Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သတိ – အင်တာနက်ပေါ်မှ မရမ်းရ

kaiOctober 10, 20091min142324

လူတော်တော်များများဟာ မိမိ ထင်မြင်ချက်တွေ ကိုဘလော့တွေ၊ ဖိုရမ်တွေ မှာ လွတ်လွတ်လပ်လပ် ရေးနိုင်ကြမယ်လို ့ထင်နေတာဖြစ်ပါတယ်။
အဲဒီလိုနဲ့ အင်တာနက်ကတဆင့် တဦးကိုတဦး စည်းဘောင်ကျော်ရေးသာဆုံးဖြတ်နေခဲ့ကြတာတွေ ရှိလာပါတယ်။

တကယ်တော့ ဒီလိုဖြစ်လာတာတွေဟာ  တရားစွဲဆိုခံရဖို ့နဲ့လည်းနီးစပ်လာတာဖြစ်ကြောင်း အောက်ပါအဖြစ်အပျက်၃ခုက အင်တာနက်သုံးသူတွေကို သတိထားစရာအဖြစ် မီးမောင်းထိုးပြနေတာပါ။
Chicago အခြေစိုက် အိမ်မြေအကျိးဆောင် ကုမ္ပဏီ တခုဟာ ပြီးခဲ့တဲ့ နွေရာသီက အိမ်ငှားတဦးက သူငှားထားတဲ့ အိမ်ခန်းတွေ ခေတ်မမှီတော့ဘူးလို အင်တာနက်မှာတင်လိုက်မိတာကြောင့် နစ်နာကြေးအဖြစ် ဒေါ်လာ ၅သောင်း တရားရုံးမှာ တရားစွဲဆိုတောင်းခံ ခံလိုက်ရပါတယ်။
နောက်အမှုတခုကတော့ ဘလော့ဂါတဦးက သူ့ဘလော့ဂ်ပေါ်မှာ ရှေ ့နေတဦးကို “အမှုရှုံးတဲ့ရှေ့နေ” လို ့သုံးစွဲမိရုံနဲ့ ဖြစ်ခဲ့တာပါ။ အဲဒီအတွက် တရားရုံးကနေ လျှော်ကြေးငွေဒေါ်လာ ၁သန်း၈သိန်းပေးဆောင်စေလို့ အမိန် ့ချမှတ်ခြင်းခံလိုက်ရပါတယ်။
နောက်တခုကတော့ အရိုးအကြောပြုပြင်သူ (
chiropractor)ကနေ သူ့ဝက်ဆိုက်မှာ သူ့အလုပ်ကို မကောင်းတဲ့ဝေဖန်မှတ်ချက်ပေထားသူကို တရားစွဲဆိုမှုဖြစ်ပါတယ်။

တကယ်တော့ လူတွေဟာ အလုပ်အကိုင်၊ အကျိူးဆောင်၊ ကုမ္ပဏီ၊ စားသောက်ဆိုင်၊ ဆရာဝန်တွေအထိ သူတို့အပေါ်မှာ တခြားသူတွေဘယ်လိုမြင်ကြတယ်ဆိုတာသိရအောင် အင်တာနက်ကနေတဆင့် သဘောထားမှတ်ချက်အမြင်တွေကို ရှာဖွေ ကြည့်ရင်းဆန်းစစ်ကြတာပါ။ ဒါပေမဲ့ အချို ့သောသူများဟာ သတ်မှတ်ထားတဲ့ စည်းဘောင်ကို ကျော်လွန်ပြီး ပြောကြဆိုကြရေးကြတဲ့အခါ အင်တာနက်ဟာ ငွေလျှော်စရာ တရားစှဲခံရစရာ အဖြစ်ရောက်သွားတော့တာဖြစ်ပါတယ်။

