စာရေးခြင်းအပေါ် surmi ရဲ.အမြင် အတွေးများ
ကျွန်တော်ဒီပို.စ်ကိုရေးရခြင်းအကြောင်းလေးကိုဦးစွာရှင်းပြပါရစေ ။ ဒီပို.စ်ကိုရေးရခြင်းက ကျွန်တော့်ခံစားမှုနဲ.
ကျွန်တော်.အတွေးသက်သက်သာလျှင်ဖြစ်ပါတယ် ။ ဘယ်သူ ဘယ်ဝါ ကိုမှဆရာလုပ်ခြင်း ဝေဖန်ခြင်းနဲ.
တိုက်ခိုက်ထိပါးခြင်း မရှိပါဘူး …..။ ကျွန်တော် တခါတရံ ပို့စ်ရေးတင်ပါတယ် ….တခါတရံ ကွန်မန်.ရေးပါတယ်
ဒါပေမဲ. ကျွန်တော်က စာဖတ်တဲ.ဖက်ကိုဘဲအားသန်တာပါ ….။ ဒီပို့စ်ဟာ ၂၅ ပုဒ်မြောက်ပါ ….မရေးတတ်လို.
မရေးခဲ.ပေမဲ. အိပ်ချိန် နားချိန်တွေကနေ အချိန်ယူပြီး ဖတ်ပါတယ် ။ ကျွန်တော်.လိုပဲ ဒီရွာထဲကလူတွေအားလုံး
ဟာ အချိန်ပေးပြီးရွာထဲဝင်ခဲ.ကြရမှာပါ ။ နိုင်ငံခြားကသူတွေအတွက် အချိန်နည်းပါးသလို မြန်မာပြည်ကလူတွေ
အတွက်လည်း ကွန်နက်ရှင်က စုတ်ချာလွန်းပါတယ် …..။ အခြားဆိုဒ်တွေမှာ ပျော်သလိုမနေဘဲ ဒီဆိုဒ်ထဲမှာ
သင်.တော်သလိုနေ နေကြတာ ဒီဆိုဒ်ရဲ.စွဲမက်စရာလေးတွေကြောင်.လို.ထင်ပါတယ် ။
သုတ ၊ရသ ၊ ကဏ္ဍစုံလှတဲ. ဒီရွာထဲမှာ မပါမဖြစ် ဟင်းတစ်ခွက်ကတော. ကွန်မန်.လေးတွေပါဘဲ …..။
ပို.စ်တွေက အကြောင်းအရာစုံသလို ကွန်မန်.တွေကလည်း မန်.သူတွေရဲ. ပညာ သမ္ဘာကိုဖေါ်ပြနေတယ်
တခါတရံမှာ ကွန်မန်.တွေဖတ်ပြီး တွေးရတယ် ၊ တခါတရံမှာ တော. ရီမောရပါတယ် …..။တခါတရံမှာတော.
မတူတဲ.အတွေးတွေ နဲ.အတူ ကိုယ်.ရဲ.လိုအပ်ချက်တွေပါ ပြန်မြင်မိပါတယ် ။ဘယ်သူတွေ ပို.စ်ရေးကောင်း
တယ် ….ဘယ်သူတွေက ကွန်မန်.ကောင်းတယ်လို. နာမည်တတ်ပြီးရေးရင် ပို.စ် တစ်ပုဒ်စာဖြစ်သွားမှာမို.
နာမည်တော.မတတ်တော.ပါဘူး ။အားလုံးလဲသိပြီးသားပဲလေ …..။
ဒီလိုနဲ. ကျွန်တော် ဒီရွာမှာပျော်ပြီး လက်စမ်းလက်သရမ်းပြီး ပို့စ်လေးတွေတင်ပါတယ် ။ ပတ်ဝန်းကျင်
ဘဝတစ်ကွေ ့အတွေ.အကြုံလေးတွေနဲ.အတူ ရောက်တတ်ရာရာ စိတ်ကူးလေးတွေကိုပါ ပုံဖေါ်ကြည်.
မိပါတယ် ။ အဲ ….ပို့စ်ကို တင်ပြီး နောင်အခါပြန်ဖတ်တော.မှ ကိုယ်.လိုအပ်ချက်တွေပြန်မြင်ပြီး ရှက်ရွံ့
အားနာစိတ်တွေဖြစ်မိပြန်ရော ……။ ကိုယ်.လိုပဲ အချိန်ပေးပြီးဖတ်ရသူများအတွက် စနိုးစနှောင်.နဲ.
အချိန်ဖြုံးသလိုများဖြစ်လေရော.သလားလို.အားနာမိတာပါဘဲဗျာ ….။ ဒီလိုုနဲ.မရေးတော.ပါဘူးလို.
စဉ်းစားမိပေမဲ. တစ်လနှစ်ကြိမ်လောက်တော.ရေးမိပြန်သေးတယ် ။ ပို့စ် ဆယ်ပုဒ်လောက်ရေးပြီးမှ
တွေးမိတာလေးကတော. ကျွန်တော်တို. အင်တာနက်မှာစာရေးကြရာမှာ (အထူးသဖြင်.မန်းဂေဇက်)
အတားအဆီး အစစ်အဆေးမရှိ စာဖတ်သူထံရောက်သွားတာပါပဲ ။ ပြင်ပမှာ ရေးကြတဲ.သူတွေအနေနဲ.
သက်ဆိုင်ရာဒေသအလိုက် ကန်.သတ်ချက်တွေ ဖြန်ချီရေးဆိုင်ရာမူဝါဒတွေနဲ. ဆိုတော.ရာနှုံးပြည်.
လွတ်လပ်တယ်လို.မရှိပါဘူး …..စာဖတ်သူအနေနဲ.ဆိုရင်လည်းထုတ်ဝေတဲ.အုပ်ရေ …စောင်ရေ အလိုက်
ကန်.သတ်မှုရှိပြန်ရော …..ကျွန်တော်တို.ကွန်ယက်ရွာမှာကတော. ခလုပ်နှိတ်လိုက်တာနဲ. စက္ကန်.ပိုင်း
အတွင်း ကမ္ဘာအရပ်ရပ်ကိုပြန်.နှံ့သွားတာပါပဲဗျာ……စာဖတ်သူဦးရေ ကန်.သပ်တာမရှိသလို ဘယ်နှစ်ကြိမ်
ခေါ်ခေါ် ….ဘယ်သူဖတ်ဖတ် ရနေတာပါ ။အချိန်တော်တော်ကြာကြာထိလည်း ဖွင်.ဖတ်လို.ရနေတာပဲလေ ။
ဒီလိုတွေးမိတိုင်း ကျွန်တော်ရေးဖို.လက်တွန်.နေမိတယ် …..။ ကွန်ယက်နယ်မှာ ဘယ်သူဘယ်ဝါ ရယ်လို.
လူလုံးမပြရင်တောင် ကိုယ်သုံးတဲ.နာမည်ကတော.ရှိစမြဲလေ …..။ပြီးတော. ….ကိုယ်ဝင်ရေးတဲ. ဆိုဒ်(ရွာ)
ကလည်းအထင်ကရဆိုတော. ……
ကိုယ်ရေးလိုက်တဲ.စာတွေနဲ.ပါတ်သက်ပြီး ကိုယ်.နံမည် နဲ. ကိုယ့် ရွာအပေါ်မှာသက်ရောက်မှုရှိပါတယ် ။
ကိုယ်.ကြောင်. နာမည်ပျက်နိုင်သလို ကိုယ်.ကြောင်.လည်းနာမည်တက်နိုင်တာပဲလေ ……ဒါတွေကို
ဂရုမစိုက်ပဲနေရင်လည်းဖြစ်တာပေါ. … ဒါပေမဲ. ကိုယ်.နဲ.တစ်ကွ ကိုယ်.ပတ်ဝန်းကျင်လေးကိုမှ ကောင်း
အောင် (ဒါမှမဟုတ်) အဆိုးသက်သာအောင် မလုပ်သင်.ဘူးလား …….ကိုယ်ပျော်ရွှင်စွာနေ နေတဲ.ရွာလေး
ကိုယ်.ကြောင်.တော.ဖြင်. မသိမ်ငယ်စေချင်ဘူးလေ ……ဒီလိုတွေးမိတော. ကိုယ်ရေးခဲ.သမျှစာတွေကို
နဲနဲလေးမှ အားမရပါဘူး ……တစ်ခါဖတ်မိတိုင်းတစ်ခါလိုအပ်ချက်တွေ တွေ.ရလို. ရှက်လည်းရှက်မိပါရဲ.။
တစ်ခါထက် တစ်ခါပိုကောင်းအောင်ကြိုးစားချင်ပေမဲ. ပြန်ကြည်.လိုက်ရင်တော.လိုအပ်ချက်တွေ တစ်ပွေ.
