လူသားအားလုံး မငြိမ်းချမ်းခြင်းရဲ့ တရားခံ အစစ်
ငါ…
သူတပါး..
ယောကျာ်း..
မိန်းမ.. မဟုတ်ဘူး။
ဒီအမြင်ကို ပီပီပြင်ပြင် တကယ်မြင်အောင် ရှုပွားဖို့
ဗုဒ္ဓတရားမှာ ညွှန်ကြားထားတယ်။
ဘာ့အတွက် ရှုပွားရမှာလဲ။
ဘယ်အရာကို ရှုပွားရမှာလဲ။
ဘုရားညွှန်ပြတာ မှန်ပေမယ့်..
ဘယ်အရာကို ရှုပွားရမှာလဲဆိုတာတော့
မတူပဲနဲ့ မူကွဲတဲ့ အမြင်လေးတွေလဲ ရှိနေတယ်။
ဒီခန္ဓာကိုယ်ကြီးဟာ“ငါ”မဟုတ်ဘူး။ “သူ”လဲ မဟုတ်ဘူး။ “ယောကျာ်းလဲ”မဟုတ်ဘူး။
“မိန်းမလဲ” မဟုတ်ဘူး။
အရိုးတွေ အသားတွေ အကြောတွေ စုပေါင်းစပ်ပေါင်းတည်ဆောက်ထားတဲ့ ဓာတ်ကောင်ကြီးပဲ။ ငါဆိုတာ ခန္ဓာကိုယ်မှာ ရှာကြည့်.. ဘယ်နေရာက ဘယ်ဟာကို “ငါ”လို့ပြောမလဲ။
လက်က “ငါ”လား။ မျက်စိက “ငါ”လား။ ဘာမှ မဟုတ်ဘူး။ ဓာတ်ကြီးတွေရဲ့ အစုအဝေးကောင်ကြီး။ ဒီဓာတ်အစုအဝေးကြီးကို ငါလို့ထင်နေကြတာ။ သူလို့ထင်နေကြတာ။ ယောကျာ်းကြီးလို့ထင်နေကြတာ။ မိန်းမကြီးလို့ထင်နေကြတာ။
တကယ်တော့ အသား. အရိုး. အကြော. စတဲ့ ၃၂-ကောဋ္ဌာသအစုအဝေးကြီးပါ။ အစု အပုံကြီးပါ။
ကဲ မမှန်လား။ ဘယ်သူငြင်းမလဲ။
အဲဒါမြင်တော့ ဘာဖြစ်မှာတုန်း.. ဒီခန္ဓာကိုယ်ကြီးကို “ငါ”မဟုတ်ဘူးလို့ မြင်တော့ ဒီခန္ဓာကိုယ်ကြီးကို မတပ်မက်တော့ဘူး။ အထင်မကြီးတော့ဘူး။ မစွဲလမ်းတော့ဘူး။
ဒီခန္ဓာကိုယ်ကြီးကို မစွဲလမ်းတော့ တဏှာမဖြစ်တော့ဘူး။ တဏှာမဖြစ်တော့ နောက်ထပ် ခန္ဓာရဖို့ အကြောင်းမရှိတော့ဘူး။ ခန္ဓာမရတော့ဘူးဆိုရင် ခန္ဓာကြောင့် ဖြစ်တဲ့ ဒုက္ခတွေငြိမ်းပြီပေါ့။
ဒီခန္ဓာကိုယ် ဒုက္ခငြိမ်းတာ နိဗ္ဗာန်ဆိုတယ် မဟုတ်ပါလား။
ဒီဘဝသေပြီးနောင်မှာ ဒီခန္ဓာကိုယ်ကြီးမရတော့ဖို့ ကျိုးစားရမှာက
ဒီခန္ဓာကိုယ်ကြီးကို “ငါ”မဟုတ်။ သူမဟုတ်။ ယောကျာ်းမဟုတ်။ မိန်းမမဟုတ် ရှုပွားရေး.. ဒို့အရေး.. ဒို့အရေး.. ဒို့အရေး…
ဒီခန္ဓာကိုယ်ကြီးမဖြစ်တော့ဖို့အရေး ဒို့အရေး.. ဒို့အရေး.. ဒို့အရေး…
မှတ်ချက်တခုတော့ ပြုခဲ့မယ်။
ဒီခန္ဓာကိုယ်ကြီးရှိနေလို့ ဒီကောင်ကြီးရှိနေလို့ ဒုက္ခတွေခံစားနေရတာဆိုရင်. ဒီခန္ဓာကိုယ်ကောင်ကြီး မရှိရင် သုခဆိုတဲ့ ငြိမ်းချမ်းမှုကိုကော ဘယ်သူက ဘယ်လိုခံစားမှာလဲ။ ဒါက အဖြေရှာရမယ့် ပြဿနာ။
ကဲ… နောက်တနည်းကိုကြည့်။ ခန္ဓာကိုယ်ကောင်ကြီးမရှုနဲ့။
လူ့စိတ်မှာလာကပ်တဲ့ လောဘတို့ ဒေါသတို့ မာနတို့ကို
ငါ-မဟုတ်။
သူ=မဟုတ်။
ယောကျာ်း=မဟုတ်။
မိန်းမ=မဟုတ်။ လို့ရှုပွား။
ဒီခန္ဓာကိုယ်ကြီးကို ရှုမှာလား။ မဟုတ်ဘူး။
ဘာကိုရှုမှာလဲ… လူ့စိတ်ကို ဝင်ဝင်ရောက်လာတတ်တဲ့
လောဘ.. ဒေါသ.. မောဟ.. မာန.. စတဲ့ ကိလေသာတွေကိုရှုရမှာ။
ကဲ.. လူတစ်ယောက် ဒေါသတွေထွက်နေတယ်။
ကဲ.. ဦးပေကြီး ဒေါသတွေ ထွက်နေတယ်ဆိုပါစို့….
