သားတစ်ယောက် ၏ လိုအပ်ချက်
March ..လ . 7 ရက်…
ကားပေါ်မှ ဖုတ်ခနဲ..ခုန် ဆင်းလိုက်သည်နှင့် တပြိုင်နက်…
ကျွန်တော့် ခန္ဒာကိုယ်ထဲကို ခွန်အား တစ်ခုခု စီး ဝင်လာသည် ။
မနက်ဖြန်ဆိုလျှင် ဖေဖေရှိသော ကျွန်းကလေးဆီ ရောက် ပြီ..။
တောင်ကုတ်မြို ့သည် ကျွန်တော် နှင့် သိပ်..စိမ်း မနေပါ ။
ပြီးတော့…. အေးချမ်း ငြိမ် သက်သော…ဤမြို ့ကလေးကို..ကျွန်တော် သဘောကျသည်
။
တောင်တန်းကြီးတွေ…၊ မြစ်..၊ ချောင်း..၊ ပင်လယ် တွေ…ကြားမှ ဤမြိုူ
့ကလေးသည်…ကျွန်တော် ချစ်သော ဖေဖေ ရှိရာ.ကျွန်းကလေးဆီ သွားဖို ့….
ကြားခံ နယ်မြေ ပင် ဖြစ်သည် ။
ကျွန်တော် ငယ်စဉ်က ဤ ့မြို ့ကလေး၏ အစွန် တွင်ရှိသော..သလိန်ပြင်
ရွာကလေးတွင် ( ၁ ) နှစ် တိတိ နေထိုင်ခဲ့ဖူးသည် ။
သည်ကနေ ့ ည တွင်လည်း…
ကျွန်းဆီ သွားဖို ့…စက်လှေများ…မရှိတော့သောကြောင့်…
သလိန်ပြင်ရွာမှ ဖေဖေ့အမျိုးတွေ ဆီမှာ တစ်ည တည်းခိုပြီး…
မနက်ဖြန်မှ…. ကျွန်းတွေ ဆီမှ တက်လာသော..စက်လှေ ဖြင့်
ပြန်လိုက်သွားရတော့မည်..။
( ဖေဖေ ရေ….. ၊ ဖေဖေ့ကို တွေ ့ချင် လွန်းလို့ …၊
ပြီူးတော့….ဖေဖေ့ကို မေးခွန်း တစ်ခု လည်း…မေးချင်လွန်းလို ့…
သား…… လာခဲ့ပြီ..။ )
________________________________
March . လ 8 .ရက်..
တောင်ကုတ်မြို ့ ၏ စက်လှေ ဆိပ်သည်….( ကျွန်းတွေ ဆီမှ တက်လာသော )
စက်လှေပေါင်းများစွားဖြင့်..စည်ကား လွန်းနေပါသည် ။
ဆိပ်ကမ်း အနီးမှ ဈေးကြီးသည် လည်း….ထို စက်လှေများ နှင့် လိုက်ပါ
လာသော..ကျွန်းပေါင်းစုံးမှ လူများ…ကြောင့်… ပိုမို စည်ကားလျက်..။
မကြားရတာ ( ၃ )နှစ်ရှိပြီဖြစ်သော..ရခိုင် စကားသံကို….ကြားရပြီ..။
ပန်းတင်ကျွန်း ( ဒေသ အခေါ်….ဗဒင်းကျွန်း )ကို သွားမည့်.. အမိုးပါသော
စက်လှေပေါ်..
တက်လိုက်သည်နှင့်..မျက်ရည်က အလိုလို ဝဲ..တက်လာသည် ။
တကယ်ဆို……. ဖေဖေနဲ ့သားတို ့….၊ ဒီလောက် ဝေးကွာ….မနေ
သင့်ပါဘူး..ဖေဖေရယ်….။
ဖေဖေ ရှာဖွေ ..ပေးခဲ ့တဲ ့ စည်းစိမ် ဥစ္စာ တွေ..၊ အဲဒါတွေ… ထားရစ်
ခဲ့ရုံနဲ ့…
သားတို ့ရဲ ့ ဘဝ က လိုအပ်ချက်တွေ မရှိတော့ဘူး…လို ့ ဖေဖေ
..ထင်ခဲ့သလား..။
ပစ် ပယ်.ပြီး..အဝေးကို ထွက်သွားရလောက်အောင်ပဲ….
မေမေ့ကို မုန်းခဲ့ပြီ ပေါ့နော်….။
ရေ ကျချိန်..ဆိုလျှင် သောင် တွေ..ပေါ် နေတတ်သဖြင့်….
စက်လှေ မောင်း၍ မရပါ..။
ထို့ကြောင့်..ရေ ပြည့်ချိန်..မနက် 11 း 00 လောက်မှာ….စက်လှေ စ
..ထွက်ပါသည် ။
မနေ့ည..( March – 7 ) က….
သလိန်ပြင်ရွာမှ ဖေဖေ အမျိုုူးများ.နှင့် တွေ ့ချိန်မှာ….