တစ်ပိုက်နဲ.ပါ ။
ကျွန်တော်လေ.လာမိသလောက် ရွာတွေထဲစာရေးသူအမျိုးအစားလေးမျိုးရှိတယ်ထင်တာပဲ ။တစ်ချို.က
ရင်ဘတ်နဲ.ရေးတယ် ….တစ်ချို.ကဦးနှောက်နဲ.ရေးတယ် ……ဒီလိုပဲတစ်ချို.ကလက်ဖျားလေးနဲ.ရေး
ကြသလို ……တစ်ချို.ကြပြန်တော.လည်း နည်းပညာအကူအညီနဲ.ရေးပြန်ရောလေ ……အခက်ခဲဆုံးနဲ.
တန်ဖိုးအရှိဆုံးကတော. ရင်ဘတ်နဲ.ဦးနှောက်ကိုသုံးပြီးရေးသူများလို.ထင်မိပါတယ် …..။ လက်ဖျားနဲ.ရေး
သူမျိုးကြတော. စာဖြစ်ရင်ပြီးရောဆိုသလိုပါပဲ ။ အဲ …နည်းပညာနဲ.ရေးသူများကြတော. ဟိုကူး ဒီဖြတ် တံဆိပ်
ကပ်လိုက်ကြတာပါပဲလေ…..ကိုပေါက်(မန်းလေး)ရဲ ့စာတစ်ပုဒ်လုံးကိုတောင်မှ ဒီရွာထဲမှာပြန်ကူးတင်သွားသေး
တာမို. လက်ရဲသူများအတွက်တော. စာရေးတာလွယ်လွန်းနေမှာပါ ……..။
တကယ်တမ်းဆိုရင်တော. စာရေးရတာ ထင်သလောက်မလွယ်ပါဘူး …..ကိုယ်ရေးမည်.အကြောင်းအရာနဲ.
ကိုယ်သုံးမဲ.ရေးဟန်က လိုက်ဖက်သင်.ပါတယ် ……ပြီးတော. ကိုယ်ပိုင်စတိုင် ကိုယ်ပိုင်ဟန်လေးလည်းရှိသင်.
တယ်ထင်တာပဲလေ …..ဒီရွာထဲမှာလည်း ကိုယ်ပိုင်ဟန်သီးသန်.နဲ. ရွာသူရွာသားများရှိကြလို. နံမည်တွေဘယ်
လိုပြောင်းပြောင်း ဘယ်သူဆိုတာခန်.မှန်းမိကြပါတယ် ……။
တစ်ခုရှိတာက ကိုယ်စွဲစွဲမြဲမြဲဖတ်တဲ. စာရေးဆရာရဲ. လွှမ်းမိုးမှုတော.အနဲ ငယ်ရှိမှာပါ ..။သီးသန်.ခွဲထွက်ဖို.
ဆိုတာထက် လိုက်ဖက်တဲ. ရေးဟန် ၊ ဝါကျအတိုအရှည် နဲ. စကားလုံးအသုံးအနှုံးတွေကို သင်.သလိုလေး
စီမံဖန်တီးလိုက်ရင်ဖြင်.ဖတ်ရသူအဖို.မှာ ရွာကိုလာရကျိုးနပ်မှာပါ ……။ ပေါ.ပေါ.ပါးပါး ဖန်စီပို့စ်လေးတွေကို
ဝါကျတို ဝါကျလတ်တွေသုံးပြီး ခေတ်စကားလေးတွေနဲ.ဖန်တီးစုဖွဲ.သင်.သလို ပညာရပ်ဆိုင်ရာသုတစွယ်စုံ
ပို ့စ်များကိုတော.ဝါကျလတ်ဝါကျရှည်တွေသုံးပြီး ခန်.ခန်.ထည်ထည် ရေးထားရင်ဖြင်. ပနံသင်.မယ်ထင်တာ
ပဲလေ……..။ ကျွန်တော.ကိုရေးတတ်လားလို.ဆိုရင် …..ကျွန်တော်မရေးတတ်ပါ ….။ကျွန်တော်ကစာဖတ်သူ
သက်သက်ပဲလေ …..ဒါပေမဲ.တစ်ခါတုန်းက ရေးဟန်အသုံးအနှုံး နဲ.ပါတ်သက်ပြီး ဆရာကြီးတစ်ယောက်ရေး
ထားတာတော.ဖတ်ဘူးပါတယ် ……။ကြာပါပြီ ……ဆယ်စုနှစ် နှစ်ခုကျော်ခဲ.လို.အကြောင်းအရာနဲ.ဆိုလိုရင်း
ကိုသာမှတ်မိနေတာပါ ။ရေးသူဆရာကြီးကိုတော. ဘယ်သူဆိုတာမမှတ်မိတော.ပါ …..။
ဒါပေမဲ. ကျွန်တော်ကြိုးစားပြီးတင်ပြချင်ပါသေးတယ် …..ဆရာကြီးရဲ.စာသားတွေအားလုံးမမှတ်မိပေမဲ.
အနီးစပ်ဆုံးဖြစ်အောင်ကြိုးစားကြည်.ပါ.မယ် ….ဒီလိုပါ …..အကြောင်းအရာနဲ.ရေးသားဟန်ကိုအသုံးပြုရာမှာ
ဘယ်လိုရေး ရင်လိုက်ဖက်တယ်ဆိုတာလေးကို ရေးဟန်သုံးမျိုးခွဲပြီး ရေးကြည်.ပါ.မယ် ။ ဇတ်လမ်းကဒီလို
“ တခါက ရွာဦးကျောင်းကဆရာတော်ဦးသောဘိတဟာ ညသန်းကောင်ကျော်မှာဘုရားခန်းကအသံတစ်ခု
ကြောင်.နိုးလာပါတယ် ၊ အိပ်ရာကထပြီးကြည်.တဲ.အခါမှာအလွန်အံ.ဩသွားရတယ် ” အကြောင်းအရာ
ကတော.ဒါလေးပါ …..ဒါကို ပထမ ရေးဟန်နဲ.ရေးရရင် …………
“ ကျုပ်ကရွာဦးကျောင်းဆရာတော်ဦးသောဘိတပေါ.ဗျာ…. ကျုပ်ကျောင်းမှာကျုပ်တစ်ယောက်တည်း ….။
မှတ်မှတ်ရရဟိုနေ.ကဖြင်.အံဩစရာလေးတစ်ခုကြုံရသဗျာ ။ဒီလိုဗျ အဲဒီနေ.က ကျုပ်ရဲ.ကျောင်းသားတွေ
နေ.လည်မှာဆူလွန်းလို.ကျုပ်အိပ်မရဘူး ဒီတော.ညစောစောအိပ်တာပေါ.ဗျာ။ကျုပ်အိပ်တယ်ဆိုလို.
