Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လာပြန်ပြီဟဲ့ … တစ်သောင်းတန်တဲ့ ….

etoneJune 7, 20121min101038

ဟိုးတလောက ငါးထောင်တန်နဲ့ အတူထွက်မယ်လို့ ကောလဟာလ ဟော့ဖြစ်သွားခဲ့တဲ ့ တစ်သောင်းကျပ်တန်သတင်းလေး ငြိမ်သွားလို ့မှ အနည်မထိုင်သေးဘူး … အခုတော့လည်း…  တစ်သောင်းကျပ်တန်ထုတ်ဝေမယ်လို့ ဒီနေ့ညနေခြောက်နာရီသတင်းကို တီဗွီမှာကြည့်လိုက်ရတယ် ။

တစ်သောင်းကျပ်တန်ရဲ့ အရွယ်စားနဲ့ ပုံသဏ္ဍန်ကိုအသေးစိတ်ကြော်ငြာသွားတာလည်း ကြားခဲ့မိပါတယ် ။ တစ်သောင်းတန်ကျပ် ထုတ်ဝေတော့မယ်ဆိုတဲ့ သတင်းကြားကတည်းက ငွေကြေးဖောင်းပွလာမယ့် ပြသနာတွေ ဖြစ်နိုင်တာ မဖြစ်နိုင်တာ အပထား ၊ ပထမဆုံး မျက်စိထဲပြေးမြင်မိတာ ၊ မနက်တိုင်းဈေးထွက်ဝယ်ရင်း ထောင်တန်တစ်ရွက်နဲ့ ရွာလည်…. အဲ ဈေးလည်ရတဲ့ ဒုက္ခပါပဲ …. ။ ဈေးသည်တွေက အကြွေမပါလျှင်မရောင်းချင်ကြဘူး …. တစ်ထောင်တန်တစ်ရွက်ဖြတ်ဖို့တောင် အတော့်ကို အချိန်ပေးရတာမျိုးပါ … ။တစ်ထောင်တန်ဖြတ်ရဖို့ လိုတဲ့ အသီးရွက်အပြင် ၊ ဈေးသည်က ထပ်ထည့်ပေးတဲ့ အသီးရွက်တွေကိုပါ ၊ လိုချင်လည်းယူ ၊ မလိုချင်လည်း ယူရပါတယ် ။

ဘတ်စ်ကား စီးလို့ထောင်တန်လေးများ ပေးလိုက်လျှင် ပြန်အမ်းဖို့ အမေ့ခံနေတဲ့ စပါယ်ယာတွေနဲ့လည်း ကြုံတတ်ပါသေးတယ် ….. ။ တစ်ချို့ စပါယ်ယာတွေကတော့ အကြွေမရှိသေးလို့ ခဏဆိုပြီး မအမ်းသေးပဲ ကြာကြာလက်ထဲကိုင်ထားတတ်ကြတယ် … အဲ့ဒီလိုမျိုးကြုံခဲ့လျှင် ကားပေါ်က ဆင်းခါနီး မဖြစ်မနေတောင်းဖို့ သတိထားရပြန်တော့တယ် …. ။ သူလည်းမေ့ ကိုယ်လည်းမေ့လို့ကတော့ … ခြင်္သေ ့တစ်ကောင်ထွက်ကိန်းပဲ …. ။ မနက်မိုးလင်းရုံးသွားချိန် အကြွေမရှိလို့ ငါးထောင်တန်များ ကားခအဖြစ်ပေးကြည့် …. အလကားသာ စီးသွားတော့လို့ အပြောခံရမှာပါ …. ။ အခုလည်း လာပြန်ပြီ တစ်သောင်းတန်တဲ့ ….. ။ပိုက်ဆံအတန်ကြီးတွေထွက်လာတိုင်း သယ်ဆောင်ရလွယ်လို့ ကရိကထ မများပေမယ့် … အသုံးပြုဖို့ကျတော့ သိပ်မလွယ်ကူလို့ ခေါင်းခဲရပါတယ် ။

တစ်သောင်းတန်ထုတ်လို့ ငွေကြေးကိုင်တွယ်ရ သက်သာပေမယ့် ပါးလှပ်သွားမယ့် လစာအိတ်လေးကြောင့် ပျော်ရွှင်မှုတွေ အပြည့်ဝခံစားရပါတော့မလားလို့ တွေးပူမိတယ် ။ လစာပမာဏချင်းတူပေမယ့် … ထူထူထဲထဲ လစာအိတ်မျိုးကမှ … ပိုက်ဆံပိုသလိုလို ခံစားမိတဲ့ ခပ်ကြောင်ကြောင်အတွေးတွေကြောင့်လည်း ပါမှာပေါ့လေ … ။ 😛

