Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တရားခံရှာခြင်းလော၊ အောင်မြင်သည့် ဆိုက်ဟု ဆိုလိုခြင်းလော

စဆရ ႀကီးJune 6, 20121min132026

ဒီနေ့ သတင်းလေးဖတ်ရပါတယ်.. အဲဒီက စာရေးသူတစ်ယောက်ရဲ့ အာဘော်အလိုအရဆို ကျွန်တော်တို့ဆိုက်ကြီးက သွေးထိုးလှုံ့ဆော်နေသလိုလို၊ သတင်းဖော်ပြတာပဲ မြန်သလိုလို၊ တောင်ကုတ်မှာ လူသတ်ခံရတာ ဒီဆိုက်ကြောင့်ပဲလိုလို၊ ရွာသူ/သား တွေ ဖတ်ကြည့်စေလိုကြောင်း…

အောက်မှာတော့ သူရေးထားတာ အပြည့်အစုံလေးပါ။

လူမျိုးရေး ပြဿနာကို ဘယ်လိုကိုင်တွယ်ကြမလဲ။
သန်းစိုးလှိုင် (မိုးမခ)၊ ဇွန် ၆ ၊ ၂၀၁၂
မေလ ၂၈ ရက်နေ့က ကျောက်နီမော်ကျေးရွာအနီးမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အပေါ် အစပြုပြီး ဇွန်လ ၃ ရက်နေ့မှာ တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင်တွေ အုပ်စုလိုက် အသတ်ခံ လိုက်ရပါတယ်။
အဲဒီအဖြစ်အပျက်ဖြစ်ပွားတဲ့ ညမှာပဲ စစ်တွေမြို့မှာလည်း ဈေးကောက်ကိစ္စနဲ့ ပတ်သက်ပြီး စကားများရာမှ တဆင့် ရဲစခန်းကို ဝိုင်းဝန်းတောင်းဆိုမှုဖြစ်ပွားကာ ည သန်းခေါင်အချိန်မှာတော့ သေနတ်နဲ့ ပစ်ခတ်လူစုခွဲတဲ့ အခြေအနေရောက်ရှိခဲ့ပါတယ်။
အခုအဖြစ်အပျက်တွေဟာ လောင်စာရှိပြီးသား နေရာမှာမီးပွားတွေကျတဲ့ အဖြစ်မျိုးလို့ဆိုရင် မမှားနိုင်ပါဘူး။ ဒီလိုလောင်စာတွေအပေါ် မီးပွားမကျအောင် လုပ်ဆောင်ဖို့တာဝန်ရှိသူဟာ အစိုးရ တဦးထဲရဲ့ တာဝန်မဟုတ်တော့ပါ။ နိုင်ငံရေး ပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ဘာသာရေး ခေါင်းဆောင်တွေ ရပ်မိရပ်ဖ တွေအားလုံးက ဝိုင်းဝန်းထိမ်းသိမ်းကြရမယ့် အချိန်လည်း ဖြစ်ပါတယ်။
အစိုးရ၊ အာဏာပိုင်က တရားဥပဒေစိုးမိုးရေး အတွက် အဓိကတာဝန်ရှိသလို လူထုအပေါ် ဩဇာရှိတဲ့ နိုင်ငံရေးပါတီ ၊ ခေါင်းဆောင်တွေကလည်း အဖြစ်အပျက်ကို သည်းခံကြဖို့၊ ဆင်ခြင်ဉာဏ်နဲ့ တုံ့ပြန်ကြဖို့၊ စိတ်လိုက်မာန်ပါ မလုပ်ကြဖို့ ဝိုင်းဝန်းပြောဆိုကြဖို့ တာဝန်ရှိပါတယ်။
စစ်တွေမှာဖြစ်ပျက်တဲ့ညက သတင်းကြားချိန်မှာ ပထမဆုံး သတိရတာ နိုင်ငံရေးပါတီပါ၊ စစ်တွေလူထုကို ဩဇာရှိတဲ့ လူထုက ယုံကြည်ထောက်ခံတဲ့ နိုင်ငံရေးပါတီက ဝင်ထိန်းရင်ကောင်းမှာပဲလို့ သတိရလိုက်ပါတယ်။ နောက်နေ့မနက်မှာ သိလိုက်ရတာကတော့ အဲဒီညက အခင်းဖြစ်ရာ ရဲစခန်းမှာ ရခိုင်အမျိုးသား တိုးတက်ရေးပါတီ ခေါင်းဆောင် ဒေါက်တာအေးမောင် ရှိနေတယ်ဆိုတာ ကြားလိုက်ရတော့ ဒါမှ နိုင်ငံရေး ခေါင်းဆောင်လို့ စိတ်ထဲ အောက်မေ့မိပါတယ်။ ကိုယ့်ရဲ့ လုံခြုံရေး၊ အန္တရာယ်ထက် လူအများအရေး ကိစ္စကို ဖြေရှင်းပေးဖို့ လုပ်ဆောင်တာဟာ နိုင်ငံရေး ပါတီတရပ်၊ ခေါင်းဆောင်တဦးရဲ့ အရည်အချင်းပဲ လို့ မှတ်ယူထားလို့ ဖြစ်ပါတယ်။
အစိုးရက ဘာတွေလုပ်ဖို့ လိုသလဲ
အစိုးရအနေနဲ့ ယခုထက်ပိုပြီး ပွင့်လင်းဖို့လိုပါတယ်။ မေလ ၂၈ ရက်နေ့က ဖြစ်ပျက်တဲ့အဖြစ်အပျက်ကို ယနေ့ နံနက်သတင်းစာကျမှ ဖေါ်ပြတာမဟုတ်ပဲ အဲဒီရက်ပိုင်းကတည်းက ဖေါ်ပြရမှာပါ၊ အဖြစ်အပျက်ကို ဖေါ်ပြပြီး သက်ဆိုင်ရာ ရဲနဲ့ တရားစီရင်ရေးစနစ်က စစ်ဆေး အရေးယူသွားမယ့်အကြောင်း အဲဒီအချိန်ထဲက ထုတ်ပြန်ရမှာပါ။
ဒီကနေ့နံနက် သတင်းစာမှာ ကျောက်နီမော်ကိစ္စကို ဖေါ်ပြထားတွေ့ရတဲ့ ရခိုင်အမျိုးသမီးတဦးက ပြောရာမှာ “ဒီလို အရေးယူဆောင်ရွက်နေတယ်ဆိုတာကို ဖြစ်ပြီးချင်း ဖေါ်ပြရင် တောင်ကုတ်က အဖြစ်အပျက်တွေတောင် ဖြစ်ချင်မှဖြစ်လာမှာ” လို့ဝေဘန်ပါတယ်။
အဲလိုမထုတ်ပြန်ခဲ့တဲ့အဖြစ်ကြောင့် ရခိုင်လူထုဟာ အခြားနည်းလမ်းတွေကရတဲ့ သွေးထိုးလှုံ့ဆော်မှုပါတဲ့ သတင်းတွေနဲ့ လက်စားခြေဖို့ စီစဉ်ကြတဲ့ အဖြစ်မျိုး ဖြစ်လာတယ်ဆိုရင် မမှားပါဘူး။
တောင်ကုတ်မြို့မှာ အခင်းဖြစ်ပွားမယ့် မနက်ပိုင်းက ကျောက်နီမော်ကိစ္စအကြောင်း မန္တလေးဂေဇက်လို့ အမည်ရှိတဲ့ အွန်လိုင်း ဝက်ဆိုက်တခုမှကူးယူသူက ကူးယူပြီး လှုံ့ဆော်စာတွေ ဝေထားပါတယ်။
အစိုးရရဲ့ တရားဝင်သတင်းထုတ်ပြန်ရေးက မထုတ်ပြန်ပဲထားတော့ အဲဒီ ဝက်ဆိုက်က လှုံ့ဆော်တဲ့ သတင်းက လူတွေရဲ့ စိတ်ခံစားမှုကို မြင့်တက်စေခဲ့တာလည်း ဖြစ်ပါတယ်။
ဒီအဖြစ်ကိုကြည့်ခြင်းအားဖြင့် ယနေ့ခေတ်မှာ သတင်းစီးဆင်းမှုကို တားမြစ်ဖို့ ပိတ်ပင်ထားဖို့ မလွယ်တော့ပါဘူး၊ အင်တာနက်က မြို့တိုင်းလောက်မှာ လက်လှမ်းမီနေတဲ့ ကာလဖြစ်လို့ စစ်တွေမှာ ညက ဖြစ်တဲ့အဖြစ်ကို ညတွင်းချင်း မဟုတ်တောင် နံနက်မိုးလင်းတာနဲ့ ကမ္ဘာဟိုဘက်ခြမ်းထိ သိနေကြပါပြီ။
အစိုးရအနေနဲ့ အရင်ခေတ်ကလို တနေရာမှာဖြစ်တာကို အခြားတနေရာက ရေဒီယိုမှာပါမှသိတာမျိုး၊ သတင်းစာမှာပါမှသိတဲ့ ခေတ်မျိုးမဟုတ်တော့တာကို နားလည်ရပါမယ်။ ပိတ်ဆို့လို့ မရတော့တဲ့ ခေတ်မှာ အဖြစ်အပျက်ကို အရင်းအတိုင်း တင်ပြတဲ့ သတင်း၊ လှုံ့ဆော်မှု မပါတဲ့ သတင်းမျိုးကို မြန်မြန်ဆန်ဆန် တင်ပြကြမှ မဖြစ်သင့်တာတွေ မဖြစ်ပဲ တားဆီးနိုင်မှာဖြစ်ပါတယ်။
ပြည်သူတွေကိုယ်တိုင်လည်း နောက်ကြောင်းပြန်မလှည့်ဖို့ လို
အခုလတ်တလော အခြေအနေမှာတော့ ကျောက်နီမော်ကိစ္စ၊ တောင်ကုတ်ကိစ္စကို ဘယ်လိုဖြေရှင်းသလဲ ဆိုတာကို လူထုက စောင့်ကြည့်နေမှာ သေချာပါတယ်။ အစိုးရအနေနဲ့ တရားဥပဒေ စိုးမိုးရေးရှိတယ်ဆိုတာကို ပြသဖို့လိုအပ်သလို ဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေကိုလည်း လူထုကို အချိန်မဆိုင်း အသိပေးသွားရမှာ ဖြစ်ပါတယ်။
လူထုခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ လူမှုအဖွဲ့အစည်းခေါင်းဆောင်၊ ဘာသာရေးခေါင်းဆောင် အားလုံးလည်း အစိုးရကိုသာ တာဝန်ပုံမချပဲ တတ်နိုင်သရွေ့ လူထုကို ဝိုင်းဝန်းထိန်းသိမ်း ကြဖို့ အလိုအပ်ဆုံး အချိန်ဖြစ်တယ်ဆိုတာ တင်ပြလိုက်ပါတယ်။
ဒါ့အပြင် လူထုကိုယ်တိုင်ကလည်း လက်ရှိ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေ၊ အလားအလာတွေမှာ ဘယ်လောက်တောင် အကောင်းမြင်တယ်၊ မျှော်လင့်ချက်ထားတယ်၊ ယုံကြည်မှုရှိတယ်၊ အစိုးရအပြင် အခြားမဏ္ဍိုင်တွေဖြစ်တဲ့ အတိုက်အခံတွေ၊ သတင်းမီဒီယာတွေ၊ ဘာသာရေးနဲ့ လူမှုရေးအစုအဖွဲ့တွေ အားလုံးနဲ့ ဘယ်လိုမျိုး အကောင်းဆုံး အဖြေကို ရှာနိုင်တယ်ဆိုတာကိုလည်း အခု အရေးအခင်းကနေ မှတ်ကျောက် တင်နိုင်လိမ့်မယ်လို့ ရေးသားလိုက်ပါတယ်။

