Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရတနာသိုက် ရှာပုံတော် – ၄

ရတနာသိုက် ရှာပုံတော် – ၄

ရတနာသိုက် ရှာပုံတော် – ၁
ရတနာသိုက် ရှာပုံတော် – ၂
ရတနာသိုက် ရှာပုံတော် – ၃
တို့အား ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ လင့်ခ်ပေါ်တွင် ကလစ်နှိပ်ကာ ဖတ်ရှုနို်င်ပါကြောင်း …

ရတနာသိုက်အကြောင်း

တစ်နေ့သ၌ ပါလေရာ၊ ကြီးမိုက်၊ ကိုချော ဆိုသူတို့သည် ကြည့်မြင်တိုင်မြို့နယ် အတွင်းရှိ ချောင်ကျသော အိမ်တစ်အိမ်အတွင်းတွင် စကားပြောလျှက် ရှိသည်ကို တွေ့ရလေ၏။

ပါ – “မောင်ပေတို့ သိထားတဲ့အတိုင်းဆိုရင် ရတနာသိုက်ဟာ ပဲခူးရိုးမထဲမှာ ရှိရမှာပေါ့”

မိုက် – “ဟုတ်တယ် ကိုပါ၊ သူတို့မှာ ရတနာသိုက်ရှိရာကို သွားဖို့အတွက် ခိုင်မာတဲ့ အထောက်အထားတွေ ရှိနေတယ်ဗျ”

ချော – “ဒါဖြင့် မေးရပါဦးမယ်၊ ဆွဲပြားလေးတွေက ရတနာသိုက်ကို ညွှန်းတဲ့ မြေပုံ မဟုတ်လားဗျာ”

မိုက် – “ဒီလို ကိုချောရေ၊ မောင်ပေရဲ့ စကားအရဆိုရင် အဲ့ဒီ ဆွဲပြား လေးခု ပေါင်းစပ်လိုက်ရင် ရတနာသိုက်ကို ဖွင့်နိုင်မယ့် သော့တစ်ချောင်း ဖြစ်သွားတယ်၊ ပြီးတော့ အဲဒီ သော့ပေါ်မှာလည်း ရတနာသိုက်ရှိမယ့် နေရာကို ညွှန်ပြထားတဲ့ မြေပုံတစ်ခု ရှိတယ်ဆိုပဲဗျ”

ပါ – “ဒါဆို ဆွဲပြားပေါ်က မြေပုံအပြင် နောက်ထပ် မြေပုံတစ်ခုဟာ မောင်ပေရဲ့ လက်ထဲမှာပေါ့”

မိုက် – “ဟုတ်တယ် ကိုပါ၊ ကျုပ်ကိုတောင် မောင်ပေက အဲဒီ မြေပုံပြပြီး ဘယ်နေရာမှာဆိုတာကို ထောက်ပြလိုက်သေးရဲ့၊ ပြီးတော့ မောင်ပေက ပြောလိုက်သေးတယ်၊ သူ့မှာ မြေပုံရှိပေမယ့် သော့ လိုနေတဲ့အတွက် အခက်တွေ့နေရတယ်လို့ ဆိုတယ်ဗျ”

ထိုအခါတွင် ကိုချော ဆိုသူမှ “သော့မရှိတာများဗျာ၊ အခြားပစ္စည်းတစ်ခုခုနဲ့ သော့ကို ဖွင့်လိုက်မှာပေါ့ဗျ” ဟူ၍ ရီကျဲကျဲ အမူအယာဖြင့် ပြောလိုက်လေရာ – “ဒီလိုဆို ခင်ဗျားတို့ကိုတောင် ကျုပ်အနေနဲ့ အသိပေးနေမှာ မဟုတ်ဘူး၊ ကျုပ်ဟာကျုပ်ပဲ သွားယူလိုက်မှာပေါ့” ဟူသော အသံသည် ထွက်ပေါ်လာပြီးနောက် အိမ်၏ အပေါ်ထပ်ဆီမှ လူရွယ်တစ်ယောက်သည် အေးဆေးသော ဟန်အမူအယာဖြင့် ဆင်းလာသည်ကို တွေ့လိုက်ရလေ၏။

