စိတ်ထဲမှာရှိတာရေးမိပါသည်
ဒီလိုတွေးမိသောကြောင့်ဒီလိုရေးလိုက်မိပါသည်။
အားမနာတန်းဝေဖန်ကြပါကုန်(စကားအဖြစ် ပြောတာနော်တကယ်ပြောရင်အော်ငိုမှာ)။
ဒီလိုပါ ယေက်ျားလေး နဲ့ မိန်းကလေး ကိစ္စပေါ့ရှင်။
ကျွန်မကအပျိုကြီးဆိုတော့ကာတော်တော် များများ က ကျားမကောင်း ကြောင်းပြောလိမ့်မယ်ထင်ပါလိမ့်မယ်။
လောကသဘာဝအရယေက်ျားလေးနဲ့ မိန်းကလေးရယ်လို့ အခေါ်အဝေါ်မှအစအသွင်အပြင်ရော၊ စိတ်အခြေခံခြင်းပါကွဲပြားပါတယ်။
တာဝန်ယူမှု အပိုင်းဟာလည်း သူ့ အလိုလိုခွဲခြားထားပြီးသားဖြစ်နေတတ်ပါတယ်။
ဥပမာပေါ့နော် ရေမြောင်းတူးဖို့၊လမ်းဖို့ ဖို့လုပ်အားပေးခေါ်ပြီ ဆိုရင်ယောက်ျားလေးတွေကပေါက်ပြား၊ တူးရွင်းတွေကိုင်ဆောင်ထွက်လာကြပြီး မိန်းကလေးတွေကတောင်းတွေ ခေါင်းခုတွေနဲ့ထွက်လာကြတာတွေ့ရမှာပါ။ မြို့တွေမှာတော့တွေ့ရမှာမ ဟုတ်ပါဘူး။ ဒါကနယ်တွေမှာပါ။ မြို့မှာပြောရမယ်ဆိုရင်တော့ ဈေးမှာ မိန်းကလေးတွေသာအတွေ့များမှာဖြစ် ပြီးယောက်ျားလေးတွေကိုတော့ ဘီယာဆိုင်မှာအတွေ့များမှာပါ (အဲလေ) မှားကုန်ပြီ စီးပွားရေးလုပ်ငန်းခွင်မှာ တွေ့ရမှာပါ။
နောက်တစ်ခုကလုံခြုံရေးဆိုလျှင်ယောက်ျားလေးတွေပဲဖြစ်ပြီး စင်တာတွေကငွေရှင်းကောင်တာ တွေမှာတော့မိန်းကလေးတွေကိုတွေ့ရမှာပါ။
ချွင်းချက်တွေတော့ရှိတာပေါ့ရှင်။
အခုခေတ်မှာမိန်းကလေး ယောက်ျားလေးရင်ဘောင်တန်းနေပြီဆိုပေမယ့် (ရင်ဘောင်တန်းရင်မိန်းကလေးကသာတယ်-အဟဲ) တကယ်တန်းမှာတန်းတူမတူနိုင်ဘူးလို့ထင်ပါတယ်။
ဥပမာပေါ့မိန်းကလေးတွေ ဘောလုံးကန်နေပြီဆိုပေမယ့် မိန်းကလေးနဲ့ယောက်ျားလေး ပြိုင်ပြီးမကန်နိုင်ပါဘူး။
ကန်ခဲ့လို့ယောက်ျားလေးတွေနိုင်သွားပြီဆိုရင် မိန်း ကလေးတွေနဲ့ကန်တာနိုင်မှာပေါ့လို့ပြောကြမှာပါ။ ဒါတွေပြောနေတာယောက်ျားလေးတွေကမိန်းကလေး တွေထက်သာတယ်ဆိုလိုတာမဟုတ်ပါဘူး။ မိန်းကလေးတွေကနူးညံ့တဲ့စိတ်ထားကိုအခြေခံတယ်စိတ်ရှည် တယ် စေ့စပ်တယ် သေသပ်တယ်။
မိန်းကလေးတွေအဆောင်မှာနေပြီး ရှုပ်ပွညစ်ပတ်နေရင် ကဲ့ရဲ့ခံရမှာပါ။ ယောက်ျားလေးဆိုရင်တော့အော်သူတို့ကယောက်ျားလေးပဲဆိုပြီးခွင့်လွှတ်ပေးကြမှာပါ၊ ပြောနေရင်းလည် နေပြီ။
ကဲလိုရင်းပဲပြောတော့မယ်။ယောက်ျားလေးမှာလည်းသဘာဝကပေးထားတဲ့အားနည်းချက်အားသာ ချက်နဲ့ မိန်းကလေးမှာလည်းမိန်းကလေးအားနည်းချက်အားသာချက်တွေနဲ့ပါ။
ယောက်ျားလေးဖြစ်လို့လည်း မိန်းကလေးမကောင်းကြောင်းပဲပြောနေစရာမလိုပါဘူး။
မိန်းကလေးတွေလည်းထိုနည်း၎င်းပါပဲ။ ယောက်ျား လေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် မကောင်းတဲ့သူဟာ မကောင်းကိုမကောင်းပါဘူး စိတ်ဓါတ်ပဲအဓိကပါ။ ယောက်ျားလေးတွေကလည်းကိုယ့်တာဝန်ကိုယ့်သိပြီးယောက်ျားကောင်းပီသကြဖို့နဲ့ မိန်းကလေးတွေက လည်း ကိုယ့်တာဝန်ကိုယ်သိပြီး မိန်းမကောင်းပီသဖို့လိုပါတယ်။ ကိုယ်ဘာတွေလုပ်နိုင်လဲဆိုတာကို ကိုယ့်ဘာသာကိုနားလည်နိုင်ဖို့လိုပါတယ်။ လက်ထပ်ခြင်းဆိုရာမှာလည်းယောက်ျားနဲ့မိန်းမအားနည်းချက် အားသာချက်တွေကိုအပြန်လှန်ဖေးကူကြရင်း လောကဓံကိုလက်တွဲရင်ဆိုင်ကြခြင်းလို့ပဲယူဆပါတယ်။