http://www.moemaka.blogspot.com/2012/06/than-soe-hlaing-how-we-handle-racial.html

=================================================

သူကြီးရေ… ကြည့်သာကြည့်လိုက်ပါတော့။

26 comments

  • ကြောင်ကြီး

    June 6, 2012 at 9:08 am

    ခွီးထဲမှပဲ ငါလည်း အဲဒီအကြောင်းပါတာ အခုဗဲတင်လိုက်တယ်။ သူများမဦးခင်တင်မယ်ဆိုပီး ရေးလိုက်ရဒါ..နင်ဦးသွားဒယ်။ အာရပ်အပျိုစင်လေးတွေနဲ့ ပျော်သလိုနေပါကွာ…။ စိတ်ကူးရမှ ရွာထဲဝင်လာပီး အိမ်ထောင်စုစာရင်းနဲ့ အမြဲတမ်းနေတဲ့ရွာသားအပေါ် ကျော်ခွမသွားဗာနဲ့…။ တောင်းပံဗာဒယ်။ 😥

  • ဦးဦးပါလေရာ

    June 6, 2012 at 10:02 am

    `“အစိုးရရဲ့ တရားဝင်သတင်းထုတ်ပြန်ရေးက မထုတ်ပြန်ပဲထားတော့ အဲဒီ ဝက်ဆိုက်က လှုံ့ဆော်တဲ့ သတင်းက လူတွေရဲ့ စိတ်ခံစားမှုကို မြင့်တက်စေခဲ့တာ`”

    အင်မတန်စိတ်ပျက်ဘို့ကောင်းတဲ့စွပ်စွဲချက်ပဲဖြစ်ပါတယ်။

    မန္တလေးဂေဇက်ဟာ လူမျိုးရေးဘာသာရေး ခွဲခြားမှု့ကို အားပေးတဲ့ဆိုက်လဲမဟုတ်ပါဘူး..။
    မန္တလေးဂေဇက်ဟာ လူမျိုးရေးဘာသာရေး ခွဲခြားမှု့ကို မသိယောင်ဆောင်ပြီးလွှတ်ထားတဲ့ဆိုက်မျိုးလဲမဟုတ်ပါဘူး…။
    မန္တလေးဂေဇက်ကို စဝင်ဝင်ချင်း ပထမစာမျက်နှာမှာကို Admin က စည်းကမ်းနံပါတ်၆ မှာ ရှင်းလင်းပြတ်သားစွာ ညွှန်ကြားထားပြီးဖြစ်ပါတယ်။

    (6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။ )
    တကယ်လို့ လူမျိုးရေး ဘာသာရေး ခွဲခြားလှုံ့ဆော်တဲ့ စာမျိုးများ တယောက်ယောက်က တင်လာခဲ့ရင်လဲ အဲပိုစ့် အဲဒီကွန်မင့်ကို ဆိုက်ထဲက မင်ဘာအများစုက အားမပေးပဲ လက်မခံပဲ ကြည့်မနေပဲ ကန့်ကွက်ချေဖျက်ဆွေးနွေးတဲ့ အစဉ်အလာ ကြီးစွာရှိပါတယ်။

    အဲဒီအချက်ကပဲ ဒီ မန္တလေးဂေဇက် ရဲ့ ထူးခြားထင်ရှားတဲ့ ဂုဏ်သိက္ခာကို ထောက်ပြနေပါတယ်။

    • amatmin

      June 6, 2012 at 10:45 am

      ဦးပါ ရှင်းလင်းပြောတာကို ထောက်ခံရင်း..
      သန်းစိုးလှိုင် (မိုးမခ) ကို.ဇွတ်ပြော..ဇွတ်ရေး.ဇွတ်လက်ညှိုးထိုးတာလေးတွေ..
      အတင်းကြီးမလုပ်ဖို့..ပြောချင်ပါတယ်..

  • Foreign Resident

    June 6, 2012 at 10:15 am

    အဘလဲ အဲဒီ Post တွေမှာ Comment တွေ ပေးခဲ့ပါတယ် ။
    အဲလို အစွန်းရောက်အောင် မြှောက်ပေးတဲ့ သဘောမျိုး မဖြစ်စေချင် လို့ကို ၊

    ” အဘ ၊ ဘယ် ဘာသာဝင်ကို ပြောရမယ်လို့ ၊ မရေး မပြောပါဘူး ” ဆိုပြီးတော့ ။

    ရာဇဝတ်သားကိုသာ ပြောတာဖြစ်ပြီး ၊ လူမျိုး ဘာသာကို မဆိုလိုတဲ့ အကြောင်း ၊
    Comment ရဲ့ အဆုံးမှာ သေသေချာချာ ကို Remark သဘော ထပ်ရေးလိုက်ပါသေးတယ် ။
    အခုတော့ ။

    Quote.
    Foreign Resident says:
    ဟုတ်တယ် ၊ စဉ်းစားကြည့်အုန်း ။
    ၁ ။ မုဒိန်းကျင့်တယ် ။
    ကောင်မလေးက ဖြူဖြူ ချောချောလေး ။ အဲဒီ ဘက်မှာ ရှားမယ် ။
    OK မပြောလိုသေးဘူး ။
    – – – – – – – – – – – – – – – – – –
    ၄ ။ မိန်းမ ကိုယ် / အင်္ဂါ ကို ဓါးနှင့် မွှန်းတယ် ။
    ၅ ။ မုဒိန်းကျင့် ၊ လူသတ် တာကို ဗီဒီယိုပါ ရိုက်ထားတယ် ။

    ၄ နှင့် ၅ ကိုတော့ လုံးဝ လုံးဝ ကို လက်မခံနိုင်ဘူး ။
    မဆဲ ဘယ်သူ နေပါ့မယ် ။
    ( အဘ ၊ ဘယ် ဘာသာဝင်ကို ပြောရမယ်လို့ ၊ မရေး မပြောပါဘူး )
    Unquote.

