ရွာသူားအပေါင်းအား ပန်ကြားခြင်း
သို့ /
ဂေဇက် ရွာသူ၊ သားအပေါင်း
ရက်စွဲ၊ လစွဲ၊ နှစ်စွဲ၊ အကုန်စွဲ .. ဗျဲ .. ။ ။ ၁၈-၇-၂၀၁၂ ။
အကြောင်းအရာ ။ ။ ပန်ကြားခြင်း …။
ဂေဇက်ဟူသော ရွာကြီးအတွင်းမှ ကျွန်ုပ်၏ ချစ်လှစွာသော ဘိုးဘိုး ဘွားဘွား ဦးဦး ဒေါ်ဒေါ် ကိုကို မမ ချောချော လှလှတို့ ခင်ဗျား …..
ကျွန်ုပ်သည် ဝါသနာအရ တိုးလို့တန်းလန်း စာများ ရေးသားတတ်သည်ကို အများသိကြပြီး ဖြစ်ပါ၏ .. 😀
သို့ရာတွင် ကျွန်ုပ်သည် ဒီတစ်ခါ ဆုံးအောင် ရေးမယ်ကွာ ဆိုသည့် စိတ်ဖြင့် “ရတနာသိုက် ရှာပုံတော်” ဟူသော ဝတ္ထုကြီးအား ရေးသားရန် စိတ်ယားလျက် ရှိပါ၏ ..
ကျွန်ုပ် ပန်ကြားလိုသည့် အကြောင်းအရာမှာကား ယင်းဝတ္ထုအတွင်း ထည့်သွင်းရေးသားမည့် ဇာတ်ကောင်များ၏ အမည်များကို ကျွန်ုပ်၏ ချစ်လှစွာသော ရွာသူ၊ သား အပေါင်းတို့၏ နစ်ခ်နိမ်းများအား အသုံးပြုသွားရန် စဉ်းစားမိပါ၏ …
ယင်းသို့ စဉ်းစားမိသော်လည်း ကာယကံရှင်တို့၏ ခွင့်ပြုချက်ပါမှသာ လွတ်လွတ်လပ်လပ် ရေးသားနိုင်မည်ဟု ထင်မိသည့်အလျောက် ယခုပို့စ်ဖြင့် ခွင့်တောင်းခြင်း ဖြစ်ပါကြောင်း …
အကယ်၍ မိမိတို့၏ အမည်နာမများအား သုံးခွင့်မပြုစေချင်ပါက ပြောကြားနိုင်ပါကြောင်း …
သုံးပြီးမှ ဘာညာကွိကွလုပ်ရင်တော့ တတ်နိုင်ဘူး .. 😀
ဒါကြောင့် ခုကတည်းက ကြိုတင်ပြောကြား ခွင့်တောင်းထားခြင်းပင် ဖြစ်ပါကြောင်း ….
ဤတွင် ပြောချင်ရာ ပြောလို့ ပြီးသွားပါ၏ …
အရပ်ရှစ်မျက်နှာ၌ နေထိုင်ကြပါကုန်သော ရွာသူ၊ သားအပေါင်းတို့ ဝမ်းသာ လန်းဖြာ ကျန်းမာ ချမ်းသာ နိုင်ကြပါစေသောဝ် …..
ခင်မင်၊ လေးစားစွာဖြင့်
မဟာရာဇာ အံစာတုံး
57 comments
CASPER
July 18, 2012 at 4:25 pm
ကို အန်ဇာဒုံးရေ ရေးသာရေးဗျာ၊ ခွင့်ပြုတယ် ခွင့်လွှတ်သဗျာ
အရီးခင်လတ်
July 18, 2012 at 9:13 pm
သုံးပါတော်။ သုံးပါ။
အရီးက ဒုတိယ နော်။ 😉
လူက ကြားဖြတ်တာ မဟုတ်။
စနစ် ကို က ကြားဖြတ် လို့ရနေတာ။ အဟတ်။ 😆
မဟာရာဇာ အံစာတုံး
July 18, 2012 at 9:27 pm
သဂျီး စနစ်
ဒီမှာ ဂွိတာပဲ … 😀
အရီးရေ ..
