ငါးသားဖေါက်ကန် နာဘေးမှ. အတွေးများ?….
– တလောတုံးက သူငယ်ချင်းနဲ့ လည်ပတ်ရင်း ငါးသားဖေါက်ကန်ကို ရောက်သွားတယ်..
အဲဒီမှာ ဘာတွေတွေ့သွားခဲ့ရသလဲ ဆိုတော့…
– ငါသားဥဖေါက်ဖို့ ငါးမတစ်ကောင်ကို.. ငါးအထီးရဲ့ ဟော်မုန်းဆေး ထိုးပြီးတဲ့
အချိန်နဲ့သွားတိုးတယ် …
ငါးသားဖေါက်ဆရာက ..ငါးမကိုကြည့်ထား.. နာရီပိုင်းအတွင်း ဥတွေအများကြီး
ဥလာလိ်မ့်မယ် ဆိုပြီးပြောတယ်..
ကျွန်တော်လည်း အဲဒီမှာဘဲ ထိုင်ကြည့်လိုက်တော့တယ်.. သိပ်မကြာခင် ဥတွေဗျာ အများကြီးဥလာတာ တွေ့ရတယ်…
ကျွန်တော်လည်း ငါးကန်ဘေးမှာ.. ထိုင်ရင်း မကြာခင် ငါးဥတွေ ဥလာတာကို ထိုင်ကြည့်ကာ ..အောက်ပါ အတွေးလေးများဝင်လာပါတယ်?…
– လူတွေ၊ အကောင်ပလောင်တိရိစာ္ဆန်တွေ ဖြစ်လာဖို့ တဖက်က သတ္တဝါတွေ တစ်ဦးဦးက
သေတာရှိမှ…ဒီဘက်က ဘဝမှာ သူနဲ့ထိုက်သန်တဲ့ သတ္တဝါတကောင်ကောင်ဖြစ်ရတယ်လို့
ဖတ်ဖူးကြားဖူးထားတာ ရှိခဲ့တယ်…
ဒါဆိုရင် ဒီငါးဥ၊ငါးသားပေါက် အကောင်တွေ အများကြီးဖြစ်အောင် သားဖေါက်ပေးတဲ့
ဆရာက.. ခဏနေ.. ငါးဥတွေ ဥတော့မယ်လို့ပြောတာဟာ…
– ဟိုးဘက်ဘဝက သတ္တဝါတွေသေကြတော့မယ် လို့ပြောတာနဲ့ မတူနေဘူးလား?…
– သို့မဟုတ် ဟိုဘက်ဘဝက သတ္တဝါတွေသေအောင် ..ငါအခု ဟော်မုန်းဆေး ထိုးပြီး သတ်တော့မယ်..မကြာခင်သူတို့သေပြီး..ဒီမှာငါးဥ၊ငါးသားပေါက်တွေ ဖြစ်လာတော့မယ်လို့
ပြောတာနဲ့ တူမနေဘူးလား?…
– သူထိုးလိုက်တဲ့ အထီးရဲ့ ဟော်မုန်းဆေးဟာ တဖက်ဘဝက သတ္တဝါတွေသေအောင်
လုပ်နေတာနဲ့ တူမနေဘူးလား?…
– ဟိုဘက်ဘဝက အစုလိုက်အပြုံလိုက်သေတဲ့ သတ္တဝါတွေ ရှိမှ ဒီဘက်ဘဝမှာ အစု
လိုက်အပြုံလိုက် မွေးတဲ့ သတ္တဝါတွေဖြစ်ရမယ် မဟုတ်လား?.. စာပေအရ ဟုတ်တယ်လို့ ဒါတွေကို ဘာနဲ့သက်သေပြမလဲ?…
– ဒီလောက်များပြားတဲ့ ငါးသားပေါက်ဟာ.. လူသေလို့ ဒီငါးတွေဖြစ်တာလား?…
– တိရိစာ္ဆန်တွေသေ လို့ဖြစ်လာတာလား? …
– နတ်တွေ နတ်သက်ကြွေလို့ ဒီငါးတွေဖြစ်တာလား?…
– သိုမဟုတ် အဆင်သင့် စောင့်နေတဲ့ ပြိတ္တာတွေ ကြောင့်လား?..
– နတ်နဲ့ ငရဲသားတွေ၊ ပြိတ္တာတွေ ကိုတော့ မသိ၊ မမြင်ရလို့ထားလိုက်…
ဒါဖြင့်ရင် အသားငါး ဈေးထဲမှာ တရက်တရက်သေနေတဲ့ အကောင်တွေကနေ ဖြစ်လာတာလား?..
သို့မဟုတ်ရင်လည်း မရွှက်စိတ်တွင်း တတွင်းတွင်းကများ မြေပြိုကျလို့များလား?..စသည့်
ဖြင့်ပေါ့ အမျိုးမျိုးတွေးကြည့်ပါတယ်..
– ငါးသားဖေါက်ဆရာကတော့ ..ဒီလိုတွေးမယ် မဟုတ်ပါဘူး..လူတွေစားဖို့ ..သူပိုက်ဆံရဖို့၊ သူသိတဲ့ပညာနဲ့ လူတွေကိုပေးဖို့ဘဲဖြစ်မှာပါ..
အထက်ပါအတွေးတွေ မေးခွန်းတွေဟာ ယခု.???..ဘာသာရေးက ပေးတဲ့ အမြင်နဲ့ ကျွန်တော်မေးခွန်းထုတ်ကြည့်တာ..စဉ်းစားကြည့်တာပါ..
ဒီလိုနဲ့ သူငယ်ချင်းလဲ..ကဲ ကဲ ….
ပြန်မယ်လို့ ပြောတာနဲ့ ကျွန်တော်လည်း..
