Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပြည်သူတွေ အထိတ်တလန့်ဖြစ်နေတဲ့ကိစ္စ ကူညီကြပါအုံး

shwe tallatrJuly 8, 20121min70528

ဂေဇက်ကရွာသူရွာသား အပေါင်းတို့ခင်ဗျား
အခုတလော ရွှေတောသားတို့ နယ်တဝိုက်မှာ ရာသီဥတုနဲ့ပတ်သက်လို့
အများပြည်သူတွေအထိတ်တလန့်ဖြစ်နေတဲ့ ကိစ္စတခုကတော့ အခုလာမဲ့ july လ 15 ရက်နေ့မှာ
နေရယ် ကမ္ဘာ ရယ် အဂ`်ါဂြိုလ်ရယ် တတန်းတည်းကျပြီး ဂြိုလ်များရဲ့ဆွဲအားကြောင့် မြေငလျင်များလှုပ်ပြီး
ရေများကြီးမယ်ဆိုတဲ့ သတင်းများ ထွက်ပေါ်လျက်ရှိ့ပါတယ် ထိုသတင်းများကြောင့်တောရွာများမှာနေထိုင်ကြသော

တချို့ပြည်သူများဟာ (နာဂစ်မုန်တိုင်ဒဏ်ခံဖူးထားသောသူများပိုများပါသည်) မြို့ပေါ်သို့ပြောင်းရွှေ့လာကြပါတယ်
မြို့ပေါ်နေပြည်သများဟာလဲထိပ့်လန့် ကြောက်ရွံလျက်ရှိ့ကြပါတယ်
ဒီသတင်းနဲ့ပတ်သက်ပြီးတော့ ချေချေမြစ်မြစ် သိ့ထားသူများရှိ့ပါက တင်ပြပေးကြပါရန် နှင့် ထိတ်လန့်လျက်ရှိ့သော
သပြည်သူများအား ရှင်းပြနှစ်သိပ့်ပေးကြပါရန် မေတ္တာရပ်ခံပါသည်ခင်ဗျာ

28 comments

  • ဖိုးထောင်

    July 8, 2012 at 6:01 pm

    ဒေသမှာရှိနေတဲ့ သတ္တဝါငယ်လေးတွေကို သတိထားကြည့် ဥပမာ ပုရွက်ဆိပ်တို့ ဘာတို့ သူတို့ အနေအထိုင် အမူအကျင့်ပြောင်းရင် ရာသီဥတုကို သိသာနိုင်တယ် ဝင်ဖေါကြည့်တာနော်

  • နေ ့သစ်/ ဘဝသစ်

    July 8, 2012 at 10:06 pm

    နာဂစ်တို့ ဂီရိတို့ ဝင်မွှေတုန်းက ဦးထွန်းလွင် အိပ်ပျော်နေလားမသိဘူးနော်။

  • ဝေးလွင့်တိမ်

    July 8, 2012 at 10:21 pm

    အိပ်တာတော့မဟုတ်လောက်ဘူးထင်တယ် သူ့ခမျာ ပြောချင်နေတာ အရေးစိုက်တဲ့သူမရှိလို့မပြောပဲနေလိုက်တာဖြစ်မှာပေါ့ … 😛

  • ရွာစားကျော်

    July 8, 2012 at 10:46 pm

    သတိတော့ မလစ်စေနဲ့ပေါ့..
    ရာသီဥတုက အတိအကျပြောလို့ရတာ မဟုတ်
    ပညာရှင်တွေလည်း ခန့်မှန်းတာလောက်၊ ခန့်မှန်းရသလောက် ပြောပေးနေကြတာပဲ
    မိုးလေဝသ ရေဒီယိုသတင်း မပြတ်နားထောင်ကြပါ

  • ပုရွက်ဆိတ်အုံ အမြင့်တက်လာရင်
    ကျီးပြိုရင်
    ငှက်သိုက်ပြောင်းရင် ပြေးသာပြေးပေတော့

    • P chogyi

      July 9, 2012 at 8:34 am

      တန်းပေါ် သကြားလုံးတင်ထားမိတော့
      ပုရွတ်ဆိတ်က အမြင့်တက်လာတယ်
      ကျီးတွေကခဏခဏပြိုပြီး၊ ငှက်တွေအသိုက်ပြောင်းတာတော့
      လေးဂွသမားတွေ လက်သရမ်းလို့ပါ။

    • snow white

      July 9, 2012 at 5:31 pm

      လေးလေးပေါက် မှတ်သားသွားတယ်နော် အဲ့ဒါတကယ့်အဖြစ်ဘဲလားတော့မသိပေမယ့်မှတ်သားသင့်တယ် ထင်တယ် “ပုရွက်ဆိတ်အုံ အမြင့်တက်လာရင်
      ကျီးပြိုရင်
      ငှက်သိုက်ပြောင်းရင် ပြေးသာပြေးပေတော့” ကူးယူသွားတယ် စာနဲ့ကိုမှတ်ထားတယ် လေးလေးပေါက် …

