တောကြီး ဝင်္ကပါ
ငါဟာ ….
ယဉ်ကျေးစွာ မိုက်ရိုင်းခံရသူ..။
သူတို့ အပြုံး….
သူတို့ ရက်ရောမှု….
သူတို့ ဂရုဏာ…
သူတို့ မေတ္တာတရား
သူတို့ လိမ္မာပါးနပ်မှုရဲ့
မိတ္တဗလ လိပ်မျိုး ဗီဇက
တောင်အမေရိက တစ်တိုက်စာ
ကပ်ပါလာ..။
မြွေများ အရေခွံတစ်ကြိမ်လဲပြီးတိုင်း
ပိုမိုလတ်ဆတ် တောက်ပလာသလို
သူတို့
ပိုင်စိုးပိုင်နင်း တစ်ကြိမ်ကြံပြီးတိုင်း
ပိုမို စိမ်ပြေနပြေ ကျင့်သားရလာ..။
နွယ်ရှင်တွေလို
မျက်နှာဖုံးတပ် မိတ်ဆွေတွေ.
ငတ်လို့ အသားစားသတ္တဝါ ဖြစ်သွားတဲ့ယုန်
ကြေးစားဝံပုလွေများရဲ့ နှာဝမှာ
မီးခိုး တလူလူ ထောပတ်စက်ရုံ . . ။
ဒီဒေသမှာ ကျားက ကျားလို မသဲကွဲဘူး
မုဆိုးက သားကောင်ဖြစ်တတ်ပေမဲ့
သားကောင်က မုဆိုးပြန်ဖြစ်မယ့် ရက်ရာဇာ
မလာတော့ဘူး…..။
သူတို့က
အော်ကြီးဟစ်ကျယ် တရားနာကြတယ်
ရေမြွေတွေ
သူရဲဘောကြောင်ခြင်းဆိုတာ
သစ်ပင်အကူးကောင်းတဲ့ မျောက်လိုပဲ
သစ်ကိုင်းလွတ်လို့ လက်ကျိုးရုံနဲ့…
သံဝေဂ ရဖို့ မစဉ်းစားဘူး…..။
သူတို့ဟာ
ကမ္ဘာကြီးလည်တာကို အကြောင်းပြပြီး
သံသရာထိလိုက်လည်ဖို့ ကြိုးစားကြ
ဒီတောဟာ အန္တရယ်
ဒီတောဟာ ဝင်္ကပါ….
ဒီတောမှာ အနုပညာမရှိဘူး. . .။
ဒီတော့မှာ
ပန်းပွင့်တွေကလည်း ညှို့အားပြင်းပြင်း
အသံတိတ်ပြဇတ်ရဲ့ ဇာတ်ညွန်းရေးသူများ
ငါချစ်နေတာကလည်း မိုက်ကရိုဖုန်း အတု
သိပ္ပံနည်းကျ မှီခိုချင်တဲ့ကောင်မလေးကို လက်ပြနုတ်ဆက်လိုက်ရ…..။
ခေတ်က ထွေရာလေးပါးသီချင်း
အနုမြူဗုံးခိုကျင်းထဲ စိုးရိမ်သောကနဲ့..
မင်္ဂလာဆောင်တော့မယ့် မိုးတိမ်ဟာ
ဒီကနေ့ပါ…..။ ။
ကမ်းဝေး
12 comments
YE YINT HLAING
June 4, 2012 at 7:38 am
Cheer ! ( raised a glass for moe tein ).
Regards
YYH
မောင်ပေ
June 4, 2012 at 8:46 am
အပေါင်းတွေရဲ့ မစမှုများ
ခေါင်းမဖော်နိုင်အောင် ဗျာများ
ခေးမလေးကြောင့် ဖြေသာရ
ဆန်းဒေး ကမ်းမယ်ဗျား
Azzurri
June 4, 2012 at 12:05 pm
အနုမြူဗုံးကျင်း စိုးရိမ်သောက ဆိုဒေါ့ ..
ပူပန်မှု က အဝီဇိ ထိ ဆင်းနေတုန်း ….
