“ချစ် သော ကေ” -အ ပိုင်း (၂)
အဲ ဒီ နေ ့ ည နေ က ….
မိ သား စု အား လုံး မ စုံ ခင် ၊ အ ဒေါ်
ယော က်ျား ဖြစ် သူ ၊ ဦး ပြန် မ ရောက် လာ သေး သ ဖြင့် …
အ ဒေါ် က ၊ အစ် ကို သု ခ နှင့် ကေ့ အား ၊
ထ မင်း အ ရင် စား ထား ကြ နှင့် ဟု ဆို ခါ ၊
ထ မင်း စား ပွဲ ဝိုင်း တွင် နှစ် ယောက် စာ
ထ မင်း အ ရင် ပြင် ကျွေး ပါ သည် ။
ထ မင်း စား ပွဲ မှာ လက် ဆုံ စား သည့် အ ချိန် ၊ အစ် ကို သု ခ
နှင့် မျက် နှာ ချင်း ဆိုင် တော့ ၊ ကေ က မျက် နှာ ထူ ပူ ပြီး
ရှိန်း တိန်း ဖိန်း တိန်း ကြီး ဖြစ် နေ မိ ပါ သည် ။
မ ထင် မှတ် သည့် အ နမ်း ခံ လိုက် ရ မှု ကြောင့် ဟု ပြော ရ မ လို ပင် ။
အစ် ကို သု ခ က ၊ ကေ့ ထ မင်း ပန် ကန် ထဲ သို ့ ၊ ဟင်း တွေ
ခပ် ထည့် ပေး ရင်း …..
ကေ အား မ နာ နဲ့ နော် …..စား နော် ။
ဝ အောင် စား နော် ဟု ၊ ပါး စပ် က တွင် တွင် ပြော ပါ သည် ။
အ ဒေါ် လက် ရာ တွေ က တ အား ကောင်း တော့ ..
အ ရမ်း ကြိုက် တယ် ၊ ကိုယ် က တော့ အ ဒေါ် ဆီ ရောက် ရင်
ဗိုက် တင်း အောင် စား တာ…
နောက် ပြီး အ ဒေါ် ဆီ လည်း အ ရောက် အ ပေါက် များ တယ်..။
တ နှစ် အ တူ လည်း လာ နေ ဘူး တယ် ဟု ထ မင်း စား
နေ ရင်း ပြော ပြ ပါ သည် ။
ကေ က တော့ ဘာ မျှ မ သိ ပါ ၊ တော မှာ ကြီး တော မှာ မွေး သည်။
အ ဖေ က တော့ ရန် ကုန် လာ ရင် အ မျိုး ဆီ မှာ တည်း တာ နည်း သည် ။ မ ရှိ
သ လောက် ဟု လည်း ပြော လို ့ရ ပါ သည်။
အ မျိုး အိမ် ကို မ လာ ၊ မိတ် ဆွေ တွေ ဆီ မှာ တည်း တာ ဘဲ များ ပါ သည် ။
အစ် ကို သု ခ ပြော ပြ တော့ မှ သာ ၊ ကေ က အ ဒေါ် နှင့် အ မျိုး ရင်း ကြီး
ဖြစ် နေ ပါ လျှက် ၊ အ လွန် စိမ်း နေ သည် ကို ရှက် မိ သ လို ဖြစ် ခဲ့ ရ ပါ သည် ။
အ ဖေ့ ကြောင့် ၊ လော က ကြီး က ပြောင်း ပြန် ဖြစ် နေ တာ လား လည်း မ ပြော
ပြ တတ် တော့ ပါ ။
ကေ့ ကို တော့ ၊ အ ဒေါ် အိမ် က အလ် ဘန် ထဲ မှာ တွေ ့ ဘူး နေ တာ ။
အ မြဲ စိတ် ဝင် စား ခဲ့ ပြီး ၊ အ ပြင် မှာ လည်း တွေ ့ ဘူး ချင် နေ မိ သည် ဟု
အစ် ကို သု ခ က ဆို ပါ သည် ။
ကေ့ ကို မ မျှော် လင့် ပဲ တွေ ့ လိုက် ရ တော့ ၊ အံ့ အား သင့် သွား တာ..