ဖေဖေ ကျန်းမာကြောင်း..၊ အစစအရာရာ…အဆင်ပြေ ကြောင်းများ..ကြားသိရပါသည် ။
နောက် လေးနာရီ အတွင်းမှာ…ဗဒင်းကျွန်း…ကို ရောက်တော့မည်..။
ပန်းတင်ကျွန်း ( ဗဒင်းကျွန်း ) သည် တောင်ကုတ် မြို ့ မှ ရေမိုင် ( ရ )
မိုင် ခွဲ ခန် ့ဝေးသော..
ပင်လယ်ပြင် ထဲတွင်..ရှိသည် ..။ ကျွန်းသည်….ကုန်းမြင့်
မရှိသော..မြြေပြန့် ကျွန်း ဖြစ် ပြီး…
ကျွန်းပေါ်တွင်..ရွာပေါင်း ( ၁ဝ )ရွာ ရှိပါသည် ။
ထို ကျွန်းပေါ်ကို ..အရင် တုန်းက …..နှစ်ခေါက် ရောက် ဖူးခဲ့ပါသည် ။
ပထမ အကြိမ် ရောက် စဉ်က ..တစ်လ..၊ ဒုတိယ အကြိမ်ရောက်စဉ်က တော့….သုံ့းလ
နေဖြစ် ခဲ့သည်..။
ယခု တစ်ကြိမ် မှာတော့…. ( ရန်ကုန်မှာ ကျန်ရစ် ခဲ့သော..မေမေနှင့်
လုပ်ငန်းများကို စိတ်မချသောေြာကင့်.. )
တစ်လ သာ..နေ နိုင်ပါမည်.။
ဖေဖေ နှင့် မတွေ ့ရတာ တော့ ( ၃ ) နှစ် လောက်ရှိတော့မည်.။
( ၃ ) နှစ် ဆိုသော အချိန် ကာလ သည်…သားတစ်ယောက်က .အဖေတစ်ယောက်ကို
ပြင်းပြင်းထန်ထန် လွမ်းဆွတ် တမ်းတ သတိရစွာ..တွေ ့ချင်လာဖို ့
လုံလောက်ပါသည် ။
ဖေဖေ နေတာက ငမောက်ချောင်း ကျေးရွာ..၊ ထိုရွာသည် ဗဒင်း ကျွန်းပေါ် မှ
ရွာများ ထဲတွင်..စံပြ ရွာဟု…သတ်မှတ်ထားသော.ရွာကလေး ဖြစ်သည် ။
ကျွန်း ၏ တောင် ဘက်တွ င်…. ပင်လယ် ပြင်ကြီးက…. ကမ်း လမ်း
မမြင်….ရှိနေပြီး..
ကျွန်း၏ အရှေ ့ဘက် တွင် ရခိုင်ရိုးမ တောင်တန်းကြိးများကို…
မှိုင်းမှိုင်းညို ့ညို ့…လှမ်း မြင် .နေရပါသည် ။
ထိုတောင်တန်းကြီးနှင့်….ကျွန်းကလေးကို..မြစ် ချောင်း.. ပင်လယ် တို ့က
အထပ်ထပ် ခြား ထား ပြိးသား…။
ကျွန်း ၏ အနောက် နှင့် မြောက် ဘက် ခပ်ဝေးဝေး တွင်….တချို ့ကျွန်းစု
ကလေးများကို…ခပ်ပျပျ မြင်နေရမည်..။
ဟောာ….
ဟိုမှာ..ကုလားယောင် ကျွန်း… ။ ဒါဆို…..
ဟို အရှေ ့မှာ မြင် နေရသော.ကျွန်းကလေး သည်…ဖေဖေရှိသော….ကျွန်းကလေးပေါ့
.။
စက်လှေက….ကံဆိပ်ရွာ ၏ စက်လှေ ဆိပ်ကမ်းတွင်… ကပ်လိုက်သည် ။
ေ၊ရကျ ချိန် ဖြစ်သွားပြီ..။ စက်လှေ ကို ကမ်းပေါ် တက်သော တံတား၏ အောက်ခြေ
အစွန်း..ရွံ ့နွံ အစပ်မှာသာ…ရပ်လိုက်ရသည် .။
စက်လှေ ရပ်ပြိီ..ဆိုသည် နှင့်. ကျွန်တော်…ဖိနပ်ကို ချွတ်ပြီး..
ရွှံ ့ နွံ ထဲ.. စွပ် ခနဲ..ခုန် ချလိုက်သည် .။
ရွှ ံ့ နွံ များမှ လွဲ၍..
