Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လကမာ္ဘပေါ်က လမ်းတွေများလား

AKKOJuly 2, 20122min112748

နေ့စဉ်နဲ့ အမျှလမ်းမကြီးတွေပေါ်          ဖြတ်သန်းသွားလာရင်း စဉ်းစားမိလာတာက လမ်းမကြီးတွေခဏခဏ ပျက်ဆီးခြင်း ၊ ပေါက်ပြဲခြင်း အကြောင်းပါပဲ ။ လမ်းမကြီးတွေကိုကြည့်ရင်း ကျွန်တော်တို့ စိတ်ဓါတ်တွေနဲ့ ဥပမာပေး ခိုင်းနှိုင်းကြည့်မိတယ် ။ လောကဓံနဲ့ကြုံလာလျှင် ကျွန်တော်တို့ စိတ်ဓါတ်တွေက ကြံ့ကြံ့ခံနိုင်စွမ်းရှိသလို၊ မကြံ့ခံနိုင်လို့ အရှုံးပေးခဲ့ရတာတွေလည်း ရှိတယ် ။မကြံ့ခိုင်တဲ့ စိတ်ဓါတ်တွေကို ကြံ့ခိုင်အောင် ၊ ကြံ့ခိုင်နေတဲ့ စိတ်ဓါတ်တွေကို တည်မြဲအောင် ၊တည်မြဲနေပြီးသား စိတ်ဓါတ်တွေကို မလျော့ပါးအောင် ကြိုးစားရမှာ ကျွန်တော်တို့ လူသားတွေရဲ့ တာဝန်ပါပဲလေ။

ရန်ကုန်မြို့ထဲက လမ်းတွေလည်း ဒီအတိုင်းပါပဲ ရာသီဥတုဒဏ်ခံနိုင် ၊ အကြမ်းခံနိုင်တဲ့ လမ်းတွေရှိသလို ၊ ဒဏ်မခံနိုင်၊ပျက်ဆီးယိုယွင်းလွယ်တဲ့ လမ်းတွေလည်း ဒုနဲ့ဒေးပါပဲ။ မိုးတွင်းရောက်လို ့မိုးလေးရက်ဆက်ရွာလာတော့ လမ်းတွေလည်း ဒဏ်ခံနိုင်တဲ့လမ်းကနည်းနည်း၊ ဒဏ်မခံနိုင်လို့ပေါက်ပြဲကုန်တဲ့လမ်းတွေကတော့ ချိုင့်ခွက်တွေ ဗရပွနဲ့ပေါ့ ။ အဲ့ဒီချိုင့်ခွက်လမ်းတွေထဲ ရေနဲ့ဗွက်၊ အမှိုက်သရိုက်တွေ၊ ရေဆိုးတွေစီးဝင်နေချိန်မှာ ဗရမ်းဗတာ ကားမောင်းသူတွေကြောင့် လမ်းသွားလမ်းတွေ ဗွက်စင်ပြီး စိတ်အနှောက်ယှက်ဖြစ်ကြရတာ အကြိမ်ကြိမ်ပါပဲ ။ ဝုန်းခနဲဆို မောင်းသံရဲ့အဆုံး ဗွမ်း၊ဗြမ်းဆိုတဲ့ အသံတွေရဲ့နောက်ကွယ်မှာ အာမေဋိတ်သံတွေ ၊ရန်တွေ့အော်ဟစ်သံတွေ ၊ မေတ္က္တာပို ့သံတွေကြားကြားနေရတာ မိုးရာသီရဲ့အထိမ်းမှတ်ဓလေ့တစ်ခုလိုပါပဲ  ။

လမ်းတွေပြင်နေတာ ခဏခဏမြင်ခဲ့ဖူးပါတယ်  ။ ဒီလောက်ပြင်နေတာတောင် ဘာကြောင့်များလမ်းတွေပေါက်ပြဲနေသေးတာလဲ  ။ ပျက်အစဉ်ပြင်ခဏခဏလို့တောင် သမုတ်ရတော့မလိုပါပဲ ။ ဒီလိုခဏခဏဖြစ်ရတာတော့ ရာသီဥတုဒဏ်၊ ကားဒဏ်တွေထက် ၊ လမ်းပြင်တဲ့အခါ တခါတည်းကောင်းအောင် မပြင်ခဲ့လို့ပဲလို့ထင်မြင်မိပါတယ် ။       တစ်ခါတည်းနဲ့ ကားလမ်းပြင်လျှင်စရိတ် စကပိုပြီများပေမယ့် ၊ လမ်းပိတ်သက်သာမယ် ၊ အလုပ်သမားငှားရမ်းခသက်သာမယ် အလုပ်ရှုပ်သက်သာမယ် ၊ ခဏခဏပြင်ရတာထက်စာလျှင် တခါတည်း လမ်းကို ကြာရှည်ခံအောင် ပြင်တာက ပိုပြီး မကောင်းဘူးလား။ ပရော့ဂျက်တွေ ခဏခဏ မလုပ်ရလို့ မကောင်းဘူးလို့ မြင်လျှင်လည်း ၊ ဘာမှမပြောလိုတော့ပါဘူး ရေငုံနှုတ်ပိတ်သာ နေပါ့မယ် ။ လမ်းခဏခဏပြင်လို့ ကုန်ရမှာထက်စာလျှင် အကြိမ်ရေနည်းနည်းနဲ့ ကောင်းအောင ်ပြင်ပေးစေချင်ပါတယ် ။ အရင်ကလို ကတ္တရာတွေ အိနေတဲ့ လမ်းမျိုးကို မြင်ယောင်မိပါတယ် ။ အခုခါများတော့ လမ်းခင်းလျှင် ကျောက်တုံးလေးတွေပေါ်က တတ္တရာစေးဖြန်း ကျောက်မုန့်ဖြူးပြီး ၊ ခဏတာတော့ ပြေပြစ်သွားပေမယ့် လမ်းတွေ ကြာကြာမခံပါဘူး ။ မိုးရွာတော့ပြန်ပေါက်ပြဲကုန်တာ လကမ္ဘာပေါ်ရောက်နေတဲ့ အတိုင်းပါပဲ ။ တချို့ လမ်းတွေပေါ်က ဖြတ်သွားလျှင် လှိုင်းစီးရသလိုပါပဲ ၊ လှိုင်းတွေထနေတဲ့ လမ်းမကြီးတွေပေါ်က ဖြတ်ရင်း surfingလုပ်နေသလားလို့တောင် ကိုယ့်ကိုယ်ကိုထင်မှတ်မိပါတယ် ။