ငါးသားဖေါက်ကန်က အပြန် ဘုရားမပြောသော စကားဖြစ်တဲ့ …
” အဗျာကတ တရား ” ရဲ့ ပဲ့သင်သံနှင့် အတူ အိမ်အပြန်လမ်းမှာ
အတွေးလေးများဖြင့်…
21 comments
မိုက်ကယ်ဂျော်နီအောင်ပု
July 22, 2012 at 9:33 pm
ကျုပ်ကတော့ အဲ့သည်သဘောလေးကို ကိုယ့်ဖါသာနားလည်နေတယ် ရှင်းပြမတတ်လို့
အလွယ်ပြောရရင်တော့
အံဝင်ဂွင်ကျဖြစ်နေတဲ့ သဘာဝ ( ကံ ) လို့ ဆိုခြင်ပါတယ်
ချုပ်ပြီးပြောရရင် သဘာဝ ( ကံ ) ကို ဘယ်သူမှ မပြင်နိုင်ပါဘူး
ဒါ့ကြောင့်ထင့် မြတ်စွာဘုရားဟောကြားတော်မူခဲ့တာ
အစ ဆိုတာကို မတွေးကောင်းဘူးလို့
ဒါကတော့ ကျုပ်ထင်တာကို ယုံကြည်မှု့နဲ့ ရမ်းပြောတယ်မှတ်သားကြဗျာ
Ko out of...
July 23, 2012 at 6:19 am
မိုက်ကယ်ကျော်နီပုရေ..
နားလည်တယ်ဆိုရင် ရှင်းပြ ချပြနိုင်ရပါမယ်..ဘုရားတရားဟာ လူတွေကိုချပြလို့ရတယ်..
တရားဂုဏ်တော် (၆)ပါးဟာ.. ရှင်းပြချပြလို့ရတဲ့ တရားရဲ့ အရည်းအချင်းဘဲ..
– မတွေးကောင်းဘူးဆိုတာ ကျွန်တော်ထင်တာ ဘုရားစကား မဖြစ်နိုင်ဘူး..
ဘာဖြစ်လို့ ဘုရားစကား မဟုတ်လဲ ဆိုတော့..ငါရှင်ကြီးဂေါတမဟောတဲ့ စကားဘဲဆိုပြီး မယုံလိုက်နဲ့ဦးတဲ့ တွေးခေါ်ကြ စဉ်းစားကြ ..ဆိုတဲ့ ကာလာမသုတ်မှာ ပါတဲ့ တရားဟာ လွတ်လွတ်လပ်လပ်တွေးခေါ်ဖို့ ဘုရားပေးထားသဘောဘဲ..ဒါတွေဟာ အုပ်စုဂိုဏ်းတခုခု
ကသူတို့ရဲ့ဘောင်အတွင်းက ထွက်လို့မရအောင် မြုံးနဲ့ထောင်ထားတာ..
ကျွန်တော်တို့တတွေဟာ မြုံးကနေမထွက်နိုင်တဲ့ ငါးလေးတွေလိုဖြစ်နေတယ်..
– တကယ်လို့မတွေးကောင်းဘူးဆိုရင်..ဘုရားက ကျွန်တော်တို့ရဲ့ တိုးတက်မှုကို ပိတ်ထား သလိုဖြစ်နေမှာပေါ့?…
– လူဆိုတာ လွတ်လွတ်လပ်လပ်တွေးခေါ်ခွင့်မရှိတော့ဘူးလား? .စသည်ဖြစ် စဉ်းစာရမယ်
လို့ထင်ပါတယ်..
သစ် တည်
July 22, 2012 at 10:31 pm
လွယ်ပါတယ် ဥပါတဲ ့ပုရစ်မတွေကို
ဘီယာနဲ ့ မြည်းလိုက် ဟဲဟဲ……
Ko out of...
July 23, 2012 at 6:59 am
သစ်တည်ရေ…
့ပုရစ်မတွေကို
ဘီယာနဲ ့ မြည်းလိုက် လို့ ရစ်မူးတဲ့ သံသရာကို သိဖို့တော့ မလွယ်ဘူးထင်တယ်…
Pye Kun Zaw
July 23, 2012 at 9:06 am
ငါးဥတိုင်းကတော့ ငါးသားပေါက်ဖြစ်လာမယ်မထင်ပါဘူး။ နောက်ကျွန်တော်စဉ်းစားမိတာတစ်ခုက နေ့စဉ်နှင့်အမျှသတ္တဝါတွေ သန်းနှင့်ချီပေါက်ဖွားနေပါတယ်။ ဥပမာအိမ်တွေမှာရှိတတ်တဲ့ ကြမ်းပိုး၊ ခြင်၊ မှတ်၊ ယင်ကောင်၊ မြေကြီးတွေထဲကတီကောင်၊ ပိုးမွားကောင် စသဖြင့်ပေါ့။ ချီးညော်တွေကဖြစ်လာတဲ့ သံတေတဇသတ္တဝါတွေများလှပါတယ်။ ယနေ့လူဦးရေက သန်း၆၀၀ဝကျော်ဘဲရှိတာပါ။ လမ်းတလမ်းမှာရှိတဲ့ ပိုးမွားကောင်အရေအတွက်က ဒီလူဦးရေထက်အသာလေးများပါတယ်။ ဒါကြောင့်လူဘဝရဖို့ခက်တယ်ဆိုတာ အမှန်ပါဘဲ။
Ko out of...
July 23, 2012 at 9:44 am
Pye Kun Zaw
ဥပမာအိမ်တွေမှာရှိတတ်တဲ့ ကြမ်းပိုး၊ ခြင်၊ မှတ်၊ ယင်ကောင်၊ မြေကြီးတွေထဲကတီကောင်၊ ပိုးမွားကောင် စသဖြင့်ပေါ့…ဒါတွေကိုလည်းကျွန်တော်တွေးကြည့်ပြီးပါပြီ…ဒီလိုမျိုး တိရိစာ္ဆန်ဦးရေနဲ့ လူအင်မတန်မှ…ကွားခြားတာကိုကြည်ပြီး …ဟုတ်တယ်လို့ပြောတာ ကိုယ်ကိုယ်ကို တိုင်မြင်တာ မဟုတ်ပါဘူး…ဒါ အတက္ကဝါစရ(စဉ်းစားကြံစည်တဲ့) တွေးလုံးကြံလုံးတွေဖြစ်နေပါတယ်..
ဘာကြောင့်လဲဆိုတော့ သက်သေပြလို့မရလို့ပါဘဲ..
ကမာ္ဘမြေပုံကိုကြည့်ပြီး ကိုယ်မရောက်ဘူးတဲ့ နေရာကို ရောက်ဖူးတဲ့လူတွေစကားအရ…မြေပုံအရ
ယုံတယ်ဆိုတာ သဘာဝကျတယ်..ဘာဖြစ်လဲဆိုတော့ အဲဒီမြေပုံဆွဲတဲ့ လူတွေက ကြံလုံးတွေးလုံးတွေနဲ့ ဆွဲထားတာ မဟုတ်ဘူး..