စားပြီးအိပ်နေ ….ဘိက္ခဝေလို.တော.မထင်လိုက်နဲ.နော် ပရိပ်လေးဘာလေးတော.ရွတ်ပါသေးတယ်
အဲဒီညကပေါ.ဗျာ ….ကျုပ်အိပ်လိုက်တာအိမ်မက်တောင် မ မက်ဖူး တချိုးထဲဘဲ ….အဲ အဲ ညသန်းကောင်
လဲရောက်ရော ကျုပ်အသံတစ်ခုကြားသဗျ ….ဒါနဲ.အိမ်မက်လား တကယ်လားလို.သေချာအောင်ကျုပ်လက်
ကိုပြန်ဆိပ်ကြည်.သေးတာပေါ…….နာသဟ ဒါဆိုတကယ်ဘဲပေါ. …..ဒီတော.လျော.ကျနေတဲ.သင်္ကန်းကို
အသာမပြီး ဘုရားစင်ဘက်ကိုထွက်လိုက်ရော …..လားလား …..ကျုပ်မအော်မိအောင် ပါးစပ်ကိုပိတ်ထား
လိုက်ရတယ်ဗျို. …..။” ဒါက ပထမရေးဟန်လေးပါ ….ဒုတိယရေးဟန်ကတော. …….
“တစ်ခါက ….ရွာဦးကျောင်းဆရာတော်ဦးသောဘိတသည်အလွန်အံ.ဩဖွယ်ဖြစ်ရပ်တစ်ခုကိုမြင်တွေ.
ခဲ.ဘူးလေသည် ။ နွေဥတု၏နေ.လည်ခင်းသည်ပူပြင်းလှသလို ကျောင်းသားများလည်းဆူလွန်းသည်မို.
ဆရာတော်မှာခဏပင်ကျိန်းစက်၍မရ ။ထို.ကြောင်.ပင်ညဖက်စောစောပရိတ်ရွတ်၍ကျိန်းစက်ရာသို.
ဝင်ခဲ.လေသည်။ ညသန်းကောင်ကျော်ခန်.တွင်မူ ဘုရားစင်ဘက်မှထူးထူးဆန်းဆန်းအသံတစ်ခုကြောင်.
ဆရာတော်နိုုးလာလေသည် ။ ကျိန်းစက်ရာမှအသာထ၍ သင်္ကန်းကိုပြင်ပြီးလျှင် ဘုရားခန်းဆီသို.ထွက်
ကြည်.ရာ …..အံဩဖွယ်မြင်ကွင်းကြောင်. မှင်တက်၍သွားလေတော.သည်”
ကဲ ကဲ တတိယရေးဟန်လေးနဲ.စမ်းကြည်.ကြစို.ဗျာ …….။
“ ပူပြင်းလှသောနွေဥတု၏ ဒေါသမုန်တိုင်းနှင်.ဘုန်းကြီးကျောင်းသားများဆူညံနေသည်များက ဆရာတော်
ဦးသောဘိတအဖို.အိပ်ချင်စိတ်တို.ကိုဝေးလွင်.စေခဲ.သည်။ညမှစောစောအိပ်မည် ….ဒီလိုလဲဖြစ်သည်ပဲလေ
တစ်ပါးထဲမို.ညီးငွေ.သော်ငြား ခတ်စောစောပရိတ်ရွတ်လို. အိပ်ယာထက်ဆီသို.ကြွလှန်းရင်း ခေါင်းအုန်းနှင်.
မိတ်ဖွဲ.သည်ခဏ၌အိပ်ပျော်ခြင်းသို.အလည်တစ်ခေါက်ရောက်သွားလေပြီ ..။အိမ်မက်လိုလို ညအိုအိုမှာ
အသံတစ်ခုကြားရသည်မို. အိမ်မက်လေလော တကယ်လော ဆရာတော်အတွေးရှုပ်ထွေးရလေသည်။
လျော.ရဲရဲသင်္ကန်းကို အသာအယာပင်.လို.ဖွဖွလေးနင်း၍လှမ်းထွက်ခဲ.သည်။ အသံထွက်ပေါ်ရာဘုရားခန်း
သည်ဆရာတော်ကိုစောင်.မျှော်နေသည်.လား …..ရုပ်တရက်မြင်ရသောမြင်ကွင်းကြောင်.ဆရာတော်၏
ရင်ခုံသံမှာ ……….” ကဲ ….ဘယ်.နယ်ရှိစ …..
ရေးဟန်အပြောင်းအလဲမှာ လိုက်ဖက်ခြင်း မလိုက်ဖက်ခြင်းကိုတွေ.ရမှာပါ ။ တကယ်တော. ကျွန်တော်ဖတ်ခဲ.
တာကိုမ မှတ်မိတော.လို. မှားတာတွေ အဆင်မပြေတာတွေရှိခဲ.ရင် ကျွန်တော်.ကိုသာအပြစ်တင်ကြပါ ။
ဒီလိုရေးသားပြောဆိုတာတွေဟာ ခံစားမှုနဲ.စေတနာသက်သက်လို.နားလည်ပေးရင်း ရွာသူရွာသားအသစ်
များကို နေသားတကျရေးနိုင်ပါစေလို.ဆုတောင်းပါတယ် ……။ ဒီပို့စ်အတွက် ထင်မြင်ချက် များဆွေးနွေးနိုင်
သလို လွတ်လပ်စွာလဲ တွေးခေါ်စဉ်းစားရင်းသဘောထားကွဲလွဲနိုင်ပါတယ် …..ကျွန်တော်.ရဲ.နုနယ်တဲ.စာရေး
သက်တမ်းအတွင်း ခံစားထင်မြင်မှုတွေကိုတင်ပြရင်း…………………..။
(ဝမ်းစာအတွက်ပြေးလွှားနေရသူမို. အချိန်နဲ.ထပ်တူ မဆွေးနွေးနိုင်ခဲ.ရင်လည်း ခွင်.လွှတ်ကြပါ)
52 comments
အရီးခင်လတ်
July 6, 2012 at 3:32 am
ကဆာမိ ရယ်
ကျွန်မ မှန်တာကို ပြောပါတယ်။
ရှင် က စာရေးကောင်း တဲ့ သူပါ။
ပြေးရင်းလွှားရင်း ရေးတဲ့ စာက ပိုပြီး ဖတ်လို့ ကောင်းရင် ကောင်းနေတာ။ 🙂
surmi
July 6, 2012 at 8:24 am
အရီးလတ်ရေ
ဖြေးဖြေးတော ့မြှောက်ပါဗျာ။တော်ကြာပြေးပေါက်မှားနေပါ ့မယ်
kai
July 6, 2012 at 4:16 am
ညနက်သန်းကောင်ကျော်တွင် ဘုရားခန်းမှ “ဒုန်း”ဆိုအသံကြားသည်။
ဦးသောဘိတ “ငေါက်”ကနဲ့ ထထိုင်သည်။
“ဂွမ်”
ဟော.. အသံကြားရပြန်ပြီ။
မနေသာတော့..
အိပ်ယာမှထ၍ အသံလားရာဆီသို့ ထွက်ခဲ့၏။
“ဟာ…”
ဝိုးတဝါးမြင်ရသော မြင်ကွင်းကြည့်ကာ ကြက်သေသေနေမိတော့သည်။
=
သိပ္ပံမောင်ဝရေးဟန်နဲ့လေ..
surmi
July 6, 2012 at 8:33 am
သူကြီးမင်းပီသပါပေတယ်ဗျာ
သဂျီးရေးပြသွားမှ လိုနေတဲ ့ပုံစံလေး ပြည် ့စုံသွားတော ့တယ်
ကိုရင်မောင်
July 6, 2012 at 5:15 am
ကိုဆာမိရေ ခုလိုရေးဟန်လေးတွေ
ရှင်းပြတာ သဘောကျသဗျာ …
ကျနော်တို့လဲ စာသာအဖတ်သန်တာပါ…
ချ ရေးကြည့်ပြီး ပြန်ဖတ်ကြည့်ယင်
စိတ်တိုင်းမကျတာများနေလို့
ပို့စ်တင်နည်းနေသူပါ
စာနဲ့ဘယ်လောက်ဝေးခဲ့လဲဆို
တချိုစာလုံးတွေဆို စာလုံးပေါင်း
မမှတ်မိတာတွေတောင်ရှိနေပါတယ်
ခုလိုမန်းလေးဂဇက်ကျေးဇူးကြောင့်သာ
စာရေးတဲ့အလေ့အကျင့်ပြန်ရနေတာပါ
ကိုဆာမိရေ ခင်ဗျားရဲ့ ပို့စ်တွေ ကို
အချိန် မရတဲ့ကြားကရေးတိုင်း
ကျုပ်တို့က လည်း အားပေးနေပါတယ်ဗျာ….
