အပြိုကောင်း ?????
ဂျာနယ်တစ်စောင်မှာ-
ဖုန်းပြို၊ ကားပြို၊ ငွေပြို၊ ရွှေပြို ပြီးတော့……..
ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရပါတယ်။
စာရေးသူက လတ်တလောဖြစ်ပေါ်နေတဲ့ အပြိုတွေကြောင့် ….
လူအများစုဟာ ဖုံးကိုင်နိုင်လာတယ်။
လူလတ်တန်းစားတွေ ကိုယ်ပိုင်ကားစီးနိုင်မယ့် အခြေအနေတွေ ဖြစ်ပေါ်လာတယ်။
ဒီလို ဒီလိုတွေကြောင့် အခုဖြစ်နေတဲ့ အပြိုကို အပြိုကောင်းလို့ ရေးလာပါတယ်။
(ချဉ်တတ်တဲ့ လူအတွက်ကတော့ အပျိုကောင်း လို့ဆိုပြီး ဖတ်လေမလားတော့ မသိ။ :D)
ကဲ- အပြိုကောင်းတွေကို တစ်ခုချင်းစီ ကြည့်ကြရအောင်။
အပြို (၁) ဟန်းဖုန်းတွေဆိုတာ …..
ဟိုးယခင်က လူဂုဏ်တန်ပစ္စည်းတစ်ခုလို ကျပ်သိန်းသုံးဆယ် လေးဆယ်ရှိမှ ကိုင်နိုင်ခဲ့ပါသည်။
နောက်ပိုင်းမှာတော့ ဖုံးတစ်လုံး တစ်ဆယ့်ငါးသိန်း၊
အဲဒီနောက် ငါးသိန်း ကနေ ….
အခုဆိုရင် ငွေနှစ်သိန်း ရှိလျှင် ဖုံးကိုင်နိုင်ပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ဟိုးရှေးရှေးတုန်းကလို
ရုံးသွားရ၊
လျှောက်လွှာတင်ရ၊
တန်းစီစောင့်ရ၊
ငှားရမ်းသုံးစွဲခွင့်ရတဲ့အထိ စောင့်ရတဲ့ ဒုက္ခတွေတောင် မရှိတော့ပဲ …..
ငွေနှစ်သိန်းပေးရင် ဖုံးတစ်လုံးကို ချက်ခြင်းဝယ် ချက်ခြင်းကိုင်နိုင်တဲ့အထိပါပဲ။
အဲဒါကတော့ ကောင်းလိုက်တဲ့ အပြိုလို့တောင် ပြောရမယ်ထင်ပါတယ်။
(ဟိုးးး အရင် သိန်း ၃၀-၄ဝနဲ့ ဝယ်ထားသူတွေ၊ ၁၅ သိန်း၊ ၅သိန်း နဲ့ ဝယ်ထားသူတွေ မဖတ်မိပါစေနဲ့။)
အပြို (၂) ကားဈေးတွေ ပြိုကျလာတာကတော့ …….
လူတိုင်းနှုတ်ခမ်းဖျားမှာ ကားဈေးအကြောင်းပဲ ပြောနေကြတာကို နေရာတိုင်းလိုလိုမှာ ကြားကြရမှာပါ။
မနက်ပိုင်းလေးပဲ လမ်းထွက်လျှောက်တတ်တဲ့ အိမ်မှာပဲအနေများတဲ့ အမေတောင် ကားဈေးကျတာကိုသိတဲ့အထိ…
လှည်းနေလှေအောင်း မြင်းစောင်းမကျန် ကားပြိုတာကို သိကြသလို…
လူလတ်တန်းစားတွေ ကားဝယ်စီးနိုင်ဖို့ နီးစပ်လာတာမို့ ဝမ်းသာရမလိုလို….
အရင့်အရင်က သိန်းထောင်ကျော်ကားစီးပြီး လူအများထက် ခေါင်းတစ်လုံးပိုမြင့်နေခဲ့သူတွေခမျာမှာတော့
ထက်ဝက်ကျော်ကျဆင်းသွားတဲ့ ကားဈေးတွေကြောင့် ဝမ်းနည်းရမလိုလို……
အပြို (၃) ငွေပြိုတာကလည်း
ဟိုတုန်းက တစ်ဒေါ်လာကို ကျပ် ၁၃၀ဝ လောက်ကနေ
အခုဆိုရင် ကျပ် ၈၀ဝ လောက်အထိ ဖြစ်လာပါတယ်။
မြန်မာငွေ မာ လာတဲ့သဘော၊ မြန်မာငွေ တန်ဖိုးတက်လာတဲ့သဘောမို့
အကြမ်းဖျင်း ကြည့်ရင်တော့ ကြိုဆိုသင့်တယ်လို့ ထင်ပါတယ်။
နောက်ဆုံး အပြို (၄) ကတော့ ရွှေပြိုဆိုပြီး ရေးထားပါတယ်။
ရွှေတစ်ကျပ်သား ခုနှစ်သိန်း ပတ်လည်ဖြစ်နေတဲ့ ရွှေဈေးကိုတော့ ပြိုတယ်လို့ မပြောချင်ပါဘူး။
ကမာ္ဘ့ရွှေဈေးဟာ အရင်က တစ်အောင်စ ဒေါ်လာ ၂၀၀ဝကျော် (မသေချာပါ) ကနေ
အခု ၁၅၀ဝလောက်ထိ ဖြစ်သွားလို့ ကမာ္ဘ့ဈေးအနေနဲ့ ပြိုတယ်လို့ ပြောနိုင်ပေမယ့် …
မြန်မာကျပ်ငွေနဲ့ဆိုရင်တော့ ရွှေတစ်ကျပ်သား လေးသိန်း၊ ငါးသိန်း ကနေ…
ခုနှစ်သိန်းပတ်လည်ဖြစ်နေတဲ့ အတွက် တက်လာတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
မြင့်တက်လာတဲ့ ရွှေဈေးမှာ ဝယ်သူနည်းပြီး ရောင်းသူပဲ များနေတယ်ဆိုတဲ့
အသံတွေကို ရွှေသမားတွေဆီက ကြားနေရပါတယ်။
အဲဒီအပြိုကောင်းတွေမှာ လူတန်းစားအစုံ ရွှေတွဲလွဲ၊ ငွေတွဲလွဲနဲ့
အရောင်တွေထွက်ပြီး တောက်ပြောင်နေပါသလား??????????
