ရခိုင်သွေးချင်းများအတွက် မန်းဂဇက်ရဲ့ လက်ဆောင်ပေးခြင်း အခမ်းအနား ဓါတ်ပုံများ။

black chawJuly 8, 20124min1082104

မန္တလေး ဂဇက်မှ သူကြီး ဦးခိုင် အမှူးပြုသော ရွာသူရွာသား ညီကိုမောင်နှမများ၏
ရခိုင်သွေးချင်းများ ပြန်လည်ထူထောင်ရေးလက်ဆောင် ပေးအပ်ခြင်းအခမ်းအနားကြီးကို
ဒီနေ့ ၈-၇-၂၀၁၂ မွန်းလွဲ ၂ နာရီက ရခိုင်သဟာရအသင်း(ရန်ကုန်) ရုံးခန်းတွင်
အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီဖြစ်ပါသည်။
ရှေးဦးစွာ စုရပ်အဖြစ်သတ်မှတ်ထားသည့် တာမွေ မောနင်းစတားလဖက်ရည်ဆိုင်တွင်
အခမ်းအနားတက်ရောက်ကြမည့် မန်းဂဇက် ရွာသူရွာသားများအား ကိုပါလေရာကြီးမှ
လဖက်ရည်၊ မုန့်၊ အအေး၊ နန်းကြီးသုတ် စသည်တို့ဖြင့် တည်ခင်းဧည့်ခံပါသည်။
ဗိုက်ဆာဆာနှင့် စားခဲ့ရသော နန်းပြားသုတ် တစ်ပွဲနှင့် အအေးတစ်ခွက်အတွက်
ကျေးဇူးအထူးပါ ကိုပါလေရာကြီးရေ။
မွန်းလွဲ ၁း၅ဝ ခန့်တွင် ရခိုင်သဟာရအသင်း ရုံးခန်းသို့ ကား ၅ စီးဖြင့် ချီတက်ခဲ့ကြပါသည်။
မန္တလေးဂဇက် ရွာသူရွာသား ညီကိုမောင်နှမများမှ ရခိုင်သွေးချင်းများ ပြန်လည်ထူထောင်ရေးလက်ဆောင် အဖြစ်
ငွေကျပ် ၃၂ သိန်းကို လှူဒါန်းကြရာ ရခိုင်သဟာရအသင်းဥက္ကဌ ဦးလှမောင်သိန်းက လက်ခံရယူပါသည်။
ထို့နောက် ရွာသူား ညီကိုမောင်နှမများ စုပေါင်းဓါတ်ပုံရိုက်ကြပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းလိုက်ပါသည်။
ကောက်ခံရရှိသော အလှူငွေစာရင်းအတိအကျ ကို ကိုထူးဆန်းမှ ပို့စ်တစ်ပုဒ်တင်ပြီး ရှင်းလင်းမည်ဖြစ်ပါသည်။
အခု မန်းဂဇက် ရွာသူရွာသားများ ၏ ပွဲတက် ဓါတ်ပုံလေးများအား အမှတ်တရတင်ပေးလိုက်ပါသည်။

မှတ်တမ်းတင် ဂုဏ်ပြုလွှာ။
အလှူငွေ ၃၂ သိန်းကို လှူဒါန်းစဉ်။
ရခိုင်သဟာရအသင်း ဥကဌ ဦးလှမောင်သိန်းမှ အလှူငွေ လက်ခံစဉ်။
ကိုစွယ်တော်ရွက် နဲ့ ရွာသူားတစ်စု။
ရခိုင် သဟာရအသင်း ရုံးခန်း။
အလှူငွေပေးအပ်ဖို့ စောင့်နေကြတဲ့ ရွာသူားများ။
ရုံးခန်းကျဉ်းကျဉ်း၊ ရိုက်ချက်ပြင်းပြင်း။
ရိုက်ချက်ပြင်းပြင်း နှင့် အခန်းကျဉ်းကျဉ်း။
ဆယ်အိမ်ခေါင်း ရွှေတိုက်နှင့် မိန်းမချောတစ်သိုက်။
ရခိုင်သဟာရ အသင်း ဥကဌ ဦးလှမောင်သိန်း။
အမတ်မင်း အတွက် ဗရမ်းဗတာ ရိုက်ချက်။
ခိုင်ခိုင် တို့ မိသားစု။
နိုဗီ၊ ဖက်ကက်၊ ရွှေတိုက်။

