Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဂဠုန်ဦးစော

thihayarzarJuly 19, 20121min3617

နန်းရင်းဝန် ( ဝန်ကြီးချုပ် ) ဦးစော

ဂဠုန်ဦးစော

နန်းရင်းဝန်ဟောင်း ဂဠုန်ဦးစောကို အုတ်ဖိုမြို့နယ် ကိုင်းကြီးရွာ၌ အဘမြေပိုင်ရှင် ဦးဖိုးကြူး၊ အမိ ဒေါ်ပန်းတို့မှ ၁၉၀ဝ ပြည့်နှစ်၊ မတ်လ (၁၆)ရက် (မြန်မာ သက္ကရာဇ် ၁၂၆၂ ခု၊ ကဆုန်လပြည့်ကျော် (၄)ရက်) ဗုဒ္ဓဟူးနေ့ ည (၇)နာရီ (၃၀) မိနစ်တွင် ဖွားမြင်သည်။ မွေးချင်းလေးယောက်အနက် ဒုတိယမြောက်ဖြစ်သည်၊ ကြို့ပင်ကောက်မြို့ ရိုမန်ကက်သလစ် သာသနာပြုကျောင်း၌ သတ္တမ တန်းအောင်မြင်သည် အထိ ပညာသင်ကြားခဲ့သည်။ ထို့ပြင် အင်္ဂလိပ်စာကို ကာလကတ်တား (ယခု ကိုးလ်ကတ်တား) မြို့သို့ သွားရောက် သင်ကြားခဲ့သည်။ ၁၉၂ရ ခုနှစ်တွင် တတိယတန်း ရှေ့နေ စာမေးပွဲ အောင်မြင်ကာ ရှေ့နေလိုက်ခဲ့သည်။

သာယာဝတီမြို့မ ဝံသာနုကောင်စီတွင် စက်ကရီတေရီ အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ၁၉၂၁ ခု ဂျီ၊ စီ၊ ဘီ၊ အေ အကွဲတွင် ဖခင် ဦးဖိုးကြူး နှင့်အတူ (၂၁)ဦးအဖွဲ့ ဘက်က ပါဝင်သည်။ ၁၉၂၅ ခုပထမအကြိမ် ဒိုင်အာခီ ရွေးကာက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့သည်။ ၁၉၂ရ ခုနှစ်တွင်မူ ဒိုင်အာခီရွေးကာက်ပွဲတွင် သာယာဝတီတောင်ပိုင်း မဲဆန္ဒနယ်မှ မင်းတိုင်ပင် အမတ်အဖြစ် အရွေးခံရသည်။ ၁၉၂၉ ခုနှစ်တွင် ဝါရင့်နိုင်ငံရေးသမား သာယာဝတီဦးပု ကို အနိုင်ရကာ လွှတ်တော်အမတ် အဖြစ်ဆက်လက် အရွေးခံရသည်။ တောင်သူလယ်သမား တော်လှန်ရေး ခေါင်းဆောင်ကြီး ဂဠုန်ဆရာစံ၏ နောက်လိုက်များ အတွက် ရှေ့နေလိုက်ပေးခဲ့သည်။

၁၉၃၁ ခုနှစ် ဥပဒေပြုကာင်စီတွင် ဦးစောသည် ဂဠုန်ဆရာစံ၏ တောင်သူလယ်သမား တော်လှန်ရေးနှင့် ပတ်သက်ပြီး အင်္ဂလိပ်အစိုးရသည် ပုန်ကန်သူများအား ရက်ရက် ရောရော နှိပ်ကွပ်ခဲ့ကြောင်း အစိုးရထံ အိတ်ဖွင့်ပေးစာ တစ်စောင် ရေးသားခဲ့သည်။ ထို့ပြင် အင်္ဂလိပ်ဘာသာဖြင့် မြန်မာပြည်အရေး စာအုပ်တစ်အုပ် ရေးသားကာ နိုင်ငံခြားသို့ တင်ပို့ရာ အင်္ဂလိပ်အစိုးရ၏ ပိတ်ပင်တားဆီးမှုခံရသည်။ သာယာဝတီ တောင်ပိုင်းအမတ် ဦးစောသည် “၁၉၃၀-၃၁ ခုနှစ်မြန်မာပြည်အရေး” စာအုပ်ကို ရေးသား ထုတ်ဝေရာ အစိုးရအား အကြည်ညိုပျက်စေသော စာသားများ ပါဝင်၍ ပုဒ်မ ၁၂၃ (က) အရ အပြစ်ပေးနိုင်ြကောင်း အထူးဂေဇက် အထုတ်ခံရသည်။ ဥပဒေပြုလွှတ်တော် အစည်းအဝေး တွင်လည်း ဆရာစံ တောင်သူလယ်သမား ပုန်ကန်မှုနှင့်ပတ်သက်၍ အင်္ဂလိပ်အစိုးရ၏ အရေးယူ ဆောင်ရွက်မှုများကို ပြင်းပြင်း ထန်ထန်ဝေဖန် ပြောကြားရာ ထိုစဉ်က ပြည်ထဲရေးအတွင်းဝန် “မစ်စတာ ဘုသ်ဂရေဗလီ (Mr. Booth Gravely) ကဦးစောအား “မောင်စော ဂဠုန်ဖြစ်လာပြီ”ဟု ပြောရာမှ “ဂဠုန်ဦးစော”ဟု အမည်တွင် လာသည်။

၁၉၃၂ ခုနှစ် ဒိုင်အာခီရွေးကောက်ပွဲတွင် သာယာဝတီတောင်ပိုင်း မဲဆန်ဒ နယ်မှ အရွေးခံရာ ရှုံးနိမ့်ခဲ့ပြန်သည်။ သို့သော် နောက်ဆယ်လကျော် အကြာ ကြားဖြတ် ရွေးကာက်ပွဲ၌ ဟင် သာကေတ မြောက်ပိုင်း မဲဆန္ဒနယ်မှ အရွေးခံရသည်။ ၁၉၃၄ ခုနှစ်တွင် ဦးစောသည် ရန်ကုန် မြူနီစီပယ်လူကြီးအဖြစ် ဝင်ရောက် ဆောင်ရွက်သည်။ ၁၉၃၅ ခုနှစ်၊ မေလ (၂၃) ရက်နေ့တွင် သူရိယသတင်းစာ ကိုယ်စားလှယ်အဖြစ် ဂျပန်နိုင်ငံသို့ သွားရောက်ခဲ့သည်။ အပြန်တွင် ကိုးရီးယား၊ တရုတ်၊ ထိုင်း၊ ပသျှူးကျွန်းဆွယ် (မလေးကျွန်းဆွယ်) စသော နိုင်ငံများသို့ လှည့်လည်သွားရောက်ကာ အဆိုပါနိုင်ငံ၏ အဆာဟိရှင်ဘန်း သတင်းစာကိုလည်း လေ့လာခဲ့သည်။ ဂျပန်မှအပြန် ဦးစောသည် “ကိုယ်တွေ့ဂျပန်ပြည်”စာအုပ်ကိုရေးကာ သူရိယမှ ထုတ်ဝေခဲ့သည်။ ထို့နောက်သူရိယ သတင်းစာရှယ်ယာများ ထပ်မံဝယ်ယူပြီး ၁၉၃၆ ခုနှစ်တွင် သူရိယသတင်းစာ၏ ဒါရိုက်တာအဖွဲ့ဝင် ဖြစ်လာသည်။

၁၉၃ရ ခု၊ မေလ (၁၂) ရက်နေ့တွင် ဂဠုန်ဦးစောနှင့် ဇနီးဒေါ်သန်းတင်တို့က အိနိ္ဒယ ခေါင်းဆောင် ပန်ဒစ်ဂျဝါဟလာနေရူးနှင့် သမီး အင်ဒီရာဂန္ဒီ တို့အား ဧည့်ခံဂုဏ်ပြုခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် သူရိယသတင်းစာ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်သည်။ သူရိယသတင်းစာ အယ်ဒီတာချုပ်အဖြစ် ဩဇာကြီးမား လာသည်နှင့်အမျှ သတင်းစာ၏ မူဝါဒကို ၎င်းစိတ်ကြိုက် ပြောင်းလဲခဲ့သည်။

