ထူးဆန်းသောငယ်သူငယ်ချင်း…Friend..
ကျုပ်ဒီနေ့ ရွာသူားတစ်ချို့နဲ့ ရွာ့အလှူကိစ္စ အတွက်ချိန်းတဲ့နေရာလေးကိုသွားပီး
ပျော်ရွှင်စွာဆုံတွေ့ခဲ့ရပါတယ်…အလှူငွေလည်းပေးရင်းပေါ့..
သူတို့နဲ့လမ်းခွဲခဲ့ပီး..အိမ်ပြန်ရောက်တော့…ဆိုက်ဆိုက်မြိုက်မြိုက်ဗျာ…
အိမ်မှာ ကျွန်တော့ငယ်သူငယ်ချင်းတစ်ယောက်စောင့်နေတယ်…
သူနဲ့မတွေ့တာ နှစ်သုံးဆယ်လောက်ရှိရောပေါ့..သူ့ကို ကျုပ်မိန်းမကမသိဘူး..
ကျုပ်နဲ့ချိန်းထားလို့ဆိုလို့သာ လက်ခံထားရတာ..သူ့ပုံကသိပ်မူမမှန်တော့
မျက်ခြေမပြတ်အကဲခတ်ပီး ကျုပ်အလာကိုစောင့်နေခဲ့တာတဲ့လေ…
ကျုပ်ကိုတွေ့တာနဲ့ သူက..“ဟေ့ ကြီးမိုက်…အောင်မာ..မင်းကလူကြီးလူကောင်းစတိုင်နဲ့
လုပ်မနေပါနဲ့ကွာ…တစ်ကယ်တော့ဘာမှမဟုတ်ပါဘူးကွ..”
“ဟာ…သူငယ်ချင်း ခရစ္စနား ..မင်းဘယ်လိုပုံစံတွေဖြစ်နေတာလဲကွာ…”
ဟုတ်လည်းဟုတ်ပါတယ်…သူ့ပုံစံက အရူးကြီးတစ်ယောက်လိုပါဘဲ…
မုတ်ဆိတ်ကြင်စွယ်တွေအရှည်ကြီးနဲ့…ဝတ်ထားတာကလည်း..ပိတ်အင်းကျီ အဖြူပွပွ
(အဖြူဆိုပေမဲ့ ညစ်ထေးထေးဖြစ်နေပါဘီ)..
ဘောင်းဘီအဖြူပွပွ…လွယ်အိပ်ဖေါင်းဖေါင်းတစ်လုံးလွယ်လို့…လွယ်အိပ်ကိုလည်းရင်ဘတ်မှာတင်းတင်းပိုက်ထားတယ်…ဒီကောင်ဘယ်လိုဖြစ်သွားပါလိမ့်လို့…အံ့ဩသွားမိတယ်…
ဒီကောင်က တရုတ်လိုအသားဖြူတဲ့ကောင်…အခုတော့ နေလောင်ပီး ညစ်ထေးနေတော့
အသားရောင်ကညိုညစ်ညစ်ဖြစ်နေတယ်…ဒါပေမဲ့ မျက်လုံးတွေကတော့ ရွှန်းလဲ့ပီး တောက်ပြောင် ဝင်းလက်နေတယ်..
ပြောပြရအုံးမယ်…ကျုပ်မန္တလေး တံခွန်တိုင်မှာနေတုံးက သူကကျုပ်နဲ့ဘဝတူဘော်ဒါကြီးပေါ့..
ကျုပ်က ဆိတ်ကျောင်း…သူကနွားကျောင်းနဲ့..နှစ်ယောက်သား ခင်ခဲ့ကြတာ…သူကဂေါ်ရခါး
လူမျိုးတစ်ဦးပါ..ခရစ္စနားဗဟာဒူးတဲ့…ဆယ်တန်းကျပီးကျောင်းထွက်ထားတာ ကျုပ်လိုဘဲ…
ဒီလိုနဲ့ ကျုပ်တို့နေတဲ့ တပ်ထဲမှာ အလုပ်ပေါ်လာပါလေရော…တပ်မတော်ဦးထုပ်တံဆိပ်
လုပ်ငန်းပါ..တပ်မိသားစုတွေဦးစားပေးခန့်တော့ ..သူရယ်ကျုပ်ရယ်အတူအလုပ်ရကြပါလေရော..
သူ့အဖေကလည်း တပ်ထဲက တပ်ကြပ်ကြီးတစ်ယောက်ပါ..
သူလည်း ဆယ်တန်း ၂ နှစ်ကျ ..ကြီးမိုက်နဲ့ဘဝတူဆိုတော့ တော်တော်ခင်သွားကြပါတယ်..