ကျွန်တော့်ကို ကြို ဆိုမည့်သူ..မရှိပါ ..။
________________
ကံဆိပ်ရွာ ..၊ အလယ်တန်းးရွာ..၊ ငမောက်ချောင်းရွာ ၊ ငကာကိုင်းရွာ…၊
အမော်ရွာ..။
ထိုငါးရွာ သည်…ကျွန်း၏ တောက်ဘက် အစွန်း…ပင်လယ် ကမ်းစပ်နှင့်
မျဉ်းပြိုင်…လိုပင် အရှေ ့အနောက် တန်း ၍ တည်ရှိကြသည် ။
အိမ်များသည်…. ဖြောင့် တန်းသော..ရွာ လမ်းမကြီးကို မျက်နှာ မူ…ကာ..စီစီ
ရီ်ရီ ရှိနေကြပါသည် ။
ကျွန်တော်…..ဤ ကျွန်းကလေးကို….ချစ်သည် .။
ကျွန်းနေ ရွာသူ ရွာသားများသည်…
ရိုးသား ဖြူစင် ကြပါသည် ။
သူတို ့မှာ…ဟန်ဆောင်ခြင်း ဆိုတာ မရှိ..။ ဖိနပ် မပါ ဘဲ.. တစ်ရွာနှင့်
တစ်ရွာ ကူးသန်း သွားလာနေလည်း….ကဲ ့ရဲ ့မည့်သူ မရှိ.။
ဘဝကို ရိုးရှင်း လွတ်လပ်စွာ… ဖြတ်သန်း တတ်ကြသော… ဤ
ကျွန်းကလေးပေါ်တွင်….
အချုပ်ခန်း မရှိပါ ။
ထောင် မရှိပါ .။
အပေါင်ဆိုင်မရှိ ၊ သူခိုး မရှိ..၊ ပြီးတော့…
လိ်မ်လည်
ကောက်ကျစ်မှုများနှင့်…ဟန်ဆောင်…ဖြားယောင်းခြင်းများလည်း…မရှိပါ ။
ငါး..လိုချင်လျှင်…ပင်လယ် ရှိသည် ။
တစ်ခုခု လိုအပ်လျှင်…. မိမိမှာ ရှိသော..ဆန်..၊ ငရုပ်..၊ ခရမ်း..၊
မြေပဲ…စသော..ခြံထွက် ပစ္စည်းများနှင့်…
လဲ လှယ်..ယူကြသော..ဓလေ့ကလေးကလည်း.. ချစ်စရာ….။
ဟော……..
ဟိုအရှေ ့ မှာ မြင်နေရသော…သရက်ပင် အုပ်ဆိုင်းဆိုင်း နှင့် ခြံ
ဝိုင်းကလေးသည်….
ဖေဖေ နေသော….ခြံဝိုင်းကလေး ဖြစ်သည်..။
___________________________
ဖေဖေ ၏ အိမ်ကလေးသည်…. လွန် ခဲ့သော…( ၃ ) နှစ် တုန်းကလိုပင်..ဘာမှ
မပြောင်းလဲသေး.သလိုလို..။
ဖေဖေ သည်လည်း..သရက်ပင်ကြီးအောက်မှာ… ပန်းချီ ဆွဲနေလျက်သား…။
ဖေဖေဟာ…အနုပညာ သာ ဖန်တီးနေရရင်.. ဘာကို မဆို မေ့ထားနိုင် တယ်…။
ဒါပေမယ့်..ဖေဖေ….။
လောက မှာ…လွယ်လွယ်..နဲ ့မေ့ထားလို ့မရတဲ ့အရာတွေ..ရှိတယ်…..။
ဖေဖေ့ကို ခြံဝ မှ ..ငေးကြည့်နေရင်း…….
ကျွှန်တော့်ရင် သည်… ဆို ့နင့်…နာကျင် လာသည် ။
မြန်မာပြည် ၏ အစွန်း နှစ်ဘက် အထိ ဝေးကွာ နေကြသော….ဖေဖနှင့် မေမေ့ကို…
ပြန်လည် ပေါင်းစည်း…ကြစေချင်ပါသည် ။
ဖေဖေရယ်..။.မေမေဟာ… ဖေဖေများ…ပြန်လာမလား….ရယ်..လို ့ အမြဲ
တမ်းမျှော် နေတတ်တဲ ့သူပါ..။
ဖေဖေတို ့နှစ်ယောက်လုံး..ဘယ်သူမှ မမှားခဲ
့ဘူးလေ..။………………………………
ကျွန်တော်… ငို ချင်နေပြီ..။
” ဖေဖေ..”
ကျွန်တော့် ခေါ်သံ ကြောင့်…လှည့်ကြည့်သော..ဖေဖေသည်..ထုံးစံ အတိုင်း
တည်ငြိမ် နေပါသည် ။
ကျွန်တော့်ကို မြင် လိုက်ရ ၍ နည်းနည်းတော့ ပျော်သွားပုံ ရပါသည် ။
” ဟော….သား…။ မင်း…လာမယ်..ထင်တယ်..လို ့ောတင်..ဖေဖေ တွေးနေသေးတာ..”
ကျွန်တော်..ဖေဖေ့ရှေ ့ကို သွား ၍ ဦး ချ ကန်တော့လိုက်ပါသည် ။
ဖေဖေက….
” မင်း…ဖေဖေ့ကို ပြန်လာဖို ့..လာခေါ်တာ ပဲ..လား..” တဲ ့ .။
ကျွန်တော်…ခေါင်းခါ လိုက်ပြီး….