ခုလို ခွင့်ပေးတာ ကျေးဇူးပါဗျာ ..
မွန်မွန်
July 18, 2012 at 4:33 pm
သုံးစေသတည်း….
myanmarcitizen
July 18, 2012 at 4:34 pm
တစ်ပြားမှပေးစရာမလို (ပေးလဲပေးမျာမှမဟုတ်တာ ဒီလူက)။ ယူသုံးစေဗျား။ 🙂
ကိုပေါက်(မန္တလေး)
July 18, 2012 at 4:38 pm
ငါ့နာမယ် ကို ထည့် မသုံးရင် သတ်ပစ်မှာ နော်။
မကောင်းတဲ့အခန်းမှာသုံးရင်လဲ ရွှေဘိုသား ကို သတိရလိုက်ပါ
ဒါဗျဲ………………………………..
မဟာရာဇာ အံစာတုံး
July 18, 2012 at 4:46 pm
ဖေဂျီး နာမယ်ကို သုံးမှာဗျ ..
( လူဆိုးခန်းမှာ .. အဟိ 😀 )
နောက်ဒါဘာ ..
အပေါ်ဂ သုံးခွင့်ပေးတဲ့ လူဒွေကို
မှတ်ထားလိုက်ပြီနော့ …
နောက်မှ မပြောမရှိနဲ့ .. 😀
char too lan
July 18, 2012 at 4:42 pm
နာ့နာမည်လှလှလေးဂို ခွဲမသုံးနော်
သုံးဂျင်ရင် အတွဲလိုက်သုံး 😛
စိန်ဗိုက်ဗိုက်
July 18, 2012 at 4:50 pm
ဒီမယ်ဟေ့..
ဝတ်ထုထဲ ထည့်ပေးမယ် ကြောပီးမှ မထည့်ရင်လဲ ပုလင်းနဲ ့ ထုပစ်မယ်..
ညှင်း..ညှင်း..
မဟာရာဇာ အံစာတုံး
July 18, 2012 at 7:42 pm
နင့်ကို ထည့်ပေးမှာ မပူနဲ့ …
ဘော်ဘော်ချင်းပဲ ဘယ်ချန်ထားလို့ ဖြစ်မလဲ ..
နင့် အခု ပြောပုံ ဆိုပုံကို ကြည့်တာနဲ့
အပီအပြင်ကြမ်းတဲ့ လူဂျမ်းကြီး ပီသမှန်း သိဒေါ့ဒယ် … 😀
Solid_Sn@ke
July 18, 2012 at 4:52 pm
ကျုပ်ကို ဗီလိန်နေရာ က သုံးပေးပါဗျ. ..
မင်းသားကို ဇာတ် တလျောက်လုံး နှိပ်စက်ကလူ နိုင်လိုမင်းတက် ပြုရတဲ့အခန်းလည်း များများရေးပေးပါ…
ဇာတ်သိမ်းခန်းကျမှ ..
အသိတရားရပီး ဖုန်းဂျီး ဝတ်သွားတယ် လို့ … အဖြည်လေးထည့်ပေးဦး…
ဇာတ်လမ်းတလျောက်လည်းလေ ..တိရား …
ဇာတ်လိုက် မင်း သမီး ကို ဒဂျိမ် …
မင်းသမီး ညီမ ကို ဒဂျိမ်…
မင်းသမီး သူငယ်ချင်း ၃ယောက် ကို ဒဂျိမ် ဇီ …
အခြား ဇာတ်ပို့စကီလေးဒွေ ကိုလည်း ဒဂျိမ် ဇီ …
.
.
.
.
.
.
ဟိုလေ ..ဟို ..ဟို ဟို…
သနပ်ခါး သွေးပေးပါတယ် လို့ …
ခုခိခုခိ
ဒက်ဂလောက် …ဒက်ဂလောက် …
မဟာရာဇာ အံစာတုံး
July 18, 2012 at 7:39 pm
ဗီလိန်ဆိုတော့
အများသိကြတာ လူဆိုးပေါ့နော် .. 😀
ဒါပေမယ့် မညံ့တဲ့ လူဆိုးနေရာမှာ “မောင်ဂီ” ဆိုတဲ့ လူတစ်ယောက်ကို မွေးဖွားလိုက်မယ်ဗျာ ..