သူလည်းဆယ်တန်းကို လက်မလျှော့တန်းဖြေဘို့ ကြိုးစားနေတာသိရတယ်…
ဒါပေမဲ့ သူ့မှာက ညီကိုမောင်နှမ လေးယောက်ဘဲ ရှိတဲ့အပြင်..အိမ်မှာ နွားတွေမွေးပီး
အဆင်ပြေနေတော့…အလုပ်ကပြန်ရင် အင်္ဂလိပ်စာကျူရှင်တက်တယ် ဘီအမ်ဘာမား
ဆိုတဲ့ နာမည်ကြီး အင်္ဂလိပ်ဆရာတစ်ယောက် သင်တဲ့ဆီမှာပေါ့…စကားစပ်မိကြရင်း
ကျုပ်လည်းအင်္ဂလိပ်စာညံ့လို့ ဆယ်တန်းမအောင်တာ လို့ထင်တဲ့အကြောင်းပြောတော့
သူက..မင်းလည်းလိုက်တက်ပါလားကွ..တဲ့
ငါမတက်နိုင်ပါဘူးကွာ..ငါရှာသမျှ ပိုက်ဆံ အိမ်အကုန်ပေးတာတောင် အိမ်မှာ..
သိပ်အဆင်မပြေပါဘူကွာလို့ပြောတော့..ခက်လိုက်တာကြီးမိုက်ရာ..ပိုက်ဆံမလိုပါဘူးကွ
ငါနဲ့အတူ အသာရောပီးလိုက်ထိုင်ပေါ့…မင်းတစ်ယောက်ဝင်နားထောင်လို့လည်း
ဆရာပိုမပင်ပန်းပါဘူးကွာ..တဲ့။ ဒါပေမဲ့ မြို့ထဲသွားဘို့ကကော..ဆိုတော့..ဟ..ငါ့စက်ဘီး
နဲ့လိုက်ပေါ့ကွ တဲ့…
ကျွန်တော်စဉ်းစားခဲ့ပါတယ်..ကျွန်တော်ကျူရှင်ခိုးတက်ရမှာလိပ်ပြာမလုံဖြစ်နေတယ်..
တစ်ဖက်ကလည်း ဒီအင်္ဂလိပ်စာကျူရှင်သာတက်ရရင် ၁ဝတန်းကိုအောင်မယ်လို့ယုံ
ကြည်နေမိတယ်….ဒါနဲ့ဘဲ သူ့ကိုကျုပ်တစ်ခုတောင်းဆိုခဲ့ပါတယ်…
“မင်းစက်ဘီးနဲ့ ငါက နေ့တိုင်း လိုက်ရမှာဆိုတော့…အသွားအပြန် ငါနင်းပါရစေ..”
ဒီကောင်က ကျုပ်ကို တက်စေချင်နေတော့ သဘောတူပြီး ..တစ်နေကုန်အလုပ်အတူလုပ်..
အလုပ်ကပြန် ရေမိုးချိုးပီးရင် ဒီကောင်က စက်ဘီးနဲ့ရောက်လာ နှစ်ယောက်သား
၄မိုင်လောက်ဝေးတဲ့ မန်းလေးမြို့ ထဲကျူရှင်သွားတက်…ည ရနာရီကျော်လောက်ပြန်
ရောက်…ကျုပ်လည်းအိမ်မပြန်တော့ဘဲ သူ့အိမ်တန်းလိုက်သွား…သူ့အိမ်ကျမှ ထမင်းအတူစား
ပြီးတာနဲ့ နှစ်ယောက်သား ညဉ့်နက်သန်းကောင်ထိ စာတွေဖတ်ကြ သချင်္ာတွေလေ့ကျင့်ကြနဲ့….. စာလုပ်ကြတာပေါ့…သူ့အမေကလည်းကျုပ်ကိုပါသူ့သားလိုချစ်တာ
ကျုပ်တို့ စာလုပ်ရင်းစားဘို့ ပြောင်းဖူးဖုတ်..ကဇွန်းဥပြုတ်..ပိန်းဥပြုတ်..စသဖြင့်တစ်ခုမဟုတ် တစ်ခု လုပ်ပေးလေ့ရှိပါတယ်…ညတစ်နာရီခွဲ၊နှစ်နာရီလောက်ထိစာလုပ်ကြတယ်..
ပြီး..အဲဒီသူငယ်ချင်းနဲ့ပဲ အတူအိပ်…မနက်ရနာရီခွဲဆိုအလုပ်အတူသွားကြ…တကယ့် ညီကို
အရင်းအချာလိုနေခဲ့ကြတာ…ဒီလိုနဲ့ဘဲ..ဆယ်တန်းစာ
မေးပွဲကြီးနီးလာပါလေရော…
ဆယ်တန်းဖြေဘို့ ၅ ရက်လောက်အလိုမှာ အလုပ်ကခွင့်ယူလိုက်ကြတယ်…
အဲဒီရက်ပိုင်းလေးမှာ နေ့ရော ညရော စာနဲ့ဘဲနပန်းလုံးကြတာပေါ့…
စာမေးပွဲလည်းတော်တော်အားရအောင်ဖြေနိုင်ပါတယ်…သူငယ်ချင်းကတော့
သိပ်မဖြေနိုင်ဘူးပြောတယ်…စာမေးပွဲဖြေပီး..တစ်လခွဲလောက်အကြာမှာ
အဖေအလုပ် ပြောင်းရလို့ တစ်မခါမှခြေမချဘူးခဲ့တဲ့ ရန်ကုန်မြို့တော်ကြီးကိုရောက်
ခဲ့ရပြန်ပါတယ်…ရန်ကုန်ရောက် ကတဲက သူနဲ့အဆက်ပြတ်သွားခဲ့ရတာ…
ကျုပ်ထက်တစ်နှစ် နောက်ကျဆယ်တန်းအောင်၊ ဘွဲ့ရ ပြီး ထောင်မှုးလုပ်နေတယ်
လို့နောက်ဆုံးသိထားခဲ့တာ…ခုမှပြန်တွေ့ကြတယ်ဆိုပါတော့…..