ကိုယ်နဲ့ နီးစပ်တဲ့ မြန်မာပြည်ရဲ့ လူများထုဖြစ်တဲ့ တောင်သူလယ်သမားတွေကို ကြည့်လိုက်တဲ့အခါ….
လွန်ခဲ့တဲ့ ၄- ၅ -၁ဝ နှစ်တုန်းက တောနယ်တွေမှာ ….
သီးနှံတွေ ဈေးကောင်းရလို့ တဲအိမ်တွေကနေ တိုက်တွေ ဆောက်ကြတာ
သီးနှံပေါ်ချိန်မှာ ရွှေဆိုင်တွေ လက်မလည်တာ
အိမ်တိုင်းလိုလို အပေါ်စက် အောက်စက် ရှိကြတာ
ရွာတွေမှာ ဆိုင်ကယ် တဝှီဝှီ နဲ့ သွားလာနေကြတာ…
လူတိုင်းလိုလို မြင်ကြ သိကြမှာပါ။
တောင်သူလယ်သမား လူများစု ချောင်လည်ကြတော့ …
စားသုံးမှု၊ သုံးစွဲမှု ပမာဏ များလာတယ်။
အဲဒီအခါမှာ သွင်းကုန် လုပ်ငန်းရှင်တွေလည်း လုပ်ငန်းကိုင်ငန်းတွေ ကောင်းကြသလို
သွင်းကုန်လုပ်ငန်းအတွက် ငွေကြေးလိုအပ်ချက်တွေလည်း များလာပါတယ်။
အဲဒီနေရာမှာ သွင်းကုန်ဝယ်ယူရန်အတွက် ထုတ်ကုန်ကရတဲ့
ပို့ကုန်ဝင်ငွေ (Export Earning) ဟာလည်း တစ်ခန်းတစ်ကဏ္ဍ မျက်နှာပွင့်လန်းလာပါတယ်။
သီးနှံပို့ကုန်ကနေရတဲ့ အမြတ်ခွန်တွေဟာလည်း တိုင်းပြည်အတွက် တတပ်တအားပါပဲ။
ရရှိတဲ့ ဝင်ငွေဟာ ပြန်ပြည့်မြဲဖြစ်တဲ့ ရာသီပေါ်သီးနှံတွေကို တင်ပို့ရောင်းချလို့ ရရှိတာဖြစ်တဲ့အတွက်
တိုင်းပြည်အတွက်ရော၊ လူများစုဖြစ်တဲ့ တောင်သူလယ်သမားတွေအတွက်ပါ
အဖက်ဖက်က တွက်ခြေကိုက်တယ်လု့ိ ပြောချင်ပါတယ်။
အခုနှစ်ပိုင်းတွေမှာတော့……..
တောင်သူလယ်သမားလူတန်းစားတွေကို ကြည့်မိတဲ့အခါ……
ရာသီဥတုမကောင်းလို့၊ ဖောက်ပြန်လို့ သီးနှံအထွက်နည်းတယ်။
အရင်က သီးနှံတစ်တင်းကို ၂၀၀၀၀-၃၀၀ဝ ရနေရာကနေ….
ယခုနှစ်ပိုင်းတွေမှာ မြန်မာငွေတွေ မာ လာပြီး ငွေတန်ဖိုးတက်လာလို့
တစ်နှစ်ထက် တစ်နှစ် သီးနှံဈေးတွေ ကျလာတာ သီးနှံတစ်တင်းရဲ့ ဈေးနှုံးဟာ
ထက်ဝက်နီးပါးလောက်ပဲ ကျန်ပါတော့တယ်။
သီးနှံစိုက်ပျိုးရာမှာ လုပ်သားခ၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ သယ်ယူပို့ဆောင်စရိတ်
အစရှိတဲ့ ကုန်ကျစရတ်တွေကတော့ မကျတဲ့အပြင်
အချို့ကုန်ကျစရိတ်တွေက တက်တောင် လာပါသေးတယ်။
ဝင်ငွေနည်းလာတာ သိသာထင်ရှားပြီး
စားသုံးစရိတ်၊ ကုန်ကျစရိတ်တွေက မလျှော့တဲ့အပြင်
တန့်တာက တန့်၊ တိုးတာက တိုးလာတော့
လူအများစုမှာ ကြပ်တည်းမှုတွေနဲ့ ပတ်ချာလည်လာပါတော့တယ်။
အရင်က တောင်သူမိသားတစ်စု တစ်လလောက် စားသောက်နေထိုင်ဖို့ စရိတ်ကို
သီးနှံတစ်တင်းရောင်းပြီးရင် ရပေမယ့်…….
အခုဆိုရင် နှစ်တင်းရောင်းမှ ရတဲ့ အခြေအနေ ဖြစ်လာတယ်။
သီးနှံအထွက်နည်းတာနဲ့ သီးနှံဈေးကျတာနဲ့ ပေါင်းလိုက်တဲ့အခါမှာ
တောင်သူတွေ မျိုးသီးနှံ မချန်နိုင်၊ မစုဆောင်းနိုင်တော့တဲ့အပြင်
ကြိုတင်ချေးငှားသုံးရတဲ့ စိုက်ပျိုးစရိတ် အကြွေးမကျေတာတွေ ဖြစ်လာပါတော့တယ်။
ငွေဈေးကျတယ်။ မြန်မာငွေ တန်ဖိုးတက်လာတယ်။
အဲဒီနေရာမှာ မြန်မာပြည်က လူအများစု ပိုမို ချောင်လည်လာရမှာ မဟုတ်ဘူးလား??????