ကျွန်တော်တို့တွေ လမ်းသွားခါနီး လူကြီးမိဘတွေက လမ်းခရီးသာယာဖြောင့်ဖြူးပါစေဆိုတဲ့ ဆုတောင်းမျိုးပေးတတ်ကြတာ ပြန်သတိရမိတယ် ။ ပေးတဲ့ ဆုမပြည့်လို့ လကမ္ဘာလို လမ်းမျိုးသွားနေရတယ်ဆိုတာကိုသိလျှင် လူကြီးသူမတွေ ဆုပေးတဲ့အခါ ထိုဆုမျိုး နောက်ထပ်တောင်းပေးတော့မယ် မထင်ဘူး ။ လမ်းတွေက မချောမွေ့လို့ မဖြောင့်ဖြူးနိုင်ပါဘူး ၊ မဖြောင့်ဖြူးတဲ့လမ်းတွေအပေါ် သွားရတာလည်း သာယာမှုမရှိနိုင်ပါဘူး ။ လမ်းကြောင်းရှိတဲ့အခါ လမ်းကောင်းကသာ ရွေးမောင်းကြတာကြောင့် လမ်းကြမ်းတွေအကြောင်း တာဝန်ရှိတဲ့ လူကြီးတွေ မသိကြဘူး ၊ သတိမထားမိကြဘူးထင်ပါတယ် ။ လူကြီးလမ်းကြောင်းတွေကိုသာ လမ်းကောင်းကနေ တသမတ်တည်းမသွားပဲ ၊ အလျဉ်းသင့်သလို အဆင်ပြေတဲ့ လမ်းက ရွေးမောင်းမယ်ဆိုလျှင် လမ်းတွေအတော်များများ လမ်းကောင်းဖြစ်လာလိမ့်မယ်လို့ ထင်မြင်မိပါတယ် ။ ရန်ကုန်က လမ်းအများစုမှာ အပေါက်ပြဲတွေကပဲ ပိုများသလား ၊ လမ်းကောင်းကပဲ ပိုများသလားကတော့ စစ်တမ်းမကောက်ထားလို့ မသိပေမယ့် တချို့ နေရာမျိုးမှာ ပေါက်ပြဲနေတာတွေက မြင်မကောင်းအောင် နက်သည်ထက် နက်နေတာ ယခုထက်တိုင်မပြင်ပဲ ထားတာတွေရှိနေပါသေးတယ် ။ YCDCတို့လို ၊ လမ်းနဲ့ တံတားဘက်က တာဝန်ရှိသူတို့လို ၊ ကုန်းလမ်း ပို့ဆောင်ရေးဘက်က တာဝန်ရှိသူတို့လို လူကြီးတွေတော့ လမ်းပေါက်တွေအကြောင်း ပြင်မဆုံးတဲ့ လမ်းတွေအကြောင်း အတော်သင့်တော့ သိပြီဖြစ်ကြမှာပါ ။ သိတာတော့ဟုတ်ပါပြီ သိနေရုံက မပြီးသေးပါဘူး ၊ ပြင်ဆင်တာတွေ ၊ ထိန်းသိမ်းတာတွေ ပြုလုပ်သင့်ပါတယ် ။ မပြုပြင်ပဲ ဒီတိုင်းထားမယ်ဆို ဒီထက်ပိုဆိုးလာကုန်တော့မှာပါ ။ မြို့ ပြင်မပြောနဲ့ ရန်ကုန်မြို့တွင်းက လမ်းတွေမှာ ဒီလို ဖြစ်နေတာ ၊ မဖြစ်သင့်တော့ပါဘူး ။