ထိုလူရွယ်၏ မျက်ဝန်းများမှာ စူးရှ၍ တောက်ပ၏။ မျက်လုံး မျက်ဖန်လည်း ကောင်း၏။ ဒေါင်ကောင်း၍ ယောက်ျားပီသသော ခန္ဓာကိုယ် အချိုးအစားကိုလည်း ပိုင်ဆိုင်ထားလေ၏။ လူရွယ်သည် ရှမ်းဘောင်းဘီအား ဝတ်ဆင်ထားပြီး ရှမ်းလွယ်အိတ်ကြီး တစ်လုံးကိုလည်း လွယ်ထားသည်ကို တွေ့ရလေ၏။

ထိုလူရွယ်အား တွေ့သောအခါတွင် ကြီးမိုက်ဆိုသူမှ “မောင်ပေပါလား” ဟူ၍ ပြောလိုက်လေ၏။ ပါလေရာ နှင့် ကိုချော ဆိုသူတို့သည် ထိုအခါကျမှပင် မောင်ပေ ဆိုသူ လူရွယ်အား မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရလေတော့၏။

“ဘယ်လိုများ ဝင်လာခဲ့တာလဲ မောင်ပေရယ်”

ပေ – “ခင်ဗျားတို့က တံခါးကို ပိတ်ထားလေတော့ ကျုပ်အနေနဲ့ အပေါ်ထပ်ကနေ ဝင်လာခဲ့ရတာပေါ့၊ သို့ပေမယ့် ကျုပ်က ခင်ဗျားတို့စကားကို ခိုးနားထောင်ဖို့ ဝင်လာခဲ့တာတော့ မဟုတ်ဘူး၊ ပြောစရာရှိလို့ လာခဲ့တာပဲ”

ပါ – “ဘာများလဲဗျာ”

ပေ – “ဒီလိုပါ၊ ဦးခိုင်နဲ့ ပေါင်းနေတဲ့ အောင်ပုတစ်ယောက် တောင်တွင်းကြီးဘက်ကို ရွေ့သွားတယ်၊ သူ့အလုပ်က ဆွဲပြားကို မရ ရတဲ့နည်းနဲ့ လုခဲ့ဖို့ပဲ၊ အဲ့ဒီမှာ ခင်ဗျားတို့လူလည်း ရောက်နေတယ် မဟုတ်လား”

ပါ – “ဟုတ်ပါတယ် မောင်ပေ၊ ကျုပ်တို့လူ ပေါက်ဖောက် တစ်ယောက်လည်း အဲ့ဒီမှာ ရောက်နေပါတယ်၊ ဒါပေမယ့်လို့လည်း ပေါက်ဖော် အတွက်တော့ ပူစရာ မလိုလောက်ပါဘူး၊ ဘာလို့လဲဆိုတော့ ပေါက်ဖော်ရဲ့ အစွမ်းအစကို ကျုပ်တို့ ယုံလို့ပဲ”

ပေ – “ရန်သူကို ငယ်ငယ်ကြီးကြီး အထင်မသေးအပ်ဘူးတဲ့ဗျ”

ချော – “ကျုပ်တို့က ရန်သူကို အထင် မသေးပါဘူး၊ ကိုယ့်လူကိုယ်ပဲ ယုံကြည်တယ်လို့ ပြောတာပါ”

မိုက် – “ဟုတ်ပါတယ်၊ ပေါက်ဖော်နဲ့ ကျုပ်တို့ လက်တွဲလာခဲ့တာ ကြာပါပြီ၊ ပေါက်ဖော်က အကျဉ်းအကြပ်ထဲ ရောက်နေတဲ့အခါမှာ သူ့ဟာသူ လွတ်မြောက်အောင် ရုန်းထွက်နိုင်စွမ်း ရှိပါတယ်။ ဒီတော့ ပေါက်ဖော်အတွက်ကို ပူစရာ မလိုတော့ဘူးလို့ပဲ သဘောထားလိုက်ပါ၊ အခု မောင်ပေ လည်း ရောက်တုန်း၊ ကျုပ်မိတ်ဆွေတွေလည်း ရှိတုန်းမှာ တစ်နေ့က မောင်ပေ ကျုပ်ကို ပြောခဲ့တဲ့ အကြောင်းတွေကို ပြန်ပြီး ပြောပြပေးစေချင်ပါတယ် ”

