“ကျနော်တို့ဝမ်းတစ်ထွာနဲ့သူတို့ဝမ်းတစ်ထွာ အပိုင်းတစ်”



















“ကျနော်တို့ဝမ်းတစ်ထွာနဲ့သူတို့ဝမ်းတစ်ထွာ အပိုင်းတစ်”
ကျနော်ဒီတစ်ခေါက် ရှမ်းမြောက်ကို ခရီးသွားဖြစ်ပါတယ်။
ဇွန်လဆန်းမှာပေါ့။
ခရီးကတော့ တရုပ်ပြည်နယ်စပ်ကျယ်ဂေါင်ထဲကိုသွားမှာပါ။
အဲတော့ တံတားလေးတစ်ခု မြစ်ကလေးတစ်စင်းကိုကျော်လိုက်တာနဲ့ရောက်သွားနိုင်တဲ့
ရွှေလီဆိုတဲ့မြို့ထဲကိုရောက်သွားနိုင်ပါတယ်။
ကျနော်က သာမန်လူတန်းစားတွေရဲ့နေမူ့ထိုင်မူ့တွေကို စိတ်ဝင်စားပါတယ်။
အထူးသဖြင့်စားဝတ်နေရေးထဲက ဝမ်းတစ်ထွာအတွက်ရုန်းကန်ရတာကိုပေါ့။
ဘယ်နိုင်ငံဘယ်ဒေသမှာမဆို ဘယ်လောက်တိုးတက်တိုးတက် တစ်နေ့လုပ်တစ်နေ့စား
ဘဝနဲ့ရုန်းကန်နေရသူတွေကရှိစမြဲ။
ကျနော် သူတို့မြေထဲရောက်တဲ့အခါမှာ ဝမ်းတစ်ထွာအတွက်ရုန်းကန်ရသူတွေကို သတိထားလို့မှတ်တမ်းတင်မိပါတယ်။
ကြယ်ဂေါင်မှာရွှေလီမှာ တရုပ်၊မြန်မာ၊ရှမ်း လူမျိုုးပေါင်းစုံရဲ့ ဝမ်းစာရှာဖွေရတာကိုသွားတွေ့ပါတယ်။
သူတို့တစ်တွေရဲ့ လှုပ်ယှားမူ့တွေကို လေးစားမူ့ စာနာမူ့တွေနဲ့မှတ်တမ်းတင်ဖြစ်ပါတယ်။
အခု တင်ထားတဲ့ပုံလေးတွေထဲမှာဆိုရင်
ပုံ၁ ကတော့ လမ်းဖြတ်သန်းခကောက်ခံတဲ့ဂိတ်မှာ ရိုးသားစွာပန်းရောင်းတဲ့ကလေးမလေး
ပုံ၂ ကတော့ရွာစဉ်လှည့်လို့ ဟင်းချက်စရာအသီးအနှံလေးတွေကို ဆိုင်ကယ်နဲ့လိုက်ရောင်သူ
ပုံ၃ မှာတော့ တရားဝင်တာ မဝင်တာ ကျနော်မသိပေမယ့် ကယ်ရီခနည်းနည်းလေးနဲ့သက်စွန့်ဆံဖျား
ပုံ၅ ကဆိတ်ကျောင်းသူကတော့ တရုပ်အဘိုးအို
ပုံ၆ တိုက်ခေါင်မိုးကိုဆေးသုတ်နေတဲ့ရွှေမြန်မာ သုံးထပ်တိုက်ကြီးပေါ်မှာ
ပုံရ မနက်စောစော သန့်ရှင်းရေးလုပ်ရင်းမုန့်စားနေတဲ့သူ
ပ၈ ပစ္စည်းအဟောင်းတွေကို ဒိုင်သွားပို့မယ့်ရွှေမြန်မာ
ပုံ၉ မီးသွေးတွေကို ရွှေလီထဲသွားပို့မယ့်သူ
ပုံ၁၀ မုန့်ဟင်းငါးလည်ရောင်းတဲ့ရွှေမြန်မာ
ပုံ၁၁ အလုပ်လာခေါ်မယ့်သူကိုစောင့်နေတဲ့ရွှေမြန်မာ
ပုံ၁၂ ရွှေလီဈေးနားက ဆိုက်တွဲဂိတ်
ပုံ၁၃ အဝေးပြေးဂိတ်နားက သစ်သီးသည်
ပုံ၁၄ ပြောင်းဖူးပြုတ်သည်
ပုံ၁၅ လှည်းနဲ့ရောင်းတဲ့သစ်သီးသည်
ပုံ၁၆ ဟင်းသီးဟင်းရွက်ကို ဆိုက်တွဲနဲ့လိုက်ရောင်းသူ
ပုံ၁၇ ကစားကွင်းထဲမှာကလေးကစားစရာ ငှားစားသူ
ပုံ၁၈ ဆိုက်တွဲနင်းတဲ့သူ
ပုံ၁၉ ကျယ်ခေါင်ဘက်ကို အလုပ်လာလုပ်တဲ့ရွှေလီဘက်က လူစု
ပုံ၂၀ ဆိုက်တွဲနင်းတဲ့ယောက်ျား
ဝမ်းတစ်ထွာအတွက်ရိုးသားစွာရှာသူများ…………………………….