၁၉၃၆ ခုတွင် ဂဠုန်စစ်သူကြီးဘွဲ့ခံကာ ဂဠုန်တပ်၏ ဗိုလ်ချုပ် အဖြစ်ဆောင်ရွက်သည်။ ၁၉၃၆ ခု ဒုတိယကျောင်းသား သပိတ်ကာလတွင် ကျောင်းသားများနှင့် ရင်းနှီးမှုရရန် ကြိုးစားခဲ့သည်။ ၁၉၃၈ ခု၊ မတ်လတွင် မျိုးချစ်ပါတီကို ဖွဲ့စည်းခဲ့သည်။ မျိုးချစ်ပါတီဌာနချုပ်ကို သူရိယသတင်းစာ တိုက်မျက်နှာချင်းဆိုင် နေရာနှင့် ဦးစော၏ မရမ်းကုန်းမြို့နယ်ရှိ အေဒီလမ်း (ယခု မေခလမ်း) အမှတ် (၄) နေအိမ်တွင်ထားရှိသည်။ မျိုးချစ်ပါတီတွင် ဝတ်လုံတော်ရ ဦးအေး၊ ဖျာပုံသူဌေး၊ ဦးအုန်းခင်၊ ဟသာင်္တဦးမြ၊ ပဲခူးဦးစိန်ဝင်းတို့ ခေါင်းဆောင်များ အဖြစ်ပါဝင်သည်။

၁၉၃၉ ခု၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် ဒေါက်တာဘမော် ဦးဆောင်သော ညွန့်ပေါင်း အစိုးရအား အယုံအကြည်မရှိအဆို ထပ်မံတင်သွင်းရာ (၇၀) မဲ၊ (၃၇) မဲဖြင့် အနိုင်ရသည်။ ၁၉၃၉ ခု၊ မေလ (၃၀) ရက်နေ့တွင် ရွှေကျင်ဦးပု ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရအဖွဲ့၌ ဦးစောသည် လယ်ယာနှင့် သစ်တောရေးရာ ဝန်ကြီးဖြစ်လာသည်။ ၁၉၄ဝ ပြည့်နှစ်၊ စက်တင်ဘာလ (၉)ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် နန်းရင်းဝန် ရွှေကျင်ဦးပုအား အယုံအကြည်မရှိ အဆို ထပ်မံတင်သွင်းပြီး ရာထူးမှ ဖြုတ်ချကာ ဦးစောကိုယ်တိုင် နန်းရင်းဝန်အဖြစ် အစိုးရအဖွဲ့ကို ဦးဆောင်ခဲ့သည်။ နန်းရင်းဝန် (ဝန်ကြီးချုပ်) ဖြစ်စဉ်က ဦးစောသည် မြန်မာအမျိုးသမီးများကို စောင့်ရှောက်ရန် ဥပဒေတစ်ခု ပြဌာန်းခဲ့သည်။ ယင်းဥပဒေမှာ “ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများ ထိမ်းမြားလက်ထပ်ခြင်းဥပဒေ”ဖြစ်သည်။ ၁၉၄ဝ ပြည့်နှစ်တွင် ဗိုလ်မှူးကြီး စူဇူကီး (ဗိုလ်မိုးကြိုး)မြန်မာနိုင်ငံသို့ လာရောက်သောအခါ ဦးစောသည် ဗိုလ်မှူးကြီး စူဇူကီးအား ခေါ်ယူတွေ့ဆုံကာ မြန်မာ့လွတ်လပ်ရေးအတွက် ဂျပန်ထံမှ အကူအညီများ လိုချင်ကြောင်း ပြောကြားခဲ့သည်။

