Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဝတ်လစ်စလစ် ကိုယ်ဟန်ပြမယ်လေး ရက်စက်စွာ သတ်ဖြတ်ခံရခြင်း

ムラカミJune 7, 20122min97855

 

ခုတလော သတ်သည့် ဖြတ်သည့် သတင်းတွေ ခေတ်စား၏။

ကျနော်လည်း ခါတော်မီ အသတ်အဖြတ်များ တင်ခြင်း ဟု မသတ်မှတ်စေလိုပါ။

ကျနော် ပြောပြချင်သည်မှာ တကယ့် အဖြစ်အပျက် ဖြစ်၏။

 

ဟုတ်ပါသည်။ အတိအကျ ဆိုသော် မနေ့ ညက ပင်ဖြစ်သည်။

ထိုသတင်းကြားကြားချင်း ကျနော် အလွန် တုန်လှုပ်ခြောက်ခြား သွား၏။

သို့သော် သတင်းကား သတင်းမှန်တည်း …။ ဘယ့်နှယ့် …

 

စိတ္တဇ ဓါတ်ပုံဆြာ တယောက် ဝတ်လစ်စလစ် ကိုယ်ဟန်ပြမယ်လေးအား …

ရက်ရက်စက်စက် သတ်ဖြတ်သည့် သတင်း…။

 

 

ဒီသတင်းကို လိုက်မည် …။ လုံးဝ လက်လွတ် မခံသင့်သောသတင်း …။

ဟုတ်သည်…။ စီဂျေတစ်ဦး အနေဖြင့် စီဂျေတာဝန်ကျေရမည်။

ထို ဖြစ်ရပ်မှာ ကျနော် နေထိုင်သော မြို့ ကလေးတွင် ဖြစ်ပွားခဲ့သောကြောင့်

ထိုမြို့တွင်နေထိုင်သော ကျနော့်တွင် တာဝန်ရှိသည်။ (မည်သူ တာဝန်ပေးပေး

မပေးပေး စီဂျေဟု ခံယူချက် ပြင်းပြစွာ စွဲကိုင်၍ ထိုသတင်းကို အိပ်ရေးပျက်ခံ

လိုက်ခဲ့ခြင်း ဖြစ်ပါသည်။)

 

သတင်းအစုံအလင်မှာ ဤသို့ဖြစ်သည်။ (နာမည် နေရပ်လိပ်စာ စသည်တို့မှာ

တစုံတဦး ကို မလိုလားအပ်ဘဲ မထိခိုက်စေလိုသဖြင့် အတိအကျ ဖော်ပြခြင်း

မပြုတော့ပါ)။

 

 

တောမြို့ ကလေး တစ်မြို့ တွင်ဖြစ်သည်။ စိတ်ရောဂါ အခံရှိသူ ဓါတ်ပုံဆြာ

တစ်ယောက်သည် ဝတ်လစ်စလစ် ကိုယ်ဟန်ပြမယ်လေးအား ကိုယ်ဟန်ပြသမှု

အပြီးတွင် ရက်စက်စွာ သတ်ဖြတ်ပစ်လိုက်ပြီး အလောင်းကို ဖျောက်ဖျက်ပစ်လိုက်မှု

ပင်ဖြစ်တော့သည်။ နောက်ဆက်တွဲ သတင်းများအရ ကိုယ်ဟန်ပြခ ငွေကြေး (ဝါ)