“ဟေ့ ငါ ငပေတဲ့ကွ.. ဘယ်ခွေးမှ လူမထင်ဘူးနော်။ သတ္တိရှိရင် ထွက်ခဲ့ကြ။
မိုးချုပ်ရင် နေဝင်စေရမယ်ဟေ့။ ငါ ဦးပေတဲ့ကွ”
အဲဒီလို ဒေါသတွေ ဦးပေမှာ ထနေတော့ ဦးပေကလဲ သူကိုသူ ငါဦးပေကွဟေ့ ဆိုပြီး ဒေါသကြီးကို ငါထင်နေတယ်။
ပတ်ဝန်းကျင်က ကိုဗိုက်လေးတို့ သူကြီးခိုင်တို့ကလဲ ဦးပေကြီးကြမ်းနေတယ်လို့ ထင်ကြတယ်။
ကဲ စဉ်းစားကြည့်ကြစမ်း…
ကြမ်းနေတာ .. ဦးပေလား.. ဒေါသလား။ ဦးပေက ကြမ်းနေတာဆိုရင် ဦးပေအမြဲကြမ်းနေမှာပေါ့။ ဦးပေ အမြဲကြမ်းနေသလား။ ဘယ်ကြမ်းမလဲ။ သူ့စိတ်မှာ ဒေါသ ကိလေသာဝင်လာမှ အဲဒီဒေါသက ဦးပေယောင်ဆောင်ပြီး ကြမ်းတာ။
ဦးပေကလဲ… ဒေါသကို ငါဦးပေလို့ထင်နေတယ်။ ပတ်ဝန်းကျင်က ဦးဗိုက်တို့ ဦးခိုင်တို့ ကလဲ ဒေါသကို ဦးပေကြီးလို့ထင်နေကြတယ်။
ဦးပေကြီးလို့ မြင်နေကြတယ်။ အဲဒါ အမြင်မှားတာပဲ။
မိစ္ဆာဒိဋ္ဌိ… မိစ္ဆာ=ဆိုတာ မှားမှားယွင်းယွင်း။ ဒိဋ္ဌိ=ဆိုတာ မြင်တာ။
တကယ်တော့ ဒေါသဆိုတဲ့ ကိလေသာ ဦးပေစိတ်မှာ ဝင်မလာဘူးဆိုရင် ဦးပေကြမ်းလို့ရပါ့မလား။
ဒီလိုဆိုရင်.. ဦးပေ စိတ်တွေဆိုးနေတဲ့အခါ အဲဒီစိတ်ဆိုးနေတာဟာ ဦးပေလား။
ဒေါသ ကိလေသာလား။
ဦးပေစိတ်မှာ ဝင်ရောက်သောင်းကျန်းနေတဲ့ ဒေါသ ဆိုတဲ့ ကိလေသာကို
ငါ ဦးပေလို့ ပြောလို့ရပါ့မလား။
ဒေါသ ကိလေသာကြီးကို သူလို့ကော ပြောရပါ့မလား။
အဲဒီဒေါသဆိုတာကြီးကို ယောကျာ်းကြီးလို့ ပြောရပါ့မလား။
အဲဒီဒေါသဆိုတာကြီးကို မိန်းမကြီး လို့ပြောရပါ့မလား။
သေသေချာချာ စဉ်းစား။
ဒေါသ တို့ မာန တို့ လောဘတို့ ဆိုတာ ကိလေသာ။ လူ့စိတ်ရဲ့အညစ်အကြေး လူ့စိတ်ရဲ့ဂျီးတွေနော်။
တကယ်တော့ လောဘတို့ ဒေါသတို့ မာန တို့စတဲ့ ကိလေသာတွေဟာ ငါလဲ မဟုတ်ဘူး။
သူလဲ မဟုတ်ဘူး။
ယောကျာ်းလဲ မဟုတ်ဘူး။
မိန်းမလဲ မဟုတ်ဘူး။
သူတို့ဟာ ကိလေသာ။ စိတ်ရဲ့အညစ်အကြေး။ စိတ်ရဲ့ ဂျီး
အဲဒီလို ဒေါသကို ဒေါသလို့မြင်။ လောဘကိုလဲ လောဘလို့မြင်လို့ ဒါတွေကတော့ ငါမဟုတ်ဘူးဆိုတာ ကွဲကွဲပြားပြားမြင်သွားရင် ငါမဟုတ်တာ သေသေချာချာ သိသွားပြီဆိုရင် ငါမဟုတ်တာကြီးကို ငါ့ဆီမှာ မဝင်အောင်ကျိုးစား။
ဘုရားကို ဒေဝဒတ်က ကျောက်မောင်းနဲ့ဆင်ချတော့… ဘုရားက ဘယ်လိုမြင်လိုက်မလဲ…
ငါဘုရားကို ကျောက်မောင်းနဲ့ဆင်ချတာ ဒေဝဒတ်မဟုတ်ဘူး။ ဒေဝဒတ်မှာ ဒေါသကိလေသာတွေ.. ဘုရားလုပ်ချင်တဲ့ လောဘကိလေသာတွေ.. သူ့ကိုသူ ငါဘုရားနဲ့ယှဉ်ပြိုင်ချင်တဲ့ မာန ကိလေသာတွေဝင်အပူးခံနေရလို့ အဲဒီကိလေသာတွေက ဒေဝဒတ်ကိုခိုင်းလို့ ဒေဝဒတ်ခမျာ ကိလေသာခိုင်းတဲ့အတိုင်း ငါဘုရားကို ကျောက်မောင်းဆင်ချလိုက်တာပဲ။
ဒေဝဒတ်က ကိလေသာခိုင်းတဲ့အတိုင်းလုပ်နေရတဲ့ ကိလေသာရဲ့ကျွန်ဖြစ်နေရရှာတယ်။ ဒေဝဒတ်ကို သနားတော်မူရှာတယ်။ ဒေဝဒတ်ကို နာမသွားဘူး။ စိတ်မဆိုးဘူး။ ဒါဘာကြောင့်လဲ ဒေဝဒတ်နဲ့ ကိလေသာ ဘုရားခွဲမြင်လို့။ ဘုရားကိုယ်တိုင်ကလဲ လောဘ ဒေါသ ကိလေသာတွေကို အဝင်မခံတော့လို့…
အဲဒီလို တဦးနဲ့တဦး လူနဲ့ကိလေသာ ခွဲမြင်ကြမယ်ဆိုရင်…
ဘယ်သူက ဘယ်သူကိုမှ နာနာကြည်းကြည်း နာနေကြမှာ မဟုတ်ပါဘူး။
သူ့ခမျာ ဒေါသတွေဝင်နေလို့ ဆဲနေရှာတာပါ။ ရိုက်ခွဲနေရှာတာပါ။ ဒေါသမရှိတော့ရင်သွားရင် ပြီးသွားမှာပါ။
နတ်ကတော် နတ်ပူးပြီးဆဲနေတော့ ဘယ်သူစိတ်ဆိုးပြီး ပြန်ဆဲလို့လဲ။ နတ်ပူးလို့ နတ်ကဆဲနေတာ.. လူကဆဲနေတာမှ မဟုတ်ဘဲ ဆိုပြီး ဟဲဟဲ ဟဲဟဲ တဲ့တောင်ရယ်နေကြသေး။
ဦးပေက ဒေါသတွေ ဝင်လာလို့ ဦးဗိုက်ကို ဆဲမိတော့မယ်ဆိုရင်.. အဲ ငါ့ထံမှာ ဒေါသတွေဝင်လာနေပါလား။ ငါတော့ ဒေါသခိုင်းတိုင်းမဆဲဘူး။ ဒေါသမရှိမှ အေးဆေးပြောမယ်လို့ သတိပြု။
ဦးဗိုက်ကလဲ ဦးပေက ဆဲခဲ့တဲ့အခါဆိုရင်တောင်မှ ငါ့ဆဲတာ ဦးပေမဟုတ်ပါဘူး။ ဒေါသတွေဝင်နေလို့ ဒေါသက ဆဲတာပါ။ ဦးပေက ငါ့ကို ချစ်ပါတယ်လို့ နားလည်ပြီး ဒေါသနဲ့ ဦးပေခွဲမြင်။
ဒါဆိုရင်.. လူမှာငြိမ်းချမ်းမှုတွေ မရနိုင်ပေလား။
ကဲမတူပဲနဲ့မူကွဲ တဲ့ အမြင်နှစ်ခု။
တစ်ခုက.. ဦးပေဆိုတဲ့ လူယောကျာ်းကြီးကို ငါမဟုတ်။ သူမဟုတ်။ ယောကျာ်းမဟုတ်.။ မိန်းမ မဟုတ်လို့ မြင်အောင်ရှုပွားတာ။ ခန္ဓာကိုယ်ရွံမုန်းပြီး ခန္ဓာကိုယ်ဆုံးလို့… ဘာမှမဖြစ်တော့ရာ နိဗ္ဗာန်ရဖို့။
နောက်တခုက လူ့စိတ်မှာ လာဖြစ်တတ်တဲ့ ဒေါသတို့ မာနတို့ ကို ငါမဟုတ်ဘူး။ သူလဲမဟုတ်ဘူး။ အဲဒီဒေါသတို့ မာနတို့ဟာ ယောကျာ်းလို့လဲ ပြောမရဘူး။ မိန်းမလဲ မဟုတ်ဘူးလို့ ရှုပွားတာ။
လူနဲ့ ကိလေသာ ခွဲမြင်ပြီး.. လူမဟုတ်တဲ့ ကိလေသာ လူမှာမစိုးမိုးနိုင်အောင် လူကို လူလို့မြင်အောင်… ကိလေသာကိုလဲ ကိလေသာလို့မြင်အောင်ရှုလို့.. လက်တွေ့ လူ့ဘဝငြိမ်းအောင်
လူနဲ့ကိလေသာ ကွဲပြားပြီး လူကိုလူလိုမြင်ဖို့။ ကိလေသာကို ကိလေသာလို မြင်ဖို့.. လူကနေ ကိလေသာကိုခွဲခြားပြီးခွာဖို့…ကိလေသာဟာ လူကို ဒုက္ခပေးတဲ့အရာလို့သိမြင်ဖို့…အဲဒီလိုသိမြင်မှ ကိလေသာကို သတိထား ပယ်သတ်ပြီး ကိလေသာကင်းစင်တဲ့ လူဖြစ်ဖို့…
လူနဲ့ ကိလေသာ ကွဲပြားစွာမြင်ဖို့အရေး ဒို့အရေး. ဒို့အရေး.. ဒို့အရေး..
