ကိုယ်တွေ့ဖြစ်ရပ်
တစ်နေ့ အစ်ကိုတစ်ဝမ်းကွဲတစ်ယောက် လက်ဖက်ရည်ဆိုင်မှာတွေ့လို့ ကျွန်တော့် ကို ပြောတယ်
_” ဟေ့ကောင် ငါ့လူတစ်ယောက်ကိုတွေ့ထားတယ် သူက မီးရထား ကစက်ခေါင်းမောင်းတာ ကွ အခုဒီမှာ ဂိုထောင် ထဲ က custom သိမ်းထားတဲ့ ထဲ က စက်ဘီး အသစ်တစ်စီး ကို လာထုတာကွ နောက်ပြီးတော့ Sony laptop အသစ်တွေ နဲ့ LCD တွေလဲ မီးရထားဂိုထောင်ထဲမှာရှိသေးတယ် အဲဒါမင်းစိတ်ဝင်စားလား ” ဆိုတော့ ကျွန်တော်လဲနည်းနည်းတော့ သဘောကျချင်သလိုဖြစ်သွားတယ် ကျွန်တော်အခု ကိုင်နေ တဲ့ netbook လေး acer aspire one D257 လေးတောင် ၂၅၆၀၀ဝ ပေးပြီးဝယ်ထားရတာဆိုတော့
–“ဂိုထောင်ကနေ ခိုးထုတ်ရောင်းတဲ့ ဟာဆို တန်မှာပေါ့ ဘယ်လောက်လို့ပြောလဲ”
-“ဟာမင်းကလဲ laptop သုံးလုံး ကို ၅သောင်းပဲပေးတဲ့”
-အဲဒါနဲ့ ကျွန်တော်လဲ စဉ်းစားသွားတယ် “ဖြစ်နိုင်ပါ့မလားဗျာ အဲဒါက mp4 တစ်လုံးလောက်ပဲ တန်ဖိုးရှိ တယ် ကြည့်လဲ လုပ်အုံး” လို့ ပြောလိုက်တော့ ကျွန်တော့် အစ်ကို ဝမ်းကွဲက -“ဟာအဲဒါတော့ငါမသိ ဘူး ငါနဲ့ ပြောဖြစ်တာတော့ သုံးလေးခါရှိသွားပြီး သူ့ရဲ့ ဝန်ထမ်းကဒ်လဲ ငါကြည့်ပြီးသွားပြီ ကွ ဟုတ်တယ် စက်ခေါင်းမောင်းဆိုပြီး တော့ဘေးမှာလဲ သူ့ရဲ့ အဆင့်တွေဘာတွေ ပါသေး တယ်”
-အဲဒါနဲ့ ကျွန်တော့စိတ်ထဲမှာ အိမ်မှာ ရှိတဲ့ အမျိုးတွေထဲ က ကလေးတွေကို ပေးကလိလိုက်ရင်တောင်တန်တယ် ဆိုပြီး ချိန်းလိုက်ပါတယ် အဲဒီလူ က မလွှကုန်း မီးရထား စက်ခေါင်းတွဲ ပြင် ရုံးမှာလုပ်တာဆိုတော့ ABC မှတ်တိုင်မှာချိန်းပါတယ် ဟိုတစ်ခါ ဂိုထောင်တွေ မီးလောင်ပြီးတော့ ယမ်းစိမ်းတွေ ထပေါက်တဲ့ နေရာပေါ့ဗျာ
-ချိန်းတဲ့နေရာကို ကျွန်တော့်အလုပ်ကနေမအားတဲ့ကြားထဲကမှ သွားရတာဗျ အဲဒီလူရယ်ကျွန်တော့် အစ်ကိုရယ်က အဲဒီမှတ်တိုင်မှာ အရင်ရောက်နေပါတယ် ကျွန်တော်ကလဲ အစ်ကိုဝမ်းကွဲ က အရင်ရောက်ပြီးပြောပြီးဆိုပြီးဖြစ်နေတယ်ဆိုတာနဲ့ စိတ်ချလိုက်ပါတယ်။ အဲမှာတင် မပြီးသေး ပါဘူး အဲ ဒါနဲ့ အဲဒီလူနာမည် က ဦး တင်ဝင်း တဲ့ဗျ အသက် ကတော့ ၅ဝ ကျော်ပြီထင်ရတယ် ခါးနည်းနည်းကိုင်းကိုင်း ညာဖက်နားလေး တယ်ဗျ စက်ခေါင်းမောင်းတွေအကုန်လုံးကညာဖက်နားလေးတယ် လို့တော့သူကပြောတာပဲ ရှေ့သွားလဲ တစ်ချောင်းလား နှစ်ချောင်းလား မသိဘူး မရှိဘူး အဲဒါနဲ့ သူကပြောတယ်