  • etone

    June 6, 2012 at 10:17 am

    အံမလေး … ဘုရား ဘုရား … ဖတ်ရတာ ခွက်ထိုးခွက်လန် အော်ရယ်မိတော့မှာပဲ …. ။ ဗြဲ 😆

    တို့ရွာထဲမှာ …. ကျောက်နီမော်ကျေးရွာအကြောင်း ရေးတဲ့ တစ်ယောက်က ၊ တခြား ဆိုဒ်တွေထက်ကို နောက်ကျပြီးမှ တင်တာပါ …. ။ ဒါ့ပြင် ဓါတ်ပုံလည်း မပါသလို .. .လှုံ့ဆော်သလို ရေးသားထားတဲ့ ပို့စ်မျိုးလည်း မဟုတ်တာ .. မျက်စိပါပြီး ဦးနှောက်ရှိတဲ့ လူတိုင်း ဖတ်ကြည့်လျှင် နားလည်သဘောပေါက်နိုင်တယ် … ။
    ဝက်ဆိုက်က လှုံ့ဆော်တဲ့ သတင်းက လူတွေရဲ့ စိတ်ခံစားမှုကို မြင့်တက်စေခဲ့တာလည်း ဖြစ်ပါတယ်။ ဆိုတဲ့ စကားကတော့ နည်းနည်း များသွားပြီ …. ။

    ချဉ်ပါတယ်အေ …ရင်ထဲ သိပ်မကောင်းလို့ …. မိုးမခမှာ ကော့မန့်သွားရေဦးမယ် … မုန်းထှာအေ … ။ 👿

    • shwe kyi

      June 6, 2012 at 12:24 pm

      အမှန်ပါပဲမအိတုံရယ်။ တော်တော်ဆိုးတဲ့လူ ကျန်တဲ့ဆိုဒ်တွေဘာလို့ထည့်မပြောတာလဲမသိ။
      ချဉ်ထှာ။

      • etone

        June 6, 2012 at 1:52 pm

        မရွှေကြည်ရေ … တခြား ဆိုက်တွေရှိပါလျှက် ထည့်မပြောဘူးဆိုတာကတော့ … မန္တလေးဂေဇက် နာမည်ကြီးသည်ထက် ကြီးဖို့ .. အကြောင်းဖန်လာတယ်လို့ပဲ တွေးမိပါတယ် … ။

        ဒါနဲ့ စကားမစပ် … မရွှေကြည် ချဉ်ထှာနဲ့ … ကျွန်မ ချဉ်ထှာ .. အဓိပ္ပါယ်ချင်း မတူဘူးနော် … ။
        မရွှေကြည်ချဉ်ထှာက …. ဒီရွာအကြောင်းပြောတဲ့ လူ… ။
        ကျွန်မချဉ်ထှာက … ပုံမပါ ဘာမပါပို့စ်ကို ရွှေဉာဏ်တော်စူးရောက်ကာ … ကူးပြီး ဖြန့်တဲ့ လူလေ ……. ။ နောက်တစ်ခါ ချဉ်ထှာအေ … :mrgreen:

  • water-melon

    June 6, 2012 at 10:29 am

    အဲဝက်ဆိုဒ်ကို ဟက်မယ်ကွာ
    တေချင်းဆိုး မိုးမခ မိုးခသွားအောင်လုပ်လိုက်မယ်
    လာလေရောဟယ်

  • htoosan

    June 6, 2012 at 11:02 am

    ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွေ့ပါ ။
    လူံ့ဆော်တဲ့ သတင်းဆိုလျှင် ဖျက်ချတာ အားလုံးအသိပါ ။
    မန့်သူများကသာ ဝင်ရောက် လှု့ဆော် သွေးကြွအောင် လုပ်သည်များသာရှိပါသည် ။
    ထိုစာများကို သူကြီး အနေနှင့် ခြစ်ပစ်ယုံသာမက ဖတ်မရအောင် ဖျက်ချသည် အထိ လုပ်သင့်သည်ဟုသာ ထင်မြင်ယူဆမိပါသည်။
    ကိုသန်းစိုးလှိုင်ကိုတော့ မိမိကိုယ်တိုင် ခဏတာ ဝင်ဖတ်တာမဟုတ် ကြာကြာ ဝင်ဖတ် စေချင်ပါသည်။
    မိမိကြောင့် အထင်မှား အမြင်မှား မဖြစ်စေသင့်ပါ။

  • htet way

    June 6, 2012 at 11:15 am

    မန္တလေး ဂေဇက်ကို မတရား အပြစ်တင်နေတာပါကလား
    သတင်း အဖြစ်တင်ပြတဲ့နေရာမှာ ထိမ်းထိမ်းသိန်းသိန်း နဲ့ တင်ပြသလို လူများနောက်မှ
    တင်ပြတာ လည်း ဖြစ်နေပါတယ်။
    “ ကျောက်နီမော် ဆိုတာ ငါးဖမ်းလုပ်ငန်းလုပ်တဲ့ နေရာ ဖြစ်သလို နိုင်ငံသားနည်းပါတယ်
    နောက်တခုက ဒီသတင်းတွေ အပေါ် ခံစား တက်ကြွ နေပြီး အားလုံးကိုမုန်းတီးနေမယ့် အစား အပြစ်လုပ်သူကို ပဲ
    နာကြည်းသင့်ပါတယ်။ ဘာသာရေး ကိုနာမည် တပ်ပြီး ဘာသာ က ပညတ်ထားတဲ့ အတိုင်းမနေတဲ့
    အစ္စလာမ်ဘာသာဝင်အချို့ ရှိနေပါတယ်။ ဒီလူတွေကြောင့် အစ္စလာမ် ဝင် အားလုံးကို မမုန်း သင့် ပါဘူး
    အခု အခြေ အနေဟာ ပြည်သူတွေရဲ့ မတည် ငြိမ်မှုပေါ်မှာ အရင် ပုံစံ မျိုး ပြန်ဖြစ်သွားနိုင်တာကို
    အလေး မှုသင့်ပါတယ်လို့ မေတ္တာရပ်ခံ ပြောကြားလိုပါတယ်။
    နောက်တခုက .. ယခင်ကတည်းက ငြိမ်းချမ်း နေကြတဲ့ နိုင်ငံသားတွေ ထဲမှာ ပြိုကွဲ လာရင်
    ကျတော်တို့ ပဲ ရရှိထားတဲ့ အခွင့်အရေးတွေ ဆုံးရှုံး မယ်လို့ ဆိုချင်ပါတယ်။
    ပြီးတာတွေလည်း ပြီး ခဲ့ပါပြီ အချင်းချင်း အမုန်း မထားစေချင်တော့ပါဘူး
    ကျွန်တော်လည်း သိပ်တော့ မတတ်ပါဘူး တတ်သလောက်ပဲ ပြောဆို မေတ္တာရပ်ခံပါတယ်။

  • မောင်ပေ

    June 6, 2012 at 11:52 am

    ကျုပ်ဖြင့် တစ်နေ ့ကို ၁ရ နာရီလောက် ဂေဇက်ထဲ ဝင်လိုက်ထွက်လိုက် လုပ်နေတာ ၊ မတွေ ့မိပေါင်ဗျာ ။
    သန်းစိုးလှိုင် (မိုးမခ) ဆိုတဲ့ကောင် ဘာလဲ ဘယ်လဲ..
    လစ်သူ (သို ့မဟုတ်) လူသစ်လား
    ထမင်းတစ်နပ် ရှာရခက်လွန်းလို ့လျှာမြက်ပေါက်ပြီး လျှောက်အော်နေတာလား
    လို ့မေးချင်စမ်းပါဘိ

  • moe kaung

    June 6, 2012 at 11:53 am

    ဂုဏ်လင်းထိန်ထိန် ရဲ့ မီဒီယာများသို့ အသိပေးပန်ကြားလွှာ

    မီဒီယာများသို့ အသိပေးပန်ကြားလွှာ ( သတင်း ဆောင်းပါး ) ….ဂုဏ်လင်းထိန်ထိန်

    ၃-၆-၂၀၁၂ ညနေတွင် တောင်ကုတ်မြို့၌ သံတွဲမြို့မှ မောင်းနှင်လာသော ရိုးမသစ္စာ ခရီးသည်တင် ကားကို တောင်ကုတ်မြို့သား တစ်ချို့မှ တားဆီးရပ်တန့်စေပြီး ကားပေါ်တွင် လိုက်ပါလာသော မွတ်စလင်အမျိုးသား (၁၀)ဦးအား ကားပေါ်မှ ဆင်းခိုင်းကာ ဝိုင်းဝန်းရိုက်နှက်ထိုးခုတ်ကြသဖြင့် (၁၀)ဦးစလုံး သေဆုံးခဲ့ကြရ ပါသည်။

    စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို စတင်အရှိန် ယူဆောင်ရွက်နေစဉ်၌ပင် ပထမဦးဆုံး အဆိုးရွားဆုံး မင်းမဲ့စရိုက်ဆန်စွာ ပြည်တွင်းအကြမ်းဖက် ရမ်းကားမှုတစ်ရပ်ပင်ဖြစ်ပါသည်။
    ထိုဖြစ်စဉ်၏ အကြောင်းပြချက်မှာ ကျောက်နီမော်ကျေးရွာတွင် မသီတာထွေးအမည်ရှိ
    ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးကို မွတ်စလင် လူငယ်(၃)ဦးက မတရားပြုကျင့်ခဲ့သည်ဟု မကျေနပ်သဖြင့် လက်တုန့်ပြန် ခြင်းဟု ….

