” မဟာသန္တိသုခ-ရပ်တော်မူကိုယ်တော်ရှိရာ လွယ်တိန်ခမ်းတောင်တော်သို့”





















“လွယ်တိန်ခမ်းတောင်ပေါ်က”
ကျယ်ခေါင်ထဲမှာနေလို့ တစ်ပါတ်ပြည့်တဲ့ရက်နဲ့ ချိန်ပြီး မူဆယ်ဘက်ကိုသွားဘို့စီစဉ်ထားပါတယ်။
လိုက်ပို့မယ်သူက ဘယ်သွားချင်လဲလို့မေးတော့ မတ်ရပ်ကိုယ်တော်ကြီးရှိတဲ့ဆီကိုသွားချင်တယ်ပေါ့။
အဲဒါနဲ့ မနက်ရှစ်နာရီလောက် နန်းတော်ဂိတ်ကထွက်။
လူဝင်မူ့ကြီးကြပ်ရေးဂိတ်ပေါက်မှာတန်းစီ။
နောက်တစ်ပါတ်အတွက်ကဒ်အသစ်လုပ်။
ပြီးတာနဲ့ ဗိုက်ဖြည့်ဘို့ အရုဏ်ဦးလ က်ဖက်ရည်ဆိုင်ကို ချီတက်။
ပြီးတာနဲ့ရပ်တော်မူကိုယ်တော်ရှိရာလွယ်တိန်ခမ်းတောင်ကို သွားကြပါတယ်။
တောင်ပေါ်အတက်လမ်းဂိတ်တံခါးမှာတော့ ဖလားလေးတစ်လုံး။
စေတနာရှိသလောက်လှူပေါ့။
ကားကလေး က စိမ်းစိုတဲ့သစ်ပင်တွေအုပ်ဆိုင်းနေတဲ့လမ်းကလေးအတိုင်းပြေးလွှား။
တောင်တက်လမ်းက မြင့်ပေ့မယ် မမတ်စောက်ပါဘူး။
မြေလမ်းလေးတစ်ခုရောက်တော့ အတက်လမ်းနဲ့အဆင်းလမ်းခွဲလေးကိုမြင်ရပါတယ်။
တောင်ကမ်းပါးယံကို ကွေ့ပါတ်တက်ရင်း ရပ်တော်မူကိုယ်တော်ကြီးရှိရာကိုရောက်ပါတယ်။
ဘွဲ့တော်က တော့ “မဟာသန္တိသုခရပ်တော်မူ”
ရပ်တော်မူကိုယ်တော်အောက်မှာ ဂူဘုရား။
အတွင်းတော်ထဲမှာတော့ ဆင်းတုတော်တစ်ဆူကိုးကွယ်ထားပါတယ်။
ဘုရားကတော့ ဆောက်လက်စ ဆိုတော့ အပေါ်ဆင့်အတက်လမ်းကို ပိတ်ထားပါတယ်။
ရှေ့မှာတော့ ဆောင်လက်စ ဇရပ်ကြီးတစ်ဆောင်။
ဘုရားရဲ့ ဘယ်ဘက်ခြမ်းကနေလှမ်းကြည့်ရင် အဆင့်ဆင့်အထပ်ထပ်တောင်တန်းတွေ.။
တောင်ပေါ်ကနေကြည့်ရင် မြူတွေဆိုင်းနေတဲ့ကြားကနေ ကျယ်ဂေါင်မြို့ကိုလှမ်းမြင်နေရ။
မြင်ကွင်းက ဝိုးတဝါးနဲ့လွမ်းစရာ။
ရပ်တော်မူကိုယ်တော်နဲ့တည့်တည့်မှာတော့ ပုံသဏ္ဍာန်ထူးခြားတဲ့စေတီတစ်ဆူ။
ကျယ်ဝန်းတဲ့ရင်ပြင်ပေါ်မှာ ဓါတ်ပုံတွေရိုက်လို့အားရမှာ အောက်ကိုပြန်ဆင်းခဲ့ပါတယ်။
အောက်ဖက်ကစေတီရောက်တော့ ဆွမ်းခံတဲ့ကိုယ်တော်တွေကို လူတစ်ရပ်အရွယ်လောက်
ထုဆစ်လို့ထားပါတယ်။
ဘုရားအဝင်ဝမှာတော့ ကျားဖြူတစ်ကောင်စောင့်ကြပ်။.