shwe kyi
July 7, 2012 at 12:06 pm
ကိုရင်မောင်ရေ ရွှေကြည်ကတော့ တင်ကိုမတင်ဖြစ်တာပါ။ စိတ်ထဲရှိတာလေးတွေချရေးကြည့်ပေမယ့် စိတ်တိုင်းကမကျ။ စာဖတ်သူမှာကော်နက်ရှင်မကောင်းတဲ့ကြားက ကြိုးစားဖတ်ရတာ အလဟသဖြစ်မှာလည်းစိုးနဲ့
ဘာမှကိုမတင်ဖြစ်ပါ။ ကိုဆာမိပြောသမျှမှန်ပြီး ကြိုးစားရှင်းပြထားတာတွေကိုမှတ်သားသွားပါတယ်။
htoosan
July 6, 2012 at 7:32 am
ငါ ဆိုတဲ့ အစွဲ ဒီနေရာမှာတော့ မဖယ်ဘဲ အင်တာမဲကြီးထဲမှာ ခေါင်းစွပ်အောက်က ငါ့ကို ဘယ်သူမှ မမြင်မသိပါဘူး ဆိုတဲ့ စိတ် ဖယ်ထုတ်၊ အနည်းဆုံး ငါတော့ သိတယ် ဆိုတာလေး နဲ့ ငါ့သမိုင်းလို့ တွေးပြီး ကြိုးစား ရေးရန်လိုမည်ထင်ပါသည်။
စု တု ပြု ဆိုတာကတော့ ရှိပါလိမ့်မည်။
kyeemite
July 6, 2012 at 8:48 am
ဒီအချက်ကတော့ သွေးထွက်အောင်မှန်ပါသဗျ ကိုဆာမိရ..
ကျုပ်တို့က နစ်နိမ်းတွေနဲ့ရေးနေလို့ လူကို တခြားသူမသိနိုင်ဘူးထား…
ကိုယ့်ကိုကိုယ်တော့ သိနေတာပဲလေ…ကျနော်တစ်ခါရေးဖူးသလိုပေါ့..
ကိုယ်ရေးတဲ့စာဟာ…“ရသ” တစ်မျိုးမျိုးပေးရင်ပေး..ဒါမှမဟုတ်မက်ဆေ့ တစ်ခုခု
ပေးချင်ပေး…ဒါဆိုရင် အရေမရ အဖတ်မရ မဖြစ်တော့ဘူးပေါ့ဗျာ…
ကိုဆာမိရဲ့အရေးအသားကို
လေးစားနေသူ…
ကြီးမိုက်။
surmi
July 6, 2012 at 9:01 am
ကိုမိုက်ရေ
တခါတလေအသက်အရွယ်က စကားပြောမယ်ထင်တယ်
ကျွန်တော်တို ့လည်းငယ်စဉ်ကရွက်လွှင် ့ခဲ ့ဘူးလေတော ့ ့ ့ ့
တကယ်တော ့ အရာအားလုံး ဆိပ်ကွယ်ရာမရှိလို ့ တွေးထားနိုင်ရင်အကောင်းသား
surmi
July 6, 2012 at 8:48 am
@ ကိုရင်မောင်ရေ
ကွန်မန် ့အကောင်းဆုံးတွေထဲမှာ အစ်ကိုလဲနေရာယူထားတာဘဲနော်
ဘာပဲဖြစ်ဖြစ်အားပေးတာကျေးဇူးပါ
@ ကိုထူးဆန်းပြောသလိုပဲ ကိုယ် ့ကိုကိုယ်သိနေတာဆိုတော ့သတိလေးတော ့ထားသင် ့တာပေါ ့
စာများများတော ့ဖတ်သင် ့တာအမှန်ပဲဗျ ။ဒါမှ စု တု ပြု လုပ်တာအဆင်ပြေမှာ
တိုက်ရိုက်ကြီးတော ့လည်း မလုပ်စေချင်တာပါ
မောင်ပေ
July 6, 2012 at 9:17 am
ဆလမ်မာလေးကွန်း ဆာမိဘိုင်
ဂေဇက်က အကောင့်တိုင်းဟာ
အကောင့်ပိုင်ရှင်တွေရဲ့ ဘဝဇါတ်ရုပ်တစ်ခုလို့ ယူဆမိပါတယ်
ကိုပေါက်(မန္တလေး)
July 6, 2012 at 9:22 am
ကိုဆာမိရေ
ကျနော်ကိုယ်တိုင်လဲ ဖတ်ရင်းရေး ရေးရင်းဖတ်ပါဗျ။
ကျနော်က တော့စာရေးတာ ဓါတ်ပုံရိုက်တာကို ကျနော်အားလပ်ချိန်မှာ
အပန်းဖြေဘို့အတွက်အသုံးချပါတယ်။
ကျနော်သိတာလေးမျှဝေသလို သူများပေးတာကိုလဲပြန်ယူလျက်ပါဘဲ။
ပစ်စလက်ခတ်မရေးဘဲ သေသေချာချာရေးကြဘို့ တို်က်တွန်းလိုပါတယ်။
ဒါမှ ကိုယ်အ့အရည်အသွေးတွေတက်လာမှာပါ၏။
Shwe Ei
July 6, 2012 at 9:23 am
မှန်လိုက်လေ ကိုဆာမိရယ်။ ဒါမျိုးတွေ တွေးလွန်းပီး မရေးနို်င်တော့တဲ့ အထိဖြစ်နေရတဲ့ ဘဝကို ရော ဘယ်လိုနှစ်သိမ့်မတုံး။ 🙁
surmi
July 6, 2012 at 1:53 pm
@ကိုပေရေ
အမှန်ဘဲဗျ ကိုယ်ရေးသမျှတွေနဲ ့ကိုယ် ့ပုံရိပ်ကိုဖေါ်ရတာ
@ကျေးဇူးဘဲကိုပေါက်ရေ အစ်ကိုပေးတာတွေများနေပါပြီ
ခုလဲယူနေဆဲပါ
@ရွှေအိ ရွာထဲမတွေ ့တာကြာပေါ ့နော ပြန်လာကြပါဦးဗျ
etone
July 6, 2012 at 9:37 am
ကိုဆာမိရဲ့ ပြေးရင်းလွှားရင်းရေးပေလို့ပဲ … သေချာသာ အကျနထိုင်ရေးလျှင် ၊ ပရော်ဖက်ရှင်နယ် စာရေးဆရာတန်း… တန်းဝင်သွားမယ် ။
အရေးသားကလည်း ညက်ညောသလို ၊ စာဖတ်သူကို ပေးချင်တဲ့ မက်စေ့ချ်ဘက် ၊ မသိမသာလေးဆွဲခေါ်သွားတဲ့ ပညာသားပါပါရေးထားတာပါလား ကိုဆာမိရေ ။ လက်မထောင်သွားပါတယ်ချင့် 😀
mamanoyar
July 6, 2012 at 9:46 am
ဆာမိက မရေးတတ်ဘူးလို့သာပြောတယ်
ကိုယ့်ကိုယ်ကိုယ်တောင် ရှက်မိတယ်
စာတော့ရေးချင်ပါတယ်
မရေးတတ်တာ ခက်နေတာ
ဦးနှောက်ထဲမှာ ရေးစရာလေးတွေ ရှိနေတယ်
ဒါပေမယ့် ချရေးတဲ့အခါ တော်တော်ကို ခက်ခဲတဲ့အရာတစ်ခုပါ
စာအရမ်းရေးတတ်ချင်ပါတယ်
ဒါကြောင့် ကိုယ်ကြုံခဲ့တာလေးတွေ၊ စိတ်ကူးလေးတွေကို
မရေးတတ်ဘဲ ချရေးမိတာလေးတွေရှိပါတယ်
မှော်ဆရာ
July 6, 2012 at 10:22 am
စကားမစပ် ကိုဆာမိ ကမ္မဝါ များ ရွတ်တတ်ပါသလား …
ဆာမိ မို့လို့ပဲနော် ။။
စိန်ဗိုက်ဗိုက်
July 6, 2012 at 10:24 am
ကိုဆာရေ
တတိယမြောက် လက်မက ကျော့်လက်မ ဖြစ်ပါတယ်.