    ဆိုပါသည်။ထိုပြစ်မှုကျူးလွန်သူ (၃)ဦးအား ကျောက်ဖြူမြို့ ရဲစခန်း၌ ဖမ်းဆီးထားချိန်တွင် ဤဖြစ်ရပ်ဆိုး ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါသည်။

    မိမိဘာသာဝင် အမျိုးသမီးတစ်ဦး မတရားပြုကျင့်ခံရခြင်းကို မခံမရပ်နိုင်ဖြစ်ကြခြင်းမှာ သဘာဝကျပါသည်။ သို့ရာတွင် ထိုမခံမရပ်နိုင် သော ခံပြင်းစိတ်ကို အကြောင်းပြု၍ ကျူးလွန်မှုတွင် မပါဝင်သော ဘေးလူများကို အသိဉာဏ် မဲ့စွာ လက်စားချေ တိုက်ခိုက်ခြင်းသည် သဘာဝမကျရုံသာမက လူမဆန်သောလုပ်ရပ်တစ်ခု လည်း ဖြစ်ပါသည်။

    ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ဦးအား စော်ကားသဖြင့် ကျန်သော ဗုဒ္ဓဘာသာဝင်များက
    လူမိုက်ဆန်ဆန် လူရမ်းကားဆန်ဆန် ပြုကျင့်မည်ဆိုပါက ဗုဒ္ဓနည်းမကျသည့်ပြင် ဗုဒ္ဓဘာသာကိုပါ စော်ကားမှုပြုရာရောက် ပေတော့မည်။

    အကြောင်းသော်-
    အကြင်သူသည် ငါးပုပ်ကို သမန်းမြက်ဖြင့် ထုတ်၏။ ထိုသူ၏ သမန်းမြက်တို့သည်လည်း အပုပ်နံ့ လှိုင်သကဲ့သို့ သူမိုက်တို့ကို မှီဝဲသူတို့သည်လည်း ဤအပုပ်နံ့လှိုင်ကုန်၏။ (သုခပတ္တနာသုတ်)
    ဗုဒ္ဓဘာသာအမည်ခံ လူမိုက်တို့၏ အပုပ်နံ့ကြောင့် ဗုဒ္ဓဘာသာကြီးအဖို့ အများအထင်သေးစရာဖြစ်ကာ အကျည်းတန်မှုဘက်သို့ ယိမ်းယိုင်သွားနိုင်ပါသည်။

    မျက်ကန်းမျိုးချစ်စိတ်နှင့် အရူးဆန်သော ဘာသာ သာသနာချစ်စိတ်များသည် ပညာရှင်တို့၏ ရပ်ဝန်းနှင့် လူတော်ကောင်းတို့၏ အဝန်းအဝိုင်းအတွက် ဆိုပါမူ အထင်ကြီးစရာ တစ်ပြားဖိုးမှ မရှိနိုင်ပါ။

    ၃-၅-၂၀၁၂ ညအချိန်တွင် အသက်(၃)နှစ်သာရှိသေးသည့် လူမမယ်အရွယ် သမီးကလေးတစ်ဦးအား အောင်နိုင် (၃၅နှစ်)က လူမဆန်စွာ မုဒိမ်းကျင့်ပြီးနောက် ပဲခူးမြို့၊ မဇင်းချောင်းရေစပ်နား၌ ပစ်ချထားခဲ့သော ပြစ်မှုတစ်ခု ပဲခူးမြို့၊ အမှတ်(၃)ရဲစခန်းအပိုင်၌ ပေါ်ပေါက်ခဲ့ပါသည်။ (ဤအကြောင်းကို ထိုအချိန်က ထုတ်ဝေခဲ့သော ဂျာနယ်တစ်ချို့၌ တွေ့ရပါသည်။ ဥပမာ-စောင့်ကြည့် ၁၅-၅-၂၀၁၂) သို့သော် ဤ အဖြစ်အပျက်၌ မုဒိမ်းပြုကျင့်ခံရသူ သမီးငယ်လေးမှာ အသက်(၃)နှစ်သာ ရှိသေးသည့်အပြင် လူမဆန်စွာ ကျူးလွန်သူ ကိုအောင်နိုင်မှာလည်း ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်ရာ မည်သူကမျှ
    “ဒီလူတွေကြောင့် ဗုဒ္ဓဘာ သာ သိက္ခာကျရတယ်။ အများအထင်သေးစရာ ဖြစ်ရတယ်”ဟု အရေးတယူ ပြောဆိုရေးသားခြင်း မျိုးကို မဖတ်လိုက်ရ။ မကြားလိုက်ရသလို ပဲခူးမြို့ရှိ မည်သည့် ဗုဒ္ဓဘာသာဝင် အမျိုးသား၊ အမျိုးသမီးကမျှ ကိုအောင်နိုင်နှင့် သူ့အိမ်ရှေ့သွား၍ “အသားထဲကလောက်ကောင်”၊ “နင့်ကြောင့် ဗုဒ္ဓဘာသာ ဗမာလူမျိုး ဘယ်လောက်ထိခိုက်ရသလဲဆိုပြီး ရှုတ်ပြောဆိုမှုကိုလည်း မခံစားလိုက်ကြရပါ။ တရားခံအောင်နိုင်ကိုသာ လျှင် ဥပဒေပုဒ်မ ၃၇၆ ဖြင့် ဖမ်းဆီးအရေးယူခဲ့ခြင်းသာ ရှိပါသည်။

    အလားတူပင် ၃-၁၁-၂၀၀၉တွင် ရန်ကုန်မြို့မှ (၃၆)မိုင်သာ ကွာဝေးသော ပဲခူးတိုင်း၊ အင်းတကော် ကျေးရွာ တွင် အသက်(ရနှစ်)အရွယ် မအေးနှင်းလှိုင်အမည်ရှိ Grade-2 ကျောင်းသူ သမီးငယ်လေးတစ်ဦး လူမဆန် သော သူနှစ်ဦး၏ ဖမ်းဆီး အဓမ္မပြုကျင့်မှုကို ခံခဲ့ရသဖြင့် မိဘများက ပြန်တွေ့ချိန်တွင် သမီးငယ် လေးမှာ သတိလစ်နေသဖြင့် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ချက်ချင်းပို့ခဲ့ရာတွင် သမီးငယ်လေး အခြေအနေမှာ စိုးရိမ် စရာဖြစ်နေလို့ ရန်ကုန်ဆေးရုံကြီးကိုသာ သွားသင့်ကြောင်း ပြောသဖြင့် ရန်ကုန် အမျိုးသမီးဆေးရုံကြီးသို့ ခေါ်ဆောင်လာခဲ့ကြပါသည်။ (ရနှစ်)အရွယ်ရှိ မအေးနှင်းလှိုင်မှ
    မွတ်စလင်သမီးကလေး တစ်ဦးဖြစ်ပြီး လူမဆန်သော မုဒိမ်းကောင် နှစ်ဦးမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြရာ ဘယ်မွတ်စလင်ကမှ တစ်ခြားမဆိုင် သော ဗုဒ္ဓဘာသာဝင်များကို ရန်ရှာခြင်း၊ ပုတ်ခတ်စော်ကားခြင်းများ မရှိခဲ့ကြပါ။

    တည်ဆဲဥပဒေအရသာ ထိုလူမဆန်သူ နှစ်ဦးသည် ထောင်ဒဏ် (၈)နှစ်၊ ထောင်ဒဏ်(၇)နှစ် အသီးသီး ကျသွားခဲ့ကြပါသည်။ အံ့ဩစရာကောင်းတာလား၊ နတ်စောင့်တာလားတော့ မသိပါ။ ထိုလူမဆန်သော သူနှစ်ဦး၏ သတင်းကို ဘယ်သတင်း၊ ဘယ်ဂျာနယ်၌မှပင် မပါရှိခဲ့ပါ။ ယုတ်စွအဆုံး “မှုခင်း”ဂျာနယ်များ၌ပင် မပါရှိပါ။

    “သူတော်ကောင်းကို နတ်စောင့်သည်”ဟူ၍သာ ကြားဖူးပါသည်။
    “စာနာမှုလုံးဝမရှိတဲ့ လူယဉ်ကျေးတွေ အလစ်ကိုချောင်း တစ်ဖက်သားရဲ့ အငိုက်ကို—”
    ပင်ကိုယ်အားနွဲ့သူ အရှုံးနဲ့သာ ခန္ဓာကိုယ် စတေးရရှာတယ်။ သေတပန်ပြောင်းဘဝကို အရိုင်းပန်းငယ် မလွန်ဆန်နိုင် ဆက်သရုံပဲ”
    စိုင်းထီးဆိုင်၏ ကျော်ကြားလှသော တေးတစ်ပုဒ်ဖြစ်သည့် “မောင့်အရိုင်းပန်း”
    သီချင်းသည် ရှမ်းအမျိုးသမီး လေးများ Rape လုပ်ခံရသည့် ကိစ္စနှင့် ပတ်သက်နေသည်ဟု ယူဆပြောဆိုကြပါသည်။ တပ်မတော်သား တစ်ချို့က ပြုခဲ့ကြတာပါဟု ပြောကြပါသည်။ တပ်မတော်သား တစ်ဦးစ၊ နှစ်ဦးစ ထိုသို့သော အမှုမျုးိကိုလုပ်
    ကောင်းလုပ်နိုင်ပါသည်။ သို့ရာတွင် ထိုတစ်ဦးစ၊ နှစ်ဦးစကိုသာ ကွက်ကြည့်ပြီး ပြည်သူတို့၏ အသက်၊ စည်းစိမ်နှင့် အမိမြန်မာနိုင်ငံတော်ကြီးကို အကာအကွယ်ပေးနေသော တပ်မတော်သား အားလုံးအား မုန်းတီး မည်ဆိုပါက အဓိပ္ပာယ်လုံးဝ ရှိမည်မဟုတ်ပါ။