“သူငယ်ချင်း..ဘယ်လိုဖြစ်တာလဲကွာ ငါ့ကိုပြောပြစမ်းပါအုံး..”
“ကြီးမိုက် ဘာမှမေးမနေနဲ့…ငါ့အတွက်ထမင်းခူး..ငါဆာနေပီ
မင်းကတော့ ဒီစာရွက်ထဲရေးထားတာလေးတွေအလွတ်ကျက်ထားပေတော့ဟေ့..”
ဒါနဲ့ဘဲ ကျုပ်လဲ မိန်းမကိုထမင်းခူးခိုင်းပီး သူထမင်းအားပါးတရစားနေတုံး…
သူပေးတဲ့စာရွက်လေးဖတ်ကြည့်တော့…အောက်ပါအတိုင်း ကဗျာလိုလို လင်္ကာလိုလို
စကားပုံလိုလို…ဘာအမည်တတ်ရမှန်းမသိတဲ့…စာပိုဒ်လေးတွေတွေ့လို့…
ဗလာစါရွက်တစ်ခုပေါ်မှာ…ဘောပင်နဲ့ သုံးလေးထပ် ထပ်ရေးထားတာ..စာရွက်တောင်ပေါက်လုလု…
ရွာသူားတွေ ဝေဘန်နိုင်အောင်တင်ပေးလိုက်ပါတယ်…..
ဘယ်လောက်သိသိ
လုပ်ကြည့်ပါမှ
ဘယ်လောက်တတ်တတ်
ဖြန့်တတ်ပါမှ
ဘယ်လောက်သင်သင်
မြင်တတ်ပါမှ
ဘယ်လောက်တွေးတွေး
ချရေးပါမှ
ဘယ်လောက်ကောင်းကောင်း
မှတ်ကျောက်တင်မှ
ဘယ်လောက်မွေးမွေး
ကျွေးတတ်ပါမှ
ဘယ်လောက်လိုလို
ငိုတတ်ပါမှ
ဘယ်လောက်ရှုံးရှုံး
အရင်းမဆုံးပါမှ
လယ်လောက်သွားသွား
ခရီးရောက်ပါမှ
ဘယ်လောက်တော်တော်
ဘေးမချော်ပါမှ
ဘယ်လောက်စွမ်းစွမ်း
လမ်းမှန်ပါမှ
ဘယ်လောက်ရှာရှာ
ကံပါ ပါမှ
ဘယ်လောက်သုံးသုံး
ဖြုန်းမပစ်ပါမှ
ဘယ်လောက်ခင်ခင်
ငွေကိုမမြင်မှ
ဘယ်လောက်မုန်းမုန်း
ပြုံးပြီးနေမှ
ဘယ်လောက်ချစ်ချစ်
နှစ် မပြစ်မှ
ဘယ်လောက်ဖြတ်ဖြတ်
စိတ်ပြတ်ပါမှ
ဘယ်လောက်ပြောပြော
လိုတာပြောမှ
ဘယ်လောက်သောက်သောက်
သိပ်မပေါက်မှ
ဘယ်လောက်မူးမူး
သိပ်မရူးမှ
ဘယ်လောက်ခေါ်ခေါ်
ပျော်သင့်ပါမှ
ဘယ်လောက်ပေးပေး
ရွေးလက်ခံမှ
ဘယ်လောက်ဖတ်ဖတ်
မှတ်တတ်ပါမှ
ဘယ်လောက်ကြည့်ကြည့်
သိတတ်ပါမှ…။
သူ့စာလေးကတော့..ဒါလေးပါဘဲ..ဖတ်ကြည့်ပီးတော့ ကျုပ်လည်းနားလည်သလိုလို
မလည်သလိုလိုဘဲ…။
ထမင်းစားပီးတော့ သူက ဆေးပေါ့လိပ်တိုကို
ထုတ်ဖွာနေတယ်…ဘာမှလည်းမေးမရဘူး..
ခဏနေတော့ “ငါပြန်တော့မယ်…နောက်လာချင်ရင်လာခဲ့မယ်”
ဆိုပီး ဆတ်ကနဲထပြန်သွားပါလေရော…ကျုပ်အတင်းလိုက်တားပါသေးတယ်
သူကတော့ လှည့်တောင်မကြည့်ဘူးဗျို့…ကျုပ်မှာတော့..
သူဘာတွေဖြစ်ခဲ့တယ်…ကျုပ်ဆီဘာကြောင့်လာတယ်
ကျုပ်အိမ်ကို ဘယ်လိုသိတယ်…စဉ်းစားမရဖြစ်ရင်း..