ကျော်ကတော့ မျက်ခွက်လိုက်ပြောင်နေရတာကလွဲကျန်တာ ဝါသနာ မပါလှပေမို ့..
တီးမိခေါက်မိရှိအောင်တော့ ကြည့်ရှုသွားပါတယ်..
ဝတ္ထုတိုလေးရေးဖြစ်ရင် ကိုဆာတင်ပေးတာလေးက အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်..
surmi
July 6, 2012 at 2:08 pm
မအိတုန် လွှတ်မြှောက်နေ
တန်းမဝင်နိုင်လို ့တန်းနဲ ့တောင်ဆောင် ့မိသွားပြီ
မနိုရာ ဖတ်ပေးတာကျေးဇူးပါ ကြိုးစားရင်ဖြစ်မှာပါ
ကမှော်ရေ ့ သုဏာသု မေ ဘန္တေ သံဃော ဒီလိုလားဟေ ့
ဆရာစိန်ဗိုက်ကတော ့ပြောရော ့မယ်
ကျုပ်ကဆရာ ့ဆီကပြန်သင်ရမှာပါ
Wow
July 6, 2012 at 10:38 am
ကိုဆာမိရေ ပြေးရင်းလွားရင်းရေးရပေလို့သာပဲ…
ဒါတောင် အတော်ဆရာကျတာနော်…
😛
aye.kk
July 6, 2012 at 11:06 am
ရေသားဟန်,ရေးသားနည်းတွေ
သိရလို ့ကျေးဇူးတင်မိရပါတယ်..
အရင်ကတော့စာရေးချင်ရင်တောင်
စိတ်ကူးနဲ့သာပြီးဆုံးစေခဲ့ရတာပါ…
ဂေဇက်ရွာလေးမှာစိတ်ထဲကဖြစ်ပေါ်လာတဲ့အတိုင်းလေးသာ…
လက်တန်းချရေးမိပါတယ်…။
စာဖတ်သူတွေအပေါ်..
အခုရေးတဲ့postကသတိပေးလိုက်သလိုပါဘဲ..
ရင်ထဲကခံစားချက်တွေအတိုင်းချရေးထားတာတွေမို ့စာတွေကမချောပါဘူး..
နောင်ကိုတော့ကြိုးစားပြီး,သတိထားရေးသားသွားမှာပါ..။။
စာရေးဟန်ဗဟုသုတအတွက်..
ကျေးဇူးပါလို ့ပြောပြလိုက်ပါရစေ။။
snow white
July 6, 2012 at 11:27 am
ကိုဆာမိကို လည်းအားကျပါတယ်နော် ရေးသားထားတာ အရမ်းကောင်းပါတယ် ခုမှ ပထမဆုံးလာဖတ်မိခြင်းပါ ကိုဆာမိစာကို သိပ်မဖတ်ဖြစ်ဘူး မရေးတက်ဘူးလို့သာဆိုတယ် ကိုဆာမိ ဦင်္းနှောက် ရဲ့ သုံးပုံတစ်ပုံတောင် မီရင်ကောင်းမယ် စနိုးတို့ဦးနှောက်ကသုံးစားလို့တောင်မရဘူး ကိုဆာမိစာများကိုဆက်လက်ဖတ်သားကြည့်အုံးမယ် ။။။။။
Inz@ghi
July 6, 2012 at 11:31 am
လိမ္မာလိုက်တဲ့ သမီးလေးရယ်..
တီတီ ဝမ်းသာလိုက်တာ …
(အောက်ကမြင် ကိစ္စလေး ..သတိထားဖြစ်သွားတဲ့အတွက် ..)
တီတီ ဘာဆု ချရမလဲ ဟင်….????
Nyein Nyein
July 6, 2012 at 12:33 pm
ကိုဆာမိကို ကျေးဇူးတင်ပါတယ်။ စာရေးတဲ့အခါ ကိုဆာမိပြောတာတွေက အရမ်းအသုံးဝင်မှာပါ။ ငြိမ်းလည်း စာအရမ်းရေးချင်တာ။ ဒါပေမယ့် ချရေးဖို့ကျတော့ တော်တော်မလွယ်တာပါ။ ကိုဆာမိက မရေးတတ်ဘူးသာပြောတယ်နော်။ ပြောချင်တဲ့ရည်ရွယ်ချက်ကို ပေါ်အောင်ရေးသွားတာ ဆရာပဲနော်။
မွန်မွန်
July 6, 2012 at 1:10 pm
ငယ်ငယ်တုန်းက စာစီစာကုံးရေးနည်းတွေကို သတိရမိတယ်။
ဖွင့်ဆိုရှင်းပြ၊ ကျိုးကြောင်းပြ၊ သရုပ်ဖော်။
မွန်မွန်ကတော့ သရုပ်ဖော်မှာ အညံ့ဆုံး။ ရာသီဖွဲ့တွေ၊ ပတ်ဝန်းကျင်တွေ၊ ဘယ်တော့မှမရေး။ ဖွင့်ဆိုရှင်းပြနဲ့ ကျိုးကြောင်းပြကတော့ မဆိုစလောက်လေးတွေနဲ့ အောင်မှတ်လောက်တော့ ဖြေနိုင်တယ်။ 🙂
စာများများရေးနိုင်ဖို့ စာများများဖတ်ဖို့လိုပါတယ်။ အခု 7 days မှာ ဆောင်းပါးတွေရေးနေတဲ့ မွန်မွန်တို့ မြန်မာစာဆရာကြီးကို ဖုန်းဆက်ရင်းနဲ့ ပြောဖြစ်တယ်။ သမီး စာတွေရေးဖို့ ကြိုးစားနေပါတယ်၊ ဒါပေမယ့် အချိန်မရဘူးဖြစ်နေတယ် ဆိုတော့ ဆရာကြီးက အချိန်တစ်ခု သတ်မှတ်ပြီး လုပ်ကြည့်ပါတဲ့။ သူဆို ည ဆယ်နာရီကနေ ဆယ့်နှစ်နာရီအထိ သတ်မှတ်ထားတယ်။ ရ ရက်မှာ ၄ ရက်ကို စာဖတ်ပြီး ၃ ရက်ကို စာရေးပါတယ်တဲ့။
surmi
July 6, 2012 at 2:19 pm
@Wow အန်တီအေး ကိုဂီ မစနိုး မမွန်မွန် မငြိမ်းငြိမ်း
ဖတ်ရှုအားပေး ဆွေးနွးတာ ကျေးဇူးပါ
ညသန်းကောင်မှသာရွာထဲရောက်လို ့အေးအေးဆေးဆေး မဆွေးနွေးဖြစ်တာခွင် ့လွှတ်ပါ
ဆူး
July 6, 2012 at 3:45 pm