လူ့အဆင့်အတန်း အနိမ့်ဆုံးလူဟာ ပုထုဇဉ်။
ပုထုဇဉ်ဆိုတာ လူမှာ ကိလေသာ အပြည့်ရှိသူ။
လူ့အဆင့်အတန်းအမြင့်ဆုံးလူဟာ ရဟန္တာ။
ရဟန္တာဆိုတာ လူမှာ ကိလေသာ လုံးဝမရှိသူ။
လူဟာ ကိလေသာကင်းတဲ့ ရဟန္တာဖြစ်ပြီဆိုရင်..
နိဗ္ဗာန်ကို မျက်မှောက်ပြုနေပြီတဲ့။
ဒီလိုဆိုရင်… နိဗ္ဗာန်ဆိုတာ….
နိဗ္ဗာန်ကို ရရှိခံစားနိုင်တာက “ရဟန္တာ”
ရဟန္တာဆိုတာက “ကိလေသာ မရှိတဲ့ လူ”
ကိလေသာဆိုတာက လူ့စိတ်မှာ လာဖြစ်တတ်တဲ့ လောဘ. ဒေါသ. မာန ။
ဂွကျတာက.. အဲဒီဒေါသတို့ မာနတို့က လူမှာဝင်ပူးပြီး လူနဲ့ခွဲမရအောင် တသားတည်းရောနေတဲ့အရာ။
လူမှာ လောဘမရှိရင်.. ခိုးမရဘူး။
လူမှာ ဒေါသမရှိရင် ရိုက်မရဘူး။
လူမှာ မာန မရှိရင် ပြိုင်မရဘူး။
ကိလေသာဟာ လူမဟုတ်ဘူး။
ဒီနေ့ ကမ္ဘာကြီးမှာ လူတွေစစ်ဖြစ်နေကြတယ်တဲ့။ တကယ်သေချာကြည့်ပါ။
စစ်ဖြစ်နေတာ လူလား…… ဒေါသလား။
နယ်မြေတွေ ချဲ့ထွင်ချင်ကြလို့တဲ့..
နယ်မြေချဲ့ထွင်ချင်တာ
လူလား.. လောဘလား.. အတူလား.. တခြားစီလား။
တနိုင်ငံနဲ့ တနိုင်ငံ လက်နက်တွေပြိုင်ဆိုင်ချင်နေကြတယ်။
အဲဒီလိုပြိုင်ချင်နေကြတာ လူလား.. မာန ကိလေသာလား။
လူတွေမှာ ဒေါသတွေမရှိတော့ရင်… မရှိခဲ့ရင်… မရှိခဲ့ရင်…
35 comments
Gipsy
June 26, 2012 at 11:43 am
ဒေါသတွေသာ မရှိခဲ့ရင် အမှု တစ်ရာလဲ ကြုံရမယ် မထင်ပါ ….။
မောင်ပေ
June 26, 2012 at 12:57 pm
အူးဘဇင်း ပို ့စ် တစ်ခုဖတ်ပြီးတိုင်းမှာ
တရားသဘောနဲ ့ပတ်သက်ပြီး အသိတွေ အများကြီးတိုးတယ်
ဝင်မန် ့ဖို ့ကြတော့ ၊ အသိအနေနဲ ့မပြည့်စုံပြန်ဘူး
ခက်တယ် အူးဘဇင်းရာ
အခုလို ခက်တာ က လဲ မောင်ပေ မဟုတ်
မန် ့တာကတော့ မောင်ပေ ဟုတ်ကြောင်း ပါ ဖလာ့
စိန်ဗိုက်ဗိုက်
June 26, 2012 at 1:10 pm
ဟိုဒေါ်ကြီး ကြန်ကြောကြတဲ့ ဒီလင့်ခ်က http://myanmargazette.net/133282/uncategorized-other/copypaste နာ့ကိုမကြိုက်နှဲ ့ ပုံကြင်ထဲကလို ဖြစ်နေပါပကော.လား အူးဘရှင်းကိုကိုဇောက်ရ..
ဂယ်တော့
နာရှိုဒါ မစိဘူး.
ဗိုက်ကလေးရှိုဒါဘဲ စိဒယ်.. တိန်..
မမ အညာသူ
June 26, 2012 at 1:18 pm
အရမ်းကောင်းပါတယ်……..
အန်ကယ်ဇောက်ရဲ့စာကိုဖတ်တိုင်းအသိတစ်ခုတိုးပါတယ်
ဆက်လက်အားပေးနေပါတယ်နော်
mayjuly
June 26, 2012 at 1:27 pm
အင်း ဘယ်လိုကျောရပါ့မလဲ နော်..
ပြန်ပြောပြရရင်လဲ ဦးပဇင်းကို တရားချသလိုဖစ်နေမှာ ..
ဆိုတော့…
၁ဝ ယူပီး ပြန်ပီနော် … 😛
မဟာရာဇာ အံစာတုံး
June 26, 2012 at 1:53 pm
ကျနော် မှတ်သားဖူးတာလေးပေါ့နော် ..
မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ….. တဲ့ ..
ဒီနေရာတွေကနေ လောဘ၊ ဒေါသတွေ မဝင်လာနိုင်အောင် တားဆီးရမယ်တဲ့
မျက်စိနဲ့ ချစ်စရာရုပ်လေးကို တွေ့ရင် မြင်စိတ်လို့ မှတ်ရမယ်တဲ့ ..
အဲဒီမြင်စိတ်ကလည်း ပျက်စီးတတ်တယ်လို့ မှတ်ရမယ်တဲ့
မျက်စိနဲ့ ရုပ်ဆိုးဆိုးကို တွေ့ရင်လည်း မြင်စိတ်လို့ မှတ်ရမယ်တဲ့
အဲဒီ မြင်စိတ်ကလည်း ပျက်စီးတတ်တယ်လို့ မှတ်ရမယ်တဲ့ …
ကြားဖူးတာ ပြောကြည့်တာပါ … အဟဲ ..
ငါ မဟုတ်တဲ့ အီဖေကို …
kai
June 26, 2012 at 3:33 pm
ကျုပ်ရဲ့.. ဒစ်ဂျစ် 01နည်းနဲ့ကြည့်ရင်.. ကိုရင့်ကြားဖူးတဲ့နည်းက.. 0နဲ့1 တွေကို.. လိုက်မှတ်… အလွတ်ကျက်နေတာနဲ့တူနေတယ်..
ဆိုတော့..
ဘိုင်နရီဒစ်ဂျစ်မှာ..
Red = 010100100110010101100100
White = 0101011101101000011010010111010001100101
ကို အဲလိုပြတယ်.. 🙂
သိသလောက်တော့.. အဲဒီနည်းက.. ဟိန္ဒူတွေနည်းပဲ..