ငေါင်စင်းစင်းနဲ့ကျန်ခဲ့ပါလေရော….(ငါ့ကိုလာဆုံးမသွားတာဘဲလို့သာခံယူလိုက်ပါတယ်)
အားလုံးကိုလေးစားလျှက်..
လမ်းဆက်လျှောက်နေတဲ့..
ကြီးမိုက်။
၂၄၊၆၊၂၀၁၂
49 comments
ကိုရင်မောင်
June 27, 2012 at 5:49 am
ကိုကြီးမိုက်ရယ်…(ငါ့ကိုလာဆုံးမသွားတာဘဲလို့သာခံယူလိုက်ပါတယ်)
ဆိုပြီး ပို့စ် တင်လိုက်တော့ ကျုပ်တို့ပါ ဆုံးမသွားတယ်လို့ခံယူလိုက်ပါတယ်ဗျာ….
သတိပေးလိုက်တဲ့စာပိုဒ်လေးတွေပါ……
ကျေးဇူးပါ ကိုကြီးမိုက်ကြီးရေ …………………..
MaMa
June 27, 2012 at 6:08 am
စာလေးမှာ အဓိပ္ပါယ်တွေအများကြီးနဲ့ သင်ခန်းစားတွေ ပေးထားတာမို့ ဖတ်ရှု့မှတ်သားသွားပါတယ်။
ဒါထက် ဦးမိုက် သူငယ်ချင်းကြည့်ရတာ ထွက်ရပ်ပေါက်သွားတာများလား။ 😀
ဦးဦးပါလေရာ
June 27, 2012 at 6:55 am
ကိုကြီးမိုက်ရေ-
ကိုယ့်ကို သူများက “ ပေး ” သမျှထဲမှာ…
အားမနာတမ်း လက်ခံယူရမှာက…
ကျေးဇူးတင်စွာ လက်ခံယူရမှာက…
“ သတိပေး ” တာ မဟုတ်လား…။
ကျူပ်တော့ ခရစ္စနားဗဟာဒူးကို ကျေးဇူးတင်လိုက်ပါတယ်ဗျာ…
ရွှေ မင်း သား
June 27, 2012 at 7:39 am
လေးလေး ကြီးမိုက်မှ တဆင့် ထပ်ပြီး ဆုံးမပေးသွားတယ်လို့ ခံယူလိုက်ပါတယ်။
ကျနော် လေးကြီးမိုက်ရဲ့ နောက်ကြောင်းဇတ်လမ်းလေးနဲ့ အဲဒီ ဆုံးမစာလေး ကို ဖတ်ပြီး စိတ်ထဲမှာ တစ်စုံတစ်ခု မှတ်သားမိခဲ့တယ်။
ရှမ်းပြည်သား (တောင်ပိုင်း)
June 27, 2012 at 8:38 am
မှတ်သားသွားပါတယ်…အကြော်သည်ကြီးရေ……
ကျွန်တော်လဲကိုယ့်ကိုယ်ကိုပြန်လည်ဆန်းစစ်ကြည့်ဦးမှပါ…
ဦးကြီးမိုက်ရဲ့သူငယ်ချင်းစကားလုံးတွေထဲကဘယ်အချက်နဲ့ငြိသတုန်းလို့……
kyeemite
June 27, 2012 at 8:45 am
ကိုရင်မောင်..ရေ..ဦးဦးဖြားဖြားဖတ်ပီး မန့်ပေးတာ
ရှဲရှဲပါ…
မမ ခင်ဗျား..ကျွန်တော်လည်းသေချာမသိသေးပါ..စုံစမ်းနေတုံးပါ..
ကိုပါရေ..အိမ်တိုင်ရာရောက်လိုက်ပို့တာကျေးကျေးနော်…
ရွှေ မင်း သား..ရေ..တစ်စုံတစ်ခုကျန်တယ်ဆိုရင်ဝမ်းသာရပါတယ်..