၁၉၄၁ ခု၊ အောက်တိုဘာလ (၈) ရက်နေ့တွင် နန်းရင်းဝန်ဦးစောသည် အိုင်စီအက်စ်ဝန်ထမ်း ဦးတင်ထွတ်ကို အကြံပေးအဖြစ် ခေါ်ဆောင်ပြီး နန်းရင်းဝန် အက်တလီနှင့် တွေ ့ရန် အင်္ဂလန်သို့ သွားရောက်ခဲ့သည်။ အင်ဂလန်တွင် နန်းရင်းဝန် အက်တလီနှင့် တွေ့ခွင့်ရသော်လည်း စစ်ပြီးလျှင် မြန်မာနိုင်ငံအား ဒိုမေနီယန် အုပ်ချုပ်ရေးပေးရန် တောင်းဆိုရာ အောင်မြင်မှု မရခဲ့ချေ။ အင်္ဂလန်မှအပြန် ပေါ်တူဂီနိုင်ငံ လစ်စဘွန်းမြို့အရောက် ဂျပန်ကောင်စစ်ဝန်ရုံးသို့သွားပြီး ပေါ်တူကီနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် တွေ ့ဆုံကာ မြန်မာနိုင်ငံတွင်းသို့ ဂျပန်များ ဝင်ရောက်လာပါက ဗြိတိသျှတို့ကို တိုက်ခိုက်ရာတွင် ကူညီဦးမည်ဟု စကားကမ်းလှမ်းခဲ့သည်၊ ထို့အကြောင်းကို ဗြိတိသျှစုံထောက်များ သိရှိပြီး ဂျပန်သံရုံးနှင့် ဆက်သွယ်မှုဖြင့် ပါလက်စတိုင်း (အစ္စရေး) ပြည် ဟိုင်ဖာမြို့တွင် အင်္ဂလိပ်အစိုးရ၏ ထိန်းသိမ်း ထားခြင်းခံရသည်။ ၁၉၄၂ ခု၊ ဇန်နဝါရီလ (၁၈) ရက်နေ့တွင် နန်းရင်းဝန်ဦးစောအား မြန်မာပြည်သို့ ပြန်ခွင့်မပြုဘဲ ဆက်လက်ထိန်းသိမ်းလိုက် ကြောင်း အင်္ဂလိပ်အစိုးရက ကြေညာခဲ့သည်။ ဦးစောအား ဒုတိယ ကမ္ဘာစစ်အတွင်း အာဖရိကတိုက် ယူဂန္ဓာနိုင်ငံ၏ အကျဉ်းချ အိုင်စီအက်စ် ဦးတင်ထွတ်အား အိနိ္ဒယနိုင်ငံ ဆင်မလားသို့ပို့ပြီး မြန်မာပြည်စစ်ြပေးအစိုးရ၏ အကြံပေးအဖြစ် ဆောင်ရွက်စေခဲ့သည်။ ထို့နောက် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၆ ခု၊ ဇန်နဝါရီလ (၂၇) ရက်နေ့တွင် နန်းရင်းဝန်ဟောင်း ဦးစောသည် ယူဂန္ဓာ နိုင်ငံမှ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာသည်။ မေလတွင် မျိုးချစ်ပါတီကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ၁၉၄၆ ခု၊ စက်တင်ဘာလ (၁၂)ရက်နေ့တွင် မြန်မာပြည်ဘုရင်ခံ ဆာဟူးဘတ်ရန့် ခေါ်ယူတွေ့ဆုံခြင်းခံရသည်။ ထိုနှစ် စက်တင်ဘာလ (၂၁)ရက်နေ့တွင် ရန်ကုန်မြို့ မြေနီကုန်း (အထက ၂ စမ်းချောင်းကျောင်းရှေ့) စိန့်ဖလိုမီနာကျောင်းရှေ့၌ သေနတ်ပစ်ခံရ၍ မျက်စိဒဏ်ရာရခဲ့သည်။ ၎င်းလုပ်ကြံမှုအား ဗိုလ်ချုပ်အောင်ဆန်းက နောက်ကွယ်မှ စေခိုင်းခဲ့သည်ဟု အထင်မှားကာ ဗိုလ်ချုပ်အောင်ဆန်းအပေါ် အငြိုးအတေးထားခဲ့သည်။ စက်တင်ဘာလ (၂၆) ရက်နေ့တွင် ဘုရင်ခံ၏ အမှုဆောင်ကောင်စီ၌ ပညာရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရသည်။ ၁၉၄ရ ခု၊ ဇန်နဝါရီလ(၉) ရက်နေ့တွင် ဗြိတိသျှအစိုးရ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ဆွေးနွေးရန် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် အင်္ဂလန်သို့ သွားရောက်ခဲ့သည်။ ဇန်နဝါရီလ (၂၇) ရက်နေ့တွင် မြန်မာ့လွတ်လပ်ရေး အတွက် ချုပ်ဆိုသော အောင်ဆန်း-အက်တလီစာချုပ်ကို ထိုစဉ်ကအဖွဲ့ဝင်အဖြစ်လိုက်ပါသော သခင်ဗစိန်နှင့်အတူ လက်မှတ်ထိုးရန် ငြင်းဆိုပြီး စာချုပ်ကို ကန့်ကွက်ခဲ့သည်။ မြန်မာပြည်ပြန်ရောက်ပြီး ဖေဖော်ဝါရီလ (၁၉) ရက်နေ့တွင် သခင်ဗစိန်နှင့်အတူ ဝန်ကြီးအဖြစ်မှ နုတ်ထွက်ခဲ့သည်။ အစိုးရအဖွဲ့မှ နုတ်ထွက်ပြီးနောက် သခင်ဗစိန်၊ ဒေါက်တာဘမော်တို့နှင့်အတူ “မဟာဗမာ”အဖွဲ့ ဖွဲ့စည်း၍ ဖဆပလအတိုက်အခံအဖြစ် ဆောင်ရွက်သည်။ ထိုစဉ်က မဟာဗမာအဖွဲ့ကို စာနယ်ဇင်းများတွင် “စောစိန်မော်ဂုဏ်း”ဟု ကင်ပွန်းတပ်ခံရသည်။