ကျွန်မတို့လို အခြေခံလူတန်းစား၊ လက်လုပ်လက်စား ဘဝတွေမှာ ငွေကြေးအများကြီး လက်ထဲမထားနိုင်ပါဘူး။ နေ့စဉ်အသုံးစရိတ်ကအစ ၊ တိုလီမုတ်စတွေဝယ်ဖို့ ငွေကြေးအနည်းငယ်လောက်သာ လက်ထဲကိုင်သုံးနိုင်ကြတာပါ ။ ပိုက်ဆံအတန်ကြီးတွေထက် ….အကြွေနဲ့ အသေးသုံး အတန်လေးတွေလောက်သာ လက်ထဲ လည်ပတ်မှုရှိတဲ့ဘဝမို့ ….  တိပ်အထပ်ထပ်နဲ့ ညစ်ထေးနေတဲ့ ပိုက်ဆံတွေလည်းသုံးရတာပါပဲ ……။ အထက်တန်းလွှာ လူတန်းစားတွေ အဆင်ပြေစေဖို့ တစ်သောင်းတန်ထုတ်သလို ၊ ကျွန်မတို့လို အခြေံလူတန်းစားတွေ အဆင်ပြေအောင် အကြွေနဲ့ ရာတန်တွေလည်းထပ်ထုတ်နိုင်ပါစေလို့…. ကြိတ်ဆုတောင်းမိပါတယ် … ။ တစ်သောင်းတန် အသစ်စက်စက် ကိုင်မသုံးနိုင်လျှင်တောင် အကြွေလေးတော့ အသစ်စက်စက် ကိုင်သုံးချင်စိတ် ပြင်းပျနေမိလွန်းလို့ပါ …. ။

 

The Voice Weekly ကပုံ facebook မှာတွေ့လို့ ကူးထားတာ

38 comments

  • ဦးဦးပါလေရာ

    June 7, 2012 at 8:00 pm

    ဈေးဆိုင်တွေလဲ ခေါင်းစားဦးတော့မယ်….
    ရှမ်းခေါက်ဆွဲတပွဲဝယ်စားပြီး တသောင်းတန်ပေး
    တို့ဟူးသုပ်ဝယ်စားပြီးတသောင်းတန်ပေးနဲ့
    အနည်းဆုံး- ပြန်အမ်းဖို့ ပိုက်ဆံအများကြီးဆောင်ထားရတော့မှာ
    ဒီနိုင်ငံမှာက သူများနိုင်ငံလို ပိုက်ဆံကို သူ့နေရာနဲ့သူ သုံးတာမဟုတ်ဘူး..
    ဥပမာ စင်္ကာပူမှာဆို ဒေါ်လာတစ်ထောင်တန်ရှိပေမယ့် လူတိုင်းတောင်ကိုင်ဘူးတယ်မထင်ဘူး..။
    ကျူပ်တွေ့ဘူးသမျှတော့ သူတို့ပိုက်ဆံအိတ်ပါးပါးလေးထဲကထုတ်ရင် ငါးဆယ်တန်ဆိုတာ အကြီးဆုံးပဲ…။
    ဖြစ်စေချင်တာကတော့ တသောင်းတန် ငါးသောင်းတန်တွေလဲ ထုတ်ချင်ထုတ်ပါ…
    အလွယ်တကူ အကြွေလဲပေးနိုင်ဘို့တော့ စီစဉ်ပေးသင့်ပါတယ်…လို့ပဲ..

  • ster

    June 7, 2012 at 8:12 pm

    post တွေ ပြိုင်တူ တက်လာပါလား။ ဟုတ်ပါတယ်၊ ငါးရာတန်၊ နှစ်ရာတန်၊ ရာတန်၊ ငါးဆယ်တန်တွေကို ပိုထုတ်သင်.တယ် ထင်တာပဲ။
    သယ်ယူရ လွယ်ကူအောင်ဆိုရင် တခြားနည်းတွေ သုံးသင်.တယ် ထင်တာပဲ။

    • etone

      June 8, 2012 at 10:26 am

      sterရေ … သတင်းကို ကြားကြားချင်း ဂေဇက်ဖွင့်တဲ့အချိန် … သူများတွေတင်ထားတာ မတွေ့သေးတော့ …. နည်းနည်းဖွ အဲ .. နည်းနည်း ပြချင်လို့ …. ဖေ့စ်ဘွခ်ကပုံကူးပြီး စာရေးနေတုန်း … ၊ သူများတွေ တင်လိုက်တာ … မသိလိုက်ဘူးဖြစ်သွားတယ် … ။ စာရေးပြီး အပ်လုပ်ဒ်လုပ်တော့မှ …..တွေ့တယ် …. ဟိဟိ … 😉

  • မောင်ပေ

    June 7, 2012 at 8:32 pm

    ကျုပ်ကတော့ ဒီလိုတွေးမိတယ် ။
    ကျောင်းသူား အရွယ်လေးတွေ ၊ သူရို ့မိဘတွေဆီ မုန် ့ဖိုး တစ်သောင်းတန် တောင်းကြမယ့် ကိတ်စကို ။

  • may flowers

    June 7, 2012 at 8:54 pm

    တစ်သောင်းတန်တဲ့…အတော်ပဲ…အဲဒီတစ်သောင်းတန်ပြပြီး….ဈေးပါတ်ပြီးအကြွေးဝယ်ရမယ်….အဟိ။

    • နေဝန်းနီ

      June 7, 2012 at 9:55 pm

      အကြံကောင်းဉာဏ်ကောင်းတော့ရပြီ….။ သူမလုပ်ခင် ငါဦးအောင်အကောင်အထည်ဖော်မှ….။

  • ဘဲဥ

    June 7, 2012 at 9:18 pm

    အမလေးတော် ငါးထောင်တန်တောင် နပ်မှန်အောင် မကိုင်နိုင်သေးဘူး တစ်သောင်းတန်က လာပြန်ပတဲ့

