လူတိုင်းအမြဲ အရင်းတစ်ခုပြုနေကြတယ်ဆိုရင် ယုံလားဟင်
ချမ်းသာတဲ့သူတွေ ငွေကြေးပိုက်ဆံရှိတဲ့သူတွေမှ အရင်းပြုပြီးတစ်ခုခုဝယ်ထား မြတ်ရင်ပြန်ရောင်းလို့ လုပ်နိုင်ကြတာပါ။ ဆင်းရဲသားတွေ တစ်နေ့လုပ်တစ်နေ့စားတွေ အတွက်တော့ မဆိုင်ဘူး၊ အိမ်မက်တောင်မက်စရာမလိုဘူးလို့ ပြောချင်၊ထင်ချင်သူတွေအတွက် သူဌေးတွေ၊ငွေကြေးရှိသူတွေ မှမဟုတ်ပါဘူး လူတိုင်းအမြဲ အရင်းတစ်ခုပြုနေကြပါတယ်၊ လူတိုင်းလူတိုင်း အရင်းအနှီးတစ်ခု အမြဲပိုင် နေကြတယ်လို့ ပြောပါရစေ။ ဒါကြောင့်ငါတို့မှာ အရင်း(အရင်းအနှီ)မရှိပါဘူးလို့ အားငယ်သူတွေ အတွက် ဒီပိုစ့်လေးရေးပါရစေ။ ဖတ်လို့ပြီးရင် ဝေဖန်မှု့ကိုလည်း ကြိုဆိုပါတယ်၊
လူတိုင်းအမြဲ အရင်းတစ်ခုကို အမြဲပြုနေကြပါတယ် အဲဒီအရင်းကနေ တစ်ချို့လည်း အကျိုးအမြတ် ရသွားကြသလို၊ တစ်ချို့လည်းရင်းလိုက်မှန်းမသိလိုက်ဘဲ အကျိုးအမြတ် မရလိုက်တာပါ။ အဲဒီ လူတိုင်းအမြဲအလုပ်နဲ့ရင်းနေတဲ့ အရင်းကတော့ အချိန် ပါဘဲ။
ကျွန်တော်ပြောတာမယုံဘူးလား၊ဒါဆို ကောက်သင်းကောက်ပြီး သက်သေလေးတွေကြည့်ကြည့် ရအောင်ဗျာ။
မနက်ဈေးမှာ ကောက်ညင်းပေါင်း၊အကြော်ရောင်းတဲ့သူကိုကြည့်ကြည့်ပါ။ မနက်မိုးလင်းတာနဲ့ ဈေးဝယ်သူတွေလာမှာမို့ သူများတွေအိမ်ကောင်းချိန် ၂နာရီလောက်ထပြီး ကြော်ရ၊ပေါင်းရ လုပ်နေတာလေ သူကညဉ့်နက်ကျော်လောက်ကထဲက အချိန်ကိုအလုပ်နဲ့စရင်းရပြီ။
နောက်တစ်ယောက်က ဈေးထဲပန်းရောင်းတဲ့သူ- မနက်ဈေးမှာရောင်းဖို့ပန်းစည်းကို ဒိုင်မှာညနေဆို သွားယူပြီး သူများတွေကိုရီးယားဇတ်လမ်းတွဲကြည့်ကောင်းချိန် သူကပန်းစည်းလေးတွေကို ပြန်လို့စည်း၊ လှအောင်ပြင်၊ ရေစိုက်ရေလောင်း လုပ်ပြီး မနက်မိုးမလင်းသေးဘူး ဈေးကိုပြေးလို့ ခင်းကျင်းရောင်းဖို့လုပ်ရတာ၊ သူကလည်း ညနေကထဲက ရင်းခဲ့တာ အလုပ်လုပ်နေတဲ့ အချိန်လေ။
နောက်တစ်ယောက်က လ္ဘက်ရေဆိုင်ဖွင့်တဲ့သူ- အရင်အနှီးကိုငွေရင်းစိုက်ပြီးလုပ်ပေမယ့် နေ့စဉ်ရောင်းဖို့ မနက်ဆိုထ တရားဖွင့် ဆိုင်ခင်းနဲ့ အချိန်ကို ဝိရိယပေါင်း ရင်းရပြန်ရော။ အိမ်ယာထနောက်ကျလို့ မိုးလင်းမှဆိုင်ခင်းကျင်းကြည့်ပါလား စားသုံးသူတွေတဖြေးဖြေး အခြားဆိုင်ရောက်ရော။