ထိုအခါ မောင်ပေ ဆိုသူ လူရွယ်မှာ မည်သို့မျှ ပြန်လည် ပြောဆိုခြင်း မရှိဘဲ ၎င်း၏ လွယ်အိတ်ကြီးအတွင်းမှ ဝါကျင့်ကျင့်အရောင် ရှိသော စာရွက်တစ်ရွက် အား ထုတ်ယူလိုက်ကာ စားပွဲပေါ်တွင် တင်လိုက်လေ၏။ ပြီးနောက် “ဒါဟာ ကျုပ်ဆီမှာ ရှိထားတဲ့ ရတနာသိုက် မြေပုံ စာရွက်ပဲ” ဟူ၍ ပြောလိုက်လေ၏။

ပါလေရာနှင့် ကိုချော ဆိုသူတို့မှာ မောင်ပေ ပြောသည့် မြေပုံစာရွက်အား ကြည့်ရှုကြလေ၏။ ယင်းသို့ ကြည့်ရှုနေရင်းဖြင့် ပါလေရာ ဆိုသူမှ “ဒီအမှတ်အသားက ရတနာသိုက်ရှိတဲ့ နေရာရဲ့ အမှတ်အသားများလား” ဟူ၍ မြေပုံပေါ် လက်ထောက်၍ မေးလိုက်လေရာ မောင်ပေ ဆိုသူမှ “ဟုတ်ပါတယ်၊ ဒါဟာ ရတနာသိုက်ရှိတဲ့ နေရာကို ပြထားတဲ့ အမှတ်အသားပဲ” ဟူ၍ ပြောလိုက်လေ၏။

ချော – “ရတနာသိုက်က သော့နဲ့ ဖွင့်ရမှာလို့လည်း ပြောတယ်နော့”

ပေ – “ဟုတ်ပါတယ်၊ ရတနာသိုက်က သော့နဲ့ ဖွင့်မှပဲ ပွင့်မှာပါ။ သော့နဲ့ မဖွင့်ပဲ တစ်စုံတစ်ခုနဲ့ ဖျက်ဆီးပြီး ဖွင့်ခဲ့လို့ရှိရင် မထင်မှတ်တဲ့ အန္တရာယ်တွေ ရောက်လာနိုင်တယ်လို့ ဆိုပါတယ်”

ပါ – “ဒါနဲ့ မောင်ပေဆီကို ဒီမြေပုံစာရွက်လေး ဘယ်လို ရောက်လာတယ် ဆိုတာကို စိတ်ဝင်စားမိပါရဲ့”

ပေ – “ရတနာသိုက်အကြောင်း ကျုပ်သိလာတာရယ်၊ ဒီမြေပုံစာရွက်လေး ကျုပ်လက်ထဲ ရောက်လာတာရယ် ဆိုတဲ့ အကြောင်းတွေကို စာဖွဲ့ပြီး ပြောရမယ်ဆိုရင် တော်တော်လေး အချိန်ယူပြီး ပြောရလိမ့်မယ် ထင်တယ်ဗျ၊ စာရေးဆရာတွေ စကားနဲ့ ပြောရရင်တော့ ဝတ္ထုတစ်ပုဒ်လောက် ဖြစ်သွားနိုင်တယ်ပေါ့ဗျာ .. အဟဲ”

မိုက် – “ဒါဖြင့်လည်း လိုရင်းကိုပဲ ပြောဗျာ”

ပေ – “လိုရင်းကိုပဲ ပြောရရင်တော့ ကျုပ်ရဲ့ အဖိုးဟာ အမှုတစ်ခုနဲ့ ထောင်ငါးနှစ် ကျခဲ့ဖူးတယ်၊ အဲ့ဒီလို ထောင်ထဲမှာ နေရင်းက နာဂ ဆိုတဲ့ လူကြီးတစ်ဦးနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ပါတယ်၊ တစ်နေ့တော့ နာဂ ဆိုတဲ့ လူကြီးက အဘိုးကို တိတ်တိတ်လေး ပြောပြခဲ့ပါတယ်။ သူ ပြောပြခဲ့ အကြောင်းကတော့ အခု ကျုပ်တို့ သိထားတဲ့ ဇောက်ထိုး ရတနာသိုက် အကြောင်းပဲ”

ပါ – “ဇောက်ထိုး ရတနာသိုက်ရဲ့ ရာဇဝင်လေးကိုလည်း သိချင်မိသားဗျာ”