-“ငါတို့ ဂိုထောင်သွားရအောင် ဘူတာကြီးကို သွားမယ်” ဆိုပြီးပြောတယ် ကျွန်တော်လဲ အလုပ်တစ်ဖက်ကရှိတာ နဲ့ မြန်မြန်သွားရအောင်ဆိုပြီး TAXI လေး ငှားပြီး ဂိုးပါလေ ရော ဟိုလဲရောက်ကော သူက TAXI ကို အောင်ဆန်းကွင်း ယောက်လမ်းဘက် မှာ ကားရပ်ခိုင်းတယ် ဂိုထောင်ကလူတွေ မြင်မှာစိုးလို့ ဒီဖက်မှာရပ်ပြီး လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဆိုင်မှာ အရင်စကားပြောရအောင်ဆိုတာနဲ့ ကျွန်တော်တို့ သုံးယောက် ရုပ်ရှင်ရုံးဘေးက လက်ဖက်ရည်ဆိုင်မှာထိုင်ဖြစ်ပါတယ် အဲဒီမှာ သူကပြောတာ က
-“ဂိုထောင်ထဲမှာ ပစ်စည်း(မှတ်ချက် စာမရိုက်တတ်လို့ပါ) တွေကအများ ကြီးပဲ မင်းတို့ ကိုရောင်းတယ်ဆိုတာ လဲ မင်း အစ်ကို ကို ခင်လိုက ဘော်ဒါသဘောမျိုးလုပ်ပေးတာ ကွ မင်းတို့ LCD 24” ရယ် စက်ဘီး ရယ် EVD ရယ် ကော ယူအုံးမလား တစ်ခါတည်းထုတ်လာရမှာ နောက်ထပ် ထုတ်ရောင်းဖို့ဆိုတာ မလွယ်တော့ဘူးကွ အဲဒါယူမယ်ဆိုရင် ၈၀၀၀ဝ ကွ ၄၀၀၀ဝ ကို အရင်ပေးထား လကုန် မှ မင်းတို့ အိမ်ကို ငါလာယူမယ် ငါ့အိမ်လဲ မင်းတို့သိ မင်းတို့အိမ်လဲ ငါသိနေတာပဲကွာ မင်းတစ်ခါတည်းယူမယ်ဆိုပြော” ဆိုတာနဲ့
-“ဟာ ဦးလေး အဲဒါတွေတော့ ကျွန်တော် စိတ်မဝင်စားဘူး အခု ဦးလေး ပြောတာတောင် အသစ်တွေဆိုတာနဲ့ တင်ကျွန်တော်ယူလိုက်တာ CPU ကဘယ်လောက်လဲ memory ကဘယ်လောက်လဲ ဘာညာကွိကွ တွေ ဦးလေးကနားမလည် ဘူးဆိုလို့ ကျွန်တော်မမေးတော့တာ အခု ဘယ်နေရာကိုသွားမှာလဲ ပြော” လို့ ပြောလိုက်ပါတယ်။
အဲဒါနဲ့ သူက “ကဲဒါဆို သွားမယ် မင်းတို့နှစ်ယောက်မှာ မင်းက ဝယ်မယ့်သူဆိုတော့ အထဲအထိလိုက်ခဲ့ မင်းအစ်ကို ကတော့ ငါပြောတဲ့နေရာကစောင့်နေ ဟုတ်ပြီလား “ ဆိုပြီး ကျွန်တော့်အစ်ကို ကို ” မင်းလဲ ငါပြောတာ ပေါက်တယ်နော် ” လို့ လှမ်းပြောပါတယ်။
