Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိုက်ကယ်ဂျော်နီအောင်ပု ၏ ကိလေသာလောဘတဏှာ ကို ပယ်သတ်နည်းနာနိဿယကြီး

တစ်နေ့သောတွင် သ၌ ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု သည်  လူ့ကလေကချေတို့၏ သဘောသဘာဝဖြစ်သော

အားအားယားယား အလုပ်မရှိအကိုင်မရှိ လပ်လျှားလျှား ယောင်ဝါးဝါး ငေါင်တောင်ပေါင်တောင် အခြေအနေတွင်

တည်ရှိနေသည့်အခိုက် လောကီသားသတ္တဝါတစ်ကောင်၏ သူလိုကိုယ်လိုဖြစ်လေ့ဖြစ်ထရှိ ( တတ် ) သော

အမျိုးအမျိုးအဖုံဖုံ မရည်တွက်နိုင်လောက်အောင် များမြောင်လှသည့် ကိလေသာအစုံစုံတို့တွင်

တစ်ပါးအဝင်အပါဖြစ်သည့်  ဝီစကီ ကောင်းကောင်းလေးတစ်မည်ကို သောက်ခြင်လာသည့် အာသီသ ဆန္ဒ ကြီးသည်

ပျင်းပြလွန်းစွာ နှိပ်စက်နေသည်ကို ကြီးစွာသောဉာဏ်သတိပညာဖြင့် ဆင်ခြင်မိသည့်ခိုက်ဝယ်

ဤမည်သော ကိလေသာတစ်မျိုးသည် ငါ့အားနှိပ်စက်နေလေပြီတကားဟု

သိ၍ သိ၍ မမေ့မလျှော့သော သတိဖြင့် အစဉ်ရှု့၍ နှလုံးသွင်းနေသည်တွင်မှ

လောဘတဏှာကို သီလဖြင့်ပယ်သတ်ရသည်ဟူသော သူတော်ကောင်းတို့၏အဆုံးအမ သဘောကို

မှတ်သား သိရှိ ဘူးသည့် အလျှောက် ထိုသောကိလေသာကို ( ဟန့်တားခြင်းငှာ ) အားထုတ်အံ့ ဟု

ကြံစည်ပြီးသည်ရှိသော် ရှိစုမဲ့စုလေးမှ ကျွန်ုပ်၏ ဖခင်နှင့်မိခင် ( မိဖ ) နှစ်ယောက်အနေဖြင့် လေးငါးရက်စာ

စားစရိတ်နှင့်ညီမျှသော ငွေကြေးပမာဏ တန်ဖိုးထိုက်သည့် အလတ်တန်းစား ဝီစကီတစ်မျိုးကို  

ကျွန်ုပ် မှီတင်းနေထိုင်ရာ တိုက်၏ မနီးမဝေးရှိ စတိုးလ်ဆိုင်တစ်ဆိုင်စီမှ တွဲဖက်သုံးဆောင်ရသော

ဆိုဒါ ( Soda ) ရေခဲ အချိုရည် အမြည်း စသည့် တန်စာပလာများနှင့်အတူ ဝယ်ယူဆောင်ကျဉ်းလာခဲ့လေပြီးလျှင်

အရက် ( ဝီစကီ ) သောက်ရန်အမှု့ကို ပြုမူအားထုတ်လေတော့သတည်း။

            အနည်းငယ်ရှင်းလင်းပါအံ့

            အနုသယကိလေသာ ကို ( မဂ်ဉာဏ်ဖြင့်မပယ်ရသေးသော ) သတ္တဝါတစ်ကောင် အနေဖြင့်

ဖြစ်ရိုးဖြစ်စဉ်ဟု ဆိုနိုင်သော ကိလေသာထခြင်းကို လုံးဝပယ်သတ်ရန်မှာ လွယ်ကူသောအလုပ်မဟုတ်ခြေ၊