ဒီလိုပါပဲ။
စက်ရုံ အလုပ်ရုံတွေမှာ ဆန္ဒပြကြတယ်ဆိုတာလည်း
တောင်သူလယ်သမားတွေနဲ့ တသဘောတည်းလို့ ထင်မြင်မိပါတယ်။
အလုပ်ရှင်ဘက်ကတော့ ယခင်က တစ်ဒေါ်လာ ၁၃၀ဝ လောက်မှာ ရတဲ့ဝင်ငွေနဲ့
အခု တစ်ဒေါ်လာ ကျပ် ၈၀ဝ လောက်မှာရတဲ့ ဝင်ငွေဟာ သုံးချိုး နှစ်ချိုးနီးပါး ကျဆင်းသွားမှာပါ။
အလုပ်သမားတွေဘက်ကတော့ စားသောက်နေထိုင်မှုစရိတ်တွေက တိုးလာတဲ့အခါမှာ..
လစာတိုးတောင်းမှုတွေ ဖြစ်လာရတယ် ထင်ပါတယ်။
တစ်ဒေါ်လာ ကျပ် ၁၃၀ဝ ဖြစ်တဲ့အချိန်မှာ လစာ ၄၀၀၀၀-၅၀၀၀ဝ ပေးရတဲ့ ဝန်ထမ်းတစ်ယောက်ကို
တစ်ဒေါ်လာ ကျပ် ၈၀ဝ ဖြစ်လာတဲ့အချိန်မှာ လစာကို ဝန်ထမ်းလစာကို သုံးချိုးနှစ်ချိုး လျှော့ချပေးလို့ မရပါဘူး။
အဲဒီအခါမှာ အလုပ်ရှင်နဲ့ အလုပ်သမား နှစ်ဦးနှစ်ဖက်ကြားမှာ ဝန်မမျှမှုတွေနဲ့အတူ
ကိုယ့်ဘက်ကကြည့်တော့ လက်ဖဝါး၊ သူ့ဘက်ကကြည့်တော့ လက်ဖမိုး အမြင်တွေနဲ့ ပဋိပက္ခအသွင်ကို ဆောင်လာပါတော့တယ်။
ကိုယ်ကိုယ်တိုင်က မျက်မြင်ကိုယ်တွေ့ အဖြစ်တွေကို ရေးပြ ပြောပြတာကလွဲလို့
စီးပွားရေးပညာရှင် မဟုတ်လို့ အကြံကောင်း ဉာဏ်ကောင်းတွေနဲ့ ကုစားမှုတွေကို မပေးနိုင်ပါဘူး။
တတ်သိနားလည်သော ပညာရှင်များရဲ့ နည်းကောင်းလမ်းကောင်းတွေနဲ့ ညွှန်ပြမှုတွေကို တောင့်တမိပါတယ်။
ဲမြန်မာငွေ တန်ဖိုး တက်လာပြီး ဖုန်းပြို၊ ကားပြို၊ ငွေပြို၊ ရွှေပြိုတွေနဲ့အတူ လူတန်းစားအစုံစုံ…
ဖုန်းကိုင်နိုင်
ကားစီးနိုင်
ငွေပေါပေါ ရွှင်ရွှင် သုံးနိုင်ပြီး
ရွှေတွဲလွဲ ငွေတွဲလွဲနဲ့…..
စားဝတ်နေရေးတွေ ချောင်လည်ပြီး တောက်တောက်ပြောင်ပြောင် နေနိုင်ကြတဲ့ ဘဝမျိုးတွေကို ရရှိကြရင်တော့ဖြင့်……
ကြိုဆိုပါတယ် အပြိုကောင်း လို့သာ ……………
37 comments
မောင်ပေ
June 7, 2012 at 7:43 pm
မိတ်ကောင်းဆွေကောင်း ဆိုတာ လဲ ပါသေးတယ် ။ သူတို ့မပြီဟေ့ ဆိုရင် ခွက်ခွက်လန်အောင် ပြိုကျတတ်တာကလား ။
ပုံ
မောင်ပေ ( ရင်တွင်းမချိ )
ဦးဦးပါလေရာ
June 7, 2012 at 8:08 pm
မောင်ပေတယောက် ခံစားချက်တွေပြင်းထန်နေပါလား…. 😀
MaMa
June 7, 2012 at 8:25 pm
မောင်ပေ-
ကနဦး စာဖတ်သူအဖြစ် ကျေးဇူးတင် မှတ်တမ်းတင်ပါသည်။
(တီချာကြီးဆီက ကူးချပြီး ပြောလိုက်သည်။) 🙂
ဦးဦးပါလေရာ
June 7, 2012 at 8:09 pm
နောက်တခေါက်ပြန်ဝင်ပြီး ဆွေးနွေးပါဦးမယ်…။
ster
June 7, 2012 at 9:01 pm
ဖုန်းဈေးပြိုပေမယ်. ထပ်ပြိုဖို.အများကြီးလိုပါသေးတယ်။ သိန်းလေးဆယ်နဲ.ဝယ်ထားတဲ.လူတွေကလဲ ဒီဖုန်းနဲ.ရှာခဲ.၊ သုံးခဲ. ပြီးပြီပဲ။ မလွမ်းလောက်ပါဖူး။ တကယ်အလုပ်အတွက် သုံးခဲ.တဲ.သူတွေပြောတာနော်။ လူတိုင်းသုံးနိုင်တာ ဆက်သွယ်ရ လွယ်ကူတော.ကောင်းတာပေါ.။ ကားဈေးပြိုတာက ကောင်းတဲ.ဘက်ရှိပေမယ်. လမ်းတွေအရမ်းကျပ်ကုန်တာတော. ဆိုးတယ်ဗျာ။
MaMa
June 8, 2012 at 6:09 pm
@ster
ရေထဲကို ခဲလေးတစ်လုံးပစ်ချလိုက်ရင် လှိုင်းဂယက်တွေ ဖြာသွားရသလို…
တစ်ခုခု ပြောင်းလဲသွားတာနဲ့အမျှ သူနဲ့ ပတ်သက်ရာ ဆက်စပ်ရာတွေမှာ ဂယက်ရိုက်လာရပါတယ်။
ကောင်းသော ဂယက် (အကျိုးဆက်) များဖြစ်စေချင်ပါတယ်။ 🙂
@padonmar