အဲဒါနဲ့ ကျွန်တော်တို့တစ်တွေ ဘူတာကြီး ပေါ်တီကို ဘက် main ဝင်ပေါက်ဘက် ကိုလျှောက်သွားကြပါလေရော အဲဒီမှာ သူက ကျွန်တော့်အစ်ကို ကို မင်းအဲဒီလက်ဖက်ရည်ဆိုင်မှာစောင့်ဆိုပြီး main ဝင်ပေါက်ဘေးက လက်ဖက်ရည်ဆိုင် မှာ ထိုင်ခိုင်းပါတယ် ကျွန်တော့် ကို ဆက်ခေါ်သွားတယ် ဓါတ်တိုင်တစ်တိုင်လောက်အကွာကိုလဲ ရောက်ရော
-“ဟိုရှေ့မှာ အပင်ကြီးအကြီး နဲ့ ကွမ်းယာဆိုင်တွေ့လား အဲဒီမှာ ပစ်စည်း လာချပေးလိမ့်မယ် ရဲ ကပြီးရင် မင်းနဲ့ ငါနဲ့ ကားငှားပြီးဟိုကောင့် ကိုဝင်ခေါ်သွားမယ်၁၅မိနစ်လောက်ပဲကြာမယ်” ပြောတော့ ကျွန်တော်က
-” ဟာ…..ဦးလေးပြောတော့ ဂိုထောင်ထဲ အထိလိုက်ရမယ် ဆို ကျွန်တော် အဲဒီရောက်မှပေးမှာပေါ့” ဆိုပြီးပြောတော့
-” မင်းတို့ ကအဲဒီမှာ စဖောက်လာပြီ မင်းအစ်ကိုလဲ ငါ့အိမ်သိတယ် ငါလဲသူ့အိမ်သိတယ် မယုံရင်လဲ မယူနဲ့ တော့ ငါလဲ မသွားတော့ဘူး” ဆိုတာနဲ့ ကျွန်တော်လဲ ကပျာကယာ လေး သူ့လက်ထဲကို ပိုက်ဆံ ၅၀၀၀ဝ သောင်း ထည့်ပေးလိုက်ပါရော” အဲဒါနဲ့ သူက လဲ အဲဒီလမ်းထဲကို ဝင်သွားရော ဒါနဲ့ပြောပြရအုံးမယ် အဲဒီ လမ်းက တစ်ဖက်ပိတ် ဗျ ဘူတာကြီးရှေ့တည့် တည့် လမ်းဆုံးအောင် သာလျှောက်သွား အဲဒီနားမှာ ဂိုထောင်လိုလို ဘာလိုလိုလေးတွေ တန်းစီလို့
ဒါနဲ့သူ ကပြောသွားတဲ့ ၁၅မိနစ်လောက်ပဲကြာမယ်ဆိုတာ ကို ကျွန်တော်တို့ထိုင်စောင့်ကြတာပေါ့ကျွန်တော်လဲ အဲဒီအချိန်မှာစိတ်ထဲ မှာ ခိုးလိုးခုလု ဖြစ်လာတာနဲ့အဲဒီနား က ဆိုက်ကားဆရာ တစ်ယောက် ကိုမေးကြည့်တာပေါ့ ဒီလမ်းတည့်တည့်သွား ရင် ဘယ်ရောက်လဲ ဆိုပြီးတော့
ဆိုက်ကားဆရာက “ဘယ်မှ မရောက်ဘူးလေ လမ်းဆုံးရင် နံရံ ကြီးပဲ အဲဒါဟိုဘက်မှာ ကုလားသချိုင်္င်း ပဲရှိတယ်” ဆိုတော့ စိတ်ထဲ မှာ နည်းနည်းတော့စိတ်အေးသွားရပြီ ဒါနဲ့ နာရီဝက်လောက်နေတော့ ပေါ်မလာတာ နဲ့ ကျွန်တော့်အစ်ကို ကိုသွားခေါ်ပြီးလိုက်မယ်ဆို ပြီးသွားတော့ ကျွန်တော့် အစ်ကိုက “..ဟာ….မင်းကဘာလို့လိုက်မသွားတာလဲ မင်းလိုက်သွားတယ် ဆိုပြီးငါက စိတ်အေးနေတာ”