ထို့ကြောင့် ထကြွလာသောကိလေသာကို ထကြွနေသည်ဟု သိရန်လိုပါသည်။ ထကြွလာသောကိလေသာကိုသိ၍

ဆင်ခြင်မိသောအခါ မိမိ၏ တန်ဘိုးကြီးဝီစကီကိုမှသောက်လိုခြင်းသည် ကြီးသောလောဘဖြစ်လေသည်ဟုမြင်သိလာကာ

ထိုသောလောဘကို အပြတ်ပယ်ရန် မစွမ်းသောကြောင့် သင့်တင့်သော ဝီစကီကိုသောက်ခြင်း ( သီလ ) ဖြင့်

လောဘကို အနည်းငယ်လျှော့ချခြင်းသဘော ဟု နားလည်ကြကုန်စေ။

( ဂလေကချေတစ်ယောက်အနေနှင့် မိမိစည်းစိမ်ဖြင့်မတန်ရာ တန်ဘိုးကြီး ဝီစကီသောက်လိုခြင်း ( လောဘတဏှာ ) ကို

မိမိ၏ငွေကြေးနှင့် မျှတသော အလတ်တန်းစား ဝီစကီကိုသာ ဝယ်ယူခြင်း ( သီလ )  ဟု တနည်းဆိုလိုခြင်းလည်းဖြစ်ပေတော့၏။ )

ရည်ညွှန်းသည်မှာ ကျွန်ုပ်သည် လူထဲကလူ လူသားထဲက မိုက်ကယ်ဂျော်နီအောင်ပု ဖြစ်သောကြောင့်

လောဘတဏှာ ကင်းစင်ရေးနှင့် သီလစောင့်တည်ခြင်းအမှု့အား သူတော်ကောင်းတို့ကဲ့သို့ ပြည့်စုံစွာ မကျင့်ကြံနိုင်သဖြင့်

မိမိတတ်နိုင်သည့်နည်းဖြင့် ကျင့်ကြံ အားထုတ်လိုက်သည်ကို သိကြစေကုန်သောဝ်။

ဤတွင် လောကအဆိုအရ သေရည်သောက်စားခြင်းအကြောင်း၏ အကျိုးအပြစ် တစ်စုံတစ်ခုကို

အလေးအနက်ပြောလိုသော်လည်း  ထိုအပိုင်းတွင် သတ္တဝါ တစ်ဦးခြင်းစီအနေဖြင့် အခြေနေကွဲပြားခြားနားနိုင်ခြင်းအတွက်

ယ္ခုအကြောင်းအရာတို့ကို မှတ်သားကြကုန်လော့ဟု အတင်းအကြပ် မတိုက်တွန်းလိုသော်လည်း

မှတ်သားထိုက်၏ဟု တိုက်တွန်းပါ၏။ ( ကွိကွိ )

ကျွန်ုပ်ထင်မိပါသည် တိုင်းပြည်တစ်နိုင်ငံ၏ ကြီးစွာသော အသုံးစရိတ်ကိုပြပါဆိုလျှင် စစ်အသုံးစရိတ်ကိုပင် ညွှန်းရမည်လား

ဆိုသကဲ့သို့ ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု ၏ ကြီးလေးသော အသုံးစရိတ်ကိုပြရလျှင် လွယ်လွယ်ပြောပါက 

အရက်ဘိုးပင်ဖြစ်လေတော့၏။

ဤက ကျွန်ုပ်ကိုယ်ကျွန်ုပ် ပြောခြင်းသာလျှင်ပင်။

ကျွန်ုပ်၏တစ်လတာတွက်အရက်ဖိုးသည် ရံခါ ကျွန်ုပ် တစ်လတာရရှိသောဝင်ငွေ၏ ၈၀% ကိုရောက်သွားတတ်သောအခါ

ထိုသောလအတွက် ကြွေးမီမတက်စေဘို့အရေးအား ကျွန်ုပ်သည် မိမိကိုယ်မိမိ အသေအခြာ ကြီးကြပ်ရလေတော့ပါပြီး