ပေ – “အဲ့ဒီ ရတနာသိုက်ရဲ့ ရာဇဝင် စကားအရ ဆိုရင်တော့ အတော်ကို ကြာခဲ့ပါပြီ၊ ကျန်စစ်မင်းကြီး လက်ထက်ကတည်းက ဆိုပါတော့၊ ကျန်စစ်မင်းကြီး လက်ထက်မှာ ပစ္စည်းဥစ္စာ ချမ်းသာတဲ့ သူဌေးကြီးတစ်ဦး ရှိခဲ့တယ်၊ အဲဒီ သူဌေးကြီးဟာ လူတစ်ယောက်ကို အပြစ်ပေးရင်း ဇောက်ထိုးပုံစံမျိုး နေခိုင်းတယ် ဆိုပဲ၊ ဒါကြောင့် သူဌေးကြီးကို အများက နာမည်အရင်းကို မခေါ်ကြဘဲ သူဌေးကြီး ဦးဇောက်ထိုး ရယ်လို့ ခေါ်ခဲ့ကြတယ်၊ သူဌေးကြီးမှာ အမွေဆက်ခံမည့် သားသမီး မထွန်းကားတာကြောင့် သူဌေးကြီးဟာ သူ့ရဲ့ ပစ္စည်းဥစ္စာတွေကို တစ်နေရာမှာ ထားရစ်ခဲ့ချင်ပုံရတယ်။ ဒါကြောင့်မို့ လုံခြုံစိတ်ချရတဲ့ နေရာတစ်ခုမှာ သူ့ရဲ့ ရတနာတွေကို ထားရစ်ခဲ့တယ်ဆိုပဲ၊ အစ ပထမတော့ ရတနာတွေ ထားတဲ့ မြေပုံကို သူဌေးကြီးက ကိုင်ထားခဲ့ပေမယ့် နောက်ပိုင်း ဘယ်သူ့ဆီကို ရောက်သွားတယ် ဆိုတာကို မသိခဲ့ကြဘူး။ ဒါပေမယ့် သူဌေးကြီး သေခါနီးမှာ သူ့အပေါ်မှာ ကျေးဇူးရှိခဲ့ဖူးတဲ့ လူလေးယောက်ကို ရတနာသိုက် မြေပုံပါတဲ့ ဆွဲပြားလေးခု ပေးလိုက်တယ်လို့တော့ သတင်းထွက်လာခဲ့တယ်” ဟူ၍ ရှည်လျားစွာ ပြောပြလိုက်လေ၏။

ထိုအခါတွင် ကိုချော ဆိုသူမှ “အဲ့ဒီ မြေပုံစာရွက်က မောင်ပေဆီကို ဘယ်လို ရောက်လာတာလဲ ဆိုတာကိုလည်း ထပ်ပြောပါဦး” ဟူ၍ စကားကမ်းလိုက်ရာ မောင်ပေ ဆိုသူမှ “အစက ကျုပ်ပြောခဲ့သလို နာဂ ဆိုတဲ့ လူကြီးက ကျုပ်အဖိုးကို အဲ့ဒီ ဇောက်ထိုး ရတနာသိုက်အကြောင်းကို ပြောခဲ့တယ်၊ ပြီးတော့ ကျုပ်အဖိုး ထောင်က လွတ်ခါနီးမှာ ခင်ဗျားတို့ တွေ့နေရတဲ့ ဟောဒီ မြေပုံစာရွက်လေးကို ပေးလိုက်တာပဲ၊ အဖိုးအနေနဲ့ ရတနာသိုက် အကြောင်းကို ပုံပြင် တစ်ပုဒ်လိုပဲ သဘောထားခဲ့တယ်ဗျ၊ ကျုပ် အဖေလည်း ဒီအတိုင်းပဲ၊ ဒါကြောင့် သူတို့ဟာ ရတနာသိုက်ကို မရှာခဲ့ကြဘူး။ ဒီဇာတ်ကြောင်းဟာ နောက်ပိုင်းမှာ ကျုပ်ဆီကို ရောက်လာခဲ့တာပဲ” ဟူ၍ ပြောလိုက်လေတော့၏။

X X X X X X X X

 အလဲအထပ်

တစ်နေ့သ၌ လွန်စွာ ခမ်းနားသော အိမ်ကြီးတစ်အိမ်၏ ခြံဝင်တံခါးဝ ရှေ့သို့ ကားလေးတစ်လေး လာ၍ ရပ်ပြီးလျှင် အဆိုပါ ကားပေါ်မှ လွန်စွာထွားကြိုင်းသော လူကြီးနှစ်ဦးသည် ဆင်း၍ လာသည်ကို တွေ့ရလေ၏။ ထိုလူကြီးနှစ်ဦးသည် ခြံတံခါးဝ အနီးတွင် ရှိသော တံခါးစောင့်အား “မောင်ဂီ ရှိသလား” ဟူ၍ မေးလိုက်လေ၏။

