ပြောက်ကျား စစ်ဆင်ရေး
Guerrilla marketing
ပြောက်ကျား မားကတ္တင်း …
ဒါက နောက်ပိုင်းတော့ နည်းနည်း Street Marketing နဲ့ နွယ်လာပါတယ်…
ထားပါတော့ ..လိုရင်းပြောရရင် …Marketing Strategy တခုပါ…
ဘာကို ပေါ်လစီ ချမှတ်တဲ့ Strategy လဲ လို့မေးရင် Advertising ကိုပါ..
ဆိုတော့ … Guerrilla Advertising လို့လည်း ခေါ်ကြပါတယ်…
Guerrilla Advertising ဆိုရင် အနှီ ဖြစ်စဉ် ကိုပဲ ရည်ညွှန်းတာဖြစ်ပြီး
Guerrilla Marketing လို့ ဆိုလိုက်ရင်တော့ ..အဲ့သည် ့Guerrilla Advertising
နောက်ကွယ်က Policy ပိုင်း Strategy ပိုင်း ပါ ပါဝင်နေမှာ ဖြစ်ပါတယ်..
သေချာတာတခုကတော့ Guerrilla Advertising ဟာ သင်ပေးလို့ရတဲ့
အရာ တခု မဟုတ်တာပါပဲ …ကိုယ်တိုင် ရှာဖွေ စူးစမ်း ဖော်ထုတ်ရမယ့်အရာပါ….
(အဲ့ဒါလည်း လိုက် မိထူး လို့ကတော့ .. နိုင်ငံတကာမှာ ဆိုရင်တော့
တရားစွဲ ခံရမယ် အနည်းဆုံး အဆဲ ခံရမယ် ဆိုပါတယ်..)
Guerrilla လုပ်ဖို့အတွက် Marketing & Advertising တာဝန်ရှိသူတွေ အတွက်ကတော့
ဘယ်မှာ ဘယ်လို လုပ်မယ် ဆိုတဲ့ medium နဲ့ ဘယ်သူ့ကို ဆိုတဲ့ audience ကို
ရွေးချယ်ဖို့ ပဲဖြစ်ပါတယ်…
နာမယ်ကျော် ပြောက်ကျား စစ်ဆင်ရေး ပုံတချို့ တင်ရင်းနဲ့ ..အလွယ် ရေးချ သွားကြည့်ပါ့မယ်ဗျား…

တကယ်တော့ ရိုးရိုး ဆိုင်းပုဒ် ကို နည်းနည်း တီထွင် ဆန်းသစ်ထားတဲ့သဘောပါပဲ. …
အဲ ..ကြမ်းပြင်ပေါ် ကျဲချထားတာတွေက မှန်စ အစစ်တွေမဟုတ်ဘဲ မှုတ်ဆေး၁မျိုးမျိုး ဒါမှမဟုတ်..
ပေါ်လီမာ တခုခု လို့ ယူဆ ရပါတယ်.. (နို့မို့ စည်ပင်နဲ့ ညိမှာမို့လို့ပါ)
😀

အကြီးအကျယ် ဂယက်ရိုက်ခဲ့တဲ့ ၂၀၁၂ ရုပ်ရှင်ကား ပိုစတာ ဖြစ်ပါတယ်..
ပိုစတာ ဆိုတာ နံရံတွေ ဘောင်တွေ ကို မကျော်ရဘူး လို့ ဘယ်သူပြောသလဲ .??????
ရုပ်ရှင် ကားမှာ ပါမယ် ့တကယ့် ရသ တုန်လှုပ်ခြောက်ခြားမှုကို အခုလို မြေအောက်လျောက်လမ်းမှာ ..အပီအပြင် ဖော်ကျူးနိုင်ခဲ့တာပါ…

ရော့ခ် ဂီတ ကို စိတ်ပါဝင်စားသူ ယောက်ျားလေးတိုင်း မှန်ရှေ့မှာ ဂစ်တာတီးဟန် မြူးတူးခုန်ပေါက်ဖူးမှာပါ …အဲ့ဒါကို Air Guitar လို့ခေါ်ပါတယ်..
ဂစ်တာ စတန်းဒ် အလွတ် တခု ချထားပေးပြီး .. (ရှေ့လူတွေ ယူသွားလို့ပဲ ကုန်သွားသယောင်ယောင်နဲ့) Pick ပေါ်မှာ သူကြော်ငြာချင်တဲ့ သူ့ FM လိုင်းနာမည်ကို
ရေးထားတာပါ ….
You Rocked !!!!!