ထိုသောအကြောင်းကို သတိတရား ဟု မှတ်ယူမိပါတော့သည်။

အများအားဖြင့် ညနေ ခြောက်နာရီခန့်တွင် သောက်စားလေ့ရှိသော ကျွန်ုပ်သည် ထိုသော ဘတ်ဂျက်ခရိုက်စစ် အခြေနေတွင်

အနှီး ညနေခြောက်နာရီမတိုင်မီ ထမင်းဟင်း ဘောဇဉ် စားသောက်ဖွယ်ရာများကို မှီဝဲသုံးဆောင်ရန် အလိုမရှိပါဘဲ အဓမ္မ

အတင်းအကြပ် မှီဝဲသုံးဆောင် ဝါးမျိုရလေတော့၏။

အကြောင်းမှာ –

ကျွန်ုပ်နှင့် သူအချို့တို့သည် ကိလေသာလောဘဖြစ်ပုံ သဘောတရားခြင်း အတူတူပင်ဖြစ်သော်ငြား လိုအင်ဆန္ဒ ဖြစ်တည်ပုံခြင်းကား

အသို့ရှိမည်မဆိုသာပါ၊

အဘယ့်ကြောင့်ဆိုသော် ကျွန်ုပ်သည် ထမင်းဝပြီးဗိုက်တင်းလျှင် ငြိမ်ငြိမ်နေတတ်သည့်သဘောရှိသည့်အတွက်

ဗိုက်ဖေါင်းလျှင်စိတ်ကောင်းသော သတ္တဝါတစ်ကောင် ဧကန်စစ်စစ်ဖြစ်လေတော့သည်မှ အဆိုပါ ထမင်းဟင်း

ဘောဇဉ် စားသောက်ဖွယ်ရာများကို မှီဝဲသုံးဆောင်ပြီးပါက သေရည်သေရက်ကိုသောက်စားရန် အလိုဆန္ဒမဖြစ်တော့ခြင်းမှသည်

ငွေကြေးအကြပ်အတည်းကိုဖြေရှင်းနိုင်ခြင်း အမှု့ကိုလည်း ပြုလုပ်နိုင်ခြင်အကြောင်းသည်းဖြစ်စေတော့၏။

သေရည်သေရက်ရှိရာအရပ်ဖက်ကို မျက်နှာမမူ နှလုံးမသွင်းခြင်း၊ သေရည်သောက်စားတတ်သူတို့ရှိရာအရပ်ကို မချဉ်းကပ်ခြင်းနှင့်

လမ်းကြောင်းတည့်လာပါက ရှောင်ဖယ်သွားခြင်းအမှု့တို့ကိုလည်းပြုကျင့်အားထုတ်ရပါသေးသည်။

အထက်ပါအကြောင်းတို့ကို အကျဉ်းချုံနားလည်စေရသော် သဘာဝအရဖြစ်လာသော မိမိတို့၏ ကိလေသာစိတ်တို့ကို

သိအောင်အားထုတ်ရပါပြီး ထိုသောကိလေသာကို အကုန်မပယ်နိုင်လျှင် သင့်တော်ယုံကိလေသာကို အစားထိုးပြီး

သည်းထန်နှိပ်စက်လွန်းသောကိလေသာထူကြီးများကို သက်သာစေခြင်းနည်းဖြစ်ပါသည်။

ဤကိုပင် အဟံကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု ၏ ကိလေသာလောဘတဏှာ ကို ပယ်သတ်နည်းနာနိဿယကြီး ဟု

အသင် ဂေဇက် လိင်တူချစ်သူများ နှင့် ရွာသူရွာသားအပေါင်းတို့သည် ဂနာဟိ မှတ်သားကြကုန်လော။

14 comments

  • မောင်ပေ

    July 13, 2012 at 8:03 pm

    တွံ အသင် ဂျော်နှီအောင်ဘု
    သင်သည်ကား လွန်စွာမှ
    ကိုယ့်ဗိုက်အကြောင်းကိုယ် သိလွန်းလှသူပါပေတကား
    ထို ့ကြောင့်
    ယနေ ့မှစရွေ ့သင့်ကို ဘုရားသခင် ကောင်းချီးပေးပါစေ… အာမင်