ကြောင်ဝတုတ်
June 27, 2012 at 8:52 am
အဲဒီစကားလေးကတော့ ကျွန်တော်တို့အတွက်ကွက်တိဗျား
ပြန်လည်မျှဝေပေးသော လေးမိုက်ကျေးဇူးအထူးပါဗျား…
တူလေး
ကြောင်ဝတုတ်
မောင်ပေ
June 27, 2012 at 9:03 am
အင်မတန်မှန်ပြီး
ဘာကိုပဲ လုပ်လုပ်
သတိရသင့်နေတဲ့ စာစုတွေလို့
မောင်ပေ မှတ်ပါတယ်
အူးမိုက် ဘော်ဒါက မြေလျှောက်ဝိဇ္ဇာများ
ဖြစ်နေမလား။
Mon Kit
June 27, 2012 at 9:04 am
ဦးကြီးမိုက် သူငယ်ချင်းက တကယ့်ကို ငယ်သူငယ်ချင်းကောင်းပါဘဲ…
နှုတ်နဲ့ ပြောဆို လမ်းညွှန်တာထက် “နှုတ်တစ်ရာ စာတစ်လုံး” နဲ့ ပညာရှိပီပီ လမ်းညွန်ဆုံးမ သွားတာ တရားသဘောတွေ နားလည်သဘောပေါက်နေပီမှန်းသိသာနေပီနော်…
သူ့သိထားတဲ့အရာတွေကို သူငယ်ချင်းကိုလဲ သိစေချင် လိုက်နာစေချင်တဲ့အတွက် ပြန်လည် မျှဝေ လမ်းပြခဲ့တယ်လို့ ယုံကြည်ပါတယ်… ဦးကြ၊ီးမိုက် ကိုမှီးပီး မွန်ကစ်တို့လဲ အသိပညာတွေ လိုက်နာ ကျင့်ကြံစရာတွေ ရရှိခဲ့လို့ နှစ်ယောက်လုံးကို ကျေးဇူးအထူးတင်ရှိပါတယ်…
လိုက်နာကျင့်ကြံနိုင်အောင် ကြိုးစားပါ့မယ်လို့ ကတိပေးပါတယ်…
Mon Kit
June 27, 2012 at 9:05 am
စာသားများကိုလဲ ကူးယူသွားပါတယ်ရှင့်….
mocho
June 27, 2012 at 9:43 am
ဦး ကြီးမိုက်သူငယ်ချင်းက တကယ့် ကို လောက ရဲ့ အမှန်တရားတွေ ချပြသွားတာပဲ။ ပုံစံကလည်း သူများထက် ထူးခြားနေတယ် ဆိုတော့ တခုခုပေါက်မြောက်သွားတာ များလား။
hein latt
June 27, 2012 at 9:47 am
စာလေးကကောင်းလွန်းလို. ကူးပြီးအိမ်မှာကပ်ထားပါတယ်ခဗျာ……
mamanoyar
June 27, 2012 at 9:51 am
ဘယ်လောက်သိသိ
လုပ်ကြည့်ပါမှ
ဘယ်လောက်တတ်တတ်
ဖြန့်တတ်ပါမှ
ဘယ်လောက်သင်သင်
မြင်တတ်ပါမှ
ဘယ်လောက်တွေးတွေး
ချရေးပါမှ
ဘယ်လောက်ကောင်းကောင်း
မှတ်ကျောက်တင်မှ
မှန်ပါတယ်ရှင်
ငပွကြီး
June 27, 2012 at 9:55 am
စာသားလေးတွေ ကောင်းလွန်းလို့ ကူးသွားပါတယ်ခင်ဗျ…
တော်တော်ကို မှန်တဲ့ စကားလုံးတွေပါပဲ ဒါပေမယ့်လဲ…
ဘယ်လောက်မှန်မှန် ကျင့်ကြံနှိင်မှ…:)
Mလုလင်
June 27, 2012 at 10:09 am
ဘဝ နေနည်းထိုင်နည်း …. တွေကို အတွင်းကျကျ သိထားတဲ့ပုံပါပဲ။ ကြိုက်လို့ ကူးထားဖြစ်တယ်ဗျာ…။ မန့်ရတာ အားမရဘူး .. ပြန်လာမန့်ဦးမယ် ဗျို ့ ….
မွန်မွန်
June 27, 2012 at 10:13 am
မွန်မွန်လည်း နားလည်သလိုလို မလည်သလိုလိုပါပဲရှင်..
စာလေးကိုတော့ ကြိုက်လို့ကူးထားလိုက်ပါတယ်…အခုလို ဝေမျှပေးတာ ကျေးဇူးတင်ပါတယ်…
ahnyartamar
June 27, 2012 at 10:49 am
တကယ်ထူးဆန်းတဲ့ သူငယ်ချင်းပဲ။ သူကိုယ်တွေ့တွေကို ရေးထားတာလားမှ မသိတာ။ အားလုံးကအမှန်တွေပဲ၊ ပြီးတော့ လူတိုင်းဆင်ခြင်စဉ်းစားသင့်တယ်လို့ထင်ပါတယ်။
pan pan
June 27, 2012 at 10:51 am
စာလေးကို သဘောကျလို့ ကူးသွားပါတယ်ရှင်
ဦးကြီးမိုက်ရေးတဲ့အတိုင်း ဖတ်ရတာကို မြင်ယောင်ကြည့်တာ ဆရာမင်းသိင်္ခဝတ္ထုဖတ်ရသလို ခံစားရတယ်
ပုံစံပြောရရင်ပေ့ါ
