” သရဲ ( ၂ ) ”
အလွမ်းနဲ့အိပ် အလွမ်းနဲ့စား အလွမ်းနဲ့ လှုပ်ရှားလုပ်ကိုင်နေခဲ့တဲ့ ကျွန်တော့ထံကိုသူမဆီကစာလေးတစောင် ရောက်လာခဲ့တယ်။ စာလေးထဲမှာ ” ကို့ ကို အရမ်း လွမ်းတယ် ” တဲ့။ ဒီစာလေးကိုနေ့ခင်း ထမင်း စားပီးချိန် မှာ ရခဲ့တယ်။ ဒါနဲ့ ရုံးကို သွားပီးခွင့် တိုင် တယ်။ ခွင့် ပေး တဲ့ ဂျာကြီး က ပြုံးပြုံး ကြီး ကြည့် ပီး ” ဒီလို အချိန်ကြီး မင်း ဘယ်လိုသွား မှာလဲ ” လို့ မေးခဲ့တယ်။ ဟုတ်ပါတယ် ။ မိုးအရမ်း ရွာ ထားလို့ တောတွင်း လမ်းတွေ ပျက်ဆီးနေတဲ့အချိန်။ ဒါပေမဲ့ အဆင်ပြေသလိုသွားမယ် လို့ ဖြေခဲ့တယ်။ ဂျာကြီး ကကျွန်တော် တို့ နှစ် ယောက် အကြောင်း သိသလို ကျွန်တော့ ကောင်မလေးကိုလည်းမြင်ဘူးတယ်။ သူက မှတ်ချက် ပေးခဲ့တယ် ” ရဲရင့်! မင်းကောင် မလေးက အချောလေးပဲကွ ! ” တဲ့။ ဟုတ်ပါတယ်။။။ လူတိုင်း ဒီလိုပဲ ပြောခဲ့ကြတယ်။။။ ခု။။။ သူ။။။ ကျွန်တော့အ နားမှာ မရှိ တော့ပါဘူး။။။ ဘဝ ခြားခဲ့ပါပြီ။။။ ဘယ်လိုမှ ပြန်မဆုံ နိုင်တဲ့ လမ်းဆီကို သူ သွားခဲ့ပီ ဗျာ။ ( ကျွန်တော် တို့ နှစ်ယောက် အကြောင်း လေး ကို ” မိုးက ပြော တဲ့ ချစ်ပုံပြင် ” ဆိုတဲ့ နာမယ် လေးနဲ့ ကျွန်တော် ရေးချင်ပါသေးတယ်။။။ ဒါပေမဲ့။။။ အခု ရေးမဲ့ အကြောင်း အရာ အပါအဝင်အားလုံးမှာ ကျွန်တော်နဲ့ တိုက်ရိုက် သက်ဆိုင် နေတဲ့သူတွေ အတွက် နေရပ်ဒေသနဲ့ အမည် အား လုံးကို ချန်လှပ် ရေးသားလိုက်ပါ့မယ် )
ရဲရင့်လှိုင်
သိသိကြီး နဲ့ ကားကြုံ လိုက် လာရင်း လမ်းခွဲ ရောက် တော့ ည ( ၁ ) နာရီ ခွဲပီ။ ( ၃ ) နာရီ နီးပါး လမ်းလျှောက် ရမဲ့ ခရီး က ကျန်သေးသည်။ ကား ဆရာက အားတုံ့အားနာ နှုတ်ဆက်ရင်း ရေသန့် တဘူး ပေးခဲ့သည်။ သူမ အကြောင်း ကို တွေးရင်း လမ်းလျှောက်နေ ခဲ့သည်။ ဒီဒေသ က ကျွန်တော့ ဒေသ မဟုတ်။သို့သော် ခုနေ ကားကြုံ ဆိုင်ကယ် ကြုံ လေးများ ကြုံရင် ကောင်းမှာပဲလို့ တွေး နေ စဉ် နောက်ကျော ဘက် အရပ် က ဆိုင်ကယ်သံ ကြားရသည်။ ( ၁ ) မိနစ်။။။ ( ၂ ) မိနစ်။။။ ( ၃) မိနစ်။။။ ( ၅ ) မိနစ်။။။ မျှော် သာ မျှော် ပေါ် မလာ သည့် ဆိုင်ကယ် ။ အသံကြား ရုပ် မမြင်မို့ သံသယ ဝင်လာပြီ။ ဘာလဲကွာ လို့ တွေးရင်း လမ်း ဆက်လျှောက်သည်။ ( ၁ဝ ) မိနစ် လောက် ကြာတော့ ဒေါသ ဖြစ် လာပီး ဘာမှ မမြင်ရတဲ့ ကျောဘက် လမ်း ပေါ်ကို ကျွန်တော် ခဲနဲ့ထုခဲ့သည်။ ” ဗျော။။။” လက်နဲ့ စုပ်ပစ် သလို ကျွန်တော် ရှိရာကို သဲ တွေ ခဲတွေ နဲ့ပြန်ပစ်သည်။ အဲဒီ အချိန် မှာ မျက်ရည် လည်ပီး ကြက်သီး ထခဲ့ရသည်။ ကြောက်ဒေါသ နဲ့တော့ ပြန်အော်သည်။ ” ဘာလဲကွာ ! ” ပေါ့။ ဆိုင်ကယ် သံ က ပိုကျယ်လာပီး ” ဝုန်း ! ” ကနဲ လဲကျ သံပါကြားလိုက်ရတယ်။ အသံ က နီးနီးလေး နဲ့ အကျယ်ကြီး ။။။ ဒါပေမဲ့ ဘာမှ မမြင်ရဘူး။။။ နာမည် က ရဲရင့်လှိုင်။။။ အဲဒီ အချိန်က ပြေးလိုက်တာ မွှတ်နေတာပဲ။။။ အသက် ရှူ မဝလောက်အောင် မောလာမှ အပြေးရပ်တယ်။ စိတ်အင်အား တွေ သတ်တိ တွေ စုစည်း ပီး ပုံမှန်ပြန်လျှောက်ခဲ့တယ်.။ ” ဝုန်း ! ” ရှိသမျှ လိပ်ပြာ တွေ အကုန်လွင့်ကုန်တယ်။ လမ်းဘေးက ညောင်ပင်ကြီး ဆီက အသံ။။။ ဒါပေမဲ့။။။ ဘာမှ မမြင်ရဘူး။။။ ညောင်ကိုင်းကျိုး တာလား ဆိုတဲ့ အတွေး မှာ သက်သေမရှိဘူး။ ” လုပ်ကြကွာ ! ” အဲဒီလို အော်လည်းအော် ပြေးလည်းပြေး ပေါ့။ ချွေးတွေကိုနစ်လို့ ။ လိုရာ ခရီး အမြန်ဆုံး ရောက်အောင်ထင်ပါ့။ ဒီလိုနဲ့ ပြေး လိုက် သွားလိုက် လုပ်နေရင်း ” ဟာ။။။” ကျွန်တော် နဲ့ အပြိုင် ဘေး မှာ ပြေးနေ တဲ့ မဲမဲကြီး။။။ ကျွန်တော်မျက်လုံးမှိတ် အော်ပီး ပြေးတယ်။လဲကျ မလိုလည်း ဖြစ်ခဲ့တယ်။ဒီလိုနဲ့ နောက်ဆုံး ကျွန်တော်လိုရာကို အမြန်ဆုံး ရောက်တယ်။ ကျွန်တော် တည်းနေကျ အိမ်ကိုပါ။ ” ဘယ်နေရာ။။။ ? ” ကျွန်တော့မိတ်ဆွေရဲ့ အမျိုးသမီး က ဆိုင်ကယ် သံ ကြား တဲ့ နေ ရာကို မေးတယ်။ ပီးတော့ သူ့ ယောက်ကျား မျက် နှာကို ကြည့်တယ်။ ” ညီလေး ပြောတဲ့ နေရာ မှာ ပီးခဲ့တဲ့လ က ဆိုင်ကယ်နဲ့ ကားနဲ့တိုက်ပီး ဆိုင်ကယ် သမား ဂေါင်း ကျေ ပီး ပွဲချင်းပီး သေသွားတယ်” “ဟုတ်တယ်! အဲဒီ ကောင်မသေ ခင်က အရမ်း ဆိုးတယ်။ အိပ်ဇော ဖြုတ် ထား တဲ့ သူ့ ဆိုင် ကယ် သံ ကြောင့် အငယ် မ လေးဆို လန့်လန့် နိုးတယ်။” ” ညီလေး ပြောတဲ့ ညောင် ပင် က ဒို့ရွာ မှာ နာ မည် ကြီး ပေါ့ ကွာ။ ညောင်ပင်နောက်က အခင်း ပိုင် ရှင် သမီး က အဲဒီ ညောင်ပင် မှာ ကြိုးစွဲချ သေသွား တာကွ။ အေး ။။။ မင်းပြေး သလို လိုက် ပြေး တဲ့ နေ ရာကလည်း တိုက် ပွဲ တွေ အကြီး အကျယ် ဖြစ် ခဲ့ တဲ့ နေရာပဲ။ နောက်အချိန် မတော် တယောက် တည်း မ လာ ပါနဲ့ကွာ။ ပီးတော့ ဒို့ နေ ရာ က အညို ရောင် နယ်မြေပါ ။” သူမ နဲ့တွေ တော့ လည်း ဒီအကြောင်း ကို ပြောဖြစ်ခဲ့တယ်။ မျက်ရည်အဝိုင်း သား လေးနဲ့နား ထောင် ပီး ” ကို ရယ်။။။ နောက်ဆို အချိန်မတော်ကြီး တယောက် တည်း သွားတာ လာတာ မလုပ်ပါနဲ့” တဲ့။
9 comments
YE YINT HLAING
June 15, 2012 at 8:14 am
သရဲ ( ၁ ) ကို အားပေးခဲ့ သူတွေ ကော ကွန်မန့်ပေးတဲ့ သူတွေကော ထပ်ပီး ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ သရဲ အ ကြောင်း ရေးရင်း ကြောက်စိတ် မဝင်မိပဲ တခြား စိတ်ခံစားမှူ့ တခုက ရင်ထဲ ရောက်လာတယ်။ ဒါကြောင့် စိတ်ဝင်စားစရာ ကြောက်စရာ မကောင်းခဲ့ရင် ခွင့်လွတ်ပေးကြပါဗျာ။
မောင်ပေ
June 15, 2012 at 9:23 am
ခဲ နဲ့ ထု ရင် သဲနဲ့ပက်မယ် ဆိုတဲ့ သရဲမျိုးပေါ့နော်
မိုးကပြောတဲ့ ချစ်ပုံပြင်လေးလဲ ရေးပေးပါအုန်း။
စိန်ဗိုက်ဗိုက်
June 15, 2012 at 11:01 am
ကိုရဲက သရဲအကြောင်းရေးရင်း ချစ်ချစ်ကို သတိရသွားတယ်ထင်ပါ့..စိတ်မကောင်းလှပါဗျာ..
သဂျီး မြန်မာနိုင်ငံလာရင် အဲဒီညောင်ပင်အောက်ကို အမဲသားတစ်ထုတ်နဲ ့ တစ်ယောက်ထဲ လွှတ်ပေးလိုက်ဖို ့မမေ့နဲ ့ဦး
Shwe Tike Soe
June 15, 2012 at 11:23 am
ကိုရဲရင့်လှိုင်ရေ ” မိုးက ပြော တဲ့ ချစ်ပုံပြင် ” ဆိုတာလေး စောင့်နေမယ်နော်….