အဲ အချစ်တွေမေတ္တာတွေတော့လိုမပေါ့ရှင်။ ယောက်ျားလေးတွေကလည်းမိန်းကလေးဆိုတာနဲ့အနိုင် ယူပြီး ပြောစရာမလိုသလို မိန်းကလေးတွေကလည်း ယောက်ျားလေးတွေကိုပမာမခန့် မထိလေးစားနဲ့စိန်ခေါ်တာ မျိုးတွေမလုပ်စေချင်ပါဘူး။
အားလုံးကအရှိကိုအရှိအတိုင်းလက်ခံကြပြီးကိုယ်တတ်နိုင်တာ ကိုယ်လုပ်ပြီး တစ်ဦးနဲ့တစ်ဦးကိုလေးစားသမှုနဲ့လောကကြီးကောင်းကျိုးသယ်ပိုးနိုင်ကြပါစေလို့ဆန္ဒပြုလိုက်ပါတယ်။
နောက်တစ်ခုကလေ အမေနဲ့ အဖေ ကဏ္ဍပါ။ တချို့ အဖေတွေက သားသမီးတွေ အမေတွေကိုပိုသည်း တယ်ဆိုပြီး မကြည်ကြပါဘူး။ တကယ်တော့ ပိုသည်းသင့်လို့သည်းတာပေါ့နော်။
အမေတွေကိုယ်ဝန်ဆောင် ရပါတယ်။ ကိုးလပါ စဉ်းစားကြည့်ပါ ကိုးလတိတိ ဗိုက်ထဲမှာ ရင်သွေးလေးကို လွယ်ထားရပြီး စောင့်ရှောက် ခဲ့ကြရပါတယ်။
အစားသောက်ရှောင်ကြရပါတယ်။ အနေအထိုင် အထိုင်အထဘယ်လောက်ကသိကအောင့်နိုင်လိုက်မလဲ။
အစားတွေစားတာများပြီးဗိုက်တင်းရင်တောင် နေရတာအဆင်မပြေပါဘူး။
အဲဒီအချိန်မှာနားလည်စာနာတတ်တဲ့ ခင်ပွန်းဆိုလျှင်တော့ ကောင်းပါတယ်။
တချို့ ကအပြင်မှာအပျော်ရှာပါ တယ်။ မွေးတဲ့အချိန်သေမင်းနဲ့စစ်ခင်းရတာနာကျင်မှုကိုအော်ဟစ်နေရလောက်အောင် ခံစားရတာမိခင် တွေပါ။
ဆေးရုံမှာအရေးပေါ်ခွဲမွေးလိုက်ရတဲ့အသိအမကြီးတစ်ယောက်ကိုလူနာသွားမေးဘူးပါတယ်။
သူ ပြောပြတဲ့ခံစားရတာတွေနာကျင်မှုတွေစိုးရိမ်မှုတွေကိုနားထောင်ရင်းကြက်သီးတောင်ထမိပါတယ်။ ကြောက် လည်းအရမ်းကြောက်သွားတယ်။
မီးဖွားရတဲ့မိခင်တစ်ယောက်ဟာအရှက်ရောအသက်ပါစတေးရတာပါ။ သူကတော့မွေးပြီးချိန်ရင်သွေးလေးကိုမြင်ရချိန်မှာတော့အားလုံးကိုခနမေ့သွားတယ်တဲ့။
မိခင်မေတ္တာပါ။ မွေး ပြီးချိန်ကလေးလေးကိုစိတ်ရှည်ရှည်ထားစောင့်ရှောက်ရတာမိခင်တွေပါ။
သားငယ်သမီးငယ်အတွက် နို့ချို တိုက်ကျွေးခဲ့ကြတာလည်းမိခင်တွေပါ။
ကလေးတယောက်လူလားမြောက်ဖို့ ဆိုတာမလွယ်တဲ့ကိစ္စပါ။
ဖခင်တွေရဲ့ ကဏ္ဍကတော့ ငွေရှာပေးမယ်။ လိုအပ်တာဖြည့်ပေးမယ်။
ဖခင်တွေဟာ ဟန်မပျက်အလုပ်တက်ရင်း အပေါင်းအသင်းတွေနဲ့သွားလာစားသောက်နေနိုင်တဲ့အချိန်မှာ မိခင်တွေမှာ အိမ်ထဲမှာကလေးတကောင်နဲ့ အလုပ်ရှုပ်နေရပါတယ်။
ဖခင်တွေကမချစ်လို့လား။ အဲလိုလည်းမဟုတ်ပါဘူး။ သဘာဝအတိုင်း ချစ်ပုံချစ်နည်းမတူကြတာပါ။
လူဆိုတာကိုယ့်အပေါ်နူးညံ့တဲ့သူ ဂရုတစိုက်ရှိတဲ့သူကိုခင်တွယ်ကြပါတယ်။
မိခင်ဆိုတာကို ကလေးငယ်တွေဟာနို့ဆို့ချိန်မှာ ကတည်းက မှတ်မိပါတယ်။
ကိုယ့်ရဲ့ဆာလောင်မှုကိုနို့ချိုအေး နဲ့ တိုက်ကျွေးပေးခဲ့တဲ့သူကို ငယ်စဉ်ကတည်းက မှတ်မိပါ တယ်။