ထိုအခါ တံခါးစောင့် ဖြစ်သူမှ “ဆရာ ရှိတယ်၊ ဘာကိစ္စလဲ” ဟူ၍ ထိုလူကြီး နှစ်ဦးအား စူးစမ်းသော အကြည့်ဖြင့်ကြည့်ကာ မေးလိုက်လေရာ လူကြီးတစ်ဦးမှ “ဦးခိုင်လာတယ်၊ ထွက်ပြီး ဂါရဝပြုပါလို့ ပြောလိုက်စမ်းကွာ” ဟူ၍ ပြောလိုက်လေ၏။

ယင်းစကားကြောင့် တံခါးစောင့်ဖြစ်သူမှာ ထိုလူကြီးအား စူးရဲသောအကြည့်ဖြင့် ကြည့်ပြီးနောက် “ခင်ဗျားတို့ ဘယ်က အရူးတွေလဲ” ဟူ၍ ပြောလိုက်လေ၏။ ထိုအခါ လူကြီးတစ်ဦးမှ “မောင်ရင်ကလည်း ဒေါသထွက်တတ်လိုက်တာကွယ်၊ ဟောဒီစာလေးကို မောင်ဂီကို ပေးပေးပါကွယ်” ဟူ၍ ပြောရင်း ၎င်း၏ လွယ်အိတ်ကြီးအတွင်းမှ စာအိတ်တစ်အိတ်အား ထုတ်လိုက်လေ၏။

တံခါးစောင့် ဖြစ်သူမှ စာအိတ်ကို ယူရန်အတွက် လက်ကမ်းလိုက်သည့်အခါ လူကြီးမှ တံခါးစောင့်၏ လက်အား လျင်မြန်စွာ ဖမ်းလိုက်ပြီးလျှင် ခြံတံခါး သံတိုင်အနီးသို့ ကပ်လာသော တံခါးစောင့်၏ မျက်နှာအား လက်သီးဖြင့် ထိုးချလိုက်လေ၏။ ထိုအခါ တံခါးစောင့်မှာ “အင့်” ခနဲ ဖြစ်သွားကာ လဲကျသွားလေတော့၏။

“ကိုကြောင်ကြီးတို့က တယ်မြန်ပါကလား”

“မြန်ရမယ် ကိုခိုင်ရေ၊ မမြန်ရင် ခံသွားရမယ်”

ထိုအခိုက်တွင် အိမ်ကြီး၏ တံခါးသည် ပွင့်သွားပြီးနောက် မီးခိုးရောင် ဥရောပဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားသော လူရွယ်တစ်ယောက်သည် ခြံတံခါးဆီသို့ ဦးတည် လျှောက်လှမ်းလာသည်ကို တွေ့ရလေ၏။ ထိုလူရွယ်သည် ခြံတံခါးဝသို့ ရောက်သည့်အခါ လဲကျနေသော တံခါးစောင့်အား ဖယ်ရှားပြီးနောက် တံခါးအား ဖွင့်လိုက်လေ၏။

ဂီ – “ကျနော့် တံခါးစောင့်ရဲ့ လုပ်ရပ်အတွက် တောင်းပန်ပါတယ် ဦးခိုင်နဲ့ ဦးကြောင်ကြီး”

ကြောင် – “မောင်ရင်က တယ်လည်း ယဉ်ကျေးပြနေပါလားကွယ့်”

ဂီ – “ကျနော် မရိုင်းတတ်ပါဘူး ဦးကြောင်ကြီး”

ကြောင် – “ကျုပ် အတွေ့အကြုံအရ လူချမ်းသာ အများစုဟာ မယဉ်ကျေးတတ်ကြဘူး”

ဂီ – “ကျနော်က လူချမ်းသာ မဟုတ်ပါဘူး”

ကြောင် – “မောင်ရင်က လူချမ်းသာ မဟုတ်ဘူးသာဆိုတယ်၊ ခြံဝင်းကလည်း အကျယ်ကြီး၊ အိမ်ကြီးကလည်း ဟီးထလို့ ပါလားကွယ့်”

ဂီ – “ဒါတွေက ကျနော် ပိုင်ဆိုင်တာ မဟုတ်ပါဘူး”

ခိုင် – “ဒါဖြင့် မောင်ရင်က ငှားနေတာပေါ့”