မယုံရင် သူတို့ကိုမေး သက်သေပြလို့ရတယ်..မယုံရင် သူတို့နဲ့လပေါ်လိုက်တက်မလား?
သမုဒ္ဒရာပင်လယ်တွေထဲ လိုက်မလား?..
– ယနေ့လူဦးရေတွေတိုးပွါးနှုန်းမြန် လွန်းလို့ တရုတ်နိုင်ငံမှာ…one child ပေါ်လာစီတောင် သတ်မှတ်ရတယ်…ဒါလားလူ့ အဖြစ်ရခဲတယ်?..
– အခုမိသားစု စားဝတ်နေရေး အဆင်မပြေလို့ တားဆေးတွေတောင်စားနေကြရတယ် မဟုတ်လား?
– အခု ဆေးအမျိုးမျိုးတီထွင်တဲ့ လူတွေကိုကျေးဇူးတင်ရမှာ…အင်ဆက်ပိုးမွားတွေရဲ့ ပေါက်ဖွါးနှုန်းက မြန်သလို..ပေါက်ဖွါးတဲ့ အရေအတွက်
လည်းလူတွေနဲ့ အဆအင်မတန်ကွားခြားလှပါတယ်..
ဒါဆိုဒီဆေးဝါး အမျိုးမျိုးတီထွင်တဲ့ လူတွေကို ပါဏာတိပါတာကံ ထိုက်သူတွေလို့ပြောမလား?…
လူတွေများပြီး လူစိတ်မရှိတာတွေကို လူလို့ခေါ်မလား? လူကိုကောင်ကို ကြည့်ပြီးလူလို့ သတ်မှတ်မလား?
လူကိုယ်ကောင်ကိုမှီပြီး လူအသိစိတ် နဲ့လူ့အသိတရားရှိတာကို လူလို့ခေါ်မလား?..
ရွာစားကျော် မင်းနန္ဓာ
April 23, 2013 at 11:56 am
ဒီလိုတွေးလိုက်ပေါ့ဗျာ..
တားဆေးအမျိုးမျိုးနဲ့ တားထားလို့ လာချင်ရက်မလာရတဲ့ သတ္တဝါတွေက စောစောက ဆေးထိုးပြီး ဥဥခိုင်းခံရတဲ့ ငါးမဆီ ရောက်လာကြတယ်လို့..
သဘောပါသလား.. ဟဲ ဟဲ
ကိုမိုက်ကယ်ဂျော်နီအောင်ပု
April 23, 2013 at 12:06 pm
မျက်စေ့ဖြင့်မမြင်နိုင်သော ဘက္တီရီးယားအရေတွက်နဲ့ယှဉ်လိုက်ရင်
ငါးသားပေါက် ပေါ်ပျူလေးရှင်းက ပျင်းတောင်ပျင်းသေးတယ်
ကျုပ်ဂျီးဒေါ်ကြီး ဇာတ်ပွဲသွားကျိဒုန်း ပြဇာတ်ပြီးလို့
လယ်ဂွင်ပြင်ထွက်ပြီး ရှူရှူးသွားဖြန်းတာ သေလိုက်တဲ့ဘက္တီယီးယားတွေ
ဟိုဖက်မှာလည်းလေးငါးခြောက်ယောက် ဖြန်းနေဂျဒါဂလား
etone
July 23, 2012 at 10:44 am
ကိုအောက်အော့ဖ်ရေ …
တွေးမယ်ဆိုလျှင်တော့ အများကြီးပေါ့လေ …. တွေးစရာတွေက အများကြီးပေါ့ … ။
ကိုယ့်ဘာသာကိုယ်ပဲ စိတ်သက်သာအောင်တွေးရလျှင်တော့ … ဘဝတစ်ခုကနေ ဇီဝိန်ချုပ်လိုက်လို့ … ဒီဘဝမှာ လာမွေးလာတယ်ဆိုလျှင်တောင် …. ။ ရုပ်ခန္ဓာမရှိတဲ့ ကြားခံပရလောကသားတွေ ၊ ပြိတ္တာတွေလည်း …. အများကြီးရှိနေတာမို ့ … သူတို့ဝင်စားတာလည်းဖြစ်ချင်ဖြစ်မှာပါ ..အဟီး 😀
ဒီဆေးလေးထိုးလို့ .. ဒီဘက်မှာ အကောင်ပေါက်ပြီး ..နောက်တဖက်မှာ သတ္တဝါတွေအများကြီး သေပေးနေရတယ်ဆိုတာကတော့ … သိပ်လက်ခံလို ့မရဘူး ။
တဆုံးထိ စဉ်းစားလျှင်တော့ … စဉ်းစားစရာပေါ့လေ ……. ။ တစ်ထွာလောက်ပဲတွေးလျှင်တော့… နှလုံးအေးပါတယ် ။ 😛
Wai Phyoe
July 23, 2012 at 11:22 am
ကျွန်တော်တို့ရဲ့မြတ်စွာဘုရားပာာတစ်နေ့မှာမြေပေါ်ကုန်းပြီး လက်သန်းနဲ့မြေကြီးကော်သတဲ့ဗျာ(မှတ်ချက်။ ။လက်သန်းလားလက်ညှိုးလားအတိကျမမှတ်မိပါ) ဒီတော့စဉ်းစားကြည့်ပေါ့ဗျာ အဲ့ဒီလက်ချောင်းထိပ်ကလက်သည်းလေးပေါ်မှာထင်နေတဲ့သဲမှုန်အရေတွက်ကို သေချာရည်ကြည့်ရင်တောင်အတိကျသိနိင်လိုက်တဲ့ အလွန်နည်းတဲ့အရေတွက်ပါ။ထို့နောက် မြတ်ဘုရား မိန့်တော်မူသည်မှာ
“ငါဘုရား၏လက်သည်းထိပ်ပေါ်တွင်တင်နေသောသဲမှုန်အရေတွက်လောက်ပင် လူပြန်ဝင်စားကြသည်”