၁ဒေါ်လာ ၁၁၀ဝ တုံးက လက်ဖက်ရည် ၁ခွက် ၂၅၀-၃၀ဝ ဟာ အခု ၈၃၅ ဖြစ်တော့လည်း မကျပါဘူး။
ဥပမာတစ်ခုအနေနဲ့-လက်ဖက်ရည်တစ်ခွက်ကို ဒေါ်လာနဲ့ ပြန်တွက်ရင် အရင်က ၂၅ဆန့် ပေးနေရာကနေ ခုဆိုရင် ၃၅ဆန့် လောက် ပေးရသလို ဖြစ်သွားပါတယ်။
ကြပ်တည်းမှုတွေ ဖြစ်လာတယ်ဆိုတာ အဲဒီကနေ လာတာပါပဲ။
padonmar
June 7, 2012 at 9:02 pm
အပျိုဂျီးပီပီ
အပြိုကောင်းအကြောင်းမြင်တော့ တကယ်ကောင်းရဲ့လားတွေးမိတယ်။မရှိတဲ့ ငုံးဥသည် ဖုန်းကိုင်တော့ ရှိထဲ့ရှိထဲ့နဲ့ ဆင်းရဲတွင်းထဲပိုနစ်မလား။
ကားဈေးကျလို့ ဝမ်းသာအားရဝယ်ပြီး တက်စီဆွဲစားတဲ့ မလေးပြန်တစ်ယောက်ရဲ့ တစ်ခြမ်းပဲကျန် ဇာတ်လမ်းကို ပြောပြရမလား။
ပိုးကျလို့ ခြင်္သေ့ကိုက်ခံရတဲ့ လယ်သမားအကြောင်းရော။
IMF ကတော့ မြန်မာငွေမာနေတာဟာ မြန်မာပြည်ရဲ့ စီးပွားရေးကို အကြပ်ရိုက်စေပါတယ်တဲ့။
သူတို့က ၁ဒေါ်လာ ၁၀၀ဝ လောက်ဖြစ်မှ မြန်မာ့စီးပွားရေး ပြန်လည်လည်ပတ်မယ်လို့ ဆိုပါတယ်။
မြန်မာငွေမာနေတယ်ဆိုတာ စာရွက်ပေါ်ပဲ ဂုဏ်ယူလို့ရတာပါ။
ရှေးရိုးစွဲနေတဲ့ ဒေါ်လာဈေးတက်ရင် ကုန်ဈေးနှုန်းတွေတက်မယ်။ဝယ်စားဝယ်သုံးရတာတွေ ဈေးကြီးပေးရတော့မယ်လို့ မျက်စိစုံမှိတ် မအော်ကြပါနဲ့။
၁ဒေါ်လာ ၁၁၀ဝ တုံးက လက်ဖက်ရည် ၁ခွက် ၂၅၀-၃၀ဝ ဟာ အခု ၈၃၅ ဖြစ်တော့လည်း မကျပါဘူး။
အရင်က ဆွေးနွေးဖူးတာလေး ပြန်ဖတ်ကြည့်ကြပါအုံး။
မြန်မာကျပ်ငွေမာနေရခြင်း brain stormimg Posted by padonmar on Jun 14, 2011 in
http://myanmargazette.net/51823/business-economy/money-finance
pooch
June 7, 2012 at 10:17 pm
ဟုတ်ပါရဲ့ မမရယ် ။ တကယ်ပဲ” အပြိုကောင်း” ပါ။ ဘယ်သူမှ မချောင်လည်ပါဘူး။ တကယ်နဖူးကချွေး ခြေမကျအောင်ရှာနေတဲ့သူတွေအတွက်ကို ပြောတာပါ။
နောက် တဦးချင်း ဝင်ငွေကစလို့ လူနေမှုအဆင့်အဆုံး အာဆီယံကို မမှီပေမဲ့ တဦးချင်း ပျှမ်းမျှကုန်ကျစရိတ်တွေ အထွေထွေ စရိတ်တွေက ဒေသတွင်း နိုင်ငံတွေထက် မလျော့ပါဘူးတဲ့။ အဲ့ဒီတော့ ဝင်ငွေနဲ့ ထွက်ငွေ မမျှရှိနေမှတော့ ဒီဘဝတွေ ဘယ်မှာလာချောင်လည်နိုင်ပါတော့မလဲလေ။
ဒီကွာဟချက်ကို ဆိုင်ရာ ကျွမ်းကျင်သူများ အမြန်ဆုံး အဖြေရှာ ဆေးကုနိုင်မှသာ အကုန်လုံးအတွက်ကောင်းမဲ့ အပြိုကောင်း ဖြစ်မှာပါ။
MaMa
June 8, 2012 at 6:35 pm
@pooch
ထွက်ကုန် (Export) ဦးစားပေးချင်ရင် ငွေတန်ဖိုးလျှော့ချရမယ်လို့ ဆိုပါတယ်။
ရိုးရိုးလေးတွေးကြည့်ရင် မိသားစုတစ်စုအနေနဲ့ ကိုယ့်အိမ်ချောင်လည်ဖို့ဆိုရင် ဝင်ငွေများပြီး ထွက်ငွေနည်းဖို့လိုပါတယ်။
များများထုတ်ပြီး နည်းနည်းစားရမယ်ဆိုတဲ့ သဘောပေ့ါ။
အဲဒီအခြေအနေမှာ ထွက်ကုန် (Export) ကို ဦးစားပေးတဲ့ စီမံကိန်းတွေ ဖြစ်ရမယ်လို့ ယူဆပါတယ်။
ငွေဈေးကျတယ်၊ ပစ္စည်းဈေးတက်တယ် ဆိုတာတွေ ပြောနေမယ့်အစား ဘယ်ဈေးပဲဖြစ်ဖြစ် ဝယ်စားနိုင်ဖို့ပဲ လိုပါတယ်။
အရီး Khin Latt
June 8, 2012 at 3:22 am
မမ ရေ
အတွေးက မိုက်သဗျို့။
“အပြိုကောင်း” = “အပြောင်းကို”
ကောင်းသော “အပြိုကောင်း” ဖြင့် အပြောင်း ဖြစ်စေသောဝ်။ 🙂