” မဟုတ်ပါဘူူး…။ သား..ဖေဖေ ့ကို မေးစရာ တစ်ခု ရှိလို ့..လာမေးတာ..။ ”
_______________________________________
April – လ ..8 ..ရက်..
သိုေ့သာ်…
ကျွန်တော် မေးချင် လွန်းသော ..မေးခွန်ူးကို ဖေဖေ့အား..မမေးဖြစ်ခဲ့ပါ…။
ကျွန်တော့် အပြန်လမ်း သည်…မွန်းကြပ်သော…ခံစားမှုများနှင့် လေးလံ ဖိစီး
လွန်းလှပါသည် ။
ဖေဖေသည်……..မေမေ့ ထံ ပြန်လာဖို ့..၊ သားထံ ပြန်လာဖို ့…လုံးဝ ဆန္ဒ
မရှိတော့တာ သေချာပါသည် ။
ဖေဖေက ..သူချစ်သော
ကျွန်းကလေးပေါ်မှာပဲ…ငြိမ်းချမ်းစွာ..နေထိုင်ချင်သူ….
ကျွန်တော် နှင့်..မေမေ တို ့က…………..
ထားပါတေ့ာလေ….။
ကျွန်တော် ဟာ….ဖေဖေ့ အတွက်…. တွယ်တာ စရာ..သားတစ်ယောက် မဟုတ်ခဲ့ဘူးပေါ့ ။
ဒါပေမယ့်….ကျွန်တော်ကတော့….ဖေဖေ့ကို သိပ် လိုအပ်တယ်..ဖေဖေ……
အနီးအနားမှာ အဖေ မရှိသော မိ ကွဲ ..ဖကွဲ… သားတစ်ယောက် ၏ ဘဝ သည်..မလှ ပ
နိုင်ပါ..။ ဖေဖေ မရှိလျှင်..ကျွန်တော့်မျ…. အင်အားတွေ..သိပ်မရှိတတ်ပါ ။
ဒါကို ဖေဖေ မသိ ၍ မဟုတ်..။ သိ လျက်နှင့် မသ်ိ ဟန်ဆောင် ထားခြင်းသာ
ဖြစ်မည်..။
ေမေမေနှင့် မနေချင်တော့သော စိတ် တစ်ခု ထဲကြောင့်….သားကိုပါ…ပစ်ပယ် ထား
ခဲ့သည်မှာ. အံ့ဩဖို ့ကောင်းပါသည် ။
ဖေဖေသည် မေမေ ့ကို ချစ်မြတ်နိုး ၍ လက်တွဲ ခဲ့ခြင်း ဖြစ်ပါလျက်နှင့်….
ယခုလို မုန်းတီး..နာကျည်း..သါားတာလည်း..ထူးဆန်းပါသည် ။
( အချစ် ဆိုသော အရာကို ကျွန်တော်
ကိုယ်တိုင်ကလည်း…မယုံကြည်နိုင်တော့…)
April .. 7 ရက်နေ ့ ညက…. ဖေဖေ့ကို..
မေမေ့ကို မလွမ်းဘူးလား…ဟု မေးမိသေးသည် .။
ဖေဖေက…
” ဖေဖေ ..ဒီမှာ နေသားကျနေပါပြီ..သားရယ်..။
ဖေဖေ ့အနားမှာ..အနုပညာရယ်…၊ သဘာဝတရား ရယ်..၊
စာအုပ်တွေရယ်…ရှိနေရင်…တခြား..ဘာမှ မလိုတော့ပါဘူး။ ”
တကယ်တော့ ဖေဖေသည်..ကိုယ် ဘာကို
လိုအပ်တယ်..ဆိုတာသာ….အသေအချာ သိပြီး…
သူတပါး..ဘာကို လိုအပ်နေတယ်..ဆိုတာတော့….မသိ ခဲ့သူ ဖြစ်သည် ။ ဒါမှ
မဟုတ်….
မသိချင်ယောင် ဆောင်နေသူ ဖြစ်ပါလိ်မ် ့မည် ။
ကျွန်တော့် အပြန် ခရီး အတွက်….ဖေဖေက ကျွန်း ထွက် အစားအစာများနှင့်
လက်ဆောင် ပစ္စည်းများ..ပေးသောအခါ…
ကျွန်တော် ငြင်းဆန်လိုက်သည် ။
” သားတို ့ သားအမိ ဖို ့ ”
” ဟင့်အင်း…သားတို ့ လ်ိုအပ်တာ ..ဒါတွေ မဟုတ်ဘူး…ဖေဖေ ”
ကျွန်တော်..လိုချင်တာ ..ဒီ လက်ဆောင် ပစ္စည်းတွေ …မဟုတ်ပါ..။
ကျွန်တော် အလိုချင်ဆုံးအရာသည်….
ဖေဖေနှင့် မေမေ.. ချစ်ချစ်ခင်ခင်ဖြင့် ကျွန်တော့် အနားမှာ..ရှိနေဖို ့….