ကိုပေါက်လမ်းသလားနေသည်
(14-6-2012)
18 comments
ရဲစည်
June 15, 2012 at 8:20 am
နောက်ထပ် ရိုက်ချက်လေးတွေ တင်ပေးပါအုံး လေးပေါက်ရေ…..
“ကိုပေါက်လမ်းသလားနေသည်” ဒါလေးတော့ ကြိုက်သဗျို့
ကိုပေါက်(မန္တလေး)
June 15, 2012 at 8:24 am
ရူ့မျှော်ခင်းတွေချည်းဘဲကြည့်ရတာ ပျင်းနေမှာစိုးလို့ လူပုံလေးတွေတင်ပေးတာပါ.
မောင်ပေ
June 15, 2012 at 9:00 am
ဈေးသည် တစ်မျိုးရဲ့ပုံ ကျန်သွားတယ် ထင်ပါရဲ့
မမြင်ဖူးတာတွေ ကြည့်ခွင့်ရလို့ ကျေးကျေးဘာ
ရဲစည်
June 15, 2012 at 9:04 am
ကျနော်သိတယ်နော် ကိုပေ
သူတို့တွေ ထင်းလုံဟိုတယ် အနောက်ဘက်ခြမ်း အတွင်းထဲရောက်သွားလို့ လေးပေါက် လက်ဆော့လို့မရတော့ဘူးတဲ့ 🙁
ဟို ဝါးတားမဲလုံး ဆိုသူပြောတာကို ပြန်ပြောပြတာ
မောင်ပေ
June 15, 2012 at 10:17 am
စီဂျေ ရဲစည် အိ သတင်း ဓါတ်ပုံများကို ကြည်လင်ပြတ်သားစွာ ကြည့်ချင်မိပါကြောင်း ရယ်ဘာလေ။
ရဲစည်
June 15, 2012 at 9:00 am
အားပေးသွားတယ် လေးပေါက်ရေ…
နောက်ထပ် ရိုက်ချက်လေးတွေလဲ စောင့်နေပါတယ်ဗျို့
သူရို့ဆီက အလန်းလေဒွေ ခေါင်းစဉ်နဲ့ ပို့စ်လေးလဲ ဘယ်တော့လာမလဲ စောင့်မျှော်နေပါတယ်.. 🙂
ဩော.. “ကိုပေါက် လမ်းသလားနေသည်” အဲဒါလေး ကြိုက်သဗျို
ကိုပေါက်(မန္တလေး)
June 15, 2012 at 9:16 am
မောင်ပေ မင်းပြောတာလေးတွေက အလွယ်နဲ့မတွေ့ရတော့ဘူး။
ညဈေးရောက်တော့ ဟော်တယ်ဘေးမှာ တစ်ကိုယ်တော်လေးတွေ တွေ့တယ်။
အအေးဆိုင်မှာလဲတွေ့တယ်။
သို့သော် လက်မဆော့ရဲဘူးကွဲ့။
ဦးဦးပါလေရာ
June 15, 2012 at 10:10 am
ထူးထူးခြားခြားသန့်ရှင်းနေလိုက်တာ
ကျွန်တော့်အထင်က တရုတ်တွေ ဒီလောက်သန့်ရှင်းမယ်မထင်ထားဘူး
(စင်္ကာပူဆို ဒုတိယအညစ်ပတ်ဆုံးနေရာက တရုတ်တန်းပဲ… 😀 )
သူတို့ဆိုက်ကားကိုလဲ ကြိုက်တယ်…။
Thel Nu Aye
June 15, 2012 at 11:11 am