အဲဒါနဲ့ ကျွန်တော်လဲ ” သူက လမ်းကြောင်းကြပ်နေတယ် ဆိုတာနဲ့ နောက်ပြီး အစ်ကိုလဲ သူ့အိမ်ကို သိတယ်ဆို ရောက်ဖူးတယ် မဟုတ်လား” လို့ မေးလိုက်တော့ “မရောက်ဖူးဘူး ငါ့ကို လိပ်စာပဲပေးသွားတာ” အဲဒါနဲ့ ကျွန်တော်သဘောပေါက်လိုက်ပါပြီ။
ဇတ်လမ်း အဆုံးမှာတော့ -သူဝင်သွားတယ် တယ် ဆိုတဲ့နေရာက ဘာဂိုထောင်မှမရှိ မီရထားဝန်ထမ်းတွေ တန်းလျား နောက်ပြီးတော့ လမ်းကြိုလမ်းကြားလေးတွေ နှစ်ခုသုံးခု က ဟိုဘက်က မြန်မာ့ဂုဏ်ရည်လမ်း ကို ရောက်တယ် ကျွန်တော် ပေးလိုက်တဲ့ ပိုက်ဆံနဲ့ ဆိုသူ့နေတဲ့နေရာကို taxi ဈေးမဆစ်ပဲ စီးလို့ ရတယ် သူပေးသွားတဲ့လိပ်စာ အတိုင်းလိုက်ကြည့်တော့ ဒဂုံမြောက်ပိုင်း ၄ဝ ကမီးရထား ဝန်ထမ်း ရပ်ကွက်တော့မှန်ပါတယ် အိမ်နံပါတ်နဲ့ လမ်းတွေက တလွဲ ။
နိဂုံး ချုပ်လိုက်တော့ မြို့ထဲမှာ အလုပ်နေတဲ့ ကျွန်တော် ကလူလည်လောကမှာလုပ်နေတာ ကိုယ့်ကိုယ်ကို လည်လှပြီ ထင်တဲ့သူ ကျွန်တော့် အစ်ကို ဝမ်းကွဲက ရပ်ကွက်ထဲ မှာတော့ ဆရာကြီးတစ်ပိုင်း ကျွန်တော်က သူ့ကို အားလုံးပုံပြီး ယုံလိုက်တာ အရှက်ကွဲတာက သူ ပိုက်ဆံကုန်ပြီး သင်ခန်းစာလဲ ကောင်းကောင်းရမှတ်သွားတာက ကျွန်တော် ။
ကျွန်တော်တို့ နှစ်ယောက်အိမ်အပြန်လမ်းလေးဟာတိတ်ဆိတ်လို့ အဲဒီအကြောင်းရပ်ကွက်ထဲမှာ ဘယ်သူကို မှ မပြောကြပဲ နှစ်ယောက်စလုံးအီလည်လည် နဲ့ တစ်ပါတ်လောက် ငြိမ်သွားတာပေါ့။
ကဲပုံပြင်လေးကတော့ ဒါပါပဲကွယ် မောင်ညီမ လေးတို့တတွေလဲ သင်ခန်းစာယူကြဖို့နဲ့ အဲဒီလူကိုတွေ့ ရင် ပြောကြပါလို့ ပြောရင်း ဒီမှာပဲ နိဂုံးချုပ် ပါရစေကွယ်။။။။။။
26 comments
မဂွတ် ထော်
July 6, 2012 at 4:41 pm
ဒီလိုပဲလုပ်စားနေကြတာ လူလိမ်တွေ ရှိလို့
တိုင်းပြည်မအေးချမ်းတာ
သတိထားကြပါ သူငယ်ချင်းအားလုံးပေါ့
ခပ်မိုက်မိုက် ကောင်မလေး
July 6, 2012 at 4:50 pm
အွန့်…ဒါကတော့…
ဒီက..အစ်ကိုက…
လွန်လွန်းတာပေါ့ဗျာ…
ကိုယ့်ဆီပစ္စည်းမရောက်သေးပဲနဲ့တော့…
လွယ်လွယ်မယုံသင့်ဘူးလေ…
အပေးအယူမျှတမှပေါ့…
ပြောရရင်တော့….