104 comments

  • blackchaw

    July 8, 2012 at 9:10 pm

    ဒီတစ်ခါ အလှူပွဲက ဓါတ်ပုံရိုက်စရာ နေရာကကျဉ်းတာနဲ့
    ပုံကောင်းသိတ်မရလိုက်ပါဘူး…။
    ရိုက်လို့ရသမျှထဲက ကောင်းမယ်ထင်တာလေးတွေ ရွေးတင်ပေးလိုက်ပါတယ်
    ကျောင်းဒကာ ကျောင်းအစ်မကြီးတို့ရေ.။
    သာဓု သာဓု သာဓုပါ ဗျာ။

    • Mလုလင်

      July 8, 2012 at 11:47 pm

      နေရာကျဉ်းပေလို့ ပဲဗျို ့ .. ရိုက်ချက် တွေက ဖျားလောက်တယ်။ ကိုယ်တိုင် မလာနိုင်တဲ့အတွက် စိတ်မကောင်းပါဘူးဗျာ .. ဒါ့ထက် … အူး ဘလက်ချော ဆိုတာ ဘယ်သူလဲဗျ .. ဘယ်ပုံ မှာပါလဲ .. အဲဒါလေး သိချင်လို့ပါနော့ ………။

      • etone

        July 9, 2012 at 8:54 am

        ဦးဘလက်ပါတဲ့ပုံ ဒီမှာ ရှိပါတယ် …. ။ လက်ဖဝါးပြလျှင် လျှက်စားရပါမယ် .. အဟိ ဟိ … ။

      • Khaing Khaing

        July 9, 2012 at 2:28 pm

        ကိုလုလင်လာမယ်ဆိုပီး …… တော်သေးတယ် လေးဘလက်ကရိုက်ချက်ကောင်းသွားလို့အားလုံး ပါလာတာ …..

    • ချစ်ရင်ထူး II

      July 9, 2012 at 7:50 am

      သာဓု ခေါ် ပါတယ် .. မလိုက်နိုင်တဲ့ အတွက် ပုံတွေကိုပဲ အားရပါးရ ကြည့်လိုက်မယ်နော် ..

      ခု တွေ့လိုက်တော့လည်း ကို အရင့်ရောင် တစ်ယောက် တော်တော် ပိန် သွားသလိုပဲနော် ..

      • snow white

        July 9, 2012 at 12:36 pm

        ကိုအရင့်ရောင်ပိန် သွားမှာပေါ့ အကြွေးပတ်လည်ဝိုင်းနေလို့လေ စနိုးသူဆီကအကြွေးသိန်း ၁၆၀ဝ ရစရာရှိတယ် သုံးလကျော်နေပြီ ခုထိလာမပေးသေးဘူး

        • အရင့်ရောင်

          July 9, 2012 at 1:11 pm

          အကြွေးတော့ မပေးနိုင်တော့ဘူးနော်
          လူကိုပဲ သိမ်းလိုက်တော့နော်
          ဟိဟိ
          ………….

  • မောင်ပေ

    July 8, 2012 at 9:32 pm

    ဓါတ်ပုံမှတ်တမ်းများအတွက် ကျေးဇူးတင်ပါတယ် ခင်ဗျား။
    ရွာသူားများနဲ ့အလှူရှင်အားလုံးရဲ ့စေတနာသဒ္ဒါတရားထက်သန်စွာ ပြုခဲ့တဲ့ အလှူအတွက် ဝမ်းမြောက်ဝမ်းသာ သာဓု သာဓု သာဓု လို ့ခေါ်ပါတယ်ဗျို ့။

  • ကြောင်လေး

    July 8, 2012 at 9:35 pm

    ရွာသူားမျာအမည်များရေးပေးပါဦးခင်ဗျာ။ပန်းတနော်အလှူမှာမပါတဲ့အသစ်များထပ်မှတ်ထားချင်လို့ပါ။
    မမှတ်မိသေးသူများကိုလည်းထပ်မှတ်မိသွားအောင်လို့ပါ။

    • MaMa

      July 8, 2012 at 10:26 pm

      သိချင် မှတ်မိချင်ရင် ရွာသူားတွေရဲ့ တွေ့ဆုံပွဲတွေကို ကိုယ်တိုင်လာရောက်ဖို့ ဖိတ်ခေါ်တယ်နော။ 🙂