    လူမျိုးမရွေး၊ဘာသာမရွေး၊ ပြစ်မှုကျူးလွန်သူ အရပ်သားများအတွက် အရပ်ဖက်ထောင်များရှိသလို၊ တပ်မတော်သားများ ကျူးလွန်သော အမှုများအတွက် လည်း စစ်ဘက်ထောင်ရှိပါသည်။ တည်ဆဲဥပဒေများအရသာ အရေးယူအပြစ်ပေးရပါမည်။

    ဤ အဖြစ်မျိုး ရှိခဲ့သည့်တိုင် ရှမ်းတို့က ဗမာအားလုံးကို မုန်းမည်ဆိုပါက အညှိုးထားမည်ဆိုပါက အဓိပ္ပာယ် မရှိသော လုပ်ရပ်နှင့် တစ်ဖက်သတ်ဆန်သော စိတ်ထားသာဖြစ်ပါလိမ့်မည်။

    ယခုကျွန်ုပ် ဤစာလွှာကို ရေးသားရခြင်းအကြောင်းကို ရေးပါတော့မည်။ လူကြီးမင်းတို့ တာဝန်ယူဆောင် ရွက်နေသော မီဒီယာအပိုင်းနှင့် ပတ်သက်၍ပါ။ မီဒီယာသမားတစ်ဦး၌ Media Ethic, Media ကျင့်ဝတ်သိက္ခာ ရှိရပါမည်။ “မီဒီယာကျင့်ဝတ်သိက္ခာကို စောင့်ထိန်းခြင်း”ဟူသည် အမှန်ကို အမှန်အတိုင်း
    ရဲဝံ့စွာ ဘက်မလိုက်ဘဲ တင်ပြခြင်းပါ။ “မီဒီယာကျင့်ဝတ်သိက္ခာကို လေးစားခြင်း”ဟူသည် အမှန်အတိုင်း မဖော်ပြရဲလင့်ကစား ဘက်လိုက်၍ သော်လည်းကောင်း၊ မဟုတ်တာကို ဟုတ်သယောင် မပြောမိ၊ မရေးမိဖို့ပါ။

    ၂၀၁၂-ဧပြီ သင်္ကြန်တုန်းက ကံမမြို့၌ ဖြစ်ပွားခဲ့သော ဒေသတွင်း အကြမ်းဖက်မှုကို လူကြီးမင်းတို့ မီဒီယာ များက သိကြပါသော်လည်း လုံးဝ ဖော်ပြခြင်းမရှိခဲ့ကြပါ။ ထိုနည်းတူ ယခုတောင်ကုတ် အကြမ်းဖက် ရမ်းကားမှုကိစ္စတွင်လည်း လူကြီးမင်းတို့ မီဒီယာများမှ ဖော်ပြရန် ရှိလာသော် မီဒီယာကျင့်ဝတ်သိက္ခာကို မစောင့်ထိန်းရင်တောင်မှ လေးစားပေးဖို့ပါ

    “ဤလောက၌ လူမိုက်တို့သည် ငါတို့သေကြလိမ့်မည်ဟု မသိကြကုန်။
    ထိုမသိမှုကြောင့်ပင် ခိုက်ရန် ငြင်းခုံမှုတို့သည် မပြေငြိမ်းနိုင် ကြကုန်။” (ဓမ္မပဒ – ၆)

    “အနှစ်ရှိသော တရားကို အနှစ်မရှိဟုလည်းကောင်း၊ အနှစ်မရှိသော တရားကို အနှစ်ရှိဟုလည်း အယူရှိသူ တို့သည် မှားသော ကြံစည်မှု၌သာလျှင် အာရုံရှိကြရာ အနှစ်ရှိသော တရားကို မရနိုင်ကြကုန်။ (ဓမ္မပဒ-၁၁)

    ကံ-ကံ၏ အကျိုးကို ယုံကြည်မှုသည် ဘာသာတရားတိုင်း၌ ရှိပါသည်။ ဘာသာတရားများကိုပင် မဆိုထားဘိ၊ သိပ္ပံပညာသဘော အရလည်း အကျုံးဝင်မှုရှိပါသည်။

    သိပ္ပံ – “သက်ရောက်မှုတိုင်း၌ ပမာဏတူညီပြီး လားရာဆန့်ကျင်သော တန်ပြန်သက်ရောက်မှုရှိလေသည်။”(နယူတန်၊ ဒြပ်ဆွဲအား ဆိုင်ရာ တတိယနိယာမ)

    ဗုဒ္ဓ- “မကောင်းမှုပြုသူသည် ကောင်းကင်၌ တည်နေသော်လည်းကောင်း၊ သမုဒ္ဒရာအလယ်၌
    တည်နေ သော်လည်းကောင်း၊ တောင်ခေါင်းသို့ဝင်၍ တည်နေသော်လည်းကောင်း
    မကောင်းမှုမှ မလွတ်ရာ။”

    အစ္စလာမ်-“အို-ချစ်သား၊ အပြုအမူတစ်စုံတစ်ရာသည် မုန်ညှင်းစေ့ခန့်မျှသာရှိပြီး ကျောက်ဆောင်တစ်ခုခု၌ တည်နေသည်ဖြစ်စေ၊
    မိုးကောင်းကင်များ၌ တည်နေသည်ဖြစ်စေ၊ ကမာ္ဘဂြိုဟ်၌ တည်နေသည်ဖြစ်စေ အသင်၏
    ရှေ့တော်မှောက်သို့ အသင့်ရောက်ရှိစေမည်။ (ကုရ်အာန် ၃၁း၁၆)

    ခရစ်ယာန်- “လူတိုင်းအဖို့ မိမိတို့၏ ကျင့်ကြံမှုနှင့် လျော်ညီသော
    အကျိုးအပြစ်ကို ဘုရားသခင်က ပေးတော်မူပေမည်။” (ရောမဩဝါဒ ၂း၇)

    ဟိန္ဒူ-“အကြင်သူသည် မိမိကိုယ်ကို ကာကွယ်လိုသည်ဖြစ်အံ့၊ ဒေါသဖြစ်ခြင်းမှ ကာကွယ်ပါလေ။ ဒေါသကို မကာကွယ်နိုင်လျှင် ဒေါသက ထိုသူအား ပြန်သတ်လိမ့်မည်။ (သိရုကုရယ်လ်ကျမ်း)

    လူကြီးမင်းများခင်ဗျား-
    အမှန်တရားရှေ့မှောက်ရောက်သည်နှင့်တစ်ပြိုင်နက် အလိမ်အညာအားလုံးဟာ ခေါင်းငုံ့ကာ မျက်နှာမပြရဲ တော့ပါ။ (အရှက်မရှိသူများအဖို့ ချွင်းချက်ရှိပါသည်။) အားရှိတာက အမှန်တရားပါ။

    “မဟုတ်မမှန် ပြောသောသူကို၊ အဟုတ်အမှန် ပြောဆိုခြင်းဖြင့် အောင်ရာ၏။” (ဓမ္မပဒ -၂၂၃)

    ပညာရှင်ကြီးတစ်ဦးကို သမိုင်းကိုဘာဖြစ်လို့ သင်ရမှာလဲ လို့မေးတော့ သူ့အဖြေက “သမိုင်းသင်တာ မ အအောင်လို့ပေါ့တဲ့။ ဖြည့်ပြီးပြောချင်ပါသည်။
    “အဟုတ်အမှန်သမိုင်းကို သင်မှ မ အ တဲ့အပြင် ကမာ္ဘတန်းရောက်မှာပါ။”
    “လုပ်ကြံသမိုင်းကို သင်က အ တဲ့အပြင် အလှခမ်းခြောက်မှာပါ။”

    “မှားယွင်းသော အယူအဆ၊ အမြင်အသိရှိနေသူသည် မြတ်သောအကျင့်ကို အားထုတ်
    ကျင့်သုံးသည် ဆိုသော်လည်း အကျိုးမရှိနိုင်။” (သုညတဝဂ်၊ ဘူမိဇသုတ်)

    လက်ရှိ မီဒီယာသတင်းတွေဆိုတာ အနာဂတ်မှာ သမိုင်းမှတ်တိုင်တွေ ဖြစ်လာကြမယ့် အရာတွေပါ။ အဲဒီအချိန်ကျရင် ဘယ်သတင်းဌာန၊ ဘယ်စာနယ်ဇင်း၊ ဘယ်သတင်းသမားက
    အားကိုးထိုက်တဲ့ သတင်းသမားလား၊ နှစ်ပြားဖိုးမထိုက်တဲ့ သတင်းသမားလားဆိုတာ
    မှတ်ကျောက် အတင်ခံရပါလိမ့်မည်။

    ဂုဏ်လင်းထိန်ထိန်

  • သားဦး၊မြေးဦး

    June 6, 2012 at 12:02 pm

    kai says:

    ကျုပ်ဆီမှာ.. ဒီဖြစ်ရပ်တွေဟာ.. စနစ်တကျနဲ့..ဖန်တီးထားပုံရတယ်လို့.. ယူဆစရာ.. အထောက်အထားတချို့ရှိတယ်..