ချာလပါတ်ကို.. လည်နေရော..ဦးနှောက်လည်းမအား.. လူလည်းမနား…
ရှင်းသန့် နွယ်
June 26, 2012 at 2:34 pm
ဟုတ်ပါတယ် အန်ကယ်ဇောက်ရေ………
ဒေါသတွေ လောဘ တွေကင်းနိုင်ရင်တော့အေးချမ်းမှုအစစ်ပေါ့…
ရှင်းသန့်လဲဒေါသရှိတာပဲ…မကောင်းမှန်းလဲသိတယ်…… သတိလွတ်သွားတဲ့အခါဆိုထိန်းမထားနိုင်ဘူး
ဒေါသတွေနည်းသထက်နည်းအောင် သတိလေးနဲ့နေရမှာပေါ့
အန်ကယ်ဇောက်ရဲ့ post တွေကိုဖတ်ပြီးလက်တွေ့လိုက်နာဖို့ကြိုးစားလျှက်………
cum min
June 26, 2012 at 2:40 pm
အော်..လောဘ….ဒေါသ..မောဟ……ဒုက္ခ….တွေ….
ဇောက် ထိုး
June 26, 2012 at 3:31 pm
စာဖတ်သင့်လို့ဖတ်တာက ဦးပေ။ ကိုယ်မြင်တဲ့အတိုင်း ပြန်မန့်သင့်တာ မန့်တာကလဲ ဦးပေ။
ဒါက လူတစ်ယောက်လုပ်သင့်တာ လုပ်လို့ လူ့အလုပ်။ လုပ်သင့်တဲ့အလုပ်။
မှားနေတဲ့စာကြီးကို ဦးဇောက်ကိုချစ်လွန်းလို့ မဟုတ်တာမြောက်ရေးတာက ဦးပေမဟုတ်။ ကိလေသာ။
မှန်နေတဲ့စာကို မကြိုက်တာနဲ့ ဝင်ဆဲတာကလဲ ဦးပေမဟုတ်.. ကိလေသာ။
လူလုပ်တာကို ပယ်ရမှာ မဟုတ်။
လူပင်ကိုယ်မဟုတ်တဲ့ ကိလေသာနဲ့လုပ်တာကို ပယ်ရမှာ။ ဒေါသနဲ့ ဆဲလိုက်သောကြောင့် ဆဲသူကိုရော အဆဲခံရသူကိုရော ဆင်းရဲစေ၏။ ကိလေသာနဲ့လုပ်သောကြောင့်တည်း။
ဗိုက်ဆာလို့.. လူကဆာနေလို့ ထမင်းစားတာသည်။ လူကစားတာ။ စားသင့်၏။ မစားလျှင် ဒုက္ခရောက်အံ့။
ဗိုက်ပြည့်နေပါရက်နဲ့ ဟင်းကောင်းလို့.. နင်းကန်စားခြင်းသည်.. လူစားတာမဟုတ်။ ကိလေသာက စားခြင်းဖြစ်၏။ ထိုကြောင့် လူက မဆာပဲ ကိလေသာစိတ်က ဆာလို့စားခြင်းကြောင့် ဒုက္ခရောက်အံ့။
ယနေ့ မြန်မာနိုင်ငံမှ လူများသည် လူက ဆာတာမဟုတ်ပဲ… ကိလေသာစိတ်က ဆာနေသော အရာများကို စားနေကြ၏။ ထိုကြောင့် ဆင်းရဲနေကြ၏။
ဥပမာ.. ကွမ်းစားခြင်း။ ဆေးလိပ်ဆာခြင်း။ လက်ဖက်ရည်ဆိုင်ထိုင်ခြင်း။ လည်းကောင်းများသည် လူကဆာတာထက် စိတ်ကဆာနေခြင်း၏။ လူကဆာတာဆိုလျှင် မစားရင် သေရမည်။
ဆေးလိပ်သည် စိတ်က ဆာတာဖြစ်သောကြောင့် လူနှင့်မတည့်။ မသောက်လျှင် လူကိုကောင်းစေ၏။
လူကဆာသော ထမင်းကို ထမင်းစာချင်တာ လောဘဆိုပြီးပယ်လျှင် သေနိုင်၏။
ယင်းကား… လူလုပ်ခြင်း.နှင့်.. ကိလေသာလုပ်ခြင်းအထူးတည်း။
ဇောက် ထိုး
June 26, 2012 at 3:58 pm
ငါနဲ့ဗိုက်ကလေးသည် အတူတူဖြစ်၏။ ရှိလည်းရှိ၏။ ငါနှင့်ဗိုက်ကလေးရှိသောကြောင့် ငါနှင့်ဗိုက်ကလေး ချမ်းသာချင်၏။ ငြိမ်းချမ်းချင်၏။
ငါနှင့်ဗိုက်ကလေးဆိုတာ မရှိရင် . ဘယ်သူငြိမ်းချမ်းချင်တာလဲ။ ဘယ်သူချမ်းသာချင်တာလဲ။
ထိုကြောင့် ဗိုက်ကလေး ချမ်းသာဖို့ရာအတွက်.. ဗိုက်ကလေး ငြိမ်းချမ်းဖို့ရာအတွက် ဗိုက်ကလေးသည် မရှိမဖြစ် လိုအပ်နေ၏။ ရှိလည်း ရှိနေ၏။
ဗိုက်ကလေးကိုမေးချင်ပါ၏။ တနေ့ ၂၄-နာရီရှိ၏။ ထို ၂၄နာရီတွင် ဘယ်နှစ်နာရီစိတ်တိုတတ်ပါသလဲ။ တစ်ခါတလေ.. တရက်တခါဖြစ်၏။ တခါတလေ တပတ်တခါဖြစ်နိုင်၏။ ထိုစိတ်တိုခြင်းသည်။ ဗိုက်ကလေး မဟုတ်။ ဒေါသဖြစ်၏။
ထိုဒေါသသည် ဗိုက်ကလေး မဟုတ်။ ငါမဟုတ်ခြင်းဖြစ်၏။
တချို့က ငါစိတ်တိုတယ်လို့ထင်ကြ၏။
ဦးဗိုက်တို့ ဦးပေ တို့ ဦး ခိုင်တို့အား ကျေးဇူးအထူးတင်၏။ ဘာသာရေးဟု မမြင်ပဲ အတွေးအခေါ်တစ်ခုဟု သဘောထားကာ အလေးထားစဉ်းစားပေးသောကြောင့်ဖြစ်၏။
ကျွန်တော် တခါတလေ အင်တာနက်ခန်းထဲ ရယ်နေမိ၏။ တခါတလေ ချွေးများပြန်နေ၏။
ယင်းကား ငရုပ်သီးကြိုက်သူ ငရုပ်သီးများ စားနေခြင်းနှင့်တူ၏။ ကောင်းလည်းကောင်း၏။ စပ်လည်းစပ်၏၊
ဇောက် ထိုး
June 26, 2012 at 4:27 pm
ဦးခိုင်ရဲ့မန့်စာကို မဖတ်ရဲပဲဖြစ်နေ၏။ တခါဖတ်လိုက်..မြင်လိုက်ရုံနဲ့ ထိမ်းမရအောင်ရယ်နေမိ၏။
နှစ်ခါပြန်ဖတ်ကြည့်၏။ ပိုဆိုးနေပြန်၏။ ပိုရယ်နေပြန်၏။ ချာလပတ်ကိုလည်နေတာပဲ လူလည်း မအား..ဦးနှောက်လည်းမအား…ဟားးးးးးးးးးးးးးးးးးးးးးးးးးးးးစာထဲကိုထုတ်ရယ်မှရတော့အံ့။
ခြင်္သေ့ရှေ့ အသံချဲ့စက်ဖွင့်ပြသလိုဖြစ်နေ၏။ ဟီးးးးးးးးးး