      • ကြောင်လေး

        July 9, 2012 at 7:19 am

        ကိုယ်တိုင်လာရောက်ချင်ပါတယ် မမခင်ဗျာ။ အခြေအနေတွေမပေးသေးလို့ပါ။

  • ဝေးလွင့်တိမ်

    July 8, 2012 at 10:15 pm

    ရခိုင်ဆိုကေ မြင့်မြတ်တေ ဇာနီရာကိုရောက်ရောက် စုစည်းနေရေ….. ဇာနိုင်ငံ ဇာမြို့ကမဆို ရခိုင်ဆို ရခိုင်ရာ ရက္ခိတ တော်ဝင်သဇင် …. ဇာလူကမြင့်မြတ်တေ .. အသူနိမ့်ရေ ပိုင်လို့မထား ကွဲပြားရေမယှိ … အတူတူတစ်ယောက်ကိုတစ်ယောက် အငြိုးနန့် .. အမုန်းမထား လက်တွဲလားကတ်ဖို့ရာလေ ….
    (ဝင်ကိုခိုင် – သီချင်းမှစာသားများဖြစ်ပါသည်)

  • MaMa

    July 8, 2012 at 10:21 pm

    ဂေဇက်ရွာသူားတွေ စုပေါင်းပြီး အလှူတွေ တစ်ခုပြီးတစ်ခုအောင်မြင်အောင် ဆောင်ရွက်နိုင်တာ ဝမ်းသာစရာ ဂုဏ်ယူစရာပါ။
    စည်းလုံးညီညာ အောင်ကြောင်းဖြာ ကြရပါပြီ။
    ရှေ့သို့ဆက်လက် ညီညီညာညာ ချီတက်ကြပါစို့။ 🙂
    (ကြောင်ကြီး ပြောသလို အလှူခံပွဲတွေ ခြိမ့်ခြိမ့်သည်းသည်း ဆင်နွဲကြပါစို့) 😆

  • ရွာစားကျော်

    July 8, 2012 at 10:28 pm

    ပထမအလှူ၊ ဒုတိယအလှူ၊ တတိယအလှူမှ နောင် အလှူပေါင်းများစွာ စည်းလုံးညီညာ စုရုံးကာ ဆက်လက်စွန့်ကျဲ လှူပွဲကြီးတွေ ကျင်းပသွားကြပါစို့ ရွာသူားများ ခင်ဗျား…..
    ..စကားစပ်လို့
    ကိုယ့်ဆရာများက ကွန်မင့်ထဲတင် ရွာသူားလို့ သုံးရုံမကဘူး.. ဗီနိုင်းထုတ်တဲ့ပုံမှာကို အဲလိုရေးထားကြတယ်

  • htoosan

    July 8, 2012 at 10:39 pm

    မန်းဂေဇက်ရဲ့ Trade Mark လေ ကိုရွာစားကျော်ရဲ့ .. ဆိုင်ကလည်း ပြင်လိုက်ရမလား မှားတာလားတဲ့ .. 😀

    • ကြောင်လေး

      July 9, 2012 at 7:20 am

      ရွာသူနဲ့ ရွာသားကို စည်းမခြားပဲ တပေါင်းတည်းထားတဲ့ သင်္ကေတလေးပေါ့။

  • thihayarzar

    July 8, 2012 at 10:43 pm

    ဝမ်းသာ ပီတိ ဖြစ်မိပါတယ်ဗျာ …. ယခုကဲ့သို့ နောင်နှစ်ပေါင်း များစွာ အသက်ရှင်သရွေ့ ရွာကြီး တည်ရှိနေသမျှ လှူဒါန်းနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ် …..သတင်းစာထဲပါထည့် ကြော်ငြာလိုက် ရွာလူဦးရေ တိုးလာမှာသေချာတယ် ….. ရွာထဲက လူကြီးတွေ အားလုံးသာဓု ခေါ်နိုင်အောင် အမျှဝေပေးပါ ..