ဒါဆိုရင် အလုပ်သမား၊ဝန်ထမ်းရော- အရင်းအနှီးမစိုက်ရဘူးမထင်နဲ့ ရုံးချိန်၊အလုပ်ချိန်လို့ သတ်မှတ်တဲ့ မနက် ၈/၉ နာရီကနေ့ အလုပ်ဆင်း ၄/၅ နာရီထိ ကိုယ်အိမ်လိုနေချင်တိုင်းနေရ လို့လား၊ အလုပ်ချိန်၊ရုံးချိန်ဆိုတဲ့အချိန်ကို ပေးပြီးရင်းထားရတာလေ။ ဒါကြောင့်စကားတောင်ရှိ သေးတယ် ရုံးချိန်၊အလုပ်ချိန်မဟုတ်ရင် ကိုယ်ပိုင်ချိန်တဲ့။
လယ်သမားရော ကြည့်ကြည့်ပါလား-သူကတော့ရင်းရတဲ့အချိန်က နယုန်/ဝါဆို ဆိုရင် လယ်ဆိုက်ရပြီလေ၊ပြီးရင် စပါးဖြစ်ဖို့ တစ်မိုး သုံးလေးလလောက် အချိန်အရင်းပြုထားရတာ၊ စပါးဖြစ်မှ ရောင်းရရပြီးငွေရမှာလေ။
ကုန်သည်တွေရော- ပဲကုန်သည်၊ဆန်ကုန်သည်ဆိုပါစို့ ပဲနှမ်း၊ဆန် ပေါ်ပြီဆို ဝယ်လှောင်ထားပြီးဈေး တက်မယ့်အချိန်စောင့်လို့ အမြတ်လေးယူပြန်ရောင်း သူလည်းဘဲလှောင်ထားတဲ့ အချိန်ကလည်း ရင်းရပြန်ရော။
ကျောင်းသားကျောင်းသူရော- ၃နှစ်ကျော်၄နှစ်ကထဲက ကျောင်းစာတွေနဲ့နပန်းလုံးရတာ ဘွဲ့တစ်ခုရဖို့ အချိန်က ဆယ်စုနှစ်ကျော်ထိ အရင်းပြုရပါကော။
ဟောလမ်းပေါ်လျှောက်နေတဲ့ပွဲစားရော- အရောင်းဝယ်လေးဖြစ်မှပွဲခရမှာမို့ တစ်မနက်လုံးဟိုသွား ဒီသွား ဟိုပြောဒီပြောနဲ့ အချိန်ကုန်ခံလို့ ရင်းနေသူပါ။
တရားဘာဝနာကျင့်သူရော- တပင်ခွေလေးထိုင်လို့၊ဘယ်ဘက်လက်ပေါ်ညာလက်လေတင်၊ မျက်လုံးလေးမှတ်တာနဲ့ ဉာဏ်စဉ်တွေ၊တရားတွေရရောလား မဟုတ်ဖူးနော် ကျင့်ကြံတဲ့အချိန်တော့ ရင်းလိုက်ရတယ်နော်။ ပြီးမှ မိမိဘဝပါရမီအရ တရားထူးရတာနော်။
ဒါပေမယ့်တစ်ချို့ဘာအလုပ်မှမလုပ်ဘဲနေတဲ့သူရော- ဘာမှမရင်းဘူးမထင်နဲ့ သူကအချိန်တွေကို အကျိုးအမြတ်မရဘဲ အလားရင်းနေတာလေ။ အသက်အရွယ်ကဘယ်တော့မှရပ်နေတာမှ မဟုတ်တာဗျာ။
ဒါကြောင့်လူတိုင်းအမြဲ အချိန်ကို အရင်းတစ်ခုပြုနေကြပါတယ်။ ကိုယ်အရင်းစိုက်နေရတဲ့ အချိန်တွေကုန်လွန်တဲ့နောက်မှာ ကိုယ့်အတွက်၊ဒါမှမဟုတ် ကိုယ့်ဝန်းကျင်အတွက်၊ ဒါမှမဟုတ် လူသားတွေ၊ သက်ရှိသတ္တဝါတွေအတွက် အကျိ်ုးအမြတ်တစ်တစ်ခုတော့ ရအောင်လုပ်နိုင်ခြင်းသည် အချိန် အရင်းပြု တိုးပွားရာ အမြတ်အစွန်းများဖြစ်လေမလားလို့ ထင်ရာမြင်ရာ တင်ကာရေး လိုက်ရပါသည်။