ဘယ့်နှယ့်လဲ …
Knowledge Seeker
July 18, 2012 at 5:23 pm
လိုအပ်သလိုသုံးရန်ခွင်.ပြုပါသည်။
ဘဲဥ
July 18, 2012 at 5:24 pm
နာမပါရင် ညည်းအသေဘဲ
နာမယ်မှတ် အသေကိုလုပ်မှာ ဒါဗြဲ 😆
ရာဇဝင်လူဆိုး
July 18, 2012 at 5:26 pm
ဟိုအခန်းတွေဆို များများသုံးဂျမ်းပါဗျာ..ဟင်းဟင်းဟင်း….။ ချခန်းတွေ (အဲ.အဲ Fighting ကိုပြောတာနော်။)
ဝရမ်းပြေးဘခက်
July 18, 2012 at 5:41 pm
ဆော်သာဆော် မအော်စေနဲ့ ၊
ကိုင်သာကိုင် မငိုင်စေနဲ့၊
လုပ်သာလုပ် အဟုတ်ဖြစ်ပါစေ ။ ဒူ ဝေ ဝေ ။
ဘုဂလန့်
July 18, 2012 at 5:41 pm
အကျနုပ်ကိုလည်း ကန့်လန့်တိုက်ခွင့်ပြုဘာနော်
ကိုရင်မောင်
July 18, 2012 at 5:50 pm
ဘောလုံပွဲတောင် လောင်းကြေးလေးပါမှကြည့်လို့ကောင်းသလို
ဇာတ်လမ်းမှာလဲဇာတ်ကောင်တနေရာမှာ ပါနေယင်ဖတ်တဲ့သူအတွက်
ပိုစိတ်ဝင်စားဘို့ကောင်းတာပေါ့…
ရွာသားတွေများများပါလေ ပိုကောင်လေလို့ထင်ပါတယ်….
အံစာတုန်းရေ သင့်တော်မယ်ထင်တဲ့နေရာ သုံးသာသုံးလိုက်ပါ…
htet way
July 18, 2012 at 6:28 pm
ကိုယ့်နာမည်ရော သုံးမှာလား
ဘာပဲဖြစ်ဖြစ် မင်းသားနေရာရစေမှနော် လူကြမ်း မင်းသား တော့မဟုတ်ဘူး
ရွာစားကျော်
July 18, 2012 at 8:04 pm
ဆရာထက်တော့ မောင်ဂီ ထုတာခံချင်ဘီ ထင်ရဲ့.. ဟိ
ကျနော့နာမည် သုံးမယ်ဆိုရင် မင်းသမီး အဖေနေရာက ထည့်ပေးပါဗျို့
မင်းသမီးကိုပိုးတဲ့ မင်းသားရော လူကြမ်းရောကို ဘေတဲ့ အခန်းလည်း ထည့်ရေးပါ.. တိန်….
မဟာရာဇာ အံစာတုံး
July 18, 2012 at 7:46 pm
ဟုတ်ကဲ့ပါ ခင်ဗျာ ..
ခုလို ခွင့်ပြုပေးကြတဲ့အတွက် ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ ..
ဒီလိုဆိုတော့ ..
ကျနော် ရေးမယ့် ဝတ္ထုဟာ ဂေဇက်က မင်းသားမင်းသမီးတွေနဲ့
ဝေဝေဆာဆာကြီးကို ဖြစ်ဦးမှာပါပဲဗျာ …
ဘယ်သူတွေ ဘာပြောပြော ကျုပ်တော့ ပီတိဖြစ်မိသဗျို့ ….