  • (2) အလှူငွေပေးနေတုန်းကို မျက်စေ့ကို ချစ်သူလိုက်ရှာနေတယ်နော်
    ( တုန်ရေ အဲသည်လောက်တောင်ချစ်တာနော်)
    (3) နောက်ကနေ ကလေးလေးတစ်ယောက်ချောင်းကြည့်နေတယ်ဗျာ။
    (4)အစွန်ဆုံးက အကျီအနီနဲ့ကလေးလေးက ဘယ်သူ့လှမ်းကြုနေလဲမသိဘူး။
    ဟိုကြားထဲက အပြွတ်ကလေးကလဲ သူ့ချစ်ချစ်ကိုလှမ်းရှိုးနေတယ် အံ့ရောအေ။
    (6)ဇွတ်ကို စနက်တွေရှောြ့ပီးလက်ဆော့နေလိုက်တာ ကိုပေါက်အမျုးိနဲ့တူတယ်။
    (7) အကျီမဲနဲ့လူဝကြီး က ကပြနေတယ် ဟိုကောင်လေးကလဲ ပုတာလူမသိအောင်ခုံပေါ်တပ်ရပ်နေတယ်။
    ဟိုဘောင်းဘောင်းနဲ့ ကလေးမလေးက ဘယ်သူနဲ့ပါလာတာလဲ။
    (8) အစွန်ဆုံးကဘောင်းဘီတိုနဲ့ ဘယ်က ယောကျာ်းဗိုက်ကြီးသည်ခေါ်လာတာလဲဟင်
    (9)ပုံစံက ဖဲရိုက်မလို လူစုနေတာကြနေတာဘဲ(တောင်ကြိးက အာလူးသီးလေးက ဘယ်လို့လိမ့်လာတာလဲ)
    (11 ) သူ့ကိုမင်းသားလာငှားမှာစိုးလို့ ရုပ်ဖျက်ထားရတယ်လို့ဖုန်းဆက်သွားတယ်ဗျာ
    သွတ်သွတ်သွတ်
    (12) ကြွားချက်ကတော့ရက်စက်တယ်အေ………………အပြွတ်ကလေးရေ
    တစ်+တစ်=သုံးဆိုတာကို သက်သေပြနေတာနေမှာ

    (13) လူကြီးတွေစိတ်ညစ်အောင်ရန်ဖြစ်တုန်းက ဖြစ်
    အခုတော့တည့်နေလိုက်တာအေ………………..နှစ်ယောက်လုံးကို တုတ်နဲ့ဆော်ချင်တာအေ

    ကျနော်မလိုက်ရသည့်အတွက် ပေါက်ကရ ရေးပါသည်။

    • Yin Nyine Nway

      July 9, 2012 at 10:14 am

      လေးပေါက်…. အမီး အဲမနက်မှ တောင်ကြီးကနေ လိမ့်ဆင်းလာတာချင့်..
      မအိပ်ပဲ…. အဆောင်ရောက်ရေချိုး …မေလ်းစစ်ပြီး ကိုအမတ်ကိုဖုန်းဆက်
      အဓိပတိအနီ စီးပြီး ရောက်သွား…
      ပျော်လို့ …. အိပ်ဖို့တောင်မေ့တွားတယ်… 😀

    • Khaing Khaing

      July 9, 2012 at 3:25 pm

      လေးပေါက်ကြီးကို သတိရလိုက်တာ ……. မန်းလေးလာရင်တော့ ရွာသူားမန်းအဖွဲ့နဲ့တော့ဆုံ ချင်တယ် …. လေးပေါက်ကြီးစီစဉ်ပေးဦးနော် …….

  • ဖိုးထောင်

    July 9, 2012 at 12:16 am

    ဦးဘလက်ပုံလေးကြည့်ချင်ပါတယ်ဗျို့ မမြင်ဘူးလို့ပါ ဟီဟိ

  • ဖိုးထောင်

    July 9, 2012 at 12:35 am

    ဒါ့ပုံဆရာ ဦးဘလက်ကြောင့် အကျွုန်ုပ် ယောကျင်္ားစစ်စစစစစစစ် မှ ဗိုက်ကြီးသည်ဖြစ်ရပြီ ဦးဘလက် ရှင်းပါလော့

    • ဘဲဥ

      July 9, 2012 at 11:05 am

      ကိုဖိုးထောင် ကိုဖိုးထောင်…..
      ဘယ်တော့မွေးမှာတုံးဗျ…..
      ဘယ်သူနဲ့ ပြထားလဲ ဘာလေးလဲ သိရဘီလား 😀

  • marblecommet

    July 9, 2012 at 12:54 am

    အစ်ကိုကြီးရေ့
    လူကိုယ်တိုင်လိုက်ချင်ပေမဲ့
    ဘယ်လိုမှ မလိုက်နိုင်ခဲ့တာကြောင့်
    စိတ်မကောင်းဖြစ်ရပေမဲ့
    ကိုယ့်ရွာသားတွေရဲ့ အလှူကို မြင်ရပြန်တော့လည်း
    ရင်ထဲမှာ ကြည်နူးပီတိဖြစ်ရသလို
    ရွာသားတွေရဲ့ ပြုံးပြုံးပျော်ပျော်ပုံတွေကို
    တွေ့ရလို့…စိတ်ချမ်းသာရပါတယ်.
    ပုံ.
    ရွာသားတွေကို လွမ်းနေတဲ့
    မောင်ကမ်း…..