Green Rose
June 27, 2012 at 11:06 am
ကိုကြီးမိုက်ရေ
ကျေးဇူးပါ။
အရမ်းကောင်းတဲ့ သတိပေးစာ၊ ဆုံးမစာပါပဲ။ Green Rose လည်းကြိုက်လို့ ကူးသွားပါတယ်။ သူများတွေကိုလည်း ပြန်မျှပေးချင်လို့ပါ။ ဒီလိုပါပဲ သတိပေးစာ၊ ဆုံးမစာ၊ ဟိုစာ…. ဒီစာ… စာ… စာ…စာလေးတွေ ကြိုက်မိရင် ကူးလိုက်၊ ဖြန့်လိုက်၊ တစ်ခါတစ်ခါတော့လည်း ရှက်မိပါတယ်၊ ဖတ်ပဲဖတ်ပြီး မလိုက်နာ မကျင့်ကြံနိုင်တာတွေက များနေတော့ ကိုယ့်ကိုယ်ကို ဟင်းအိုးမွှေတဲ့ ယောင်းမလိုများဖြစ်နေပြီလားလို့တွေးနေမိတယ်။ ဒါပေမယ့် အခုလည်း ကြိုက်လွန်းလို့ ကူးမိပြန်ပါပြီ။
ကိုကြီးမိုက်ရဲ့ သူငယ်ချင်းကို တွေ့ရင်လည်းပြောပြပေးပါ။ Green Rose ကကျေးဇူး တင်ပါတယ်လို့။
လေးစားလျှက်
(Green Rose)
Ma Ei
June 27, 2012 at 11:11 am
ကိုမိုက်သူငယ်ချင်းကတော့
လောကကြီးကို အပြင်ဘက်ကထွက်ကြည့်သူနဲ့တူရဲ့…
ဘယ်လောက် … … …
— — မှ
တစ်ကယ် … … … တာ၊
လို့ မြင်မိပါတယ်…
ပြန်လည်မျှဝေလို့ ကျေးဇူးနော်…
စိန်ဗိုက်ဗိုက်
June 27, 2012 at 11:19 am
မာမီမိုက်ခ် ရဲ့ ဘော်ဘော်က ဂမ္ဘီရ ဆန်ဆန် လာရောက်တွေ ့ဆုံ ဆုံးမ သတိပေး သွားတာပါလားဗျာ..
အားလုံးကို ၄စားလျက်
ဘီအီးဆက်သောက်နေမဲ့
မာမီမိုက်ခ်အိ တဘိ မာမီဗိုက်ခ်
kyeemite
June 27, 2012 at 11:42 am
စာဖတ်သူအပေါင်းအား ကျေးဇူးတင်ပါ၏။
ကျုပ်အချစ်ဆုံးငယ်သူငယ်ချင်းအားစုံစမ်း
ရှာဖွေနေပါသည်…“တွေ့ရင်ပြောကြပါလေ..ကျေးဇူးဆပ်ပါမည်”
——————
ကြောင်ဝတုတ်ပြောသလိုပါဘဲ..
ကျုပ်လိုအရက်သမားကိုလည်း
ဆုံးမသွားတာပါ..
သားဦး၊မြေးဦး
June 28, 2012 at 7:41 pm
တကယ်ကို ကြိုးစားရှာပါအုံး ကိုကြီးမိုက်ရေ။
သူ ့စာတွေက တွေးစရာတွေချည်းပါဘဲ။
amatmin
June 27, 2012 at 12:12 pm
ဦးမိုက်ရေ.
အသိခေါက်ခက် အဝင်နက်..ဆုံးမစာကို..ဖတ်ရင်း..
ကို်ယ်ဘာသာ ဘယ်လောက်ပေါင်း..ဘယ်လောက်တောင်ရှိနေလည်း.
မှတ်မှတ်ထင်ထင် ..ပြန်တွေးမိလိုက်ကြောင်းပါဗျာ..
နွေဦး
June 27, 2012 at 12:15 pm
ဘယ်လောက်သောက်သောက်
သိပ်မပေါက်မှ…
ဆို ကျုပ်နဲ့ မဖြစ်လောက်ဘူးဗျ.
နဲနဲသောက်တာတောင်
တည လေးခါလောက် ထရတယ်…
မပေါက်နဲ့ဆိုရင် ထွက်ကျလိမ့်မယ်….
cum min
June 27, 2012 at 12:42 pm
အင်း..
အတွေးနက်တဲကဗျာဆိုတော..ဗျာ..ဘယ်လိုပြောမလဲ…သိပ်နားမလည်ဘူးဂျ
surmi
June 27, 2012 at 1:15 pm
ခရစ္စနားဗဟာဒူးအားဂေဇက်ရွာမှ
ဘိုးတော် ခရစ္စနားညာတာပါတေးဆာမိမှ နှုတ်ခွန်းဆက်ကြောင်းပြောပါလေ
Azzurri
June 27, 2012 at 1:20 pm
ဖတ်သွားတယ် ဦးမိုက်ခ် ရေ…
ကိုရင်စည့် အဘ စာတွေထဲကလို လူ အပြင်မှာ တကယ်ရှိသကိုး ..။
တခြား အကြောင်းအရာတွေထက် မြင်မိတာလေး တခုကတော့….
ဘယ်ကမှန်းမသိတဲ့ ထူးထူးဆန်းဆန်းလူတယောက်ကို ဦးမိုက်ခ်ပြန်မလာခင်
အချိန်ထိ ကောင်းကောင်းမွန်မွန် ဧည့်ခံထားတဲ့ ..မဒမ်ဦးမိုက်ခ် ကို လေးစားကြောင်းရယ်ပါ..