တစ်နိုင်ငံလုံး ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပါလျှက် ဒီလမ်းမကြီးတွေကို သိပ်အရေးမကြီးလို့ပဲ မပြင်ဆင်သေးတာလား ၊ ပြင်ဆင်ရမယ့် အလှည့်မရောက်သေးလို့ပဲ မပြင်ဆင်သေးတာလားဆိုတဲ့အတွေးမျိုး ဖြစ်မိပါတယ် ။ အရာရာပြုပြင်ပြောင်းလဲနေချိန် ဒီလမ်းမကြီးတွေပဲ အကျည်းတန်လို့ ကျန်ခဲ့မှာ စိုးရိမ်မိပါတယ် ။ လမ်းပြင်ဖို့ စရိတ်တွေလည်း လုံလောက်ပြီး အချိန်ကြာကြာ ကြံ့ခိုင်မယ့် လမ်းမျိုး ဖြစ်စေချင်တဲ့ ဆန္ဒနဲ့ ယခုပို့စ်ကိုရေးလိုက်ရပြန်ပါတယ် ။အကျဉ်းတန်တဲ့ လမ်းမကြီးတွေမှသည် အကြမ်းခံပြီး ကြံ့ခိုင်တဲ့ လမ်းမကြီးများဆီသို့ အမြန်ဆုံးပြောင်းလဲသွားပါစေဆိုတဲ့ဆုပဲ တောင်းနေမိပါတော့တယ် ။

 

 

 

 

 

 

 

 

 

 

48 comments

  • etone

    July 2, 2012 at 4:57 pm

    လမ်းပေါက်တာများ ……. လှိုင်သာယာက ဗိုလ်ချုပ်လမ်းကို ဘယ်လမ်းမှ မမှီဘူး…
    ဖြတ်သွားမယ်ဆို ထမိန်စွန်ထောင် ဆွဲသွားရတယ် .. နောက်တစ်ခါ အဲ့လမ်းကို ရိုက်ခဲ့ … ခွိခွိ 😆

    • TNA

      July 2, 2012 at 6:30 pm

      အောင်မယ်လေးဟယ်။ အဲဒါများကိုယ့်ဟာကိုယ်ရိုက်လာပြီးပေးလိုက်ပေါ့လို့။ အာတူတူပဲဟာ။

      • etone

        July 3, 2012 at 10:54 am

        မတူဘူး အစ်မသဲရဲ့ … အဲ့ဒီလမ်းက ညီမသွားသွားပြီး မြောင်းထဲကစစ်ယူသူကို ချောင်းတဲ့ လမ်း … ဟိဟိ … ။ အဲ့ဒါမျိုးဆို သူက မလိုက်ဘူး …….. ။ ညီမကလည်း .. ကိုယ်ရိုက်ချင်တာပဲ ကိုယ်ရိုက်ခဲ့တာ … လူကိုပဲ အာရုံရတယ် လမ်းကို အာရုံမရလိုက်ဘူး … လမ်းကတော့ အတော်ဆိုးတယ် … တလမ်းလုံး ဗွက်တွေချည်းပဲ .. ဒီပုံထဲကချိုင်တွေ ထက် ဆယ်စမက လမ်းကြမ်းတယ် ။

    • flamingo

      July 2, 2012 at 9:29 pm

      အီတုန်းအီတုန်း…ရန်စနေသည်…

  • myanmarcitizen

    July 2, 2012 at 5:06 pm

    တစ်နှစ်တစ်ခါပြင်ရမှ တစ်နှစ်တစ်ခါ အိတ်ထဲရောက်မှာလေ ဒါကြောင့် သိပ်အကောင်းကြီးမလုပ်တာထင် တယ်။ လမ်းတွေသိပ်ဆိုးပါတယ်။ Bus ကားတွေကလဲမကောင်းဘူး ဒိုင်နာ ဆိုပိုဆိုး မိုးရွာရင် ရှေ့ကလဲ မိုးပက်၊ အပေါ်ကလဲမိုးယိုနဲ့ အကုန်ကို စိုတော့တာပဲ။
    လမ်းမကောင်းတော့ လမ်းတွေပိတ်၊ ရေတွေကစင်၊ အဲ့ချိုင့်တွေရှောင်မောင်းကြတော့ တိုက်ကြပြန်ရော။ အားလုံးမြန်မြန်ကြီးကိုပြောင်းလဲသင့်နေပါပြီ။

    • AKKO

      July 2, 2012 at 7:21 pm

      အကုန်လုံး အိတ်ထဲထည့်တာထက်စာရင် ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ လေးတော့ လုပ်သင့်တာပေါ့။ဒီနေ ့တောင်လမ်းအပေါက်တွေဖာ၊ ထန်းလျက်ရည်စမ်းတာတွေတောင် တွေ ့ခဲ ့ရတော့ ဝမ်းသာမိပေမယ့် အဲ့ဒီလမ်းတွေ သိပ်မကြာခင် ထပ်ပြီးပေါက်ပြဲကုန်မှာတွေးမိပြန်တော့ ၊ ပြင်သာပြင်တယ် သိပ်မထူးဘူးလို့ထင်မိတယ် ။