နာမည်ကျော် မက်ဒေါ်နယ် လည်း ဒါမျိုး လုပ်သပေါ့ဗျာ …
တချိန်က … Guerrilla Marketing ဆိုရင် … followers တွေ market leader ကို တချီကောင်း ဆော်တယ် ဆိုတဲ့
အယူအဆဟောင်းကနေ ဖောက်ထွက်လာခဲ့ကြတယ် ဆိုပါတော့ …
effective way ဖြစ်လို့ … market leaders တွေတောင် လုပ်နေကြတာ…ဆယ်စုနှစ်၁ခု ရှိပြီ ထင်ပါရဲ့…

အဖု အပိန့် ကင်းစင်ကြောင်း … ကို မျက်နှာမဟုတ်သော အခြား မီဒီယံတခုမှာ
အခုလို ကျကျနန ဖော်ညွှန်းပါသတဲ့ …

မြင်တတ် ပလေခြင်း လို့.. အံ့ဩယူရတဲ့ စွမ်းဆောင်ချက် ဖြစ်ပါတယ်…
ဘောင်တွေကို ဖောက်ထွက်တဲ့ နေရာမှာ ..အနှီဆြာတွေ တဖက်ကမ်း ခတ် တယ် ပြောရမယ်..
အနုပညာ နယ်ပယ်တွေဟာ တခုနဲ့တခု ထိစပ်ရုံသာမက intersect ဖြစ်နေတာမို့ ….
pure art ကနေ applied art ဘက်ကို ကူးပြောင်းနိုင်တယ် ဆိုရင် Two Thumbs Up !!! ပါဗျို့…

အံဝင်ခွင်ကျမှုအတွက် .. လက်ခုပ်လက်ဝါး အားမပေးဘဲကို မနေနိုင်တဲ့
အိုင်ဒီယာ ဖြစ်ပါတယ်ဗျာ … ကဲ …အဲ့သည့်ဒေသက ကိုယ်လက်လှုပ်ရှား အားကစား လုပ်လိုသူ
ဘယ်သူ က အနှီ နေရာကို ငြင်းပယ် နိုင်မလဲ ပြော ….

အိမ်သာထဲက လက်အခြောက်ခံစက် ဟာ ..ကြော်ငြာ မီဒီယံကောင်းတခု ဖြစ်ကောင်းဖြစ်မယ်ဆိုတာ …
မငြင်းနိုင်ဘူး မဟုတ်လားဗျ ာ… ပြောပါတယ် ..သည်ဆြာတွေ က ကမာ္ဘတန်း အကြံအစည် ကောင်းသူတွေပါဆို..

လှလှပပ ဝတ်စားထားတဲ့ … ကြည့်ပျော်ရှုပျော်ရှိ ..ကောင်ကလေး ကောင်မလေးတွေ … ထုတ်ကုန် ပစ္စည်းဘေးမှာ …
ဒါမှမဟုတ် ထုတ်ကုန်ကို သုံးစွဲနေရင်း …ပျော်နေ ..တက်ကြွနေ ..ရွှင်လမ်းဝမ်းမြောက်နေတဲ့ အင်းမေ့ချ်မျိုးနဲ့
ကြော်ငြာဖို့ …စိတ်ကူးတဲ့ အက်ဒ္ဒဘာတိုင်းဇင်း ပရို တယောက်ယောက် ရှိနေရင် ပြောပါရစေ…
ခင်ဗျား ရှေးခေတ် မှာ ကျန်ခဲ့ပြီ လို့ ….

ကန်ပနီတွေမှ ဒါမျိုး သုံးသလား လုပ်သလား မေးကြမယ့် ပိတ်သတ်အတွက်အဖြေပါ..
ဒါကတော့ လိုကယ် စည်ပင် (ဖြစ်ပုံရပါတယ်..) ရဲ့ …ပြောင်မြောက်တဲ့ စဉ်းစားတွေးခေါ်မှုပါ …
ဂရပ်ဖတီ ဆြာတွေ နည်းနည်းတော့ rules & regulation ကို ခံစား သဘောပေါက်မယ် ထင်ပါတယ်…
(ပညာသားပါလွန်းတဲ့ ပညာပေး အစီအစဉ် ဆိုတာ ပညာအပေးခံရသူကိုယ်တိုင်ကို ကျေကျေနပ်နပ်ကြီး …
ဒူးထောက်ရတတ်ကြောင်း …. အိုဘယ့် အဝဲယားနက်စ်ဗျာ…)