    မေ၂၅မှာ.. အနောက်ဖက်ကမ်းရိုးတမ်းက.. မွတ်စလင်တယောက်ကပဲ.. အယ်လ်ကိုင်ဒါတွေသံတွဲလာမယ်ဆိုပြီး..ပို့စ်တင်ခဲ့တယ်..
    အဲဒီပို့စ်ထဲပဲ.. တယောက်က.. အယ်လ်ကိုင်ဒါမဟုတ်ပဲ.. မွတ်စလင်ကလေးငယ်တွေကိုယဉ်ကျေးလိမ္မာအောင်ဆုံးမသင်ကြားပေးတဲ့
    သူတွေဖြစ်တယ်လို့..ကော်မန့်ြ ပန်ရေးခဲ့တယ်..

    တကယ်လို့သာ…
    တကယ်လို့သာ..

    အခုရက်ရက်စက်စက်အသတ်ခံရသူတွေဟာ.. အဲဒီသူတွေသာဖြစ်မယ်ဆိုရင်…

    ..
    နောက်တခုက…
    အခု..ဆူးလေစေတီနား ဆန္ဒပြနေသူတွေကိုင်ထားတဲ့..ဓါတ်ပုံတွေဟာ.. ဘယ်ကပုံတွေလည်း.. မန္တလေးဂေဇက်မှာ.. တင်ထားခဲ့တဲ့ပုံတွေလား.. သိချင်မိတယ်..

    အဆက်အစပ်တချို့.. မြင်သာမှာပါ…
    ………………………………………………………………………………………
    သန်းစိုးလှ ိုင်(မိုမခ)ကသူ ့စာမှာ

    တောင်ကုတ်မြို့မှာ အခင်းဖြစ်ပွားမယ့် မနက်ပိုင်းက ကျောက်နီမော်ကိစ္စအကြောင်း မန္တလေးဂေဇက်လို့ အမည်ရှိတဲ့ အွန်လိုင်း ဝက်ဆိုက်တခုမှကူးယူသူက ကူးယူပြီး လှုံ့ဆော်စာတွေ ဝေထားပါတယ်။
    အစိုးရရဲ့ တရားဝင်သတင်းထုတ်ပြန်ရေးက မထုတ်ပြန်ပဲထားတော့ အဲဒီ ဝက်ဆိုက်က လှုံ့ဆော်တဲ့ သတင်းက လူတွေရဲ့ စိတ်ခံစားမှုကို မြင့်တက်စေခဲ့တာလည်း ဖြစ်ပါတယ်။
    …………………………………………………………………………………………
    နောက်တစ်ချက် thihiyazar ပေးသွားတဲ့ ကွန်မန် ့မှာ သူဒီရက်ပိုင်း ရခိုင်သွားမှာမို ့ဘယ်သူလိုက်မလဲ
    ရေးထားခဲ့ဖူးတယ်။
    …………………………………………………………………………………………………….
    သူကြီး adu lar/ Tun Tun နဲ ့ဆက်စပ်နေဖို ့အကြောင်းအများကြီးရှိနေတယ်။ကျနော်လဲ မလုံခြုံတော့
    ဘူး။

  • etone

    June 6, 2012 at 12:20 pm

    မိုးမခပို့စ်မှာ …. Comment moderation has been enabled. All comments must be approved by the blog author. လို့ ရေးထားလို့ …. ချက်ချင်း ကော့မန့်က မတက်သေးဘူးဖြစ်နေတာနဲ့ … ဒီဘက်ဆိုက်မှာပါ …. ထပ်တင်လိုက်ပါတယ် … မိုးမခ သတင်းထောက် ကို သန်းစိုးလှိုင် ဖတ်မိပါစေ ။

    %%%%%%%%%%%%%%%%%%%%%%%%%%%

    ကိုသန်းစိုးလှိုင်ရှင့် …

    အစ်ကိုရေးတဲ့ … လူမျိုးရေး ပြဿနာကို ဘယ်လိုကိုင်တွယ်ကြမလဲ။ ဆိုတဲ့ပို့စ်ကို ဖတ်ပြီး တစ်ချို့သော ရေးသားဖော်ပြချက်များနဲ့ ပတ်သတ်လို့ ပြင်းပြင်းပျပျ ဆွေးနွေးချေပလိုစိတ်ရှိတာကြောင့်ရော ၊ mandalay gazette ရဲ့ မန်ဘာတစ်ယောက်အနေနဲ့ရော … ဒီကော့မန့်ကို ရေးခဲ့ပါတယ် ။

    ပို့စ်ပါရေးသားချက်များဖြစ်သော … …. ” တောင်ကုတ်မြို့မှာ အခင်းဖြစ်ပွားမယ့် မနက်ပိုင်းက ကျောက်နီမော်ကိစ္စအကြောင်း မန္တလေးဂေဇက်လို့ အမည်ရှိတဲ့ အွန်လိုင်း ဝက်ဆိုက်တခုမှကူးယူသူက ကူးယူပြီး လှုံ့ဆော်စာတွေ ဝေထားပါတယ်။ ” နဲ့ ပတ်သတ်လို့ ပြန်လည်ဆွေးနွေးပါမယ် ။

    မန္တလေးဂေဇက် ဝက်ဖ်ဆိုက်ဟာ ၊ မတူတဲ့ အတွေးတွေနဲ့ ထောင့်ပေါင်းစုံက ရေးနေကြတဲ့ စာရေးသူတွေ ၊ စာရေးကျင့်နေသူတွေအတွက် လေ့ကျင့်ရာနေရာတစ်ခုလိုပါပဲ ။နိုင်ငံရေး လှုံ့ ဆော်မှုကို ဦးတည် တည်ထောင်ထားတဲ့ ဝက်ဖ်ဆိုက်မဟုတ်သလို ၊ ပြည်တွင်း၊ပြည်ပရေးရာတွေကိုပဲ ဦးစားပေးဖော်ပြတဲ့ ဝက်ဖ်ဆိုက်လည်း မဟုတ်ပါဘူး ။ ပရော်ဖက်ရှင်နယ် စာရေးဆရာများကစလို့ ၊ အွန်လိုင်းစာရေးသူတွေ ၊ စာရေးလေ့ကျင့်သူတွေရဲ့ … သုတ၊ ရသအစုံစုံကို ရေးသားဖော်ပြနေတဲ့ ဝက်ဖ်ဆိုက်တစ်ခုပါ ။ ဒါ့ပြင် မန်ဘာနဲ့ စာဖတ်သူများ စုပေါင်းပြီး ပရဟိတ္တအလှူတွေကို လက်လှမ်းမှီသလောက် ဆောင်ရွက်နေတဲ့ ဝက်ဖ်ဆိုက်ပါ ။မြှောက်ထိုးပင့်ကော် ၊ အတင်းဖျင်း နဲ့ အညှီဟောက်ဘက်ကို ဦးတည်ထားတဲ့ ဝက်ဖ်ဆိုက်မျိုးမဟုတ်တာ စာရေးသူသိစေချင်ပါတယ် ။

    အစ်ကို ့ရေးသားချက်မှာပါတဲ့ ….ကျောက်နီမော် ကိစ္စက ကျွန်မတို့ဝက်ဖ်ဆိုက်မှာ အရင်သတင်းတင်တာမဟုတ်ပေမယ့် …. ကူးယူသူက သူ့ဆန္ဒအလျှောက် …တခြားဆိုက်တွေမှာတင်ပြီး ..နောက်တစ်ရက်ကြာမှ လိုက်တင်တဲ့ မန္တလေးဂေဇက်ရဲ့ ပုံတောင်မပါတဲ့ ပို့စ်တစ်ပုဒ်ကို မျက်စိကျ ကူးဝေတာ … သူ့အကြောင်းနဲ့သူပါ ။ မန္တလေးဂေဇက်ဆိုတာ မီးလောင်ရာ လေပင့်တဲ့ ဝက်ဖ်ဆိုက်တစ်ခု မဟုတ်တာကိုလည်း သတိရစေချင်ပါတယ် ။

    ” အစိုးရရဲ့ တရားဝင်သတင်းထုတ်ပြန်ရေးက မထုတ်ပြန်ပဲထားတော့ အဲဒီ ဝက်ဆိုက်က လှုံ့ဆော်တဲ့ သတင်းက လူတွေရဲ့ စိတ်ခံစားမှုကို မြင့်တက်စေခဲ့တာလည်း ဖြစ်ပါတယ်။ ” ဆိုတာကတော့ …စာရေးသူ လိုရာဆွဲပြောလိုက်ခြင်းလို့ …မြင်မိပါတယ် ။ ဝက်ဖ်ဆိုက်မှာ စာတင်ပါတယ် ၊ ဒါပေမယ့် လှုံ့ဆော်တာမျိုး မဟုတ်ပါဘူး ၊ ဖတ်သွားသူ နဲ့ ကူးယူသူတွေကသာ လှံ့ဆော်စာဖြစ်အောင် အသွင်ပြောင်းလိုက်ခြင်းမျိုးပါပဲ ။ တခြားဆိုက်တွေမှာ ဒီသတင်းမတင်ပဲ ၊ ကျွန်မတို့ မန္တလေး ဂေဇက်တစ်ခုတည်းမှာ တင်တယ်ဆိုလျှင်တော့ ဒီဝက်ဖ်ဆိုက်ကြောင့်ဆိုတဲ့ ပယောဂမကင်းဘူးပြောလို့ ရပေမယ့် ၊ တခြားဝက်ဖ်ဆိုက်တွေနဲ့ facebookမှာ ပလူပျံနေတဲ့ သတင်းတပုဒ် ဒီဝက်ဖ်ဆိုက်မှာနောက်ကျမှ တင်တာတောင် ဒီဝက်ဖ်ဆိုက်က သတင်းစာသားကြောင့် လူတွေ စိတ်ခံစားမှုမြင့်တက်စေတာလို့ တဖက်စောင်းနင်းပြောလို့မရပါဘူး ။ ပြောလည်း မပြောသင့်ဘူးလို့ ယူဆပါတယ် ။