အခုခေတ်အခါမှာ အလုပ်တဖက်နဲ့မိခင်တွေ ရှိတဲ့အခါနေ့လည်ခင်းမှာဘယ်သူပဲ ထိန်းခဲ့ပါစေ ညအမေပြန်လာတဲ့အခါကလေးတွေဟာအမေကိုသာလက်ကမ်းကြတာပါ။
မိခင်တွေဟာပင်ပန်းနေပေမယ့် ကလေးအတွက်ညဘက်မှာအချိန်ပေးရရှာပါတယ်။ ကူထိန်းပေးတဲ့ဖခင် တွေရှိပါတယ်
ဒါပေမယ့်စိတ်ရှည် နိုင်တဲ့သူနည်းပါတယ်။ ဖခင်တွေအပြင်မှာငွေရှာနေရလို့ ကလေးကို အချိန် မပေးနိုင် တာပါလို့ပြောလို့ရပေမယ့်
အပြင်မှာငွေရှာမလား
အိမ်မှာတနေကုန်ကလေးထိန်းမလား
ဆိုရင်ဘာကိုရွေးမယ်ထင်ပါသလဲ။
ကလေး ကိုထမင်းခွံ့ရတဲ့အရွယ်မှာကလေးဆော့တဲ့နောက် ထမင်းပန်းကန်ကိုင်ပြီးလိုက်နိုင် တာမိခင်တွေပါ။ စိတ် အင်မတန်ရှည်ရပါတယ်။မိခင်လုံးဝမရှိရင်တော့ဖခင်တွေလုပ်ကောင်းလုပ်ပါလိမ့်မယ်။
သဘာဝတရားအရကိုကအားလုံးဟာခွဲခြားထားပြီးသားပါ။ငွေရှာပေးနေတဲ့ဖခင်တွေကိုအပြစ်ပြောတာမ ဟုတ်ပါဘူး။
နီးစပ်မှုခြင်းကွာခြားတယ်ဆိုတာသိစေချင်တာပါ အမေကိုဘာကြောင့်ပိုရသလဲ ဆိုတော့ပိုနီးစပ်လို့ ပိုရင်းနှီးလို့ပါပဲ။
ဖခင်မေတ္တာဆိုတာကိုလည်းနားလည်ပါတယ်။ သားသမီးတော်တော်များ များဟာ အမေကိုပိုတာဟာ အဖေကိုမချစ်ဘူးလို့ပြောတာမဟုတ်ပါဘူး။
အမေကိုပိုတာပါ ပိုရုံကလေး ပိုတာပါဆိုတာလေးကိုပြောပြချင်ပါတယ်။
ဒါဟာလည်းယောက်ျားလေး၊မိန်းကလေးသဘာဝအရ ဖခင်နဲ့ မိခင် အနေအထားခြင်းမတူခဲ့လို့ နားလည်လို့ ပေးဖို့ဖခင်တွေကိုတောင်းဆိုပါရစေ။
သားသမီးတွေ ဘက်ကလည်း အမေကိုပိုသည့်တိုင်အဖေဆိုတာကိုမေ့မထားမိကြဖို့နဲ့ ဝေးနေရလို့ဖုန်းဆက်တဲ့အခါ အဖေ ကိုလည်းခေါ်ပြောပါလို့။
(အော် ငါ့နှယ် ဒီကလေးမသိပြီး သားတွေလာပြောနေပြန်ပါပြီ)
အဲဒီလိုဖြစ်သွားရင်တောင်းပန်ပါတယ်နော်။ စိတ်ထဲပြောချင်နေတာတွေချရေးမိခြင်းမျှသာလို့။
ဘာမှန်းမသိသောပို့စ်ပြီးပါပြီရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။
38 comments
shwe kyi
July 7, 2012 at 3:05 pm
အကြိမ်ကြိမ် Reload Tab ခေါ်ပြီးမှ ဒီပို့စ်တက်ပါတော့သည်။ လှထှာစာတွေကိုညီလို့။ 🙁
ရှူံးနိမ့်မှုများနဲ့.. လူ
July 7, 2012 at 3:08 pm
ဖတ်ရှူပြီးသကာလ…
မိန်းမကောင်းကြောင်းချည်းပါပဲ့လားကွယ်ရို့
shwe kyi
July 7, 2012 at 3:09 pm
စာတွေထပ်နေတယ် ဘယ်လိုဖျက်ရမလဲရှင့်။
manawphyulay
July 7, 2012 at 3:06 pm
ဒါကတော့ သူသူကိုယ်ကိုယ်ပါ ညီမလေးရေ… မိဘနှစ်ဦးကို ဘယ်သူ့ပိုချစ်လဲလို့ မေးရင် မေမေ့ကိုလို့ သားတွေကော သမီးတွေကော ပြောတတ်ကြပါတယ်။ မိဘနှစ်ပါးက အဖေထက် အမေနဲ့ နေရတဲ့အချိန်တွေက ပိုများခဲ့တာကိုး လူတိုင်းတော့မဟုတ်ပေမယ့် အားလုံးနီးပါးလို့ ဆိုရမှာပါ။ အမေဆိုတာ သားသမီးတွေရဲ့ ရင်ထဲကို ထိုးဖောက်မြင်နိုင်စွမ်းရှိတဲ့ အစွမ်းတွေကို ပိုင်ဆိုင်ထားတယ်လို့ မြင်မိထားပါတယ်။ တစ်စုံတစ်ခု