အတိုအထွာများ (၂)…

yannaingechJune 26, 20101min960
ပရိုဂရမ်မာတစ်ယောက်နှင့် အင်ဂျင်နီယာတစ်ယောက်တို့သည် လော့စ်အိန်ဂျယ်လီစ်မှ နယူးယောက်သို့ ပျံသန်းသည့် လေယာဉ်ခရီးရှည်ကြီးပေါ်တွင် ဘေးချင်းကပ် လိုက်ပါလာကြသည်။
ပရိုဂရမ်မာက အင်ဂျင်နီယာဘက်လှည့်ပြီး စိတ်ပြေလက်ပျောက် ဂိမ်းကစားကြမလားဟုမေးသည်။
အင်ဂျင်နီယာက တရေးတမောအိပ်လိုသဖြင့် ယဉ်ကျေးစွာငြင်းပယ်ပြီး ပြတင်းပေါက်ဖက်သို့လှည့်သွားသည်။
ပရိုဂရမ်မာကဇွဲမလျှော့ဘဲ ဒီဂိမ်းက ပျော်စရာကောင်းပြီး ကစားရတာလွယ်ကြောင်းပြောနေသည်။ “ကျွန်တော်က ခင်ဗျားကိုမေးခွန်းတစ်ခုမေးမယ်။ ခင်ဗျာမဖြေနိုင်ရင်ကျွန်တော့်ကို ၅ ဒေါ်လာပေး။ ပြီးရင်ခင်ဗျားက ပြန်မေး။ ကျွန်တော်မဖြေနိုင်ရင် ၅ ဒေါ်လာပေးမယ်”
အင်ဂျင်နီယာက ထပ်မံ၍ ယဉ်ကျေးစွာငြင်းပယ်ပြီး အိပ်ပျော်ရန်ကြိုးစားသည်။
ယခုတစ်ကြိမ်တွင် ပရိုဂရမ်မာက အနည်းငယ် ကျွဲမြီးတိုသွားသည်။ “ကောင်းပြီဗျာ၊ ခင်ဗျားမဖြေနိုင်ရင် ၅ ဒေါ်လာပဲပေး။ ကျွန်တော်မဖြေနိုင်ရင်တော့ ဒေါ်လာ ၁၀ဝ ပေးမယ်ဗျာ”
ဒီတစ်ကြိမ်မှာတော့ အင်ဂျင်နီယာက စိတ်ဝင်စားသွားသည်။ သူမကစားလျှင်လည်း ဒီဇာတ်လမ်းက ဆုံးမှာမဟုတ်နိုင်တော့ ကစားဖို့ သဘောတူလိုက်သည်။
ပရိုဂရမ်မာကအရင်မေးသည်“ ကမ္ဘာနဲ့လနဲ့ ဘယ်လောက်ဝေးလဲဗျာ”။ အင်ဂျင်နီယာက တစ်ခွန်းမှပြန်မဖြေ၊ ပိုက်ဆံအိတ်ထဲက ၅ ဒေါ်လာတန်တစ်ရွက်ထုတ်ပြီး အသာတကြည်ပေးလိုက်သည်။
ယခု အင်ဂျင်နီယာအလှည့်။ သူကပရိုဂရမ်မာကို မေးသည် “တောင်ကုန်းပေါ်ကို ခြေထောက်သုံးချောင်းနဲ့ တက်သွားပြီး ခြေထောက်လေးချောင်းနဲ့ ပြန်ဆင်းလာတာ ဘာလဲဗျာ”
ပရိုဂရမ်မာက သူ့ကို နားမလည်နိုင်သလိုကြည့်သည်။ ထို့နောက် သူ့လက်ပ်တော့ပ်ကိုထုတ်ပြီး သူစုဆောင်းထားသမျှ တွေထဲက ပြန်ရှာသည်။ ထို့နောက် မိုဒဲမ်ဖြင့် အင်တာနက်ချိတ်ပြီးရှာသည်။ စိတ်ပျက်လက်ပျက်ဖြင့် သူ့လုပ်ဖေါ်ကိုင်ဖက်တွေကို email ပို့ပြီးမေးသည်။ သို့သော် လုံးဝအဖြေရှာမရ။
တစ်နာရီခန့်ကြာပြီးနောက်တွင် အင်ဂျင်နီယာကိုနှိုးပြီးဒေါ်လာ ၁၀ဝ ပေးရတော့သည်။ အင်ဂျင်နီယာက ဒေါ်လာ ၁၀ဝ ကို ယဉ်ကျေးစွာယူပြီး ပြန်အိပ်ရန် တစ်ဖက်သို့လှည့်သွားသည်။ ပရိုဂရမ်မာက  စိတ်မရှည်နိုင်စွာဖြင့် အင်ဂျင်နီယာကိုလှုပ်နှိုးလိုက်ပြီး “ကောင်းပြီဗျာ..ကဲ…ဒါဆိုရင် အဖြေကဘာလဲ”။ စကားပြန်တစ်ခွန်းမှမရ၊ အင်ဂျင်နီယာက ၅ ဒေါ်လာတန်တစ်ရွက်ထုတ်ပေးပြီး တစ်ဖက်လှည့်ကာ ပြန်အိပ်သွားတော့သည်။