ဂီ – “ဒီလိုလည်း မဟုတ်ပါဘူး”

ခိုင် – “ဒါဆို မောင်ရင့်ရဲ့ တစ်ယောက်သောသူ အမည်နဲ့ ဝယ်ထားတဲ့ အိမ်ကြီးပေါ့”

ဂီ – “မဟုတ်ပါဘူး ဦးခိုင်၊ ဒီခြံဝင်းကြီးနဲ့ ဒီအဆောက်အဦးကြီးကို သဘာဝ တရားကြီးကသာ ပိုင်ဆိုင်ထားတာပါ၊ ပြောရရင် ဒီကမ္ဘာပေါ်မှာ ရှိရှိသမျှကို သဘာဝကြီးကသာ ပိုင်ဆိုင်ထားတာပါ၊ ကျနော်တို့ အနေနဲ့ ကိုယ့်ကိုယ်ကိုတောင်မှ ပိုင်ဆိုင်တယ်လို့ အာမခံလို့ မရပါဘူး၊ သေမင်း လာခေါ်ချိန်မှာ ကျနော်တို့ ခေါင်းခါပြလို့မှ မရတာ”

ကြောင် – “ကျုပ်ကတော့ သေမင်းကို ခေါင်းခါ မပြဘူး၊ ဓါးနဲ့ပဲ ရမ်းပြလိုက်မှာ” ဟူ၍ ပြောပြီးနောက် ၎င်းတို့၏ လာရင်းကိစ္စအား ပြောလိုက်လေရာ မောင်ဂီ ဆိုသူမှ ၎င်းတို့အား အိမ်ကြီးအတွင်းသို့ ခေါ်ဆောင်သွားခဲ့လေတော့၏။ အိမ်ကြီးအတွင်းသို့ ရောက်သည့်အခါ ဦးခိုင် ဆိုသူမှ အိမ်၏ အတွင်းပိုင်းအား အကဲခတ်ကြည့်လိုက်ပြီးနောက် “ဟော .. ဟိုက အငြိမ့်မင်းသမီးလေးက မောင်ရင်ရဲ့ အသည်းနှလုံး ထင်ရဲ့” ဟူ၍ ပြောလိုက်လေ၏။

ထိုအခါ မောင်ဂီ ဆိုသူ လူရွယ်မှ ပြုံးရုံသာ ပြုံးလိုက်ပြီးနောက် ၎င်း၏ ဘေးတွင်ရှိသော ကြုတ်ဗူးလေးအတွင်းမှ ဆွဲပြားလေးအား ထုတ်ယူလိုက်လေ၏။ ထို့နောက်တွင် မောင်ဂီမှ –

“ဟောဒါကတော့ ဦးတို့ လိုချင်လှပါတယ်ဆိုတဲ့ ရတနာသိုက်ဖွင့်မယ့် လက်တစ်ဖက်ပေါ့” ဟူ၍ ပြောလိုက်လေ၏။

ခိုင် – “ကိုင်ကြည့်လို့ ရမလားကွယ့်”

ဂီ – “ကိုင်ပြီး ပြန်မလွှတ်ချင်ရင် ဘယ့်နှယ့်လုပ်မလဲ”

ခိုင် – “ကျုပ်က ပစ္စည်းစစ်၊ မစစ် ကြည့်ရုံပါပဲ”

“အဲ့ဒီလိုမျိုးကြံပြီး ချမ်းသာလာတဲ့ထဲမှာ ခင်ဗျားက ထိပ်ဆုံးကပဲ မဟုတ်လား” ဟူ၍ မောင်ဂီဆိုသူမှ ဦးခိုင်ဆိုသူအား ပျက်ရယ်ပြုသည့် လေသံဖြင့် ပြောလိုက်လေရာ ဦးခိုင်ဆိုသူမှ “မောင်ရင်က ကျုပ်အကြောင်း အတော် လေ့လာထားတာပဲ၊ အဟဲ၊ ဒါနဲ့ တောမှာ သူများခိုင်းမှ ထမင်းစားရတဲ့ ဆယ်ကျော်သက် လူငယ်တစ်ယောက်က ခု မောင်ရင့်ရဲ့ အသက်အရွယ်လောက်မှာ ဟောဒီလို ခမ်းနားတဲ့အိမ်ကြီးနဲ့ နေနိုင်ခဲ့တာဟာ အိမ်ကြီးက ဘွားခနဲ ပေါ်လာခဲ့လို့ ထင်ပါရဲ့နော့” ဟူ၍ ပြန်လည် ပြောဆိုလိုက်လေ၏။