အာဇာနည်ခေါင်းဆောင်ကြီးများကို လုပ်ကြံမှု

ထို့နောက် ၁၉၄ရ ခု၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ဂဠုန်ဦးစောသည် သူ၏နောက်လိုက်များအား ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို လုပ်ကြံရန် စေခိုင်းခဲ့သည်။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရသည့်နေ့ ညနေပိုင်းမှာပင် ထိုလုပ်ကြံမှု၏ တရားခံ များဖြစ်သော ဦးစောနှင့် အပေါင်းအပါများအား ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဖွဲ့စည်းပေးထားသော သောင်းကျန်းမှု နှိမ်နင်းရေးတပ် တပ်ရင်းအမှတ် (၁)မှ တပ်ခွဲမှူး ဗိုလ်သိန်းဟန်နှင့် ရဲဘော်များသည် မရမ်းကုန်းမြို့နယ် အေဒီလမ်း (ယခု မေခလမ်း) အမှတ် (၄)ရှိ ဦးစောအိမ်သို့ဝိုင်းပြီး အိမ်တွင်းအိမ်ပြင် ရှာဖွဖေမ်းဆီးကာ စုံထောက် အင်စပိတ်တော် မစ်စတာဂျပ် ခေါင်းဆောင်သော ရဲအဖွဲ့လက်သို့ အပ်ခဲ့သည်။ ထို့နောက်ဦးစောနှင့် အပေါင်းအပါများအား ဦးကျော်မြင့်၊ ဦးအောင်သာကျော်နှင့် ဦးစီးဘူးတို့ ပါဝင်သော အထူးခုံရုံးမှ အချိန်ယူ စစ်ဆေးပြီး ပြစ်မှုထင်ရှားသဖြင့် ၁၉၄ရ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့တွင် သေဒဏ်စီရင်ချက် ချမှတ်ခဲ့လေသည်။ တရားခံများက အဆင့်ဆင့်အယူခံ ဝင်ခဲ့သည်။ နောက်ဆုံး အယူခံလွှာကို ၁၉၄၈ ခု၊ ဧပြီလ (၂၀) ရက်နေ့တွင် တရားလွှတ်တော်ချုပ်မှ ပယ်ချလိုက်သည်။ ထို့နောက် သမ်မတထံ သနားခံလွှာ တင်သွင်းခဲ့ပြန်ရာ ခင်မောင်ရင်၊ သုခနှင့် မောင်နီတို့အပေါ်တွင် ချမှတ်ထားသော သေဒဏ်အမိန့်ကို ပယ်ဖျက်ပြီး တစ်သက်တစ်ကျွန်း ထောင်ဒဏ်သို့ လွှြဲပောင်းပေးခဲ့သည်။ ကျန်တရားခံများဖြစ်သော ဂဠုန်ဦးစော၊ သက်နှင်း၊ မောင်စိုးနှင့် မှုန်ကြီးတို့အား အင်းစိန်အကျဉ်းထောင်တွင် လည်းကောင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့အား ရန်ကုန်အကျဉ်းထောင် (ယခု ရန်ကုန် အထွထွေေရောဂါ ကုဆေးရုံနေရာ)တွင်လည်းကောင်း၊ ၁၉၄၈ ခု၊ မေလ (၈) ရက်နေ့ အရုဏ်တက်ချိန ်(၅)နာရီခွဲတွင် တစ်ချိန်တည်း ကြိုးဒဏ် စီရင်ခဲ့လေသည်။