      လမ်းပြင်စရိတ်တွေသာ အကြိမ်ကြိမ်ထုတ်သလို၊အဲ့ဒီအတိုင်း တကယ်တမ်း အပြည့်ဝသုံးချစေချင်မိတယ် ။

  • စိန်ဗိုက်ဗိုက်

    July 2, 2012 at 5:07 pm

    မျက်နှာကြီးရာ ဟင်းဖတ်ပါဆိုသလို..
    လူဂျီးတွေ အသွားများတဲ ့လမ်းတွေ အဓိက လိုက်ပြင်နေတယ်ထင်ပါ့..ဗျာ..
    လူဂျီးမသွားတဲ့လမ်းတော့ ခုန်ပျံကျော်လွှားသာ သွားကြတော့
    ဒါမှ အဆီကျမယ်
    ကျော့်မှာ အဆီမစိတာ လကမ္ဘာလမ်းတွေ ဖြတ်ဖြတ်ပြန်ပြီး ခုန်ပျံကျော်လွှားလုပ်နေခဲ့ရလို ့ဗျ
    ခုဆို ကျန်ကျောင်းတောင် ကျော့်လောက် ကိုယ်ဖော့ပညာ မကောင်းတော့ဘူး ထင်တာဘဲ

    • AKKO

      July 2, 2012 at 7:26 pm

      ဟုတ်ပါရဲ့ဗျာ ။ လူကြီးတွေကလည်း လမ်းကောင်းတွေပဲရွေးသွား ၊ မကောင်းတဲ့လမ်းကို မဖြစ်မနေသွားရတော့မယ်ဆို ချက်ချင်းလက်ငင်းတပွဲထိုးတွေပြင်လိုပြင်တဲ့ တလွဲဆံပင်ကောင်းလုပ်နေကြတယ် ။ တကယ်သာ တိုင်းပြည်နဲ့ပြည်သူတွေအပေါ် စေတနာရှိလို့ပြောင်းလဲမှုတွေလုပ်ချင်တယ်ဆို မဖြစ်မနေ လမ်းတွေကိုပါပြင်သင့်ပါတယ် ။ ယခင်က မြန်မာနိုင်ငံရဲ့ မြို့တော်ဖြစ်ခဲ့တဲ့ ရန်မှာ လမ်းတွေပေါက်နေတာ ၊ လူရယ်စရာကောင်းလွန်း လို့ပါ ။

      နေပြည်တော်က မြို့တော်ဖြစ်သွားလို့ ရန်ကုန်ကို လှည့်မကြည့်တော့တာများလားလို့တောင် တွေးမိပါတယ် ။

    • ရွာစားကျော်

      July 2, 2012 at 10:01 pm

      လူချီးဒွေက ဖိုးဝှီးဒွိုက်တွေနဲ့ သွားတာလေ ဂျိုင့်တွေ ရှောင်နေရရင် ဘယ်ခရီးတွင်လိမ့်မတုန်း
      ခင်ညားတို့ ကျုပ်တို့က ခြေလျင်ဒိုးတာ ဘယ်ခွက် ဂျိုင့်မဆို ခုန်ကျော်လို့ရနေတာကိုး.. မရှိတဲ့လူတွေပဲဗျာ သူတို့အတွက် ဖြည့်တွေးပေးလိုက်တာပေါ့
      သောက်ကျိုးနည်း .. ပြောကိုမပြောချင်တော့ဘာဘူး.. ထွီ

      • AKKO

        July 3, 2012 at 12:31 pm

        မပြောမပြီး မတီးမမြည်ဆိုတဲ ့စာဆိုအတိုင်း မပြောရင်တော့ ဒုံရင်းကဒုံရင်းပဲ ဖြစ်မှာစိုးမိတယ်ဗျာ။ကောင်းစေချင်လို ့ပြောနေကြတာပဲဗျာ။

  • ဝမ်းတွင်းရူး

    July 2, 2012 at 5:42 pm

    ဆရာရေ ကျနော်တို ့ဆီကလမ်းတွေများ ဆယ်စုနှစ်ကျော်လာပီ။
    ကောင်းမလာတဲ့အပြင် ပိုဆိုးလာလို ့မိုးတွင်းရောက်လာတော့
    တောင်ပြို၊မြေပြိုပါ ကြောက်ရတယ်ဗျာ။

    • AKKO

      July 3, 2012 at 12:34 pm

      သတိဝီရိယနဲ ့သွားတာ အကောင်းဆုံးပါပဲ။

  • ster

    July 2, 2012 at 8:33 pm

    လုပ်ချင်ရင် လုပ်လို.ရသားနဲ.၊ တခါတည်း quality ကောင်းကောင်းလေး လုပ်ပေးစေချင်ပါတယ်၊ အခုလို ကားကျပ်ပုံမျိုးနဲ. ခဏခဏလမ်းပိတ်တာမျိုး မဖြစ်စေချင်လို.ပါ။