ဘုရားဘွဲ့အမည်ကိုမော့်ကြည့်တော့ပြည်တော်ပြန်။
ဘုရားထဲကိုဝင်ပြီး ဝတ်ပြုကြပါတယ်။
ဆင်းတုတော်အရှေ့မှာတော့ ရေဘူးလေးတစ်ခု။
သေချာကြည့်မှ သစ်သားဆင်ရုပ်ကလေးပေါ်တင်ထားတာတွေ့ရ။
အဲဒီဘုရားကနေ သူ့အနောက်ဘက်မှာရှိတဲ့ရပ်တော်မူကို ဇွန်းနဲ့ဆွဲရိုက်။
နေကတော့ အတော်လေးပူနေတော့ ရေဘူးတွေဝယ်ပြီးပြန်ဆင်းလာပါတယ်။
သူတို့ဆီက ရေသန့်ဘူးက အုန်းရည်နံ့မွှေးမွှေးလေး။
ပြန်အဆင်းမှာတော့ နဂါးနှစ်ကောင် ရုပ်ထုထားတဲ့စောင်းတန်းလေးအဆုံးမှာဘုရားတစ်ဆူ။
ပူလွန်းတော့ တက်မဖူးဖြစ်။
အသီးတွေပြွတ်နေအောင်သီးတဲ့ပိန္နဲပင်ကြီးတွေ့တော့ ဓါတ်ပုံဆင်းရိုက်ရင်း တစ်လုံးခူး။
နောက်တော့ အဲဒီတောင်ခုလပ်မှာရှိတဲ့တောင်ပေါ်ရေကန်ဆီကို ဆင်းခဲ့ကြပါတယ်။
ကိုပေါက်လမ်းသလားနေသည်
(23-6-2012)
16 comments
မောင်ပေ
June 25, 2012 at 8:25 am
သာဓု သုံးကြိမ်ခေါ်ဆိုပြီး ဖူးမျှော်သွားပါအိ
ကိုပေါက်(မန္တလေး)
June 25, 2012 at 8:35 am
မောင်ပေရေ
2012 ကတော့ ငါ့အတွက်ထူးတယ်ဟ။
လိုဏ်ဂူတွေဖူးချင်တာလဲဖူးရ
တောင်ပေါ်ဘုရားတွေလဲ လိုက်ပို့တဲ့သူရှိတော့ဖူးရနဲ့အိုကေဘဲ၏
Shwe Tike Soe
June 25, 2012 at 9:17 am
ဟွန်. သူကျတော့ ငါ့အတွက်ထူးတယ်လုပ်နေတာ….. လေးပေါက်ဓာတ်ပုံတွေကြည့်ကြည့်ပြီး ခရီးသွားချင်ပါ ပြာယာကိုခတ်နေတာပဲ……..လူဆိုးးကြီး………….သွားလဲသွားနိုင်လွန်းတယ်…ခြေထောင် ဒုံးကျည်တပ်ထားလားမသိဘူး…..ဟိဟိ
ကိုပေါက်(မန္တလေး)
June 25, 2012 at 9:19 am
ဟုတ်ဘူး အိမ်စောင့်နတ် ဆိုင်စောင့်နတ် မြို့စောင့်နတ်က နယ်နှင်ဒဏ်ပေးခံထားရလို့ပါ
မိတိုက်ရေ
ညည်းကလဲ အစိမ်းရောင်ဝတ်စုံလေးနဲ့လိုက်တယ်နော်
ဖိုးထောင်ဓါတ်ပုံထဲမှာ
Thit Sar Lin
June 25, 2012 at 11:58 am
လေးပေါက် ပိန္နဲသီးတွေက သီးတာပြွတ်နေတာပဲနော်…
အိမ်ပျော့လား အိမ်မာလား ….
လေးပေါက်ဒီတခါ ခရီးသွားရင်လိုက်ချင်ပါ၏ ဗျာ………
အားပေးသွားပါတယ်
ကိုပေါက်(မန္တလေး)
June 25, 2012 at 12:04 pm
အသီးကအိမ်ပျော့လားမာလားတော့မသိဘူး။
ပြုတ်ပြီး ငပိချက်နဲ့တို့စားကြတာ။
ခိုးစားတဲ့အသီးမို့လားမသိ ချိုချက်ကတော့အေ……………….
တကယ်လိုက်ရင်ခေါ်မယ်။
အေးငါသူများနဲ့ရန်ဖြစ်ရင်တော့ ညည်းကူဖြစ်ပေးရမှာနော်။
အဲဒါမှခေါ်မှာ။.