မိဘ နှစ်ပါး ၏ အိမ်ထောင်ရေး မပြေလည်မှု ဆိုသည်မှာ..သားသမီးများအတွက်…..
သွေးမတိတ်သော ဒဏ်ရာတစ်ခုလို အမြဲ..နာကျင်စွာ..ခံစားရပါသည် ။
တကယ်ဆို….မိဘများသည်..သားသမီး..ဘာကို အလိုအပ်ဆုံးဆိုတာတော့..သိသင့်ကြပါသည် ။
စက်လှေသည်…..ကျွန်းနှင့် တဖြည်းဖြည်း..ဝေးကွာသွားပြိီ..။ .. ဒါမှ မဟုတ်…ဖေဖေနှင့် ဝေးကွာ သွားပါပြီိ..။
ပို ၍ ဝေးကွာ.သွားလေလေ…ကျွန်တော့် ဘဝမှာ..ဖေဖေ့ကို ပို ပို လိုအပ် လာလေလေ…..ဖြစ်သည် ။
ကျွန်တော်..ဖေဖေ ့ကို မေးချင် လွန်းသော မေးခွန်းမှာလည်း..ထို လိုအပ်မှု ပြဿနာ ပဲ..ဖြစ်သည် ။
ဖေဖေ………..
ဖေဖေ့ကို မေမေကလည်း..လိုအပ်နေပါပြိ..။
သားကလည်း.လိုအပ်နေတာပါပဲ…။
မေမေ ့ရဲ ့ဖေဖေ့ကို လိုအပ်ခြင်း…နဲ ့….
သားရဲ ့ ဖေဖေ့ကို လိုအပ်ခြင်း…………
ဘယ်သူ က ပို…လိုအပ်နေမယ် ..ထင်သလဲ….
ကျွန်တော်………..မမေးခဲ့ပါ ။
ပင်လယ် သည်…မကြာခင် လှိုင်းများ…ပြင်းထန်..လာတော့မည်….ထင်ပါသည် ။
____________________________________________________________________________
လေးစားစွာဖြင့်……
အလင်းဆက်
alinsett.art@gmail.com
24 comments
မောင်ပေ
July 8, 2012 at 8:23 pm
သေချာတာတစ်ခုကတော့
လူသားအားလုံးဟာ သံသရာကနေ လွတ်မြောက်ကြောင်းတရား ကို မရှာနိုင်သေးသရွေ ့
အရာအားလုံးပြီးပြည့်စုံခြင်းမရှိတဲ့ နေ ့ရက်တွေ ကို ဖြတ်ကျော်သွားနေရဦးမှာပါဘဲလား…။
ခံစားသွားပါအိ။
အလင်းဆက်
July 8, 2012 at 8:50 pm
ဟုတ်လိုက်လေ….ဟုတ်လိုက်…ဟုတ်လိုက်လေ…….
ကိုကြီး..မောင်ပ်ိန်..အဲ.. မောင်ပေ…ရေ….ဟေဟေ
ခံစားသွားသူကို..ကျေးဇူးးတင်သွားပါ၏
မောင်ပေ
July 9, 2012 at 12:01 am
ကျုပ်ကို မကျေနပ်တာများ ရှိနေလား?…. ဗျာ
မောင်ပေ
July 9, 2012 at 12:03 am
ကွန်မင့်ပေးတာ မကြိုက်ဘူးဆိုရင် ဖြေပေးပါ
shwe kyi
July 9, 2012 at 4:56 pm
အူးပေ ရေမကြိုက်တာမဟုတ်လောက်ပါဘူး။ အူးပေကိုခင်တာပါ။
MaMa
July 8, 2012 at 9:03 pm
ကောင်းလိုက်တဲ့ စာပဲ။
အဖေနဲ့ အမေနဲ့ ကြားက ပေါင်းစည်းမရမှုတွေဟာ သားသမီးတွေအတွက် ကြေကွဲဆို့နစ်စရာတွေဆိုတာကို အပီအပြင်ဖွဲ့ပြသွားလိုက်တာ….
စာဖတ်သူကိုပါ စာထဲမှာ စီးမျောသွားစေတယ်။ 🙂
သားဦးမြေးဦး၊ ဝမ်းတွင်းရူး
July 8, 2012 at 9:17 pm
အင်းဗျာ ကိုအလင်းဆက်ရာ—
ကျနော်လဲ ဖတ်ရင်း ဝမ်းနည်းပက်လက်
ဖြစ်ရပါတယ်ဗျာ။
surmi
July 8, 2012 at 11:22 pm
စောစောထဲကမန်.မလို.။
ကွန်နက်ရှင်ဖွတ်ချက်ဖွတ်ချက်ဖြစ်နေလို. သုံးခါမြောက်ဖတ်ပြီးမှဘဲမန်.ခွင်.ရတော.တယ် ။။
ကျုပ်က အဖေဆိုတော. သားတစ်ယောက်ခံစားမှုကိုမြင်ခွင်.ရခဲ.တာပဲ …..။
ကိုယ်.လိုအပ်ချက်ထက်သူများလိုအပ်ချက်ကို သိရမယ်လို. သတိယနေမှာပါ ….။
ရင်ဘတ်နဲ.ရေးတာကိုရင်ဘတ်နဲ. ခံစားရပါတယ် …..။ ဒါမျိုးတွေမဖတ်ရတာကြာပြီ ….