ခံစားမှု တစုံတရာ မပေးချေလိုသောကြောင့် သတ်ဖြတ်ခြင်း လည်း မဟုတ် ဟု

သိရလေသည်။ အထီးအမ သဘာဝ လိင်ကိစ္စ နှင့်လည်း လားလားမှ မပတ်သတ်

ဟု လည်း သတင်းထုတ်ပြန်ခဲ့ပြန်သည်။

အဘယ်ကြောင့်များ အရွယ်ကောင်း ကိုယ်ဟန်ပြမယ်လေး အပေါ် ရက်စက်စွာ

အကြောင်းမဲ့ သတ်ဖြတ် ခဲ့ပါသနည်း။ ပဟေဌိ တစ်ခုပင်ဖြစ်သည်။

ထို ဓါတ်ပုံဆြာ အား ဆက်သွယ်မေးမြန်းရန် မှာ ကျနော့် အနေဖြင့် မစွမ်းသာ

သောကြောင့် လက်တလော ထိုမျှသာ ပြောပြပေးနိုင်ပါသည်။ သက်ဆိုင်ရာ

အဖွဲ့အစည်းများ မည်သို့ လှုပ်ရှား အရေးယူ ဆောင်ရွက်မည် ကိုလည်း

သိချင်စမ်းပါဘိ ။ ဖြောက်ဖျက်ခံ ကိုယ်ဟန်ပြမယ်လေး၏

ရုပ်အလောင်းကား ယခုတိုင်အောင် ရှာဖွေ မတွေ့ရှိသေးဟုတော့ သိရပါသည်။

ကျနော်လည်း သတင်း အစအနများ ရတန်သင့်သလောက် ရရှိပြီးသောအခါ

သတင်းဓါတ်ပုံများ လိုက်လံရှာဖွေကြည့်မိပါသည်။ ဟုတ်ကဲ့..သတင်းဓါတ်ပုံများလည်း

ရသင့်သလောက် ရရှိခဲ့ပါသည်။ဝတ်လစ်စလစ် ကိုယ်ဟန်ပြမယ်လေး မသေဆုံးမီ

မိနစ်ပိုင်းအတွင်း ရိုက်ယူခဲ့သော ပုံများ ဟု သိရပါသည်။ (ရက်စက်စွာသတ်ဖြတ်သော

ပုံများကတော့ မှတ်တမ်းပင် မရှိသလား ..ကျနော်ပဲ မရရှိခဲ့ခြင်းလား မပြောတတ်ပေ)

 

 

ထို့ကြောင့် ဝတ်လစ်စလစ် ကိုယ်ဟန်ပြမယ်လေး ကိုယ်ဟန်ပြနေပုံ အချို့ကိုသာ

ထုတ်နှုတ် တင်ဆက်လိုက်ရပါသည်။ မကြည့်ဝံ့သူများ ဆက်၍ မဖတ် မကြည့် ရန်နှင့်

ယခုပိုစ့်ကို ပိတ်ပစ်ရန် တင်ကြို ပြောဆိုခွင့်ပြုပါ။

…………..

………….

…………

………..

……….

………

……..

…….

……

…..

….

..

.

 

ဝတ်လစ်စလစ် ကိုယ်ဟန်ပြမယ်လေး..

အဟိ. ..
ဘယ်ခြင်က အကျင်္ ီဝတ်တယ် ကြားဖူးလို့တုန်း နော့်….

ဝတ်လစ်စလစ်ပေါ့ …

:mrgreen:

 

ကိုယ်ဟန်ပြမယ်လေး၏ အနီးကပ်အလှ

 

ခြင် အမ ကပဲ ကိုက်တာခည … ခြင်ဟာ အစားအစာ လို့ငှာ

ကိုက်တာမဟုတ်ဘဲ ..ဥတွေ မျိုးအောင်ဖို့ သွေးနွေးသတ္တဝါရဲ့

သွေးလိုလို့ (အပူချိန်အတွက်) ကိုက်တာဖြစ်လို့ …ခြင်အထီး ဟူသည်

မကိုက်… အစားအစာ အလို့ငှာ ဝတ်ရည် အပင် အရွက်မှ အရည်

စုတ်ပီး အသက်ရှင်၏ ဟူသတတ်….။

 

ကိုယ်ဟန်ပြမယ်လေး၏ ဘေးတစောင်းပုံ

 

ဒီလူ့နှယ့်ဗျာ …

သည်လို သည်လိုတွေ ကိုယ်ဟန်ပြခိုင်းပြီးကာမှ …

လူမဆန်စွာ ရက်ရက်စက်စက် လုပ်ရက်လေခြင်း …

ထှောက်ခ်….

 

ယခုကဲ့သို့ ..ထွက်ပြေးလွတ်မြောက်ရန် အားထုတ်ခဲ့သော်လည်း

 

အသက်ဘေး ပေကိုးဗျာ …

သူလည်း သူစွမ်းသလောက်တော့ ကြိုးစားခဲ့ရှာပါသေးတယ်..

 

 

အားမတန် မာန်လျှော့..

 

တွေ့လား ..သွေးတွေ ဝ နေတာ …

ကိုယ်ဟန်ပြဖိုး အကျအန ယူပီးသားပါဆို…

😀

 

ဟီး …

အလန့်ထညက် လုပ်တာ ဆောဒီးပါ ရွာသူားတို့ …

တရေးနိုးလို့ စီးကရက် ထသောက်တာ ..

ဝရန်တာ တံခါးဖွင့်တုန်း ဒင်းက ဝင်လာတော့ …

ကံဆိုးဖို့ ဖြစ်သွားရှာတယ်ဗျာ …
ကိုယ့် အိမ်ကို မဖိတ်ဘဲလည်း လာသေး ..

နာအောင်လည်း လုပ်သေး

သွေးလည်း စုပ်သေး …

ဖြောင်းကနဲ ရိုက်ပြီး

သည်အတိုင်း ပေးသေလိုက်ဖို့ မတန်. .နည်းနည်းမှ မတန်…

ဒါ့ကြောင့် ဒင်းကို မသေခင်ကလေး အသုံးချလိုက်တာ …

ခစ်ခစ်…

 

တော်သေးဘီ

ခင်တဲ့

ဂီ

 

 

55 comments

  • nigimi77

    June 7, 2012 at 7:36 am

    ကျွတ်…ကျွတ်….တော်တော်ရက်စက်တဲ့ ဂီ ပဲ :mrgreen:

  • ကြောင်ကြီး

    June 7, 2012 at 7:59 am

    အေး…ပေါက်တတ်ကရ များများပြော.. နောက်တခါဆို နင့်လဗျွတ်ကို ကာယဗလမောင် ခြင်ထီးကြီး ကိုက်လိမ့်မယ်။

  • etone

    June 7, 2012 at 8:23 am

    အတော်နောက်တဲ့ ကိုဂီပဲ … စိတ်ဝင်တစား ဖတ်လာတာ နောက်ဆုံးကျမှ … ဟတ်ကော့ကြီး ဖြစ်သွားတော့တယ် …. သူ့ကိုယ်ဟန်ပြမယ်က .. အရင်ကတည်းက အဝတ်မဝတ်တာ … ဟိဟိ ..
    ဒါနဲ့ … အထီးနဲ့ အစ်မ ဘယ်လိုခွဲလိုက်ပါလိမ့်နော် ……… လာကိုက်တဲ့ခြင်မို့ …. အမလို့ သတ်မှတ်လိုက်တာလား …. ခွိခွိ 😀

  • Thel Nu Aye

    June 7, 2012 at 8:54 am

    အော်ငါ့နှယ့်နော်။ အခုတလောရင်တုန်ပန်းတုန်ဖြစ်နေပါတယ်ဆိုမှပဲ။ တူကလဲ လူဇိုး။ ကြံကြံဖန်ဖန် ဟယ်။ ခြင်တောင် အလွတ်မပေးဘူး။ ဓါတ်ပုံရိုက်တာပြောပါတယ်။ အဲလိုအမှု့မျိုးကပုဒ်မ ဘယ်လောက်ပါ လိမ့်။ တော်တော်ဆိုးမယ်ထင်တယ်နော်။ ဒါထက်စကားမစပ် ဂျာပွန်မှာ ခြင်ရှိလို့လား။ ခြောက်မျက်နှာ ကပြော တယ်။ တကြောင်းထဲမမန့်ရဘူးတဲ့။ အဲဒါနဲ့အကြောင်းတွေများအောင်မန့်ကြည့်တာ။ ဟီဟိ

  • Moe Z

    June 7, 2012 at 9:00 am

    ယုတ်မာရက်စက် စကောလောက်မှဇောက်မနက်တဲ့လူဂျီး :mrgreen:
    ကဲ .. ကဲ တိုင်ပေးမယ်လိုက်ဆို ..
    “ပါဏာတိပါတာ (insect မပါ) ………..” 😆

    • Azzurri

      June 7, 2012 at 9:46 am

      “ပါဏာတိပါတာ (ဂျစ်ပစီ ဒေါ့ဂ် မပါ) ………..”
      😛

  • ငပွကြီး

    June 7, 2012 at 9:08 am

    ဒီတစ်ခါနဲ့ဆို သူလုပ်တာ ၂ခါရှိပြီ ပါကင်ဖေါက်တုံးက ၁ခါ အခု ၁ခါ..
    အပေါ်ရောက်ပြီးမှ ကန်ချခံရတယ် …ခံစားရတယ်..အားဟားဟားးး
    ဒါနဲ့ စိတ္တဇ ဓါတ်ပုံဆြာ တယောက် ဆိုတော့ ဓါတ်ပုံဆြာက ရူးနေတာလားဟင်င်င်

  • Foreign Resident

    June 7, 2012 at 9:24 am

    ” ခြင်အထီး ဟူသည် မကိုက်…
    အစားအစာ အလို့ငှာ ဝတ်ရည် အပင် အရွက်မှ
    အရည် စုတ်ပီး အသက်ရှင်၏ ဟူသတတ် ”

    ဒါဆို အထီးတွေက သက်သတ်လွတ် သမား သူတော်ကောင်းကြီးပေါ့ ။
    😛

    • Azzurri

      June 7, 2012 at 11:38 am

      အနက်ပွား ထွက်မယ် ့ မေးခွန်းတွေ မဖြေရဝူးတဲ့ အကျိ ဆူလိမ့်မယ်..
      :mrgreen:

  • Shwe Tike Soe

    June 7, 2012 at 9:51 am

    အော်လူဆိုး ခေါင်စဉ်ဖတ်ပြီး ရင်ထဲမှာထိတ် စိတ်မကောင်းစွာ ဝင်ကြည့်လာတာ…. ဖတ်ရင်းဖတ်ရင်း နောက်ဆုံးကျမှ ရေရေလယ်လယ် ခံလိုက်ရမှန်းသိသွားတယ်… မုန်းထာအေ…
    တော်တော်လဲ တတ်နိုင်တဲ့သူ ခြင်ကိုတောင် အနီးကပ်ဆွဲပြီး ဓာတ်ပုံနဲတကွ ပို.စ်အဖြစ်တင်နိုင်တယ်…