    • Foreign Resident

      July 9, 2012 at 3:48 am

      ကိုကမ်းကြီး အခု ဘယ်ရောက်နေလို့တုန်း ။

    • Khaing Khaing

      July 9, 2012 at 3:29 pm

      ကိုကြီးကမ်းလာမယ်လို့ထင်ထားတာ အဲနေ့မှာ ကိုကမ်းလှူထားတဲ့အလှူငွေဖြတ်ပိုင်းလည်းပေး ချင်လို့တောင်ယူလာတယ် ….. သူကမလာဘူး ……..

  • Foreign Resident

    July 9, 2012 at 3:19 am

    ၁ ။ လှူဒါန်းချင်နေတဲ့ အလှူတစ်ခု အောင်မြင် သွားတဲ့အတွက် ပီတိဖြစ်ရပါတယ် ။
    ၂ ။ ရွာသူား များကိုလည်း စည်းစည်းလုံးလုံး တွေ့ရတဲ့ အတွက် ဝမ်းသာလှပါတယ် ။
    ၃ ။ ဒီလို အလှူ အောင်မြင် အောင် ဦးဆောင်ပေးခဲ့သူတွေရဲ့ စေတနာနှင့် အနစ်နာခံမှုတွေကို
    လှိုက်လှိုက် လဲလဲ ( လှိုက်လှိုက် လဲလဲ ) အသိအမှတ်ပြုပါတယ် ။
    ၄ ။ ငွေအား ၊ စိတ်အား နှင့် ပါဝင် လှူဒါန်း ထောက်ခံပေးခဲ့ကြတဲ့ ရွာသူား အားလုံးကိုလည်း
    ကျေးဇူးတင်ပြီး သာဓု သုံးကြိမ် ခေါ်ပါတယ် ။

    စကားမစပ် ။
    ရွာသူတွေ အားလုံးက အချောအလှတွေကြီးပဲနော် ။

  • kai

    July 9, 2012 at 3:40 am

    ဓါတ်ပုံရယ်..သတင်းတိုလေးရယ်..ကျုပ်ဆီပို့ပေးထားပါဗျို့..
    သာဓုပါဗျို့…။
    :mrgreen:

  • အရီးခင်လတ်

    July 9, 2012 at 3:57 am

    သာဓု၊ သာဓု၊ သာဓု ပါ။
    နောင်ဒါထက်ပိုပြီး လှူနိုင်ကြပါစေ။
    ဒီလို ဒုက္ခမျိုး ကြုံသူတွေလဲ ဒုက္ခကလွတ်ပါစေ။
    ဒါမျိုးတွေ လဲ ထပ်မဖြစ်ပါစေနဲ့တော့ လို့ ဆုတောင်းပါတယ်။

    ကိုယ့်ရွာသူ/သား တွေအားလုံး က ချစ်ဖို့ကောင်းကြတယ်။
    ဦးဦးပါလေရာ ဆိုတာကို ဖိုးပါကြီး ပုံစံ မှန်းထားတာ လွဲသွားတယ်။ 😀

    ဓာတ်ပုံ လေးတွေ အတွက် ကျေးဇူးပါ ကဘချော ရေ။ 🙂

  • maungmoenyo

    July 9, 2012 at 6:42 am

    သာဓု(၃)ကြိမ်ပါဗျို့။

  • Gipsy

    July 9, 2012 at 7:49 am

    ဒီတစ်ကြိမ်လဲ လွဲရပြန်ပါပြီ….
    လူက နယ်မှာရောက်နေလို့…
    နောက်တစ်ကြ်ိမ်တော့ …. အဟင်း…..။

  • pan pan

    July 9, 2012 at 9:02 am

    စိတ်လည်းချမ်းမြေ့ပါတယ်
    ပျော်စရာလည်းကောင်းခဲ့ပါတယ်
    အလှူပွဲပြီးတော့ သာမီးတို့(ကလေးအုပ်စု) :mrgreen: အင်းယားမှာအကြော်စားပြီး
    ကာရာအိုကေလည်း သွားဆိုခဲ့သေး…. 😀

  • etone

    July 9, 2012 at 9:06 am

    စည်းလုံးခြင်းရဲ့ ရလဒ်တစ်ခုကို .. မျက်မြင်တွေ့ရခြင်းပါပဲ … ။

    စိတ်မကောင်းစရာကောင်းတာက … ကိုထူးဆန်းကြီး .. ကိုုယ်ရောင်မပြတာပါပဲ … ။ 😀
    ဒီပုံတွေထဲမှာ .. လေးဘလက်လည်း မပါဘူး ။ ဦးဦးပါလေရာလည်း မပါဘူး … ။ စာဖတ်သူ .. ကိုဝင်းလည်း မပါဘူး … ။