“ပထဝီထုတစ်ခုလုံး၏မြေမှုန်အရေတွက်များသည် ပြိသာာ၊တဘက်၊မကျွတ်မလွတ်၊များဖြစ်ကြကုန်၏”
တဲ့ ဒီလိုဆိုတော့အထက်ပါပို့စ်နှင့် မြတ်ဘုရားအဆိုမိန့်မှာတိုက်ရိုက်ဆက်နွယ်နေပါသဖြင့် ထိုဥမျှပမာနကို
ပထဝီထုနှင့်ယှဉ်လျှင်အဖြေထွက်မည်ပာုကျွန်တော်ထင်ပါသည်
ဇောက် ထိုး
July 23, 2012 at 2:37 pm
ကိုအောဖ်ရေ.. လူတကိုယ် အတွေးတမျိုးတဲ့ဗျ… ကျွန်တော်က လဲ ခင်ဗျားပြောတော့ အတွေးပေါ်လာတယ်။
လူ့ဘဝဆိုတာ ရခဲတယ်။ လူဘဝဆိုတာ တန်ဖိုးလဲရှိတယ်။ အထက်သွားမလား … အောက်ဆင်းမလား.. လူ့ဘဝဆိုတာ လမ်းဆုံလမ်းခွ..သိပ်တန်ဖိုးကြီးတဲ့နေရာ…
လူ့ဘဝရဖို့ကလဲ ခဲမှခဲယဉ်း……
အဲ…. ဟိုဘက်ဘဝကနေ.. တန်ဖိုးရှိတဲ့ လူ့ဘဝထဲ လာချင်နေတဲ့လူတွေ အများကြီးနေမှာဗျာ… ဘူတာရုံ လမ်မှတ်တမ်းသလို တန်စီပြီးစောက်နေကြရမှာထင်တယ်။
အဲ…. ဒီလက်ရှိလူတွေကကြတော့… တားဆေးတွေနဲ့ လူမမွေးအောင် တားနေကြတယ်။ တရုပ်တို့ အိန္ဒိယ တို့ဆို တတွဲမှ တစ်ယောက်ထဲတဲ့။ သူတို့မှာ မီးကုန်ယမ်းကုန် လူတွေကို ဝင်ခွင့်ပေးလိုက်ရင် ဘယ်လောက် လူ့လောကကြီး အကျိုးများလိုက်မလဲ…
ခုတော့ တန်ဖိုးအရှိဆုံးလို့ လူတွေသတ်မှတ်ထားတဲ့ လူဘဝထဲကျတော့ ဟိုဘက်ဘဝက သူတွေကို အဝင် မခံကြဘူး…
ဟိုဘက်ဘဝက တန်စီစောင့်နေတဲ့ သူတွေကို ငါးတွေ…ကြက်တွေ… ဝက်တွေ… ဆိတ်တွေ.. စတဲ့ သားပေါက်လုပ်ငန်းတွေနဲ့ … တိရိစ္ဆာန်ဘဝ တွန်းပို့နေကြတယ်ဗျာ…. ဟိုဘက်က လာချင်နေတဲ့သူတွေကို တိရိစ္ဆာန်တွေပဲ အဖြစ်ခိုင်းနေကြတယ်ဗျာ…
ပြီးတော့ အဲဒီတိရိစ္ဆာန်တွေကို လူတွေကပဲ အများကြီးအမွေးခိုင်း…. လူတွေကပဲ ပြန်သတ်…
ပြီးတော့ ပြောကြသေး… ပါဏာတိပါတာဝေရာမဏိ သိက္ခာပဒံ သမာဓိယာမိ…
ဗုဒ္ဓဘာသာ ထွန်းကားတဲ့ လူ့ကျင့်ဝတ်မှာ အစဆုံးတင်ထားပြီး အမြဲဆိုနေကြတဲ့… ပါဏာတိ ပါတာဝေရမဏိ.. ဆိုတဲ့ ဓမ္မ။
နေ့စဉ်နဲ့အမျှပါနေတဲ့ သတင်းတွေက ငါးသားပေါက်လုပ်ငန်းတွေ… ပုဇွန်သားပေါက်လုပ်ငန်းတွေ.. ကြက်..ငုံး… သားပေါက်လုပန်ငန်းတွေ….
ဟီးးးးးးးးးးးးးးးးးးးးးးးးးးးး
ဓမ္မဆိုတာ… ဓာရေတီတိ ဓမ္မ… လူတွေ ဆောင်အပ်လို့ တရား…
လူတွေ ဆောင်ရမှာဖြစ်လို့ တရား……..
လူတွေ ဆောင်နိုင်လို့ တရား….
ဒီနေ့တရားတွေက လူတွေက မဆောင်နိုင်တာလား…………
တရားတွေက လူနဲ့မကိုက်တာလား………………
ဗုဒ္ဓဘာသာ မြန်မာ ဟေ့ ကြွေးကြော်နိုင်အောင် အစဆုံး ပါဏာတိပါတလေးကို စမ်းကြည့်ရအောင်..
မြန်မာနိုင်ငံမှာ အားလုံးသားပေါက်လုပ်ငန်းတွေ…မွေးမြူရေးလုပ်ငန်းတွေ… သားသတ်လုပ်ငန်းတွေ… ရပ်ကြပါစို့…….
လူတွေဆောင်နိုင်မှ တရား…
ကိုအောက်ရေ.. ခင်ဗျာစာရေးဖတ်တော့ ကျုပ်ခေါင်းထဲပေါ်တာ ရေးတာပဲ…
ခေါင်းထဲပေါ်တာဆိုတော့ ကျုပ်လဲ တတ်နိုင်ဘူး…. ဟီးးးးးးးးးးးးးးးးးးးးးးးးး
မိုက်ကယ်ဂျော်နီအောင်ပု
July 23, 2012 at 3:31 pm
အာဝုသော ဘန္တေ ငါ့သျှင် ဇောက်ထီး
( မြန်မာနိုင်ငံမှာ အားလုံးသားပေါက်လုပ်ငန်းတွေ…မွေးမြူရေးလုပ်ငန်းတွေ…
သားသတ်လုပ်ငန်းတွေ… ရပ်ကြပါစို့…….)