အဓိက “ပြို” စေချင်တာကတော့ “ဘာမှမသိဘဲ ဟန်လုပ်ထိုင်နေ ပြီး ကန့်လန့်တိုက်နေသူများ” ဘဲ။
MaMa
June 8, 2012 at 6:54 pm
မလတ်ကိုတော့ စိတ်တူ ကိုယ်တူ ချစ်တဲ့သူလို့ တောင် ပြောလိုက်ချင်ပါတော့တယ်။ 🙂
pan pan
June 8, 2012 at 7:54 am
အန်တီမမရေ
ကားတွေ၊ ဖုန်းတွေ၊ ရွှေတွေက လူတန်းစားတိုင်းအတွက် မရှိမဖြစ်ပစ္စည်းမဟုတ်ပါဘူး
ဒါ့ကြောင့် နေ့စဉ်စားသုံးနေထိုင်စရိတ်တွေ ပြိုရင်ကောင်းမယ်
အဓိကကတော့ ကုန်းဈေးနှုန်းပြိုပါစေပေ့ါ
အပြိုကောင်းအောင်လို့
Azzurri
June 8, 2012 at 8:16 am
သာမီးရယ်… ကုန်ဈေးနှုန်း တော့ မပြိုပါနဲ့ဦးကွယ်…
အခြေခံစားသောက်ကုန် ဈေးကျစေချင်တယ် …ချပေးကြပါ..
လူတွေအော်တယ်. ..အဲ့ဒါ ဈေးကျလို့ မဖြစ်ဘူး ..ဟူးဟူး…
လုံးဝ လုံးဝ မဖြစ်ဘူး …
ကိုယ့်ဝင်ငွေသာ အခြေခံစားသောက်ကုန် ဝယ်ယူလောက်ငှ ပိုလျှံဖို့ လုပ်ပါကွယ်…
အင်ဖလေးမ်ရှင်း က အောင့်တော့ အောင့်ပေမယ့် ဒီဖလေးမ်ရှင်း ကမှ သေတတ်တာပါကွယ်..
pan pan
June 8, 2012 at 8:39 am
ဒါဆို ရုံးမှာလခတိုးတောင်းမယ်
ကိုဂီထောက်ခံစာပို့ပေး
Azzurri
June 8, 2012 at 8:59 am
ဇဂါး အတင်း မဟားဒယားစပ်…
အလုပ်ရှိတယ် ..လုပ်မလား ..
(ဇာတ်လမ်း စဘီ လို့ မပြောလိုက်ကြပါနဲ့)
အခု ကြော်ငြာ ရေးနေတယ်…
လိုကယ်မှာပဲ လုပ်ရမှာ …
ခန့်မှန်းလစာ…ဆင်၁အုပ် ရမယ်…
ဒီတေးလ်ပြီးရင် မေးလ်ပို့လိုက်ပါမယ်…
လကုန်လောက်
(ရွာထဲမှာလည်း ကြော်ငြာလာတင်ပါ့မယ်..)
pan pan
June 8, 2012 at 1:44 pm
ဆင်တအုပ်က ဘယ်နှစ်ရွက်အုပ်ကိုပြောတာလဲ
ဆင်နှစ်ကောင်လား ဆင်တစ်ကောင်အုပ်လား
စုစုပေါင်း ဆင်ကောင်ရေဘယ်နှစ်ကောင်လဲ 😆
Azzurri
June 8, 2012 at 1:48 pm
အုပ်မှာ ဘယ်နှရွက်ပါလဲ မသိဝူးလား သာမီးရယ်
ညည်းအဲ့လာကြောင့် သူငယ်တန်းတောင်
အန်းထရန် ့စ်ဖြေရတာ
အာဟိ
(ကျ ုပ် အတည် ပြောတာနော နောက်နေတာမဟုတ်)
ခင်တဲ့
pan pan
June 8, 2012 at 8:36 pm
အတည်ဆို လက်တို့ပါအုံး
ကြည့်ရှုစောင်မဘာ အူးလေးရယ်
Foreign Resident
June 8, 2012 at 9:03 am
ဂီဂီ ကလည်း ၊
လူချဉ်အောင် လုပ်မိမှတော့ ၊ ပြတ်ပြတ်သားသား လုပ်စမ်းပါ ။
အင်ဖလေးမ်ရှင်း တွေ ၊ ဒီဖလေးမ်ရှင်း တွေနှင့် ၊
ရွာသူားတွေ ခေါင်းရှုတ်အောင် ရေးမနေ နှင့် ။
” ဂီဂီ ကတော့ ကုန်ဈေးနှုန်း တက်တာကိုပဲ ကြိုက်တယ် ” လို့
ပြတ်ပြတ်သားသားသာ ပြောပစ်လိုက် ။
MaMa
June 8, 2012 at 7:03 pm
@ FR
ပြတ်သားတဲ့ နေရာမှာတော့ စံပြုထိုက်ပါပေတယ်။
ပြတ်ပြတ်သားသား မပြောတတ်တဲ့ ကိုယ့်ကိုကိုယ်တောင် အားမရပါ။
@ amatmin
လူထုအသံကို လွှတ်တော်ထဲ ရောက်အောင် စွမ်းဆောင်ရမှာ အမတ်တာဝန် မဟုတ်ဘူးလား။
လွှတ်တော်မတက်တဲ့ အမတ်က လာအော်နေပါလား။ 😆
MaMa
June 8, 2012 at 6:58 pm
@pan pan
ကုန်ဈေးနှုံးဆိုတဲ့ နေရာမှာ
ရောင်းကုန်တွေ ဈေးတက်ပြီး
ဝယ်ယူသုံးစွဲရမယ့်ကုန်တွေ ဈေးကျရင် ကောင်းမယ်။
@ ghi
ဟုတ်ပါ့။ အောင့်တာက ခံနိုင်သေးတယ်။ သေမှာကို စိုးရိမ်မိပါတယ်။
amatmin
June 8, 2012 at 10:17 am
ကျန်အပြိုတွေကို ကြိုက်ပေမဲ့..