လည်းကောင်းနည်းသည် ဟိန္ဒူနည်း လုံးဝမဟုတ်ဟုဆိုချင်ပါ၏။ ဟိန္ဒူက ကိုယ်ကောင်ကြီးကိုရှု၏။
ခုဟာက ကိုယ်ကောင်ကြီးမှာဖြစ်တတ်တဲ့ ကိလေသာကို မြင်အောင်ရှုခြင်းဖြစ်၏။ အလွန်သိမ်မွေ့တဲ့ သဘော ဖြစ်၏။
ဒီနေရာမှာ ပြောပြီးသားကို အတိုဆုံးလေးပြောခဲ့ဦးအံ့။
လူမရှိတာ ရဟန္တာ မဟုတ်။ လူမှာ ကိလေသာမရှိတာ ရဟန္တာဖြစ်၏။
ရဟန္တာ သည် နိဗ္ဗာန်ချမ်းသာကိုခံစားနေ၏။ ငြိမ်းအေးနေ၏။
လူမှာ ကိလေသာကင်းဖို့ရာအတွက် ကိလေသာကို လူနဲ့ခွဲမြင်ဖို့ အထူးအရေးကြီး၏။
လွွှတ်တော်ထဲတွင် တဦးနဲ့တဦး ပြောသင့်ပြောထိုက်တာ ပြေနေခြင်းသည် လူ့အလုပ်။ လုပ်နေရမည့် အလုပ်။ ပြောသင့်တာ မပြောလျှင် လူ့တာဝန် မကျေရာကျ၏။
လွှတ်တော်ထဲတွင်.. ဆဲပြီးပြောခြင်း.. အော်ကြီးဟစ်ကြယ်ပြောနေခြင်း.. တဖက်လူ မုန်းတီးစိတ်နှင့်ပြောနေခြင်းများသည်။ လူကပြောနေခြင်းမဟုတ်။ လူ့စိတ်မှာ မနာလို ဝန်တို ဒေါသ အာဃာတ များက ပြောနေခြင်းဖြစ်၏။ ထိုသို့ ပြောခြင်းသည် ပြောသူကို ဆင်းရဲစေ၏။ ယင်းကား လူက ကိလေသာနဲ့ပြောသောကြောင့်ဖြစ်၏။
အနိစ္စ..ဒုက္ခဟုဖြစ်စေ.. ငါ.သူ..ယောကျာ်း..မိန်းမ မဟုတ်ဟုဖြစ်စေ ထိုင်ရှုနေဖို့မဟုတ်။ ကိုယ်လုပ်တဲ့အထဲ ကိုယ်ပြောတဲ့အထဲမှာ အမြဲသတိပြုနေဖို့ဖြစ်၏။
ဦးခိုင် ခုလိုအားပေးပြီး စိတ်ဝင်စားတာကို အထူးအားနာပြီး ဝမ်းသာမိပါ၏။
အတွေးအခေါ်များဟုသာ သဘောထားနိုင်ပါ၏။
ဘာပဲရေးရေး လူသားငြိမ်းချမ်းရေးသို့သာ ဦးတည်၏။
မည်သည့် အားထုတ်မှုမျိုး ပွားများမှုမျိုးဖြစ်ပါစေ.. လူ့အလုပ်နဲ့ကင်းပြီး အလုပ်ကိုပစ်ပြီးအားထုတ်မှုမျိုး မဖြစ်ရန်နှင့် အလုပ်တွေထဲမှာ ကိလေသာတွေမပါဖို့ အဓိကဖြစ်၏။
ငှက်ဖျားရောဂါသည်။ လူမှာ လာဖြစ်၏။
kai
June 26, 2012 at 11:08 pm
female = 011001100110010101101101011000010110110001100101
females = 01100110011001010110110101100001011011000110010101110011
မိန်းမဆိုတာကို.. မိန်းနဲ့ မ ပေါင်းထားတဲ့စာလို့လည်းမမြင်..
ဖြစ်ပျက်နေတဲ့ရုပ်တွေနာမ်တွေ.. အစုအဝေးလို့လည်းမမြင်ပဲ..
အမေ၊သမီး။အပျို။အအိုစသဖြင့် ဆိုင်ရာတွေရဲ့..ကံနဲ့ကံအကျိုးအလိုက် ပြောဆိုပြုမှုထိတွေ့ဆက်ဆံဖို့ ဆိုလိုရင်းပါ ကိုယ်တော်ဇောက်ရေ..
Azzurri
June 26, 2012 at 11:23 pm
ဘုရားဟောကို re-define လုပ်နေပါတယ်ခည…
ဘိုင်နရီကနေ ဘယ်တော့ ဟက်ဆာ တက်မယ်ဆိုတာလေးလည်း မိန့်ခဲ့ပါဦး…
kai
June 26, 2012 at 11:52 pm
ဘိုင်နရီကနေဟက်ဆာ တက်တာက..
ဖေါင်းပိန်ထိုင်ထိကနေ.. ထွက်ဝင်မှတ်သွားတာမျိုးပဲကွာတယ်.. 🙂
ဇောက် ထိုး
June 27, 2012 at 7:13 am
မိန်းမဆိုတာကို..မိန်းနဲ့မ ပေါင်းထားတဲ့စာလို့လဲ မမြင်….(မှန်ပါကြောင်း)
ဖြစ်ပျက်နေတဲ့ ရုပ်တွေ နာမ်တွေ..အစုအဝေးလို့လည်း မမြင် (မှန်ကန်ပါကြောင်း)
အမေ သမီး အပျို အအို စသဖြင့်မြင်ရမည်။ ဒါမှ အမေကို အမေလိုဆက်ဆံနိုင်မည်။
မိန်းမကို မိန်းမလို ဆက်ဆံနိုင်မည်။ သမီးကို သမီးလိုဆက်ဆံနိုင်မည်။ အပျိုကို အပျိုလို့မြင်မှ ရီးစားစကားပြောချင်စိတ်ပိုများမည်။
အအိုကို အအိုလို့ မြင်မှ ရှောင်နိုင်ရှားနိုင်ဖို့ ဖြစ်ရမည်။ (မှန်ကန်ပါကြောင်း)
ကံနဲ့ကံရဲ့အကျိုးအလိုက် ပြောဆိုထိတွေ့ဆက်ဆံခြင်းသည်။ (စဉ်းစားဖို့လိုလာကြောင်း)
၁=ကံ-သည် လူ့အလုပ်ကို ကံ..ဟုမဆိုနိုင်ပါ။ ကိလေသာနဲ့ လုပ်တဲ့အလုပ်သာ “ကံ”ဟု ဆိုရမည်။ ဘုရားမှာ ဘာလုပ်လုပ်…ကိလေသာမရှိ…ကိလေသာနဲ့မလုပ်သောကြောင့် “ကံ”မဖြစ်ပါ။ (ဝဋ်သုံးပါးမှာ ကိလေသာဝဋ်ကြောင့် ကမ္မဝဋ်ဖြစ်သည်။)
ကောင်မလေးသည် ကျွန်တော်ကို “ ဒေါသ” နဲ့ ဆဲလိုက်သည်။ ဒါ “ကံ”ဖြစ်သည်။
ကျွန်တော်သည် ကောင်မလေးကို “ဒေါသ”နဲ့ ပြန်ဆဲရမည်လား။
ယင်းသို့ ဆဲကြလျှင်.. အားလုံးဆင်းရဲဒုက္ခရောက်ဖို့သာရှိမည်။ ဘာကြောင့် နည်း “ဒေါသ”ကိလေသာနဲ့ ဆဲခြင်း “ကံ”ကိုကျူးလွန်ကြသောကြောင့်….