၁၉၄၈ ခုနှစ်မေလ ( ၈ ) ရက်နေ ့ ကြိုးစင်ပေါ်တွင် ဂဠုန်ဦးစော

ဘဝနိဂုံး

ဦးစောသည် သူ့အား ပေးသော နံနက်လက်ဖက်ရည်ကို အခန်း၌ ဆွမ်းတော်ကပ်ခဲ့သည်။ ဖယောင်းတိုင်သုံးတိုင် ထွန်းညှိပြီး ပူဇော်ခဲ့သည်။ ပြီးမှ အပြင်တွင် စောင့်နေကြသော အကျဉ်းဌာန မင်းကြီးဦးဘမောင်၊ ဆရာဝန်၊ တရားသူကြီး၊ အင်းစိန်ခရိုင်ဝန်၊ ခရိုင်ရဲဝန်၊ ထောင်အာဏာပိုင်များ စသည်တို့ကို ပြုံးရွှင်စွာ နှုတ်ဆက်သည်။ ဦးစောသည် ရှမ်းဘောင်းဘီ အပြာရောင်ကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသည်။ ကြိုးစင်ရှိရာ ထွက်ခွာလာစဉ် အကျဉ်းထောင် အဆောင်များအလယ်ရှိ ဘုရားရုပ်ပွားတော်တစ်ဆူ ကိုးကွယ်ထားရာကို လွန်လာသဖြင့် ပြန်လှည့်၍ ဒူးတုပ်ဝပ်ချသည်။ ထို့နောက် ကြိုးစင်ဘက်သို့ ဆက်လက်ထွက်ခွာရာတွင် မြင်ရာလူကို လှမ်းပြီး နှုတ်ဆက်သည်။ အထူးခုံရုံး နာယက ဦးကျော်မြင့်နှင့်တကွ သူ့ကိုတာဝန်အရ ဆောင်ရွက်ရသည့် သူများအား မုန်းထားမှု မရှိပါဟု မှာကြားခဲ့သည်။ ထို့နောက် တည်တည် ငြိမ်ငြိမ်ပင် ကြိုးစင်ပေါ်သို့ တက်သွားလေသည်။ ဦးစော၏ ကြွင်းကျန်သော ရုပ်ကလာပ်ကို အင်းစိန်ထောင်ကြီး အနီးရှိ ပေါက်တော သင်္ချိုင်းတွင်ပင် မြေမြုပ်သဂြိင်္ုလ်လိုက်သည်။

ဂဠုန်ဦးစော ၏ သမိုင်းဆိုင်ရာ အချက်အလက်များအား မြန်မာဝီကီ မှ ကူးယူဖော်ပြပါသည်။

မူရင်း အား ဤနေရာ တွင်နှိပ်၍ သွားရောက် ဖတ်ရှု ့နိုင်ပါသည်။

ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်များ ကို ဦးညွတ်အလေးပြုလျှက် ။

၁၉ ဇူလိုင် ၂၀၁ဝ ခုနှစ်။

စာရှု ့သူမိတ်ဆွေ များ အားလုံး ကိုယ်စိတ်နှဖြာ ရွှင်လန်းချမ်းမြေ ့ကြပါစေ။
http://my.wikipedia.org/wiki/%E1%80%82%E1%80%A0%E1%80%AF%E1%80%94%E1%80%BA%E1%80%A6%E1%80%B8%E1%80%85%E1%80%B1%E1%80%AC