  • မစ္စတာ တောက်တဲ့

    July 13, 2012 at 8:19 pm

    ဘုန်းအောင်ပုမှာ
    ဗိုက်ဖောင်းလျှင် စိတ်ကောင်းသည်ဟူ၏ ..
    သို့ဆိုလျှင် ကျွန်ုပ်အနေနှင့် အမေးရှိပါအံ့ …
    ယင်းသို့ ဘုန်းအောင်ပု ဗိုက်ဖောင်းနေသည့်အခါတွင်
    ပိုက်ဆံ လာချေးပါက စိတ်ကောင်းနေသည့် အားလျော်စွာ
    ကြည်ကြည်ဖြူဖြူ ချေးငှားလိုက်နိုင်ပါမည်လော ….

  • YE YINT HLAING

    July 13, 2012 at 8:37 pm

    ဆိုဒါ နဲ့ ဝီ ကိုတွဲပြီး အမြဲရေးနေတာ တွေရလို့ အရက် နဲ့ ဆိုဒါ အမြဲတွဲသောက်လျှင် အူပါးနိုင်ပါကြောင်း ။။ကွိကွိ

  • စိန်ဗိုက်ဗိုက်

    July 13, 2012 at 8:46 pm

    အကျနုပ်လဲ ဘီအီးသောက်ချိန်တန်၍ တအေ့အေ့ ဖြစ်နေသာ အခါသမယနှိက်
    ဆရာ အူးဘဇင်း မာမီကျော်တကီအောင်ဘုအိ ကိလေသာဖြတ်နည်း နိသျည်းကို ဖတ်ရှိမိပြီး အခိုက်နှိုက်..
    မိုင်းနတ်စ် ဖြစ်နေသော ဗားဂျက်ကို ငဲ့ညှာထောက်ထားသောအားဖြင့် ဘောဇဉ်စားဖွယ် အဖွယ်ဖွယ်ဖြစ်လတန် ့သော ငါးပိရည်နှင့် ကန်စွန်းရွက်ရေလုံပြုတ်၊ ကြက်သွန်ဖြူ၊ဓညင်းသီး ဆားရေစိမ်ဒို ့ဖြင့်
    ထကြွလတန် ့သော ဘီအီးသောက်ချင်စိတ်ကိလေသာ အမိုက်မဲအား ဘောဇင်စားဖွယ်တို ့ဖြင့် စတင် အစားထိုး
    တိုက်ဖြတ်၊နှင်ထုတ်၊ဖီလာ၊ဆန် ့ကျင်ပါတော့မည် ဂုန်သတည်း။

    အားလုံး ကြားကြားသမျှ..အမျှ..အမျှ..အမျှ ယူဒေါ်မူဂျဘာ ဂုန်လော….
    သာထု..သာထု…ဂလု..ဂလု..ကွိ..ကွိ..ဂိန်..ဂိန်..တိန်…တိန်..ဂေ့..အေ့..

  • ရာဇဝင်လူဆိုး

    July 13, 2012 at 9:14 pm

    ခုတလော တရားသဘောတွေများများ ဖတ်ရလို့ တောထွက်ချင်စိတ်ပါ ပေါက်လာပြီ..။
    (မှတ်ချက်။ ။ အဖော်နှင့် တကွ)

  • may flowers

    July 13, 2012 at 9:41 pm

    ဟီးးးး တော်လိုက်တဲ့ ကိလေသာလောဘတဏှာ ကို ပယ်သတ်နည်းနာနိဿယကြီး…လိုက်နာမှတ်သား

    ချင်စရာပါပေတကား။

  • ကြက်ဖင် ( အကယ်ဒမီ ) ( ကျား )