  • Crystalline

    June 7, 2012 at 10:02 pm

    တစ်သောင်းတန်ဆိုတော့လည်း တစ်ရွက်လောက်တော့ အဆောင်လေးအဖြစ်နဲ့တော့ လဲထားအုန်းမှပဲ မအိတုံရေ…

  • ညလေး

    June 7, 2012 at 10:02 pm

    ကိုင်ရဖို.တော့အဝေးကြီးလိုပါသေးတယ်ထင်ပါရဲ……
    သတင်းထူးလေးအတွက်ကျေးဇူးပါမမအိတုံ

  • သားဦး၊မြေးဦး

    June 7, 2012 at 10:38 pm

    အကြွေမပါလို ့နော်ဆိုပြီး တစ်သောင်းတန်ပြ အလုပ်ဖြစ်နိုင်ပါ၏။
    အကြွေတွေက ဖာထေးဖြတ်ဆက်တွေနဲ ့မို ့ ရွံစရာပိုက်ဆံဖြစ်လို ့။

  • ကိုရင်စည်သူ

    June 7, 2012 at 11:35 pm

    5 ထောင်တန်တောင် မနည်းကိုင်နေရတာ
    သောင်းတန်ကြီး ထပ်ထွက်လာတော့
    သဌေးအတွက်တော့ အိတ်ပေါ့သွားပေမယ့်…။
    လူမွဲတွေအတွက်တော့… အင်း.. မြင်ယောင်သေး.. မြင်ယောင်သေး…
    ဒေါ်အိတုန်ရေ… 🙄 🙄

    • Khaing Khaing

      June 8, 2012 at 9:58 am

      ကိုစည်သူ သူဌေးတွေအတွက်ဆိုတာ သများကိုစောင်းပြောတာလား ……..

  • ကိုရင်မောင်

    June 8, 2012 at 12:30 am

    ၅ထောင်တန်တောင် ထုတ်ထားမှတော့
    တသောင်းတန်ထွက်တာသဘာဝကျပါတယ်..
    ခုလဲ တရာ နှစ်ရာ အသေးသုံးဖြစ်နေကြပြီဘဲလေ…

  • Kyaun htut

    June 8, 2012 at 1:16 am

    တခြားနိုင်ငံမှာလဲငွေ၁၀၀ဝတန်တွေရှိကြတာပါပဲ။စပယ်ယာအပြောမချင်ရင် ၁၀၀၀ဝတန်နဲ့taxiစီးပေါ့

  • Azzurri

    June 8, 2012 at 8:09 am

    အကြွေဇိ …(ရေးမိပြန်ဘီ ဒီ ဇိ …) ကိစ္စ ပြောမယ် ဆိုရင်..
    အဟမ်း… 😀
    နိုင်ငံတကာ မှာ ငွေအကြွေ ကို ကြေး ဘော် စတဲ့ သတ္တုနဲ့ ထုတ်တယ်..
    ကျုပ်တို့ဆီတော့ စက္ကူ ..
    လည်ပတ်နှုန်း မြန်ဆန်မြင့်မားလေတော့
    ကြာလေ စုတ်လေ … ညစ်ပါတ် နံဟောင်လေ…
    ကမာ္ဘ့ အနံစော်ဆုံး ပိုက်ဆံအိတ်တွေ ဖြစ်လာလေ…

    အကြွေဇိ ဆိုလို့ …
    တကယ်တမ်း အဆိုပါ ငွေအကြွေ ကိုယ်စားပြုတဲ့ တန်ဖိုးနဲ့ ဒင်းရဲ့
    ထုတ်လုပ်မှုစရိတ် ကွာလေတော့ … (ဆိုလိုသည်မှာ ၁၀ဝတန် ဆိုပါစို့)
    ကိုယ်စားပြု တန်ဖိုးဟာ ၁၀ဝကျပ် ဖြစ်ပေမယ့် သူ့အတွက်
    ထုတ်လုပ်မှုစရိတ်က ၅၀ဝကျပ် ကျချင်ကျမယ်…. ၇၀ဝကျပ် ကျချင်ကျမယ်…

    အတန်အကြီးတွေ ၅၀၀ဝတန် ၁၀၀၀ဝတန် တွေကျပြန်တော့ ပြောင်းပြန်..
    ထုတ်လုပ်မှုစရိတ်က စက္ကူဖိုး ပဲကျပေမယ့် ကိုယ်စားပြုတန်ဖိုး က များတယ်..
    သည်တော့ ၁သောင်းတန် ရိုက်ထုတ်လို့ …ရလာတဲ့အမြတ် ကို ငွေအကြွေဇိ
    ထုတ်တဲ့နေရာမှာ နည်းနည်း(နည်းနည်း) ဖဲ့ပြီး သုံးသင့်တယ် ထင်ရဲ့ ….