ကြောင် – “ဒီလောက်ဆို ကျုပ်တို့ အရောင်းအဝယ် လုပ်လို့ရလောက်ပြီ ထင်ရဲ့”

ဂီ – “ကျုပ်က အရောင်းအဝယ်ဆို မြတ်မှပဲ ဝယ်တတ်၊ ရောင်းတတ်တယ်”

ခိုင် – “မောင်ရင်က မြတ်မှဆို ကျုပ်တစ်သောင်းပေးမယ် ဆိုရင်ရောဗျာ”

ဂီ – “တစ်သိန်းပေးတဲ့အထိ ကျုပ် ရောင်းနိုင်မှာ မဟုတ်ဘူး”

ကြောင် – “ဟောဒီဓါးက မောင်ရင့်ဗိုက်နဲ့ မိတ်ဆက်မှ ရောင်းမယ်ဆိုရင်တော့” ဟူ၍ ပြောပြောဆိုဆို ၎င်း၏ လွယ်အိတ်ကြီးအတွင်းမှ ၎င်းကိုင်ဆောင်မြဲဖြစ်သော ဓါးမြောင်တစ်လက်အား ထုတ်၍ ကြည့်ရှုဟန်ဖြင့် ပြောလိုက်လေရာ မောင်ဂီဆိုသူမှ ခါးကြားတွင် အသင့်ထိုးထားသော သေနတ်အား ပေါ်သည်ဆိုရုံခန့် အင်္ကျီကို မြှောက်၍ ပြကာ “ဒါကတော့ သေမင်းလို့ ခေါ်တယ်” ဟူ၍ ပြောလိုက်လေ၏။

ထိုအခါတွင် ဦးခိုင်ဆိုသူမှ “မောင်ရင်က မရောင်းနိုင်ဘူး ဆိုရင်လည်း ကျုပ်တို့က အလဲအထပ် သဘောမျိုးနဲ့ လိုချင်တယ်” ဟူ၍ ပြောလေရာ မောင်ဂီဆိုသူမှ “အလဲအထပ် ဟုတ်လား ဦးခိုင်၊ တန်ရာတန်ဖိုးနဲ့ အလဲအထပ် ဆိုရင်တော့ ကျုပ်ဘက်က လက်ခံဖို့ အသင့်ပဲ” ဟူ၍ ပြောလိုက်လေ၏။ ထိုအခါ ဦးခိုင်ဆိုသူမှ “တန်ရာတန်ဖိုး ဖြစ်ရမှာပေါ့ မောင်ဂီရယ်” ဟူ၍ ပြောလိုက်လေရာ မောင်ဂီ ဆိုသူ လူရွယ်မှ “ဒါဖြင့် ဘယ်လို အရာမျိုးနဲ့ လဲမှာလဲ” ဟူ၍ မေးလိုက်လေတော့၏။

X X X X X X X X

 

ကြိုးစားလျှက်

အံစာတုံး

42 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 23, 2012 at 10:57 am

    အထက်ပါအတိုင်း ဇာတ်လိုက်ကြီးများမှ ရတနာမြေပုံတွက်အလုပ်ရှုပ်နေကြအချိန်တွင်
    ဂဒုံးပြောင်ကြီး အောင်ပုမှာ အောက်ပါအတိုင်းတွေးတောကြံစည်နေလေသတည်း။
    …………………………
    ဘူးထွားထွား
    တော်တော်ထူတဲ့လူတွေ ရနာမြေဘုံတွက်အလုပ်ရှုပ်နေဂျဒယ်
    ကျုပ်ဂဒေါ့ ရိုးမထဲက ကျွန်းသစ်တွေကို ခုတ်ပြီး တရုပ်ကိုရောင်းစားမယ်
    ရဒနာလဲ ရောင်းပြီးပိုက်ဆံရဒါဘဲ
    ကျွန်းသစ်လဲရောင်းစားပြီးပိုက်ဆံရဒါဘဲ
    ကျွန်းသစ်ခုတ်ရောင်းတာကမှ ဘယ်သူ့အသက်မှသတ်စရာမလိုလို့
    ပါဏာတိပါတ် အကုသလိုလ်မထိုက်ဘူး
    ဒက်ဂလောက်
    ဒက်ဂလောက်