ဖတ်ရှုသူအပေါင်းကျေးဇူးနော်။
8 comments
မောင်ပေ
July 11, 2012 at 1:52 pm
အရမ်းမှန်တဲ့ အရေးအသားတွေ မို ့ကြိုက်မိပါတယ် ဗျို ့။
လက်မတစ်ချောင်းလဲ ထောင်ခဲ့ပါတယ် ။
စာရေးဆရာအတွက်တော့ စဉ်းစားတွေးတောခြင်း ဟာ အရင်းအနှီးပါဘဲ မလား ကိုခင်ခရေ ။
ကျုပ်လို စာရေးတာ ဝါသနာပါတဲ့ကောင်အတွက်လဲ များများစဉ်းစားဖို ့လို နေပြီ ၊ ဇါတ်လမ်း ဇါတ်ကောင် ဇါတ်အိမ် ဘယ်လို တည်ဆောက်ရမလဲ ဆိုတာ ။
Thu Wai
July 11, 2012 at 1:55 pm
ကျွန်တော်ကတော့ အမြဲ အဖျားတစ်ခုပြုနေပါတယ် မှတ်ချက်- နှာဖျား ဝင်လေထွက်လေ မှတ်နေတာကိုပြောတာ
မမ အညာသူ
July 11, 2012 at 2:07 pm
မှန်ပါတယ်
အရေးအသားကတော့ထိမိပါတယ်
နောက်လဲအားပေးနေမယ်နော်
mamanoyar
July 11, 2012 at 4:47 pm
ဟုတ်ကဲ့
မှန်ပါတယ်
အချိန်ကို အရင်းပြုပြီး အလုပ်လုပ်နေကြရတာ
သားဦးမြေးဦး၊ ဝမ်းတွင်းရူး
July 11, 2012 at 9:39 pm
ဒါပေမယ့်တစ်ချို့ဘာအလုပ်မှမလုပ်ဘဲနေတဲ့သူရော- ဘာမှမရင်းဘူးမထင်နဲ့ သူကအချိန်တွေကို အကျိုးအမြတ်မရဘဲ အလားရင်းနေတာလေ။ အသက်အရွယ်ကဘယ်တော့မှရပ်နေတာမှ မဟုတ်တာဗျာ။
ကြောင်လေး
July 11, 2012 at 10:07 pm
ဂွတ်အိုင်ဒီယာ နဲ့ အရေးအသားပါဗျာ။ ရေးစရာလို့ မတွေးမိတဲ့အကြောင်းအရာလေးက ရေးစရာရော တွေးစရာရော၊ မှတ်စရာ၊ဆင်ခြင်စရာအားလုံးကိုတစ်စုတစ်ပြုံတည်းဖြစ်ပေါ်လာစေပါတယ်။
ကိုပေါက်(မန္တလေး)
July 11, 2012 at 10:44 pm
တစ်ခါက အချိန်နဲ့ပါတ်သက်တဲ့ဟာသတစ်ပုဒ်အခုထိမှတ်မိနေတယ်
တက္ကသိုလ်ပါမောက္ခကြီးက ဆန်ရွေးနေတယ်။
ဆရာကြီးအချိန်တွေနှမျောစရာလို့တစ်ယောက်ကပြောတော့
ငါ့ပိုနေတဲ့အချိန်တွေရောင်းစားလို့မရဘူးလေကွာ……………လို့ပြောတာလေသဘောကျလို့
Gipsy
July 11, 2012 at 11:12 pm
အရင်းမစိုက် လှေထိုးလိုက် စကားပုံလေးရှိပေမဲ့
လှေသမားတယောက်အနေနဲ့ ကာယအား သုံးရတာပဲ မဟုတ်ပေလားဗျာ..
သူလဲ အရင်းစိုက်ရတာပါပဲ …
ကျုပ်တို့လဲ အင်တာနက်ကြေးပေးပြီး ရင်းနေရတာပဲနော်….။