ကားပြို..ကိုတော့ မကြိုက်ဘူးဗျာ…
လူတိုင်းကားစီးလာနိုင်တယ် ဆိုပေမဲ့..
အဲ့ဒီများလာတဲ့ကားတွေကြောင့်ပဲ..စိတ်ညစ်ညူးစရာကောင်းလိုက်အောင်..
ကြပ်လာလိုက်တဲ့ လမ်းတွေများကို..ပြျိဖို့လမ်းညွှန်ပေးသူများ..မြန်မြန်ဖြေရှင်းပေးနိုင်ရင်တော့..
အပြိုကောင်းတကယ်ဖြစ်လောက်ရဲ့..
ဒါနဲ့ ဆိုင်ကယ်လေးတွေ များပြန်စီးခွင်ပေးကြဖို့..
တာဝန်ရှိသူများ.မစဉ်းစားသေးဘူးလား မသိ… 🙂
MaMa
June 8, 2012 at 9:57 pm
@amatmin
ကားကြပ်တယ်။ လမ်းပိတ်တယ်ဆိုတဲ့နေရာမှာ လမ်းတွေ မကောင်းတာကလည်း အဓိက အကြောင်းတစ်ချက်အနေနဲ့ ထည့်သွင်းစဉ်းစားသင့်ပါတယ်။
ကားများတာ၊ လမ်းစည်းကမ်း (မော်တော်ကား၊ ဆိုက်ကား၊ စက်ဘီး၊ လူ) မလိုက်နာကြတာလည်း ပါတာပေ့ါ။
လူတိုင်းကားစီးလာနိုင်တာထက် စင်္ကာပူလို၊ ဂျပန်လို MRT နဲ့ အဆင်ပြေရင် အကောင်းဆုံး ပဲပေ့ါ။
@Shwe Ei
ကမာ္ဘမှာ အော်ဂဲနစ်သီးနှံဆိုတာ ခုမှ အော်နေကြတာပါ။
သိပ်ဝေးဝေးတောင် မဟုတ်ဘူး။
လွန်ခဲ့တဲ့ ၃-၄ နှစ်လောက်ကဆိုရင် မြေဩဇာတို့၊ ပိုးသတ်ဆေးတို့ဆိုတာ အလွန်အသုံးနည်းပါတယ်။
ခုနောက်ပိုင်း စိုက်ပျိုးရေးဆေးဆိုင်တွေ အပြိုင်အဆိုင်ကြော်ငြာ၊ ကြွေးတွေအပြိုင်အဆိုင်ချပြီး ဆေးတွေ စနစ်မကျပဲ အရမ်းကာရောသုံး၊ မြေတွေပျက်၊ သီးနှံတွေ အထွက်ကျ ဖြစ်လာရတယ်။
အဲလိုကနေ ဆင်းရဲကြပ်တည်းမှုတွေ တန်းစီလာတော့တာပေ့ါ။ 🙁
Mလုလင်
June 8, 2012 at 11:17 pm
လိုင်းကားတွေ အကုန်လုံး အဆင်ပြေ ပြီး သပ်သပ်ရပ်ရပ် တိတိကျကျ ဖြစ်သွားရင် …. ပြီးပြီဗျာ … အဲဒါလေး .. ကို အခြေခံ လိုအပ်ချက် ထဲ ထည့်သင့်ပါကြောင်း ..။
Shwe Ei
June 8, 2012 at 10:44 am
လယ်သမားတွေ အထွက်မကောင်းတာ မြေကြောင့်ဗျ။ ပိုးသတ်ဆေးအစွမ်းနဲ့ အဆီအနှစ်မရှိတော့တဲ့ မြေပေါ်မှာ ဘယ်လိုဓါတ်မြေဩဇာ ထဲ့လဲ ကောင်းနိုင်တော့ဘူး။ အစိုးရကပေးတဲ့ ချေးငွေက လဲ ၁ဧက ၁သောင်းတဲ့။ ဖွတ်ပဲ။ ဒီတနှစ်စရိတ်လောက်လို့ မထုတ်ဖြစ်တဲ့သူ နောက်နှစ်မှ လိုလို့ သွားထုတ်ချင် စာရင်းမရှိတော့ဘူး။ ပြီးတော့ ဘယ်ငကြောင်ကစမှန်းမသိ စက်မှုလယ်ယာစကားလုံးဂျီးကို လူကြားကောင်းအောင် အော်သေးတယ်။ ဟိုကဖြင့် ကျွဲ နဲ့ နွားတောင် မလောက်ငလို့ ကိုယ်တိုင်ဝင်ရုန်းနေကြရတာ။ လယ်ထွန်စက်ကိုတော့ ထဲ့ပြောမနေတော့ဝူး(ဘယ်သူမှ မဝယ်နိုင်လို့)။ တော်သေဘီ :- Zzzzz
mayjuly
June 8, 2012 at 11:01 am
အပြိုကောင်းလေး တွေ ..ကောင်းခြင်းတွေနဲ့ ပြို သလို ..