တိုင်ပင်ချင်ရင်တောင် မိဘနှစ်ပါးထဲက မိခင်နဲ့ပဲ တိုင်ပင်ကြတဲ့သားသမီးတွေ အများကြီး တွေ့ဖူးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းအပ်ရင် အဖေနာမည်တပ်အပ်ရသလို အောင်လက်မှတ်တွေမှာလည်း အဖေနာမည်ကတော့ နေရာယူနေလျက်ပါ ဒီတော့ အဖေနဲ့ အမေဟာ ဘုရားနဲ့တစ်ဂိုဏ်းထဲထား သားသမီးတွေအတွက် ရှေ့ဆောင်လမ်းပြတွေပါပဲ။ ဘဝရဲ့ မီးအိမ်ရှင်ဆိုတာ မိဘကို ဆိုလိုတာလို့ ခံယူထားပါတယ်။
ko khin kha
July 7, 2012 at 3:15 pm
အမေ့ကိုပိုလို့ချစ်တဲ့ရွှေကြည်ရေ
ရေးထားဖတ်ရတာလဲ အမေဘက်ကိုပိုတယ်နော်။သားသမီးတွေအတွက် အဖေနဲ့အမေဆိုတာ အပြန်အလှန်ဆက်နွယ်တဲ့အင်အားလေးတစ်ခုပါ ကလေးစော့တဲ့နောက် ထမင်းပုဂံကိုင်လိုက်ခွံဖို့ ထမင်းဖြစ်လာမယ့် ဆန်ရှိဖို့လိုပါတယ်။ဆန်ကိုအလကားမရရင် ဝယ်ရမှာပေါ့၊ဝယ်ရမယ့် ပိုက်ဆံကို အမေကဘဲရှာရတာဆိုရင်တော့ အဖေကတာဝန်မဲ့တာလို့ပြောရပေမဲ့ ဆန်ဝယ်ရမယ့်ပိုက်ဆံကို အဖေကရှာနေရတာဆိုရင်တော့ မိသားစုအတူတကွအလုပ်ခွဲဝေလုပ်ကြတဲ့ မိသားစုလေးဖြစ်ပါတယ်။
တစ်ချို့အဖေတွေ တစ်နေ့လုံးနေပူထဲမှာ ပင်ပန်းစွာလုပ်ကိုင်ရှာဖွေရတာတွေရှိပါတယ် အဲဒီလိုအဖေတွေက အိမ်မှာကလေးထိန်းမယ်ရွေးရင် အမေတွေကအဖေလုပ်တဲ့ နေပူထဲကပင်ပန်းတဲ့အလုပ်ကိုရော သွားပြီး လုပ်နိုင်မှာလားဟင်။
ဒါကြောင့်စကားပုံလေးတစ်ခုတော့သတိရလို့ပြောပြမယ်နော် ဒူးနေရာဒူး၊ တော်နေရာတော် ဆိုလားဘဲ။
ကျွန်တော်သဘောပြောရရင်တော့ အဖေနဲ့အမေက ချစ်ရတဲ့သားသမီးဖြစ်ပြီး၊ သားသမီးတွေကလည်း အဖေရော၊အမေရော ချစ်တတ်တဲ့သူတွေဘဲ ဖြစ်စေချင်ပါတယ်။
shwe kyi
July 7, 2012 at 3:25 pm
စာတွေကရောပြီးထပ်နေတယ်ကော်နက်ရှင်ကနှိပ်စက်တယ် ပထမဆုံးဆိုတော့စမ်းတဝါးဝါးဖြစ်နေတယ်။ ဒူးနေရာဒူးတော်နေရာတော်ဆိုတာကိုလေ ရွှေကြည်နားလည်ပါတယ်။ ဒါပေမယ့် အမေကိုဘာကြောင့်ပိုလည်းဆိုရင် ရင်းနှီးမှုပိုလို့ဆိုတာကိုနားလည်ပေးစေချင်တာပါ။
မိဘမေတ္တာဆိုတာ အနှိုင်းမဲ့ပါ။ အမိရောအဖပါ အနန္တဂိုဏ်းဝင်ပါ။ဖတ်ရှုဝေဖန်ပေးလို့ကျေးဇူးပါ။
lynn lynn
July 7, 2012 at 3:15 pm
ရွှေကြည်ရေ သိပြီးသားပေမယ့် ဖတ်လို့ကောင်းပါတယ်။ ကြိုးစားပြီးဖတ်သွားပါတယ်။ ငယ်ငယ်ကတော့ အဖေကို ပိုချစ်ပြီး။ ဆယ်ကျော်သက်အရွယ်တုန်းကတော့ အမေကို အချစ်ပိုခဲပါတယ်။ အခုတော့ နှစ်ယောက်လုံးရဲ့ သဘောထားကို နားလည်တတ်နေပါပြီ။
ကိုရင်မောင်
July 7, 2012 at 3:16 pm
ဟဲ့ ရွှေကြည်ရဲ့ ညီးကလဲ ဘယ်နှစ်ခေါက်ဖတ်စေချင်လို့လဲဟင်…
ဘဘဦးသုခကြီးကိုယ်တိုင်ကတောင် တို့တွေကိုအမေလို့တောင်ခေါ်ခဲ့တယ်မို့လား
ဒါပေမဲ့အေ အိမ်ကတယောက်ကတော့ တနေ့တနေ့ သူရှာကြွေးရတယ်ဆိုပြီး..
ညနေဆိုစိန်ဗိုက်ဗိုက် တို့နဲ့ဘီယာသွားသောက်နေကြ..
ပြန်လာယင်ပြသာနာရှာနေကြ..
စိန်ဗိုက်ဗိုက်တို့ကလဲ ဘာတွေမြောက်မြောက်ပေးလဲမသိပါဘူးအေ..