အစ်ကို…အဲ့လောက်ခံရတာတောင်…
နည်းသေးတယ်…ဟီးးးးးးးးးးးးး
(ချိတ်ချိုးနဲ့နော်…မှန်တာပြောလို့..)..:P
ကျေးကျေးပါ…အစ်ကို
မှတ်ထားပါ့မယ်နော်….။။။။။။။။။။။။။။။
Nyein Nyein
July 6, 2012 at 5:37 pm
အဲဒီအကြောင်းရပ်ကွက်ထဲမှာ ဘယ်သူကို မှ မပြောကြပဲ ဆိုပြီး လူစုံတော့မှ သင်ခန်းစာရအောင် ရေးပေးတာကို ကျေးဇူးတင်ပါတယ်နော်။ ငြိမ်းလည်း မိုက်လေးပြောတာကို ထောက်ခံတယ်။ ပစ္စည်းမှမရသေးတာကို ပိုက်ဆံအရင်ပေးလိုက်တာက အစ်ကိုနည်းနည်းလိုသွားတာပါ။ တစ်ခုတော့ပြောမယ်နော်။ စိတ်မဆိုးနဲ့။ လောဘကြီးတဲ့ လူတွေက ပိုပြီး အလိမ်ခံရတတ်တယ်လို့ပြောကြတယ်။ အစ်ကိုလည်း ခဏတာ လောဘကြီးလိုက်မိတော့ ပါသွားတာပေါ့နော်။
Nyein Nyein
July 6, 2012 at 5:38 pm
ပြောဖို့ကျန်ခဲ့လို့ပါ။ သင်ခန်းစာယူသွားပါတယ်လို့လေ။
ဝမ်းတွင်းရူး
July 6, 2012 at 5:51 pm
လိမ်တဲ့လူတွေများဗျာ——-
မွန်မွန်
July 6, 2012 at 5:58 pm
ဒီလိုအဖြစ်လေးတွေကို ပြောပြပေးတာ ကျေးဇူးတင်ပါတယ်။
ကိုယ့်အလှည့်မှာ ဒီလိုမဖြစ်ရအောင် ဆင်ခြင်လို့ရတာပေါ့။
အရီးခင်လတ်
July 6, 2012 at 5:59 pm
လောဘကြောင့် ခံရတဲ့ ဇာတ်လမ်း လေး အတွက် သတိထားစရာ တစ်ခု ရတာမို့ ကျေးဇူးတင်စွာ အားပေးသွားပါတယ်။
နောက်လဲ ဆက်ရေးပါဦး။
snow white
July 6, 2012 at 7:45 pm
ကံကောင်းလိုသာပေါ့ လူဘာမှမဖြစ်ဘဲ ပိုက်ဆံဘဲလိမ်သွားလို့ကံကောင်းတယ်လို့မှတ်လိုက်ပါ ….