  • ဇောက် ထိုး

    July 9, 2012 at 6:15 am

    သတိဆိုတာ ပိုတယ်မရှိဘူးလို့တော့ ပြောကြတာပဲ။

  • Gipsy

    July 9, 2012 at 8:21 am

    အင်း….
    လောလောဆယ်တော့ ပွက်ဆိပ်လေးတွေက ပုံမှန် အနေအထားပဲ ရှိနေပါသေး၏…
    သတိထား၍ စောင့်ကြည့်ရပါတော့မည်….။

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 9, 2012 at 9:58 am

    အဲ့ဒါက မြန်မာ့ရုပ်သံလိုင်းတွေကို တိုက်ရိုက်ဖုံးဆက်ပြီး အကူညီတောင်းသင့်တယ်လို့ထင်ပါတယ်
    သတင်းတွေကနေ ကြေငြာပေးရမယ့်သဘောစိဘာဒယ်
    ပြည်သူများခင်ဗျား ဘာမှမကြောက်ကြပါနဲ့

  • ကြောင်ကြီး

    July 9, 2012 at 10:16 am

    ခုမဖြစ်သေးဘူး..နောက်လမှ ဖြစ်မှာပါ….။

  • ရှင်းသန့် နွယ်

    July 9, 2012 at 10:36 am

    ဟုတ်ချင်လဲဟုတ်မယ်
    မဟုတ်ချင်လဲမဟုတ်ဘူးးးးးး
    သတိလေးတော့ထားနေရင်ကောင်းတာပေါ့

  • etone

    July 9, 2012 at 11:00 am

    ကောလာဟာလလို့ ထင်မိတာပါပဲ… မြေငလျှင် လုပ်ခတ်မယ့်သတင်းက .. ကြိုမှန်းလို့ မရတတ်ဘူး … ရေကြီးတာလည်း ..နောက်ဆက်တွဲအခြေနေမို့ … ကြိုပြောမရပါဘူး … ။
    ဖြစ်မှသာ လွတ်သလို ပြေးတာ .. အကောင်းဆုံးပါ … ။ မိုးပြိုမှာ တွေးကြောက်နေလို့ကတော့ .. နှစ်ခါသေရသလိုပါပဲ … ။

  • ဘဲဥ

    July 9, 2012 at 11:08 am

    ကိုယ်တစ်ယောက်ထဲမှမဟုတ်တာ
    ဖြစ်ရင်လည်း အဖော်တွေအများကြီးနဲ့ ပျော်စရာကြီးပါ……….
    (ပြောချင်တာပြောပီး ပုန်းဖို့နေရာကြိုရှာထားမှပါလေ :mrgreen: )

  • ကိုရင်မောင်

    July 9, 2012 at 11:10 am

    အော်…ဒါကမြန်မာပြည်ရဲ့ကောလဟာလ
    2012ဒီဇင်ဘာ21 ရက်ကတကမာ္ဘလုံးရဲ့ကောလဟာလ….
    လူတွေဆိုတာကလဲ ခံရဘူးယင် နောက်ထပ်ခံရမှာကြောက်ကြတာကို
    အပြစ်ပြောစရာမရှိပါဘူး ဒါပေမဲ့ အီတုန်ပြောသလို့ ဘာမှမဖြစ်သေးဘဲတွေး ကြောက်နေလို့ကတော့
    နှစ်ခါသေရသလို့ဖြစ်နေပါအုံးမယ်….

  • kai

    July 9, 2012 at 12:47 pm

    ဘယ်သူတွေပြောတာလည်း.. သေသေချာချာစုံစမ်း..
    ဘုန်းကြီး.. ဘိုးတော်.. ၁ဝတန်းမအောင်သူတွေပြောတာဆို.. ဟတ်ချိုး၃ခါလုပ်..
    ပြီးရင်.. ပုံမှန်အတိုင်းအလုပ်ဆက်လုပ်…။

    အီးမေလ်းကသိတာဆို..
    အာဟိ..၂ခါအော်..
    ပြီးရင်.. ပုံမှန်အတိုင်းအလုပ်ဆက်လုပ်…။

    ဘယ်သူပြောမှန်းကိုမသိတာဆို..
    ကွိကွိ.. ၁ခါအော်
    ပြီးရင်.. ပုံမှန်အတိုင်းအလုပ်ဆက်လုပ်…။

    ဂိုဂယ်သတင်းထဲသွားကြည့်..
    ဇူလိုင်၁၅နဲ့သတင်းတင်ထားတယ်ဆို..
    အထုတ်ထမ်းပြီး.. မြို့ကိုပြေးပေတော့.. 🙂