ကောင်မလေးက ကျွန်တော်ကို ဒေါသနဲ့ဆဲ လိုက်သည်။ ကျွန်တော်မည်ကဲ့သို့တုန့်ပြန်မည်နည်း။။
ဒီကောင်မလေး ဒေါသ(ကိလေသာ)တွေ နှိပ်စက်ခံနေရတယ်။ ငါ့ကိုဆဲတာ ကောင်မလေးမဟုတ်..သူ့မှာဒေါသတွေကြီးနေလို့ပါ။ သူ့မှာ အတော်ဆင်းရဲနေရှာမှာပဲ။ ယင်းကဲ့သို့ ကောင်မလေးနှင့်ဒေါသကိုခွဲမြင်လိုက်လျှင်
ကောင်မလေးကို ပြန်လည်ဒေါသထွက်စရာအကြောင်း(ကိလေသာ) ကိုယ့်မှာဖြစ်ဖို့မရှိ။
ကျွန်တော်သည်.. ကိလေသာပယ်နည်းကိုတင်ပြနေခြင်းမဟုတ်သေးပါ။ မဂ္ဂင်အကျင့်များ မဟုတ်သေးပါ။ အနိစ္စ ဒုက္ခ..ဖြစ်စေ….ငါ..သူ..ကိစ္စဖြစ်စေ… ကိလေသာလုပ်တာနဲ့ လူလုပ်တာကို ကွဲကွဲပြားပြားမြင်ဖို့.. ပြတဲ့အဆင့်သာဖြစ်ပါသည်။ ယင်းကိလေသာကိုပယ်ဖို့ ကျင့်ရမည့် လမ်းစဉ်ကား မဂ္ဂင် ရှစ်ပါးသာဖြစ်ပါကြောင်း။
ကိလေသာလူမှာ မရှိမှ ရဟန္တာ။ ကိလေသာမရှိအောင် ကိလေသာကြောင့်ဖြစ်တဲ့ ဒုက္ခကို မြင်အောင်ကြည့်ရပါမည်။ ကိလေသာကို ပယ်သတ်ပစ်ရပါမည်။ ကိလေသာကို ပယ်နိုင်ဖို့ရာ “ကိလေသာကို မြင်မှကို ပယ်လို့ သတ်လို့”ရပါမည်။ ယနေ့ ကိလေသာကို မြင်သယောင်ယောင်နဲ့ ပီပီပြင်ပြင်မမြင်ဟု ခံစားမိသောကြောင့်။
ခုတင်ပြမှုများသည် ကျွန်တော်စဉ်းစားတွေးမြင်မှုများဟု ဆိုချင်ပါက ဆိုနိုင်ပါသည်။
ကောင်းမလေးသည် ခရီးသွားရင်းသူ့ကို ကျွန်တော်က စောက်ရှောက်ခဲ့သောကြောင့် ကျွန်တော်ကို အသိရှိစွာ ဘာအစွန်းအထင်းမှ မပါဘဲ လုံချည် တထည်ဝယ်ပေးသည်။ ယင်းပေးမှုသည်.. ပေးသင့်လို့ ပေးတာဖြစ်သောကြောင့် “ကံ”မဖြစ်ဟု ဆိုချင်ပါသည်။
ဘုရားသည် ရဟန်းတပါးကို အနာတွေပေါက်နေလို့ ဖန်ဆေး သင်္ကန်းလျှော် ပေးခဲ့ပါသည်။ သူဋ္ဌေးသားမို့ မဟုတ်။ ငါ့ကိုနောင်ပြန်ပြီးပြုစုအောင်လို့မဟုတ်။ ငါ့အပေါ်ကောင်းဖူးလို့မဟုတ်။ ဘာကြောင့်မှ မဟုတ်။ ဘာအကျိုးမှမမျှော်။ “““လုပ်သင့်လို့လုပ်ပေးခြင်း””””ဖြစ်၏။ ဘာအစွန်းအထင်း(ကိလေသာ)နဲ့မှ လုပ်ပေးတာ မဟုတ်သောကြောင့် “ကံ”မဖြစ်ပါ။
ကျွန်တော်ကို နာလည်စေချင်သဖြင့် ပြန်လည်ရှင်းပြနေသော ဦးခိုင်သည်.. အရှုံးမခံဘူး။ ပြန်ချမယ်စတဲ့ ဒေါသတွေ မာနတွေမပါလို့ ခုလိုရှင်းပြနေခြင်းသည် “ကံ”မဖြစ်ပါ။
ဒို့ မရှင်းတာတွေ သူရော အများရော ရှင်းလင်းအကျိုးများတဲ့ အသိတစ်ခုရဖို့ ဆွေးနွေးသင့်လို့ ဆွေးနွေးတာဖြစ်လို့ လူ့အလုပ်ဖြစ်သည်။
လူက လုပ်တာကို “ကံ”ဟု မဆိုချင်။ ကိလေသာက လုပ်မှသာ “ကံ”ဖြစ်သည်။
ဘုရားဟောမှာ ပါဠိတွေ တိုက်ရိုက်ရှိပါသည်။
အလွန်ရှေတာကို အထူးခွတ်လွတ်ပေးပါ ဦးခိုင်။
kai
June 27, 2012 at 7:29 am
သဘောပေါက်ပါတယ်ခင်ဗျား..
သာဓု။သာဓု။သာဓု..။
ဇောက် ထိုး
June 26, 2012 at 4:31 pm
ဦးပေက ဦးပေကြား။ ဦးဗိုက်က ဦးဗိုက်ကြား။ ဦးခိုင်က ဦးခိုင်ကြား ချတာပဲ မချတတ်ပဲဖြစ်နေ၏။
စိန်ဗိုက်ဗိုက်
June 26, 2012 at 5:07 pm
အလို..
ဒီစာကို ငါဖတ်တာမဟုတ်..ငါဖတ်တာမဟုတ်..
မျက်စိက ဖတ်နေတာဖြစ်အိ..