မကောင်းသော ပြို ခြင်းတွေနဲ့ လည်း ပြို နေကြပါဘီ …
ဘယ်အရာတွေ ဘယ်လိုပြို ပြို …
” စိတ်ဓါတ်လေးတွေ မပြို ကြဘို့” ပဲ အရေးကြီး ပါတယ်လို့ ပြောပါရစေ ……
MaMa
June 8, 2012 at 10:03 pm
@mayjuly
ဘုရား သိကြား မ လို့
မပြိုပါစေနဲ့
မပြိုပါစေနဲ့
မပြိုပါစေနဲ့ 🙁
Khaing Khaing
June 8, 2012 at 11:38 am
ဖုန်းတွေကားတွေပြိုတာ အပြိုကောင်းမဟုတ်ဘူးလို့ထင်ပါတယ် အိမ်တွင်းသူခိုးတွေပါ အခုဆိုလူတွေများ ဟိုနားကနေဒီနားကို အိမ်ရှေ့အိမ်နောက် ဟိုဖက်ခြံဒီဘက်ခြံကို ဖုန်းလေးတွေနဲ့ပဲပြောနေတော့ပါတယ် …. အိမ်ခြံမြေဈေးကွက်တွေ ပြိုကျတာကိုတော့ စောင့်နေမိလျှက်ပါ …….
ဦးဦးပါလေရာ
June 8, 2012 at 12:02 pm
ကိုယ့်တယောက်ထဲအတွက် ကွက်ပြီးကြည့်ရင်တော့…
ကိုယ့်တစုထဲအတွက် ကွက်ပြီးကြည့်ရင်တော့…
လယ်သမားကလဲ ဆန်ဈေးတက်စေချင်မှာပဲ
ဆန်ဝယ်စားရသူကလဲ ဆန်ဈေးကျစေချင်မှာပဲ
တကယ်တော့ လယ်သမားတက်စေချင်သလောက်ဆန်ဈေးမတက်လဲ လယ်သမားက ကြည့်ကျက်လုပ်သွားပါတယ်…
ဆန်ဝယ်စားသူကျစေချင်သလောက် ဆန်ဈေးမကျလဲ ဆန်ဝယ်စားသူက ဖြစ်အောင်စားသွားပါတယ်…
အဲဒီမှာ သဘာဝအလျှောက် မျှခြေ တခု ဖြစ်လာပါတယ်။
အခုဒီနိုင်ငံရဲ့ပြဿနာက အဲဒီမျှခြေတွေ မတည်ငြိမ်တာ၊ ခပ်ကြမ်းကြမ်းပြောင်းလဲတာ၊ လူညံ့တွေက တမင်ဆွဲဆွဲရွှေ့နေတာ….။
အခုတော့ မြန်မာနိုင်ငံရဲ့စီးပွားရေးမောင်းနှင်မှု့ နှေးကွေးတုန့်ဆိုင်းနေတာ နှစ်နှစ်ခွဲရှိပါပြီ။
ဘာကြောင့်ဆိုတာတွေ လဲ သပ်သပ် အကြောင်းရှာကြတာပေါ့လေ…
လောလောဆယ်တော့ စီးပွားရေးလည်ပတ်မှု့ကို ပြန်သွက်လက်အောင် တွန်းပေးမယ့် မောင်းနှင်အား အရေးတကြီးလိုပါပြီ…။
ဥပမာ သွေးချိုဝေဒနာရှင်ဟာ သွေးထဲအချိုဓါတ်အလွန်မင်းကျဆင်းတဲ့အခါ အချိုဓါတ်ခပ်များများကို ချက်ချင်းထည့်ပေးရမယ်။ အရင်က တငုံတောင် အသောက်မခံနိုင်တဲ့ အချိုရည်လိုဟာမျိုးကို တပုလင်းလုံးတိုက်ပစ်ရမယ်။ အဲဒီအတွက်ကြောင့် သွေးချို ပြန်တက်ချင်တက်မယ်- အဲဒါက ပြန်ကုလို့မီတယ်။
လက်ရှိသွေးတွင်းအချိုဓါတ် အလွန်အမင်းကျဆင်းတာက မြန်မြန်မလုပ်ရင် မမီတော့ဘူး…။
ဒါကြောင့် သွေးရူးသွေးတမ်းနဲ့ ဟိုဟာတွေချပေး ဒါတွေခွင့်ပြု နဲ့ အတင်းဆွဲလှည့်နေတာလို့ ထင်တာပါပဲ…။
ဦးဦးပါလေရာ
June 8, 2012 at 12:11 pm
သတိရလို့ –
ဆိုင်ဆိုင်/မဆိုင်ဆိုင် ပေါ့နော…..