  • Inz@ghi

    July 9, 2012 at 12:59 pm

    ဟံမာမင်း
    ၁၅ရက်နေ့ဆိုပဲ ….
    ဖြစ်နိုင်တယ် သဂျီးရဲ့ .. ၁၆ရက်နေ့က အနီရက် 海の日
    ဆိုပဲ …. မြစ်ဝကျွန်းပေါ်မှာတော့ တယောက်တည်း အသေမခံနိုင်ဘူး
    သေချင်းသေ …မြို့ကြီးပြကြီးပေါ်မှာပဲ မြန်မာစာလေး စားရင်း…
    ပျော်ပျော်ကြီး သေပွဲဝင်တော့မယ် ..သွပ်သွပ် …
    လာခဲ့ပီ …အကျိရေ….သောကြာည ကားနဲ့…
    😀

  • Phaung Phaung

    July 9, 2012 at 2:15 pm

    15 ရက်နေ့က Sunday ဆိုတော့ တော်သေးတယ်… အိမ်မှာပဲမိသားစုနဲ့တူတူနေတော့မယ်…. လျှောက် သွားတော့ဝူး…. ကြောက်လို့……….. 🙁

  • Thu Wai

    July 9, 2012 at 3:09 pm

    ဟယ် အဲဒီနေ့ ကျရင် မိုးယုစံ ကို လျှောက်လည်ဖို့ ဆိုပြီး ကတိပေးထားတာ ဖျက်လိုက်ရတော့မှာလားဟင်။

    • Thu Wai

      July 9, 2012 at 3:15 pm

      အဲမေ့သွားလို့ bobby soxer နဲ့ လဲ ညနေပိုင်းမှာချိန်းထားသေးတယ်
      အဲဒါကိုတော့ မဖျက်တော့ပါဘူး တော်ကြာ တစ်တီတူးတွေ မိုးပြိုမှာကြောက်သလိုဖြစ်နေအုံးမယ်။

  • first last

    July 9, 2012 at 3:42 pm

    Weather report auto answer phone 01-667766.

  • နှင်းဆီ ငုံ

    July 9, 2012 at 5:15 pm

    သူကြီးပြောတဲ့အတိုင်းသာ သေချာဂရုစိုက်ပြီး လုပ်ပေတော့ ကိုရွှေတောသားရေ …. အားလုံးသော သတ္တဝါတွေ ဘေးရန်ကင်းရှင်းကြစေဖို့ ဆုတောင်းပါတယ် …

  • အလင်းဆက်

    July 9, 2012 at 7:25 pm

    သူကြိးေ၇…
    ကွိကွိ တစ်ခါ အော်သွားတယ်….

    ဒါပေမယ့်..သတင်း မှန်လား..ဘာလားတော့ သေချာ သိချင်တယ် ။ သတင်းရရင် တင်ပြပါဦး..ဗျို ့။

  • ဘရားသား

    July 9, 2012 at 9:40 pm

    ခပ်တည်တည်နဲ့ အသာဖြီးလိုက်မယ်
    မကြာမှီ လာမည် မျှော် ( သတင်း )

  • nature

    July 9, 2012 at 9:52 pm

    ဘယ်သူပြောလဲဆိုတာသေသေချာချာစုံစမ်း။ သူကြီးပြောရင်တော့ ဒန်တန်တန် ၃ကြိမ်အော်ပြီး ရွာ၃ပတ်ပြေး။ 🙂
    ဘယ်သူပြောလဲဆိုတာမှန်ကန်စွာသိဖို့လိုပါတယ်။ သိမှသူဟာဘယ်လိုလူလဲ ဘယ်လိုသဘောနဲ့ပြောတာလဲ ဆိုတာမှန်းဆနိုင်မှာဖြစ်ပါတယ်။ ဥသျှစ်သီးကြွေကျတာကို မြေပြိုတယ်ဆိုပြီး ဝရုန်းသုန်းကားထွက်ပြေးကြတဲ့ ယုန်သူငယ်လိုအဖြစ်မျိုးလည်း ဖြစ်မှာစိုးမိပါတယ်။ ငလျှင်လှုပ်မယ်ဆိုတာကိုကြိုတင်မှန်းဆခက်ပေမဲ့ မိုးရွာမယ် ရေကြီးမယ် မုန်တိုင်းတိုက်မယ်ဆိုတာတွေကတော့မြန်မာနဲ့ကမ္ဘာ့မိုးလေဝသဌာနက အနီးစပ်ဆုံးမှန်းဆနိုင်ပါလိမ့်မယ်။
    အကောင်းဆုံးအကာအကွယ်ကတော့သီလကို မကျိုးမပေါက်မပြောက်မကျားရအောင် ယုံကြည်မှုအပြည့်ဖြင့် လုံခြုံစွာစောင့်ခြင်းဖြင့် ကြုံတွေ့ရမဲ့ဆင်းရဲဒုက္ခများမှ သက်သာစေနိုင်ပါတယ်။

  • kyeemite

    July 10, 2012 at 8:19 am

    သဂျီးစကားနားထောင်ပြီး…
    ဟတ်ချိုး၃ခါ..
    အာဟိ..၂ခါ…
    ကွိကွိ.. ၁ခါ..
    အော်ပြီး ပြေးပီဗျို့…

Leave a Reply