မှန်သော စကားပါ.. ငယ်ငယ်က ကျောင်းတက်တုန်းက စာဖတ်ဖို့ အတင်းဖိအားပေးခံရလို့ စာဆို အရမ်းမုန်းခဲ့တယ်။ ၁ဝတန်းအောင်တဲ့ အထိပဲ စာကို သေချာ ဖတ်ခဲ့တာ.. ဘယ်လောက် မုန်းသလဲ ဆိုရင် အချစ်ဝတ္တု လူကြီး မသိအောင် ခိုးဖတ်တဲ့ စာအုပ်တွေတောင် လက်ချိုးရေမယ် ဆို ချိုးရေလို့ ရပါတယ်။ လက်ချိုးရေမယ် ဆိုလို့ အများကြီး မထင်နဲ့ လက်တဖက်စာပဲ ရှိတယ်။
ဂေဇက်မှာ စာဝင်ဖတ်ပြီးနောက်ပိုင်းမှ ဘယ်လို ဖြစ်လဲ မသိဘူး.. စာအတိုအစလေးတွေ ဖတ်ဖြစ်တယ်။ အခုတောင် ဒီမှာ ရေးတဲ့ စာတွေထဲမှာ စာသိပ်ရှည်တာဆိုရင် ကျော်ဖတ်တယ်.. တဝက်ဖတ်ပြီး ပိတ်ပလိုက်တယ် အဲလို အဲလို.. စာနဲ့ ပတ်သတ်ရင် ဝါသနာကြီးသူလို့ ပြောလို့ ရပါတယ်။
ဂေဇက်မှာစာရေးဖြစ်တာလည်း စိတ်ထဲ ရှိတာ ချရေးတတ်တယ်။ စကားပြောသလို ရေးနည်းနဲ့ ရေးတာများတော့ စာရေးတတ်တဲ့ လူကြီးတွေက ပြောတယ် ဆူး ရေးတာ စကားပြောနဲ့ စကားပြေ ရောထွေးနေတယ် ပြောကြပါတယ်။
ဂေဇက်မှာ စာရေးပြီးနောက်ပိုင်း သတိထားမိလာတာကတော့ အကြောင်းအရာ တခုခုကို စာအနေနဲ့ ချရေးမယ် ဆိုရင် အရင်က ၃ကြောင်းလောက်နဲ့ ပြီးသွားပေမဲ့ အခုဆို အကြောင်း ၃ဝလောက် ရေးတဲ့ အထိ တော်တော် အထွဋ်တက်ပြီး စာရေးတာ အကြောရှည်လာပါတယ်။
မှန်တာပြောတာပါ.. ဆူး ကတော့ စာဖတ်ပျင်းတယ် စိတ်ထဲ ရှိတာ ရေးတဲ့ အပျော်တမ်း စာရေးသူ တယောက်ပါ.. ထိုကဲ့သို့ ကိုယ့်ဟာကိုယ် ယုံကြည်ချက် အများကြီး ရှိတဲ့ အတွက် စာရေးဆရာ ဖြစ်သွားခဲ့ရင် ဆိုတဲ့ အတွေးတခု ဝင်လာပါတယ်။ စာဖတ်ပျင်းတဲ့ လူတယောက်က စာရေးဆရာ မဖြစ်ကောင်းတာတော့ အမှန်ပါပဲ။ ဒါကြောင့် စာရေးဆရာ မဖြစ်ချင်တော့တာနဲ့ စာရေးတာကို လျော့ချပြီး စာမရေးတော့ပဲ ရေးချင်တဲ့ စိတ်ကို ချိုးနိမ်တယ် ရေးမိနိုင်တဲ့ လက်ကို ဖွက်ထားလိုက်တယ်။ အဲလို အဲလို.. ဖြင့် ဆူး ရဲ့ စာများ အရေးကျဲ သွားပါကြောင်း..
ဆူး
July 6, 2012 at 4:01 pm
အထက်က ကွန်မန်း ကို မန်းဂဇက် ချစ်သူများ စာပေဆု ဦးဦးဘလလက် ရေးတဲ့ ပိုစ်မှာ မန်းချင်ပေမဲ့ မနက်ကတည်းက ဖွင့်နေတာ တနေကုန်သွားပါပြီ.. အခုထိလည်း ပိုစ်ရဲ့ အဆုံး အထိ မတက်ပဲ တဝက်နဲ့ ရပ်ရပ်နေလို့ ဒီမှာပဲ မန်းလိုက်ပါတယ်။ လတ်တလော အင်တာနက် အခြေအနေအရ ကွန်မန်းများတဲ့ ပိုစ်တွေ အကုန်မပွင့်လို့ မန်းမရ ဖြစ်နေလို့ပါ.. စိတ်မရှိပါနဲ့နော်.. 🙁 🙁 အဖြစ်က ဆိုးလွန်းလို့ တွေးရင်းနဲ့ ဝမ်းနည်းမိတယ်။
အလှူနေ့ လိုက်မယ် ဆိုတာလည်း ပြောဖို့ ဖွင့်နေတာ.. မနက်ကတည်းက ညနေ အလုပ်သိမ်းတော့မယ် တဝက်နဲ့ မတက်ပဲ ဖြစ်နေတယ် အဲဒါလေးပါ တပေါင်းတည်းပြောသွားပါတယ်။
မနက်ကတော့ ရတနာပုံတယ်လီပို့ ၁၈၇၆ ကို ၁မိနစ် ၁၀ဝ အကုန်ခံပြီး ဆက်လို့ အင်တာနက် က တခါမှ ဒီလောက် မနှေးဘူးဘူး လို့ တိုင်ချင်ပါတယ် ဆိုတော့.. မိုဒမ်းကို ပိတ်လိုက်ပါ နောက် ၁၅မိနစ်နေမှ ပြန်ဆက်ပါတဲ့.. နောက်ထပ် တခါ တိုင်ချက်ဖွင့်ချင်လို့ တိုင်ချင်ပါတယ် ဆိုတော့ အမ FEC 20 ပေးမှ တိုင်ချက်ဖွင့်ပေးမယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ ပြောထားတဲ့ နှုန်းအတိုင်း မရတာကို ဘယ်သူမှ အာမခံချက်မပေးလည်း လက်ခံပေးနေတာကို.. အရမ်းနှေးနေလို့ တိုင်ချက်ဖွင့်မယ် ဆိုတော့ ပိုက်ဆံ ထပ်တောင်းတဲ့ သူတောင်းစား တွေ နဲ့ တွေ့လို့ စိတ်တိုလို့ မနက်က တမနက်လုံး ဒေါတွေ ကန်နေမိလို့ ကြည်လင်နေတဲ့ စိတ်တွေ နှောက်ကျိသွားမိတယ်။ စိတ်နာလွန်းလို့.. ဘာမှလည်း လုပ်လို့ မရဘူး..
Foreign Resident
July 6, 2012 at 5:38 pm
” အလှူနေ့ လိုက်မယ် ဆိုတာလည်း ပြောဖို့ ဖွင့်နေတာ..