“လူတိုင်း လွတ်လပ်စွာရေးသားပြောဆိုခွင့်ရှိပါတယ်။ ဒါပေမဲ့ သူတပါးကို အသရေဖျက် ရှုံ့ချပြောဆိုဖို့ကတော့ ဘယ်သူ့မှာမှ အခွင့်အရေးမရှိပါဘူး”လို ့ Electronic Frontier Foundationရဲ့ အကြီးတန်းရှေ ့နေ Matt Zimmerma ကဆိုပါတယ်။
“သင့်မှာ သူတပါးရဲ့ အလုပ်အကိုင်အခြေအနေတွေကို ဆန်းစစ်ဝေဖန်ဖို ့အခွင့်အရေးရှိပါတယ်၊ ဒါပေမဲ့ သင်ကိုယ်တိုင်တွေကြုံရတဲ့ အချက်အလက်ပေါ်မှာသာ အခြေပြုပြီး ဆန်းစစ်ဝေဖန်ပါ။ သူတပါးရဲ့ ကိုယ်ရေးကိုယ်တာနဲ့ သူ့ ဓလေ့စရိုက်ပေါ်ကို အခြေခံပြီး မဝေဖန်သင့်ပါဘူး“လို ့
David Miranda ဆိုတဲ့ရှေ ့နေကပြောပါတယ်။

မြန်မာတွေတော်တော်များများဟာ အင်တာနက်မျက်နှာဖုံးတတ်ပြီး သူတပါးကို အသရေဖျက် ရှုံ့ချပြောဆိုတာတွေ လုပ်လာကြတာ ဒီနှစ်ပိုင်းတိုးတက်လာတဲ့ ဘလော့ဂါယဉ်ကျေူးမှုနဲ့အတူတူ (တွေ့ရတာ)စိတ်လာပါတယ်။
မြန်မာပြည်နေသူများဖြစ်ခဲ့ရင် မထောင်းသာလှပေမဲ့ အမေရိကန်ပြည်ထောင်စုလိုနေရာမှာ နေသူများအတွက်တော့ လွန်စွာသတိထားစရာဖြစ်လာပါကြောင်း ဖွင့်ပြ ရေးသားလိုက်ရပါတယ်။

မှီငြမ်း။  ။ Online Comments Spark Lawsuit — Rebecca Webber ( PARADE Magazine – Sept 2009)

24 comments

  • haymon

    November 8, 2009 at 9:17 pm

    ကျေးဇူးပါ အခုလို သတိပေးပြီး ရှင်းပြထားသောကြောင်. တချို. မသိသေးတဲ.သူတွေလည်း သဘောပေါက်သွားပြီး ဆင်ခြင်နိုင်သွားတာပေါ. …….

  • laypyay

    May 6, 2010 at 8:44 am

    ဒီမှာတော့ သိတယ် မလား အရမ်း …. ဖြစ်ချင်ကြတာလေဗျာ.. ဘာလောဂ်ဂါဆိုတာ နဲ့ ရမ်းသန်းမှန်ရော ် စွတ်ကန်အထင်ကြီးကြတဲ့သူတွေကလည်းရှိကြသေးတယ်..ဗျ.။

  • koyinmaung

    October 31, 2011 at 8:55 am

    ဖတ်စရာပို့စ်နည်းနေတာနဲ့နောက်ကြောင်းပြန်ကြည့်မိတော့မှ
    သဂျီးရဲ့စေတနာနဲ့သတိပေးတဲ့ပို့စ်လေးဖတ်မိပါတယ်…
    တော်တော်ကောင်းပါတယ် ..
    ပို့စ်တင်တဲ့ရွာသားတွေသတိထားစရာတွေပါ
    မဖတ်ရသေးတဲ့ရွားသားများသိသင့်ပါတယ်….
    သဂျီးအနေနဲ့အသစ်ပြန်တင်ပေးထားရင်းကောင်းမလားလို့ပါ…

  • amatmin

    October 31, 2011 at 10:35 am

    သူကြီးရေ..