ဗိုလ်ချုပ်နေဝင်းက (အဲဒီတုန်းကဗိုလ်ချုပ်ကြီးမဟုတ်ပါ) ၁၉၆၄ မှာ ပြည်သူပိုင်မသိမ်းမီ ရက်အနည်းငယ်အလိုမှာ ကုန်သည်၊လုပ်ငန်းရှင်တွေကို ခေါ်တွေ့ပြီးပြောခဲ့တဲ့ စကားတခွန်းရှိပါတယ်။
(ရှေးတုန်းက မြို့တည် နန်းတည်တယ်ဆိုရင် စတေးရတယ် စတေးရတယ်လို့ ကြားဖူးပါတယ်။ အခုလဲ ကျွန်တော်တို့ ဆိုရှယ်လစ်တိုင်းပြည်သစ်ကိုတည်ရာမှာ လိုအပ်ရင် စတေးပါမယ်ခင်ဗျား…)….. တဲ့
သူများပြောတာကြားဖူးလို့ ပြန်ပြောတာပါ။ အထောက်အထားလိုချင်ရင် အဲဒီတုန်းကထွက်တဲ့ သတင်းဂျာနယ် မျက်နှာဖုံးမှာ ရှာကြည့်ပါ။ အဲဒီတုန်းက ကျူပ်မမွေးသေးပါဘူး။ ဒါကြောင့် စာလုံးအတိအကျကိုအာမမခံပါဘူး။
blackchaw
June 8, 2012 at 1:56 pm
မမရေ။
ပြိုတဲ့အထဲ ကျွန်တော်တို့ တတွေ မပါသွားဖို့ ကြိုးစားနေရပါတယ်။
သိတ်ချမ်းသာတဲ့လူတွေ အတွက် ပြိုတာက ဆင်ပိန်ကျွဲပေါ့ဗျာ။
မရှိမရှားဘဝနဲ့လူတွေ အတွက် ပြိုတယ်ဆိုတာ ဘဝပျက်သလိုပါပဲ။
ဘာပဲ ဖြစ်ဖြစ် ကိုပါလေရာ ပြောသလို စတေးရမှာပါပဲ။
အများကောင်းဖို့အတွက် လူနည်းစု ကို စတေးရမှာပါပဲ။
စတေးပါ၊ စတေးကြပါ၊ စတေးကြစမ်းပါ။
ကိုယ်ချင်းစာစိတ်လေး နည်းနည်းကပ်ပြီး စတေးကြဖို့ တော့
မဝံ့မရဲ တောင်းဆိုလိုက်ပါတယ်ဗျာ။
စတေးဖို့ ဥပဒေတစ်ခုထုတ်တိုင်း ချမ်းသာသွားတဲ့လူတွေ ရှိနေတယ်ဆိုတာလေး .. ဟေးဟေး။
etone
June 8, 2012 at 4:40 pm
အန်တီမမရေ ခိုင်းနှိုင်းသွားတာလေး ကောင်းလို့ လက်မထောင်ခဲ့ပါတယ်နော် ။
ခေါင်းစဉ်လေးက ဆန်းလိုက်တာနော် … ။
တစ်ချို့ အပြိုတွေက ကောင်းပေမယ့် …. ဒီကြားထဲ … အဆီတထပ် အသားတစ်ထပ် အမြတ်ထုတ်၊ အရေခွံခွှာသွားခဲ့သူတွေကတော့ ကြီးပွားသွားကြပြန်တယ်လေ …… ။
အောက်ခြေကနေ စပြ ိး ပြိုမှ … အပြိုကောင်းဖြစ်တော့မယ် ထင်ပါရဲ့လေ …. ။ 🙂
MaMa
June 8, 2012 at 10:14 pm
@ Khaing Khaing
အိမ်တွင်းသူခိုးဆိုတဲ့ အသုံးအနှုံးလေးကို ကြိုက်သွားပြီ။
ကုန်လို့ ကုန်မှန်းမသိ ကုန်သွားတတ်တာ။
စောင့်မျှော်နေတာလေးလည်း ဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
@ဦးပါ
(မောင်းနှင်အား အရေးတကြီးလိုအပ်နေပါပြီ)
ပြောချင်တဲ့ အဓိပ္ပါယ်ရောက်အောင် ဝိုင်းကူ ပြောပေးလို့ ကျေးဇူးအထူးတင်ပါတယ်။
တဆိတ်ရှိ အမြတ်ကြီးစား ကုန်သည်ပွဲစားလို့ချည်း မဆလ လေသံနဲ့ တရားခံရှာနေတာတွေလည်း ရပ်တန့်သင့်ပါတယ်။
စတေးတယ်ဆိုတဲ့ အသံကြီး ကြားရတာနဲ့တင် ကျောထဲက စိမ့်လာ သလိုပဲ။ 🙁
@blackchaw
(စတေးဖို့ ဥပဒေတစ်ခုထုတ်တိုင်း ချမ်းသာသွားတဲ့လူတွေ ရှိနေတယ်ဆိုတာလေး .. ဟေးဟေး။)
ကျောင်းဒကာရေ မပြောတော့ဘူး။ ပြောကို မပြောတော့ဘူး။ 😀
@ Etone
အီတုံး ပြောသလို အဆီတစ်ထပ်၊ အသားတစ်ထပ်နဲ့ အရေခွံခွာတတ်မှ ကြီးပွားမယ့် လုပ်ကွက်တွေလည်း ပြင်သင့်ပါပြီ။
@ထာဝရ
အပြိုကောင်းလေးတွေပါပဲကွယ်။
အပြိုမကောင်းတာတွေ နားထားပါဦး။ 😛
ထာဝရ
June 8, 2012 at 8:31 pm
အပြိုကောင်းတွေထဲမှာ
ဟိုတနေ.ကပြိုတဲ.ကမ်းနားကဆိပ်ကမ်းပြိုတာတော.မကာင်းဘူးကွယ်
kyeemite
June 9, 2012 at 11:23 am
အပြိုကောင်း တဲ့လားဗျာ..
အပျိုကောင်းဆို တောင်းယူမလို့..
လူပျိုပေါက်လေး..
မောင်ကြီးမိုက်။
Mလုလင်
June 9, 2012 at 11:30 am
တွေ့ရင် … ကျွန်တော့် အတွက် လဲ တစ်ယောက် တောင်းပေးပါဗျို ့ …။
ကြောင်ကြီး
June 9, 2012 at 12:03 pm
အပျိုကောင်း
နှစ်ကိုယ်ထောင်း
မလိုဂျောင်း
ဆိုစဂေါင်း..။