မန္တလေးတိုင်းအတွင်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဆိုင်းဘုတ်များအား သောကြာနေ့က ဖြုတ်ချလိုက်ကြောင်း သိရသည်။
မန္တလေးတိုင်းအတွင်းရှိ (၃၁) မြို့နယ်တွင် ယခင်တင်ထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဆိုင်းဘုတ်များအား ပါတီဆိုင်းဘုတ်အသွင်ပြောင်းရန်အတွက် သောကြာနေ့က တပြိုင်တည်း ဖြုတ်ချလိုက်သည်ဟု ဒေသခံတဦးက ပြောကြားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းအား ယခုလ (၉) ရက်နေ့က နိုင်ငံရေးပါတီအဖြစ် ရွေးကောက်ပွဲကော်မရှင်မှ မှတ်ပုံတင်ခွင့် ပြုခဲ့သည့်နောက်ပိုင်း မန္တလေးဒေသနှင့် မြန်မာပြည်မြောက်ပိုင်းကို အဓိကထားစည်းရုံးမည့် စက်မှု (၁) ဝန်ကြီးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးအဖွဲ့ဝင် ဦးအောင်သောင်း ရောက်ရှိခိုက် ယခုကဲ့သု့ိ ဖြုတ်ချလိုက်ခြင်းဖြစ်သည်။
3 comments
snow
June 22, 2010 at 11:07 am
ဘာတွေကြံနေလဲသိဘူးးးးးးး
yannaingech
June 22, 2010 at 11:49 am
မှတ်မိသွားမှာစိုးလို့ ရုပ်ဖျက်နေတာ။ ရှူး…မမှတ်မိချင်ယောင်ဆောင်နေကြ…
kokogyi
June 22, 2010 at 3:15 pm
မြွေတွေ အရေခွံ လဲ သလို့ နေမှာ ပါ… ဘာဘူကြီး နဲ့ အရာကြီး တူတူပါပဲ ကလေးတွေမှာ မဟုတ်တာကိုး…. ဇွတ်ပြောင်းချင်နေကြတာပါ