ပျော် လည်း ပျော် သွား သည် ဟု ပြော ပါ သည် ။
နောက် ဆို အ ဒေါ် အိမ် မှာ ပဲ လာ ပြောင်း နေ တော့ မယ် ။
ကိုယ့် အ မေ ကို ကျောင်း တက် တာ အ ကြောင်း ပြ ယင်း အ ဒေါ် ဆီ
လာ နေ ရင် ရ တယ် လေ..။
ကေ လာ ရင် လည်း တွေ ့ လို ့ရ သွား ပြီ ဟု ပြော ပါ သည်။
ထ မင်း စား ရင်း စ ကား တွေ ပြော နေ တာ ၊ အ ဒေါ် ကြား သွား ပါ သည် ။
အ ဒေါ် က ….ချောင်း ဟန့် သံ ပေး ပြီး ၊ ဒီ က လေး တွေ ခု ထိ စား မ ပြီး
ကြ သေး ဘူး လား ဟုဆို ပါ တော့ သည် ။
အ ဒေါ် ဆူ သ ဖြင့် အစ် ကို သု ခ က ၊ စ ကား ပြော ရပ် ပြီး ၊ နှစ် ယောက် သား
ထ မင်း အ မြန် ငုံ ့စား လိုက် ကြ ရ ပါ သည် ။
ထ မင်း စား ပြီး ၊ ကမ်း နား လမ်း ဘက် လေ ညှင်း ခံ လမ်း လျှောက် ချင် သည်
ဟု ပြော ခါ ၊ အ ဒေါ် နား ခွင့် တောင်း ပြီး နှစ် ယောက် သား ၊ အိ်မ် အ ပေါ် အ
မြင့် ဆုံး ထပ် မှ အောက် သို ့ ဆင်း လာ ခဲ့ ကြ ပါ သည် ။
အိမ် အောက် ရောက် တော့ ။ ခ ရေ ပန်း ရ နံ ့သင်း သင်း လေး မွှေး ပြန် ့နေ
သည် ကို ၊ ရှူ လိုက် ရ သ ဖြင့် ၊ ကေ့ ရင် ထဲ အေး မြ သွား ပါ သည် ။
ခ ရေ ပန်း ရ နံ ့ လေး အား တ အား နှစ် သက် ကြောင်း
အစ် ကို သု ခ အား ပြော ပြ မိ ပါ သည် ။
လူ သွား လမ်း ၊ က တ္တ ရာ ခင်း ထား သည့် ပ လက် ဖောင်း ဘေး အ နီး ။
လမ်း လေး ပေါ် တွင် ၊ ခ ရေ ပန်း လေး များ ၊ ကြဲ ပြန် ့ပြီး ဖွေး နေ
တာ လှမ်း မြင် လိုက် ရ တော့ ၊ အ ရမ်း ပျော် သွား ခဲ့ မိ ပါ သည် ။
အစ် ကို သု ခ မှ ကေ့ အား ကြည့် ခါ ၊ လမ်း မ လျှောက် ချင် တော့
မှန်း သိ သွား သ ဖြင့်….
ကေ လမ်း လျှာက် ဦး မှာ လား … မေး ပါ သည် ။
မ လျှောက် တော့ ဘူး နော်…..ဟု ၊ အစ် ကို သု ခ အား ပြန် ဖြေ ယင်း….