ခင်တဲ့…
kyeemite
June 27, 2012 at 2:23 pm
မှန်တယ်ကိုရင်ဂီရေ…သူကကျုပ်နဲ့
ချိန်းထားပီးသားလို့ သေသေချာချာပြောတာကိုး
မကြာခင်ကျုပ်ပြန်လာမှာလို့လဲပြောသတဲ့…
သူပြောပီး ၁ဝမိနစ်လောက်ကြာတော့
ကျုပ်အိမ်ပြန်ရောက်သွားတာဗျ…
pooch
June 27, 2012 at 2:37 pm
ရေစက်မကုန်သေးဘူးဆိုရင်တော့ သူငယ်ချင်းကို ပြန်တွေ့ရအုန်းမယ် ထင်ပါတယ်။
ကျမလို အသိခေါက်ခက် အဝင်နက်သူအဖို့တော့ မကြာမကြာအမြဲဆိုသလို ပြန်ပြန်ဖတ်နေရမဲ့ Motto လေးပါ။
ခပ်မိုက်မိုက် ကောင်မလေး
June 27, 2012 at 2:46 pm
စာသားလေး အရမ်းကောင်းပါတယ်…
(ဘယ်လောက်တွေးတွေး…
ချရေးပါမှတဲ့….)
ဟုတ်ယ်..မိုက်လေး ဆိုရင်..
စိတ်ထဲမှာ တွေးထားတယ်…
ချက်ချင်းမရေးဖြစ်ဘူး…
ရေးတော့မယ်လုပ်တော့မှ…
အစကဆွဲထုတ်မရဘူးဖြစ်နေတယ်လေ…။
(ဘယ်လောက်ဖြတ်ဖြတ်…
စိတ်ပြတ်ပါမှတဲ့….)
စိတ်မပြတ်ပဲနဲ့….
ပြတ်ပါတယ်လို့ မပြောပါနဲ့…
စကားလုံးလေး တစ်ခုကြားလိုက်တာနဲ့…
စွံ့စွံ့အအ ..ဖြစ်မနေပါနဲ့….
စိတ်မှာ ဆုံးဖြတ်ပြီးသားဖြစ်နေရင်…
စိတ်ပြတ်သားနိုင်ပါစေ….။
(ဘယ်လောက်ခင်ခင်…
ငွေကိုမမြင်မှ….)
ပကာသန ကြောင့်…
ခင်မင်ရတဲ့ ခင်မင်မှုမျိုး မဖြစ်စေချင်ပါ…
ဖြူစင်သန့်ရှင်းစွာနဲ့…..
မေတ္တာလေးထားပြီးခင်ပေးပါ….
အရင်းနှီးဆုံး သံယောဇဉ်ဆိုတာ….
ရှားပါးလွန်းလှပါတယ်….။
(ဘယ်လောက်မုန်းမုန်း…..
ပြုံးပြီးနေမှ…..)
ကိုယ်သေလောက်အောင် မုန်းနေပါစေ…
အပြုံးမျက်နှာလေး ဖန်ဆင်းပေးတတ်ပါစေ…
အပြုံးလေးတစ်ပွင့်က…….
လူတစ်ယောက်ကို ရှိန်စေပါတယ်……။
သူရေးပေးတဲ့ စာတွေရဲ့….
သဘောတွေကို….
မိုက်လေး…အရမ်းကြိုက်သွားပြီ…..
ကိုကြီးမိုက်ရေ…..
ကျေးဇူးတင်ပါတယ်နော်….
အားပေးလျှက်….မိုက်လေး…။
marblecommet
June 27, 2012 at 3:21 pm
ကိုကြီးမိုက်….
ဆြာ့ ငယ်ဘဝကို သိရလို့
လေးစားမိပါရဲ့…
ငယ်ဘဝကိုလည်း လွမ်းသွားပါရဲ့…
ဖြစ်ရပ်တွေကိုလည်း မြင်ယောင်လာပါရဲ့ဗျာ
kyeemite
June 27, 2012 at 3:26 pm
လေးလေးနက်နက်ဖတ်ရှု့ပြီး အနက်ဖွင့်ပေးထားခဲ့တဲ့အတွက်
မိုက်လေးကို မိုက်ကြီးက ကျေးဇူးတင်ပါဂျောင်း..
———————————-
အားပေးဖတ်ရှု့သူ ကွန်မင့်ပေးကြသူအပေါင်းအားကျေးဇူးတင်ပါဂျောင်း..
(သဂျီးကို အားနာ၍ တစ်ဦးချင်းမပြန်ကြားတာပါ)
————————————
အမတ်မင်း..ကျုပ်လဲအများကြီပြင်ဘို့လိုပါသေးဂျောင်း..
ဒါကြောင့်သာလျှင် သူငယ်ချင်းက တကူးတက လာပေးသွားတာ
ဖြစမည်မှတ်ပါဂျောင်း…
ခပ်မိုက်မိုက် ကောင်မလေး
June 27, 2012 at 3:43 pm
ကိုကြီးမိုက်ရေ…..
မိုက်လေး…ဒီစာကိုအရမ်းသဘောကျလို့..