    ငယ်ငယ်က ကြားဖူးတာလေးပါ… အကြွေဇိ တွေကို လိုက်ဝယ်တဲ့ လူဒွေ
    ရှိသတဲ့ (များသတဲ့) အများစုက သမ္မာန် က ရေဒလက်တွေ အဖြစ် ပုံပြန်သွန်းပြီး
    လုပ်ကြသတဲ့လေ.. သိတဲ့အတိုင်း တမူး တမတ် အကုန်ခံပြီး တမူးတမတ် မက တန်တဲ့
    သတ္တု ကို ဝယ်တဲ့ သဘော နဲ့အကြွေတွေ စုကြသတဲ့ …။

    ပြောရရင် …တရားဥပဒေ စိုးမိုးရေး ဘက်ကို ပြန်သွားရမှာပဲ …။
    အဲ့လို အတ္တ သတ္တဝါဝေ … အကုသိုလ် အတုံးအခဲဒွေကို အမြစ်ပြတ်အောင် မသမ နိုင်လေတော့
    (၆၃မကျတော့) ရွှေဉာဏ်တော် စူးရောက်စွာ …
    အကြွေ ကို စက္ကူနဲ့ ထုတ်တဲ့ သံသရာ ပဲ လည်တော့ တာပါပဲ..

    ကောင်းဂျသေးရဲ့လား … တကိုယ်ကောင်းသမား က လူတစု … မိအောင် အမြစ်ပြုအောင်
    မှတ်လောက်သားလောက်အောင် ဖမ်းတာ ဆီးတာ ထောင်ချတာ ပညာပေးတာ မလုပ်နိုင်တာ လူတစု..
    အဲ့ ..အဲ့ဒဏ်ကို ခံရတာ တနိုင်ငံလုံး …
    ခွီးတဲ့မှဘဲ…
    စနစ်ကြောင့် လည်း ဟုတ်တယ်…ဟုတ်တယ်..
    လူကြောင့်လည်း ဟုတ်တယ်..ဟုတ်တယ်..

    ချဉ်ထှာ ..

  • eipu

    June 8, 2012 at 9:10 am

    10000တန်ထွက်လာရင်တော့ အဆေင်အဖြစ် တရွက်လောက်တော့ လဲထားရမယ်။

  • Wai Phyoe

    June 8, 2012 at 9:13 am

    အဆင်ပြေဖို့ထုတ်ပေးတာပဲဗျာ အာတွေသိပ်ရိုက်မနေကြပါနဲ့
    မကျေနပ်ရင်ကိုယ့်ပာာကိုယ် အကြွေလဲသုံးကြပေါ့ ဘာပြသာနာမှာလဲမပာုတ်ပဲနဲ့ ပုံတွေချဲ့မနေကြပါနဲ့ဗျာ
    ဘယ်နိင်ငံကအစိုးရမှ အိမ်တိုင်ရာရောက် အကြွေလာမလဲပေးဘူးဗျ

    • shwe kyi

      June 8, 2012 at 11:04 am

      မင်းပြောတော့လွယ်လိုက်တာ။ မင်းဆီမှာပဲလာလဲရမှာပဲ။ ရမလား။
      5000 တန်လခရလာရင် 1000 တန် လိုက်လဲရတာ လွယ်တယ်မှတ်နေလား။ ကိုယ့်တို့
      ပတ်ဝန်းကျင်မှာ အားလုံးက ဝန်ထမ်းတွေဆိုတော့ အားလုံးကလဲမပေးချင်ဘူး။
      လဲရင်လည်း နည်းနည်းပဲ လဲပေးနိုင်တယ်။ သူများနိုင်ငံအစိုးရက အိမ်တိုင်ရာရောက်လဲမပေးပေမယ့်ပြည်သူတွေအဆင်ပြေအောင်လုပ်ပေးနိုင်တယ်။ ကိုယ့်တိုင်းပြည်ကပြည်သူတွေ အဆင်ပြေအောင်မှလုပ်မပေးနိုင်ရင်အစိုးရမလုပ်နဲ့။
      အစိုးရရဲ့အလုပ်ဟာတိုင်းပြည်ကောင်းစားဖို့၊ ပြည်သူတွေအတွက်အစစအဆင်ပြေအောင်လုပ်ပေးဖို့။ ငွေကြေးဖောင်းပွလာရင် စီးပွားရေးပါဖွံ့ဖြိုးမှဖြစ်မယ်။ စီးပွားရေးကောင်းတဲ့ တိုင်းပြည်အတွက်
      ငွေကြေးဖောင်းပွတာ ကိစ္စမရှိပေမယ့် စီးပွားရေးမကောင်းရင်တော့…..။

    • etone

      June 8, 2012 at 1:41 pm

      ကိုဝေဖြိုးရေ … တစ်သောင်းတန် ထပ်ထွက်လာတဲ့ ရည်ရွယ်ချက်က …. အဆင်ပြေအောင်ဆိုတာ ဟုတ်မှ ဟုတ်ပါ့မလားဟင် ….. ။ တခြား အကြောင်းကြောင်းကြောင့်လည်း ငွေစက္ကူတွေပုံနှိပ်ပြီး ဖောင်းပွအောင်လုပ်တာ ခန့်မှန်း မိပေမယ့် … ယုန်လေး နှာစေးနေတာ အကောင်းဆုံးမို့ တိတ်တိတ်ပဲနေပါ့မယ် … ။