မနက်ကတည်းက ညနေ အလုပ်သိမ်းတော့မယ် တဝက်နဲ့ မတက်ပဲ ဖြစ်နေတယ် ”
” အဖြစ်က ဆိုးလွန်းလို့ တွေးရင်းနဲ့ ဝမ်းနည်းမိတယ် ”
အင်းးးးး ကြားရပုံ အတိုင်းဆိုရင်ဖြင့် ၊
ရွှေမြန်မာနိုင်ငံကြီးရဲ့ Connection က တော်တော် ဆိုးနေပါလား ။
ရွာသူားတွေ သနားပါတယ် ။
အရီးခင်လတ်
July 6, 2012 at 6:07 pm
အခု ဝင်မရ ပြသနာ ကမြန်မာပြည် က ကိုးနတ်ရှင် ပြသနာက နဲနဲ သူကြီး ရဲ့ server က ကိုးနတ်ရှင် ကိုင်နေတဲ့ ပြသနာကများများ ထင်တယ်။
ဒါကြောင့် ပြောတာ။
အပြောအဆို၊ အနေအထိုင် ဆင်ခြင်ပါလို့။
သူကြီး တို့လဲ ခေတ်မှီအောင် လို့ ဟို နာမည်ကြီး ကိစ္စ ကို သွားပြီး ဒေါင်းခဲ့သလား မသိ။ 🙄
မိုက်ကယ်ဂျော်နီအောင်ပု
July 6, 2012 at 11:53 pm
ဒါနဲ့ ဂျီးဒေါ်ဂျီး
နားနဲ့မနာ ဖနောင့်နဲ့နာပါဗျာ
အဲ့သည်နာမည်ကြီးတဲ့ ဟာကြီးက ဒဂယ်လားဗျာ
စိတ်မကောင်းလိုက်တာ
ဟိုတစ်ယောက်နဲ့ မင်္ဂလာဆောင်ထားပြီးပြီဆို
သူ့အိမ်ထောင်ရေးတော့ဒုက္ခ
အဲ့လိုဖြစ်တော့ ဘာတွေဆက်ဖြစ်သဒုံးဗျာ
အမလေး မျက်နှာပူလိုက်တာ
ထင်တာကိုပြောရရင်တော့ သဂျီးဂိုဘန်းခြင်ရင် မန်ဘာဆယ်ယောက်လောက်ကို
ကင်မရာ တစ်ယောက်တစ်လုံး ဝယ်ပေးလိုက်ရင် ကိစ္စပြတ်ပါတယ် ကွိကွိ
သူ့ဖါသာဘာပညာတွေပြနေသလဲမသိ
အိုက်ဒီလူဂျီးမုန်းဇရာဂျီး
သူများပိုစ့်ထဲဝင်ပြီး အတင်းတုတ်ရတာ အားနာစရာဂျီး
သိပ်ကောင်းတဲ့ ပိုစ့်တစ်ပုတ်ဘဲဗျာ
အရီးခင်လတ်
July 7, 2012 at 2:29 am
ဘပု ရေ့
ရှင့်အသံ ကြည့် ရတာ မကြည့်ရသေးသလိုလို ပါလား။
တော်ပါပေတယ်။
ကိုယ့် စက် လုံခြုံ ရေးကို ဂရုစိုက် စရာ မလို ဘူးဆိုရင် အဲဒါမျိုးတွေ ကို ပျော်ပျော်ကြီး ဒေါင်းကြပါ။
အဲဒီ ဖိုင် ထဲ မှာ ဗိုင်းရပ်/ ထရိုဂျန် (trojan) ပါနိုင်ပါတယ်။
အသေအချာ မပြောနိုင်သော်လည်း ထည့်ချင်ရင်လွယ်လွယ် လေးထည့်လွတ်လို့ ရကြောင်းပါ။
အဲဒါကို ဒေါင်း ထားသူတိုင်း ကိုယ့်စက် ကိုယ် အသေအချာ စစ်ကြည့်ကြ ပါ လို့ တော့ သတိပေးချင်ပါ၏။
တော်ကြာ သူများ ဘီလူး ကိစ္စဝင်စပ်စု တာနဲ့ ကိုယ့်စက်လေးထဲကို စက်ဗားရှင်း ဘီလူး တွေ ဝင်စီး သွားမယ်။
အဲဒီ ကိစ္စ ကတော့ အဲဒီကောင်မလေး မဟုတ်ဘူးလို့ ဘဲ ယူဆ လိုက်ကြစို့ရဲ့။
ကင်မလာ ဝယ်ပေးခံ ရမဲ့ မန်ဘာဆယ်ယောက် ထဲ မှာ ကျုပ် နဲ့ ဘပု ရှေ့ကနေ တန်းစီ ထားပြီဗျို့။
ဟေ့ ဘပု မြန်မြန်လာ။
ဒီမှာ နေရာဦးပေးထားတယ်။ 😆
ကိုပေါက်(မန္တလေး)
July 6, 2012 at 10:42 pm
မယ်ဆူး ညည်းလေးပေါက်ကိုပြောတာမှတ်မိသေးလား။
လေးပေါက်ရေးတဲ့စာတွေက ရှည်လွန်းတယ်တဲ့
သကြားဆိုချိုုမှ တရားဆိုတိုမှလို့ပြောခဲ့တာလေ။
အခုချိန်ဆိုရင်တော့ တိုသင့်တဲ့စာတို
ရှည်သင့်တဲ့စာရှည်ဆိုတာကို ဆူးသဘောပေါက်ပြီထင်တာဘဲနော်
surmi
July 6, 2012 at 4:06 pm
ဘယ် ့နယ် ဘယ် ့နယ် ခုမှပြေးတာလဲဗျ
ကျုပ်တို ့က ဒေါ်ဆူးတို ့စာတွေဖတ်င်္ပြီး ရွာထဲရောက်လာတာပါ
ကျုပ်တို ့ဝင်စကတဲက ကွန်မန် ့တွေနဲ ့ရွာထဲပျော်အောင်လုပ်ခဲ ့တာတွေ
မှတ်မိနေသေးဗျာ ။
MaMa
July 6, 2012 at 6:28 pm
စာဖတ်ပျင်းလို့ စာဖတ်မနာခဲ့ဘူး။
စုတုပြု ၃ခုထဲမှာ မစု ပဲ တု ပြီး ပြု ဖြစ်နေတယ် ထင်တယ်။ 😛
စာရေးသူရဲ့ စေတနာဆိုတာ စာမှာ ပေါ်ပါတယ်။
ကိုဆာမိရဲ့ လက်ရာတွေက စာအရေးကောင်းသူဆိုတာကို ပြောပြနေတယ်။ 🙂
ကျမကတော့ ရေးမိရေးရာ လက်စမ်းစာပေ ဆိုတဲ့အတိုင်း…
ရွာထဲရောက်မှ သူများရေးတာတွေ ဖတ်ပြီး ရေးချင်းစိတ်ပေါက်လာလို့…….
ကိုယ့်အတွေ့အကြုံ စိတ်ကူးလေးတွေကို ရမ်းသမ်းရေးတင်ရင်းးးးးး
ကွန်မန့်လေးတွေ ဖတ်ပြီး စိတ်အားတက်လာရင်းးးးးးးးးးးးးးးးး
ရေးမိရေးရာ လက်စမ်းစာပေ တွေ ဖြစ်လာရတာ။
ရေးချင်ရာ ရေးနေနိုင်လို့ပဲ သဂျီးကိုလည်း ကျေးဇူးတင်ပြီး သူဆီက ပွိုင့်တွေ ကဲ့ယူနေတာ။ 😆
ဝမ်းတွင်းရူး
July 6, 2012 at 7:09 pm
ကိုဆာမိတို ့က ဝမ်းရေးအတွက်ပြေးလွှားနေရပေမယ့် ဂေဇက်အတွက်အကျိုးပြု
ပို ့စ်ပိုင်ရှင်မို ့နောက်ကျသော ကွန်မန် ့ပြန်ကြားချက်တွေအတွက် မျှော်ရတန်ပါ၏။
padonmar
July 6, 2012 at 9:00 pm
ပထမရေးဟန်က ဦးပါလေရာနဲ့တူတယ်။
ဒုတိယရေးဟန်ကတော့ စာရေးသူ တော်တော်များများအဲဒီပုံစံမျိုးတွေပဲ။
တတိယရေးဟန်က အလင်းဆက်တို့၊ကမ်းဝေးတို့၊ဆရာထက်တို့ ကိုမြင်ယောင်တယ်။
သဂျီးရေးဟန်တော့ မသိဘူး။
ကိုဆာမိ သရုပ်ဖော်ချက်ပိုင်ပါပေ့။
surmi
July 7, 2012 at 10:26 am
သဂျီးရေးဟန်ကတော ့ သိပ္ပံမောင်ဝရဲ ့ မောင်းသံ ဆိုတဲ ့
ဆောင်းပါးရဲ ့ ရေးဟန်လို ့ထင်တာဘဲ အစ်မရေ
alinsett (gazette)
March 16, 2014 at 7:04 am
တတိယရေးဟန်မှာ
အလက်ဆင်းတို့ကို မြင်ယောင်မိတယ် ဆိုလို့
အဲဒီ ရေးဟန်ကို သေချာထပ်ဖတ်ကြည့်တော့. . .
ဟုတ်သား. . .