သည်နာမည်လေး လှတယ် ထင်ရဲ့ …
ဟုတ်ကဲ့ …အနည်းဆုံးတော့ သည်လို bus stop ကြုံတဲ့အခါ ကျနော်တို့ …မိတ်ဆွေ ဘော်ဒါအပေါင်းအသင်းတွေ ကို အကူညီတောင်းပြီး
ဒါ့ပုံရိုက်ခိုင်းဖြစ်မှာပါ …ပီးရင် ရှဲဖြစ်မှာပါ …ဆိုရှယ်မီဒီယာတွေကတဆင့် ….
နည်းနည်း buzz ဘက် အရသာကဲပေမယ့် …. အလွန်ပြောင်မြောက်ကြောင်း ဦးညွှတ်မိပါရဲ့ဗျို့ ….

နောက်ဘက်က ဆိုင်းဘုတ် ကို audi ကထောင်ပါသတဲ့ … သူ့ပြိုင်ဘက် BMW ကို ရိပြီး …
ကဲ မင်းအလှည့် …ဘယ်လိုလဲ ဟေ့ရောင် ဆိုတဲ့ မက်ဆေ့ချ်နဲ့ပေါ့ ….
အဲ့ဒါ …နောက်တနေ့ ညဘက်မှာ BMW က အနီးအနား (LA) ဆင်ခြေဖုံးက ဆိုင်းပုဒ်တခုဝယ်ပြီး …သူ့ နောက်ဆုံး ထုတ်တဲ့ ကားကို အခုလို အစွံ ထုတ်ပါတော့တယ်…
မင်းအလှည့် ဆိုတဲ့ စကား ကို နင်းလို့ …. (အလှယ့် ဆိုတာကို စစ်တုရင် အယူအရ ယူပြီး)
Chessmate တဲ့ ..တကွက်တည်းနဲ့ ပွဲသိမ်း ..ဆော်သွားဖူးတဲ့ သမိုင်းဝင် ဖြစ်ရပ်ပါ ….။
ကျနော့် မှာ စိတ်ထဲ စွဲနေတဲ့ Guerrilla Ad တခုရှိပါတယ်… လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ဘာမှန်းမသိသေးဘဲနှစ်သက်ခဲ့ဖူးတာပါ …
အဝါ နဲ့ အညိုတိုက်ပွဲ လို့ ပြောရမယ်ထင်ပါတယ်…ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး (အိမ်ပြောင်းလိုဟာမျိုးကအစ) မှာ တသက်လုံး
အမေဒစ်ကင်န်မှာ တောက်လျောက် လုပ်စားလာခဲ့တာ FedEx ပါတဲ့ … (သူက အညိုရောင်)
ဂျာမန် စွန့်ဦးတီထွင်တွေ ဖြစ်တဲ့ DHL (အဝါရောင်)..အနှီဈေးကွက်ကိုဝင်တော့ .. ခုလို ဝင်ပါသတဲ့လေ..