    • AKKO

      July 3, 2012 at 12:37 pm

      တခါတည်း quality ကောင်းကောင်းလေးနဲ ့လုပ်ပေးရင်တော့ အကောင်းဆုံးပါပဲဗျာ။ ဒါပေမဲ ့ လုပ်ရင်လည်း ဖြစ်တာပဲ။ မလုပ်ရင်လည်း …..မသိတော့ပါဘူးဗျာ။

  • ပစ်စလက်ခတ် မျက်ရည်

    July 2, 2012 at 8:43 pm

    ငိုချင်လာပြန်ဘီ ဗျာ …
    ဟင့် ဟင့်…

    • AKKO

      July 3, 2012 at 12:39 pm

      မငိုနဲ ့နော်။ လမ်းချိုင့်တွေ မျက်ရည်တွေနဲ ့ထပ်ပြည့်ကုန်မှာစိုးလို ့ပါ။ ဝမ်းတော့ နည်းလို ့ရပါတယ်။

  • မောင်ပေ

    July 2, 2012 at 8:47 pm

    အဲဒါ မားစ်ရဲ ့တိုက်ပွဲဝင် ဒဏ်ရာဒဏ်ချက်များ

  • အေကေကေအိုရေ
    ပေါက်ဆို ပြည့်အောင်မဖြည့်လို့ပေါ့ဗျာ။
    မဖြည့်ဆို မကျန်လို့ပေါဗျာ။
    မကျန်ဆိုအကုန်စားလိုက်လို့ပေါ့ဗျာ။
    အကုန်ဘာကြောင့်စားလဲဆိုရင်
    ဆိုရင်
    ဆိုရင်
    ဆိုရင်

    • AKKO

      July 3, 2012 at 12:41 pm

      ကိုပေါက်သိရင်လည်း share ပါ။ ကျန်သူတွေရော၊ကျနော်ပါ သိချင်လို ့ပါ။ ပြောစရာရှိတာပြောပါ။အားမနာနဲ ့နော်။

  • တေလေငှက်

    July 2, 2012 at 11:05 pm

    ဖြစ်ခြင်းပျက်ခြင်းတရားသဘောကိုနားလည်အောင်လို့အစိုးရကစေတနာနဲ့လုပ်ပေးထားတာပါ။

    • AKKO

      July 3, 2012 at 12:46 pm

      စေတနာနဲ ့ဆို တော့ …………. ကောင်းတယ်ပြောရမလား။ စဉ်းစားရင်း အဖြေမထွက်ဘူးဖြစ်နေတယ်။

  • ahnyartamar

    July 3, 2012 at 12:12 am

    မိုးရာသီရောက်ရင် လမ်းပြင်ကြပြီ။ ဘာ Method လဲတော့မသိဘူး။

    • etone

      July 3, 2012 at 10:56 am

      မိုးရာသီရောက်တော့ ရေလောင်းပါလို့ မပြောရပဲ .. အလိုလိုစိုတာပေါ့လေ … ။ ဒီတော့ပြင်ကြ တယ် .. ပြီးတော့ ပြန်ပျက်တယ် .. ဟိဟိ … ။

      မှားတာ ရှိလျှင် ဝန္ဒာမိပါ ပြေးပြီ ……… ဒက်ဂလောက် .. x 2

    • AKKO

      July 3, 2012 at 12:49 pm

      ပိုပြင်တဲ ့method ပါ။ တခြားရာသီတွေမှာလည်း ပြင်ကြပါတယ်။ တချိန်လုံးလည်း ပြင်နေကြပါတယ်။

  • ဖိုးထောင်

    July 3, 2012 at 1:17 am

    ပေါက် မကောင်းဘူးလား အဲဒါဆိုအူးပေါက်လည်း………
    ဒေါ်လာသန်းနှစ်ဆယ်ပေးစရာမလို တန်းစီစရာမလို လေ့ကျင့်စရာမလိုဘဲနှင့် လကမ္ဘာပေါ်အရောက်ပို့ပေး နေပါပြီ ……………..

    ပုံ/
    ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ

    • AKKO

      July 3, 2012 at 12:52 pm

      အူးပေါက်ကတော့ ကံကောင်းပြီးရင်း ကောင်းနေပြန်ပါပြီ။ ဖရီးပို ့မယ့်သူတောင်ရှိနေပြီ။ မဒမ်ပေါက်ပါ ပါမှရမယ်ထင်တယ်နော်။

  • kai

    July 3, 2012 at 3:44 am

    မြို့မြူနီစပယ်က.. လမ်းဖေါက်ရင်.. လမ်းသက်တမ်းအာမခံပါ တခါတည်း..သတ်မှတ်ပြီး… ဝယ်လိုက်ပေါ့..
    ၅နှစ်အာမခံ…