    ကျွန်တော်ဒီပို့စ်ကို အခုမှ ဖတ်မိလို့ပါ…
    ကျွန်တော် ပို့စ်တခု တင်လိုက်မိပါတယ်ခင်ဗျာ..အဲဒီပို့စ်ကသေချာ.စဉ်းစားကြည့်လိုက်တော့
    သူကြီးပြောတာတွေနဲ့ ငြိသလို..ဖြစ်နေတဲ့ အတွက် အဆင်ပြေ မယ်ဆိုရင် ဖျက်ပေးဖို့တောင်းဆိုပါတယ်ဗျာ..
    တင်တဲ့ ရည်ရွယ်ချင် ကတော့ အဆိုးမြင်လိုစိတ်နဲ့ မဟုတ်ပါဘူး..အပြုသဘောရေးမိတာပါ..
    သို့ပေမဲ့ နားလည်မှု လွဲစရာ ပို့စ်တခု ဖြစ်သွားတဲ့ အတွက် သူကြီးကိုတောင်းပန်ပါတယ်..ဖတ်မိတဲ့ ရွာသားတွေကိုလည်းအဆင်မပြေ.ခံစားမိစေခဲ့ရင်တောင်းပန်ပါတယ်လို့ဗျာ…..

    လေးစားစွာဖြင့်

  • nature

    October 31, 2011 at 11:00 am

    ဒီပို့စ်လေးပြန်တက်လာတာတော်တော်ကောင်းပါတယ်။ ကျနော်မဖတ်ဘူးသေးဘူး။
    …သူငှားထားတဲ့ အိမ်ခန်းတွေ ခေတ်မမှီတော့ဘူးလို အင်တာနက်မှာတင်လိုက်မိတာကြောင့် နစ်နာကြေးအဖြစ် ဒေါ်လာ ၅သောင်း တရားရုံးမှာ တရားစွဲဆိုတောင်းခံ ခံလိုက်ရပါတယ်။…
    မြန်မာနိုင်ငံမှာသာ ဒီလိုဖြစ်တိုင်းသာ တရားစွဲ လျှော်ကြေးတောင်းရရင်တော့ ဘာမှတောင်လုပ်စားဖို့ မလိုတော့ဘူး ။ ကိုယ်လည်းပေးရမှာမနဲဘူး။
    …“လူတိုင်း လွတ်လပ်စွာရေးသားပြောဆိုခွင့်ရှိပါတယ်။ ဒါပေမဲ့ သူတပါးကို အသရေဖျက် ရှုံ့ချပြောဆိုဖို့ကတော့ ဘယ်သူ့မှာမှ အခွင့်အရေးမရှိပါဘူး”….
    တကယ်လို့မှန်တာပြောရင်ကော အသရေဖျက်မှုမြောက်လား။ ဥပမာ-ထက်ထက်မိုးဦးက သတင်းထောက်ကို ရိုက်တဲ့ကိစ္စမှာရောထက်ထက်မိုးဦးဘက်ကရော အသရေဖျက်မှုနဲ့ တရားစွဲနိုင်ပါသလား။

  • etone

    October 31, 2011 at 11:37 am

    ဒီနိုင်ငံမှာတော့ အဲ့ဒီလို ဥပဒေ တွင်တွင်ကျယ်ကျယ် မဖြစ်သေးဘူး ထင်ပါရဲ့နော် ။

  • windtalker

    October 31, 2011 at 12:47 pm

    အတုန်ပြောတာ သိပ်မှန်တာဘဲ
    သဂျီးလည်း သတိထားစေချင်တယ်
    ဘိရုမာ မှာသာ ဥပဒေတွေ တွင်ကျယ်လာလို ့ကတော့….
    တော်ကြာ သဂျီးပါ အားပေး/လက်ခံ အဖြစ် ပါနေဦးမယ်

  • nature

    October 31, 2011 at 2:10 pm

    နိုင်ငံကိုမီဒီယာနဲ့ထိန်းတာ မမှားပေမဲ့ မီဒီယာကိုရော ဘာနဲ့ ပြန်ထိမ်းရမလဲ။ မီဒီယာကို မထိမ်းရင် ကိုလိုတာဆွဲပြောပြီး မီဒီယာတွေ ဗိုလ်ကျလာမဲ့ခေတ်လည်း မဖြစ်သင့်ဘူး။ ဘာပဲဖြစ်ဖြစ် တရားဥပဒေနဲ့ အညီ ပြန်အလှန် ထိမ်းကြောင်းမှုတွေ၊ မီဒီယာတွေမှားရင် လည်းထိမ်းနိုင်ဘို့လိုတယ်။ တက်သစ်စ မော်ဒယ်တွေဆို မီဒီယာတွေကို သူတို့ရဲ့ အောင်မြင်မှုအတွက် အဓိကဖြစ်တဲ့ မီဒီယာကို အသက်တမျှ အားကိုးနေရတာ။ သူတို့မြေတောင်မြှောက်ပေးရင်ပေးသလို နှိပ်ကွပ်ရင် နှိပ်ကွပ်သလို အောင်မြင်မှုကျရှုံးမှုတွေ အတွက် အရေးပါနေတယ်လို့ မြင်မိတယ်။