      တစ်သောင်းတန်ထုတ်တာ လတ်တလော အခြေနေမှာလူကုန်ထံတွေ အတွက်တော့ .. သယ်ဆောင်ရလွယ် ၊ ထားသိုရလွယ်လို့ အဆင်ပြေသွားပေမယ့် …. ကျွန်မတို့လို အခြေခံလူတန်းစားတွေအတွက်ကတော့ တစ်သောင်းတန်သုံးရတာ ခေါင်းခဲစရာပါပဲ ။ ဒီကြားထဲ စုတ်ပြဲသွားမှာ ၊ ပျောက်သွားမှာလည်း တွေးပူရပါတယ် …တစ်လခစာလောက်ရှိတော့ … တန်ဖိုးက မသေးဘူးကိုး …. ။ ဒါနဲ့ စကားမစပ် … အကြွေလဲလို့ ရမယ့် နေရာလေး ရှိလျှင်လည်း လမ်းညွှန်ပေးပါဦး ….. ကျွန်မက ဉာဏ်သိပ်မမှီလို့ ဘယ်နားသွားလဲရမှန်း မသိလို့ပါ … ။ :mrgreen:

    • mayjuly

      June 8, 2012 at 2:39 pm

      ကိုဝေဖြိုးပြောသလို လဲသုံးချင်ပါသော်ကော ..
      ဘယ်မှာလဲ အကြွေ ..
      တကယ်လိုအပ်တဲ့ အကြွေကိုတော့ လုံလောက်အောင်ထုတ်ပေးထားပါသလားးး

      ဘယ်အရာမဆို အဆိုးရှိသလို အကောင်းလဲ ရှိနိုင်ပါတယ် …

      တဖက်သတ်အမြင်နဲ့ လုပ်သင့် မလုပ်သင့်ကိုသာ ချင့်ချိန်နိုင်ရမှာပါ …

    • Thel Nu Aye

      June 8, 2012 at 8:11 pm

      ဘယ်သူ့အတွက်အဆင်ပြေတာတုံး ဝေပိုင်ရဲ့။ မြန်မာနိုင်ငံမှာ သူဋ္ဌေးတွေ မျက်နှာပဲကြည့်လုပ်တာ များနေပြီ။ အခြေခံလူတန်းစားအတွက်က ဘယ်တော့မှ မပါဘူး။ အခုလဲ ဒီ ၁၀၀၀ဝ တန်က သူဋ္ဌေးတွေပဲသုံးနိုင်မှာလေ။ ငါတို့လို အခြေခံလူတန်းစားတွေ အတွက်အဆင်ပြေဖို့မှ မဟုတ်တာ။ အဲတော့လဲ ပြောရေးရှိကပြောအပ်ရာဆိုသလို ပြောနေရတာပေါ့။ အကြွေလဲသုံးရအောင်က ဘယ်လိုမျိုးလဲသုံးရမှာတုန်း ပြောပါအုံး။ စီးပွားရေးဘဏ်မှာသွားလဲရင် ရုုံးက ၉ နာရီဖွင့်တယ်။ ၉ နာရီခွဲလဲကျရော ဒီနေ့ဖို့ကုန်သွားပြီ နောက်နေ့မှလာပါဆိုတော့ကာ ဘယ်လိုမျိုးလေးများလဲရ မှာတုန်း။ အဲဒီ ၁၀၀၀ဝ တန်ကိုကျတော့ကော အကြွေလဲပေးပါ ဆိုပြီး ဘယ်သူ့ဆီမှာသွားလဲရမှာ တုန်း။ လမ်းမှာတွေ့တဲ့သူဆီလဲလို့မှမရ။ ကဲပြောမယ်ဆိုလဲ ကုန်အောင်ရှင်းအောင်ပြောမှပေါ့။

  • Ma Ei

    June 8, 2012 at 9:17 am

    တစ်သောင်းတန် အသစ်တွေထည့်ထားတဲ့
    ထူထူထဲထဲ လစာအိတ်မျိုး…
    လိုချင်လိုက်တာ…အိတုန်လေးရေ…

  • Rose Minn

    June 8, 2012 at 9:58 am

    ငါးထောင်တန်တုန်းက လည်း ဈေးတွေ တက်ပြီးပြီ။ တစ်သောင်းတန်လည်း ဈေးတွေတက်အုန်းမှာလား။
    ကိုရီးယားမှာလို ခေါက်ဆွဲတစ်ပွဲ တသောင်းပေးဝယ်စားရတော့မှာလား။ Max ပုလင်းလိုအအေးတစ်ဗူး ထောင်ဂဏန်းပေးဝယ်သောက်ရတော့မယ့်ခေတ်ရောက် ဖို့ မဝေးတော့ဘူးပေါ့နော်။……….အမလေး ဒီလိုမျိုးဖြင့် ကိုရီးယားရူး မရူးချင်တော့ပါဘူး တော့………. :”(

  • Khaing Khaing

    June 8, 2012 at 10:02 am

    ဘယ်လောက်တန်ပဲထွက်ထွက်ပါ ကိုယ့်ဆီကအလုံးအရင်းမလျော့ဖို့ပဲအရေးကြီးတယ် တစ်သောင်းတန်ထုတ် ပီး တစ်ခြားငွေစက္ကူတွေကို ဖျက်သိမ်းတာမျိုးတော့မဖြစ်စေချင်ဘူး ………. အဲဒါလေးပဲစိုးရိမ်မိပါတယ် …..