    July 14, 2012 at 1:31 am

    ဟေ့ကောင်စောက်ရူးငခြောက် 👿
    ခင်ဗျား တစ်နေ့သောက်တဲ့ အရက်ဟာ ခင်ဗျားအဖေအေမ တွေ သုံးလေးရက်စားလို့ရတယ်ဆိုတာ
    မဆင်ခြင်နိုင်ဘဲ မိုက်မဲတဲ့ခင်ဗျားကို မြေမြိုတဲ့အခါ DVD ခွေထုတ်ပြီး အဲ့သည် DVD အခွေကို ရောင်းလို့
    ရလာတဲ့ အမြတ်အစွန်းတွေကို ခင်ဗျားမိဘတွေကို စားစရိတ်ပေးဘို့ ကျုပ်ကဘဲ
    ကမကထ လုပ်ပေးလိုက်မယ်

    • ကြက်ဖင် ( အကယ်ဒမီ ) ( ကျား )

      July 14, 2012 at 1:32 am

      စောက်ရူး

  • ကပ္ပိယ သာဂိ

    July 14, 2012 at 7:22 am

    ဒီကိုအောင်ပု ကတော့မသိဘူး၊ကျုပ်ဦးလေးကိုအောင်ပုကတောတစ်ရွာလုံးတာတေလန်သဗျ။ ဒါပေမယ့်ဒီကိုအောင်ပုကသူ့အတွေးကိုဟာသနှောပြီးရေးထားပေမယ့် တကယ်လေးနက်တယ်ဗျ။ ဒီစာကို ကိုရင်ကြီးဇောက်ဝင်ဖတ်ရင်အကျယ်ရှင်းပြပါလိမ့်မယ်။ ကျုပ်တို့ရဲ့ထွက်ပေါက်ကို ဖြည်းဖြည်းချင်းကျင့်သွားာကြတာပေါ့။ ကိုအောင်ပုရေအကြံပေးလိုက်မယ် နေ့တိုင်းသာညနေ၅/၆နာရီလောက်ဆိုခများမမျိုချင်တဲ့ထမင်းကိုမျိုနိုင်အောင်ကြိုးစားလိုက်ပေတော့…..။

  • ကြောင်ကြီး

    July 14, 2012 at 8:16 am

    ဘပုတယောက် ဂေဇက်ရွာ မိုးပြားဂိုဏ်းချုပ်ဆြာဒေါ် ရာထူးများ ချိန်နေရော့သလား..ဒါဆိုရင်ဒေါ့ အူးပဈင်းဇောက်နဲ့ နပန်းချရလိမ့်မယ်…။ ဗေထိဗေထိ ဗေပုံထိ… သွေးရဲရဲ သံရဲရဲ မကြည့်ရဲလို့ လည်ပင်းညှစ်ပီး အသေသတ်ကြပါ…။ 🙁

  • Khaing Khaing

    July 14, 2012 at 10:22 am

    အော် ……… အရည်အကြောင်းဆွေးနွေးထားတဲ့ပို့စ်ပဲ ပြီးအောင်တော့ဖတ်လိုက်ပါတယ် ဘာများကိုယ့်အတွက်ပါမလဲပေ့ါ …….. ပြီးအောင်ဖတ်တာနဲ့တန်အောင်တော့ မန့်လိုက်ပါတယ် ….

  • kyeemite

    July 14, 2012 at 11:49 am

    စာအရေးအသားကိုတော့ လေးစားပါတယ်ဗျာ..

  • surmi

    July 14, 2012 at 8:10 pm

    ဘာကိုပြောချင်တယ်ဆိုတာ သိတော ့သိသလိုဘဲ
    ကိုအောင်ပုပြောသလိုဘဲ လုပ်လိုက်ပါတော ့မယ်
    ဝ ဝစား ၊ဝေးဝေးနေ ၊ ဝင်မပြောနဲ ့ဆိုတော ့
    ဘာမှမပြောတော ့ဘူးဗျာ ထမင်းပဲ အဝစားလိုက်တော ့မယ်M?

Leave a Reply