6 မြစ်အနားသတ်
မြတ်ပါ်တဲ့ကောင်းမူ့တော်
အဖြူကိုအရောင်းပြောင်းပါလို့
ရွှေရည်တွေလောင်း…………………………..
- 7 တိမ်ဖြူလွလွ နောက်ခံကား
မြစ်ရေပြင် အလယ်စည်းခြား
ရွှေစေတီ ဖူးချင်သား………………….
“အမြင့်အမြင့်မှ အဝေးအဝေးသို့လွင့်ကြည့်ခြင်း…………………….”
ဥမင်သုံးဆယ်ဘုရားအနောက်ဘက်အစွန်ဆုံးမှာကြီးမားလှတဲ့မန်ကျည်းပင်ကြီးရှိပါတယ်။
သူ့အောက်မှာတော့အပန်းပြေထိုင်စရာ ခုံလေးတွေရှိပါတယ်။
ခုံလေးတွေရဲ့မြောက်ဘက်မှတော့ အပေါ်တက်တဲ့လှေကားတစ်စင်း။
ကျနော်နဲ့ပါလာတဲ့အဖော်တွေက အပေါ်ကိုရောက်နေကြပါပြီ။
လှေခါးကနေရှေ့တည်တည့်ကြည့်တဲ့အခါ ရေတက်ချိန်ဖြစ်လို့ ကျယ်ပြန့်တဲ့ရေပြင်ကြီးဖြစ်နေတဲ့
ဧရာဝတီ။
အနောက်ဘက်ခြမ်းမှာတော့ အဖြူမှရွှေရောင်အသွင်းပြောင်းခဲ့တဲ့ကောင်းမူ့တော်စေတီကိုလှမ်းမြင်ရပါတယ်။
ဟိုအရင်ညများမှာတော့ ထုံးသင်္ကန်းနဲ့ကောင်းမူ့တော်ဘုရားက အမှောင်ထဲမှာအလင်းဆောင်နေသလိုဘဲလို့ပြောကြပါတယ်။
အခုရက်မှာတော့ဧရာဝတီမြစ်ရေတက်တဲ့အချိန်ဖြစ်တော့ တောင်ပေါ်ကနေအနောက်ဘက်ကို
ကြည့်လိုက်တဲ့အခါ ရေပြင်ကျယ်ကြီးကိုဘဲမြင်နေရပါတယ်။
လွတ်လပ်ကျယ်ပြန့်သောကောင်းကင် စိမ်းစိုမြရှိန်းသောသစ်တောအုပ် ရွှေရောင်ဝင်းလဲ့နေသော
စေတီများကိုတွေ့မြင်ရခြင်းက စိတ်အတွင်းမှာကြည်နူးမူ့တွေဖြစ်လာပါတယ်။
အရှေ့ဘက်ခြမ်းမှာတော့ သဲသောင်ယံတွေနဲ့ဧရာဝတီ ။
ဆွမ်းဦးပုညရှင် ရှင်ဖြူရှင်လှဘုရားများ၊
အောက်ဖက်မှာတော့ သီတဂူစေတီတော် ငါးထပ်ကြီး ဆင်များရှင်ဘုရားများကိုဖူးမြင်ရပြန်ပါတယ်။
တောင်အထက်အမြင့်ဆိုပြန်တော့ သန့်ရှင်းလပ်ဆပ်သောလေကြောင့်အေးမြလို့ကြည်လင်။
သဘာဝတရားကြီးကပေးတဲ့လက်ဆောင်တွေက များပြားလှပါတယ်။
ကဲ မိတ်ဆွေ အားတာမအားတာအပထား ကိုယ့်အနီးအနားက သဘာဝအလှတွေကို
သွားပြီခံစားကြည့်လိုက်စမ်းပါ။
အရသာတွေ့သွားမယ်နော်………………………….
ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ
(24-7-2012)
Post Views: 682
37 comments
ဘဲဥ
July 25, 2012 at 10:16 am
နေရာအူးထားပါတယ်ချင့်
ပုံတွေကိုလည်း ကစ်တွားဘာဒယ်ချင့်
Khaing Khaing
July 25, 2012 at 10:17 am
အယ် ……… ဘဲဥမက အူးထားတယ်တော့ မုန်းတာအေ ……….
Khaing Khaing
July 25, 2012 at 10:16 am
လေးပေါက်ရေ ……. သမီးတို့က ကောင်းမှုတော်နဲ့ သီတဂူစေတီကိုမှားနေတယ် …. လုံးတာချင်းတူတော့လေ …….. ဝေးးးးးးးး သမီးပထမမန့်လိုက်ရတယ် …….