ရွာစားကျော်
June 25, 2012 at 12:26 pm
လာခဲ့ မကြီးမငယ်နဲ့ ပိန္နဲသီးတောင် ခိုးစားရတယ်လို့
တော်ကြာ လေးခွစာမိနေရင် ဘယ်နှယ့်လုပ်မလဲ…
ကိုပေါက်(မန္တလေး)
June 25, 2012 at 12:49 pm
အဲဒါမင်းတို့ခက်တာဘဲရွာစားကျော်
ငါကိုယ်တိုင်ဘယ်ခိုးမလဲ
ကလေးတွေခိုးခိုင်းပြီး ငါက ခိုးလားမှန်း မသိချင်ယောင်ဆောင်ပြီးစားတာလေ။
အ……………ချက်ကတော့ရက်စက်တယ် ကွာ။
ညလေး
June 25, 2012 at 1:07 pm
ဒီဒေသနဲညလေးက………နီးရက်နဲ.ဝေးနေတာကြာပေါ့……
.ဘုရားဖူးရင်း……
အပင်ကနေတောင်းလာတဲ……ပိန္နဲသီးလေးစားသွားတယ်လေးပေါက်ရယ်……..
mamanoyar
June 25, 2012 at 2:56 pm
အခုလို မျှဝေတဲ့အတွက် ကျေးဇူးတင်ပါတယ်
ကိုပေါက်(မန္တလေး)
June 25, 2012 at 6:02 pm
ညလေး ဒီတစ်ခေါက် လေးပေါက်ရေးတာ ပြင်စရာမရှိတော့ဘူးနော်။.
အဲဒီတောင်တက်လမ်းး ကရေကန်နာမယ်သိချင်သား
နက်ဖြန်ဆို အဲဒီကန်နဲ့ စွေဟူ ရေကန်ပိုစ်တက်လာမယ်
သားဦး၊မြေးဦး
June 25, 2012 at 6:56 pm
ကိုပေါက်ရေ ဘုရားလဲဖူး၊ပိန္နဲသီလဲ ကစ်တယ်ပေါ့။
အိမ်မာသီးလား၊အိမ်ပျော့လားဗျာ။
အရီး Khin Latt
June 25, 2012 at 7:20 pm
ဘိုလိုကနေဘိုလို ဖစ်ပီး
ကချင် ကနေ မူဆယ် ကို ရောက်သွားတာလဲ ကပေါက်ရယ်။
ကချင် စာ လေးတွေကို မျှော်နေတာ။ 😛
ကိုပေါက်(မန္တလေး)
June 25, 2012 at 10:26 pm
ကိုလတ်ကြီးမျက်စေ့လည်သွားပြီ။
ကျနော်က ကျယ်ခေါင်မှာရှိတဲ့ ကချင်မနောတွေရိုက်ထားတာပါ
ဆောတီး ကျနော်သေချာမရေးမိလို့။
ရဲစည်
June 26, 2012 at 5:36 am
ပုံ (၄) မှာ ဗျ ဘုရားရဲ့ မျက်နှာတော် အောက်ဘက်မှာ ပျားအုံကြီး ရှိတယ်ဗျ လေးပေါက်သွားတဲ့ အချိန်ရှိမရှိတော့ မသိဘူး
ကျနော် ရောက်တုန်းကတော့ မျက်နှာတော် တစ်ခုလုံးနီးပါးဘဲ အဲဒါထူးခြားတယ်လို့တော့ ပြောကြတယ် ဗမာအယူအဆပေါ့
နောက် ရွှေလီက ကနေ ၁နာရီခွဲလောက် ဆက်သွားရင် တရုတ်စစ်တပ်ရဲ့ ဒုံးကျည်စခန်းနားမှာ မော့လီ ရေတံခွန်ဆိုတာ ရှိတယ် အဲမှာလဲ ခြေတော်ရာ တစ်ခုနဲ့ သဘာဝ ရေပူတွင်းလေးရှိတယ်ဗျ ပြည်မထဲက လာတဲ့သူတွေက အဲဒီကို တကူးတက သွားတတ်ကြတယ်။ ကျနော်လဲ တခေါက်တော့ ရောက်ဖူးတယ် ထုံးစံအတိုင်း မှတ်မှတ်ရရ ဘာမှ မရိုက်ဖြစ်ခဲ့ဘူး ဒီတခါရောက်ရင်တော့ အသေအချာ မှတ်တမ်းတင်ခဲ့ အုံးမယ်….။
ကိုပေါက်(မန္တလေး)
June 26, 2012 at 10:07 am
ဘိုရဲရေ
ပျားစွဲတယ်လို့ကြားဘူးခဲ့တယ်။
တကယ်ရောက်တော့မရှိတော့ဘူး။
မော့လီကို လိုက်ပို့ပေးမယ်လို့မင်းလဲပြော ရွှေလီရောက်နေတဲ့ရွာသူကလဲပြော.
အစက ငါ 12ရက်နေ့ပြန်မလို့။
အလုပ်ကိစ္စပေါ်လာတော့ 10ရက်နေ့ပြန်လာခဲ့ရတယ်။
နောက်တစ်ခေါက်တော့ ဆုံမယ်ထင်ပါရဲ့။