဘူး။ ဘာမှန်းညာမှန်းမှ မသိတာ။ တိုက်ထားတာ၊ မှောက်နေတာ တွေ.ရင်တော. အနဲဆုံးတော. နီးစပ်ရာကို တတ်နိုင်သမျှ အမြန်ဆုံးအကြောင်းကြားပေးသင်.ပါတယ်။ လူနာ၊ လူသေ မတင်ချင်တဲ.အစွဲကတော. တော်တော်ချွတ်ဖို.မလွယ်သေးဘူးထင်တယ်နော်။
Khin Kha
May 31, 2012 at 3:33 pm
အမှု့အခင်းဖြစ်ရင် ဝေးဝေးကရှောင်ကြတာလဲ မပြောနဲ့ ကိုနာဂရရေ–။
တစ်ခါက အမူးလွန်ပြီး လမ်းဘေးအမှောင်ထဲလဲ သေနေလို့ နီးရာရဲကင်းကို သွားအကြောင်းကြားတဲ့
ကျွန်တော်သူငယ်ချင်းကို သွေးရိုးသားရိုးသေတာလား၊ သေသူနဲ့သိလား၊ ဘယ်အချိန်ကစတွေ့တာလဲ၊ အဲဒီနားကိုဘာလိုသွားတာလဲနဲ့ တစ်ယောက်ပြီးတစ်ယောက်မေးနေတာ မိုးလင်းခါနီးမှစခန်းကပြန်ခဲ့ရတယ်
မို့ သူငယ်ချင်းပြောဘူးတယ်။ ကိုယ်ကအသိစိတ်ရှိလို့ ကူညီတဲ့အနေနဲ့ သတင်းပေးပေမဲ့ ရဲကသတင်းပေးတဲ့သူတောင် မယုံသင်္ကာနဲ့စစ်သေးတာမို့ အလုပ်ပျက်ခံပြီး ဝင်မပါကြတာပါ။
မြန်မာပြည်ကရဲတွေက တစ်ခုခုသတင်းပေးရင် အခင်းဖြစ်တဲ့ဆီကို အလျှင်အမြန်ရောက်အောင်သွားဖို့ ဆိုတာလိုသေးတယ်ထင်တယ်။
က်ိုကိုအိုဗာ
May 31, 2012 at 7:15 pm
စိတ်မကောင်းလိုက်တာ
ကူညီဖို့ကြိုစား ကြပါစို့
pooch
May 31, 2012 at 8:07 pm
စီးခဲ့ဖူးတဲ့ မူစယ် -မန်းလေး ကားဆိုရင်လည်း လမ်းမှာ ယာဉ်တိုက်မှုဖြစ်လို့ တားနေတဲ့ဒဏ်ရာရသူကိုတောင် ရပ်မပေးပဲ မောင်းချသွားတာကိုယ်တိုင် ကြုံဖူးပါတယ်။ အဲ့ဒီတုန်းက ကျမတို့ကလည်း ခရီးသည်ဆိုတော့ ဘာမှ မလုပ်ပေးနိုင်ခဲ့ပါဘူး။
ကျမတို့ဆီက ရဲတွေကတော့ ပြည်သူ့ရဲဘဝကို ပြန်ရောက်ဖို့ အတော်ကြီးကို ပြင်ရအုန်းမယ် ထင်ပါတယ်။
မောင်သန်းထွဋ်ဦး/အတိသဉ္ဖာ နာဂရချစ်သူ
May 31, 2012 at 11:44 pm
ဟုတ်တယ်ဗျာ. ဘယ်သူမှ ကူညီပါရစေဆိုတာကို မယုံဘူးဖြစ်နေတာ။
တကယ်တော့ ပြည်သူ ့ရဲတွေ အားလုံး ကျင့်ဝတ်ဆိုတာ ဘာခေါ်သလဲ
ကစပြီတော့ အားလုံး ဖြုတ်ထုတ်သတ် လုပ်သင့်နေပီထင်ပါတယ်။