ကမ္ဘာကြီးတွေးနေတယ် ဘယ်လိုတွေးနေလဲဆိုတော့ လူတွေ အကြောင်းကို တွေးနေတယ် သူ့ကို လူတွေ မညှာတာကို တွေးနေုတယ် တောင်သူလယ်သမားတွေက သူ့ရဲ့အရေပြားပေါ်မှာ ထွန်ယက်စိုက်ပျိုးကြလို့ သူ့အရေပြားတွေ ပေါက်ပြဲကုန်ပြီး အဲဒီလောက်တော့ သူခွင့်ပြုနိုင်တယ် ကျေနပ်သေးတယ် အခုတော့ သူရဲ့ ဝတ်ရုံးတွေဖြစ်တဲ့ လူတွေခေါ်တဲ့ သစ်ပင်တွေကို ခုတ်ဖြတ်လာကြတယ် သူ့ရဲ့ ဝတ်ရုူံတွေကို လူတွေ ခုတ်ဖြတ်လိုက်တာကြောင့် တစ်ချို့နေရာတွေမှာ သူ့ရဲ့ အသွေးအသားတွေ ခန်းခြောက်ကုန်ပြီလေ အဲဒါကို လူတွေက သဲကန္ဒာရတဲ့ သူတော်တော်လေးရယ်ချင်သွားတယ် သူကတော့ အဓိကကျတဲ့နေရာတွေကို ကာကွယ်ထားရလို့ ကျန်တဲ့နေရာတွေကို ဂရုမစိုက်နိုင်ခဲ့ဘူးလေ သူကာကွယ်ထားတဲ့နေရာတွေကို လူတွေ ခေါ်ကြတယ် ရေခဲပြင်တွေတဲ့။. လူတွေက သူ့ဝတ်ရုံးတွေခုတ်ဖြတ်ရုံတင်မကတော့ဘူး အခုဆိုရင် သူ့ရဲ့ကိုယ်ထဲမှာ စီးဆင်းနေတဲ့ သူ့ရဲ့သွေးတွေကို ဒီဇယ်ဆီဆိုပြီး ထုတ်ယူကြပြန်ပြီ ၊ သူ့ရဲ့ ခန္ဒာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ကိုယ်ငွေ့တွေကိုလဲ သဘာဝဓာတ်ငွေ့တွေဆိုပြီး ထုတ်ယူနေကြပြန်ပြီ ၊ အဲဒါတွေက သိပ်ပြီး အဓိက မကျလို့ ငါလျှစ်လျှူရှု့ခဲ့တယ် အဓိကကျတဲ့နေရာတွေကိုပဲ ရေခဲတွေနဲ့ ကာကွယ်ခဲ့တယ် အခု လူတွေက အလိုက်ကန်းဆိုးမသိ ငါစောင့်ရှောက်ထားတဲ့နေရာတွေကို လိုက်ပြီး အခု သုတေသနအဖွဲ့တွေက ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ဆိုပြီး လေ့လာနေကြပြန်ပြီ ထိန်းသိမ်းဖို့ ထိန်းသိမ်းဖို့နဲ့ သူတို့အတွက် တန်းဖိုးရှိတာတွေ့ရင် ယူကြပြန်ဦးမယ် ငါ့အတွက် အရေးမကြီးတဲ့ ဒီဇယ်တို့ ဓာတ်ငွေ့တို့ကတောင် သူတို့အတွက် တော်တော်လေး တန်းဖိုးကြီးနေရင် ငါ့အတွက် အရေးကြီးတဲ့ ပစ္စည်းတွေကို လူတွေတွေ့လို့ကတော့ ရသမျှ အကုန်ထုတ်ယူကြပြန်ဦးမယ် အဲဒီကြရင်တော့ ငါအကြီးမားဆုံး ဒုက္ခရောက်တော့မယ် ငါဒုက္ခရောက်ရင်တော့ ငါ့အပေါ်မှာ မှီတင်းနေထိုင်ကြတဲ့ လူတွေကိုလဲ စောင့်ရှောက်ဖို့ ငါတက်နိုင်မှာ မဟုတ်တော့ဘူး တစ်နေ့နေ့တစ်ချိန်ချိန်မှာ ငါ့ရဲ့သွေးသားတွေ ခန်းခြောက်သွားတဲ့ တစ်နေ့မှာ ငါကိုယ်တိုင်တောင် ဒုက္ခရောက်မှတော့ လူတွေဆိုတာ ဘယ်လိုနေမယ်ဆိုတာ တွေးကြည့်မိတာနဲ့တင် ငါစိတ်မချမ်းသာနိုင်ဘူး လူတွေက သူတို့ကိုယ်သူတို့ သိပ္ပံပညာရှင်တွေဆိုပြီး မာန်တက်နေကြတယ် ငါ့ရဲ့ဒုက္ခကိုတော့ မမြင်ကြဘူး ငါ့နာကျင်မှုတွေကို မခံစားနိုင်လို့ ငါ့ခန္ဒာကိုယ်ကို လူးလွန့်မိပါတယ် အဲဒါကို လူတွေက ဆူနာမီလို့ ခေါ်ကြပြန်တယ် ငါ့ကိုလဲ သူတို့ တီထွင်ထားတဲ့ မဖြစ်စလောက် ပစ္စည်းလေးတွေနဲ့ စောင့်ကြည့်နေကြတယ် ငါတကယ်မနေနိုင်လို့ သောင်းကျန်းပြန်ရင်လဲ သူတို့ပဲ ဒုက္ခရောက်ဦးမယ် ၊ နာဂစ်ဆိုတဲ့ မုန်တိုင်းဟာ ငါသက်ပြင်းချယုံလေးပဲ ရှိပါသေးတယ် ။ လောဘတွေကြီးလွန်း ထင်ပေါ်ချင်တဲ့ ဂုဏ်တွေမက်လွန်းတဲ့ လူတွေအတွက်နဲ့ ငါတော့ ဒုက္ခရောက်တော့မယ် ဒုက္ခရောက်တော့မယ် ..။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတယ်ဆိုတဲ့လူတွေကလဲ သူတိုမလိုချင်တဲ့အရာတွေကိုသာ ထိန်းသိမ်းကြတယ် သူတို့လိုချင်တဲ့အရာဆိုရင် လက်မလွှတ်တမ်းကို ရအောင်ယူကြတယ် ဂုဏ်အတွက်သော်လည်းကောင်း ငွေအတွက်သော်လည်းကောင်းပေါ့..။