မောင်ပေ
July 6, 2012 at 8:58 pm
အရမ်းကောင်းတဲ့ ပညာပေး ကိုယ်တွေ ့ဖြစ်ရပ် တစ်ပုဒ်ပါဘဲ ခင်ဗျား
အားပေးပါတယ်ဗျို ့၊ နောက်ထပ်လဲ ရှိသေးရင် ထပ်ပြောပြပေးပါဦး
လောဘ လောဘ လောဘ သိပ်ကြောက်စရာကောင်းတာပါဘဲ ။
လူ ဟား
July 7, 2012 at 12:41 am
အင်း… ပိုးထိတဲ့ မြွေပွေးလားဗျာ… ကြားဖူးနားဝလေး ပြောမယ်… လူလိမ်ခံရတယ်ဆိုတာ… အယုံလွယ်လို့..၊ လောဘကြီးလို့..၊ ပေါချောင်ကောင်းလိုချင်လို့..၊ ဟီး..ဟီး.. ကိုဝေ.. စိတ်ချိုးနဲ့နော်..ကြားဖူးတာပြောတာပါ…။
မိုက်ကယ်ဂျော်နီအောင်ပု
July 7, 2012 at 3:02 am
ကျုပ်ပြောမလို့ ချိတ်ချိုးမှာကြောက်လို့
ချိတ်မချိုးနဲ့နော်
အပေါ်ကလူတွေက တော်တော်မျက်နှာလိုက်ကြတာဘဲ
ရပ်ကွက်လူကြီးတွေလုပ်ကြပါလား 😆
အဘိုးကြီးဘတ်သွားတာကိုကြတော့ ဝိုင်းပွားကြပြီး
ကိုယ်လူကိုကြတော့ ပလပ်ထားကြတယ်
တော်တော်နောက်တဲ့လူတွေ
( ဒီလို အကြောင်းအရာတစ်ခုကို ရဲရဲဝံ့ဝံ့ ဝန်ခံရေးသားပြဝံ့တဲ့ သဘောရိုးလေးကိုတော့
နှစ်သက်ပါတယ်ဗျာ )
ပြောရအုန်းမယ် ကျုပ်ချာတိတ်အရွယ်တုန်းက စင်္ကာပူမှောင်ခိုလှေ လိုက်ဘူးတယ်
တစ်နေ့ ကက်ဆက်အဟောင်းရောင်းတဲ့ ဆိုင်တစ်ခုမှာပေါ့
အဲ့သည်ဆိုင်က လှေဆိပ်နားက ကွန်တိန်နာအခွံတွေထားတဲ့ဆိုဒ်ထဲမှာ
ကွန်တိန်နာထဲမှာဘဲ ဆိုင်ဖွင့်ထားတာ
ကျုပ်ဗမာ့သတ္တိပြခဲ့ပုံ
ရောင်းတဲ့တရုပ်မကြီးလစ်တာနဲ့ ကက်ဆက် နော့ဘ် ( ခလုပ်တွေ ) ကိုခိုးဖြုတ်လိုက်တယ်
ပြီးတော့ ကက်ဆက်တွေကို ပစ္စည်းမစုံဘူးဆိုပြီး ဈေးစစ်ဝယ်တယ်
အကျင့်မကောင်းပုံပြောပါတယ် ကျုပ်
ကြာတော့လည်းကြာခဲ့ပါပြီ
ပန်နီကလာ ပန်နီကိုသွား အကုသိုလ်တွေတော့ အမြတ်အစွန်းဖြစ်ကျန်သပေါ့
ကြောင်ကြီး
July 8, 2012 at 10:19 am
တော်သေးတာပေါ့ ဘပုရယ်..တရုတ်မကြီး ဘောင်းဘီကြယ်သီး သွားမဖြုတ်ပေလို့…။ 😆
Guest
July 7, 2012 at 5:17 am
တော်သေးတာပေါ့.. LCD တွေ EVDတွေ မယူဖြစ်လိုက်တာပဲ ကံကောင်းတယ်မှတ်.. မဟုတ်ရင် အဖိုးကြီး နိုက်ကလပ်တက်ဖို့ အတော်ဖူလုံသွားမှာ.. အင်း.. ပြောရရင်တော့.. တစ်ခါတစ်ခါ လူပါးလည်း ပုလင်းထိတတ်ပါတယ်လေ..။
ဇောက် ထိုး
July 7, 2012 at 7:02 am
ဖြစ်တတ်ပါတယ်။ ပြောသူနဲ့ မပြောသူပဲကွာပါ့မယ်။ ဒီနေရာမှာ
နံပါတ်တစ်က… ယုံကြည်မှု။
နံပါတ်နှစ်က လောဘ။
အဲဒီနှစ်ခုရဲ့ မကောင်းပုံကို တွေးတောဆင်ခြင်ကြပါလို့… သဒ္ဓါ..ယုံကြည်မှုဆိုတာ..ကိုယ်က သူများကိုယုံရတာမဟုတ်ဘူး။ ကိုယ်ကိုယ်အများက ယုံကြည်လက်ခံလာအောင် ကျင့်ကြံနေထိုင်ပြရတာ….