ဘဲဥ
July 25, 2012 at 10:22 am
မာမီပေါက်
ကင်မလာ မှန်ဘီလူးမှာ အမှိုက်တွေကပ်နေတယ်ထင်တယ် အမဲစက်တွေတွေ့နေရလို့
No.8 ပုံမှာတော်တော်သိသာတယ်
နောက်တစ်ခါရိုက်ရင် သတိထား၊ တစ်ကတည်းလိုက်ပြောနေရဒယ်။ ကလေးကျနေဒါဘဲ။ 😀
Khaing Khaing
July 25, 2012 at 11:15 am
မာမီပေါက်က မာမီခိုင်နဲ့ဘာကွာလဲ ….. ခစ်ခစ်ခစ်
Gipsy
July 25, 2012 at 11:21 am
ကျုပ်လဲ မျက်စိမှုန်တိမှုန်ဝါးနဲ့ အမဲစက်လေးတွေက
ငှက်ကလေးတွေများလားလို့…..
ကိုပေါက်(မန္တလေး)
July 25, 2012 at 10:30 am
မျက်စေ့ကမွဲနေတော့ သေးသေးလေးတွေဆိုမမြင်ရတော့ဘူးဟ။
ညလေး
July 25, 2012 at 10:39 am
ဘုရားဖူးသွားပါတယ်လေးပေါက်ရယ်…..
ဥဥရယ်..ပုံ၈ ကကောင်းကင်မှာပျံဝဲနေတဲ့ဌက်ကလေးတွေလို. ညလေး ထင်တယ်နော်
နှစ်ကောင်တွေ.တယ်…ကျန်တာတော့ ………သိတော့ဝူး
mamanoyar
July 25, 2012 at 10:42 am
လေးပေါက်ရေ
အခုလိုတင်ပေးတာ ကျေးဇူးတင်ပါတယ်
ဖူးမျှော်သွားပါတယ်နော်
မောင်ပေ
July 25, 2012 at 10:55 am
အဝေးဝေးသို့ကြည့်
ကလေးလေးမို့မသိ
တထွေးထွေးနဲ့ငြိ
အရေးမသေးလို့မချိ
မမ အညာသူ
July 25, 2012 at 11:03 am
လေးလေးပေါက်ကဓါတ်ပုံရိုက်တာဝါသနာပါတယ်ထင်တယ်နော်
အမြဲသဘာဝပုံလေးတွေကိုတင်ပေးတက်တယ်
ခုလိုပုံလေးတွေကိုမြင်ခွင့်ရတဲ့အတွက် ရှဲရှဲပါရှင့်
P chogyi
July 25, 2012 at 11:15 am
စေတီနဲ့ ရှုခင်းတွေ ဖူးတွေ့ရလို့ကျေးဇူးတင်ပါတယ်။
၁၉၇၉ ခုနှစ်က တစ်ခေါက်ရောက်ပြီး အဲဒီနောက်ပိုင်း
လုံးဝမရောက်ဖြစ်လို့ အခုလို ကြည့်ခွင့်ရတာဝမ်းသာမိပါတယ်။
Gipsy
July 25, 2012 at 11:18 am
ပုံတွေကိုက အရမ်းလှ
ကြည့်မဝတဲ့ ကျွန်တော့်ဘဝ
အားကျစိတ်တွေ တဖွဖွ…..။
ဘဲဥ
July 25, 2012 at 11:18 am
တားတားဂ ရှစ်လို့ ရှဒါ ရှိတ်အရှိုးရဘူးနော် မာမီပေါက်
Ma Ei
July 25, 2012 at 12:18 pm
စစ်ကိုင်းကို Tour အဖွဲ့ နဲ့ သွားခဲ့ရတာမို့
ဆွမ်းဦးပုညရှင်၊ဥမင်သုံးဆယ်၊ကောင်းမှုတော်
ဘုရားတွေဘဲ ရောက်ခဲ့ရတယ်…
ကောင်းမှုတော် ဘုရားကြီးကို
ရွှေသင်္ဃန်းကပ်လိုက်တာ
ဘဝင်မကျဘူးရယ်…
ကိုပေါက်ကျေးဇူးနဲ့ စစ်ကိုင်းဘုရားစုံ
ဖူးလိုက်တော့မယ်…
ကိုပေါက်(မန္တလေး)
July 25, 2012 at 12:34 pm
မစုံသေးဘူး ရှင်ဖြူရှင်လှ မရောက်ခဲ့သေးဘူး ။
အဲဒီဘုရားကနေကြည့်ရင် မြစ်ပြင်ရူ့ခင်းအရမ်းလှပါတယ်။
နောက်ရေတက်တဲ့ရက်ထပ်သွားအုံးမယ်။
စောင့်………………….ပါ………………….အုံး……………………………….