သဘာဝပတ်ဝန်းကျင်ကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ။

8 comments

  • စိန်ဗိုက်ဗိုက်

    June 17, 2012 at 4:56 pm

    သစ်တွေခုတ်ရောင်းထားကြတာ ကုန်ပြီလေ
    တောင်ဂဒုံးဖြစ်ကုန်ပြီ..
    နောက်ဒါ..
    ခစ်ခစ်..
    သဘာဝပတ်ဝန်းကျင်ကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါစေ ဆိုတာထက်..
    သဘာဝပတ်ဝန်းကျင်ကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါ ဆိုပိုကောင်းမယ်ဗျား..

    • သုနောင် မန်း

      June 17, 2012 at 5:00 pm

      ကိုစိန်ဗိုက်ဗိုက် ပြောသလိုပါပဲ ခင်များ…….ပိုကောင်းသလိုပေါ့….

  • Aung Man

    June 17, 2012 at 5:17 pm

    သိပ်အရေးကြီးပါတယ်…
    ဒါပေမဲ့…လူနေမှုစနစ်ကြောင့်…လိုနေတယ်..ဘယ်လိုလုပ်မလဲ…
    ခေတ်..စနစ်ကြောင့်လိုနေတယ်…. ဘယ်လိုလုပ်မလဲ..
    ကျွန်တော်တို့ကိုယ်တိုင်…မီးမလာရင်..ရေမလာရင်…နေရခက်..ဟုတ်..
    ဘုရားဟောရှိတယ်…ပျက်မှာပဲ..ဖြစ်မှာပဲ…
    အခု..ဖြစ်လို့ရှိတာတွေ…ထုတ်သုံးနေတယ်…ကုန်ရင်ပျက်ပြီပေါ့…
    သိသူတွေက..လိုက်ထိန်းနေတယ်… အင်အားကြီးနိုင်ငံတွေက…
    သူတို့ရထားတာတွေနဲ့..ပြန်ထိန်းနေတယ်..ကိုယ်နိုင်ငံမပါ…မပါနိုင်သေးပါ..
    ထိန်းသုံး…ထိန်းသိမ်းထုတ်လုပ်ရုံအပြင်…ဘာမှမရှိ…
    post ပိုင်ရှင်မှာ idea ရှိရင်…မျှပေးစေချင်ပါတယ်…ကျေးဇူးပါ…

    • သုနောင် မန်း

      June 18, 2012 at 11:56 am

      သစ်တောတွေ တိုးပွားလုပ်မယ်ဆိုရင် ကမ္ဘာမှာ မြန်မာနိုင်ငံလောက် လွယ်တဲ့ နိုင်ငံ မရှိလောက်ဘူးလို့ ထင်တယ် ကိုအောင်မန်းရေ ဘာလို့လဲ ဆိုတော့ မြန်မာရဲ့မြေက အစေ့ကျရင် အပင်ပေါက်တယ်ဆိုပဲ လူတစ်ယောက်ကို အသိစိတ်လေးနဲ့ တစ်နှစ်ကို သစ်ပင် တစ်ပင်နှုန်းနဲ့ ဆိုက်ခဲ့မယ်ဆိုရင်ကို လေးငါး ဆယ်နှစ်အတွင်း မြန်မာနိုင်ငံရဲ့ ရာသီဥတုတွေ ပြောင်းလဲသွားနိုင်ပါတယ်…ဒါကတော့ ကျနော့ အမြင်ပေါ့ဗျာ..

  • သားဦး၊မြေးဦး

    June 17, 2012 at 7:12 pm

    သုနောင်မန်းရေ သဘာဝပတ်ဝန်းကျင်အတွက် အကျိုးပြု
    အတွောလေးမို ့အားကျမိပါတယ်ဗျ။

  • ကျနော်ပြန်ခဲ့တဲ့ ရှမ်းမြောက်ကလမ်းတစ်လျောက်မှာတော့
    အိမ်တွေမှာ ထင်းအပြည့်
    တောင်တွေကတော့ တောင်ကတုံးဖြစ်လို့။
    ကျနော်တို့ဘက်မှာတော့ သစ်ပင်ခုတ်
    သူတို့ဆီမှာတော့ မြို့ထဲပလက်ဖောင်းမှာတောင် ပိန္နဲသီးတွေ သီးလို့ပါ.
    ရာသီဥတုက သူတို့ဘက် တဖြည်းဖြည်းရွေ့သွားတော့မယ်ထင်တယ်။
    သူတို့က ရွှေ့ယူနေကြတာလေ။

    • သုနောင် မန်း

      June 18, 2012 at 12:00 pm

      ကိုပေါက်ရေ မြန်မာပြည်သားတွေက အသီးသာ စားချင်ကြတယ် အပင်ကြ မစိုက်ချင်ကြဘူးဗျာ့.. ဝယ်စားလို့ ရတယ်ဆိုပြီး မြို့ကလူတွေ ဝယ်ချည်းပဲ စားနေကြတယ် ကိုယ့်ဘာသာ တစ်အိမ်ကို တစ်ပင်ပဲ ဖြစ်ဖြစ် နှစ်ပင်ပဲ ဖြစ်ဖြစ် စိုက်ထားကြမယ်ဆိုရင် အသီးလဲ စားရသေး အရိပ်လဲ ရသေးတယ် တိုက်ခန်းနဲ့ နေရင်တော့ မတတ်နိုင်ဘူးပေါ့ဗျာ..

  • YE YINT HLAING

    June 18, 2012 at 5:20 am

    အတွေး နဲ့ အရေး က မိုက်တယ်ဗျာ ၊

Leave a Reply