    မမခိုင်တော့ …. မိသားစုပုံလိုက်ကိုပါပြီနော် …. ။ ဟီးဟီး … 😛

    • htoosan

      July 9, 2012 at 10:53 am

      ရှက်တတ်တဲ့ ကျွန်တော် လူဇိုး မို့လို့ ပါ … ခွိခွိ.. 😀
      ဘဘ ဘလက်လိုတော့ ဝန်မခံဘဲနဲ့ …. :mrgreen:

      • Khaing Khaing

        July 9, 2012 at 3:32 pm

        အင်းဟုတ်တယ် …… အတွေးကောင်းတဲ့ ကိုထူးဆန်းပုံကိုမြင်ဖူးချင်တာ …… ခုတော့ မမြင်လိုက်ရဘူး ….

  • blackchaw

    July 9, 2012 at 9:10 am

    ဒီအထဲ တင်ထားတဲ့ ပုံတွေအားလုံးဟာ
    ခွင့်ပြုချက်တောင်းပြီးမှ တင်ထားတာပါ နော့။
    ဦးဘလက်ချော တို့ကတော့ အသက်တွေကကြီးကြပြီမို့
    ကိုယ်ထင်မပြချင်တော့တာပါဗျာ။
    (အသားမည်းမို့ လူထဲထွက်မပြချင်တာက များများ။ ဟေးဟေး။)
    :mrgreen:

  • mamanoyar

    July 9, 2012 at 9:25 am

    ဓါတ်ပုံလေးတွေကြည့်ရတာ အရမ်းကို ကြည်နူးပျော်ရွှင်စရာကောင်းပါတယ်
    အခုလို သွားရောက်လှူဒါန်းတာကို သာဓုခေါ်ပါတယ်ရှင်

  • Shwe Tike Soe

    July 9, 2012 at 9:26 am

    အလှူတစ်ခုပြီးမြောက်အောင်မြင်ပြန်ပြီဗျားးးးးးးးးးး ဝမ်းသာရပါတယ်…
    အလှူအတွက် ဝိုင်းဝန်းလှူတန်းကူညီပေးကြတဲ့ ရွာသူားများအားလုံး ကျန်းမာချမ်းသာ လိုရာဆန္ဒ တလုံးတဝ ပြည့်စုံပြီး လွတ်လပ်အေးချမ်းတဲ့ ဘဝများစွာကိုပိုင်ဆိုင်နိုင်ကြပါစေ……

    အလှူလာကြတဲ့ ရွာသူားများကို မောနင်းစတားမှာ စားသမျှ ရှင်းပေးတဲ့ ဦးပါလေရာ နှင့် အလှူပြီးတော့ အကြော်လိုက်ကျွေးတဲ့ မနိုဗွီ တို.ကိုလဲ အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ…(မလိုက်တဲ့သူတွေ အားမလိုအားမရဖစ်အောင် ညှော်သည် ဟီးဟီးဟီး) 😛 😀

    • Novy

      July 9, 2012 at 11:12 am

      အကြော်လိုက်ကျွေးတဲ့ ကိုရဲစည် ကိုလဲ အထူးကျေးဇူးတင်ပါတယ်ခင်ဗျား
      အဲလိုပြောင်းလိုက်ပါ

      မနို အကြော်ဖိုး ရှင်းဘို့ကောင်တာရှေ့လည်းရောက်ကော
      လက်မြန်သော ရဲစည်ကလေးက ရှင်းပြီးဖြစ်ပါကြောင်း

      • Shwe Tike Soe

        July 9, 2012 at 1:02 pm

        ဟုတ်ကဲ့ပါခင်ဗျာ……မွှားတွားလို.ပါ……တိုတိုရဲချီကို ကျေးကျေး…….

        • Khaing Khaing

          July 9, 2012 at 3:38 pm

          မတိုက်ရေ …… မသိရင်တော့ မနိုကိုသာမေး ….. သီချင်းတစ်ပုဒ်နဲ့ကိုရဲစည်ကို လက်ဆောင်ပေး လိုက်မယ် …….. ငါတော့မေ့လို့မရတော့ဘူး ….. နှစ်သောင်းခွဲ ……ငါတော့မေ့လို့မရတော့ဘူး ….. နှစ်သောင်းခွဲ ……ငါတော့မေ့လို့မရတော့ဘူး ….. နှစ်သောင်းခွဲ …… ဟဲ ဟဲ ..