မြန်စွာဘုရားရှင် ကိုယ်တော်တိုင်တောင်မှ
သူ့အသက်ကိုသတ်လေ့ရှိခြင်းသည် ဟောတိဖြစ် ၏ လို့ပဉက်ခဲ့ပြီး
သဘာဝ ( ကံ ) ကို တားမရလို့ ( တားရကောင်းတဲ့အရာမဟုတ်လို့ )
ဒီတိုင်းဥပက္ခာ ပြုထားခဲ့တာ
အချုပ်ပြောရရင် မြတ်စွာဘုရားရှင်တော်တွေတောင်
ဒီတိုင်းထားသွားခဲ့ရတဲ့သတ္တဝါတွေကို
ကိုယ့်ကိုယ်ဘာများအောက်မေ့လို့ သူ့အလုပ်သူလုပ်နေတာကို
ညာသံပေးပြီး အားလုံးရပ်ဘို့ ပြောနေရဒါဒုံး
ကိုယ်တော် ဂဇွန်းရွက်ပြုတ်နဲ့စားနိုင်ပေမယ့်
ငပိမရှိရင် ကျုပ်ထမင်းစားမမြိန်ဘူး 👿
ကိုယ်တော်အာပတ်သင့်ပြီ ကျုပ်ကိုတောင်းဘန်
ကွိကွိ
ဇောက် ထိုး
July 23, 2012 at 5:53 pm
ဟဲ့ ဂျော်နီအောင်ပု မိုက်ကယ်…. အာဝုသော..က ငါ့သျှင်…… ဘန္တေက… အရှင်ဘုရား…
ငါ့သျှင်က ကိုယ့်ထက်ငယ်တာကိုခေါ်တာ…သုံးတာ…
အရှင်ဘုရားက ကိုယ့်ထက်ကြီးတာကို သုံးတာ….
အာဝုသော ဘန္တေ..ဆိုတော့ …. ညီလေး..အကိုကြီးပေါ့…. ဟီးးးးးးးးးးးးး
shwe kyi
July 23, 2012 at 3:41 pm
အရှိကိုအရှိအတိုင်းပဲထားတာကောင်းပါတယ်။ရွှေကြည်တွေးတာကတော့ ဉာဏ်မမှီရင်မစဉ်းစားတာပဲကောင်းမယ်လို့ မှီသလောက်ပဲစဉ်းစားပြီးကောင်းရာကောင်းကြောင်းပဲလုပ်ကြရအောင်။ ကောင်းတာလုပ်ရင်ကောင်း
တာဖြစ်မယ် မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ် အဲလိုလေးပေါ့။
ဘာလို့အဲလိုတွေးလည်းဆိုတော့ မိရွှေကြည်ဉာဏ်မမှီလို့…။ 😀
ငပွကြီး
July 23, 2012 at 4:46 pm
ဘာသာရေးအကြောင်းကတော့ လေ့လာမူနည်းလို့သိပ်မသိသေးတော့ မဆွေးနွေးလိုပါဘူး..
ပိုစ့်ထဲကတွေးထားတာက ဒီငါးတွေအများကြီး ဖြစ်လာဖို့ တစ်ဖက်က အသက်တွေအများကြီးသေပေးရမယ်ဆိုတော့…ယောကျင်္ား ၁ယောက်က ၁ခါလွတ်လိုက်ရင် သေသွားတဲ့သုတ်ပိုးအရေအတွက်ကို စဉ်းစားကြည့် ကမ္ဘာပေါ်မှာရှိတဲ့ အမျိုးသားအရေအတွက် နဲ့ မြောက်ကြည့် …လောက်တောင်မလောက်ဘူးလို့တော့ထင်တာပဲ…
မဟာရာဇာ အံစာတုံး
July 23, 2012 at 9:06 pm
ကံအကြောင်း၊ လောကကြီးအကြောင်း
ပြီးတော့ ဘုရားအရာကို
မကြံစည်ကောင်းဘူးလို့ ကြားဖူးပါတယ် …
အခုလည်း ဟိုဘက်က သေဖို့ ဒီဘက်က ရှင်ပေးရတယ်ဆိုတဲ့ ကိစ္စမှာလည်း သူ့ဆိုင်ရာဆိုင်ရာ သံသရာ လည်ပတ်နေတဲ့ သဘောတရား တစ်ခုလို့ပဲ ကျနော်အနေနဲ့ မှတ်ယူပါတယ် ခင်ဗျာ …
ဖိုးထောင်
July 24, 2012 at 12:36 am
လူ့ဘဝဆိုတာ လမ်းဆုံလမ်းခွ..သိပ်တန်ဖိုးကြီးတဲ့နေရာ…
လူ့ဘဝရဖို့ကလဲ ခဲမှခဲယဉ်း……
အဲ…. ဟိုဘက်ဘဝကနေ.. တန်ဖိုးရှိတဲ့ လူ့ဘဝထဲ လာချင်နေတဲ့လူတွေ အများကြီးနေမှာဗျာ… ဘူတာရုံ လမ်မှတ်တမ်းသလို တန်စီပြီးစောက်နေကြရမှာထင်တယ်။
ဒီလိုဆိုရင်တော့ မှောင်ခိုတွေအလုပ်ဖြစ်ဦးတော့မှာပဲ လက်မှတ်မရရင်ဘယ်လိုလုပ်ကြမလဲ း)
မဟာဂန`ဓာရုံဆရာတော်ကြီးရေးတဲ့ ရတနာ့ဂုန်(မှားမှန်းသိပါ၏ ရိုက်ရန်ပျင်း၍)ရည် စာအုပ်၊ အနာဂတ်သာ သနာစာအုပ်လေးများကို ဖတ်ကြည့်ဖို့တိုက်တွန်းအပ်ပါသည် း)
kai
July 24, 2012 at 12:39 am
ဗုဒ္ဓ မဟောကြားသောတရားနှင့် ဟောကြားသောတရား (၁)