အခုပို.စ်ကိုဖတ်လိုက်ရတာ သရဲခြောက်တဲ့အကြောင်းထက် ကိုရေလို.ခေါ်ပြီး မျက်ရည်လေးဝဲပြီး နားထောင်ပေးနေတဲ့ ဘဝခြားတဲ့ချစ်သူ လေးနဲ. စကားပြောနေတဲ့ ကိုရဲရင်လှိုင်ရဲ. ခံစားမှုအတိုင်း ခံစားလိုက်ရပါတယ်… 😀
YE YINT HLAING
June 15, 2012 at 11:29 am
ညက အလုပ် ၂နာရီ ကျော်မှပီးတယ်။ အခန်းပြန်ရောက်တော့ သရဲ ( ၂ ) ထိုင်ရေးနေမိတယ်။ ပီးတော့ ပို ( စ ) တွေ ကွန်မန့် တွေ ဆက် ဖတ်တယ်။ မိုးကိုလင်းရော။ ဂေဇက်က ဖတ်လို့ မကုန် စာအစုံစုံပဲဗျို့။ ကျွန်တော့ ပို့ ( စ ) လေး ဖတ်ပေးတဲ့အ တွက် ကျေးဇူးပဲဗျာ။
etone
June 15, 2012 at 11:40 am
အာ……. မိုက်တယ်ဗျို့ ……. ။
အချစ်အတွက်ဆို အရာရာ ဖြတ်သန်းမယ်ဆိုတဲ့ စိတ် ……. လုံးဝ မိုက်တယ် …… ။ 😛
ဒါပေမယ့်လည်း ကိုရဲရင့်လှိုင်ရေ …. ချစ်သူကို တွေ့ချင်တာက တွေ့ချင်တာပေါ့ …. ခရီးမထွက်သင့်တဲ့ အချိန်မှာတော့ .. စွန့်စားမှုပြုတာ …. အန္တရာယ်များလွန်းပါတယ် ။
တွေ့ချင်တဲ့စိတ်ကို … စိတ်လေး နည်းနည်းရှည်ထား သီးခံလိုက်လျှင် ပိုပြီး အန္တရာယ်ကင်းတာပေါ့ ။
တော်သေးတယ် ကြောက်တတ်လွန်းတဲ့ လူဆို တက်သေနေလျှင် … ချစ်သူလည်း စိတ်ကောင်းမှာမဟုတ်ဘူး … ။
တုုံးတိုက်တိုက် ၊ ကျားကိုက်ကိုက်ချစ်မယ့် လူမျိုး ရတာတောင် အခုတော့ ဘဝခြားခဲ့ပြီ အနားမှာ မရှိတော့ဘူးတဲ့လား … စိတ်မကောင်းလိုက်တာ … ။ ဘဝခြားတယ်ဆိုတာ … သူသေသွားတာလား ၊ ရှင်လျှက်လမ်းခွဲခဲ့တားဟင် … ဘာပဲဖြစ်ဖြစ် ဒီလို ရိုမန့်တစ်ဆန်တဲ့ ချစ်သူနှစ်ဦးကို … သက်ဆုံးတိုင်ပေါင်းဖက်စေချင်ပါတယ် …… 🙄
YE YINT HLAING
June 15, 2012 at 11:48 am
ရေးချင်တယ်ဆို တာ ထက် ပြောချင်တယ် လို့ဆိုရင် ပိုမှန်ပါလိမ့် မယ်ဗျာ။” မပျော်ရွှင်နိုင်တဲ့ သူတွေဟာ ပျော်ရွှင်နေတဲ့လူတွေလို ရင်ထဲမှာခံစားနေရတဲ့အကြောင်းအရာတွေကို စကားမပြောပဲ ပေခံနေလို့ဗျ ” ဂေဇက်က အားလုံးကို စကားပြောခွင့်ပေးထားလို့ ဂေဇက် ကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ။ ခုတော့ အိပ်လိုက်ဦးမယ်။ ညနေ ပါတီ လုပ်ပေးမယ်လို့ ပြောလို့ က ဖို့ အားရှိအောင်အိပ်လိုက်ဦးမယ်။ ကျွန်တော်က တဲ့ မြန်မာ ဒီဂျေ အကကို ဒီကဘော်ဘော်တွေ သဘောကျ သဗျ။( အမှန် က မူးလို့ သူများကသလို လျှောက်ကခဲ့တာ )။
ညလေး
June 15, 2012 at 1:07 pm
ဒီတစ်ခါ ခြောက်တဲ.သရဲကတော့…..အခြောက်မဟုတ်တော့ဝူးနော်…
ဟူး…လိုက်ပြေးရတာမောထှာ……(သရဲနေရာကနေဝင်ပြောခြင်း)….
ကိုရဲခဗျာ .ကြောက်ကြောက်နဲ.ပြေးတာဆိုတော့.တော်တော်မြန်တယ်ထင့်…..
အားပေးသွားပါတယ်ဂျင့် “ မိုးက ပြော တဲ့ ချစ်ပုံပြင် ” ကိုလည်းမျော်နေပါဂျောင်း….
ဖောင်းဖောင်းဖောင်း…..
Phaung Phaung
June 15, 2012 at 1:15 pm
ွှအမလေး…သတိ္တကောင်းလိုက်တာ။ အဖော်လည်းမပါပဲ တစ်ယောက်တည်းနော်။ လိုရာခရီးကိုရောက်လို့
တော်သေးတယ်။ လမ်းမှာရှုးတွေဘာတွေရောထွက်ကျခဲ့သေးလား ?? အဟီး… နောက်တာနော်။