ပရိုဂရမ်မာတစ်ယောက်နှင့် အင်ဂျင်နီယာတစ်ယောက်တို့သည် လော့စ်အိန်ဂျယ်လီစ်မှ နယူးယောက်သို့ ပျံသန်းသည့် လေယာဉ်ခရီးရှည်ကြီးပေါ်တွင် ဘေးချင်းကပ် လိုက်ပါလာကြသည်။ပရိုဂရမ်မာက အင်ဂျင်နီယာဘက်လှည့်ပြီး စိတ်ပြေလက်ပျောက် ဂိမ်းကစားကြမလားဟုမေးသည်။အင်ဂျင်နီယာက တရေးတမောအိပ်လိုသဖြင့် ယဉ်ကျေးစွာငြင်းပယ်ပြီး ပြတင်းပေါက်ဖက်သို့လှည့်သွားသည်။ပရိုဂရမ်မာကဇွဲမလျှော့ဘဲ ဒီဂိမ်းက ပျော်စရာကောင်းပြီး ကစားရတာလွယ်ကြောင်းပြောနေသည်။ “ကျွန်တော်က ခင်ဗျားကိုမေးခွန်းတစ်ခုမေးမယ်။ ခင်ဗျာမဖြေနိုင်ရင်ကျွန်တော့်ကို ၅ ဒေါ်လာပေး။ ပြီးရင်ခင်ဗျားက ပြန်မေး။ ကျွန်တော်မဖြေနိုင်ရင် ၅ ဒေါ်လာပေးမယ်”အင်ဂျင်နီယာက ထပ်မံ၍ ယဉ်ကျေးစွာငြင်းပယ်ပြီး အိပ်ပျော်ရန်ကြိုးစားသည်။ယခုတစ်ကြိမ်တွင် ပရိုဂရမ်မာက အနည်းငယ် ကျွဲမြီးတိုသွားသည်။ “ကောင်းပြီဗျာ၊ ခင်ဗျားမဖြေနိုင်ရင် ၅ ဒေါ်လာပဲပေး။ ကျွန်တော်မဖြေနိုင်ရင်တော့ ဒေါ်လာ ၁၀ဝ ပေးမယ်ဗျာ”ဒီတစ်ကြိမ်မှာတော့ အင်ဂျင်နီယာက စိတ်ဝင်စားသွားသည်။ သူမကစားလျှင်လည်း ဒီဇာတ်လမ်းက ဆုံးမှာမဟုတ်နိုင်တော့ ကစားဖို့ သဘောတူလိုက်သည်။ပရိုဂရမ်မာကအရင်မေးသည်“ ကမ္ဘာနဲ့လနဲ့ ဘယ်လောက်ဝေးလဲဗျာ”။ အင်ဂျင်နီယာက တစ်ခွန်းမှပြန်မဖြေ၊ ပိုက်ဆံအိတ်ထဲက ၅ ဒေါ်လာတန်တစ်ရွက်ထုတ်ပြီး အသာတကြည်ပေးလိုက်သည်။ ယခု အင်ဂျင်နီယာအလှည့်။ သူကပရိုဂရမ်မာကို မေးသည် “တောင်ကုန်းပေါ်ကို ခြေထောက်သုံးချောင်းနဲ့ တက်သွားပြီး ခြေထောက်လေးချောင်းနဲ့ ပြန်ဆင်းလာတာ ဘာလဲဗျာ”ပရိုဂရမ်မာက သူ့ကို နားမလည်နိုင်သလိုကြည့်သည်။ ထို့နောက် သူ့လက်ပ်တော့ပ်ကိုထုတ်ပြီး သူစုဆောင်းထားသမျှ တွေထဲက ပြန်ရှာသည်။ ထို့နောက် မိုဒဲမ်ဖြင့် အင်တာနက်ချိတ်ပြီးရှာသည်။ စိတ်ပျက်လက်ပျက်ဖြင့် သူ့လုပ်ဖေါ်ကိုင်ဖက်တွေကို email ပို့ပြီးမေးသည်။ သို့သော် လုံးဝအဖြေရှာမရ။တစ်နာရီခန့်ကြာပြီးနောက်တွင် အင်ဂျင်နီယာကိုနှိုးပြီးဒေါ်လာ ၁၀ဝ ပေးရတော့သည်။ အင်ဂျင်နီယာက ဒေါ်လာ ၁၀ဝ ကို ယဉ်ကျေးစွာယူပြီး ပြန်အိပ်ရန် တစ်ဖက်သို့လှည့်သွားသည်။ ပရိုဂရမ်မာက  စိတ်မရှည်နိုင်စွာဖြင့် အင်ဂျင်နီယာကိုလှုပ်နှိုးလိုက်ပြီး “ကောင်းပြီဗျာ..ကဲ…ဒါဆိုရင် အဖြေကဘာလဲ”။ စကားပြန်တစ်ခွန်းမှမရ၊ အင်ဂျင်နီယာက ၅ ဒေါ်လာတန်တစ်ရွက်ထုတ်ပေးပြီး တစ်ဖက်လှည့်ကာ ပြန်အိပ်သွားတော့သည်။

(ref:www.jokeindex.com)