အခါတစ်ပါး၌ အရှင်မာလုကျပုတ္တမထေရ်အား ဤသို့ စိတ်အကြံဖြစ်ပေါ်၏။ “လောကသည် မြဲ၏ ဟူ၍လည်းကောင်း၊ လောကသည် မမြဲဟူ၍လည်းကောင်း၊ လောကသည် အဆုံးရှိ၏ ဟူ၍လည်းကောင်း၊ အဆုံးမရှိဟူ၍လည်းကောင်း၊ အသက်သည်ပင် ထိုကိုယ်တည်းဟူ၍လည်းကောင်း၊ အသက်သည်တခြား၊ ကိုယ်သည် တခြားဟူ၍လည်းကောင်း၊ သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေသည်မှနောက်၌ မဖြစ်ဟူ၍လည်းကောင်း၊ သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်းမဟုတ်၊ မဖြစ်သည်လည်းမဟုတ် ဟူ၍လည်းကောင်း မြတ်စွာဘုရားမဟောကြားဘဲ ပယ်ထားသော အယူအဆတို့သည် ရှိ၏။ ထိုသို့ မြတ်စွာဘုရား မဟောကြားခြင်းကို ငါမနှစ်သက်။ မြတ်စွာဘုရားအား ထိုအကြောင်းကို ငါ မေးလျှောက်အံ့။ မြတ်စွာဘုရားဟောကြားပါက မြတ်သောရဟန်းအကျင့်ကို ငါကျင့်အံ့။ အကယ်၍ ဘုရားရှင် မဟောကြားလျှင် ငါသည် ရဟန်းသိက္ခာကိုစွန့်၍ လူထွက်တော့အံ့ ” ဟု စိတ်အကြံဖြစ်၏။
ထို့နောက် အရှင်မာလုကျပုတတ္တသည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ ရိုသေစွာရှိခိုးပြီးလျှင် ထိုပြဿနာများကို မေးလျှောက်၏။ “ထိုပြဿနာများ၏ အဖြေကို အကယ်၍ မြတ်စွာဘုရား သိတော်မူပါက ကျွန်ုပ်အား ဟောကြားတော်မူပါ၊ အကယ်၍သိတော်မမူပါက မသိမမြင်ဟု ဝန်ခံခြင်းသည်သာလျှင် ဖြောင့်မတ်သော သဘောဖြစ်ပါသည်” ဟု လျှောက်ထား၏။
ထိုအခါ မြတ်စွာဘုရားက ဤသို့ မိန့်တော်မူ၏။
“မာလုကျပုတ္တ၊ ငါသည် သင့်အား ဤပြဿနာများနှင့်စပ်၍ ဟောကြားမည်ဟု ရှေးဦးမဆွကပင် ငါမဆိုခဲ့ဖူးပေ။ သင်ကလည်း ထိုသို့ ငါဟောကြားပါမှ မြတ်သောရဟန်းအကျင့်ကို ကျင့်ပါမည်ဟု မဆိုခဲ့ဖူးပေ။ သို့ဖြစ်သော် အဘယ်သူတောင်းပန်သည်ဖြစ်၍ အဘယ်သူကို တုံ့ပြန်ဟောကြားရမည်နည်း။
မာလုကျပုတ္တ၊ ဤအယူူများအကြောင်း မြတ်စွာဘုရားက မဟောကြားသမျှ ငါသည် မြတ်သောရဟန်းအကျင့်ကို မကျင့်အံ့ဟုဆိုသော သူတို့သည် ထိုသို့မကျင့်ရသေးမီ သေလေရာ၏။ ဥပမာသော်ကား လူတစ်ယောက်သည် အဆိပ်လူးမြားဖြင့် အပစ်ခံရ၏။ သူ၏မိတ်ဆွေ၊ ခင်ပွန်းဆွေမျိုးသားခြင်းတို့သည် မြားနုတ်တတ်သော ဆေးဆရာကို ပင့်လာကြ၏။ မြားမှန်ခံရသူသည် မြားပစ်သော ပုဂ္ဂိုလ်၏ အမည်၊ အမျိုးအနွယ်၊ နေရပ်ဒေသ၊ ပုံပန်းသဏ္ဌန်၊ အရေအဆင်း၊ ပစ်သောလေး၏ အမျိုးအစား၊ ပစ်သောမြား၏ အမျိုးအစား စသည်တို့ကို ငါမသိသေးသမျှ ဤမြားကို မနုတ်အံ့ဟု ဆိုပါက မြားမနုတ်ရသေးမီ ထိုသူသည် သေလေရာ၏။
မာလုကျပုတ္တ၊ လောကသည် မြဲ၏ဟုလည်းကောင်း၊ သတ္တဝါသည် သေသည်မှနောက်၌ မဖြစ်သည်လည်း မဟုတ်ဟုလည်းကောင်း ဤအယူအဆ တစ်ခုခုရှိခဲ့သော် မြတ်သောအကျင့်ကို ကျင့်ခြင်းသည် မဖြစ်နိုင်။ ထိုအယူအဆများမှ မည်သည့်အယူပင်ရှိစေကာမူ ပဋိသန္ဓေနေရခြင်း၊ ငိုကျွေးခြင်း၊ ကိုယ်စိတ်ဆင်းရဲ ပင်ပန်းခြင်းသည် ရှိသည်သာဖြစ်၏။ ယင်းတရားတို့ကို မျက်မှောက်ဘဝ၌ပင် ဖျက်ဆီးပစ်ရမည်ဟု ငါဟော၏။ ထို့ကြောင့် ဤသာသနာတော်၌ သင်သည် ငါမဟောကြားသည်ကို မဟောကြားသည်အတိုင်း မှတ်သားလော့။ ငါဟောကြားသည်ကို ငါဟောကြားသည့်အတိုင်းမှတ်သားလော့။