FB..မှာ Share ထားပါတယ်နော်…
မိုက်လေး..ကလည်း မိုက်ကြီးကို ကျေးဇူးတင်ပါတယ်….။
မဂွတ် ထော်
June 27, 2012 at 4:16 pm
ဆုံးမစကားပြောနေတယ်နော်လိုက်နာကြ …..
Zune Phyu
June 27, 2012 at 4:42 pm
သူငယ်ချင်း၏ သူငယ်ချင်းများပါ အတူတကွ အဆုံးမခံယူခဲ့ပါဂျောင်း……
Khaing Khaing
June 27, 2012 at 4:59 pm
ထူးဆန်းသောသူငယ်ချင်းဆိုလို့ ကိုထူးဆန်းလားလို့ နောက်တော့ဝုတ်ဝူး ……… အဲဒီသူငယ်ချင်းက အခုအကြားအမြင်ရပုံထင်ပ လေးမိုက်ကို လမ်းမှားရောက်တော့မှာစိုးလို့ လာဆုံးမပုံရတယ် ….. ဟီး းးးးးးးးး
nature
June 27, 2012 at 7:29 pm
တော်တော်လေးလက်တွေ့ဆန်ပြီး သဘောတရားအပြည့်ပါတဲ့စာသားလေးတွေပါပဲ။ သူ့ဘဝမှာ အတွေ့အကြုံတော်တော်စုံခဲ့ပုံရတယ်။ သူဆီကရတဲ့ကဗျာကလေးက သူ့ကိုကြွေးလိုက်ရတဲ့ထမင်းထက်တန်ဘိုး များစွာရှိပြီး အသိဉာဏ်ကို တိုးပွားစေတယ်လို့ထင်မိတယ်။
တေလေငှက်
June 27, 2012 at 7:51 pm
ကောင်းလိုက်တဲ့စာ။ရှဲဖို့ယူသွားပြီဗျို့။ကျေးဇူးကမ္ဘာ။
အရီး Khin Latt
June 27, 2012 at 8:03 pm
အဲဒီလို ပုံစံ နဲ့ လူမျိုးကို ကျုပ်လဲ တွေ့ဘူးတယ်။
ဝမ်းနည်းစရာ က သူတို့ရုပ်အသွင်ကြောင့် သူတို့စကား တွေကို လူအများစုက အရေးမထားကြဘူး။ 🙁
အဲဒီ “ဘယ်လောက်” တွေ အားလုံးကို အတွေးပေါင်းများစွာ နဲ့ ကြိုက်နှစ်သက်စွာ ဖတ်ပြီး မှတ်သွားပါတယ်။
“ဘယ်လောက် ဖတ်ဖတ် မှတ်တတ်ပါမှ” တဲ့။
“ဘယ်လောက်တွေးတွေး ချရေးပါမှ” ဆိုတဲ့ စကား ကို တော့ ကကြီးမိုက် လက်တွေ့လိုက်နာ လိုက်ပြီပေါ့။
“ဘယ်လောက်တော်တော် ဘေးမချော်ပါမှ” နဲ့ “ဘယ်လောက်စွမ်းစွမ်း လမ်းမှန်ပါမှ”
ဆိုတဲ့ စကား ကိုတော့ ကျုပ်တို့ မြန်မာပြည် ကြီး အတွက် “ဘေးမချော် ဘဲ လမ်းမှန်ရောက်” အောင် ဆုတောင်းနေပါတယ်။
“ဘယ်လောက်သွားသွား ခရီးရောက်ပါမှ” ကတော့ တစ်ခါတစ်ခါ လမ်းမှာ ပိတ်ကြပ်ပြီး ရှေ့လဲမတိုးနိုင်၊ နောက်လဲ မဆုတ်နိုင် ဘဝ နဲ့ ဒီအတိုင်းရပ် နေရပြီး ခရီး မတွင်တာ ကို မတွင်မှန်း သိသိ ကြီး နဲ့ နေနေ ရတာလဲရှိ။
“ဘယ်လောက်သောက်သောက် သိပ်မပေါက်ပါမှ”
ကတော့ ကိုနွေဦး မှတ်ချက် ဖတ်ပြီးမှ ရှင်းသွားပါကြောင်း။
ကကြီးမိုက် နဲ့ အဖိုးတန်စကားတွေ ချန်ပေးခဲ့ တဲ့ အဲဒီ သူငယ်ချင်း နောက်တစ်ခေါက် လောက် ပြန်တွေ့နိုင်ဦး မှာပါ။
နောက်ထပ် အဖိုးတန်စကားတွေ ကိုလဲ မျှော်လင့်ပါတယ်။
ဒါထက် အကြော်ဖိုး ဘယ်လောက်ကျတုန်း။ 😉
မိုက်ကယ်ဂျော်နီအောင်ပု
June 27, 2012 at 9:06 pm
( ဒဿနတွေလွန်ပြီးဘဝဇာတ်ဆရာဖြစ်သွားသလားဘဲ )
ဘာဘဲဖြစ်ဖြစ် စာကြောင်းရေ အရေတွက်ကို ပတ်လည် နှစ်လုံးထီထိုးကြည့်ပါလား