စိတ်ညစ်ရသော ကျောင်းတက် ကျောင်းဆင်းချိန်များ
ငယ်စဉ်ကျောင်းတက်ခဲ့ရချိန်က နယ်မြို ့လေးတစ်မြို ့လေး ဖြစ်ခဲ့လိုပဲလား မသိ။ ကျောင်းတက်ချိန်၊ ကျောင်းဆင်းချိန် များမှာ လမ်းလျှောက်ပြန်သူ၊ စက်ဘီးစီးသူများသာရှိခဲ့ပြီး ကားလမ်းပိတ်တာတွေ
မရှိခဲ့ပါဘူး။ ကျောင်းဆင်းချိန် ဆော့ကစားရင်းပြန်တဲ့ ကလေးတွေများတဲ့အတွက် ယာဉ်တိုက်မှုမဖြစ်အောင် စက်ဘီး၊ဆိုင်ကယ် သတိထားစီးရတာကလွဲလို ့စိတ်ညစ်စရာမကောင်းခဲ့ပါဘူး။
ခုများတော့ ….။အလုပ်အကိုင် ရေကြည်ရာမြက်နုရာဆိုပြီး ရန်ကုန်ပြောင်းလာလိုက်တာ မျက်စိပွင့်နားပွင့်တာလည်း ရှိသလို မျက်စိညစ် နားညစ်တာလည်း ရှိရဲ ့။ မြို ့ထဲကနေ အလုပ်ရှိရာ
ဗဟန်းဘက်သွားရင် ကျောင်းတက်ချိန်ဆို နန်ယန်းကျောင်းရှေ ့ပိတ်မိ၊ ပြန်တော့ ဒဂုံ၁ဆင်းချိန်မှာ
ပိတ်မိနဲ ့ဘယ်ဘဝကများသူများ သွားမယ့်လမ်းပိတ်ရပ်ခဲ့မိလည်း မသိပါဘူး။
ပြောင်းလာခါစကရန်ကုန်မှာ အခုလို ကားမပေါသေးတော့ ပိတ်မိပေမယ့် အမှုမဲ့ အမှတ်မဲ့ပါပဲ။ ဒီနှစ်တွေမှာ
ကားတွေ တော်တော်ပေါလာတော့ လမ်းပိတ်တာ ပိုဆိုးလာတယ်။ ကြားဘူးသလောက်သူများနိုင်ငံတွေမှာ
ကိုယ်နေတဲ့ မြို ့နယ်ရဲ ့အနီးဆုံးကျောင်းမှာပဲ တက်ခွင့်ရှိတယ်။ ကိုယ့်အားကိုယ်ကိုးတက်အောင် မိဘက လိုက်ပို ့တာ လုံးဝမရှိပါတဲ့။ ဒီမှာတော့ ၉တန်း၁ဝတန်းထိတောင် ထမင်းခွံ ့ကျွေးနေတာ ဘယ်နဲ ့ပြောရမယ်တောင် မသိပါဘူး။
မိဘတွေကလည်း ကိုယ့်သားသမီး ပညာရေးဘယ်လိုတော်အောင်မြှင့်တင်ပေးမယ်ဆိုတာထက်
အတန်းပိုင်ကိုတော့ဘယ်လိုပိုင်တာ၊ ကျောင်းအုပ်ကတော့ဖြင့် ဘယ်နဲ့ခင်တာ၊ကားပြိုင်ကားဆိုင်
အဝတ်အစားပြိုင်နဲ ့စိတ်ဓာတ်တွေကိုကျောင်းသားတွေအရင် မိဘတွေကို သင်ပေးသင့်တယ်လို
ထင်ပါတယ်။ ဒါတွေပျောက်ပျက်ဖို ့နည်းလမ်းတွေကို ကျွန်မတို ့တွေ စဉ်းစားကြည့်ကြရအောင်လား။
13 comments
ko khin kha
June 21, 2012 at 3:55 pm
မန္တလေးမှာတော့ ကားလမ်းပိတ်ရင် ဆိုင်ကယ်လေး ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက်
ဟိုလမ်းကပတ်လိုက် ဒီလမ်းကထွက်လိုက်နဲ့ အဆင်ပြေနေစဲဗျာ။
ရန်ကုန်ကတော့ ကားဘဲအဓိကသုံးတာဆိုတော့ စိတ်ရှည်သီးခံလမ်းကြောင်းမှန်ပေါ့။
water-melon
June 21, 2012 at 6:36 pm
ကောလိုက်ကောလိုက် အန်တီခင်ခကြီး
မန်းလေးမှာ ကားပိတ်တာရှားတယ်နော့