အဟဲ
အဲဂလို မှတ်ရင်ဂေါ ရပါတလားဂျ
ဇောက် ထိုး
June 26, 2012 at 6:51 pm
ဒီစာကို ငါဖတ်တာ ဟုတ်မဟုတ်.. ကာယကံရှင်သာသိအံ့။
ဒီစာကို ချစ်ခြင်း..မုန်းခြင်းဖြင့် ဖတ်ခြင်းဖြစ်လျှင် ချစ်ခြင်း မုန်းခြင်းသည် ငါမဟုတ်။
ချစ်ခြင်း မုန်းခြင်း မပါပဲ အသိတိုးရန် ဖတ်သင့်လို့ဖတ်လျှင် ငါဖတ်ခြင်း စိန်ဗိုက်ဗိုက်ဖတ်ခြင်း ဖြစ်၏၊
ချစ်ခြင်း မုန်းခြင်းဖြင့် ဖတ်လျှင် ကြိုက်ခြင်း မကြိုက်ခြင်း များဖြစ်လတံ့။ မကြိုက်ခြင်းဖြစ်လျှင် လူဆင်းရဲလတံ့။ ကြိုက်ခြင်းဖြစ်လျှင်လဲ ငတ်နေတာမျိုးဖြစ်ပြီး ဆင်းရဲလတံ့။
လျှော့ဘူးကွ။
သားဦး၊မြေးဦး
June 26, 2012 at 8:16 pm
တနိုင်ငံနဲ့ တနိုင်ငံ လက်နက်တွေပြိုင်ဆိုင်ချင်နေကြတယ်။
အဲဒီလိုပြိုင်ချင်နေကြတာ လူလား.. မာန ကိလေသာလား။
လူတွေမှာ ဒေါသတွေမရှိတော့ရင်… မရှိခဲ့ရင်… မရှိခဲ့ရင်…
အရီး Khin Latt
June 26, 2012 at 8:39 pm
“လူအို” ရုံ
“လူနာ” တင်ကား
“လူသေ” မှု
ကိုယ်တော်ဇောက် ဖျာ့
ဟိုဘက်က ဟာ ကို ဆက်ငြင်းဖို့ သယ်လာတယ် ဖျာ့။
ကိုယ်တော် တို့ရဲ့ လောကုတ္တရာ အသုံး နဲ့ လောကီ အခေါ် မတူရင်တော့ လဲ မသိဘူး ဖျာ့။
အဲဒီ မတူ ရင်လဲ လူအများ သိတာ ကို ဘဲ ပို မသုံးသင့် ဘူးလား ဖျာ့။
ဤအရာတွင် “ငါ” စွဲ ဖြုတ် ၍ တွေးပါမည်။
“ငါ” ဆိုသော ခင်လတ် မှ ငြင်းတာမဟုတ်။
ကိုယ်တော် ဇောက်ထိုး မှ ငြင်း ခြင်း သာ ဖြစ်၏။ 😀
ဇောက် ထိုး
June 26, 2012 at 9:15 pm
အရီးရေ… ဒီနေ့တော့ တနေကုန် ရယ်နေရတယ်။
ဒီလိုလုပ်လိုက်ပါ။ ကျွန်တော်က သူအို.. သူနာ.. သူသေ..ဆိုပြီး ကျန်းကြီးဂန်ကြီး အရ အဆိုတင်သွင်း၏။
အရီးက လူအိုရုံ. လူနာတင်ကား.. လူသေမှု. ကျမ်းလေး ဂန်လေး အရ တင်ပြ၏။ ထိုကြောင့် ကျန်းလေးထက် ကျမ်းကြီးသည် သာလွန်သောကြောင့် ကျွန်တော်ကို အနိုင်ပေးလိုက်ပါသည်။ လှူလိုက်ပါသည်လို့ လုပ်လိုက်ပါ။ ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ငါဆိုသော အရီးမှ ငြင်းသည်မဟုတ်။ ယင်းကား မှန်၏။
ကိုယ်တော် ဇောက်ထိုးမှ ငြင်းခြင်းသာဖြစ်၏။ ယင်းကား အထူးမှား၏။
အဖြေမှန်မှာ ငြင်းသူသည် အရီးလည်းမဟုတ်။ ဇောက်ထိုးလည်း မဟုတ်။ မဟုတ်ရင် မခံဘူးဆိုတဲ့ မာန ကိလေသာသာဖြစ်ပါသည်။ ယင်းကားယေဘုယျ။
သို့သော်လည်း ကျွန်တော်တို့ တူဝရီး ငဲ့ညာသောအားဖြင့် မာနကိလေသာဖြင့်ညင်းသည်မဟုတ်ဘဲ လူပီသစွာ အမှန်တရားကို ဆွေးနွေးကြခြင်းဖြစ်ပါကြောင်း…..ဟီးးးးးးးးးးးးးးးးးးးး
Aung
June 26, 2012 at 11:19 pm
သာ…ဓု၊ သာ….ဓု၊ သာ….ဓု…..
သံသရာ ဝဋ္ဋ်ဆင်းရဲ အပေါင်းမှ လွတ်မြောက်ရာ နိဗ္ဗန်ရောက်ကြောင်း
တရားကို ဟောပြောတဲ့ ဦးဇောက်ကို ကျေးဇူးတင်ပါ၏ သို့သော်
(ဒီခန္ဓာကိုယ်ကြီးရှိနေလို့ ဒီကောင်ကြီးရှိနေလို့ ဒုက္ခတွေခံစားနေရတာဆိုရင်. ဒီခန္ဓာကိုယ်ကောင်ကြီး မရှိရင် သုခဆိုတဲ့ ငြိမ်းချမ်းမှုကိုကော ဘယ်သူက ဘယ်လိုခံစားမှာလဲ။ ဒါက အဖြေရှာရမယ့် ပြဿနာ။)
ွှအဲ..အဲဒီအပိုဒ် လေးကိုတော့ တမျိုးဖြစ် သွားကြောင်းပါ ဖျာ့
မောင်ပေ
June 27, 2012 at 9:36 am
ဒီပိုစ့်ကို ထပ်ထပ်ပြီး လာဖတ်နေမိတယ်
အူးဘဇင်း ရှင်းပြ ရေးပြထားတာတွေကို သဘောအရမ်းကျသလို ဖတ်ပြီး စဉ်းစား ရတာ အလုပ်ပါဘဲ။
ကြည်ဆောင်း
June 27, 2012 at 2:27 pm
လူဆိုတာ နေ့တိုင်း ကုသိုလ်၊ ပိုက်ဆံ၊ ပညာ တစ်ခုခုတော့ရသင့်တယ်လို့ ကြားဖူးပါတယ်။
ကုသိုလ် ရဖို့ကတော့ ကိုယ်လုပ်မှကိုယ်ရတာမို့ . . . . . . .
ပိုက်ဆံကတော့ လခစား အလုပ်သမားမို့ နေ့တိုင်း မရပါ။
ပညာကတော့ အခုဘဲရလို့ယူသွားပါပြီ။
ကျေးကျေးပါဦးပဇင်းဇောက်။
ဖိုးထောင်
June 27, 2012 at 4:34 pm
ငါဟာ ငါမဟုတ် အမိန့် အာနာပြင်းလွန်းတဲ့အမိန့် (ကျော်ဟိန်း ဆိုနေသည်မဟုတ် ကျော်ဟိန်းဟု အမည်သညာပေးထားသော အပုပ်ကောင်ကြီးအော်နေခြင်းဖြစ်သည်)
သာဓုပါတော် (မိန်းခလေးတစ်ယောက် ခေါ်နေသည်မဟုတ် မိန်းခလေးဟုထင်ရသော (( အတွင်းပစ္စည်း မမြင်ရ၍ ထိုသို့သုံးနှုံးပါသည် မတော် အခြောက်ဖြစ်နေ ဒုက္ခ)) အပုပ်ကောင်ကြီးက ခေါ်နေခြင်းဖြစ်သည်)
ကဖိုးထောက် အတွေးထူထူ (ကိုပေါက်၏တူ)
နွေဦး
June 27, 2012 at 9:14 pm
“လူမှာ လောဘမရှိရင်.. ခိုးမရဘူး။
လူမှာ ဒေါသမရှိရင် ရိုက်မရဘူး။
လူမှာ မာန မရှိရင် ပြိုင်မရဘူး။
ကိလေသာဟာ လူမဟုတ်ဘူး။”
ဦးဇောက်ထိုးပြောတာ လက်ခံပါတယ်..။
လောဘ ဒေါသ မာန ကိလေသာတို့ ဟာ
ငါ သူတပါးယောက်ျားမိန်းမ မဟုတ်လို့ဆိုတာလဲ သိသာမြင်သာပါပြီ ။
ဒီလို သိပြီးမြင်ပြီးတာနဲ့ ကျုပ်မဟုတ်တဲ့ ဟောဒီ ၃၂ ကောဌာသ အစုအဝေးကြီးထဲမှာ
လောဘ ဒေါသ မာန ကိလေသာ တွေဟာ မဖြစ်တော့ဘူးလား ။
ဒီလိုမဖြစ်တော့ရင် ဒီအစုအဝေးကြီးဟာ ငြိမ်းချမ်းရောလား ။
ဒီလောဘ ဒေါသ မာန ကိလေသာတို့ ဖြစ်ကြောင်း ချုပ်ကြောင်း ဖြစ်ရာ ချုပ်ရာ တွေကို
မသိ နားမလည်ဘဲနဲ့ကော ဒီအစုအဝေးကြီးဟာ ငြိမ်းချမ်းရာကို မြင်ရောလား ။
“ရဟန္တာ သည် နိဗ္ဗာန်ချမ်းသာကိုခံစားနေ၏။ ငြိမ်းအေးနေ၏။
လူမှာ ကိလေသာကင်းဖို့ရာအတွက် ကိလေသာကို လူနဲ့ခွဲမြင်ဖို့ အထူးအရေးကြီး၏။”
လူနဲ့ ကိလေသာ ခွဲမြင်ရုံလောက်နဲ့တော့ လူမှာ ကိလေသာမကင်းနိုင်ဘူးလို့ ထင်ပါတယ် ။
ဒီလိုဘဲ လောဘ ဒေါသ မာန တွေကိုလဲ ခွဲခြားသိရုံလောက်နဲ့တော့
လောဘ ဒေါသ မာန တွေ မကင်းသွားနိုင်ဘူးလို့ ထင်ပါတယ် ။
ကိုယ်တော် ..စိတ်မဆိုးနဲ့နော် ရွာသားခြင်းဘဲ..။
တပည့်တော်ကို ဖြေရှင်းပေးရင်း ရွာသားတွေလဲ ဗဟုသုတ တိုးပါစေ ဆိုတဲ့ ရည်ရွယ်ရင်းပါ ဘုရား.။
Oo Oo
June 27, 2012 at 10:22 pm
ကိလေသာနဲ့ပတ်သက်ပြီး..ရှင်းပြထားတဲ့ အချက်အလက်လေးတွေ ကိုသဘောကျပါတယ်။
ကျေးဇူးပါ..