    ကျန်တာအာမခံကုပ္ပဏီက ဆက်လုပ်လိမ့်မယ်.. 🙂

    • AKKO

      July 3, 2012 at 12:54 pm

      အဲဒီ အာမခံကုပ္ပဏီရော ဘယ်ရောက်နေလဲမသိဘူး။ အသံကြားတော့ ပုန်းနေပြီထင်ပါတယ်။

  • ဇောက် ထိုး

    July 3, 2012 at 6:45 am

    လမ်းတွေနဲ့ပတ်သက်ပြီးကျွန်တော်ပြောချင်နေတာလေးတစ်ခုရှိတယ်။ ပို့စ်တင်မလို့လုပ်နေတာ။
    ဒီနေ့မြန်မာနိုင်ငံမှာ ယာဉ်တွေများလာတယ်။ လမ်းတွေကျပ်လာတယ်။ မိန်းလမ်းတွေကို ပြင်ကြတယ်။ မိန်းလမ်းတွေကို ချဲ့ကြတယ်။ ဒါပေမယ့် ယာဉ်တွေကတော့ ကျပ်နေမြဲပဲ။
    ကျွန်တော်ပြောချင်တာက မိန်းလမ်းတွေကိုချည်း ဦးစားမပေးပဲ ကြားလမ်းတွေကိုလဲ ပြင်လိုက်လို့ ကြားလမ်းတွေကောင်းသွားရင်… မိန်းလမ်းတွေပေါ်ယာဉ်တွေနဲသွားနိုင်ပါတယ်။

    • AKKO

      July 3, 2012 at 12:59 pm

      ကားတွေများလာလို ့ လမ်းတွေကျပ်တာ။ ကြားလမ်းတွေထဲမောင်းချင်တဲ ့ကားက နည်းပါတယ်။ လမ်းတွေ သေချာထပ်တိုး၊ထပ်ချဲ ့။သေချာပြုပြင်ရင်တော့ အကောင်းဆုံးပါပဲ။ မိန်းလမ်းရော၊ကြားလမ်းရော အကုန်အဆင်ပြေရင်တော့ ကားလမ်းကျပ်တာတွေ၊ ပိတ်တာတွေ တော်တော်လေးနည်းလာမှာ အမှန်ပါပဲ။

  • kyeemite

    July 3, 2012 at 10:05 am

    လမ်း..လမ်း..လမ်း
    ဗြန်း ..ဗြန်း..ဗြန်း (ဗွက်ရေစင်သံ)
    ဂွမ်း..ဂွမ်း..ဂွမ်း (ကားဆောင့်သံ)….
    လမ်းမကောင်းမှု့ ဘယ်အထိလာထိခိုက်သလဲဆိုတော့
    အလုပ်သွားတဲ့ အခါ လမ်းဆိုးလွန်းလို့ နာရီဝက်ခရီးကို
    တစ်နာရီကြာတယ်..ဒီတော့ခါတိုင်းထက်နာရီဝက်စောထွက်ရတယ်..
    မိမိကိုယ်ပိုင်အချိန်ထဲက အသွားအပြန် နေ့စဉ် ၂နာရီ
    ကားပေါ်မှာ ဘလိုင်းကြီးကုန်နေတယ်..ဖယ်ရီစီးရင်း..
    သတင်းစာလေး..ဂျာနယ်လေးဖတ်ပြန်တော့..
    လူက ရှေ့နောက် အပေါ်အောက် ဘေးဘယ်ညာ
    သရီးဒိုင်မင်းရှင်းနဲ့ လှုပ်နေတော့ စာဖတ်မရပြန်ဘူး..
    ဆရာAKKOရေ…ဆရာ့ရဲ့ အကျိုးပြုဆောင်းပါးလေးကို
    လက်မထောင်ပီးအားပေးသွားပါဂျောင်း…
    အဲမေ့တော့မလို့…အပေါ်မှာဟိုအဒေါ်ဂျီး..အမိန့်ပေးနေတယ်နော်..

    နောက်တစ်ခါ အဲ့လမ်းကို ရိုက်ခဲ့ ..

    တဲ့…ရိုက်ပေးလိုက်အုံး..နာနာလေး..ဟီး..

    • AKKO

      July 3, 2012 at 1:04 pm

      ကိုမိုက်ရေ အလုပ်သွားတဲ ့လမ်းဆိုးတွေမကြာခင် အမြန်ဆုံး ပြန်ကောင်းပါစေလို ့ ဆုတောင်းပေးထားပါတယ်။ စိတ်တော့ရှည်ရမှာပေါ့ ။ ဘယ်အချိန်ကောင်းမလဲဆိုတာကို။ ဒီနေ ့လား၊ မနက်ဖြန်လား၊ သဘက်ခါလား ဆို တာကိုပါ။

      • etone

        July 3, 2012 at 1:16 pm

        မနက်ဖြန်သို့မဟုတ်ဘယ်သော အခါတဲ့ …..
        လူကြီးတွေ အပင်းစို့လို့ ကောင်းတုန်း
        အန်ထွက်တဲ့အချိန်ထိစောင့် … 👿 ဟွန့်

  • Ma Ei

    July 3, 2012 at 12:30 pm

    AKKO ရေ…
    လကမာ္ဘပေါ်က လမ်းမှာ ကလေးတွေသာနေလို့ပါ…
    လူကြီးတစ်ရောက်လာနေကြည့် လမ်းဆိုတာ
    ညတွင်းချင်း ချက်ချင်း ဖြောင့်ဖြူး ချောမွေ့ သွားရော…