အဟီ
မွန်မွန်
June 21, 2012 at 4:15 pm
အောင်မယ်လေး…အထက်တန်းကျောင်းမပြောနဲ့…
မနက်ရုံးသွားတိုင်း UFL ရှေ့မှာ ကားပိတ်တယ်… တက္ကသိုလ်အထိတောင် လိုက်ပို့တဲ့ ကိစ္စတွေက ရှိတုန်း…
Thel Nu Aye
June 21, 2012 at 5:53 pm
ပိတ်ချက်ကတော့ပြောမနေနဲ့တော့။ မနက်က ဘုရင့်နောင်လမ်းမကြီးတောင် ကားတိုက်မှု့ဖြစ်လို့ ပိတ်သွားလိုက်တာမနက်တပိုင်းလုံး။ ဘတ်စ်ကားတွေပါရပ်ကုန်တာပဲ။ ကျွန်မကတော့ခြေချင်ပဲဒိုး လိုက်တော့တယ်။
စိန်ဗိုက်ဗိုက်
June 21, 2012 at 7:28 pm
အန်တီ moonpoem ရေ
စိတ်ညစ်ရသော ရုံးတက်ရုံးဆင်း ချိန်လေးများဆိုပြီးလဲ ရေးပေးဘာဦး..
လိုင်းကားကြပ်..လမ်းကြောတွေကြပ်လွန်လွန်းလို ့ဘာ..
အလင်းဆက်
June 21, 2012 at 7:29 pm
ဟုတ်တယ်ဗျု ိ ့ ……………
မောင်ပေ
June 21, 2012 at 9:04 pm
သဂျီးစကားငှားပြီး မန် ့ခဲ့ပါသည် ။
စနစ်ကြောင့် စနစ်ကြောင့် …
Lwin Aung
June 21, 2012 at 10:54 pm
Tuition troubles are more and more bigger up to University students.
hein latt
June 22, 2012 at 9:23 am
မန်းလေးမှာတော့မရှိလို.မသိပေါင်ဗျာ……
အဲကျပ်ရင်လည်း……..ဟိုဖက်တိုးလိုက်….ဒီဖက်တိုးလိုက်….
တိုးရင်းနဲ.သွားလိုက်…..သွားရင်းနဲ.တိုးလိုက်….ရို.ရို……
ရန်ကုန်သား
June 22, 2012 at 12:14 pm
မိဘတွေကလည်း အကဲပိုလွန်းပါတယ်။
ကိုယ့်သားသမီးကိုယ် ချစ်တာလည်းချစ်ပေါ့။
ဒါပေမဲ့…
မြန်မာပြည် ရဲ့ မျိုးဆက်သစ်တွေက မိဘအကူအညီမပါတဲ့အခါ လမ်းတောင်ဖြောင့်အောင်မသွား တတ်တော့ဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲဗျာ…
sugar sugar
June 22, 2012 at 3:53 pm
မန္တလေးနေ ရတာ တော့ ကံကောင်းသွားပြီပေါ့
သားဦး၊မြေးဦး
June 23, 2012 at 9:38 am
လကဗျာပြောသလိုပါဘဲ””မိဘတွေကလည်း ကိုယ့်သားသမီး ပညာရေးဘယ်လိုတော်အောင်မြှင့်တင်ပေးမယ်ဆိုတာထက်
အတန်းပိုင်ကိုတော့ဘယ်လိုပိုင်တာ၊ ကျောင်းအုပ်ကတော့ဖြင့် ဘယ်နဲ့ခင်တာ၊ကားပြိုင်ကားဆိုင်
အဝတ်အစားပြိုင်နဲ ့စိတ်ဓာတ်တွေကိုကျောင်းသားတွေအရင် မိဘတွေကို သင်ပေးသင့်တယ်လို
ထင်ပါတယ်။ “”
Uncle Lay
June 23, 2012 at 11:47 am
မြန်မာပြည်မှ ယာဉ်ထိမ်းရဲ ၊ ရဲမေများလည်း ရှေးဦးသူနာပြုစုနည်း နှင့် သားဖွားသင်တန်းပေးထားသင့်ပါကြောင်း…။