  • MaMa

    November 2, 2011 at 5:28 pm

    မီဒီယာတွေကိုတော့ ပရိတ်သတ်ကပဲ ထိန်းမလား၊ အချိန်ကပဲ ထိန်းမလား မသိဘူး။ စေတနာ မမှန်ပဲ ဝါဒဖြန့်တွေ၊ ကိုယ်လိုရာဆွဲရေးတွေချည်း လုပ်နေရင် ရေရှည်မှာ ပရိတ်သတ်ရဲ့ ယုံကြည်မှုပျက်စီးပြီး ဆုံးခန်းတိုင်ရလိမ့်မယ် ထင်တယ်။

  • snow white

    July 9, 2012 at 7:54 pm

    အင်တာနက်မှာရေးချင်တိုင်းရေးနေကျတာ တော့တွေ့မိပါတယ် ဒါပေမယ့်အဲ့လို ဒဏ်ငွေရိုက်တယ်ဆိုတာတော့ ဒီပို့စ်လေးဖတ်မှသိရပါတယ်။။။

  • ဘရားသား

    July 9, 2012 at 9:08 pm

    ဒီမှာတော့ ဘယ်သူ့ကို ဒဏ်ရိုက်ရမလဲ သိရဖို့ လွယ်ဘူးနဲ့တူတယ်
    ဒါ့မို့ကြောင့် တူရို့ဒွေ ရမ်းချင်တိုင်း ရမ်းကြတာ ဖြစ်မယ်

  • aye.kk

    July 10, 2012 at 6:58 am

    သူကြီး…
    ဒီလိုသတိပေးတဲ့စာလေးဖတ်ရတာကျေးဇူးပါဘဲ။။

    • htoosan

      July 10, 2012 at 7:37 am

      ပြန်လည်ဖော်ထုတ်ပေးတဲ့ စနိုးကိုလည်း ကျေးကျေးပါ။
      အသစ်တွေ များတဲ့ အချိန် သူကြီး ခေတ္တ sticky လုပ်သင့်ကြောင်းပါ ။

  • Inz@ghi

    July 10, 2012 at 7:08 am

    အရင်တုန်းက ဘီ-တူ-စီ ပဲ ရှိရာကနေ..
    အခု စီ-တူ-ဘီ ရီဗာ့စ် ချန်နယ် ပွင့် သဆို ….
    ဆိုရှယ်မီဒီယာ ခေတ်ဆို …
    သူတို့ပဲ …
    ပီးယား-တူ-ပီးယား ဆို …
    သူတို့ပဲ ..ကယ်လ်ဗင်း ကလိုင်း ကို မိုးမွှန်အောင် ဆဲတုန်းက တော့ ..
    ဘာသံမှ မထွက်ဘဲ … ဟွန့် ..အညိုးညိုး…

    ဂျိုင်းယန့်တွေ ..အမ်အင်န်စီ တွေကိုပဲ ကွက်ဆဲရတော့မှာလားကွယ်….
    အဲ့ဒါတွေ ဆဲရင်ပိုအပြစ်ကြီးသလား လည်း မသိ…
    မွှားပါဒယ် …ပန်းသီးအတင်းတုတ်ထားတာလေးဒွေ သွားဖျက်လိုက်ဦးမှ…
    နို့မို့ မေးစေ့အကွဲလေးနဲ့ မတွေ့ရဘဲ ..နံရံလေးဘက်ကြားရောက်နေမှဖြင့် ….
    :mrgreen:

  • shwe kyi

    July 10, 2012 at 10:04 am

    ဖတ်ရှုမှတ်သားဆင်ခြင်စရာပါပဲ။ ကျေးဇူးပါ။ အပြုသဘောဆောင်တာတွေဆိုရင်တော့ကောင်းပါတယ်။
    စည်းကျော်ဘောင်ကျော်ဆိုရင်တော့ ဥပဒေကအရေးမယူရင်တောင် မသင့်တော်ပါဘူးလို့မြင်ပါတယ်။

  • mamanoyar

    July 10, 2012 at 10:16 am

    ကျေးဇူးပါနော်
    ဟီးးးးးးးးးးးးးး စာတောင်ရေးရဲတော့ဝူးးးးးးးးး
    တော်ကြာ ကိုယ်က ဘာအဓိပ္ပာယ်နဲ့မှ ရေးတာမဟုတ်ပေမယ့်
    တစ်လွဲမြင်သွားရင် ဒုက္ခ ….

  • Ma Ei

    July 10, 2012 at 10:33 am

    မဖတ်မိခဲ့ဘဲ ရေးခဲ့တာတွေ ရှိနေပြီလားမသိ…
    သတိပေးလို့ ကျေးဇူးပါနော်…

  • ရာမည

    January 31, 2014 at 9:08 am

    ကူးယူဖေါ်ပြခွင့်ပြုပါခင်ဗျာ

  • kai

    January 31, 2014 at 5:17 pm

    PARADE
    By PARADE@parademagazine
    Online Comments Spark Lawsuits
    The Internet can seem like an open forum for people to rant and rave. But more and more, individuals are being held to account for what they write. A Chicago realty company sued a tenant this summer for $50,000 after she wrote online that her apartment was moldy. Another blogger was ordered to pay $1.8 million after calling someone a “failed lawyer.” A suit filed by a chiropractor who received a negative review online was settled out of court.

    Many of us rely on Web reviews for honest feedback about everything from restaurants to electronics to doctors. But when does opinion cross the line into libel?

    “People have the right to free speech,”

    explains Matt Zimmerman, senior staff attorney at the Electronic Frontier Foundation, which defends digital rights.

    “But they’ve never had the right to defame someone. They still don’t.”

    The general rule is that you can be held responsible for spreading false statements that hurt someone’s reputation, whether you post them online, publish them in a newspaper, or whisper them at a cocktail party. If you want to write a negative review online, your best bet is to stick to the facts of your experience without drawing conclusions about a person’s character.

    “If you say you didn’t like someone, that’s fine,”

    says David Miranda, an intellectual property attorney.

    If you say you think he’s an embezzler and he’s not, you’ve gone too far.”

  • KZ

    January 31, 2014 at 6:14 pm

    တော်ပြီ။
    ဘယ်သူ့ကို မကျေနပ်ကြောင်းတွေ အတင်းတွေ အင်တာနက်မှာ ပြောတော့ဘူးးးနော်။
    အိမ်မှာပဲ ဖယောင်းတိုင်ထွန်းပြီး အင်းကို ပြာချပြီး ကျိန်စာတိုက်တော့မယ်။
    :mrgreen:

  • ဦးကြောင်ကြီး

    February 1, 2014 at 1:53 am

    အတွင်းခံ မပါလျင်တော့ ရမ်းမှာဘဲ.. သဂျီးဂေါ မရမ်းဗူးလား.. လိမ်လျင် နှစ်ပြစ်..

  • kyeemite

    February 1, 2014 at 11:08 am

    ““သင့်မှာ သူတပါးရဲ့ အလုပ်အကိုင်အခြေအနေတွေကို ဆန်းစစ်ဝေဖန်ဖို ့အခွင့်အရေးရှိပါတယ်၊ ဒါပေမဲ့ သင်ကိုယ်တိုင်တွေကြုံရတဲ့ အချက်အလက်ပေါ်မှာသာ အခြေပြုပြီး ဆန်းစစ်ဝေဖန်ပါ။ သူတပါးရဲ့ ကိုယ်ရေးကိုယ်တာနဲ့ သူ့ ဓလေ့စရိုက်ပေါ်ကို အခြေခံပြီး မဝေဖန်သင့်ပါဘူး””
    ဒါလေးတော့လူတိုင်းသတိထားသင့်ပါတယ်…

Leave a Reply