  • etone

    July 3, 2012 at 1:09 pm

    အနီတွေ .. အနီတွေ ..ဟား ဟား … သဲရေ … ရှင့်ကို အရမ်းချစ်ကြတယ်ထင်တယ် … kiss ဝိုင်းပေးကြတာ နှုတ်ခမ်းနီတွေချည်းပဲ .. အဟီး ဟီး .. အဟား ဟား … 😆

    • ပစ်စလက်ခတ် မျက်ရည်

      July 3, 2012 at 1:15 pm

      အလို..
      နာမည်ပြောင်းလိုက်တယ်လား ….
      ဟုတ် ..
      တွေ့ရတာ ဝမ်းသာပါတယ် ဒေါက်တာသဲ
      😀

      • etone

        July 3, 2012 at 1:25 pm

        မျက်ရည်စက်လက် အသတ်မထွက်ခင် နာမည် ပြောင်းလိုက်တာပါ ကိုဂီ .. ခွိခွိ … :mrgreen:

      • Khaing Khaing

        July 3, 2012 at 1:29 pm

        အမလေးလေး သဲရေတဲ့တော့ ……. နာ့ကျတော့ ဘာဖြစ်သလေးညာဖြစ်သလေးနဲ့ ဒေါ်တုံ သဲဆို ရင် အခုပေါက်နေတဲ့ လကမ္ဘာမှာဖာဖို့ ယူသွားလိုက်မယ် ဒါပဲ …… ကိုအေကေကေသဲအို ရေ ..

        • etone

          July 3, 2012 at 1:40 pm

          အွန် .. မမခိုင် ဘယ်တုန်း သဲ ဝယ်တာလဲ .. မသိလိုက်ဘူး..
          တပင်တည်း ရင်ထဲက နွယ်ဖုန်းမှားဆက်တာပဲ သိတာ … ။ ဟိဟိ …သူ့ဘာသာ သူဖော်မှပဲ သိတော့တယ်… ဟိဟိ …. အညှာကိုင်လို့ရပြီ ကွ ဟပ်ချလောင်း ….. 😛

        • ပစ်စလက်ခတ် မျက်ရည်

          July 3, 2012 at 1:43 pm

          ငိုချင်အောင် ကြွားကြတယ်ကွယ်..
          အံ့ရော…. အသည်းမမာပါဝူးဆို …
          ဟင့်
          အိအိ…

  • AKKO

    July 3, 2012 at 1:15 pm

    အဲဒီလူကြီးဆိုတာကိုခေါ်လို ့ရရင်ခေါ် လာပေးပါဗျာ။လမ်းတွေ ချက်ချင်း ဖြောင့်ဖြူး ချောမွေ့ သွားစေချင်လို ့ပါ။ ကျနော်တို ့ရွာမှာလည်း အမတ်မင်းကြီးတွေရှိပါတယ်။သူတို ့လာရင်ရောဟင်။ အိုဗာဝိတ်တွေလာရင် တော့ လမ်းတွေ ပိုပေါက်ကုန်မယ်ထင်တယ်ဗျာ။ အစတည်းက သိပ်မကောင်းတဲ ့လမ်းမို ့လို ့ပါ။ လမ်းကောင်းရင် အကုန် လာလို ့ရပါတယ်။

    • Ma Ei

      July 3, 2012 at 2:05 pm

      ညတွင်းချင်း လမ်းကို ကတ္တရာထပ်လောင်းခင်းကြတာ
      ဘာပါလိမ့် အောင်းမေ့တယ်…အဲ့ဒီ ATL ပေါ့
      မနက် သတင်းစာမှာမှ မြို့တော်ဝန်ခန့်စာ ပါတာ…
      စည်ပင်တွေများပြောပါတယ်…
      အဲ့လို အဲ့လို…

  • မွန်မွန်

    July 3, 2012 at 1:18 pm

    ခိုင်လုံတဲ့သတင်းရပ်ကွက်တစ်ခုကပေါ့…

    ရန်ကုန်က လမ်းတွေဆိုးတာနဲ့ ပတ်သက်ပြီး ဦးသန်းရွှေဆီကို တိုင်စာတက်လာပါတယ်။ ချိုင့်တွေခွက်တွေ အကြောင်းရေးထားပြီး ဘယ်လမ်းရဲ့ ဘယ်နားမှာ ဘယ်လိုချိုင့်ကြီးပါဆိုတာ ပုံတွေနဲ့တွဲပေးလာတယ်တဲ့..။
    အဲဒီတော့ ဦးသန်းရွှေက ဦးအောင်သိန်းလင်းကိုခေါ်ပြီး မင်းကွာ ဘယ်လို ဖြစ်တာလဲ၊ ကြည့်ပါဦးဆိုတော့ သူက ဖြေရှင်းပေးပါမယ်ဆိုပြီး ယူသွားတယ်တဲ့။ ပြီးတော့ အဲဒီပုံထဲကနေရာကို အတိအကျသွားပြီး ပြန်ဖာတယ်။ နေရာကို တကယ်အတိအကျပဲနော်..”ဒီချိုင့်မဟုတ်ဘူး၊ ပုံထဲက ဆိုရင် ဟိုဘက်ကချိုင့်…” အဲဒီလို ပြန်ဖာပြီး ဓာတ်ပုံပြန်ရိုက်၊ ဦးသန်းရွှေဆီကို ပြန်တင်ခဲ့တယ်တဲ့။

