Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဗင်းနစ်စ်ကမ်းခြေ ဒရမ်စက်ဝိုင်း.. (Venice Beach Drum Circle)

kaiMay 31, 20121min114727

ပြီးခဲ့တဲ့.. တပါတ်က.. ယူအက်စ်မှာ မီမိုရီရယ်နေ့မို့.. ရုံး၃ရက်ပိတ်တာ.. ဗင်းနစ်စ်ကမ်းခြေဖက်အလယ်သွားပါတယ်..။
သိပ်ဝေးဝေးတော့မဟုတ်.. အယ်လ်အေခရိုင်ထဲမှာပါပဲ..။
ကမ္ဘာတန်းအဆင့်နာမယ်ကြီးကမ်းခြေတခုပါ..

အဲဒီမှာ.. ပွဲဈေးတန်းရှိတယ်.။ အနုပညာပစ္စည်းရောင်းကြတယ်..။ ဆေးခြောက်ရောင်းတယ်.။ အမှတ်တရပစ္စည်းတွေရောင်းပါတယ်..။ ပွဲဈေးတန်းက.. သဲသောင်နဲ့ လူနေအိမ်..စားသောက်ဆိုင်တွေကြား.. ကွန်ခရစ်လမ်းလုပ်ထားတာပါ..။
ကပ်ရက်မှာ.. စက်ဘီးစီးဖို့.. လမ်းကြောင်းတခုလည်း ထားပါတယ်..

ကမ်းခြေသဲသောင်ပြင်ကျယ်မှာတော့. ဟိုတခါက..ရွာထဲပြောဖူးတဲ့.. graffitiလုပ်ဖို့..ရေးဖို့..အုပ်နံရံတွေ..ထားပေးတယ်..။
အဲဒီမှာ.. ဆွဲချင်တဲ့သူတွေ.. မှတ်ပုံတင်စာရင်းပေးပြီးဆွဲကြတာပေါ့..

အဲ..
ပြောချင်တာက.. ဗင်းနစ်စ်ကမ်းခြေ ဒရမ်စက်ဝိုင်း.. (Venice Beach Drum Circle)အကြောင်း..
အဲဒီမှာ..လွန်ထဲ့တဲ့..၁ဝနှစ်ကျော်ကတည်းက..သတိထားမိပြီး.. ရောက်တိုင်းသွားသွားကြည့်ဖြစ်တဲ့.. ဒရမ်စက်ဝိုင်းအကြောင်းပြောပြချင်တာပါ..

အဲဒါက..ဘယ်နိုင်ငံမှာရှိလို့..ဘယ်ကဘယ်လိုစသလည်းမသိ..
တွေ့ရတာကတော့.. တယောက်ယောက်က.. ဗုံလေး..ဒရမ်လေးတလုံးယူ.. ဘိတခုနဲ့..စပြီးဒုံဒုံလုပ်ရင်..နောက်က.. ရှိတဲ့သူတွေက.. မည်သူမဆို..ခွက်တွေ..တုတ်တွေနဲ့..စည်းချက်ညီတီးမှုတ်ကခုန်ကြတာပါ..။
ဗုံတွေ။..ဒရမ်တွေတီးသူတွေက.. စက်ဝိုင်းပုံစံဝိုင်းထားလေ့ရှိပြီး..အလယ်မှာ..ကချင်ခုန်ချင်သူက..ဝင်ကတာဖြစ်ပါတယ်..
စည်းချက်ကို.. အသံအကျယ်ဆုံးတီးထားနိုင်တဲ့.. ဒရမ်သမား..ဗုံသမားက..ဦးဆောင်သွားတယ်လို့ထင်ရတာပါပဲ..။
နာရီပေါင်းများစွာ..မရပ်မနား. ရထားလို.. ထွက်ချင်သူထွက်..ဝင်ချင်သူဝင်နဲ့.. တီးကြ..ကခုန်ကြတာလေ..။

ပျော်စရာကြီးခင်ဗျ..
မြန်မာပြည်မှာလုပ်ရင်.. ပျော်တတ်တဲ့မြန်မာတွေ.. ပိုလို့..ပျော်စရာဖြစ်မယ်တောင်ထင်မိတယ်..။
ဆိုတော့…
ပုံတွေ.. ဗီဒီယိုတွေ..ကြည့်ပါနော..

ဗီဒီယိုလင့်ခ်..
http://kyaymon.com/mediadetails.php?key=459e4bb94b50333bf68a&title=Venice+Beach+Drum+Circle

 

27 comments

  • ဗိုက်ကလေး

    May 31, 2012 at 2:39 pm

    အူးခိုင်
    ဘယ်မှာလဲဗျ ပုံတွေ ဘီဒီယိုဒွေ
    ကျုပ်ကဒေါ့ ပျင်းရင် ဒူးနှံ ့ပြီး နေဘလိုက်ဒါဘာဘဲ..
    အဲဒါဆိုပျော့်သွားကောဗျား.