  • Azzurri

    June 8, 2012 at 10:16 am

    အပြောင်းအလဲ တခုကြုံလို့ …
    ဈေးတွေ တက်တာ စီးပွားရေးသမားတွေချည်း
    အပြစ်တင် ပုံချ လုပ်လို့မရဘူးဗျ ….

    ကမာ္ဘက ပြားနေတာ … ဘယ်တုန်းက ပြားသွားတာလဲ ဟင်င်
    ဆိုတဲ့ ကွန်ဇာဗေးတစ်ဗ် တွေ ကြောင့် အများကြီးပါတယ်….
    ဘယ့်နှယ့် တခုခု အပြောင်းအလဲ မကြုံလိုက်နဲ့ ….
    ဆန်တွေ ပြေးဝယ် ထားတို့ ..ဈေးတက်တော့မှာ နော တို့..
    ငွေပိုငွေလျှံလေးဒွေ ရှိရင် ဖျက်သိမ်းမလား မသိဘူး ဘာညာပူပီး
    ရွှေတွေ အတင်း ဝယ်စု တို့ …. လုပ်ကြတာ လုပ်ကြတာ…
    ဝယ်လို အား တက်ရင် ပစ္စည်းပြတ် ရင် ဈေးတက်တာ ..သဘာဝပဲ…
    ဟိုက ဒီမန်း ဂျန်နရေးရှင်း လုပ်မယ်ကြံကာရှိသေး…
    ကိုယ့်ဘက်က အဝဲတွေ စွတ်စက် နက် ပီး … ဝယ်ဂျတာ ဝယ်ဂျတာ …

    တကယ်တော့ …
    အတွေ့အကြုံဆိုး ရှိခဲ့ဖူးတော့ …ပူကြ ကြောက်ကြတာ တော့ မဆန်းပါဘူး..
    ဒါပေမယ့် အနှီ အတွေ့အကြုံဆိုး ထပ်ဖြစ်ဖို့ကတော့ ကမာ္ဘပြားနေလို့
    ထပ်ဖြစ်ဖို့ အလွန့်(အလွန်) ခက်ခဲသွားပြီ ဖြစ်ပါဂျောင်း ….

    ဘယ်တုန်းက ပြားတာလဲ …ဟုတ်စ..
    မသိဝူးလေ.. သဂျီး ပြောတာပဲ…ပြားဘီတဲ့

    :mrgreen:

    • Khaing Khaing

      June 8, 2012 at 1:28 pm

      ကမ္ဘာကြီးပြားမပြားတော့မသိဘူး ……… ညည်းပြားသွားတာတော့သေချာတယ် မိဂီ …….

  • Thel Nu Aye

    June 8, 2012 at 10:40 am

    အင်း ဘီလိုပြောရမှန်းတောင်မီသိတော့ပါဘူး။ ဒီတသောင်းတန်က သာမာန်လူတွေအတွက်တော့ သုံးဖို့ တော် တော်ကိုခက်ပါတယ်။ ဈေးထဲမှာ ၅၀၀ဝ တန်ပေးရင်တောင် သေဆေးပေးသလိုပဲ။ လုံးဝလက် မခံဘူး။ အောင်မယ်လေးအမရယ် ဒီတရွက်ပျောက်သွားရင်ကျွန်မတို့ အရင်းပြုတ်မှာတဲ့။ ၁၀၀ဝ တန်မှ ယူသေးတယ်။ ဒီတသောင်းတန်သာယူသွား အဲနေ့ထမင်းငတ်မှာ။ အဲတော့စဉ်းစားကြည့်ရအောင်။ သာမာန်လူတန်းစားတွေ အတွက် အဲပိုက်ဆံ အသုံးဝင်လားဆိုတာ။ ဘတ်စ်ကားစီးလို့လဲမရ။ ဈေးဝယ်လို့ လဲမရ။ လက်ဘက်ရည်ဆိုင်ထိုင်လဲ တော်တော်ခက်မယ်။ များများစားမှရမယ်။ လက်ဘက်ရည်တခွက်နဲ့ ကတော့ မဖြစ်ရေးချာမဖြစ်။ ကလေးမုန့်ဖိုး ၁၀၀၀ဝ တန်ပေးပြီး ၉၅၀ဝ ပြန်အမ်းလာနော်ဆိုလဲ စိတ်မချရ။ ဆိုက်ကားစီးရင်လဲရိုက်ခံရမယ်။ ၁၀၀၀ဝ တန်ပေးလို့။ တက်စီစီးရင်တော့ နဲနဲနီးစပ်မယ်။ ဒါပေမဲ့ အမြဲတက်စီ စီးနေရမလိုဖြစ်နေတော့လဲမကိုက်။
    အဲတော့ အဲ ၁၀၀၀ဝ တန်က ရှော့ပင်းမောကြီးတွေမှာသုံးလို့ရမယ်။ ကေတီဗွီ၊ မာဆတ်၊ စားသောက် ဆိုင်ကြီးတွေ၊ ဟော်တယ်ကြီးတွေ၊ စိန်ဆိုင်၊ ရွှေဆိုင်တွေမှာ ဆိုရင်တော့ အထုပ်သေးသွားတော့ သယ်ရ တာ၊ ရေတွက်ရတာ အလုပ်ရှုပ်သက်သာတာပေါ့။ နောက်ပြီး ဂါမယ်၊ ဝေါရှိဝေါရှိလုပ်မယ်ဆိုတော့လဲ စာ အိပ်ကလေးနဲ့ အသာလေးပေးလို့ လွယ်တော့လူမမြင်တော့ ဘူးဆိုတော့ အဆင်ပြေတာပေါ့။ အဲတော့ ဘယ်သူတွေအတွက်ထုပ်တာလဲဆိုတာတော့ရှင်းပါပြီ။ ရှင်းပါပြီ။ ကိုယ်တွေအတွက်မဟုတ်လို့ ထွက်ရင်တော့ မြင်ဖူးအောင်တော့ကြည့်လိုက်ပါ့မယ်။ ကျန်တာတော့ သုံးလို့ရတဲ့သူများသာသုံးကြ ပါစေပေါ့။ စေဒနာတွေ စေဒနာတွေ။