မာလုကျပုတ္တ၊ ငါမဟောကြားသည်မှာ လောကသည်မြဲ၏ဟု ငါမဟောကြား။ သတ္တဝါသည် သေသည်မှနောက်၌ ဖြစ်သည်လည်းမဟုတ်၊ မဖြစ်သည်လည်းမဟုတ်ဟု ငါမဟောကြား။ ယင်းတို့သည် ငါမဟောကြားခြင်းမှာ ယင်းတို့သည် ဝဋ်ဆင်းရဲကို ငြီးငွေ့ခြင်းငှာမဖြစ်၊ ရာဂကင်းခြင်း၊ ကိလေသာမီးငြိမ်းခြင်းငှာ မဖြစ်၊ သစ္စာလေးပါးကိုသိခြင်းငှာ မဖြစ်သောကြောင့်တည်း။ ငါဟောကြားသည်ကား ဆင်းရဲဖြစ်မူ့၊ ဆင်းရဲချုပ်ရာနှင့် ဆင်းရဲချုပ်ကြောင်း အကျင့်ဖြစ်၏။ ထိုတရားတို့ကို ငါဟောကြားခြင်းမှာ ယင်းတို့သည် ဝဋ်ဆင်းရဲကို ငြီးငွေ့ခြင်းငှာ ရာဂကင်းခြင်း၊ ကိလေသာမီး ငြိမ်းခြင်းငှာ၊ သစ္စာလေးပါးကို သိခြင်းငှာ ဖြစ်သောကြောင့်တည်း။ ”
(မဇ္ဈိမနိကာယ်၊ မဇ္ဈိမပဏ္ဏာသ၊ ဘိက္ခုဝဂ်၊ စူဠမာလုကျသုတ်)
ဗုဒ္ဓ မဟောကြားသောတရားနှင့် ဟောကြားသောတရား (၂)
“ရဟန်းတို့၊ ရဟန်းဖြစ်သူသည် အစွန်းနှစ်ပါးတို့ကို မမှီဝဲအပ်ပေ။ ထိုအစွန်းနှစ်ပါးသည်ကား ယုတ်ညံ့၍ ရွာသူတို့၊ ပုထုဇဉ်တို့ အလေ့အကျင့်သာဖြစ်၍ အရိယာတို့၏ အလေ့အကျင့်မဟုတ်သော အကျိုးစီးပွားနှင့် မစပ်ယှက်သော၊ ကာမဂုဏ်တို့၏ ကာမဂုဏ်ချမ်းသာကို မက်မောသောအားဖြင့် အဖန်တလဲလဲ လိုက်စားအားထုပ်ခြင်းနှင့် ကိုယ်စိတ်ဆင်းရဲစေသော၊ အရိယာတို့၏ အကျင့်မဟုတ်သော၊ အကျိုးစီးပွားနှင့် မစပ်ယှက်သော ကိုယ်ပင်ပန်းမူ့ကို အားထုတ်ခြင်းဖြစ်၏။ ထိုအစွန်းနှစ်ပါးကိုရှောင်၍ ငါဘုရား ပညာဉာဏ်ဖြင့် သိတော်မူသော၊ အလယ်အလတ်ဖြစ်သော အကျင့်သည် ကိလေသာငြိမ်း၍ သစ္စာလေးပါးကို သိရန်အလို့ငှာ၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရန်အလို့ငှာ ဖြစ်၏။
ရဟန်းတို့ ဤသည်ကား ဆင်းရဲဖြစ်သော အရိယာတို့၏ အမှန်တရားပေတည်း။ ပဋိသန္ဓေတည်နေရခြင်း၊ အိုရခြင်း၊ နားရခြင်းသည် ဆင်းရဲ၏။ မချစ်သောသူတို့နှင့် အတူနေရခြင်း၊ ချစ်သောသူတို့နှင့် ကွေကွင်းရခြင်းသည်လည်း ဆင်းရဲ၏။ လိုချင်ရာကို မရခြင်းသည်လည်း ဆင်းရဲ၏။ အကျဉ်းအားဖြင့် စွဲလမ်းရာအာရုံဖြစ်သော ခန္ဓာငါးပါးသည် ဆင်းရဲ၏။
ဤသည်ကား ဆင်းရဲခြင်း၏အကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရားပေတည်း။ တဏှာသည် ဘဝသစ်၌ ဖြစ်စေတတ်၏။ တပ်မက်ခြင်းနှင့် တကွဖြစ်၍ ထိုထိုအာရုံ၌ လွန်စွာနှစ်သက်တတ်၏။ တပ်မက်မူ့ တဏှာဟူသည် ကာမဘုံ၌ တပ်မက်မူ(ကာမတဏှာ)၊ တည်မြဲ၏ဟု ယူသော သဿတဒိဋ္ဌိနှင့်ယှဉ်သော တပ်မက်မူ(ဘဝတဏှာ)နှင့် သေလျှင်ပြတ်စဲ၏ဟူသော ဥစ္ဆေဒဒိဋ္ဌိနှင့်ယှဉ်သောတပ်မက်မူ(ဝိဘဝတဏှာ)ဖြစ်၏။
ဆင်းရဲခြင်း၏ ချုပ်ရာဖြစ်သော အရိယာတို့၏ အမှန်တရားသည်ကား ထိုတပ်မက်မူ့တဏှာ၏ အကြွင်းမဲ့ ချုပ်ငြိမ်းကင်းပျောက်ရာပင်ဖြစ်၏။ ထိုဆင်းရဲချုပ်ငြိမ်းရာ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော အရိယာတို့၏ အမှန်တရားသည်ကား အင်္ဂါရှစ်ပါးရှိသော အရိယာမဂ်ဖြစ်၏။ အင်္ဂါရှစ်ပါးဟူသော်ကား မှန်စွာသိမြင်ခြင်း၊ မှန်စွာကြံခြင်း၊ မှန်စွာပြောဆိုတတ်ခြင်း၊ မှန်စွာပြုလုပ်ခြင်း၊ မှန်စွာအသက်မွေးခြင်း၊ မှန်စွာအားထုတ်ခြင်း၊ မှန်စွာသတိရှိခြင်းနှင့် မှန်စွာတည်ကြည်ခြင်း ဤသို့တို့တည်း။ ”
(ဝိနည်းပိဋကတ်၊မဟာဝဂ္ဂ၊ ဓမ္မစကြာသုတ်)
မှတ်ချက်။ ။ ဆရာကြီး ဦးအေးမောင် ရေးသားပြုစုသော “ပိဋကတ်မှ ဗုဒ္ဓနှင့်ဓမ္မ” စာအုပ်မှ ကူးယူဖော်ပြထားပါသည်။
အရီးခင်လတ်
July 24, 2012 at 3:50 am
သာဓု၊ သာဓု၊ သာဓု ပါ။
မျှပေးလို့ ကျေးဇူးပါ သူကြီးရေ။
ဒါဟာ တကဲ့ အနှစ်ချည်း ပါဘဲ။
ဖတ်ရတာ အကျိုးထူးပါတယ်။