ဒီနေ့ပြန်လာလို့ကတော့ ရစ်ရဲရစ်ကြည့် ..လိုက်ပို့တဲ့သူတွေပါ
ငရုတ်ကျည်ပွေ့စာကြွေးပစ်လိုက်မယ်..ဟင်…
….အားပေးသွားပါတယ် အမေရွှေကြည်လေးရေ….
shwe kyi
July 7, 2012 at 3:44 pm
ကိုရင်မောင်ရေ ပထမဆုံးတင်တာမှာစမ်းတဝါးဝါးနဲ့ ကော်နက်ရှင်ကလည်းမကောင်းပြန်ကြည့်တော့ထပ်နေတယ်။
ဘယ်လိုလုပ်ရမလဲဟင်။
အားပေးလို့ကျေးဇူးပါ။
shwe kyi
July 7, 2012 at 4:00 pm
@ မမနောရေမှန်လိုက်တာ ဘဝရဲ့မီးအိမ်ရှင်တွေပါ။
@ ရှူံးနိမ့်မှုများနဲ့.. လူဖတ်ပေးရုံနဲ့ကျေးဇူးပါ။
@ lynn lynn ကြိုးစားပမ်းစားဖတ်ပေးလို့ကျေးဇူးပါနော်။
ဒီလောက်ရှုပ်အောင်တင်ထားတာကိုကြိုစားဖတ်ပေးကြသူများကျေးဇူးကမ္ဘာပါ။
surmi
July 7, 2012 at 4:01 pm
အဟမ်း းးး
ကြော်ငြာပါဝင်သွားသလားလို ့
ပထမဆုံးအနေနဲ ့တာထွက်လှပါတယ်
ဦးဦးပါလေရာ
July 7, 2012 at 4:53 pm
ကျုပ်ထင်တာဝင်ပြောဦးမယ်
မိခင်နဲ့ ဖခင် မှာလဲ
သားသမီးကိုချစ်ရာမှာ
အများအားဖြင့်တော့ မိခင်က ပိုပုံရပါတယ်….။
အနည်းဆုံး ပိုသည်းတယ် ထင်တာပဲ…. 🙂
amatmin
July 7, 2012 at 5:01 pm
ကျနော် ထင်တာတော့
အဖေလုပ်သူတွေက..
ချစ်ပြတဲ့နေရာမှာ..အားနည်းတယ်ထင်ပ.
ထင်ရုံပါပဲ..မဝေဖန်ပါဘူး. 🙂
မရွှေကြည်ရေ..ပထမဆုံးပို့စ်မှာ.
စာတွေ ကသိကအောက်ဖြစ်ပေမဲ့..
နောက်ပိုင်း အဆင်ချောလာမှာပါ..
shwe kyi
July 7, 2012 at 5:50 pm
ကိုအမတ် မူးသွားပြီလား ကျေးဇူးပါရှင့်။
Inz@ghi
July 7, 2012 at 5:15 pm
ဘာတွေတုန်း.
မိန်းမကောင်းကြောင်းတွေချည်းပါလား
အင်း
ယောက်ျားမရတာလည်းမပြောနဲ့
အဲ့. သည်လိုတွေတွေးလို့လည်း ယောက်ျားမရသလား မဆိုနိုင်
အင်း ယောက်ျား ရပြီးရင်တော့ ကိုယ့် စာကိုယ် ပြန်ဖတ်မိရင်
ဘယ်လိုတွေးမယ် ဆိုတာလေး သိချင်သား
မပြောကောင်း မဆိုကောင်း ယောက်ျားများ ရခဲ့ရင်ပေါ့လေ.
ခုခိခုခိ
နောက်တာ ပါ
အားပေးသွားပါကြောင်း
ခင်တဲ့
Foreign Resident
July 7, 2012 at 5:26 pm
ကဲ ကဲ အကဲဆတ်လှတဲ့ ၊ ရွာသူားကြီးတွေ ၊ မှတ်ပလား ။
အသစ်လေးတွေ စာလုံး ၃၀ဝ မပြည့်ရင် ဆူမှာစိုးလို့ ၊
အခု ၊ အသစ်လေး က ရေးပြသွားတာ ၊ ဖတ်မနိုင်ပဲ ။ 😛
သမီး shwe kyi ရယ် ၊
စာပိုဒ်လေးတော့ ခွဲပါအုန်း ။
ဖတ်ရတာ မျက်လုံးတောင် ပြာလာပြီ ။ :p
shwe kyi
July 7, 2012 at 5:39 pm
အဘဖောရေ ရွှေကြည်အားနာရပါတယ်။ နောက်ကိုစဉ်ခြင်ပါ့မယ်။ ကျေးဇူးပါနော်။
စိန်ဗိုက်ဗိုက်
July 7, 2012 at 5:39 pm
နှစ်ငါးဆယ်လောက် ခွဲခွါခဲ့ရတဲ့ ငယ်ပေါင်းတွေ ပြန်တွေ ့ကြသလိုပဲ ..အားရပါးရကို ရင်ဖွင့်နေတာ
မှတ်ကရော..မှတ်ကရောပဲ.. 😀
shwe kyi
July 7, 2012 at 5:48 pm
(ယောက်ျားလေးဖြစ်လို့လည်း မိန်းကလေးမကောင်းကြောင်းပဲပြောနေစရာမလိုပါဘူး။ မိန်းကလေးတွေလည်းထိုနည်း၎င်းပါပဲ။ ယောက်ျား လေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် မကောင်းတဲ့သူဟာ မကောင်းကိုမကောင်းပါဘူး စိတ်ဓါတ်ပဲအဓိကပါ။)
အဲလိုလေးရွှေကြည်ယူဆပါတယ်။ ရေးလည်းထားတယ်လေ ရှုပ်နေလို့မတွေ့ကြဘူးထင်တယ်နော်။
ရွှေကြည်ယောက်ျားမကောင်းကြောင်းမပြောရပါဘူး။ ရွှေကြည်ကလေမိခင်တွေကိုကိုယ်ချင်းစာပြီးရေးထားတာပါ။ ရွှေကြည်သူငယ်ချင်းတွေအိမ်ထောင်ကျပါတယ် ယောက်ျားလေးပါ။ သူကအပြင်မှာရောက်နေချိန်မှာအိမ်ကမိန်းမကိုညာပါတယ် အလုပ်မှာတဲ့ အိုတီတဲ့ ကလေးက အခုမှ 7 လပါ။