Nothing lasts Forever တဲ့ ..မှန်လိုက်လေခြင်း … (တရားသဘောအရရော…)
အဲ …အဝါဆိုတာ အညိုသစ် ဆိုတဲ့အချက်ကရော ..လိုရင်းကို ထိပါဘိတောင်း …
အချုပ်ပြောရရင် ဒါတွေဟာ …
တကယ့် … skill area တွေပါဗျာ …
လိုက်လုပ်ဖို့ မပြောနဲ့ …ကြုံရင်တောင် မေးရိုး ကြမ်းပြင်ရိုက်ရလောက်တဲ့
အိုင်ဒီယာတွေပါ ….
အင်း ..လိုကယ်မှာ မရှိဘူး မရှိသေးဘူး မတူဘူး မဖြစ်နိုင်ဘူး …
ငြင်းနေ ပြောနေသူတွေ … မလိုဘူး တို့ …မရှိလည်း ရတာပဲ တို့ …တို့တသက်လုံး သည်လိုပဲ လုပ်လာတာပဲတို့
ဆိုတဲ့ ကွန်ဇာဗေးတစ်ဗ်တွေ …ပိုပီး အံ့ဩရလိမ့်မယ် ယူဆမိပါတယ်…
သည်ပုံထဲက တချို့ဟာတွေကို စိတ်မကောင်းကြီးစွာ ..ဟာသ ကဏ္ဍ တို့ ..
ဘာတို့က ဆွဲချလာခဲ့တာမို့ …စိတ်ထိခိယက်လို့ ပြောရတာပါ …
အော် ..ပြုံးရုံ ရီယုံလောက်က ဆက်မတွေး မဆင်ခြင်နိုင်ရှာကြဘူးရယ်ကိုး …….
ရင်ထဲမကောင်း…..
မားကတ္တင်းဟာ ..science + art form ဖြစ်ပါတယ်..
သည် ပြောက်ကျား ကြော်ငြာနည်း တွေ ကြည့်ရင် သိမှာဖြစ်ပါတယ် ..
ကာရံကိုတော်လှန်ခဲ့ကြတဲ့ မော်ဒန် ကဗျာတွေလိုပဲ ..မီဒီယံ .. ကာလ ဒေသ
အစွန်းတွေကို ဖောက်ထွက်ခဲ့ကြတဲ့ သည်ကြော်ငြာတွေဟာ အလွန် ကဗျာ ဆန်တယ်လို့
ကျနော်ယူဆပါတယ်… အဲ့သည့်နောက်ကွယ်မှာလည်း အံ့ဘနန်း intelligence ကိန်း ပြန်ပါတယ်…
ဟုတ်ကဲ့ ကျနော် မားကတ္တင်းကိုချစ်တယ်…
အဆုံးသတ် ပြောရရင် …
ခုတလော ထုံးစံအတိုင်း ဆေးလ်စ်နဲ့ မားကတ္တင်း မကွဲကြတဲ့ အသံတွေ ပြန်ပြန်ထွက်လာလို့ ..
မားကတ္တင်းအကြောင်း အရေးများနေတာပါ … ဆေးလ်စ် ဟာ ဆေးလ်စ် ပါ ..သူ့မှာ သီးခြား ..အရည်အသွေး ဂုဏ်သတ္တိ ရှိမှာဖြစ်ပေမယ့်
(ဆည်းပူးလေ့လာမှု မရှိဘဲ) ..ဆေးလ်စ် တစ်ယောက်ဟာ ဘယ်တော့မှ မားကတ္တင်း သမား ဖြစ်မလာပါဘူး …
ဒါ အခြေခံအကျဆုံး မားကတ္တင်း အပိုင်းတွေ ထဲက တခုပဲရှိပါသေးတယ် … မားကတ္တင်း မလေ့လာဖူးပဲ …
ဘယ်ဆေးလ်စ်မှ သည် မားကတ္တင်း အတွေးအခေါ် .. အမြင် sense နဲ့ theory, logic တွေ အုံဖွ ဆိုပြီး ရမလာပါဘူး …
ဒါတွေ ရမလာမှတော့ … Marketing Strategy ဆိုတာ Marketing Intelligence ဆိုတာ … ဆက် ဆွေးနွေးဖို့တောင် လိုမယ် မထင်တော့ပါဘူး ..
ဥပမာ ၁ခုပဲ ပေးချင်ပါတယ် ..ဟိုတပါတ် က အပျော့က သူ့ မျက်နှာပြင်ဆိုတဲ့ တက်ဘလက်ကို မိတ်ဆက်တယ်…
ချက်ခြင်းအားဖြင့် …ပန်းသီးက သူ့ ငါအပြားကြီး ကြော်ငြာ အသစ်ကို တင်တယ် …