အပေါ်က “တုန်တုန်” ရဲ့ မှတ်ချက်လေး ကိုလဲ သဘောကျတယ်။
{တစ်ထွာလောက်ပဲတွေးလျှင်တော့… နှလုံးအေးပါတယ်}
ကျန်သူတွေ မှာ တော့ မသိဘူး။
ကျွန်မကတော့ လောကုတ္တရာတရား တွေ၊ ပဋိစသမုပါဒ်စက်ဝိုင်း တွေ ကို ထဲထဲဝင်ဝင် မသိပါဘူး။
ဒါပေမဲ့ ငယ်ငယ်ထဲ က အိုရမှာ၊ နာရမှာ၊ သေရမှာ တွေ အတွက် အမြဲ စဉ်းစားလေ့ရှိတယ်။
အဲဒီ ထဲ မှာ နာချိန်မှာ သတိလက်လွတ် နဲ့ ဘဝ ကူး ရမှာ အကြောက် ဆုံးဘဲ။
ဒါဟာလဲ နောင်ဘဝ မှ ဘာညာ ဆိုတာ ကြောက်လို့ လဲ မဟုတ်ပြန်ဘူး။
ကျွန်မ ရဲ့ တစ်ထွာဉာဏ် လေး၊ မဆိုစလောက် ဝီရိယလေး နဲ့ လဲ ဒီဘဝ နိဗ္ဗာန်ကို မျက်မှောက်ပြုရဖို့ ကို လဲ မစဉ်းစားဝံ့ပါဘူး။
ဒါပေမဲ့လဲ ဖြစ်တာ ကို ဖြစ်လိုက်မှန်း၊ ပျက်သွားတာ ကို ပျက် လိုက်မှန်း နောက်ဆုံး ထွက်သက် အထိ အသိကပ်ပြီး တော့ ဘဝ ကို အဆုံးသတ်သွားချင်တယ်။
အဲဒါကို ဖြစ်ချင်တဲ့ အတွက် နေ့စဉ်ဘဝ မှာ လဲ ဒေါသ၊ လောဘ ၊ မောဟ တွေ ကို လုံးလုံးကြီး မဖြတ်နိုင်သေး ပေမဲ့ ဖြစ်ကြောတို နေဖို့ လဲ ကြိုးစားပါတယ်။
အခုချိန်ထိ ဘာဝနာ ဆိုတာ တီချယ်ကြီး စာထဲ ကလို မအားသေးဘူး နဲ့ ဆိုတော့ ဒီနှုန်း နဲ့သွားလို့ ကတော့ တကဲ့ နောက်ဆုံးချိန်ရောက် ရင် တကယ် ခံနိုင်ရည် ရှိပါ့မလားဘဲ။
စာမေးပွဲ တော့ အောင်ချင်တာ အရမ်းဘဲ စာတော့ ဝီရိယစိုက် မကျက်ဘူး ဆိုသလိုပါဘဲ။
ဖြတ်လမ်း နဲ့ လဲ လိုက် မရမှန်း သိပါရဲ့။
ကိုယ်ကိုယ်တိုင် မှ မလုပ်ရင် ဘယ်သူမှ ဝင်ကယ် လို့လဲ ရမှာ မဟုတ်ပါဘူး။
ဒါကိုတောင် သိသိချည်း နဲ့ 🙁
Ko out of ရှင့်
ကျေးဇူး တင်ပါတယ်။
အတွေးတစ်ခု ပေါ်မှာ ကျွန်မတို့ ကျိုးကြောင်း ဆက်နွယ် စဉ်းစားနိုင်ကြတာပေါ့။
ကျွန်မအနေနဲ့ အသိရလိုက် တာကတော့ဖြင့်
ဘယ်က လာတယ် မသိ၊ ဘယ်ကို သွားမယ် မသိ လဲ အကြောင်းမဟုတ်ပါ။
ကြားကာလ ကိုယ်သိတဲ့ အချိန်လေးမှာ အဲဒီ အသိလေး က မလိုတာတွေ နဲ့ သတိလက်လွတ် တရားပျက်သူ အဖြစ် နဲ့ ဇီဝိန် ချုပ်မသွားဖို့ပါဘဲ။
YE YINT HLAING
July 24, 2012 at 5:29 am
သံ = ကောင်းစွာ ၊ သရာ = လည်သည် ။ သ = သက်ရှိ ၊ သက်မဲ့ တို့၏ ၊ ဘာဝ = ဖြစ်ရိုး ဖြစ်စဉ် ။ သုံးဆယ့်တစ်ဘုံ ( လူ = ၁ ၊ နတ် = ၆ ၊ ဗြာဟ်မာ = ၂ဝ ၊ အပါယ် = ၄ ) ဆိုတော့ သုံးဆယ့်တစ်ဘုံ ဆိုတဲ့ သံသရာ ကြီးဟာ သဘာဝ တရားကြီး အတိုင်း ကောင်းမွန် စွာ လည်ပတ်နေတယ်ပေါ့ ။ ကောင်းတာလုပ်ရင် ကောင်းတဲ့ဘုံ ၊ မကောင်းတာလုပ်ရင် မကောင်းတဲ့ဘုံ ကနေ လည်ပတ် နေကြရတယ်ပေါ့ ။ ဒါဆို သံသရာ ထဲမှာ တဝဲ လည်လည် မလှည့် လည် ချင်ရင် ကောင်းတာ ကော ၊ မကောင်းတာကော မလုပ်ရဘူးပေါ့ ၊ ကောင်းတာလုပ်လိုက် ပီးရင် အထက်ဘုံကနေလည်လိုက် ။ မကောင်းတာလုပ်လိုက် ပီးရင် အောက်ဘုံ ကနေလည်လိုက် နဲ့ သံသရာထဲ ကလွတ်မှာ မဟုတ်ဘူး ။ ဒါကြောင့် သံသရာ ဝဲဂယက် ထဲက အမှန်တကယ် လွတ်မြောက်ချင်ရင် ကောင်းတာကော ၊ မကောင်းတာရော မလုပ်ရဘူး ။
soe naung
April 23, 2013 at 10:05 am
“ငါးသားဖေါက်ကန် နာဘေးမှ. အတွေးများ”ဖတ်ပြီး…ဘယ်အယူအဆမှမပါဘဲ..မြင်တဲ့၊တွေ့တဲ့အတိုင်း
ပြောရရင်..သတ္တဝါ ဟာ ကံကြောင့်ဖြစ်တယ်ဆိုကြရာ…သားဖေါက်သူ၏ သားပေါက်တွေဖြစ်လာစေချင်တဲ့
စေတနာ ကံ ကြောင့် သားပေါက်တွေဖြစ်ရတာ အထင်အရှားတွေ့ရပါတယ်။