နှင်း
အပြာရောင်နောက်ခံပန်းချီကားပေါ်မှာ
အဖြူရောင်ဆေးချက်တွေနဲ့
ရွှေရောင်စက်ဝိုင်းတစ်ခုရှိနေတယ်
အညိုရောင်နောက်ခံပေါ်မှာ
အစိမ်းရောင်ပြည့်ှနှက်နေပြီး
ငွေရောင်အစက်အပြောက်တွေ ပျံ့နှံ့နေပြီ။
၁ဝး၅၈နာရီ
sunday
24.6.12
အပြာရောင်နောက်ခံပန်းချီကားပေါ်မှာ
အဖြူရောင်ဆေးချက်တွေနဲ့
ရွှေရောင်စက်ဝိုင်းတစ်ခုရှိနေတယ်
အညိုရောင်နောက်ခံပေါ်မှာ
အစိမ်းရောင်ပြည့်ှနှက်နေပြီး
ငွေရောင်အစက်အပြောက်တွေ ပျံ့နှံ့နေပြီ။
၁ဝး၅၈နာရီ
sunday
24.6.12
11 comments
ဇောက် ထိုး
July 9, 2012 at 8:49 pm
ဟုတ်ကဲ့ အဲဒီဟာကတော့.. ဒီလိုရှိပါတယ်ခင်ဗျ။ ဟိုကိစ္စမှာ…ဒီအကြောင်းအရာတွေကြောင့်…ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
သားဦးမြေးဦး၊ ဝမ်းတွင်းရူး
July 9, 2012 at 10:06 pm
အဓိပ္ပာယ်ကို ရှာမတွေ ့ပါ။
mamanoyar
July 10, 2012 at 10:46 am
ဖတ်ပြီး မမန့်တတ်ဖြစ်ရပါသည်
ဘဲဥ
July 10, 2012 at 10:54 am
အစိမ်းရောင်ပြည့်ှနှက်နေပြီး
ငွေရောင်အစက်အပြောက်တွေ ပျံ့နှံ့နေပြီ။
အဲ့ဒီစာသားလေးကို နှစ်သက်မိပါတယ်
super man
July 12, 2012 at 5:26 pm
အခုလိုကျွန်တော့ကို ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်
အားပေးနေပါဦး
Thank ဘဲဥ
ခပ်မိုက်မိုက် ကောင်မလေး
July 10, 2012 at 11:14 am
နှင်းစက်လေးတွေကို…
တင်စားထားတာလား….?
ဒါမှမဟုတ်……
အဖြူရောင်နောက်ခံပန်းချီကားမှာ…
အဖြူရောင်ဆေးသားကနေ…
အရောင်ပြောင်းသွားတဲ့စိတ်ကို..
ရွှေရောင်အဖြစ်တင်ထားလိုက်တာလား….?
အညိုရောင်ပန်းချီကားကရော….
စိမ်းကားမှုတွေအဖြစ်ပြောင်းသွားပြီး…
ဘာဆေးသားမှမရှိတော့တဲ့…
နှင်းပွင့်ရောင် ဆေးသားအဖြစ်တည်ရှိနေဦးမယ်လို့…
ဆိုလိုလိုက်တာလား….?
မိုက်လေး…နားတော့မလည်ဘူး…
ဟီးးးးးးးးးးးနည်းနည်းလေးထင်ရာလေးပေါ့နော်..
အဓိပ္ပါယ်ဖွင့်ကြည့်တာ….
ရှင်းးးးးးးးးးးးပြပေးပါဦး…အားပေးနေပါတယ်နော်..။
ရွှေရည်နိုင်
July 10, 2012 at 3:33 pm
စာသားတွေ တော်တော်ရှာရမှာပဲနော်။ အားပေးသွားပါတယ်။
super man
July 12, 2012 at 5:38 pm
စာသားတွေတော်တော်ရှာရမှာပဲနော် ဆိုတဲ့စကားအတည်ဖြစ်ပါစေ။
ဘယ်လောက်ပဲစကားလုံးတွေရှိရှိ မဖွဲ့ဆိုရင်ကဗျာမဖြစ်ပါ…
အားပေးတာကိုကျေးဇူးပါ…
ရိုင်းသွားရင်ခွင့်လွှတ်ပါ
ခပ်မိုက်မိုက် ကောင်မလေး
July 10, 2012 at 3:44 pm
အဲ့ဒါလေးသိချင်တယ်…
ရှင်းပြပေးဦးနော်….
ခင်တဲ့..မိုက်လေး
super man
July 12, 2012 at 5:22 pm
ဒီလိုပါခင်ဗျ အဖြူရောင်နောက်ခံပန်းချီကားဆိုတာ ကောင်းကင်၊အဖြူရောင်ဆေးချက်က တိမ်၊
ရွှေရောင်စက်ဝိုင်းက နေပေါ့ဗျာ…
အညိုရောင်နောက်ခံဆိုတာ မြေကြီး၊အစီမ်းရောင်တွေက သစ်ပင်တွေပါ နောက်ပြီးငွေရောင်အစက်အပြောက်
တွေကတော့ (…)ထင်တဲ့အတိုင်း နှင်းစက်ကလေးတွေပါ…
ဆိုလိုရင်းကတော့ ကိုယ့်ဘာသာကိုယ် တွေးတောပေါ့ဗျာ…
တစ်ယောက်နဲ့တစ်ယောက်အတွေးခြင်းတော့ ဘယ်တူမလဲ…
super man
July 17, 2012 at 5:56 pm
အားလုံးကိုတောင်းပန်ချင်ပါတယ်……….
အဖြူရောင်နောက်ခံ ဆိုတဲ့စာသား မှားပါတယ်…
အပြာရောင်နောက်ခံ ဟုပြင်ဆင်ဖတ်ရှုပေးပါ
အားလုံးပဲ တောင်းပန်ပါတယ်