ဒါ ဆို လည်း ၊ ခ ရေ ပန်း ရ နံ ့ လေး ရှူ ယင်း နဲ ့ပဲ ၊ ဒီ
နား က ၊ အုတ် ခုံ လေး မှာ ဘဲ ခ ဏ ထိုင် ကြ ရ အောင် နော် ….ဟု ၊ အစ် ကို
သု ခ အား တောင်း ဆို လိုက် ခဲ့ မိ ပါ သည် ။
ဦး ပြန် လာ လို ့တွေ ့ ရင် အ ဆူ ခံ နေ ရ ဦး မှာ …
ဘာ ထိုင် လုပ် နေ ကြ လည်း မေး မှာ …ဟု အစ် ကို သု ခ က ပြော ပါ သည် ။
ဒါ ဆို ဦး က ဘယ် အ ချိန် လောက် ဆို ပြန် လာ တတ် တာ လည်း ဟင်…
ခန် ့ မှန်း လို ့တော့ မ ရ ဘူး ကေ…။ တစ် ခါ တစ် လေ လည်း ဦး က အ လုပ်
ကိ စ္စ အ ရေး ကြီး ရင် ကြီး သ လို တ အား နောက် ကြ တတ် တာ ၊ ကိုယ် သိ
ထား တယ် ဟု ပြော ပြ ပါ သည် ။
ဦး ကို စောင့် ယင်း နဲ ့ထိုင် ပြီး စ ကား ပြော ကြ မယ် လေ ဟု ၊ အစ် ကို သု ခ
အား ထပ် ပြီး တောင်း ဆို ပြော ခဲ့ မိ ပါ သည်။
နှစ် ယောက် သား လမ်း မ လျှောက် ဖြစ် တော့ ပါ ဘဲ ၊ ခ ရေ ပန်း ပင် အောက် က
၊ အုတ် ခုံ အ ဝိုင်း လေး တွင် နှစ် ယောက် သား ထိုင် ရင်း
စ ကား ပြော ဖြစ် ခဲ့ ကြ ပါ သည် ။
စ ကား ကောင်း နေ ယင်း ဦး ပြန် လာ တာ ကို မ သိ လိုက် ပါ ။ ဦး က လှမ်း မြင်
တော့ ၊ နှစ် ယောက် သား ၊ ဘာ ထိုင် လုပ် နေ ကြ တာ လည်း ဟု မေး ပါ သည် ။
လမ်း လျှောက် မို ့ အောက် ဆင်း လာ တာ ပါ ဦး ..
မ လျှောက် ဖြစ် တော့ ပဲ …
ဦး ကို လာ ထိုင် စောင့် ကြို နေ တာ လေ ….
ဟု ၊ နှစ် ယောက် သား တိုင် ပင် ကိုက် မ ထား ပါ ပဲ ၊ ပြိုင် တူ
ပြော ထွက် သွား မိ ခဲ့ ကြ ပါ တော့ သည် ။
ဦး က လည်း မ ခေ ပါ ။
အေး ……ကောင်း တယ် ၊ ကောင်း တယ် ။
နင် တို ့ နှစ် ယောက် လုံး ၊ အ လျှောက် ကောင်း ၍ အ ထောင်း သက် သာ သည်
။ အ ဒေါ် သိ လျှင် အ ဆူ ခံ ရ တော့ မည် ။ ဦး နှင့် အ တူ နှစ် ယောက် လုံး ပြန်
လိုက် တက် လာ ခဲ့ ကြ ဟု ပြော သ ဖြင့်၊ နှစ် ယောက်
သား ဦး နောက် က အ တူ တူ လိုက် လာ ခဲ့ ကြ ယင်း ၊ အစ် ကို သု ခ က တော့
ဦး ၏ အ တက် ချီ ကေ့ စ် အား လှမ်း ဆွဲ ယူ ပေး ပြီး ၊ လက် က ကိုင် ပေး ခဲ့ ခါ
အိမ် အ ပေါ် ထပ် သို့ ပြန် လိုက် တက် ခဲ့ ကြ ပါ သည်။
5 comments
မောင်ပေ
July 6, 2012 at 11:54 pm
အခုပိုစ့်မှပဲ အန်တီအေး အိမ်ထောင်အကြောင်း သိမိသွားတယ်
မစ်ခ လို့ ခေါ်ရမှာပေါ့နော
အရီးခင်လတ်
July 7, 2012 at 4:06 am
အစ်မ အေးရေ ဒီတစ်ခါတော့ ခွဲမပြစ် လိုက်နဲ့နော်။
အပိုင်း(၃) ကို စောင့်နေပြီ။ 🙂
Nyein Nyein
July 7, 2012 at 10:18 am
အန်တီအေးရေ…………. happy ending လေးကို စောင့်နေမယ်နော်။ မြန်မြန်လေးတင်ပေးပါဦးနော်။
pooch
July 10, 2012 at 3:05 pm
အန်တီအေး ရေ ခုမှ ပြန်ဖတ်နေရတယ် ။ လွတ်သွားတာများနေလို့။
ဒီလိုဆိုတော့ အန်တီအေး တို့ ငယ်ဘဝအချစ်လေးတွေက
ခိုးကြောင်ခိုးဝှက်လေးတွေနဲ့ ရင်ခုန်သံရသ တမျိူးပေါ့လေ။ 😀
cum min
July 10, 2012 at 4:51 pm