  • ba gyi

    June 7, 2012 at 9:57 am

    အင်း သည်ပို့စ် ကတော့ — ရေပန်းစားနေတဲ့ အဖြစ်အပျက်တွေအကြားမှာ — ကိုယ်ဟန်ပြမယ်တို့၊
    ဝစ်လစ်စလစ်တို့နဲ့ ဖမ်းစားပြီး၊ အဲသည်လိုသတင်းနောက်ကောက်ကောက်ပါအောင်လိုက်စိတ်ဝင်စားတတ်သူ ကျုပ်အပါအဝင် ခံရလေ သတည်း၊ ကောင်းလေစွတစ်ကား။
    ဒါပေမည့်စိတ်ပညာရှုထောင့်အရ ၊ ရေပန်းစားပြီး ရှေ့တန်းရောက်နေတဲ့ မကောင်းမှုစီးေ ကြာင်း သတင်းတွေကိုစိတ်ထွက်ပေါက်ပေးစေတယ်၊ တော်ပါပေ့ ဂီ ရယ်။
    မကောင်းမှုတွေစဉ်တူဆက်တိုက်ဖြစ်လာစေတဲ့ကိစ္စတွေဟာ၊ တစ်ခါတစ်လေမှာ သတင်းတွေမှတစ်ဆင့်၊
    သုံးသပ်ဆင်ခြင်မှု အမျိုးမျိုးအပေါ်၊ အယူအမျိုးမျိုးကွဲပြားစေပြီး၊ဒါကို မသိစိတ်မှ ဟီးရိုးလို့မြင်မိတဲ့အခါ၊ အလားတူ ကျူးလွန်တာတွေဆက်တိုက်ဖြစ်စေနိုင်ပါတယ်။ ဆရာကြီးဦးအောင်သင်းဟောဘူးတယ်—၊
    အင်္ဂန်လန်မှာ ချစ်သူစုံတွဲ မြစ်ထဲအတူခုန်ချသတ်သေတာကနေ၊ဆယ်ကျော်သက်တွေအကြားရေပန်း
    စားပြီး စုံတွဲပေါင်းများစွါလိုက်ခုန်ချကြတာတွေ၊ နောက်ဆုံး ရဲ မနိုင်တော့ မြို့တော်ဝန်မှ အနှီခုန်ချသေသူ
    စုံတွဲများကို မြို့တော်ခန်းမရှေ့ ဝစ်လစ်စလစ် သင်္ဂြ ီုလ်မယ်အမိန့်ထုတ်တော့မှ ၊အဲဒါဂျီးကို ရှက်စရာကြီး
    မြင်ပြီး အဲသည်အဖြစ် ရပ်တန်းကရပ်သွါးပါသတဲ့ဗျား။တော်လိုက်တဲ့မြို့တော်ဝန်ဗျား။တရားဥပဒေ စိုးမိုး
    ရေးဆောင်ရွက်သူတွေဟာ ဆိုက်ကို ပညာပါကျွမ်းကျင်ရသကိုး။ ဒါကို မတတ်ပဲဥပဒေစိုးမိုးရေး လုပ်နေ ရင်တော့ —– တွေးသာကြည့်ကြပေရော့ ၊ မကြီးတာကကျယ်လာ၊မကျယ်တာကကြီးလာမှာပဲ။

    • Azzurri

      June 7, 2012 at 11:38 am

      တိန် …
      ခေါင်မိုးနဲ့ ခေါင်းနဲ့ ဆောင့်သံ
      😛

      • ကိုရင်မောင်

        June 7, 2012 at 5:07 pm

        ဟုတ်တယ်ဂီရေ…ဒီအချိန်မှာစိတ်မကောင်းစရာသတင်းတွေပဲ
        ဆက်တိုက်တွေ့နေရတာ ကြာတော့ ဖတ်ရမှာတောင်ကြောက်လာတယ်
        စိတ်မကောင်းစရာသတင်းအထင်နဲ့ ကြည့်ပြီး ပြုံးရယ် ရတဲ့အဖြစ်တွေ့ရတော့
        စိတ်ကိုကြည်နူးလန်းဆန်းစေပါတယ်…
        ကျေးဇူးဘဲ ဂီရေ……

  • laypai

    June 7, 2012 at 10:06 am

    ခြင် ရဲ့ ခြေချောင်း တွေ မှာ ရှိ တဲ့ အမွှေးအမျှင် မြင် နိုင် အာင် ရိုက် ထားတာ ဘဲ။

  • MaMa

    June 7, 2012 at 10:26 am

    တတ်လည်း တတ်နိုင်ပါပေ့။
    ခြင်ကိုက်တာကိုတောင် မိုးပြိုသလို အလန့်ထညက် ဖြစ်အောင် လုပ်တယ်။
    ဦးပါပြောသလိုပဲ ကိုက်နေတဲ့ခြင်ကို ဘယ်လိုလုပ်ပြီး ဒီလောက် ပုံအများကြီးရအောင် ရိုက်နိုင်ပါသလဲ… ❓