    အချုပ်အားဖြင့်ပြောရလျှင် အွန်လိုင်းမီဒီယာအချင်းချင်း ကိုယ်ချင်းစာပါလို့ မေတ္တာရပ်ခံပြီး ၊ ကျွန်မတို့ မန္တလေးဂေဇက်နာမည်ကို ကြော်ငြာပေးသလိုဖြစ်ခဲ့တဲ့အတွက် ကျေးဇူးလည်း တင်မိပါတယ် ။
    မိုးမခ မီဒီယာအောင်မြင်မှုများစွာရပါစေလို့ ဆုတောင်းရင်း….

    လေးစားစွာဖြင့်
    Etone (Mandalay Gazette)
    etone.mandalaygazette@gmail.com

    • nozomi

      June 6, 2012 at 1:05 pm

      ဘရာကြော် ရော ဗူးသီးကြော်ပါ
      ဒေါ်အိတုံ ခင်ဗျာ

      • etone

        June 6, 2012 at 1:48 pm

        ဟိုဘက်ဆိုက်က စာမျက်နှာမှာ မတတ်သေးဘူး … ကြည့်ရတာ .. ပို့စ်ပိုင်ရှင် approved မလုပ်အားသေးဘူးထင်ပါရဲ့ …… 😆

  • Thel Nu Aye

    June 6, 2012 at 2:07 pm

    သစ်ထူးလွင်မှာအရင်တင်တယ်လို့မှတ်တာပဲ။ မန်းဂေဇက်ကဖြစ်ပြီးနောက်နေ့လောက်မှ တက်တာလဲ သတင်းအနေနဲ့ပဲတက်တာပါ။ ကြည့်ရတာ မန်းဂေဇက်မှာ မဟုတ်တရုတ်လာလုပ်လို့ ဝိုင်းဆဲတာခံရလို့ မဝင်ရဲတော့တဲ့ သူတွေထဲကတယောက်ထင်တယ်။ မကျေနပ်ပဲ ပြန်နာမည်ဖျက်တာထင်တယ်။ ဒါမှမဟုတ် ဝက်ဆိုဒ်အပြိုင်မို့ မနာလိုလို့ နာမည်ဖျက်တာပဲဖြစ်ရမယ်။

  • ahnyartamar

    June 6, 2012 at 2:14 pm

    မမန့်တတ်တော့ဘူး။ etone ပြောတဲ့အတိုင်းပါပဲ။

  • ရွှေညာသား

    June 6, 2012 at 3:10 pm

    ခွေးကုလားတွေ မုဒိမ်းကျင့်တာတောင် မှတ်တမ်းယူပြီး ၊ လည်လှီးသတ် အင်္ဂါဇာတ်ဓါးနဲ့မွှန်းတာ
    မင်းတို့ ဆယ်ယောက်လောက်သေတာတောင် မကျေသေးဘူးမှတ် ။တွေးတိုင်းရင်နာတယ်။

    • kai

      June 6, 2012 at 3:32 pm

      ရွေညာသားရေ..
      .. ကွန်မန့်တွေကို.. တဦးတည်းတယောက်ထဲ.. ဘယ်မှာမန့်မန့်.. တတွဲထဲကြည့်လို့ရပါတယ်..
      ကိုရင်ရေးတာ… .hate crime ဖြစ်နေ..ဒါမှမဟုတ်.. ဖြစ်အောင်ဖက်ဦးတည်နေတာတွေ့ရတယ်..

      သတိထားပါနော..
      လူတွေကို.. လူတွေအနေနဲ့မြင်ပါ..။ ဘာသာရေး..လူမျိုးရေး..တံဆိပ်မကပ်..မတပ်စေလိုကြောင်း..

  • shwe pont

    June 6, 2012 at 3:49 pm

    ဒီပို ့စ်ကို တွေ ့ပေမဲ့ အခုမှဖတ်ဖြစ်ပါတယ်။
    ဖတ်ပြီးတဲ့အချိန်မှာ မန်းလေးဂေဇက်ကို အလွယ်နံမညတတ်လိုက်သော ကိုသန်းစိုးလှိုင်ကိုလည်း ဩချမိ ပါတယ်။ မန်းလေးဂေဇက်မှာ ဒီပို ့စ်ကိုတင်တာ ကျွန်မ လည်းအပါအဝင်မို ့ပါ ။ ပထမဆုံးဟုတ်မဟုတ်မသေချာပေမဲ့ အဲဒီ သတင်းကိုကြားရတော့ အမှန်တကယ်စိတ်မကောင်းစွာနဲ ့ ‘ ကြားရပြန်တဲ့ စိတ်မကောင်းစရာသတင်း” ဆို ပြီး ကျွန်မလည်းရေးခဲ့ပါတယ်။ အဲဒီပိုစ့်ရေးတဲ့အချိန်ထိ ကျွန်မကိုယ်တိုင် မှုခင်းဓါတ်ပုံကိုမမြင်ဘူးသေးဘူး။ နောက်ထပ်လည်း ကျွန်မလိုပဲ ဓါတ်ပုံမပါဘဲ ဒီသတင်းကို ဖော်ပြသူ ၂ ယောက် ထံမှလည်း နောက်ထပ်သတင်းတွေ သိခဲ့ရပါတယ်။ နောက်ဆက်တွဲ ကြားတာတွေကိုလည်း ရေးခဲ့သေးတယ်။ စကားစစ်လည်း ခင်းခဲ့သေးတယ် ။ အဲဒီအချိန်မှာဘဲ နောက်ထပ်သတင်းတွေကို တခြားဆိုဒ် တွေမှာပါ ဓါတ်ပုံတွေနဲ ့တက်ပြီး ဖြစ်နေတာကိုလည်း တွေ ့ခဲ့ရပါတယ်။ နောက်ပြီးတော့မှ မန်းလေးဂေဇက်မှာ ဓါတ်ပုံတွေ တက်လာတော့ တာပါပဲ သူကြီးတောင် ဖျက်ပေးခဲ့ရသေးတာလဲ အားလုံးအသိ။
    ရေးရင်းရေးရင်းပဲ အရာရာကို အလွန်တရာစိတ်ပျက်မိပါဂျောင်းးး ဒါပဲပြောပါတော့တယ် 🙁