    နောက်ပိုင်းတော့ အနော်လည်း မသိတော့ဘူး။ 🙂

  • Khaing Khaing

    July 3, 2012 at 1:33 pm

    သင်္ဃန်းကျွန်းဘက်က သုမင်္ဂလာလမ်းထိပ်ဘက်မှာဆို အရင်က တက္ကစီတွေငှားရင် မလိုက်ချင်ဘူး လမ်းဆိုးလို့တဲ့ ……. နောက်ပိုင်းလူထုတွေအော်မှသာ လမ်းကိုလာဖို့ကြပါတယ် …… မိုးတွင်းဆိုရင် လမ်းတွေက အရမ်းကိုဆိုးဝါးလှလို့ ကားဘီးတွေနာလှတယ် ……

  • kyeemite

    July 3, 2012 at 1:54 pm

    ရွေးကောက်ပွဲမတိုင်ခင်ကတော့
    ရွှေပြည်သာ ဇုံရုံးမှာ လုပ်ငန်းရှင်တွေဖိတ်ပီး
    လမ်းတွေပြင်ပေးပါမယ် လို့ ပေါ်တင်မဲဆွယ်တဲ့ ချီးထုတ်အောင်သိန်လင်း..
    ခုတော့..လာကြည့်ပါအုံးအရပ်ကတို့ရေ..ရွှေပြည်သာကို..
    ဆိုးလိုက်တဲ့လမ်း…ခိုးလိုက်တဲ့ စည်ပင်..။တောက်စ်(အကျယ်ကြီးဖတ်ပါ)

  • snow white

    July 3, 2012 at 5:17 pm

    သာကေတမြို့ ကိုလည်းလာရိုက်ပေးအုံး ။

  • tharli kar

    July 3, 2012 at 6:05 pm

    လပေါ်က လမ်းလား…………..
    လမ်းပေါ်က လလား…………..
    ဘာဖြစ်ဖြစ်…………….
    ဂြိုလ်ကမ္ဘာပေါ်မှာ ရှာကြည့်
    မရှိရေးချမရှိတဲ့ မြင်ကွင်းနိုင်ငံ
    ပြိုင်စံတော့ ရှားလောက်ရဲ့…..နော့..ဗျာ…..

  • AKKO

    July 3, 2012 at 8:04 pm

    မွန်မွန်ရေ
    အခုအချိန်မှာ သေချာလမ်းပေါက်ပြဲကိုရိုက်ပြီး စာတင်မယ်ဆိုလျှင်တောင် ၊ ဘယ်သူဆီကိုတင်ရမလဲ ၊ ထိထိရောက်ရောက်ရောဖြစ်ပါ့မလား ၊ လူကြီး လက်ထဲရော ဒီစာရော့က်ပါ့မလားနော် ။ ပြည်သူ့အသံကို နားထောင်ပေးမယ့် ၊ ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့ခွင့်ရမယ့် ဘက်မလိုက်တဲ့ ကြားခံမီဒီယာလို ၊ အဖွဲ့စည်းလို ၊ ဝက်ဖ်ဆိုက်လိုတွေ ရှိသင့်တယ်လို့ထင်ပါတယ် ။

    အခိုင်ရေ
    တချို့လမ်းတွေဆို ဆိုးလွန်းလို ့ကားငှားလျှင်တောင် မလိုက်တာမျိုးခဏခဏကြုံဖူးတယ် ။ အခိုင်ပြောတဲ့လမ်းက လူထုကအော်လို့ လာဖို့တာတော်သေးတာပေါ့ ။ တချို့လမ်းတွေဆို လမ်းမကောင်းမှန်း သိသိကြီးနဲ့ ကျော်လွှားသွားကြတယ် ။ လမ်းနေပြည်သူတွေ အသံထွက်ရကောင်းမှန်းလည်းမသိဘူး ။ အသံမထွက်တော့ ဘယ်သူမှ ဘာမှ လာမလုပ်ပေးဘူး ။ နို့ဆာတဲ့ကလေးတောင် အသံထွက်ပြီး ငိုရမှန်းသိတယ် ။ ကိုယ်က လိုအပ်လျှင် အသံလေးတော့ပေးမှ လိုအပ်မှန်းသိမှာလေ ။

    စနိုးဝှိုက်ရေ
    သာကေတတော့ လက်လှမ်းမမှီလို့ ကြုံတဲ့လမ်းတွေပဲ ရိုက်လိုက်ပါတယ် ။ ရိုက်တာလည်း ကြည့်ရိုက်ရသေးတယ် မတော် ကိုယ်ကရိုက်နေတုန်း ကိုယ့်ကိုရိုက်တဲ့လူလည်း ရှိမှာစိုးလို့ ။ ဟဲဟဲ 😛

    tharli karရေ
    ဟုတ်တယ် ပြိုင်စံရှားပါပဲ။

Leave a Reply