ထူးထူးဆန်းဆန်းမတူကွဲပြားတဲ့ဈေးရောင်းနည်းလေးတွေမို့ ဗဟုသုအဖြစ်ကြည့်ရှု့သွားပါတယ်။ ကိုပေပြောတဲ့ဈေးသည် လေးတွေလဲစိတ်ဝင်စားသား။ ဒီမှာနဲ့ဘယ်လိုများမတူကွဲပြားသလဲစပ်စုချင်တာပါ။ အိမ်နားမှာတော့ အားလုံးအားလုံးရှိတာမို့ နေ့တိုင်းမြင်နေရပါကြောင်း။ ဖောက်သည်လုတဲ့ညဆိုရင် ညနှစ်နာရီလောက်ပွဲထထကြည့်ရပါကြောင်း။
နွယ်ပင်
June 15, 2012 at 11:25 am
မရောက်ဖူးတဲ့ နေရာက မတူဘဲကွဲပြားနေတာလေးတွေကို
ဗဟုသုတ အဖြစ်နဲ့ ကြည့်ခွင့်ရလို့ ကျေးဇူးပါ လေးပေါက်ရေ …
water-melon
June 15, 2012 at 11:49 am
လေးပေါက်
တလုပ်မလေးတွေမပါဘူးလား
လက်ပတ်အစိမ်းလေးတွေနဲ့ဆို
အဟီ 😀
စိန်ဗိုက်ဗိုက်
June 15, 2012 at 12:05 pm
လုပ်စားရတာ မလွယ်ပါလားနော်..
အင်း..ဒါကြောင့်လဲ တောင်းစားနေကြသကိုးဗျာ…
ဘာပဲဖစ်ဖစ် သိက္ခာရှိရှိ လုပ်စားတာမွန်မြတ်လှပါတယ် အုပေါက်ရာ..
များကို တစ်သိန်းလောက်ချီးဘာဦး..ဘီအီးဖိုး ပြတ်တွားလို ့
kai
June 15, 2012 at 12:11 pm
တော်တော်သန့်ရှင်းသပ်ရပ်တဲ့.. မြို့တခုပါပဲ..
နယ်စပ်မြို့လေးပေါ့နော..။
အင်း..
နောင်၁ဝနှစ်အတွင်.. ချိုင်းနားဟာ.. စူပါပါဝါဖြစ်လာမယ်ဆိုတာ.. သေချာလာတယ်..
–
ပုံတွေအတွက်.. ကျေးကျေး..
ညလေး
June 15, 2012 at 1:11 pm
လေးပေါက်ရာ ပုံ20 က စက်ဘီး နဲ.တော့မလိုက်ပါ့ရစေနဲ.နော်……
မြို.ပတ်လေညင်းခံ ရမှာမဟုတ်ဝူး……
မြို.ပတ်ရင်း….သူ.ချိုင်းနံနဲ.မူးလဲသွားမှာသေချာတယ်….
may flowers
June 15, 2012 at 1:44 pm
လေးပေါက်ရေ ပုံလေးတွေကြည့်ပြီး အားပေးသွားပါတယ်။
kyeemite
June 15, 2012 at 2:29 pm
ဒီတခါအမြင်ဆန်းတဲ့ပုံလေးတွေအတွက်
သင့်ခရုပါ ကောက်ပို..
ကိုပေါက်(မန္တလေး)
June 15, 2012 at 4:36 pm
နက်ဖြန်ဒုတိယပိုင်းထပ်တက်လာမယ်နော် မျှော်……………………
ကိုပေါက်(မန္တလေး)
June 15, 2012 at 4:56 pm
မှတ်မှတ်ရရပြောရရင် နံပါတ် တစ်ဆယ် ပုံက ကျနော်နဲ့ ရဲစည် ထမင်းစားဘို့ အလာ လမ်းမှာတွေ့တော့
လျပ်တစ်ပြက်ဆော်ထဲ့လိုက်တဲ့ပုံ။
ရဲစည်တောင် မသိလိုက်ဘူးထင်တာဘဲ။