အပျော့တော့ ဟိုဟာ လုပ်နေဘီဟေ့ … ဒါရိုက်တာ လာဟ … ပလိုဂျူစာ ပိုက်ပိုက်ပေးဟ …
မင်းသား …ဂလို သရုပ်ဆောင်ဟ … လုပ်ထားတာမဟုတ်ဘူးဆိုတာ သိမယ် ထင်ပါရဲ့ ….
ဝှက်ဖဲတွေ ထဲက တချပ် ကို အခြေအနေ အချိန်အခါကြည့်ပြီး ပစ်လိုက်တယ် ပဲ ထင်မိတော့တယ်…
ပြောက်ကျား စစ်ဆင်ရေးကို အံ့ဩစရာကြီးနော …ဆိုတဲ့အဆင့်နဲ့ ရပ်မယ်ဆိုရင်တော့ …
ဟုတ်ကဲ့ …နှမျောစရာကြီးပါ …. ၂ခုလုံးပဲ ..
စာဖတ်သူရဲ့ အချိန်ရော …စာရေးသူ ရဲ့ အချိန်ရော..အတွက်ပါပေါ့…
တော်သေးဘီ ခင်တဲ့
ဂီ
14 comments
စိန်ဗိုက်ဗိုက်
July 18, 2012 at 7:38 pm
အာဂ အံ့ဩ စရာဂျီးပဲဗျာ..
အဲလေ..
နှမြောစရာတွေ ဖစ်ကုန်ပြီ….
ရေလည်တန်ဘိုးရှိတယ်ဗျာ..
ရေလည် ပညာ ယူသွားတယ်..
အင်း..
အဲလောက်ဆိုရင်တော့ ရမယ်ထင်တယ်နော်..အုဂီ
ရာဇဝင်လူဆိုး
July 18, 2012 at 7:45 pm
ှုIdea နဲ့ Design တွေကတော့ အံ့မခန်းပဲဗျ..။ မြန်မာပြည်က ကျော်ငြာ ဘုတ်တွေ၊ ဒီဇိုင်းတွေလဲ အိုင်ဒီယာအသစ် အသစ်တွေနဲ့ ဈေးကွက်မှာ ထိုးဖောက်အောင်မြင်နိုင်ဖို့ မျှော်လင့်ရင်း….
မဟာရာဇာ အံစာတုံး
July 18, 2012 at 7:54 pm
ကြော်ငြာဒီဇိုင်းတွေကတော့
လန်ထွက်နေတာပဲ ..
တကယ် အိုင်ဒီတာ ကောင်းတဲ့လူဒွေ ..
ကျုပ်တို့ မြန်မာတွေလည်း
ဟိုမင်းသမီးလေး ဟိုလိုလှုပ်
ဒီမင်းသမီးလေး ဒီလိုလှုပ်နဲ့ လုပ်နေတဲ့ အဆင့်ကို ကျော်သင့်ပြီ ထင်တယ်ဗျာ ..
မိုက်ကယ်ဂျော်နီအောင်ပု
July 18, 2012 at 9:45 pm
လောက်စာလုံးထဲမှာ ကံစမ်းမဲရွှေပြား ပါတယ်ဆိုတဲ့
ကာတွန်းကလေး ပြေးသတိရမိပါရဲ့
ကျုပ်တို့တိုင်းပြည်အနေနှင့်ကတော့ ဘာထုတ်ကုန်မှ မစိဒေါ့ သောက်ကျိုးနည်း ရင်တုန်ပန်းတုန်ဖတ်လို့ကောင်းတဲ့
ဒီပိုစ့်ဂျီးဂို ဘယ်မှာ သွားသုံးစားရမဒုံး 😀 😀 😀
ဂိန်ဂိန်ဂိန်ဂိန်
ဒီလောက်ဘဲမှီဒယ်
htoosan
July 18, 2012 at 10:06 pm
လက်မနှစ်ခါလောက်ထောင်လို့ရအောင် အကောင့်အသစ်တစ်ခုဖွင့်ဦးမှ … 😀
MaMa
July 18, 2012 at 10:23 pm
ထိုးဖောက်နိုင်တဲ့ စိတ်ကူးကောင်းလေးတွေနဲ့ ကြော်ငြာတွေ ကြည့်ရတာ အားကျစရာပဲ။
ဒီမှာတော့ ထူးမခြားနား သီချင်းထဲကကို မထွက်နိုင်လေးလို့ ကြော်ငြာကြည့်ရင်း စိတ်တိုရတယ်။
အခုလိုမျိုး pure art ကနေ applied art ဘက်ကို ကူးပြောင်းနိုင်တယ် ဆိုရင် အားပေးချင်ပါတယ်။ [:))]
_________________________
I added cool smileys to this message… if you don’t see them go to: http://s.exps.me