  • shwe kyi

    July 9, 2012 at 9:30 am

    အဲဒီနေ့နေ့လည်ကအခန်းမှာနေရင်းသတိတရသာဓုခေါ်နေမိပါတယ်။ နေမကောင်းလို့လူကဘယ်မှမသွားပေမယ့်စိတ်ကတော့ရောက်သွားပါရဲ့ အခုအချိန်ဆိုလှူနေပြီဆိုပြီးလေ…။
    ဝမ်းသာပီတိဖြစ်ရပါတယ် သာဓု၊ သာဓု၊ သာဓု ပါ။

  • Wow

    July 9, 2012 at 9:38 am

    တစည်းတလုံးနဲ့ပျော်စရာကြီး နာတောင်မနာလိုတော့ဘူး…
    နောက်တစ်ခါလိုက်ဖြစ်အောင်ကြိုးစားပါ့မယ်… ခေါ်ကြနော်
    😛

  • akswe

    July 9, 2012 at 9:45 am

    ကိုချောေ၇…
    ဒီတစ်ခါ မလှူလိုက် နိူင်ဘူး ဗျာ…
    နောက်တစ်ခါ အခေါက်တွေ အတွက် အားခဲရင်း သာဓုသာ သုံးကြီမ်ခေါ်ပါရစေ…
    ဟိုဆု အတွက်လည်း လုပ်ဖြစ်ပါစေ ဆုတောင်းရင်း ကိုချောကို ဆက်သွယ်ရမယ့် ဟာလေးတွေ ပေးဖို့ တောင်းပါရစေ။
    မေတ္တာဖြင့်

  • amatmin

    July 9, 2012 at 9:46 am

    ကိုဘလက်ရဲ့ အမှတ်တရ.ပုံတွေအတွက်ရော..
    တတပ်တအားနိုင်သလောက်ပါခွင့်ရတဲ့အတွက်ရော..
    ကျေးဇူးပါဗျာ.. 🙂

    • htoosan

      July 9, 2012 at 10:59 am

      မမောနိုင်မပန်း နိုင် အဓိက ပါဝင်လှုပ်ရှားကောက်ခံပေးသွားတဲ့ လေးပေါက် ၊ ကိုရွှေတိုက်စိုး၊ ကိုအမတ်မင်း၊ နှင့် ကိုရွာစားကျော်တို့ကို အရမ်းကျေးဇူးတင် လေးစားပါတယ် .. ကိုယ်ဖျောက်နေတဲ့ Mလုလင်ကောပေါ့။။

  • ahnyartamar

    July 9, 2012 at 10:02 am

    အလှူကိုရောက်အောင်သွားမယ်ဆိုပြီး အားခဲထားတာ အကြောင်းအမျိုးမျိုးကြောင့် မရောက်ဖြစ်ခဲ့ဘူး၊ ဓာတ်ပုံတွေကြည့်ပြီး မသွားဖြစ်ခဲ့တာ နောင်တရမိပါ၏။
    နောက်တလှူအတွက်အားခဲထားပါ၏။ လှူဖို့ရော၊ ကိုယ်တိုင်ပါဝင်ဖို့ပါ။

  • ကြောင်ကြီး

    July 9, 2012 at 10:23 am

    နိုဗွီဂလေး အကြော်ကျွေးတဲ့ဆိုင်က သူနဲ့ဦးကြောင် တချိန်က ကျောင်းသားဘဝ အတူစားခဲ့ဒဲ့ ဆိုင်ပေါ့ကွယ်..။ ဂုများတော့ အတိတ်ဟာ လိပ်ပြာ အရိပ်ပမာ ပြိတ္တာ 🙁

    • Novy

      July 9, 2012 at 11:26 am

      နိုဗွီကလေးလဲ ဥကြောင် ကိုလွမ်းခဲ့ပါတယ်
      အသဲမရှိတဲ့ ကြောင်ဝတုတ်ကတော့
      လွမ်းရင် သစ်ပင်တွေအများကြီးရှိတယ်တဲ့
      ဖတ်ငိုဖို့တဲ့ 🙁

  • ဘဲဥ

    July 9, 2012 at 10:55 am

    သာဓု သာဓု သာဓု
    ဝမ်းသာ ပီတိဖြစ်ရပါတယ်ဗျာ

  • Khaing Khaing

    July 9, 2012 at 11:21 am

    ဒါ့ပုံရိုက်တဲ့လူတွေကများတော့ ဘယ်ကိုကြည့်ရမှန်းမသိဘူး ……. မျက်စိတွေကဟိုရောက်ဒီရောက်နဲ့ စိတ်မတည်ငြိမ်တဲ့ကျနေတာပဲ …… တကယ့်ကိုပျော်စရာကောင်းတဲ့အလှူပွဲလေးပါ ….. အလှူငွေက ထင်တာထက်ပိုရခဲ့တယ် ….. လေးဘလက်ရဲ့ရိုက်ချက်ကလည်း အံ့မခန်းစရာပဲ သမီးပုံပါမယ်မထင်ဘူး ပါတယ်တော့ …….