မိန်းမကယုံရှာပါတယ်။ ရွှေကြည်တို့သူငယ်ချင်းတွေရှေ့မှာညာတာပါ။ နောက်တဦး ရုံးကအစ်ကိုကြီးပါ ခွင့်တရက်ယူပါတယ် ပျင်းလို့ဆိုပြီး ညနေဆိုဒ်ကိုသွားပါတယ်။ အိမ်မှာက ကလေးနဲ့မိန်းမရှိပါတယ်။ ကလေးက1 နှစ်ကျော်ပါ။ ကလေးကိုချစ်ပါတယ် အိမ်မှာနေရတာပျင်းတယ်တဲ့။ မိန်းမကတော့ အလုပ်ထွက်ပြီးကလေးနဲ့တနေကုန်နေရတာပါ။ အဲလိုစရိုက်လေးတွေမတူကြတာလေးတွေတွေ့ရပါတယ် ဒါကအပြစ်မဟုတ်ပါဘူးသဘာဝပါ။ ရွှေကြည်ဒါကိုနားလည်ပါတယ်လို့။ အပြန်အလှန်နားလည်မှုနဲ့ပဲလောကကြီးမှာ အငြင်းမပွါးစေချင်တာပါ။
snow white
July 7, 2012 at 5:52 pm
မမ shwe kyi ရယ်စနိုးလည်း အမေကိုပိုလို့ချစ်တဲ့သမီးထဲမှာပါတယ် ခုချိန်ထိလည်း အမေကို ပိုလို့ချစ်တုံးပါဘဲ ဒါပေမယ့် အဖေကလည်း အရေးကြီးဆုံးဆိုတာ နားလည်လာတယ် အဖမရှိရင်စနိုးတို့ဘဝ ကခုလိုအေးဆေးနဲ့ကျောင်းပညာလည်းပြီးမြောက်မယ်မထင်ဘူး စနိုးခုတော့နားလည်သွားပြီ အဖေကောအမေကော ကသားသမီးတိုင်းကို တန်းတူ ချစ်ပါတယ် …
shwe kyi
July 7, 2012 at 5:58 pm
မှန်ပါတယ်စနိုးရယ် အစ်မကလေအမေ့ကိုပိုချစ်တာပြင်လို့ကိုမရဘူး။ ဒါပေမယ့် အဖေ့ကိုလည်းချစ်တာပါပဲ။ မချစ်မဟုတ်ပါဘူး။ ဖတ်ပေးလို့ ကျေးကျေးပါနှင်းဖြူလေးရယ်။
shwe kyi
July 7, 2012 at 5:53 pm
ဦးဦးပါလေရာ၊ ကိုဂီ၊ အူးဗိုက် လွန်စွာကျေးဇူးတင်ရှိပါကြောင်း။ မူးသွားရင်သံပုရာရည်တိုုက်မယ်နော်။
စိန်ဗိုက်ဗိုက်
July 7, 2012 at 6:05 pm
ချွင်းချက်အနေနဲ ့ အထူးမိုက်တဲ့ အူးဗိုက်ကိုတော့ ဘီအီးတိုက်ပါကွယ်..
htoosan
July 7, 2012 at 5:58 pm
တောက်စ် လာတာ နောက်ကျသွားတယ် ..သံပုရာရည် လွတ်သွားပြီ…
shwe kyi
July 7, 2012 at 6:19 pm
ကို ဆာမိရေ ရွှေကြည်မျက်စိသျှမ်းသွားတယ် ဆောရီးပါ။ ကြော်ငြာရတာပေါ့ ဒါမှ မျှော်လင့်ချက်လေးများရှိမလားလို့ 🙂
နောက်တာပါရှင် ရွှေကြည်ကို ငယ်သေးတယ်ထင်မှာစိုးလို့ ပြောတာပါ။
ရွှေကြည်အရေးအသားတွေကမရင့်ကျက်သေးလို့လေ။ အားပေးတာကျေးဇူးပါနော်။
ကိုထူးဆန်းရေ ကုန်ပြီတော့ ရှိတော့ဘူး။ မနက်ဖြန်အတွက် အလုပ်တွေများနေပြီလား။
blackchaw
July 7, 2012 at 6:30 pm
ပထမဆုံးပို့စ်လေးကို အားပေးသွားပါတယ်ရွှေကြည်ရေ..။
FR ကြီးပြောသလို စာပိုဒ်လေးတော့ ခွဲရေးပါ သမီးရေ..။
ဘဘတို့ က အသက်ကြီးပြီကွယ်..။
ဟီး..
ဝမ်းတွင်းရူး
July 7, 2012 at 6:33 pm
ကျနော့်အတွေး အမြင်သိထားတာတွေကို လက်တွေ ့ပြောဖို ့ခက်ပေမယ့်
စိတ်ရှည်သီးခံတဲ့နေရာမှာ ယောကျာ်းများကို အမျိုးသမီးတို ့မှီမည်မထင်ပါ။
ဥပမာ-ရုတ်တရက် ဆုံးဖြတ်ချက်ချရမည့် ပြဿနာလိုမျိုးမှာ ယောကျာ်းများ
ကပို၍ တိကျမှန်ကန်သော ယတိပြတ်ဆုံးဖြတ်ချက်ချနိုင်လိမ့်မည်။
အလင်းဆက်
July 7, 2012 at 6:51 pm
မိခင် တစ်ယောက်ရဲ ့မေတ္တာက…Unconditional love တဲ ့.။
ဘယ်လို အခြေအနေ ပဲ.ဖြစ်ဖြစ်..မပြောင်းလဲတဲ ့မေတ္တာ.. တဲ ့.။
သားသမီး..ဘယ် လို အခြေအနေရောက်ရောက်…ချစ်မြဲ.ချစ်လျက်.. ။ အနစ်နာ ခံမြဲ.ခံလျက်ပဲ..တဲ ့။
ဖခင်ရဲ ့မေတ္တာ ကျတော့. Conditional love တဲ ့.။
သားသမီးရဲ ့အခြေအနေနဲ ့ အပြုအမူပေါ် မှာ မူတည်ပြီး..