မောင်ပေ
July 18, 2012 at 7:50 pm
ယဉ်ကျေး သိတတ်လိုက်တဲ့ သူငယ်ပါပေတကား
သုံးစေဗျား
သုံးစေသတည်း။
( အရမ်းတော့ မဆော်ပါနဲ ့နော် ဟီဟိ )
မဟာရာဇာ အံစာတုံး
July 18, 2012 at 7:57 pm
အင်း .. ဒီလူဂျီး မင်းသားတင်လိုက်ရင်ဖြင့် ..
မိုက်လောက်မယ် ထင်တယ် .. ဟီဟိ
(လဂါး ကြောဒါ) 😀
ခုလို ခွင့်ပြုတဲ့အတွက် ကျေးကျေးပါ …
အောက်က သာလိကာရေ ..
ကျေးကျေးပါလို့ပဲ .. အဲ .. သာလိကာလို့ပဲ .. ကြောဘာရစေဂျာ .. 😀
tharli kar
July 18, 2012 at 7:53 pm
သာသာ့ကို ဗဓမာမင်းဒါး ကိုကျော်ထူးနေရာက ထားပေးနော်………..
နှာခေါင်းချင်း တွားတိုက်ချိုင်ညေရို့ပါ………ဟိ………
htoosan
July 18, 2012 at 10:07 pm
အူးဇင်းဇောက် လောက်တော့ မဆိုးနိုင်ပါဘူးနော် ..နော်.. 😀
surmi
July 18, 2012 at 11:07 pm
ဂျလေဘီရောင်းတယ် ၊ ဘရာကြော်ရောင်းတယ် ၊ ဗေဒင်ဟောတယ် ။
လူမိုက်လဲရတယ် ၊ ခါးပိုက်နှိုက်လဲဖြစ်တယ် ၊ ဒိုဘီလဲ ok ဘဲ ။
ဘိုးတော်လည်းလုပ်တတ်တယ် ၊ ထမင်းချက်လဲဖြစ်တယ်
ဒီလောက်များတဲ. ဇတ်ရုပ်ကိုမှ အံဝင်အောင်မသုံးရင်တော.လား …….. ဟင်းဟင်း တွေ.မယ် ….။
ဒါပေမဲ.ညီလေးရယ် ….ချီးပုံးတော. မထမ်းပါရစေနဲ.ကွာ ။
မဖြစ်မနေဆိုရင်တော.လဲ ….. နှာခေါင်းစည်းလေးတော. ဝယ်ထားကွာ ………..။
marblecommet
July 18, 2012 at 11:21 pm
ဟေ့ ကိုအံစာ
သားကိုကျတော့ အပြင်မှာ သားကိုမကြိုက်တဲ့
ကောင်မလေးက ဇာဇာ့ ဝတ္ထုထဲမှာ ကြိုက်ပေးပါလား ဟင်
နံမည်တစ်ခါ သုံးရင် ဘီယာတစ်ခွက်တိုက်မယ်နော်..
သား မိန်းမရတဲ့အခါကျရင် ပြောထှာ…..
surmi
July 18, 2012 at 11:38 pm
ကြီးကြီးဖမ်းလို.မဖြစ်ဘူးလေ
အာဒကေ အကြီးကြီးလျော.သွားမှာပေါ.
ဲမြို.နယ်မှုးကိုတစ်လ တစ်ခါ
ခရိုင်မှုးကိုတစ်လတစ်ခါ
တိုင်းမင်းကြီးကို တစ်လတစ်ခါ
လစ်ရင်လစ်သလိုဝင်တောင်းလို.ပေးရတာကအကြိမ်ကြိမ်
ဒီကြားထဲ စစ်ဒေသဧည် ့ခံ ၊ စိအိုင်ဒီမပို.အောင် ဖားရတာမရေမတွက်နိုင်
သင်တန်းမတက်ချင်လို. ပေးရတာကမနဲ ဆိုတော.
ရဲဘွလဲ စာနာကြပါဦးလေ ……………
ချစ်သူကမုန်း ၊ ဖဲကရှုံး
ယူကျုံးမရ ၊ ရဲဘဝ ……တဲ .