  • mocho

    June 8, 2012 at 10:49 am

    အပေါ်ဆုံးမှာ ဦးဦး ပါလေ ရာ မန့် သလို ပါပဲ စလုံးမှာတော့ATM တွေ online banking တွေVISA ကဒ် တွေ သုံးနေ တဲ့ ကြား မှာ ၁၀၀ဝ တန် လည်း ရှိပါသေးတယ်။ ကျမ တခါမှ မကိုင်ဖူးသေးပါဘူး။ ၁၀ဝတန်တောင် အသုံးနည်းပါတယ်။ ၅ဝတန် ၁ဝ တန် နဲ့ ၂ဒေါ်လာတန် ၅ ဒေါ်လာတန် တွေ ပဲ အသုံးများပါတယ်။အကြွေ ဆိုလည်း ၅ ပြား ၊၁ဝပြား၊ ၂ဝ ပြား နဲ့ ကျပ်စေ့တွေ သုံးနေ ဆဲပါပဲ။ စူပါ မားကက်တွေ နဲ့ တရုတ်၊ ကုလားဆိုင် တွေမှာ အကြွေ စေ့ ထုတ်လေးတွေ ဆောင် ထားပြီး အမ်းပေးပါတယ်။ မြန်မာဆိုင် တွေ ကတော့ အစဉ်အလာ မပျက်၊ အကြွေ အမ်းဖို့ အခက်အခဲရှိကြပါတယ်။ တခြားနေရာတွေမှာ ၅ပြားစေ့ ကို အပေးအယူ ရှိ ကြ တုန်းဖြစ် ပေမယ့်ပင်နီစူလာက မြန်မာဆိုင်တချို့ မှာတော့ ၅ပြားစေ့ ကို မယူ ကြ ပါဘူး။

  • htoosan

    June 8, 2012 at 11:00 am

    ငါးထောင်တန် ထွက်တုန်းကလည်း ဈေးတွေ ဒီလောက် တက်မသွားခဲ့ပါဘူး ။
    အခုလည်း မတက်လောက်တော့ဘူးလို့ထင်ပါသည် ။
    ငါးထောင်တန်လည်း ထုတ်တာထုတ်ထားတာဘယ်လောက်မှ လည်ပါတ်မနေပါဘူး ။
    ငါးဆယ်တန် ရာတန် နှစ်ရာတန်တွေလည်း ကျွန်တော့် အတွေ့ အကြုံ အရ ဒီလောက် အခက်အခဲမရှိတော့ပါဘူး ။ အကြွေပါလား မေးကြပေမဲ့ မပါဘူး ပြောရင်လည်း ပြန်အမ်းနိုင်တဲ့ အဆင့်ရှိနေပါပြီ ။
    ဂီဂီပြောသလို တစ်သောင်းတန်ထုတ်တဲ့အတွက် အမြတ်အစွန်းရပြီး ငါးဆယ်တန် ရာတန်တွေ ပို ထုတ်လာနိုင်မည်ထင်ကြောင်းပါ .။

  • laypai

    June 8, 2012 at 11:59 am

    တစ်သောင်း တန် ကို ဘယ်ရွက် ကိုင် နိုင်မှာ မို့ အဲ လောက် ထိ အငြင်း ပွားနေ ကြတာ ပါ လိမ့်။
    ( ကိုင်နိုင်သူများ ပွားနေ သည် ကို မပြော ဘူး နော်။ အတုတ် ခံ ရမှာ ကြောက်လို့။ )
    ဝန်ထမ်း တွေ လစာ ပေး တော့ အကြွေ ထည့် ပေး တာ တစ်လ နှစ် လ လောက်ပဲ လုပ်ခဲ့ တာ တောင် အတော် အဆင်ပြေ သွားတာတယ်။
    ခု လဲ သိပ်စိတ် မပူ ပါနဲ့ ငါ တို့ နိုင်ငံ ကြီး အကောင်း ဘက် ကို ဦးတည် နေတာ တော့ သေချာ တယ် ဟေ့။
    လျင်လျင် မြန်မြန် ရွေ့ လျား ဖို့ မရွေ့လျား ဖို့ ကတော့ စွမ်းအင် ပဲ လို တယ်။