စာဖတ်ချင်တဲ.စိတ်က ထမင်းဆာတာထက်ဆိုးတယ် ….ဘယ်လိုပြောရမလဲ …အာသာမပြေဘူးပေါ…
အဲဒီအချိန်မှာ ကိုယ်ဖတ်ချင်တဲ.စာလေးများဖတ်လိုက်ရရင် ….တကယ်ကောင်းတဲ.စီးစိမ်ဘဲဟေ. …
လက်ဘက်ရည်ကျကျလေးရယ် ..ရေနွေးကြမ်းခါးခါးလေးရယ် …..ဆေးပေါ.လိပ်လေးဖွာလို. ….
thihayarzar
July 9, 2012 at 12:02 am
ဘဝဆိုတာ ဘယ်တော့မှ ပြီးပြည့်စုံ ဆိုတာ မရှိဘူး .. တစ်ခုကို လိုချင်ရင် တစ်ခုကို စွန့်လွှက်ရမယ် … သူက တိက်ဆိတ်ငြိမ်သက် အေးချမ်းမှုကို လိုလားတယ် ဆိုတော့ မယားနဲ့သားကို စွန့်လွှက်ထားတယ် … အကောင်းဆုံးကတော့ အမေကိုခေါ်ပြီး သူရှိတဲ့ ကျွန်းလေးဆီကို ခေါ်သွားလိုက် … တစ်ဖက်နဲ့တစ်ဖက် တင်းနေလို့ ကြားထဲက မြေဇာပင်လေး ဟိုရိုင် ဒီရိုင်နဲ့ မိသားစုလေးတွေ ပြသာနာများကင်းပြီး အိုအောင်မင်းအောင် ပေါင်းနိုင်ကြပါစေ ….. မိမိဆန္ဒကို ရှေ့တန်းတင်တော့ ကျန်သူ ဒုက္ခ ရောက်ရပီပေါ့ …
ဇောက် ထိုး
July 9, 2012 at 7:04 am
ကိုအလင်းဆက်ရေ… မိဘနှစ်ပါးရဲ့ အမှောင်ကို ဆက်ပေးလိုက်ပါလား ကိုအလင်းဆက်ရေ..
မွန်မွန်
July 9, 2012 at 10:26 am
ကိုယ်ချင်းစာမိပါတယ် ကိုအလင်းဆက်ရေ….
တစ်ခါတစ်လေမှာ ကိုယ့်မိသားစုထက် ကိုယ့်ကိုကိုယ် ပိုချစ်တဲ့သူတွေ တွေ့ဖူးပါတယ်။ သားက ဘာလိုအပ်နေလဲဆိုတာ မသိတာတော့ မဖြစ်နိုင်ပါဘူး။
ဆိုတော့ကာ..နေတတ်သလိုသာ နေပါ လို့ ပြောချင်ပါတယ်။
mamanoyar
July 9, 2012 at 10:48 am
ချစ်လို့ ယူထားတာတောင် ဒီလိုပစ်ထားရက်တယ်ဆို
သိပ်မချစ်ပဲနဲ့များဆို …….ဘဝတွေကလည်း
ဆန်းကြယ်တယ်နော်
snow white
July 9, 2012 at 4:58 pm
ဟုတ်တယ်နော်မမနိုရာညီမလေးလည်း မမနိုရာလိုအတွေးနဲ့သွားတူတယ်”ချစ်လို့ ယူထားတာတောင် ဒီလိုပစ်ထားရက်တယ်ဆို
သိပ်မချစ်ပဲနဲ့များဆို …….ဘဝတွေကလည်း ” တွေးတောင်မတွေးရဲဘူး။
မမ အညာသူ
July 9, 2012 at 11:48 am
ကိုအလင်းဆက်ရဲ့စာကိုဖတ်ပြီစိတ်မကောင်းဖြစ်ရပါတယ်
ချစ်သောသူနှင့်ကွေကွင်းရခြင်းသည်လဲဆင်းရဲ၏
မချစ်သောသူနှင့်ပေါင်းသင်းရခြင်းသည်လဲဆင်းရဲ၏
lynn lynn
July 9, 2012 at 12:14 pm
ကိုအလင်းဆက်ရေ အဲဒါကတော့ ခံယူချက်နဲ့ ဆိုင်မယ်ထင်တယ်။ သူခံယူထားတဲ့ ဘဝအဓိပ္ပါယ်နဲ့ ကိုယ့်ခံယူချက်နဲ့က တူချင်မှ တူတာဆိုတော့။ သားရဲ ့ ခံစားချက်ကို နားလည်ပေမယ့်မလိုက်လျောနိုင်တာ ဖြစ်မယ်။ ကိုအလင်းဆက်အဖေက ကိုအလင်းဆက်ကို ချစ်တာတော့ အမှန်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကိုအလင်းဆက်သွားတဲ့အချိန်မှာ သူက ” ဟော….သား…။ မင်း…လာမယ်..ထင်တယ်..လို ့တောင်..ဖေဖေ တွေးနေသေးတာ..” ဆိုတော့ သူက သားကိုမျှာ်နေတာဖြစ်မယ်။
shwe kyi
July 9, 2012 at 1:55 pm
”မိဘ နှစ်ပါး ၏ အိမ်ထောင်ရေး မပြေလည်မှု ဆိုသည်မှာ..သားသမီးများအတွက်…..