ပြောင်းလဲ ချစ်တဲ ့အချစ်.ဖြစ်နေတယ်..တဲ ့ ။
စိတ်ပညာ စာအုပ် တစ်အုပ် မှာ ဖတ်ခဲ့ဖူးတယ် ။
ကျွန်တော်ကိုယ် တိုင်လည်း.. မိခင်ရဲ ့အချစ်ကို..ပိုပြီး..လေးစားမိပါတယ် ။
အထက် အဆိုက…သေချာ တိကျ တယ်..ရယ်တော့ မထင်ပါဘူး။ လောက မှာ…
သားသမိးကို တုနှိုင်းမမီအောင်..ချစ် နိုင်တဲ ့ အဖေ တွေ လည်း.ရှိမှာပါ..။
မိခင် မေတ္တာ…ကို အမှတ်တရ..ဖော်ကျူး.ပြတဲ ့အတွက်….
ရွှေကြည့်ကို…လေးစားစွာ..ကျေးဇူးတင်မိပါတယ် ။
နောက် များ မှာလည်း… စာတွေ များများရေးပါဦး..လို ့ .။
ခင်မင်သော…
အရီးခင်လတ်
July 7, 2012 at 8:20 pm
အမေ့ ကို အချစ် ပိုတဲ့ ရွှေကြည် ရေ
စိတ်ရှည်လက်ရှည် နဲ့ အတွေးတွေ အများကြီး နဲ့ ရေးထားတဲ့ စာလေး ကို အရီး လဲ အားပါးတရ ဝင် အားပေးသွားပါတယ်။
သမီး သတိပေးသလို ဘဲ အဖေ့ ကို လဲ ဖုန်းစကားပြောပါတယ်။
၇၅% ကတော့ အမေ နဲ့ပေါ့။
ကြည့်ရတာ သားသမီး တွေ က မိခင် နဲ့ နီးကြတာ အများစု ထင်ပါတယ်။ သဘာဝ က ဘဲ ဖန်တီးပေးကဲ့တာ ထင်ပါရဲ့။
တစ်ချို့လဲ အဖေ့ ကို ပိုချစ်ကြတာလဲ ရှိကြပါတယ်။
တစ်ချို့က တော့ အတူတူ တဲ့။
ချစ်တာ နဲ့ အတင်း အလိုလိုက်တာ။ ချစ်တာ နဲ့ အတင်းချုပ်ချယ်တာ နှစ်ခုကြား မှာ သားသမီး တွေ ဘက်လိုက် ကုန်တာလဲ ပါမှာ။ 😀
အားပေးပါတယ် သမီးရေ။
ဆက်ရေးပါ။ 🙂
လူ ဟား
July 7, 2012 at 8:33 pm
ကောင်းတယ်ဗျာ.. ကောင်းတယ်.. မျှမျှတတ ရှိပါလေရဲ့… အသေးစိတ်တွေးပြီး ချယ်မုံးသွားတာကြောင့် ဇဝေဇဝါလေးပဲ ကျန်ခဲ့ပါတယ်ဗျာ…။။
မောင်ပေ
July 7, 2012 at 8:37 pm
ဘာမှန်းမသိသော ပို ့စ် လို ့တော့ မပြောပါနဲ ့ရွှေကြည်ရယ်
အခုတော့ မောင်ပေ လဲ သိ ၊ ဂေဇက်လာစာဖတ်သူတွေ နဲ ့ဂေဇက်က ရွာသူားတွေ အကုန်လုံးလဲ သိသွားကြပါပြီ ။
MaMa
July 7, 2012 at 8:56 pm
ရွှေကြည်ရေ-
မိဘနှစ်ပါးစလုံးက အရေးကြီးပါတယ်။
မိကောင်းဖကောင်းနဲ့ တွေ့မှသာ လှပတဲ့ဘဝကိုရနိုင်ပါတယ်။
အမေဘယ်လောက်ပဲ ကောင်းကောင်း အဖေတာဝန်မကျေပွန်ရင် အိမ်ထောင်စု မသာယာနိုင်သလို
အဖေဘယ်လောက်ပဲ တော်တော် အမေဝတ္တရားပျက်ကွက်ရင်လည်း မိသားစုဟာ မချမ်းမြေ့နိုင်ပါဘူး။
ကိုယ့်အတွက်တော့ အဖေဟာ စံပြဖခင်ကောင်းတစ်ယောက်ဖြစ်ခဲ့သလို ….