ကိုယ်က သူများကိုယုံပြီဆိုရင်… ဆင်းရဲဖို့သာပြင်…
ကိုယ့်ကို အများက ယုံပြီဆိုရင်….ချမ်းသာဖို့သာပြင်….
ကြောင်လေး
July 7, 2012 at 9:12 am
သဒ္ဓါ..ယုံကြည်မှုဆိုတာ..ကိုယ်က သူများကိုယုံရတာမဟုတ်ဘူး။ ကိုယ့်ကိုယ်အများက ယုံကြည်လက်ခံလာအောင် ကျင့်ကြံနေထိုင်ပြရတာ….
ကိုယ်က သူများကိုယုံပြီဆိုရင်… ဆင်းရဲဖို့သာပြင်…
ကိုယ့်ကို အများက ယုံပြီဆိုရင်….ချမ်းသာဖို့သာပြင်….
ဒါလေးလဲကူးသွားတယ် ကိုမိုးမျှော်။
same kyaw
July 7, 2012 at 9:13 am
မှန်တယ်။မြန်မာလူမျုှိးတွေက တဘက်သားယုံလွယ်တာဟာ အားနည်းချက် ဝိသမလောဘ သားတို့အတွက် အချက်
P chogyi
July 7, 2012 at 9:45 am
ကျွန်တော်မှာ laptop လေးလုံး ငါးသောင်းနဲ့ ရောင်းဖို့ရှိသေးတယ်
ယူဦးမလား
မလိမ်ဘူး ဘောက်ချာနဲ့ဆိုင်မှာရောင်းမှာ
စိတ်ဝင်စားရင်ဆက်သွယ်လိုက်
(ကလေးကစားစရာ)
etone
July 7, 2012 at 11:23 am
ကိုThu Waiရေ .. လိမ်တဲ့ လူတွေရဲ့ အကွက်ကတော့ မက်လုံး ကြီးကြီး အရင်ဆုံးပေးတတ်ကြတယ် … ။
အဲ့ဒီမက်လုံးကြောင့်နောက်ကွယ်က သံသယစိတ်ကို အများကြီး ဖြောက်ပြီး … ဟုတ်နိုးနိုးနဲ့ မသင်္ကာစိတ်နဲ ့ပဲ သူတို့အကွက်ထဲဝင်သွားတတ်တာ များတယ် … ။
တော်သေးတာပေါ့လေ .. လူကို အန္တရာယ်မပြုတာပဲ … ။ လူစုခွဲသွားတယ်ဆိုကတည်းက .. ကျွန်မဖြင့် သိပ်တော့ မသင်္ကာချင်ဘူး .. အစ်ကိုရေ .. သူ့ကို ပိုက်ဆံ ငါးသောင်းမပေးပဲ မယုံမကြည်ဆိုလျှင် .. အစ်ကို့ကို ဘာမျာလုပ်မလဲ မသိဘူးနော် .. ညီအစ်ကိုနှစ်ယောက်ကို … လူချင်း ခွဲထားပြီးသားဆိုတော့လေ … ။
လူတွေ .. လူတွေ .. ကောင်းရောင်း ကောင်းဝယ် လုပ်မစားကြပါလားနော် …
mayjuly
July 7, 2012 at 1:58 pm
တိုက်ဆိုင်လိုက်တာနော်..
ကိုယ့်အဖြစ်အပျက်တော့ပြောတော့ပါဘူး ….