(သဂျီးနဲ.တစ်ကွ ကိုအောင်ပုကြီးကိုအားကျလို. ဘယ်သူနဲ.မှမတူအောင် မန်.ကြည်.တာ …..ဟိုပို.စ်
တစ်ခုမှာတော. ရဲရဲနှီသွားတာဘဲ )
surmi
July 18, 2012 at 11:40 pm
မှားပြီ ……အိပ်ချင်မူးတူးနဲ.
ကိုထူးဆန်းကိုသာ လာဖတ်ခိုင်းလိုက်ပေတော.
htoosan
July 19, 2012 at 7:19 am
ပြန်ပေး.. ပြန်ပေး .. နှစ်ကျပ် ပြန်ပေး .. 😀
marblecommet
July 19, 2012 at 12:53 am
ဟဟ အနော်ထင်တယ် ကိုဆာ
အစ်ကိုတော့ ကိုထူးဆန်းဖက်က လွဲလာပြီလို့
အိပ်ချင်မူးတူးဖြစ်တာလား
ရီဝေဝေ ဖြစ်တာလား ဗျို့
ဟိဟိ…..
MaMa
July 19, 2012 at 7:18 am
ကဲ-
ဇာတ်ဆရာရေ-
နာမည်ကြီး ဒါရိုက်တာဆိုတော့…….
ပါဝင်ပြီး သရုပ်ဆောင်ပေးမယ့် ဇာတ်ပို့ ဇာတ်ရံ မင်းသား မင်းသမီးတွေ များနေပြီ …….
ဇာတ်ကိုနိုင်အောင် က ပေရော့ ………. [:)]
ဦးဦးပါလေရာ
July 19, 2012 at 8:30 am
အော…
ဒီပိုစ့် အခုမှ ဖတ်ဖြစ်တယ်…
ဒီမယ် ကိုခြောက်မျက်နှာရေ….
ကျုပ်စတိုင်နဲ့တူတဲ့ဇတ်ရုပ်မှာထည့်သုံးနိုင်ရင် မောင်ရင့်ကို လဘက်ရည်တိုက်မယ်…
ကျုပ်စတိုင်နဲ့မတူရင်တော့ မောင်ရင်က ပြန်တိုက်ပေတော့…. 😀
water-melon
July 19, 2012 at 8:54 am
ဟဲ့ဟဲ့ နာကိုလည်းမမေ့နဲ့အုန်းနော်
စော်ကြည်တဲ့ ကောင်လေးနေရာမှာထည့်နော်
အဟီ
လတ်လတ်
July 19, 2012 at 12:57 pm
ရတနာသိုက်ကိုသွားအရှာမှာ တောထဲတောင်ထဲ တောင်မယေးတစ်ယောက်ထဲ ဒုက္ခရောက်နေချိန်မှာ
လာကယ်ဒဲ့အခန်းမှာ နာ့ဂိုမထည့်ရင် နင့်ဂို မိုနိုပိုလီဆော့ဒဲ့ ဒူဒွေလက်ထဲထည့်ပစ်မယ်…အံချာမ…
မဂွတ် ထော်
July 19, 2012 at 2:08 pm
အပြင်မှာလူ ဆိုးဆိုးဇတ်ကောင်ထဲတော့
လူကောင်း လူတော်လေးနေရာထည့်ပေးနော်…P
Solid_Sn@ke
July 19, 2012 at 2:15 pm
တောမှာတုန်းက ဂွက်ထော်
မြို့တက်တော့ မာဂရက်… ဆိုတဲ့
မာဂရက်ဂွက်ထော် ဇာတ်ရုပ် နဲ့
ထည့်ပေးမယ်ဟု …
စာရေးဆြာမှ
တရွာလုံးကြားအောင် တိုးတိုးလေး အော်ပြောသွားပါသည်…
ညလေး
July 19, 2012 at 3:57 pm
ဒါဆို ဥစာစောင့်“နတ်သမီး”နေရာ…..အဟဲဟဲ
ဘူများလည်းနော်….ဖတ်ချင်နေပီဗျ…
အလင်းဆက်
July 19, 2012 at 7:17 pm
သား..ကတော့… ဖတ်မှာပဲ..။ ဒါပဲ..။
မဟာရာဇာ အံစာတုံး
July 19, 2012 at 7:26 pm
အားလုံးပါပဲ ခင်ဗျာ ..