  • shwe kyi

    June 7, 2012 at 10:29 am

    ဆက်ကြည့်ရမလား မကြည့်ရဘူးလားနဲ့ဇဝေဇဝါ တောင်ဖြစ်သွားပါတယ်။
    ဘာဖြစ်ဖြစ်ဟာမြန်မြန်ကြည့်လိုက်မယ်ဆိုပြီး အားတင်းပြီးကြည့်လိုက်တာ။
    အော်တောင်ရီမိတယ် ငါ့နှယ်ဖြစ်မှဖြစ်ရလေ ဆိုပြီး။

  • char too lan

    June 7, 2012 at 10:47 am

    ဟွန်းးး ခြင်သတ်ကောင် .. ယက်ဆက်ရုတ်မာ လိုက်ဒါဟယ်…. 😀
    ————
    ဒါမျိုးတွေ ့ရတော့ ခြင်ကြီးကရွံစရာကြီး 🙁

  • ရှမ်းပြည်သား (တောင်ပိုင်း)

    June 7, 2012 at 11:02 am

    သို့/
    နှူးဘာဂိုဏ်းချုပ်
    သမိန်ဂီ
    လူဇိုးရင်ခုန်အောင်စတယ်……
    ဂယ်မှတ်လို့ဝင်ကြည့်တာ….ဂငယ်မလေးတစ်ယောက်နှမျောစရာပါလားလို့တွေးပြီး…
    ခုတော့ဟင်း…..ကျေနပ်ဝူး…..
    နောက်တစ်ခါဒီလိုနောက်နဲ့ခံစားရတယ်……
    ခြင်ကိုတောင်ရိုက်တယ်ဆိုတော့ဂီယာတော်တော်ကောင်းတာပဲနော်..ကိုဂီ…
    လက်နက်တွေစုံရင်ဆက်သွယ်….ကျွန်တော့်ရဲ့ရှမ်းပြည်လွတ်မြောက်ရေးတပ်မှာ
    အင်အားဖြည့်တင်းဖို့အတွက်မှောင်ခိုသွင်းမယ်….
    ပုံ….
    Senior General MaiSonKha (FFSS=Freedom Force of Shan State)
    အဟီးကိုဖက်ပေးတဲ့ရောဂါလေ……

  • စိန်ဗိုက်ကလေး

    June 7, 2012 at 11:06 am

    ခြင် မျက်ခွက်ကလဲ ဘုတွေနဲ ့ 😆

    တော်ပြီ…တော်ပြီ…
    ခင်ဗျားတို ့ ဂျပန်နိုင်ငံလာရင် ခြင်ဆေးခွေ ဝယ်နိုင်မှ လာတော့မယ်

    လောလောဆယ် ဆူးလေဘုရား သွားဖူးမလို ့ လမ်းစရိတ် နှစ်ရာလောက် ခဏချီးစမ်းဘာဦး

  • Phaung Phaung

    June 7, 2012 at 11:10 am

    အမ်…….အကောင်းအောင့်မေ့လို့ စိတ်ဝင်တစားဖတ်လိုက်ရတာ။ တော်တော်နောက်တဲ့ အင်ဇာဂီနော်။
    ရဲတိုက်နဲ့မတူပဲနေတော့မယ်…။ သူ့ကိုယ်ဟန်ပြမယ်ရဲ့ အနီးကပ်အလှက ကျက်သီးတောင်ထတယ်။ ခြင်ကိုက်ခံရမှာတောင် ကြောက်လာပြီ။

  • shwe pont

    June 7, 2012 at 11:11 am

    ဓါတ်ပုံနေရာရောက်တော့ ဖြည်းဖြည်းလေးကလစ်ကလေးကိုဆွဲပြီးကြည့်တာ ရုတ်ပျက်ဆင်းပျက်ပုံဆို အမြန် ပြန် တင်လိုက်မယ်ပေါ့ ခုတော့ ငါ့နှယ် (စာရေးသူက စာဖတ်သူကို ပါအောင်ဆွဲခေါ်နိုင်ပါ့) 😀

  • mayjuly

    June 7, 2012 at 11:11 am

    ဟယ် ယုတ်မာလိုက်တဲ့ ဒါ့ပုံဆရာ ..ဘယ်လိုများ သတ်လိုက်ပါလိမ့် ..
    တနားလိုက်တာ ကိုယ်ဟန်ပြမယ်လေးရယ်.. 😀

    မကြည့်ဝံ့သူများ ဆက်၍ မဖတ် မကြည့် ရန်နှင့်

    ယခုပိုစ့်ကို ပိတ်ပစ်ရန် တင်ကြို ပြောဆိုခွင့်ပြုပါ။

    ိဆိုတော့ .. အောက်ပိုင်းကြည့်တော့ဘူးနော် .. မီးကြည့်ရဲဘူးချင့် …. 😀 😀

  • weiwei

    June 7, 2012 at 11:20 am

    အော် .. သူက ဂျာပွန်မှာဆိုတော့ ခြင်ဆိုတဲ့သတ္တဝါကို အထူးအဆန်းလုပ်ပြီး ဒါ့ပုံရိုက်ပြနေတာကိုး …