  • လူ ဟား

    May 31, 2012 at 2:53 pm

    ဗျို့…သဂျီး… ယူအက်စ် မှာ ဆေးခြောက်က တရားဝင်ရောင်းတာပေါ့နော်… ရေခဲတို့… coke တို့ရောဟင်..

    • kai

      May 31, 2012 at 3:34 pm

      ဆေးခြောက်က.. ဆေးလက်မှတ်နဲ့..ဝယ်လို့ရတယ်..
      ပြည်နယ်တိုင်းတော့မဟုတ်…. တချို့ပြည်နယ်တွေက.. လုံးဝခွင့်မပြုဘူး..

        • kai

          June 1, 2012 at 5:12 am

          အဲဒီကျောပေးထားတဲ့.. ဘိုမက.. ကမ်းနားကသဲတွေနဲ့..ရေသူမပုံလုပ်.. သူ့သဲအရုပ်နဲ့.. ဓါတ်ပုံတွဲရိုက်ချင်သူဆီက.. ငွေတောင်းတယ်..
          ဆိုတော့..
          သဲရုပ်ဈေးသည်.. 🙂

  • R Ga

    May 31, 2012 at 2:56 pm

    မိုက်တယ်ဗျာ။ရဲမေစီးတဲ့ ဟာကလည်းမိုက်တယ်။ ဒါပေမဲ့ ဒီလောက်လူအများကြီး ဒမ်တွေ ဝိုင်းတီးနေတာ နားများညီးမလားမသိဘူး။ ဘာဖြစ်ဖြစ် မရောက်ဖူးတော့ ရောက်ဖူးချင်ပ..။

  • nozomi

    May 31, 2012 at 3:07 pm

    သဂျီး ခေးမလေးတွေ ရဲ့ လှတပတ ပုံလေးတွေရော မရိုက်ခဲ့ဘူးလား
    မေးမဲ့သာ မေးရတာပါ
    သဂျီးလဲ မိန်းမကြောက် ဆိုတော့ ဓါတ်ပုံရိုက်ဘို့ နေနေသာသာ ရဲရဲတောင် ကြည့်ရဲပါ့မလား

    • kai

      May 31, 2012 at 3:36 pm

      ခေးမလေးတွေ.. သိပ်မတွေ့ပါဘူး..
      အဲဒီဘိချ်က.. အငယ်တွေနည်းတယ်..။
      လွန်ခဲ့တဲ့..၁၅နှစ်လောက်.. အဓိကရုန်းအကြီးအကျယ်ဖြစ်ဖူးလို့.. ရဲအရမ်းများတာ..

  • Ch@vez

    May 31, 2012 at 3:08 pm

    အရီးရေ့ …
    ဟောသည်မှာ သဂျီး ဈေးသည်တွေ တပြွတ်ကြီး ရိုက်ထားတယ်..
    စိတ်မကျေပွဲထင့်….
    :mrgreen:

  • nozomi

    May 31, 2012 at 3:10 pm

    သူကြီး က ဝင်ပြိုင်ရင် နိုင်မှာစိုးလို့
    ဈေးသည် ပုံ ကို အဖြစ်ပုံလေး တင်လိုက်တာပါ
    အားလုံးက ဝိုင်းပြောတော့မှ
    တကယ့် အလန်းတွေ ထုတ်ပြတာ
    ဈေးသည် ၆ က ပေါက်ဖော်နဲ့တောင် တူသေး

    • kai

      May 31, 2012 at 3:38 pm

      ဈေးသည်ပုံက.. ဒစ်စနေလန်းဒ်မှာကို.. ပုံ၄-၅ဆယ်လောက်ရှိ်မယ်ထင်တယ်…
      လန်းတယ်တော့မထင်..
      ရိုက်တာတွေက.. သတင်းယူသလို..အချက်အလက်ရှာရှာ ရိုက်မိနေလို့… :mrgreen:

  • pooch

    May 31, 2012 at 3:22 pm

    အဲ့ဒီလောက် လူစုံတာတောင် အမှိုက် က ဘာကြောင့်များ ပွမနေတာလဲ မသိ :mrgreen:
    ဒါနဲ့ သူတို့ ဆီမှာလည်း ဆာလာအိတ်သုံးတယ်နော် ပုံ ၆ က ခြင်းထဲမှာ။ 😀