လောဘကြီးမိလို့ ဖြစ်ရတာဆိုတော့ ….
ကိုယ်ညံ့လို့ကိုယ်ခံရတယ်ပဲ သဘောထားလိုက်ပါတယ် …
နွေဦး
July 7, 2012 at 2:20 pm
တရားရစရာဗျာ…
လောဘကြောင့် ဒေါသဖြစ်စရာတွေ့ရတယ်
ဒါပေမဲ့ ငါ ဆိုတဲ့ မာန ကို ဘေးဖယ်ပြီး ..
ရွာသူ ရွာသား တွေ ဗဟု သုတ ဖြစ်အောင် ပြောပြပေးလို့..
lynn lynn
July 7, 2012 at 2:33 pm
အခုလို ကုယ်တွေ့ ဖြစ်ရပ်လေးနဲ့ သင်ခန်းစာယူစရာလေး ဖတ်ရလို့ ကျေးဇူးတင်ပါတယ်။
manawphyulay
July 7, 2012 at 3:20 pm
ပညာရှိ သတိဖြစ်ခဲဆိုသလို သတိမမူတော့ ဂူမမြင်ဘူးပေါ့။ နောက်ပြီး ဒီလို လုပ်စားနေတာတွေ တစ်ပုံကြီးမှာ ယုံစားတဲ့သူသာ အတော်ညံ့တယ်လို့ ပြောချင်ပါတော့တယ်။
ဖိုးထောင်
July 8, 2012 at 3:56 pm
အကို အရင်ဘဝတုန်းက သူ့ကိုလိမ်ခဲ့လို့ သူ့ရဲ့ လိမ်ကြွေးကိုပြန်ဆပ်ရတာလို့ သဘောထားလိုက် အေးချမ်း သွားလိမ့်မယ် နောက်ထပ် မန့်ချင်တာက အရီးခင်လတ်မန့်သွားလို့ အဲဒီမှာပဲသွားပြန်ဖတ်လိုက်တော့ း)
ခေတ် လုလင်
July 9, 2012 at 2:12 pm
မင်းကလူလည် မင်းအကိုကဆရာကြီး
အဲဒါတောင် ခံလိုက်ရသေးတယ်။အလှူတစ်ခုလို့ပဲသဘောထားပေါ့
ယောက်ဖလေး မင်းသူရယ်။
ဒါနဲ့Laptop 3လုံး ၅၀၀၀ဝဆိုတော့
ငါကိုရော ပေးကလိဖို့စိတ်ကူးရှိလားဟင်။
Wow
July 9, 2012 at 2:38 pm
ရှက်လို့ဘယ်သူမှမပြောဘူး လူစုံမှချပြတာဆိုတော့ 4÷ ဂျောင်းဘာ…
😛
Thu Wai
July 9, 2012 at 3:30 pm
အော် အပေါ်က စာထဲမှာလဲ သေချာရေးပြပြီးပါပြီ ကျွန်တော်က အဲဒီလူကို အဲဒီနေ့မှ တွေ့ရတာ ပါ
ကျွန်တော့် အစ်ကို ကိုအားလုံးယုံလို့ ပုံအပ်လိုက်တာပါ ကျွန်တော်မှာ အလုပ်တစ်ဖက်နဲ့ မအားတဲ့ ကြားထဲက ကျွန်တော့် အစ်ကို ကို ယုံပြီး အမျိုးထဲက ကလေးတွေ typing ရိုက်တတ် ရင်တောင်တန်ပြီဆိုပြီး
ပိုက်ဆံ စိုက်ပြီးလိုက်လုပ်ပေးတာပါ နောက်အဲဒီလောက်နဲ့ တကယ်ရခဲ့သည်ရှိသော် မော်ဒယ် အနိမ့်တကာ့အနိမ့်ဆုံးဖြစ်မယ်ဆိုတာကို တွက်ပြီးသားပါ ကိုယ့်အတွက်ဆိုပြီး လိုက်ဝယ်တာမဟုတ်ပါဘူးဗျာ။