  • Novy

    July 9, 2012 at 11:31 am

    ကိုဘချောရဲ့ ပုံ13 ရိုက်ချက်ကြောင့်
    လူပုလေးနဲ့ ဘီလူးကြီးဘေးမှာ
    မင်းသမီးလေးမှာ ပိုပြီးလှသွားပါကြောင်း

  • ကိုရင်မောင်

    July 9, 2012 at 12:10 pm

    ကြည်နူးစရာအလှူပါ….
    ကိုယ်တိုင်မလိုက်နိုင်ပေမဲ့…
    ပါဝင်လှူတန်းလိုက်ရတဲ့အတွက်…
    ပီတိဖြစ်ရပါတယ်…..
    ရွာသူရွာသားများပျော်ပျော်ရွင်ရွင်
    စည်းစည်းလုံးလုံးတွေ့ရတဲ့အတွက်ဝမ်းသာရပါတယ်..
    ဓါတ်ပုံတွေအမှတ်တရ…ကူးထားလိုက်ပါပြီ…..

  • shwe pont

    July 9, 2012 at 12:22 pm

    ရခိုင်က ညီအစ်ကို မောင်နှမတွေ ကိုယ်စား ကျေးဇူးတင်စကားပြောချင်ပါတယ်။
    ပြီးတော့ မန်းဂေဇက် မိသားစုဝင်တွေရဲ ့အလှူကို ဝမ်းမြောက်ဝမ်းသာ သာဓု သုံးကြိမ်ခေါ်ပါတယ်ရှင်။
    ကျမတို ့လည်း သူငယ်ချင်းတွေစုပြီး အဝတ် ပီနံအိတ်ကြီးနဲ ့၈ ထုပ်၊ ငွေသား 174000ကျပ်၊ နဲ ့ကျပ် ငါးသောင်းဖိုး စာရေးကိရိယာနဲ ့ခေါက်ဆွဲခြောက် ၂ ဖာကို လှူဒါန်းပြီးပါကြောင်း ကုသိုလ်ကို မျှဝေပါတယ် ။

  • လက်ဆော့နေတဲ့ ကျနော်နဲ့ဝါသနာတူသူလေးတစ်ယောက်ကလွဲရင်
    အာလုံးကို ကိုပေါက်က သိနေပါ၏။

    ကြွားဒါ တွမ်…………………………

  • manawphyulay

    July 9, 2012 at 12:47 pm

    ဒီတစ်ပွဲတော့ မနွဲ့လိုက်ရတာ နာလိုက်တာ။ နေမကောင်းနေတော့ မလိုက်ဖြစ်ဘူး ဖြစ်သွားတယ်။ အတော်စည်မယ့်ပုံ ဂုဏ်ပြုတာတွေတင်တဲ့သူရဲ့ ပုံတွေလည်း မပါပါလား… အတော်ပျော်ဖို့ကောင်းတဲ့ ဒုတိယအကြိမ်အလှူအတွက် သာဓုခေါ်လိုက်ပါတယ်ရှင်။

  • myanmarcitizen

    July 9, 2012 at 1:04 pm

    ဝမ်းသာစရာ သတင်းနဲ့ ဓါတ်ပုံလေးတွေပဲဗျို့။ သာဓုခေါ်သွားပါတယ်ခင်ဗျာ

  • kyeemite

    July 9, 2012 at 1:09 pm

    အလှူတစ်ခုပြီးမြောက်အောင်မြင်ပြန်ပြီဆိုတော့
    အတိုင်းမသိ ဝမ်းသာပီတိဖြစ်ရပါ၏…ကိုယ်တိုင်မလိုက်နိုင်ခဲ့တာတော့
    ခွင့်လွှတ်ကြပါဗျို့…သာဓု..သာဓု..သာဓု..

  • ko khin kha

    July 9, 2012 at 1:50 pm

    ရန်ကုန်ကအလှု မန်းကလူ
    မလိုက်နိုင်ပေမယ့် ဝမ်းသာလျှက်။

Leave a Reply