မဟာရာဇာ အံစာတုံး
July 25, 2012 at 1:50 pm
ဖေဂျီးရေ …
အဝေးက ဘုရားစေတီတွေကို ဖူးမြော်သွားရင်း …
အားပေးသွားပါတယ် ခင်ဗျာ ..
ko khin kha
July 25, 2012 at 2:02 pm
ကိုပေါက်ရေ ရောက်ဖူးတာ အကြိမ်ကြိမ်ဆိုပေမယ့် ဓာတ်ပုံထဲမှာပြန်ကြည့်ရတော့လည်း လွမ်းသလိုလိုပါဗျာ၊ ထပ်ရောက်သွားချင်စိတ်ဖြစ်မိပါတယ်၊
စကားမစပ် ရွာကမိတ်ဆွေတွေဆုံဖြစ်ရင်လည်း ဝ၉-၆၈၀၃၁၂၄ ကျွန်တော်ဖုန်းကိုသာခေါ်လိုက်ပါ လာချင်ပါရဲ့။
etone
July 25, 2012 at 2:19 pm
လေးပေါက်ရေ .. နံပါတ် (၁၅)ပုံလေးအကြိုက်ဆုံးပဲ … ။
တောတွေတောင်တွေ ၊ စိမ်းစိမ်းစိုစိုတွေကိုမြင်ရတာ တကယ့်ကို စိတ်ချမ်းသာတယ်…. ။
ဒီရက်ပိုင်း စိတ်တွေရှုပ်နေတာနဲ့ ….. မြို့ပြရဲ့ အနံ ့သက်ကင်းတဲ့ … နေရာမျိုးကို …သွားလည်ချင်စိတ်ဖြစ်မိတယ် … ။
shwe kyi
July 25, 2012 at 2:23 pm
လေးလေး ရွှေကြည်ကလေ အမြင့်ကနေရှုခင်းကြည့်ရတာအရမ်းကြိုက်တာ။
နေတာတောင်ငါးလွှာမှာနေတာ 😀
တမျှော်တခေါ်ကြီးခံစားသွားပါတယ်နော်။ ပုံတချို့ကူးယူထားလိုက်တယ်။
ပင်လယ် ပျော်
July 25, 2012 at 4:20 pm
အနော်လည်း post တင်မလို ့ဒါ့ပုံတွေရိုက်လာတာ ညီလေးပေါက်ဦးသွားပြီ.. ဟင့် ဟင့် ဟင့်…….
Khaing Khaing
July 26, 2012 at 10:33 am
သူရိုက်တဲ့ပုံက လေးပေါက်ပုံလောက်လည်းမလှဘူးရယ် ………. မတင်တာပိုကောင်းတယ် ….
ကိုပေါက်(မန္တလေး)
July 25, 2012 at 6:00 pm
ပင်လယ်ပျော်တို့ထက်ကျနော်က 2ရက်စောပြီး စစ်ကိုင်းရောက်သွားတာကိုး။
ဒါတောင် 20-4-2012 နေ့က ရွာသူတစ်ယောက်နဲ့သွားထားတဲ့ပုံတွေမတင်ရသေးဘူးရယ်။
San Hla Gyi
July 25, 2012 at 6:59 pm
ကိုပေါက်ရေ
အကို တင်ပေးတဲ့ ဓတ်ပုံတွေအတွက် ကျေးဇူးပါ။ ကြုံတုန်းမေးရဦးမယ်။ ကြာတော့ ကြာပါပြီ။ တခါတုန်းက ဟိန္ဒူဘုရားကျောင်းလေး ပုံတွေတင်ဖူးတာ တွေ့ပါတယ်။ အဲဒါ အကိုတင်တာလား ခင်ဗျာ။
ကိုပေါက်(မန္တလေး)
July 27, 2012 at 6:28 pm
ကိုစံကြီးရေ
ဟိန္ဒူဘုရားကျောင်းတော့ မတင်ဘူး သေးဘူးဗျာ.