လွတ်မြောက်မှု နဲ့ ဒီကနေ့ မှာ လက်ထပ်မယ်ဆိုတော့…
အတိသယ ဝုတ္တိထက် မြင့်တာ ဘာရှိသတုန်းဗျာ …
အဂ္ဂမဟာ အတိသယ လား .. (မာမား လာမှ မေးကြည့်ဦးမယ်)
အဲ့ အနှီ ဟာဂျီး မြောက်တယ် ပေါ့ဗျာ…
Khaing Khaing
June 4, 2012 at 1:36 pm
ကိုကမ်းရေ အားပေးသွားပါတယ် ….. မော်ဒန်တွေဆိုတော့ နားသိပ်မလည်ဘူးချင့် ………
etone
June 4, 2012 at 2:44 pm
ကိုကမ်းကြီးတစ်ယောက် တနင်္ဂနွေနေ့မှာ မင်္ဂလာမဆောင်နိုင်လို့ …. ဒဏ်ရာတွေ ဗရပွနဲ့ အသည်းကွဲနေပြန်ပလားဟင် … ။ ဟိဟိ …. ။ ဘယ်စကီလေးက .. အချဉ်ထည့်တာ ခံလိုက်ရပြီလဲ မသိဘူး … လပျိုဂျီးက ခံစားချင်ပြင်းပြင်းနဲ့ ဗျင်းထည့်လိုက်တာ … သနားများတောင် သနားလာမိပါတယ် .. အဟိ … ။
တော်တော် .. အခွာခံလိုက်ရတယ်ထင်တယ် ….. နာနာကျင်ကျင်ရေးထားတာများ …. အဟိ ဟိ 😆
ဗိုက်ကလေး
June 4, 2012 at 3:13 pm
ဟမလေး ကမ်းရီးရေ
အေးဝဒီကြီးရဲ့ ပို့စ်ကို ဖတ်ပြီး ကဗျာဘက် ပြန်လှည့်လာတာ မီးပုံထဲက ရေခဲတိုက်ထဲပို ့လိုက်သလိုပဲ ခံစားရသဟာ..
kotun winlatt
June 4, 2012 at 3:36 pm
ကိုကမ်းးး
အပျိုငမ်းးးး
ဆိုစမ်းးးး
ဟိုလမ်းးးးး
လျှိုထမ်းးးး
ဟီးးးးးးးးးးးးးးးးးးးးးးးး
pooch
June 4, 2012 at 6:15 pm
ကိုကမ်းကြီးရေ ဘဝဝင်္ကဘာထဲ လူလာဖြစ်မှတော့ တောကြီး ဝင်္ကဘာဆိုတာလည်း မဖြစ်မနေ ဖြတ်သွားရမဲ့ လမ်းတခုလိုပါပဲ။ သတိကာင်းကောင်းနဲ့ ဖြတ်ရင် လမ်းမပျောက် ပဲ အန္တရယ် ကင်းမယ်။ နမော်နမဲ့ ဖြတ်ရင်တော့ ဒုက္ခလှလှတွေက ကြိုနေမယ် ။ နောက် မာယာများထဲ ဝင်္ကဘာထဲမှာ လမ်းပျောက်ပြီး အသက်ပျောက် ဘဝပျောက်သွားရတဲ့သူတွေလည်း နည်းမှ မနည်းပဲ လေ… နော။
marblecommet
June 5, 2012 at 6:40 pm
တောကြီး ဝင်္ကပါရော…
မြို့ကြီးဝင်္ကပါရော…..
ရှောင်လို့ကွင်းလို့မှ မရတာ မပုချ်ရယ်….
ဒီတော့ အမပြောသလိုပဲ…
သတိလေးနဲ့ သွားလာနေရတာပေါ့…..
ဒါပေမဲ့လည်း ပုထုဇဉ်ပီပီ
သတိတရားကို အမြဲကပ်မထားနိုင်လေတော့
လွတ်လွတ်သွားတဲ့အခါ….အချီကြီးထိပြန်ရောဗျ….
ခက်သား…..
မဟာရာဇာ အံစာတုံး
June 5, 2012 at 6:45 pm
အားပေးသွားပါတယ် ကိုကမ်းကြီးရေ …
ကိုကမ်းကြီး ခင်းပြတဲ့
တောကြီး ဝင်္ကပါ က ရွံ့စရာပါ …
အဲဒီ တောကြီး ဝင်္ကပါထဲက ကျနော်တို့တတွေ ပြေးထွက်ကြပြီး ..
အနုပညာနဲ့ ရှင်သန်ကြရအောင်လားဗျာ …
ခင်တဲ့ ..
အံစာတုံး
marblecommet
June 5, 2012 at 10:02 pm
ကိုအံစာရေ့…အကောင်းဆုံးပေါ့ဗျာ
အနုပညာဟာ လူ့နှလုံးသားကို ငြိမ်းချမ်းစေပါတယ်..
ဘာသာတရားကို တကူးတကမလုပ်နိုင်ရင်တောင်
အနုပညာကို ရိုးရိုးသားသားခံစားလုုပ်ဆောင်ရင်
စိတ်ငြိမ်းချမ်းမှုရပါတယ်ဗျာ….
ဒီတော့
အနုပညာနဲ့ အတူတကွ ခရီးသွားကြတာပေါ့ မိတ်ဆွေအံစာကြီးရေ့…..
maung khinmin
June 27, 2012 at 12:24 pm
ကျုပ်လဲလိုက်မယ်….ဆြာတို့ရယ်