    • Azzurri

      June 7, 2012 at 11:34 am

      သများ ကတောမှာနေတာချင့်..
      အိမ်ပါတ်လည်မှာ လယ်ကွင်းနဲ့ ကားခြံတွေပဲ ရှိတယ်..
      ခြင်ပေါတယ်…
      မြို့မှာနေတုန်းကတော့ ခြင်ဆိုတာ ဘာမှန်းတောင်မသိခဲ့တာ..ဂုဒေါ့ ဂုဒေါ့..
      ဒါပေသိ …
      သည်ကခြင်က အတော်ညှက်တာ ကလား ..
      ဘိရုမာနဲ့ ယှဉ်ရင် ဒီက ခိုက ဟိုက ကျီးကန်းလောက်ရှိပြီး
      ကျီးကန်း က သိမ်းငှက်လောက် ရှိရဲ့ …အဲ..ခြင်ကျမှ ဘာလို့ ညှက်နေသလဲ မဆိုနိုင်…
      :mrgreen:

  • htoosan

    June 7, 2012 at 11:49 am

    မဟုတ်တာရေးတော့မယ်ဆိုတာတော့ ရိပ်မိခဲ့ပေမဲ့ ခြင်ဇတ်လမ်း ဖြစ်မယ်လို့တော့မထင်မိခဲ့ဘူး ..
    ကျေးကျေးပါ … ပူလောင်မူ့တွေ တဒင်္ဂသက်သာသွားတာ…

  • နန့်ကြောဆွဲ ဖရဲမ

    June 7, 2012 at 12:19 pm

    ကိုယ်ဟန်ပြမယ်က အကိတ်ကြီးလည်းမဟုတ်ဘူး
    အဟင့်
    သများကွန့်မန့်တိုလားဟင်

    • ရှမ်းပြည်သား (တောင်ပိုင်း)

      June 7, 2012 at 3:27 pm

      ဟုတ်ပါ့အကိတ်ကြီးထင်ပြီနာခံလိုက်ရတာ
      ဂယ်ကျတော့အပ်ကလေးတော့……….
      ညဉ်းလဲအပ်ကလေးပဲတိုတိုလေးတော့…ကွန်မန့်ပြောပါတယ်….

  • မဟာရာဇာ အံစာတုံး

    June 7, 2012 at 1:07 pm

    တိုဂီရယ် ..
    အလန့်ထညက်ကွယ် ..
    ခေါင်းစီးကြည့်ပြီး လျောက်ဖတ်ကြည့်လိုက်တာ ..
    သတ်ခံရတဲ့ ကိုယ်ဟန်ပြမယ်လေးဂ ဟိုဒင်းဟုိုဟာ ဖြစ်နေတာကိုး ..
    အတော် နောက်တဲ့လူ …
    😀

  • သူရဇော်

    June 7, 2012 at 1:16 pm

    ချဉ်ပေါင်ရိုးမ ဒုတ်ထိုးမ အမှိုက်ပုံမ စည်ပင်သာယာ ကတော်မ ညည်းနှယ်အေ စိတ်ဝင်တစားခေါင်းစဉ်အောက်မှာ တဝတပြဲ ကြည့်ပလိုက်မယ်ဆိုပီး ကြည့်လိုက်ခါမှ ဒင်းရဲ့ ကင်မလာကြီးနဲ့ ဒင်းကိုယ်တိုင်ရိုက်ထားတဲ့ ဟာကြီးဖြစ်နေသကိုး…… ကံဆိုးရှာတဲ့ ကိုယ်ဟန်ပြမယ်လေးရယ်…… နောက်ဘဝ ဂီမနဲ့ထပ်မတွေ့ပါစေနဲ့လို့ ဆုတောင်းပေးလိုက်တယ်နော်……..

  • Crystalline

    June 7, 2012 at 1:50 pm

    အော်….စိတ်မကောင်းလိုက်တာနော်…အရင်နေ့က ရွာထဲမှာ စိတ်ဒဇလူသတ်သမားလိုတစ်ယောက်ကို ရိတ်ခနဲတွေ့လိုက်သလိုပဲ.. အဲဒီကတည်းက သူ့မျက်လုံးတွေကမူမမှန်ပါဘူးလို့တွေးနေတာ..အခုတော့ ခြင်မော်ဒယ်လေး အစတေးခံလိုက်ရတာပဲ…

    • Azzurri

      June 7, 2012 at 1:54 pm

      ဘယ်လိုပြောလိုက်တာလဲ
      ခွစ္စတလိုင်း လေးရယ်…
      😀
      အဲ့ဒါ ကျုပ်ရဲ့ နာမည်ကျော် အယ်လ်ဘမ်…
      စတုပစ်ဂီ့ နဲ့ စမတ်ဂီ့ ထဲက စတုပစ်ဂီ့ ပဲ ရှိသေးဒါ..
      စမတ်ဂီ့ ကြည့်မား …ပြမယ်….
      :mrgreen:

  • Rose Minn

    June 7, 2012 at 1:51 pm

    ခေါင်းက အစိမ်းတွေဆိုးထားတယ်။ ကိုယ်ခန္ဓာကခရမ်းရောင်လိုလို၊ အတောင် က ရောင်ပြန် အတောင်နဲ့ အခုခေတ်ပန့်ခ် ခြင်ပဲ။ အရမ်းခေတ်မှီတဲ့ လှတဲ့ မော်ဒယ်တွေတောင် သူ့လိုမလုပ်နိုင်ဘူး။ အကိုက်ခံလိုက် ဂုဏ်ယူစရာကောင်းတယ်။ ဟီးဟီး 🙂

    • Azzurri

      June 7, 2012 at 1:57 pm

      ဂေါင်းက အစိမ်းက ကွန်ပေါင်း အိုင်း လို့ခေါ်တဲ့
      စုပေါင်း မျက်စိဒွေ… ပျားအုံကွက်လိုမျိုး စုထားတာ..
      သူက လူဒွေလို မျက်စိ ၂လုံးတည်း မဟုတ်ဘူး…
      ယင်ကောင် တို့ ပုဇင်းရင်ကွဲ တို့လည်း တူတူဘဲ..
      သည်မျက်စိ မှာ မပေါ်တော့ မမြင်ရတော့ရင် နောက်မျက်စိ မှာ
      မြင်ရဒယ် .. ယင်ကောင်ရဲ့ မျက်စိက ၃၆ဝဒီဂရီ အကုန် မြင်နေရသတဲ့…
      ညက အကောင်က ပိစိကွေးမို့ ဆိုက်လည်း ချုံ့လိုက်ရလို့
      အဲ့လောက်ပဲ ပေါ်တာ ..နောက်မှ ပုဇင်းရင်ကွဲ ကို သေချာရိုက်လာခဲ့မယ်…

      တော်သေးဘီ..
      :mrgreen:

  • natthamee

    June 7, 2012 at 2:19 pm

    အမလေး ခေါင်းစဉ်ဖတ်ပြီး လန့်သွားတာပဲ၊ ဘယ်သူများလဲလို့ …..
    ဟီးဟီး ပြီးမှ ……………….. 😀

  • Rock Space

    June 7, 2012 at 2:41 pm

    Azzurri ကို လီးပဲကွ မင်းတစ်ဆွေတစ်မျိုးလုုံးကို မင်းပြန်လိုးလိုက်ပါလား
    စောက်ရေးမပါတဲ့သတင်းကို စောက်အချိန်ကုန်ခံပြီးရေးနေရသလား အားနေရင်ငါ့လီးလာစုပ်ကွ
    မင်းအမေနဲ့ မင်းအစ်မတွေကို လိုးလိုက် ငါလိုးမသား သုတ်ကြောင် လီးပဲ

  • pan pan

    June 7, 2012 at 3:56 pm

    အဟုတ်မှတ်တာ
    တပတ်ရိုက်ပီ
    ခြင်တင်မက လူကိုပါကလိမ်ကျတာ
    😛

  • ညလေး

    June 7, 2012 at 4:38 pm

    ပတ်လည်ရိုက်သွားပါလားတော်……
    လူတွေကိုခေါင်းကိုက်အောင်တော်တော်လုပ်တဲ.ခြင်……..
    ကြံဖန်လွန်းတဲ…….ဦးဂီ….

  • အရီး Khin Latt

    June 7, 2012 at 4:48 pm

    သိနေဒယ်လေ။ သိနေဒယ်။ 😎
    သို့သော် သိကြောင်း ကလဲ ပြောဖို့ လိုသေး တာမို့ …. ။ 😉
    အဟိ – ဒီနေ့ အဖို့ အတော် နေ့တွက် စီနေပြီ။

    • amatmin

      June 8, 2012 at 9:56 am

      အရီးက ဘာကိုများသိသွားဒယ်မသိဘူး.. 🙂
      ကျနော်တော့ အတော်နောက်တဲ့လူ လို့ပဲပြောချင်တယ်..
      သူဖိုးကပ်ပြတ် တာကိုကြွားချင်တာလား မသိ..
      ဒါနဲ့ သဂျီးမင်း တချို့မန့်ထားတာတွေ မမြင်သေးဘူးထင်ပ.. 🙁

        • amatmin

          June 8, 2012 at 10:36 am

          ရွာ့အော်လံ ထားတဲ့နေရာကို..
          ညွှန်ပေးလို့ကျေးကျေးပါ.တဆယ်မိုးစက်ရေ. 🙂
          ဒါပေမဲ့ အဇူရီကြီးက ဘာမှမပြောတော့ ဝင်မပြောတော့ပါဘူးလေ..
          ဘာမှကိုလဲ မမန့်တော့ပါဘူး.. နော့ 😛