သွေးမတိတ်သော ဒဏ်ရာတစ်ခုလို အမြဲ..နာကျင်စွာ..ခံစားရပါသည်။”
ကောင်းလိုက်တာ သိပ်ကောင်းတဲ့ စာသားလေး။ ကိုယ်တည်ဆောက်ထားတဲ့ကမ္ဘာကို ကိုယ်ကိုယ်တိုင်ဖျက်စီးရလောက်အောင် ဘာတွေဖြစ်ခဲ့ပါလိမ့်နော်။
ခံစားချက်ကိုပေါ်လွင်အောင်ရေးဖွဲ့ထားတာဖတ်ရတဲ့သူတောင် ကြေကွဲသွားတယ်။
ရှင်းသန့် နွယ်
July 9, 2012 at 2:55 pm
အားပေးသွားပါတယ် ကိုအလင်းဆက်ရေ..
ဖြစ်ချင်တာတွေမဖြစ်ရ မဖြစ်ချင်တာတွေဖြစ်နေရတာပါပဲလေ…..
mayjuly
July 9, 2012 at 3:04 pm
ဘယ်လိုပြောရမလဲတောင်မသိတော့ပါဘူးး…
ရှေး ရေ စက် တွေက ဒီလောက်ပဲပါလို့ နေမှာ ပေါ့နော် ..
နွေဦး
July 9, 2012 at 3:25 pm
သွာပြီးသာ ပြန်လာခဲ့ရတယ်..လိုရင်းမပြောနိုင်..ပြောမထွက်နိုင်တဲ့ အဖြစ်လေး…
တွေးရင်းတွေးရင်း လွမ်းရအောင် ရေးထားတာ လေးဖတ်ရပါတယ်…။
မိုး မင်းသား
July 9, 2012 at 6:27 pm
ကောင်းလိုက်တာနော်…
ဒေါ်အဲလေအလင်းဆက်ရေ……တကယ်ခံစားရပါတယ်နော်…
ကိုယ်ချင်းလည်းစာမိပါတယ်…..
ကြိုးစားထားဗျာ…..
fighting……..
အလင်းဆက်
July 9, 2012 at 6:31 pm
ကိုကြီးမောင်ပေ….က ကျွန်တော်…ခင်လို့…စ…နေတာကို..ဘယ်လို ဘယ်လို စိတ်ဆိုးရတာလဲ.။
အဲ..ကျွန်တော်က..စိတ်ဆိုးနေတယ်.ထင်နေတာနော် ။ ဘာများ.စိတ်ဆိုးစရာရှိလို ့လဲ..ဗျာ.။ ကွန်မန်းပေးတာ မကြိုက်ရအောင်….ကိုယ် ့ကြိုးစား.မှုကို အသိအမှတ်ပြုတာကို မကြိုက်ပဲ.ရှိပါ့မလား..ဗျာ.။
ကိုကြီးမောင်ပေ..က ကျွန်တော်ရေးသမျှ..ကို ဖတ်ရှု..လာတဲ ့ကျွန်တော် လေးစားရတဲ ့ သူပါ ။
ဘာလို ့ ဒီလို ထင်တာလဲ..ဗျာ.။ ကျွန်တော်တော့..သဘောရိုး ပြန် ပြောနေတာတွေကို….ကိုကြီးမောင်ပေ…တမိုျိုးထင်သွားတာ..
နားမလည် နိုင်အောင်ပါပဲ.။
ဒါ..ကျွန်တော့်ကို စ တာ မဟုတ်လား..ဟင်။
_________________
နွေဦး
mayjuly
ရှင်းသန့် နွယ်
shwe kyi
lynn lynn
မမ အညာသူ
snow white
mamanoyar
မွန်မွန်
ဇောက် ထိုး
thihayarzar
surmi
MaMa
သားဦးမြေးဦး၊ ဝမ်းတွင်းရူး
မောင်ပေ………………..