    • kai

      May 31, 2012 at 3:30 pm

      အမှိုက်ပွပါ့..။
      ပုံထပ်တင်ပေးလိုက်တယ်..။

      နွေဝင်ပြီမို့.. ကားရပ်ခ..ပုံမှန် ၈ဒေါ်လာကနေ.. အဲဒီနေ့က.. ၁၅ဒေါ်လာပေးရတယ်လေ..
      အဲဒါ.. ဘိချ်ရဲ့..ရဲဖိုး. အမှိုက်သိမ်းဖိုးဖြစ်သွားမယ်ထင်တယ်..။

      ဈေးသည်တွေပုံက.. ပြောင်းအသစ်နဲ့..လက်စမ်းရိုက်နေတာ..
      ကမ်းနားသွားထိုင်တုံး.. ကလိရင်း..သဲတွေဝင်ကုန်လို့.. အခြေအနေတောင်..ကောင်းသေးရဲ့လားမသိ… 😕

      • ရွာစားကျော်

        May 31, 2012 at 8:57 pm

        နေပြည်တော် ရေပန်းဥယျာဉ်မှာ ညနေ ၄ နာရီနောက်ပိုင်း ပုံမှန် ၂၀ဝ ကနေ ၅၀ဝ တိုးကောက်လို့ တင်းနေတာ
        ဒဂျီးတို့ဆီမှာလည်း ဒို့လိုပဲဟ.. 😕

  • kyeemite

    May 31, 2012 at 3:31 pm

    ဆော့နေသူဆိုတဲ့ပုံကိုတွေ့မှ..
    အော်..ယူအက်စ်မှာ လူဂျီး(မ)တွေလဲ ဆပ်ပြာပူပေါင်းဆော့
    သေးတာဘဲလို့..

  • blackchaw

    May 31, 2012 at 3:34 pm

    တချို့ပုံလေးတွေ ပုံပါ အကြောင်းအရာထက်
    ခေါင်းစဉ်လေးတွေ တတ်ထားပေးတာ
    အနုပညာ မြောက်နေသလားလို့…။
    မှုတ်နေသူ တို့
    ထိုးနေသူ တို့ …။
    စန္ဒယားမပါဘူးလား သူကြီးရ…။
    အဲဒါ ဆို နှိပ်နေသူ ဆိုတဲ့ပုံထပ်ရတာပေါ့…။
    :mrgreen:

  • Moe Z

    May 31, 2012 at 4:37 pm

    ဒရမ်စက်ဝိုင်းဆိုပါလား ..
    သဂျီးရေ တီးချင်တယ်ဗျို့ .. စိတ်ထဲကြည့်လို့မရတဲ့သူအမှတ်နဲ့ကို အားရပါးရတီးချင်တယ် :mrgreen:

    • ရွာစားကျော်

      May 31, 2012 at 8:55 pm

      ပါးတဖက်ချမှ ၁၀၀ဝ ပဲပေးရမယ့်ဟာ
      ကြည့်မရတဲ့သူကို ဒဲ့ သွားရိုက်ပါလား.. :mrgreen:

      • Ch@vez

        May 31, 2012 at 9:38 pm

        သွားကြပ်ပေးနေဒယ်. …
        ဟံမာလေးလေးလေ့လေ…
        စိုးတယ် စိုးမိတယ် …စိုးထိတ်မိတော့တယ်…

        🙁

  • windtalker

    May 31, 2012 at 8:19 pm

    ဘယ်မှညာသို ့နံပါတ်၁၉မြောက်မှာ
    ဗိုက်ကြီး ဆိုရင်
    သူ ဘဲ ဗိုလ်စွဲမှာ သေချာတယ်
    သူ က ဗိုက်ကြီးသလောက် ပြင်းတာကလား
    သဂျီး သူ ့ကို လှမ်းခေါ်လိုက်ပါ

  • ကိုရင်စည်သူ

    May 31, 2012 at 10:05 pm

    ပုံ သုံးက ရဲမေနောက်ကို ကိုရင်လည်း ခမောက်လေး
    ဝတ်ပြီး ဒရမ်လိုက်တီးချင်ပ…။ ဒီမိုသဂျီးနော်..
    သူသိပ်ပြတတ်တယ်…။ ဒေါ်လာလေးများရှိရင်
    ဈေးသည် ၁ ရောင်းနေပုံလေးက အားပေးချင်စရာလေးနော့…
    ကြောင်ကြီး အကြိုက်တရုတ်မလေးများလားမသိဘူး…