အမေဟာလည်း မိသားစုအတွက် ချမ်းမြေ့မှုကိုပေးတဲ့ မိခင်ကောင်းတစ်ယောက်မို့…
အဖေနဲ့အမေ ဘယ်သူ့ကို ပိုချစ်သလဲ ဆိုတဲ့ မေးခွန်းကို မုန်းတယ်။ 🙁
ဝင့်ပြုံးမြင့်
July 8, 2012 at 2:27 am
ညီမရွှေကြည်ရေ
သားသမီးနေရာက မဟုတ်ဘဲ အိမ်ထောင်ရှင်မ နေရာကနေ ပြောကြည့်မယ်နော်။ သဘာဝမတူတဲ့ လူနှစ်ယောက် အိမ်ထောင်ပြုကြတယ်ဆိုတာ နွားကို ထွန်တုံးတပ်ပြီး လယ်သမားက လယ်ထွန်ရသလိုပါပဲ။ နွားလည်းမော၊ လယ်သမားလည်းမော။ နွားကိုထိန်းရတဲ့ လယ်သမားက ပိုတော်ဖို့တော့ လိုတာပေါ့နော်။ နွားမရှိရင်တော့ ထွန်တုံးကို ဆွဲဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ဘူး။ လယ်သမားနဲ့ နွားနဲ့ လယ်သမားကပိုတော်တာပေါ့နော်။ အဲ ဒါပေမယ့် ခိုင်းစားစရာ နွားတစ်ကောင်မှ မရှိရင်တော့ လယ်သမားက ပိုညံ့တာပေါ့နော်။ (ရွာသားတွေရေ … ယောက်ျားတွေကို နွားနဲ့နှိုင်းတာ မဟုတ်ပါဘူး။ သဘောလေးပြောတာပါ ..ဟီး)
စာကြွင်း ။ ။ အပေါ်က ဝမ်းတွင်းရူးပြောစကားကို ထောက်ခံပါ၏
Foreign Resident
July 8, 2012 at 3:05 am
” သဘာဝမတူတဲ့ လူနှစ်ယောက် အိမ်ထောင်ပြုကြတယ်ဆိုတာ
နွားကို ထွန်တုံးတပ်ပြီး လယ်သမားက လယ်ထွန်ရသလိုပါပဲ။
နွားလည်းမော၊ လယ်သမားလည်းမော။
နွားကိုထိန်းရတဲ့ လယ်သမားက ပိုတော်ဖို့တော့ လိုတာပေါ့နော်။
နွားမရှိရင်တော့ ထွန်တုံးကို ဆွဲဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ဘူး။
လယ်သမားနဲ့ နွားနဲ့ လယ်သမားကပိုတော်တာပေါ့နော်။
အဲ ဒါပေမယ့် ခိုင်းစားစရာ နွားတစ်ကောင်မှ မရှိရင်တော့ ၊ လယ်သမားက ပိုညံ့တာပေါ့နော်
(ရွာသားတွေရေ … ယောက်ျားတွေကို နွားနဲ့နှိုင်းတာ မဟုတ်ပါဘူး။
သဘောလေးပြောတာပါ ..ဟီး) ”
အင်းးးးး မိန်းမတွေရဲ့ ယောက်ကျားတွေ အပေါ်ထားတဲ့ သဘောထားက ၊
တော်တော် ပြတ်သားတာပဲ ။
မှန်တာပြောရရင် ၊ အဲဒါတွေကို သိလို့ ၊
ကိုယ်က လုပ်ကြွေး ရမယ့် မိန်းမမျိုးကို ၊
လက်ထပ်ယူဖို့အထိ အဘ စိတ်မဝင်စားတာ ။
ကိုယ်ကလည်း လုပ်ကြွေး ရဦးမယ် ၊
အဲဒီလိုလဲ အပြောခံရဦးမယ် ဆိုရင်တော့ ၊
သေပြီ ဆရာပဲ ။
မှန်တာပြောရရင် ၊
ပြောတဲ့ မိန်းမတွေကို အပြစ်တင်စရာ မရှိပါဘူးကွယ် ။
အဲလို အပြောခံရလောက်အောင် နွားကျတဲ့ ၊
ယောက်ျားထုကြီးကိုပဲ အပြစ်တင်သင့်တာ ။
နာမည်လေးပြောင်းလိုက်ရအောင် ၊ ယောက်နွား လို့ ။
မဆိုးပါဘူး ။ ခေါ်လို့ ၊ ကြားလို့ ကောင်းသားပဲ ။
ယောက်နွား ၊ ယောက်နွား ၊ ယောက်နွား ။ 😛
ရှင်းသန့် နွယ်
July 8, 2012 at 10:24 am
အားပေးသွားပါတယ်မမရေ
ရှင်းသန့်ကတော့ဘယ်သူ့ကိုပိုချစ်တယ်လို့မရှိပါဘူး
ဖေဖေ နဲ့ မေမေ ကိုအတူတူချစ်တာပါပဲ.. ဒါပေမယ့်
မမပြောသလိုပဲ မေမေကို ပိုရင်းနှီးတော့
ပိုချစ်တယ်ထင်မှာပေါ့….နော်
shwe kyi
July 9, 2012 at 9:54 am
ဦးဘလက်၊ ဝမ်းတွင်းရူး၊ ကိုအလင်းဆက်၊ ရွှေကြည်ချစ်ရတဲ့ အရီးလတ်၊ လူဟား၊ ဘော်ဒါကြီး အူးပေ၊ မမ၊ ဆရာမပြုံး၊ မရှင်းသန့်နွယ် အားလုံးကို အခုလိုဆွေးနွေးပေးတဲ့အတွက်ကျေးဇူးပါ။ အားလုံးရဲ့ မန့်တွေကို
အလေးအနက်ထားပြီးဖတ်သွားပါတယ်။ စဉ်းစားပါတယ်။ ထပ်ဆင့်ပြီးကျေးဇူးပါ အတွေးသစ်တွေရသွားပါတယ်။ ပို့စ်ကိုပြင်ပေးတဲ့ admin ကိုလည်းကျေးဇူးပါ။
mamanoyar
July 9, 2012 at 10:18 am
မှန်တယ်အစ်မရေ
မေမေတွေက ဖေဖေတွေထက် သားသမီးတွေအပေါ်
ပိုဂရုစိုက်ကြတယ်။ နှစ်ယောက်လုံးကို အတူတူပဲချစ်ပါတယ်။
ဒါပေမယ့် မေမေကိုတော့ အနည်းငယ်ပိုသလိုပဲ
shwe kyi
July 9, 2012 at 11:02 am
မမနိုရာရေ အမှန်ပါပဲနော်။ ကျေးဇူးပါ။