ခုလို ခွင့်ပြုပေးကြတာကို ကျေးဇူး အထူးတင်ရှိပါတယ် ခင်ဗျာ ..
ဝတ္ထုထဲက ဇာတ်ကောင်တွေရဲ့ နာမည်ကို
ကျနော်ချစ်သော ရွာသူားတို့ရဲ့ နာမည်ကို အသုံးပြုသွားမှာပဲ ဖြစ်ပါတယ် ခင်ဗျာ ..
နာမယ်ကိုဘဲ ကြောဒါနော် …
အဟီးးးး 😀
ယနေ့အဖို့ တင်လိုက်ပါပြီ ဖြစ်ပါကြောင်း ….
http://myanmargazette.net/138997/creative-writing
ခင်မင်၊ လေးစားစွာဖြင့်
အံစာတုံး
သားဦးမြေးဦး၊ ဝမ်းတွင်းရူး
July 19, 2012 at 8:23 pm
ကျနော်နာမည်ကို တစ်ခန်းလောက်ပေးသုံးစေချင်ပါ၏။
ဥပမာ–လဘက်ရည်ဆိုင်ထိုင်တုန်း ပိုက်ဆံရှင်းခန်းပေါ့။
ဟီးးးးးးးးး
လူ ဟား
July 19, 2012 at 9:20 pm
ဘုန်းကျော် မပါရင် နင်သေမယ်မှတ်… နာ့ သူငယ်ချင်း အရင်းခေါက်ခေါက်ကို ချန်ရဲ ချန်ကြည့်.. ဟွင်း..ဟွင်း…
shwe kyi
July 20, 2012 at 10:58 am
ကိုအံစာရေ မန့်တာနောက်ကျသွားပြီ ရွှေကြည်နာမည်လည်းသုံးလိုကသုံးနိုင်ပါတယ်ရှင့်။ ရိုဟင်ဂျာဇာတ်ရုပ်မဟုတ်ရင်ပြီးရော…:D
မဂွတ် ထော်
July 20, 2012 at 12:45 pm
ခွင့်ပြုတယ် ခွင့်လွတ်တယ်
mamanoyar
July 20, 2012 at 1:13 pm
ဟုတ်ကဲ့ လိုလျှင်သုံးနိုင်ပါတယ်ရှင့် မင်းသမီးချောချောလေးနေရာဆိုရင်
ိပိုပြီး ဟီးးးးးးးးးးးးးးးးးးးးးးးးးးးးး ဟဲဟဲ
စတာနော်
Wai Phyoe
July 20, 2012 at 1:38 pm
ပာာ အံစာတုန်းကျုပ်နာမည်သုံးဗျာ မင်းသားနေရာမှာ ပာီးပာီး………
ဗီလိန်တော့လုုပ်နဲ့နော်
etone
July 20, 2012 at 3:43 pm
ကိုခြောက်မျက်နှာချင့် …..
ဘာနဲ့ ပန်ကြားပါလဲချင့် ………. စကောနဲ့ ပန်လား ၊ လင်ဗန်းနဲ့ ပန်လားချင့် …. … သိချင်စိတ် တဖွားဖွားဖြစ်မိပါတယ် .. ဟိဟိ 😛
(ကိုဂီရဲ့ ချင့်ကို အားမနာတမ်း … ယူသုံးလိုက်ပါတယ် … ခွိခွိ … 😛 )
manawphyulay
July 20, 2012 at 3:58 pm
ဘယ်သူ့ကို ဘယ်လိုသုံးမယ်ဆိုတာ မပြောပဲ သုံးခွင့်ပေးမပေးတဲ့ မသုံးတဲ့သူက သုံးခွင့်ပြုတယ်တို့ ဘာတို့ပြောတော့လည်း အခက်နဲ့ ခက်ပါတယ်လေ… သုံးချင်သုံး မသုံးချင်နေပေါ့တော်…. 😛
virus
July 20, 2012 at 4:53 pm
Ok, i agree whether you write me what kind of person. i’ll look forwards for your story