  • SkyHeart WinKo

    June 6, 2012 at 5:33 pm

    နုိုင်ငံရေး၊ဘာသာရေး၊လူမျိုးရေး၊လူမူ့ရေး ခွဲခြားနားမလည်အောင် လုပ်ထားသူက ခွပ်ခိုင်းတိုင်း ခွပ်နေကြရင် commander စားသွားမယ် သတိထားပြီး နေပေးကြပါ။
    ဥပဒေမဲ့ တိုင်းပြည်မဟုတ်ခဲ့ရင်လျှင် ဘယ်သူကတာဝန်ရှိတယ်ဆိုတာ နားလည်ကြမှာပါ။ ဂျာအေး သူ့အမေရိုက်တဲ့ ပုံစံမျိုး ဖြစ်ခဲ့ ရင် ကျွန်တော်တို့ သွားပြီဗျာ။
    ဗိုလ်ချူပ်ပြောခဲ့သလို သောက်ကျင့်တွေ ပြင်ကြပါ။ သေချာစဉ်းစားပြီးမှ ရေးကြပါ၊ ဝေလေလေနဲ့ ထင်ရာတွေကိုပြော ထင်ရာတွေကိုရေး နေရင် တိုင်းပြည်အတွက် အမှိုက်တွေပါ။ ဒို့ဗိုလ်ချူပ်ကိုလည်း မုဒိန်းကောင်တွေခေါ်လါတယ်ဆိုပြီး သောက်ရူးတွေ ပြောခဲ့ဘူးပါတယ်။
    ဗမာပြည်လွတ်လပ်ရေးအတွက် အာဇာနည် တွေထဲမှာ အားလုံးပါကြပါတယ် သတိရကြမှာပါ။ တိုင်းပြည်တိုးတက်ရန်အတွက် လက်တွေလိုနေတာပါ၊ ပါးစပ်တွေမဟုက်ပါဘူးကွာ။ ၈နစ်ရှိပြီ ငါစောင့်နေပါတယ်။
    စည်းကမ်းရှိဖို့ဘယ်သူ့ကိုပြောတာလည်းမသိဘူး၊ စည်းကမ်းရှိတဲ့မြို့ပြကြီးမှ မတည်ဆောက်ရသေးဘဲ စည်းကမ်းဆိုတဲ့ စကား ကျွန်တော်တို့ နားမလည်ပါဘူး။ တိုင်းပြည်ကိုတစ်ကယ်တိုးတက်စေချင်လျှင်
    ( ရှေ့ကသွားလျှင် အီးမပေါက်နှင့် နောက်ကလိုက်လျှင် ဖိနပ်မနင်းနှင့် )
    မည်သည့်ဘာသာမဆို မျက်လုံးမှိတ်ပြီး မကိုးကွယ်ပါနှင့်ဘာသာဆိုတာ ယုံကြည်ချက်နှင့် သက်ဆိုင်တဲ့အတွက် ဘာသာပြောင်းတိုင်း လူမျိုးပြောင်းသွားတယ်လို့ထင်နေသမျှ ဒို့ဗမာတွေအလိမ်ခံနေရမှာပါ။ (BURMA =MYANMAR)
    ကောလဟာလနှင့် အာချောင်နေမယ်ဆိုရင် မျိုးချစ်စိက်မရှိသူပါ။
    သမိုင်းကြောင်းကိုပြောရင် ငါကိုယ်တိုင်မျိုးစစ်ရဲ့လါး ရှက်ရပါတယ်၊ အရီးကြီးခေတ်လေ……………..ဒို့ဗမာတွေ ဘယ်လောက်ပြုပြင်နိုင်မှာလည်းတော့ မသိပါဘူး၊အသိနှင့် လုပ်ရပ်တွေလွဲနေပါတယ်၊
    ရီစရာမဟုတ်ပါ၊ နိုင်ငံခြားသားတစ်ယောက်ကို မတော်တဆ တိုက်မိခဲ့လျှင် နိုင်ငံခြားသားက ဆောရီးတဲ့၊ ဗမာက မင်းဘာကောင်လည်းဆိုပြီ ရန်ဖြစ်ကြတယ်၊ နိုင်ငံခြားသူတစ်ယောက်ကို အရမ်းလှတယ်လို့ ပြောလျှင် နိုင်ငံခြားသူက သိုင်းကျုးတဲ့၊ ဗမာသူက ပါးကျိုးမယ်၊ ဟိုဟာစားတဲ့လေ……….ဪ ဒို့ဗမာတွေ ရှက်စရာကြီးကွာ။
    လူသားအကျိူးပြုဂီတဥယျာဉ် (၀၉၅ဝ ၈၂၈၀၈) တာမွေလူမိုက်ကြီး ဝင်းကိုလှိုင်

  • siamonone

    June 6, 2012 at 8:31 pm

    mandalaygazette ကြီး စတင် အတိုက်ခိုက်ခံရပြီ ဖြစ်ပါတယ် .. ဟီ ..
    စဖတ်ဖတ်ချင်းတုန်းက တော့ ဟုတ်သလိုလို နဲ့ .. mdy gazette ကြောင့်ပြန့်သွားတယ် ဆိုတော့ ..
    တကယ်တမ်း ..
    မန္တလေး ဂေစက် ရဲ့ Post က အတော်လေးနောက်ကျပါတယ် လို့ ဦးစွာပြောပါရစေ ..
    (သူများကိုပြော ချင်ဇောနဲ့ mdy gazette ရဲ့ ဂုဏ်ကိုနှိမ်သလိုဖြစ်နေပြီ .. )
    ကျွန်တော် အဲ့သတင်း စသိတာ FB က အဲ့ချိန် Mdy gazette မှာ ဘာမှ မတင်သေးပါဘူး ..
    Mdy gazette က နောက်မှတင်တာဖြစ်ပါတယ် ..
    သူကြီးရေ .. စိတ်တော့လျှော့ထားပေါ့ .. ကြီးတဲ့သစ်ပင်ဟာ လေတိုက်ခံရတာ တော့ မဆန်းပါဘူူး လေ ဟုတ်ဘူးလား?

  • kyeemite

    June 7, 2012 at 10:54 am

    သဂျီးနာမည်ကြီးချင်လို့ ဖြစ်လာတာပါ..
    မန်းလေးဂေဇက် ဝက်ဆိုဒ် ဆိုတာ ဘာလဲ ဘယ်လဲ
    ဘယ်လိုဦးတည်ချက်နဲ့ ရပ်တည်နေတယ်ဆိုတာ
    Do & Don’t (Rules) ကိုကြည့်တာနဲ့ ပေါ်လွင်နေပြီးသားပါ..
    စာဝင်ဖတ်နေသူတွေ လည်းကောင်းကောင်းသိပြီးသားပါ
    ဘာမှပြန်ဖြေရှင်းစရာ မလိုအောင်ကို ရှင်းပါတယ်။

  • Saungoo Pan

    June 7, 2012 at 11:06 pm

    မE Toneရေ

    မE Toneရဲ့commentsတွေအတွက် ကျေးဇူးတင်ပါတယ်။
    ဟိုဘက်က တင်ပေးတာမတင်ပေးတာတော့ သူတို့Adminအပိုင်းကဏ္ဍပါပဲ။ကွန်မန့်ကတော့
    ခုထိ မိုးမခမှာ တက်မလာသေးပါ။
    တခုတော့ပြောချင်ပါတယ်။ မE Toneအမည်နောက်မှာ E Tone- (Mandalay Gazette)ဆိုတဲ့အမည်ထဲ့ချင်တယ်ဆိုရင်
    (Mandalay Gazette)အစား
    (Mandalay Gazette online member) လို့ရေးသားစေချင်ပါတယ်။

    ဘာလို့လဲဆိုတော့ မန္တလေးဂေဇက်အွန်လိုင်းမှာ Adminပိုင်းမှာ ကျမနဲ့ကျမအမျိုးသားနှစ်ဦးရှိပြီး
    မန္တလေးဂေဇက်ပုံနှိပ်သတင်းစာမှာ ကျမတို့၂ယောက်နဲ့ထုတ်ဝေသူ၂ယောက် ဒီလေးယောက်က
    ကျမတို့အမည်နောက်မှာ (Mandalay Gazette)ဆိုပြီး
    ပြည်တွင်းမှာ ပုံနှိပ်ဖော်ပြတဲ့စာအုပ်တွေမှာရော၊
    ပြည်ပမီဒီယာတွေမှာပါ စာရေးတဲ့အခါ၊အသံလွှင့်ဌာန၊တီဗွီတွေမှာပါအင်တာဗျူးတွေလုပ်တဲ့အခါ
    သုံးနှုံးလေ့ရှိတဲ့အတွက်
    မE Tone ရေးလိုက်တဲ့ကွန်မန့်ဟာ ကျမတို့၄ဦး (Founders, Publishers, Editors) တဦးဦးကများ
    နာမည်ဝှက်နဲ့ရေးနေသလားလို့ စာရေးသူတွေ၊စာဖတ်သူတွေ သို့လောသို့လောထင်နေမှာစိုးတဲ့အတွက်ပါ။
    နောက်ပြီး သတင်းစာမှာလစဉ်စာမူချီးမြှင့်နေတဲ့စာရေးဆရာတွေကဘဲ နာမည်တမျိုးနဲ့ရေးသလားဆိုပြီး စာဖတ်သူတွေ ထင်သွားမှာစိုးတဲ့အတွက်လည်းပါပါတယ်။
    မန္တလေးဂေဇက်ဝက်ဆိုက်ကို အမြဲဖတ်နေသူတွေကသာ မE Toneဆိုတာ သိနိုင်ပေမယ့်
    ဝက်ဆိုက်ကိုမဖတ်တဲ့သူတွေလဲ အများကြီးရှိတာမို့ပါ။
    အဲဒါကို ကျမတို့အယ်ဒီတာအဖွဲ့ကိုယ်စား နားလည်ပေးစေချင်ပါတယ်။
    ကျမတို့တွေ တခြားဝက်ဆိုက်တွေမှာ ကွန်မန့်တွေရေးလေ့မရှိပါဘူး။
    စာရေးဆရာတယောက်အနေနဲ့တော့ ပြည်တွင်းပုံနှိပ်စာအုပ်များမှာရော ၊မိုးမခအပါအဝင်ပြည်ပမီဒီယာတွေမှာပါ ကဗျာ၊ဆောင်းပါး၊ဝတ္ထုတွေရေးပါတယ်။
    ခု မိုးမခကဆောင်းပါးကိုလည်း ကျမတို့အယ်ဒီတာအဖွဲ့အနေနဲ့ဘာမှတုန့်ပြန်ပြောဆိုဖို့ အစီအစဉ်မရှိပါဘူး။
    မန္တလေးဂေဇက်က စာရေးသူ၊စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်။

    တဆက်ထဲ လွန်ခဲ့တဲ့၁ဝနှစ်ကျော်က ကျမရဲ့ဝတ္ထုတိုများကို အချိန်ပေးရှာယူပြီး စာစီစာရိုက်ပြီး ပြန်တင်ပေးတဲ့
    ကိုBlack Chawကိုလည်း ကျေးဇူးအထူးတင်ပါတယ်။
    ဆောင်းဦးပန်း
    အယ်ဒီတာ
    မန္တလေးဂေဇက်

Leave a Reply