စတဲ ့..ကျွန်တော် ချစ်သော….လေးစားခင်မင်ရသော..စာဖတ်သူ မိတ်ဆွေများ…
အားလုံးကို ကျေးဇူးတင်ပါတယ် ။
ဖတ်လိုက်သူများ…ခံစားလို ့ ရတဲ ့ဝတ္ထုတိုလေး..ဖြစ်သွားလို ့..ဝမ်းလည်း.သာမိပါတယ် ။ တကယ်ပါဗျာ.။
အဲ..ဒါ..ကျွန်တော့် အဖြစ် အပျက် မဟုတ်ဘူးနော် ။ ကျွန်တော်က ဇာတ်ကောင် ကျွန်တော်..ဆိုတဲ ့နေရာမှာ..ခံစားပြိး.ရေးလိုက်တာ.။
အဲဒီ လို အဖြစ်အပျက် တစ်ခု ကျွန်တော့် သူငယ် ချင်းက ဖြစ်နေတာဗျ ။
သူ ့ ဘဝ လေးကို တွေးပြိး…ဝတ္ထုတစ်ပုဒ် အဖြစ် ဖန်တီးလိုက်တာပါ ။
အဲ…. ကျွန်း နဲ ့ ဒေသ အချက်အလက် တွေကတော့….
ကျွန်တော် ကိုယ် တိုင် နေထိုင် ခဲ့ဖူးတဲ ့….နေရာဒေသ လေးပါ ။ ဒေသကို ချစ်ခင် လွမ်းဆွတ်စိတ်နဲ ့…
ဇာတ်လမ်းကို ..အားဖြည့် ဖန်တီးလိုက်တာပါ ။
ကျွန်တော်…..အခု မိဘ နှစ်ပါးနဲ ့အတူ… ရှိနေပါတယ် ။
ကျွန်တော့်ရဲ ့ဝတ္ထုတိုကို ဖတ်ပြိး..တကယ်..လို ့ ထင်သွားကြသူများ…ကျွန်တော့်ကို
လှည့်စားရက်သူကြီး..လို ့…ပြောကြဆိုကြမှာ..စိုး..လို့………
အခုပဲ.တိမ်ယံသစ္စာ အပိုင်း ( ၂၄ ) ကို..တင်တော့မယ်…
အဲ…ဘာမှ လည်း မဆိုင်ဘူး။
ကိုကြီးမောင်ပေ….
ကျွန်တော့်ကို စိတ်မဆိုးနဲ ့နော် ။ ကျွန်တော်….ကိုကြိးမောင်ပေ..ကို .တကယ် လေးစားစွာ ခင်မင် နေတာပါ ။
တိမ်ယံ..ကို အဆက်မပြတ် အားပေးနေလို ့ကျေးဇူးလည်း တင်နေတာ..။
အားလုံးကို ခင်မင်လေးစားစွာ.ဖြင့်
အလင်းဆက်
အလင်းဆက်
July 9, 2012 at 7:11 pm
မိုးမင်းသား…ရေ…
မော်ဒန်တွေ.ကြီးပဲ..တစ်ချိန်လုံး..ဒန် လာတဲ ့ကျွန်တော်….
အခု မဒန်ပဲ..ရေးလိုက်တာ…။
ခံစားလို ့ရတယ်…ဆိုလို ့…ကျေနပ် ပီတိ ဖြစ်မိပါတယ်ဗျာ..။
5000… များရမလား..လို ့ ။ အဟိ ။
5000 ရလို ့ကတော့….. ဂျယ်လီ..ဝယ်စားမယ်…။
သားက ဂျယ်လီ ကြိုက်တယ်ဂျ ။
kyeemite
July 10, 2012 at 9:39 am
ဆြာအလင်းဆက် ဝတ္ထုလေးက ဆွဲဆောင်မှု့အပြည့်နဲ့ ခံစားမှု့ရသကောင်းကောင်း
ပေးနိုင်ပါပေတယ်…
မိဘ နှစ်ပါး ၏ အိမ်ထောင်ရေး မပြေလည်မှု ဆိုသည်မှာ..သားသမီးများအတွက်…..
သွေးမတိတ်သော ဒဏ်ရာတစ်ခုလို အမြဲ..နာကျင်စွာ..ခံစားရပါသည် ။
ဒီအဖွဲ့ အနွဲ့လေးကို တော်တော်ကြိုက်ပါသည်…
အလင်းဆက်
July 10, 2012 at 8:06 pm
ကိုကြီး.မိုက်..ရေ..
ကျွန်တော့် ့ ဝတ္ထုက..ဆွဲဆောင်မှု ရှိတယ်..ဆိုလို ့…ဝမ်းသားလိုက်တာဂျာ.။
တကယ်..နက် ဆိုင် ထဲမှာ..လူတွေ ရှိနေလို ့.။ မဟုတ်ရင်..ဂျွမ်း 3 ပတ်လောက် ထိုးပစ်လိုက် ချင်တာ.။ အဟိ ။
မော်ဒန်…စာသားတွေနဲ ့ပဲ.. ရင်းရင်းနှီးနှီး..နေခဲ့တဲ ့ကျွန်တော်…
အခု….သရုပ်မှန်လိုင်းဘက် ကို……အလည်.အပတ် လာ ကြည့်မိတာပါ..။
အားပေး မှုတွေကြောင့်….နောက်တစ်ပုဒ်..ရေးဖို ့ ခွန်အားအပြည့်….ရပြီ။
မကြာမီ..လာပါတော့မည်..နောက်တစ်ပုဒ်….။
စာချစ်သူများအား…
ခင်မင်လေးစားစွာ…