  • Ch@vez

    May 31, 2012 at 10:12 pm

    ၂၇ဝမမ အထိ ဆွဲလို့ ရနေမှတော့ သဂျီးရာ …
    မျက်ခွက်ကြီးသက်သက် ရိုက်ခဲ့ပါတော့လား …
    ဈေးသည်အပါအဝင် ပါဖော်မာတွေမှာ …သူတို့ သီးသန့်ဖြစ်တည်မှုအတွက်
    အိပ္ပစပရက်ရှင် တမျိုးမဟုတ်တမျိုး ကိုယ်ပိုင်သင်္ကေတ အနေနဲ့ ရှိတတ်တယ်ဗျ…
    ရပ်ကွက်ထဲက ပဲပြုတ်သည်၂ယောက်တောင် သံရှည်ဆွဲတာ မတူမှတော့
    အနုပညာစွက်တဲ့ လူတန်းစားဈေးသည်တွေဆို
    အများကြီးပိုပြီ ပေါ့ဗျာ ..အဲ့ဒါကို ရှာနိုင်ရင် မိုက်ပြီပေါ့ဗျာ..
    ကပ္ပချာရင်း သည်မုဒ် ဖြစ်ပြီပေါ့ ….

    မှုတ်နေသူ ၁ပုံကတော့ အတော်လေး မဆိုးပါဂျောင်း …
    ဝေးဝေးပြေး များများဆွဲပြီး ဘိုးခေဲးထွက်ရင် ပိုမိုက်မှာ ဖြစ်ပါဂျောင်း…
    တော်သေးဘီ
    ခင်တဲ့
    ဂီ

  • kotun winlatt

    May 31, 2012 at 10:57 pm

    ပျော်စရာကြီးဘာလားးးတဂျီးးးရ
    ကျုပ်တို့ကိုလည်းးး အလည်ခေါ်ဘာဦးးးလားးးး
    အာဟိ…
    ရောက်ရင်တော့…
    ဒရမ်စက်ဝိုင်းကြီးကို အားးရပါးးရ…တီးးးပစ်မယ်ဗျို့…။

  • အရီး Khin Latt

    June 1, 2012 at 5:21 am

    သူကြီးတို့ “AMERCIA” ပွဲဈေးက ဈေးသည် တွေရဲ့ ရောင်းကုန် တွေက အဆန်းပါဘဲလား။
    ( Republican တွေ က America ကို အမည်ပြောင်း ဖို့ ကြိုးစားနေပြီကိုး – 😉
    ဒရမ်စက်ဝိုင်း က အတော် စိတ်ဝင်စားစရာ၊ 🙂

    Republican candidate Mitt Romney’s new mobile app, which embarrassingly misspelled “America.”
    the campaign’s newly released iPhone app. The app invites users to photograph themselves with their choice of 14 pro-Romney slogans such as “I’m a Mom For Mitt,” “Obama Isn’t Working” and “The America We Love,” and then share them on social media.
    But one of the slogans reads, “A Better Amercia.” Oops. Somebody didn’t observe the “I-before-C” rule.
    An update to the “With Mitt” app, with the typo corrected, became available at about 1 p.m. on Wednesday. No one with the campaign was speaking on the record about it, but staffers were downplaying its importance in the run-up to November. By Wednesday afternoon, the campaign also had paid for a “promoted tweet” that appears when a Twitter users searches for “Amercia.”

    http://www.fox43.com/news/wpmt-iphone-app-for-romney-campaign-misspells-america-20120531,0,2580001.story

    http://mashable.com/2012/05/31/amercia-the-amercian-dream/

  • အရီး Khin Latt

    June 1, 2012 at 5:23 am

    ရွာသူ၊ ရွာသားတို့ရေ

    မပြောမရှိနဲ့။
    သူက ဟိုတစ်ခါ ပြည်တော်ပြန် တုန်းက လဲ မသိစေသလို၊ သိစေသလို နဲ့။
    ဒီ ဒါ့ပုံ တွေ ထဲ မှာလဲ မတွေ့စေသလို၊တွေ့စေလို သလို နဲ့။
    သိနေတယ်နော။
    ဒီပုံတွေ ထဲ မှာ ရွာသူကြီး ရှိနေတာ။ 😛

    Hint – ဟိုတစ်ခါ မောင်ဗိုက် က ဆေးမှင်ကြောင် ထိုးထား တဲ့ လက်တွေ ကို ကြော်ငြာတာ အလကား မဟုတ်ဘူး။ 😉

  • Ma Ei

    June 1, 2012 at 11:54 am

    သဲပန်းပုရုပ်က ရေသူမတစ်ပုံထဲလား…
    သူကြီးခိုင် နှမြောတတ်တာဖြင့်…
    ပုံလေးတွေ ကိုသေးသေးလေးတင်ထားတယ်…

Leave a Reply