တစ်ခုတော့ရှိတယ် သံလျင်သွားတုံးက ကျိုက်ဒေးဝ ဘုရားထဲကပုံတွေက တော့ ကိုစံကြီး
ပြောတာနဲ့ဆင်တယ်။
San Hla Gyi
July 27, 2012 at 8:41 pm
အကိုရေ
အဲဒါဆိုရင် အခြားတယောက် တင်တာဖြစ်လိမ့်မယ်ဗျ။ ကြာတော့ တော်တော်လေး ကြာပါပြီ။ လားရှိုးနားက ဟိန္ဒူဘုရားကျောင်းလေးဗျ။ ရေတံခွန်လေးတွေနဲ့ ကျောင်းထဲက ဖြတ်စီးတဲ့ စမ်းချောင်းလေးကောပဲ။ငါးတွေက အနက်ကြီးတွေဗျ။ အဲဒီနေရာလေး ကျနော် ရောက်ဖူးလို့ မေးကြည့်တာပါ။ အကို့ဓတ်ပုံတွေအတွက် ကျေးဇူးပါ။
ကိုပေါက်(မန္တလေး)
July 27, 2012 at 10:02 pm
ကိုစံကြီးရေ
အဲလိုပုံဆိုရင် ကျနော်မဟုတ်တာသေချာသွားပြီ။
ဘယ်သူတင်တယ်ဆိုတာတော့ ကျနော်မသိတော့ဘူး။
သန်းထွဋ်ဦး
July 25, 2012 at 8:37 pm
ဆွမ်းဦးပုညရှင် အကြောင်းလေး သိရင်ပြောပြပေးပါအုံး။
လေတံခွန်လို လွင့်မြောသွားပါတယ် လေးပေါက်ရေ။
TTNU
July 26, 2012 at 12:53 am
ကိုပေါက်ရေ..
ပုံ(၁၆) ကြိုက်သည်။
(16 စိတ်တွေကို အဝေးလွင့်သွားလောက်အောင်လှတဲ့မြင်ကွင်းပါ။)
ဆိုတဲ့ ပုံတွင်ပါသောစာသားကို ၁၀၀% ထောက်ခံပါသည်။
weiwei
July 26, 2012 at 9:55 am
ရှင်ဖြူရှင်လှမှာ ညအိပ်တည်းပြီး စစ်ကိုင်းတောင်တစ်ကြောလုံးကို ခြေလျှင်လျှောက်သွားခဲ့ဖူးတာကို သတိရသွားမိတယ် …
ဓါတ်ပုံတွေမြင်တော့ နောက်တစ်ခေါက် ပြန်သွားချင်မိတယ် …
kyeemite
July 26, 2012 at 10:26 am
ဟုတ်ကဲ့ပါကိုပေါက်ရေ..အခြေအနေပေးရင်
လာလည်ပြီး တဝကြီးခံစားလိုက်ချင်ပါသေးဗျာ..
အလင်းဆက်
July 27, 2012 at 12:31 pm
အိုဘယ့်… သဘာဝကို.ရှာဖွေ..ဖော်ထုတ်..ပြနေသူကြီး….
aye.kk
July 27, 2012 at 11:02 pm
ကိုပေါက်…
လက်ရာလှလှ…
ကဗျာလှလှ..
စိတ်ပြတင်းပေါက်လေး၊ဖွင့်ဟဟ…..။
တွေ ့လိုက်ရတာ၊မေတ္တာဖြူလွှလွှ..။
တိမ်လွှာတွေက၊ဝေးလွင့်လွင့်….။
သပ္ပါယ်လှတဲ့….
စေတီပုထိုးတွေက၊မြင့်xxxမြင့်xxxမြင့်..။
ဖူးမျှော်ကြည်ညိုခွင့်ရလို ့ကျေးဇူးတင်မိပါတယ်ရှင့်။။
ကိုပေါက်(မန္တလေး)
July 27, 2012 at 11:07 pm
ကျေးကျေးပါ မမအေးရေ
ကျနော်မိတ်ဆွေတွေစိတ်ကြည်နူးတယ်ဆို ကျနော်လဲ ကြည်နူးရတာပေါ့နော်။
thihayarzar
July 28, 2012 at 8:54 am
ဦးပေါက်ရေ ပုံတွေအားလုံး လှတယ်ဗျာ .. ကဗျာလေးတွေကလည်း ကောင်းတယ် .. ကဗျာတွေနဲ့ပုံတွေနဲ့ ကာရံမိတယ် …. သဘောကျမိပါတယ် လေးပေါက်ရေ ……….. အားလုံးကူးလို့ရမလား
ကိုပေါက်(မန္တလေး)
July 28, 2012 at 9:09 am
ကူးလို့ရပါ၏.
Shar Thet Man
July 28, 2012 at 1:49 pm
ခေါင်းစဉ်လေးနဲ့ ဓါတ်ပုံလေးတွေနဲ့တော်တော်လေးအံဝင်ခွင်ကျဖြစ်ပါတယ်..ကိုပေါက်……..