——-
စကားပြေနဲ့ရေးတဲ့ စာသားတွေကို
ကျနော်က ခံစားချက်ကို ရေလို စီးဆင်းသွားသလို ဖတ်ရှုခံစားရအောင် စာစီတယ်။
ဝါကျထဲမှာ ကာရန်လိုလို နဘေလိုလို ရွတ်လို့ကောင်းမယ့် အချိတ်အဆက်လေးတွေ တွဲရေးတယ် ။
ဝါကျတစ်ကြောင်း ဖတ်ပြီးတိုင်း ဇာတ် မြင်ကွင်းရဲ့ အဖြစ်အပျက်ကို ရှေ့တစ်ကွက်တိုးသွားအောင် ရွှေ့ရတယ် ။
စာဖတ်သူက ဝါကျကို ဖတ်ရုံနဲ့ ရင်ထဲ ငြိမ့်ခနဲ ဖြစ်ပြီး ခံစားမှု ပါလာအောင် ရေးချင်တာ ။
တကယ်တော့ အဲဒါမျိုးက တမင် လုပ်ရေးတာထက်
ခံစားမှုနောက် လိုက် ရေးတာက ပို ပီပြင်ပါတယ်လေ
ကြိုးစားဆဲ. . . .
🙂
အရီးခင်လတ်
July 7, 2012 at 2:13 am
ရှင်းရှင်းလေး ကိုများ ရှုပ်အောင်လုပ်ကြ၏။ 😛
အမည် = ဦးသောဘိတ
ရာထူး = ကျောင်းထိုင်ဆရာတော်
နေရာ = ရွာဦးကျောင်း
ဥတု = နွေ
အခင်း ဖြစ် ချိန်= ညသန်းကောင်ကျော်
အခင်းဖြစ်ပွါးရာ = ဘုရားစင်
အခင်းမဖြစ်မှီ = ပရိတ်ရွက်ခဲ့ / နှစ်ခြိုက်စွာ စောစော အိပ်ခဲ့
စောစော အိပ်ရခြင်း အကြောင်း = နေ့လည် က ကျောင်းသားများ ဆူ၍
အခင်းဖြစ်ပွါးရာ မြင်ကွင်း = အလွန်အံ့ဩစရာဟု ဆို
MaMa
July 7, 2012 at 7:08 am
အဲ့လာကြောင့်လည်း အရီး ဆိုတာ ရွာထဲမှာ နာမည်တစ်လုံးနဲ့ ကျော်ကြားနေတာ ဖြစ်မယ်။
အကြော်စုံပါ မလတ်ရေ။
(ဗရာကြော်နဲ့တင် မရဘူး။ တခြားအကြော်တွေလည်း ကြိုက်တယ်လို့ ပြောသံကြားဖူးလို့) 😆
ဦးဦးပါလေရာ
July 7, 2012 at 9:17 am
မခင်လတ်ရဲ့ ရေးဟန်ကိုတော့ ကြိုက်သွားပြီ 😀
ကျုုပ် အဲဒီရေးဟန်ကိုတုပြီး ကလောင်ခွဲနဲ့ စာပေဆုအရွေးခံဦးမယ် 😀
ကိုပေါက်(မန္တလေး)
July 7, 2012 at 9:55 am
ကိုလတ် နောက်ရက်ကျရင်
မန်းလေးမြီးရှည်ပို့လိုက်မယ်နော်……………….
အခုတော့မုန့်ပွဲပြင်နေတာပြီးသေးဘူး။။။။။။။။။။။။။။။။။။။။။။
ခမ်းဟွမ်ဖတ်ရင်းမြီးရှည်စားနော်…………………………
nature
July 9, 2012 at 10:21 pm
အဟီး….
အရီးခင်လတ်ရေးတာ စာရေးတာနဲ့မတူဘူး။ ပလိပ်အမှုစစ်နေတာနဲ့တူတယ်။ 🙂
Tar Tay
July 10, 2012 at 9:21 am
အရီးဒေါ်ခင်လတ်ခင်ဗျာ
တရားရုံးရေးပုံလေးများ ဆက်ရေးပါဦး ခင်ဗျ
ဦးဦးပါလေရာ
July 7, 2012 at 9:20 am
ကိုဆာမိရေ-
စာတွေရဲ့ ရေးဟန်ကတော့
ကျုပ်အထင် မရေးခင် အရင်တွေးတဲ့
တွေးဟန် အပေါ်များ ထင်ဟပ်နေမလားမသိဘူး…။
surmi
July 7, 2012 at 10:02 am
ဝင်ရောက် ဖတ်ရှု သုံးသပ် ဆွေးနွေးပေးကြသောနောင်တော် အစ်မတော်များ
ဖြစ်သည် ့ အဘဖော ကိုသန်းထွဋ်ဦး ကိုအောင်ပု ဦးဦးပါလေယာ အန်တီမမ
အန်တီပဒုမ္မ္မာ အရီးလတ် တို ့ကိုအထူးကျေးဇူးပါ
ဟုတ်သော်ရှိမဟုတ်သော်ရှိ ကိုအောင်ပု ကောင်းတယ်ဆိုလို ့ ဝမ်းသာပီတိ
ဖြစ်မိပါကြောင်း ။
ဦးပါလေယာပြောသလို အတွေးမှတဆင် ့ရေးမိပါကြောင်းနှင် ့
ချက်ချင်းသုံးသပ်နိုင်မှုများအားနည်းပါကြောင်း
စိတ်ကူးပုံဖေါ်ခြင်းများသာ အားသန်၍ဖတ်မိသော ဖတ်ဖူးသောစာပေများ၏
လွှမ်းမိုးခြင်းကို အထူးခံရပါကြောင်း
အရီးလတ်၏ရေးဟန်အား မန်းဂေဇက်၏မူပိုင်အဖြစ်
အဆိုတင်သွင်းပါကြောင်း ဟဲ ဟဲ
shwe kyi
July 7, 2012 at 12:13 pm
လက်မထောင်မလို့ ရှာမတွေ့ပါကြောင်း 🙁
surmi
July 7, 2012 at 1:13 pm
လက်မပျောက်နေလဲ ထောင်ပြီးသားလို ့မှတ်လိုက်မယ်ဗျာ
စာဖတ်များရင် ရေးနိုင်မယ်လို ့ထင်ပါတယ်
ရေးစေချင်ပါတယ်မရွှေကြည် ဖတ်တဲ ့ဘက်ကတာဝန်ယူပါတယ်
snow smile
March 15, 2014 at 10:42 pm
စာ မ ရေး ခင် က သာ ဒီ ပိုစ့် ဖတ် မိ ရင် ကောင်း မှာ ဘဲ လို ့
တွေး မိ တယ်
ကျွန် မ မှာ စာ ရေး ဘို ့ အ တွက် လို အပ် ချက် တွေ
အ များ ကြီး ပါ
လို အပ် ချက် တွေ အ များ ကြီး နဲ့
ကျွန် မ ရေး ထား တဲ့ စာ ကို
ဖတ် တဲ့ သူ တွေ
ကွန် မန့် ့ ပေး ခဲ့ တဲ့ သူ တွေ ကို
တ ကယ့် ကို အား နာ နေ မိ တယ်
ဒီ ပိုစ့် ရေး တဲ့ ကို ဆာ မိ ကို လဲ တ ကယ် ကျေး ဇူး တင် မိ ပါ တယ်
ဘရန်းဒက် ကေဇီ
March 16, 2014 at 7:12 am
အရီးလတ် ရေးနည်းအကြိုက်ဆုံးးး
:mrgreenn:
ပြောရင်း အရီးလတ်ကြီး လွမ်းတာ။ အလုပ်များတာတွေ မပြီးသေးဘူးလားတော့။
:hint:
ဆာဆာတို့များ ပြေးရင်းလွှားရင်းရေးတာကို အချိတ်အဆက်ကို မိလို့တော်။
ကိုယ်တွေက သီဝရီတွေ ဘာတွေမသိဘူးးး
စိတ်ထဲရှိတာ ရေးမိတာ။
ရှက်ထာ။
:mrgreenn:
အဲလေ။ ရှက်နေရင် ရေးမရပဲ နေတော့မယ်။
ရှက်တော့ပါဘူးးးး ဆက်ရေးဦးမှာပဲ။ :mrgreenn:
လုံမလေးမွန်မွန်
March 16, 2014 at 6:37 pm
ခိ.. အူးဆာပို့စ်ကို ဘာတွေ မန့်မိခဲ့မှန်းမသိဘူး.. ရှက်ထှာ.. ဟီးဟီး..