တစ်ဘဝစာ
ငါ့အမုန်းမှာ
အပြုံးမရှိဘူး။
သုံးစားမရတဲ့ ဦးနှောက်က
နှလုံးသားရဲ့ ခြေနင်းဖက်။
ခပ်လွယ်လွယ်ပြောလိုက်ရင်
သီချင်းထဲက စံပယ်ပေါ့။
“ငြင်းစရာမရှိလို့ပါ” တဲ့…
ခပ်တင်းတင်းပြောထွက်တဲ့ ပါးစပ်
ရွှေတောင် ကပ်ပေးလိုက်ချင်တယ်။
“ခင်ဖို့အတွက် ရင်းရတာမာန”
ဟား..ကြားသမျှမှာ အဆန်းဆုံးပဲ။
နားတွေလည်း ခါးလှပါပြီ။
အရှုံးတွေလည်း များလှပါပြီ။
ဒီတော့…
အပြုံးမရှိတဲ့ ငါ့အမုန်းအောက်မှာ
တစ်သက်လုံးပဲ နေလိုက်ပါတော့…။ ။
9 comments
mamanoyar
July 13, 2012 at 11:10 am
အရမ်းမိုက်တယ် အရမ်းကြိုက်တယ်
ဖတ်မိတာ မဆန်းဘူးကွယ်
ဟဲဟဲ သီချင်းနဲ့မြောချတာ တကယ်ကြိုက်တယ် ကဗျာလေးကို
မောင်ပေ
July 13, 2012 at 11:20 am
ဘယ်မှမသွားတော့ပါဘူးကွယ်
အပြုံးမရှိလဲ
အရှုံးမရှိတဲ့
မွန်လေးနားမှာဘဲ
နေပါရစေ..
မမ အညာသူ
July 13, 2012 at 11:28 am
မွန်လေးရေ
ကဗျာလေးကကောင်းပါတယ်နော်
ရှင်းသန့် နွယ်
July 13, 2012 at 11:55 am
အရမ်းကောင်းပါတယ်မွန်မွန်ရေ….
သားဦးမြေးဦး၊ ဝမ်းတွင်းရူး
July 13, 2012 at 1:11 pm
ရွှေတောင်က ရွှေမျက်မှန်ဘုရားဖူးသွားပါသည်။ဟီးးးးးးးးးး
snow white
July 13, 2012 at 4:06 pm
မမမွန် အမုန်းအောက်မှာတသက်လုံးမနေနိုင်ပါဘူး။။
shwe kyi
July 13, 2012 at 4:16 pm
မမွန်မွန်ရေ ရွှေနဲ့တောင်ကြားမှာ ခြားပေးလိုက်ပါနော်..။
အရမ်းကြိုက်တယ် လုံးဝထိမိတယ်။
may cho
July 13, 2012 at 4:17 pm
ဖြစ်ချင်တာနဲ့ဖြစ်သင့်တာက ဘယ်တော့မှမတူနိုင်ဘူးလေ။
စိန်ဗိုက်ဗိုက်
July 13, 2012 at 4:55 pm
စိတ်လိုက်မာန်ပါတွေ မလုပ်ပါနဲ ့ဗျာ.
အဂျင်းဂျင်းတွေဘဲ.
စိတ်လျှော့..စိတ်လျှော့