marblecommet
July 18, 2012 at 11:18 pm
အိုဘယ့်
အက်ဒ္ဒဘာတိုင်းဇိန်းအာ့ထ်…..
မားကတ္တင်းဟာ ..science + art form ဖြစ်ပါတယ်..
ဒါလေးကိုလည်း သဘောကျတယ်
ပြီးတော့ ကျနော့် အလုပ်ကိစ္စအတွက်လည်း
တွေးနည်းခေါ်နည်း နည်းနည်းဖြစ်ဖြစ်
ရသွားတယ်လို့ ထင်ပါကြောင်း
ဆြာ ဆောလစ်ဆနိတ်ရေ့…..
ခင်တဲ့
ချေဂွေဗားကမ်း…..
့
captainamerica
July 18, 2012 at 11:39 pm
အော်ကွယ် ရှေးဗမာဗီစီဒီသီချင်းတွေကြည့်နေတုန်း ကိုဂီပို(စ်).ကိုဖတ်လိုက်ရတာ 🙁
ဗီစီဒီထဲမှာ သရုပ်ဆောင်မင်းသားနဲ.မင်းသမီးက သီချင်းနဲ.ဘာမှ မဆိုင်ပဲနဲ.ဟိုလျှောက်ပြေးလိုက်
ဒီလျှောက်ပြေးလိုက်လုပ်နေတာကိုမြင်ရတော့ စိတ်ထဲမှာလေ စိတ်ဆင်းရလိုက်တာမှ ပြောမနေနဲ.တော့
ကိုယ်တွေအကြောင်းစဉ်းစားမိလို်က်တာမျက်ရည်တောင်ဝဲချင်သာွးဒယ် 😥
ကိုရင်မောင်
July 19, 2012 at 10:29 am
21ရာစုရဲ့ပြောင်းလဲလာတဲ့ကြော်ငြာဒီဇိုင်းတွေကအံမခန်းပါဘဲ….
ခုလိုမြင်တွေ့ခွင့်ရတာကျေးဇူးပါ ဂီဂီ ရေ
nature
July 19, 2012 at 10:31 am
ရှယ်ကောင်းတဲ့စိတ်ကူးလေးတွေပဲ။
မက်ဒေါနားက သေသေချာချာကြည့်တော့မှ ကော်ဖီထည့်ငှဲ့တဲ့ ပုံကလေးဖြစ်နေတယ်။
chessmate ဆိုတော့ တချက်တည်းနဲ့ချက်ကောင်းထိပြီးပွဲသိမ်းလိုက်တာပေါ့။
၂၀၁၂ခုနှစ်ရုပ်ရှင်ကားပိုစတာက ဘောင်ကျော်နေတော့ ဖမ်းလို့ရ … အဲ….ကြမ်းခင်းပေါ်ကျော်နေတဲ့အပိုင်းက ကြာရင်ခြေထောက်နဲ့ နင်းရင်းနဲ့ဆေးတွေကွာလာမလားပဲ။
nature
July 19, 2012 at 10:34 am
ရှယ်ကောင်းတဲ့စိတ်ကူးလေးတွေပဲ။
မက်ဒေါနားက သေသေချာချာကြည့်တော့မှ ကော်ဖီထည့်ငှဲ့တဲ့ ပုံကလေးဖြစ်နေတယ်။
chessmate ဆိုတော့ တချက်တည်းနဲ့ချက်ကောင်းထိပြီးပွဲသိမ်းလိုက်တာပေါ့။
၂၀၁၂ခုနှစ်ရုပ်ရှင်ကားပိုစတာက ဘောင်ကျော်နေတော့ ဖမ်းလို့ရ … အဲ….ကြမ်းခင်းပေါ်ကျော်နေတဲ့အပိုင်းက ကြာရင်ခြေထောက်နဲ့ နင်းရင်းနဲ့ဆေးတွေကွာလာမလားပဲ။
Nivea ကြော်ငြာကတော့ Idea ကောင်းပေမဲ့ ဆိုဖာကအသားရောင်လေးနဲ့ဆိုပိုအဓိပါယ်မိများနေမလားလို့။
Knowledge Seeker
July 19, 2012 at 10:59 am
များစွာသိမှတ်ရပါ၏။ ကျေးဇူးတင်လျှက်…..
အဂျစ်
July 19, 2012 at 3:48 pm
ကျေးဇူးပါဗျာ တကယ်ပဲတိုက်ဆိုင်တယ်ဆိုရမလားပဲ ကူးပြီးထပ်ဖတ်အုံးမယ်
သားဦးမြေးဦး၊ ဝမ်းတွင်းရူး
July 19, 2012 at 7:55 pm
ဟူးးးးးးးအံ့ဩဖွယ် ကိုဂီပါလားးးးးးး