7 comments

  • Gipsy

    July 20, 2012 at 8:25 am

    http://www.facebook.com/photo.php?fbid=324266217664860&set=o.130826737007804&type=1&relevant_count=1&ref=nf
    ဦးစော ကို ကြိုးမိန့်ပေးနေတဲ့ ပုံ ဖြည့်စွက်လိုက်ပါတယ်…၊
    မျက်စိ ဒဏ်ရာ ရရာက အစ အညှိူးအတေး ထား ခဲ့တဲ့
    အမျိုးသား သစ္စာဖေါက်ကြီး …။

  • ဂန္ဓာရီ ဆြာအုပ်

    July 20, 2012 at 9:05 am

    ဘာပဲဖြစ်ဖြစ်ဦးစောလဲ လူတော်တစ်ယောက်ပါပဲ..
    မနာလိုမှု
    လက်စားချေလိုမှုကြောင့်
    အမျိုးသား သစ္စာဖောက် အဖြစ်သမိုင်းမှာ ထင်ကျန်ခဲ့ရတယ်
    နှမြောစရာကောင်းလှပါတယ်..
    ဦးစောအပေါ် မုန်းတီးမှုအစား သင်ခန်းစာယူသင့်ပါတယ်

  • mamanoyar

    July 20, 2012 at 9:24 am

    ဪ ဦးစောဆိုတာလဲ တော်တဲ့လူပဲနော်
    ဘာမှမဟုတ်တာကို အထင်လွဲပြီး
    အငြိုးကြီးလို့ အခုလို မဖြစ်သင့်တာတွေ ဖြစ်သွားရတာ
    ရင်နာစရာကောင်းလိုက်တာ

  • manawphyulay

    July 20, 2012 at 3:08 pm

    အင်း ဦးစောက စေခိုင်းခဲ့တာဆိုတာထက် မနောသိထားတာက ဦးစောက စေခိုင်းခံရတာလို့ သိထားပါတယ်။ လုပ်ကြံမှုမှာ စေခိုင်းသူဘယ်သူဆိုတဲ့အခွေကို မနော ကြည့်ဖူးပါတယ်။ အင်း ဒါကို မဟတ္တမဂန္ဒီက အတုယူဖို့ သူ့ပြည်သူပြည်သားတွေကို ပြောရင်းနဲ့ သူလည်း လုပ်ကြံခံခဲ့ရတာပါပဲ….

  • ဖိုးထောင်

    July 20, 2012 at 4:08 pm

    လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရရှိခဲ့ပါလျက် တလွဲ(နည်းလမ်းမှား)ဖြင့် သဘောထားကွဲလွဲခြင်း၏ ရလာဘ်အဖြစ် မြန်မာဟုတည်ရှိနေသမျှကာလပတ်လုံး သမိုင်းနာမည်ဆိုးဖြင့်ဆက်လက်တည်ရှိနေတော့ မည်မှာ မလွဲဧကန်ဖြစ်ပေတော့သည် တမုံ့

  • shwe kyi

    July 21, 2012 at 11:22 am

    ဒီလောက်ပညာတတ်တဲ့လူတယောက်က ဦးနှောက်မရှိတဲ့အလုပ်ကိုလုပ်တယ်ဆိုတာအံ့ဩစရာပါ။
    တိုင်းပြည်အကျိုးကိုမကြည့်ပဲ တလွဲသတ္တိကောင်းခဲ့သူကြီးကိုမုန်းပါတယ်။ အသွေးအသားထဲကကိုမုန်းမိပါတယ်။ သေကာနီးတောင်လူကြီးလူကောင်းယောင်ဆောင်လိုုက်သေးတယ်။
    ဗိုလ်ချုပ်ထက် 10 နှစ်ကျော်အသက်ကြီးပြီးစိတ်ဓါတ်ကမပြည့်ဝဘူး။ သူလုပ်ခဲ့တာတွေကနာမည်ကျော်ချင်တာလားတိုင်းပြည်အကျိုးလားဆိုတာ သံသယဖြစ်မိပါတယ်။

Leave a Reply