  • Gipsy

    June 7, 2012 at 5:00 pm

    ဒါဂျောင့်မို့ မုဒိန်းမကျင့်ဖြစ်တာကိုး…
    တော်သေး၏ …

    • pan pan

      June 7, 2012 at 6:53 pm

      ဟုတ်သား
      အမှုတွဲထဲ အဲဒါမပါဘူး
      တော်တော်တော်တဲ့လူ
      စဉ်းစားတတ်ပ 😆

  • ရွာစားကျော်

    June 7, 2012 at 8:11 pm

    ငါတို့ကို ညာတဲ့ဂီ
    တိရစာ္ဆန်ညှင်းပန်းနှိပ်စက်မှုနဲ့ ရုံးတင် တရားစွဲမယ်…

  • eipu

    June 8, 2012 at 10:51 am

    ဟာသဉာဏ်တော်တော်ရှိတာဘဲ။
    တကယ်သတ်တယ်ထင်ပြီး စိတ်ဝင်တစားနဲ့ဖတ်လာလိုက်တာ။
    ပုံတွေတွေ့တော့မှဘဲ ဟင်းချနိုင်တယ်။

  • blackchaw

    June 8, 2012 at 4:10 pm

    ဒါဟာ ကြိုတင်ကြံစည်မှုကြီးပါ။
    စံနစ်တကျ ကို စီစဉ်ပြီးတော့ လုပ်ကြံတဲ့ အမှုကြီးပဲ။
    ခြင်ကို ဒီလိုပေါ်လွင်ထင်ရှားအောင် ရိုက်နိုင်တာလည်း
    ပညာ ပဲ ဗျာ။
    လေးစားသွားပါတယ်။

  • Wunna Aung

    June 14, 2012 at 7:47 pm

    ကိုယ်ဟန်ပြမယ် လေး သနားပါတယ် ဗျာ…… သူ့ခမျာ ဘယ်လောက်ဒုက္ခခံပြီး ကိုယ်ဟန်ပြလိုက်ရလဲ မသိဘူး……..ဂီ့ကို တိရိစာ္ဆန်ညှင်းပန်းနှိပ်ဆက်မှုနဲ့ တရားစွဲရမယ်……. ဂီရဲ့ အနုပညာ ဖန်တီးမှုကိုတော့ လေးစားတယ်ဗျာ….. စာအရေးအသား စိတ်ဝင်စားအောင် တင်ပြတတ်မှုနဲ့ ဓါတ်ပုံရိုက်တာ တော်တော် ကောင်းတယ်ဗျာ…… ဒါနဲ့ စကားမစပ် ဂီက ဘာကင်မလာနဲ့ ရိုက်တာလဲ မသိဘူးနော်…….

    • Azzurri

      June 14, 2012 at 8:14 pm

      Body – Canon EOS 550D,
      Lens – Tamron Macro 90mm

      fully macro mode, 1:1 x, no flash fired,
      ISO >800
      f/9 – f/11
      1/20- 1/60s

      :mrgreen:

      • Wunna Aung

        June 14, 2012 at 8:49 pm

        အူးဟူးဟူး ရူးသွားနိုင်တယ်ဗျို့………. ကန်နွန်၅၅ဝကြီနဲ့ တာမရွန်း မိုက်ခရိုပါလားဗျ…… အားကျလိုက်တာဗျာ…..

        • Azzurri

          June 15, 2012 at 8:36 am

          အထင်မကြီးပါနဲ့ …ဖိုက်ဒီ မဝယ်နိုင်လို့ ဖိုက်ဖိုက်ဇီးဒိုးဒီ ဝယ်ပီး
          ၁၀ဝမမ မကိုင်နိုင်လို့ သာ့ဒ်ပါတီ ၉ဝမမ ကိုင်ရတာပါ…
          🙁

  • intro

    June 14, 2012 at 10:31 pm

    တကယ်လားလို့ ဦးလေးက သိတ်နောက်တာပဲ… အီတလီအသင်း ကြိုက်တဲ့သူအချင်းချင်းမို့ နော်… ဟဲဟဲ… ဒီညရော ဘောပွဲ ကြည့်ဦးမှာလားဗျ…

    • Azzurri

      June 15, 2012 at 8:34 am

      ကြည့်ဖြစ်သပေါ့ဗျာ …
      နေ့ဘက်တွေ ဘလက်ကော်ဖီတွေ လှိမ့်သောက်ပီးသကာလ..
      (စံတော်ချိန်အရ သည်မှာ မနက် ၂နာရီ ၄နာရီပွဲတွေမို့)
      သရေကျပြန်တယ်… သိပ်တော့ ကိစ္စမရှိ
      နောက်ဆုံးပွဲက မျှော်လင့်ချက် မကျန်တဲ့ အသင်းနဲ့ ကန်ရမှာမို့…
      😛

  • snow white

    July 4, 2012 at 7:07 pm

    အော် ဖြစ်ရတယ် သနားစရာဘဝလေးပါလားနော် မသေခင်လေးတောင် တန်အောင်ခိုင်းစားလိုက်သေးတယ် ဓာတ်ပုံလေးတွေရို်က် ထားလိုက်သေးတယ်။

Leave a Reply