ဇောက် ထိုး
June 28, 2012 at 6:57 am
အော် ကိုနွေဦးကလဲ ဒါစိတ်ဆိုးစရာမှ မဟုတ်တာ။ ကျွန်တော် စိတ်ဆိုးလိုက်ရင် ကိုနွေဦးက ဘာမှဖြစ်မှာမဟုတ်ဘူး။ ကျွန်တော်စိတ်ဆိုးတာတောင် ကိုနွေးဦးသိမှာ မဟုတ်ဘူး။ ကျွန်တော်စိတ်ဆိုးရင် ကျွန်တော်ပဲ ဆင်းရဲနေမှာပေါ့။ ကျွန်တော်မှာ ပူလောင်နေမှာပေါ။ ဒီလိုလေး သိတော့ ကျွန်တော် စိတ်မဆိုးပါဘူး။
ကိလေသာကို ချုပ်အောင်ကျင့်ဖို့ကတော့ ကျွန်တော် ရေးတဲ့စာတွေထဲမှာ ပါပါတယ်။ ခုတင်ပြနေတာတွေက ကိလေသာကို မြင်အောင်သာတင်ပြနေတာပါ။ ကိလေသာကိုယ်ပယ်ဖို့ မပါသေးပါဘူးလို့…အနိစ္စမှာလား။ ဒီမှာလား မသိဘူး။
လူတွေတစ္ဆေ သရဲနဲ့ရန်ဖြစ်သလို မမြင်ရပဲနဲ့ရမ်းရိုက်နေကြမှာစိုးလို့ ရိုက်လို့ရအောင် မြင်အောင်ပြတဲ့ သဘောလောက်ပါ ကိုနွေဦးရယ်။
နွေဦး
June 28, 2012 at 8:31 am
ဟုတ်ပါ့ ဟုတ်ပါ့
ကျုပ် ဆန္ဒ စောသွားတာပါဗျာ
တောင်းပန်ပါတယ်နော်…။
htoosan
June 28, 2012 at 7:16 am
လူမှာ လောဘမရှိရင်.. ခိုးမရဘူး။
လူမှာ ဒေါသမရှိရင် ရိုက်မရဘူး။
လူမှာ မာန မရှိရင် ပြိုင်မရဘူး။
မောဟ အကြောင်းလည်း အကျယ်ရှင်းပေးပါဦး ..
Shwe Ei
June 28, 2012 at 10:54 am
သာဓုပါ ကိုယ်တော်ဇောက်ထိုးရေ ။ ဖတ်ပြီးတော့ ကိုယ့်ကိုကိုယ်ပြန်မြင်ပြီး ရှက်မိပါတယ်။ တနေ့ တနေ့ ဒေါသ လောဘ မောဟတွေနဲ့ လုံးထွေးနေရတာကို ငါဟဲ့ ဆိုပြီးမာန်တက်နေမိလို့ 🙁
ဇောက် ထိုး
June 28, 2012 at 12:19 pm
မောဟ ကတော့ ကိလေသာရဲ့ ခေါင်ချုပ်လို့ပြောရမယ်ထင်တယ်။ လောဘ ဖြစ်တဲ့အခါမှာလဲ မောဟ မကင်းဘူး။ အသိမရှိလို့လေ။
ဒေါသဖြစ်လဲ မောဟက ပါတာပဲ။ အသိမရှိလို့ဒေါသကလဲဖြစ်မိတာမဟုတ်လား။
ကိုနွေဦးရယ် ရပါတယ်။ ခင်ဗျားခုလိုပြောလို့ ကျွန်တော် တစ္ဆေပုံစံလေး ထုတ်ပြလိုက်ရတာ။
တကယ် ဒီအသိကို နှလုံးသွင်းနေရင် တကယ်နေလို့ကောင်းတာကိုတော့ ကျွန်တော်ပြောချင်ပါတယ်။
မိုက်ကယ်ဂျော်နီအောင်ပု
June 28, 2012 at 12:42 pm
တော်တော် နောက်တဲ့လူတွေဘဲ
( လူသားအားလုံး ( ၏ ) မငြိမ်းချမ်းခြင်းရဲ့ တရားခံ အစစ် ) ကိုများ ပြောဆိုငြင်းခုန်နေလိုက်ဂျဒါ
နားဂိုညီးးးးးးးးးးးးးးနေဒါဘဲ
( လူသားအားလုံး ( ၏ ) မငြိမ်းချမ်းခြင်းရဲ့ တရားခံ အစစ် ) ဆိုတာ
ငြိမ်းချမ်းအောင်မနေတတ်ခြင်းဘဲ
ငြိမ်းချမ်းအောင်နေတတ်မှတော့ မငြိမ်းချမ်းခြင်းဆိုတာ ဘယ်လိုဖြစ်တော့မှာတုန်း
စာထဲလည်းပါတာဘဲ
စိတ်ညစ်ညူးကြောင်း တရားတို့ကား အဘယ်တို့နည်း။
(၁) သူတစ်ပါး စည်းစိမ်ကို ရှေးရှုကြံစည်ခြင်း ( အဘိဇ္ဈာ )
(၂) မသင့်လျော်ရာ၌ လိုချင်တပ်မက်ခြင်း ( ဝိသမလောဘ )
(၃) သူတစ်ပါး ပျက်စီးစေလိုခြင်း ( ဗျာပါဒ )
(၄) အမျက်ထွက်ခြင်း ( ကောဓ )
(၅) ရန်ငြိုးဖွဲ့ခြင်း ( ဥပနာဟ )
(၆) ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း ( မက္ခ )
(၇) ဂုဏ်ပြိုင်ခြင်း ( ပဠာသ )
(၈) ငြူစူခြင်း ( ဣဿာ )
(၉) ဝန်တိုခြင်း ( မစ္ဆရိယ )
(၁၀) လှည့်ပတ်ခြင်း ( မာယာ )
(၁၁) စဉ်းလဲခြင်း ( သာဌေယျ )
(၁၂) စိတ်ခက်ထန်ခြင်း ( ထမ္ဘ )
(၁၃) ခြုတ်ခြယ်ခြင်း ( သာရမ္ဘ )
(၁၄) မောက်မော်ခြင်း ( မာန )
(၁၅) အလွန် မောက်မော်ခြင်း ( အတိမာန )
(၁၆) မာန်ယစ်ခြင်း ( မဒ )
(၁ရ) သတိ မေ့လျော့ခြင်း ( ပမာဒ ) သည် စိတ်၏ ညစ်ညူးကြောင်းတည်း။
လွယ်လွယ်တွေးဂျဇမ်းဘာ ကိုယ့်လူတို့ရာ
ကွိကွိ