***…ခရီးသည်…***
ဒုက္ခ ဒုက္ခေါ … လောက တော၌
မျောလိုက် မြုပ်လိုက်… ဖုတ်လှိုက် ဖုတ်လှိုက်
မိုက်လိုက် တာကွယ်… နောင်တ လွယ်မြဲ
လွှဲဖယ် မရ….တစ်နေ ့ ကျလျင်
မှန်ပင် သေရ…မုချ မသွေ
သံဝေဂ ဉာဏ်… အမြင် မှန်မှ
လူပီ သ၏……….၊
အပ္ပါယ် တံခါး… ရှေ့နား လေးတင်
မမြင် မတွေ ့…တရား မေ့လျက်
နေ ့ရက် အစဉ်… ခရီး နှင်မြဲ
ငါစွဲ အတ္တ… ဝဲဩဃ နယ်
ကျင်လည် ကျက်စား…ပိုင်းခြား ပညာ
မရှိ ပါက…လူဖြစ် ရရှုံး
အညွန် ့ တုံးလျက်…မဆုံး ဘယ်ခါ
သံသရာ ၌……..
သင့်လောက် မည်သူ….မိုက်မည် နည်း။။။။
7 comments
မဂွတ် ထော်
July 6, 2012 at 9:58 am
အညွန် ့ တုံးလျက်…မဆုံး ဘယ်ခါ
သံသရာ ၌……..
သင့်လောက် မည်သူ….မိုက်မည် နည်း။။။။
ခပ်မိုက်မိုက် ကောင်မလေး
July 6, 2012 at 10:08 am
ကဗျာလေး..
ဖတ်ကြည့်သွားပါတယ်…
လိုက်လို့တော့မမှီနိုင်….။။။
မွန်မွန်
July 6, 2012 at 10:54 am
အပယ်တံခါး၊ သိသော်ငြားလည်း
ဝမ်းခါးရေးခက်၊ အဝင်နက်မို့
ဆက်လက်လို့ကာ၊ အတ္တပါလျက်
ငါသာငါပင်၊ ငါပိုင်ရှင်နှင့်
ငါ့လင်ငါ့သား၊ ငါ့စီးပွားတွက်
အမှားသိလည်း၊ ကျူးမိဆဲပင်
မလွဲဧကန် မိုက်လျက်တည်း…။ ။ 🙂
မတူသောအတွေးဖြင့် မန့်ခဲ့သည်။ (ခွက်ဒစ်တူ ကိုပေ)
maung khinmin
July 6, 2012 at 11:17 am
ကောင်းလိုက်တဲ့..ရေးချက်ပ…မွန်၂ရေ…
မွန်မွန်
July 6, 2012 at 11:23 am
ခေါင်းထဲက တော်တော်ကို ညှစ်ထုတ်လိုက်ရတယ်… 🙂
maung khinmin
July 6, 2012 at 11:43 am
ညှစ်ထုတ်ရကျိုးနပ်ပါတယ်မွန်၂ရေ……..
ဆက်လက်ညှစ်နိုင်ပါစေဗျာ
mamanoyar
July 6, 2012 at 10:58 am
အပ္ပါယ် တံခါး… ရှေ့နား လေးတင်
မမြင် မတွေ ့…တရား မေ့လျက်
နေ ့ရက် အစဉ်… ခရီး နှင်မြဲ
မှန်ပါတယ်ရှင်။