    • Thel Nu Aye

      June 8, 2012 at 8:15 pm

      မကိုင်နိုင်လို့ပြောနေတာဟေ့။ ကိုင်နိုင်မှတော့ အုပ်လိုက်ကိုင်ပြီးတော့ စိတ်ကြိုက်ရှော့ပင်ထွက် လိုက်မယ်။ ပြောကိုမနေတော့ဘူး။ ပိုက်ဆံအိပ်ထဲများများသယ်နိုင် များများဝယ်နိုင်မှတော့ warmly welcome ပဲပေါ့။ အခုက အဲလိုလုပ်ဖို့ထက် ကိုယ့်ဆီတရွက်လောက်ပါလာရင်ပဲ အကြွေ ဖျက်သုံးရမယ့်အခြေအနေမို့ပြောနေရတာဟေ့။

  • mayjuly

    June 8, 2012 at 12:11 pm

    ၅၀၀ဝ တန်တောင် လက်ထဲရောက်လာရင် မြန်မြန်ပြန်ထုတ်ပစ်တာ …
    အတု နဲ့ မှားပေးမိမှာကိုကြောက်လို့ ..
    ခု ၁၀၀၀ဝ တန်ဆိုရင်တော့ ဟေးဟေးးး

  • ပေါက်စိန်ဗိုက်

    June 8, 2012 at 12:19 pm

    များတို ့ငမွဲဒွေ အတွက်
    ဈေးဝယ်သူနဲ ့ ရောင်းသူကို ရန်တိုက်ပေးလိုက်သလိုဘဲ

    • ဦးဦးပါလေရာ

      June 8, 2012 at 12:32 pm

      အေး…. အေး….
      နင့်ဆိုင်လာသုံးရင် ပြန်အမ်းပေးဘို့ ပိုက်ဆံအထုပ်လိုက်ကြီးသာဆောင်ထားပေတော့…။
      ပြီးတော့ နဲနဲလဲလျှော့သောက်…
      အင်တာနက် သုံးရာ့ငါးဆယ်ဘိုးလာသုံးပြီး တသောင်းတန်ပေးရင် ဘယ်လိုပြန်အမ်းရမယ်ဆိုတာ အတွက်မမှားအောင်…. 😀 😀

  • pan pan

    June 8, 2012 at 12:47 pm

    အဲဒီတစ်သောင်းတန်ကို တထေးဒွေဘဲကိုင်ကြဘာ
    ဟောသည်က မိပန်ပန်ကတော့ တစ်သောင်းတန်နှင့် မသက်ဆိုင်သောသူဖြစ်တော့မယ်ထင်ရဲ့
    လစာထုတ်ရင်တော့ ပိုက်ဆံအိတ်ထဲ ထည့်လို့ဆန့်ပါရဲ့
    သုံးလို့ မဆန့်တာခက်မယ်ထင်ပ့ါ 🙄

  • cobra

    June 8, 2012 at 8:36 pm

    ကုန်ဈေးနှုန်းကတော့တက်တော့မှာပဲ။
    ဘာတွေများလုပ်နေလဲမသိဘူး။
    ပိုက်ဆံကရှာလို့မရတဲ့ကြားထဲအသစ်တွေကထပ်ထွက်နေတော့
    ဘယ်လိုလုပ်ကြမလဲ။

  • swelet khut

    June 8, 2012 at 9:01 pm

    ကျော်ထူးလေသံနဲ့ပြောရရင် အဲ့ဒါဘဲ ဆိုသလိုပါပဲလား။ အရပ်သားအစိုးလို့ ပြောပီး အသစ်ထွက်လာတဲ့ ပိုက်ဆံမှာ လဲ ဗိုလ်ချုပ်ပုံလဲမပါပါလား။ ခဏပဲခံမဲ့ဓါတ်ပုံချိတ်ထားတာကို ကြည့် ပီး ပြောင်းလဲနေပါပီ ပြောနေတဲ့ငပိန်းတွေကလဲရှိသေးတယ်။
    တကယ့်အတွင်းစိတ်က အရင်အတိုင်းဆိုတာမမေ့ကြနဲ့။

  • snow white

    July 8, 2012 at 7:18 pm

    ၁၀၀၀ဝတန် ၁၀၀၀ဝတန် ကိုင်တော့ကိုင်ဖူးသွားပြီ လက်ထဲမှာတော့မထားဘူး ဘာလို့လည်းဆိုတော့ မသုံးဘဲ သိမ်းထားလည်း အလကားဘဲ ၁၀၀၀ဝတန် အိတ်ထဲထည့်ထားလည်းအချိန်တန် ကျသုံးရမှာဆိုတော့ အိတ်ထဲတောင်မထည့်ထားဘူး….

Leave a Reply