    • မောင်ပေ

      July 23, 2012 at 11:01 am

      မှန်၏
      ကိုအောင်ပု လမ်းစဉ်ကား
      ခရိုနီအကြီးစားတစ်ယောက်ဖြစ်လာစေမယ့် နည်းလမ်းအမှန်ဖြစ်ပေတော့သည်တကား။

      • စိန်ဗိုက်ဗိုက်

        July 23, 2012 at 7:37 pm

        ဟေ့လူ
        ဒဂျီးဒဘဲ့ အောင်ဘုဆိုတဲ့လူဂို ပေါလိုက်ပါ
        ကျုပ်လောက် လက်မသွက်ပဲ ကျုပ်နောက်လိုက်ပြီး အပြားလုမယ်မကျန်နဲ ့
        ကျုပ်လက်က တစ်စက္ကန် ့ကို လက်သီး ကိုးဆယ့်ကိုးလုံး ထွက်တယ်..
        အစကတော့ လက်သီး အလုံးတစ်ရာထွက်ခဲ့ပါတယ်..
        အခုက
        ဂျိုင်းမှာ ဂျိုင်းမွှေးပေါက်..အဲလေ..ဘီအီးအပူကန်ပြီး အကြိတ်ပေါက်နေလို ့ တစ်ချက်လျော့သွားတာ ကံကောင်းတယ်မှတ်ပါလို ့…
        ညှင်း..ညှင်း..ညှင်း..
        ဂိန်..ဂိန်..

  • မောင်ပေ

    July 23, 2012 at 10:57 am

    ““ ထိုလူရွယ်၏ မျက်ဝန်းများမှာ စူးရှ၍ တောက်ပ၏။ မျက်လုံး မျက်ဖန်လည်း ကောင်း၏။ ဒေါင်ကောင်း၍ ယောက်ျားပီသသော ခန္ဓာကိုယ် အချိုးအစားကိုလည်း ပိုင်ဆိုင်ထားလေ၏။ လူရွယ်သည် ရှမ်းဘောင်းဘီအား ဝတ်ဆင်ထားပြီး ရှမ်းလွယ်အိတ်ကြီး တစ်လုံးကိုလည်း လွယ်ထားသည်ကို တွေ့ရလေ၏။
    ထိုလူရွယ်အား တွေ့သောအခါတွင် ကြီးမိုက်ဆိုသူမှ “မောင်ပေပါလား” ဟူ၍ ပြောလိုက်လေ၏။ ””
    ကြိုက်သွားဘီ
    အရမ်းခိုက်သွားဘီ
    ဒီစာတစ်ပိုဒ်အတွက် ဘီယာ၅ခွက်နဲ ့ဘဲကင် တစ်ခြမ်း ပူဆော်မှာ

    • water-melon

      July 23, 2012 at 11:32 am

      ဟီးဟီး
      ကိုပေက ရှမ်းဘောင်းဘီမဝတ်ဘူးဗျ
      ၆လက်မဘောင်းဘီဝတ်တာ 😆

  • mamanoyar

    July 23, 2012 at 11:08 am

    မှားနေတာ လူရွယ်မှာ မှေးကြုတ်သော မျက်လုံး
    ပိန်ရှည်သော ခန္ဓာကိုယ်အချိုးအစား အရက်မူးသမား
    လို့ရေးရမှာ ဒါမှ အပြင်ကဦးပေနဲ့ တူမှာ
    ဟီးးးးးးးးးးးး

    • phola Pyae

      July 23, 2012 at 11:19 am

      အင်းလေ
      အရက်သမားဆိုတဲ့နောက် စူးရှသောမျက်လုံး အစား
      မှေးမိန်သော မျက်လုံး နဲ့ ယိုင်နဲ့သောခြေလှမ်း ရယ်
      ပြီးတော့ အရက်ချဉ်ဖတ်နံ့လေးပါ ထည့်ရေးလိုက်ပါတော့ ။

      • မောင်ပေ

        July 23, 2012 at 11:22 am

        အလို နိုရာလေး ကတော့ ဟုတ်ပါပြီ
        သူက ချစ်သူအချင်းချင်း ကြီဇယ်တာကို နားလည်ခွင့်လွှတ်ပါတယ်
        ိဖိုးလပြည့်က ဘယ်နှယ့် ဘယ်လို
        ကျုပ်အား အကြောင်းမဲ့ ပြောဆိုရပါသနီး
        အကောင့်ကတော့ အသစ်ကလေးပဲ…
        ရင်မောလိုက်တာကွယ်
        တော်ဘီ
        နိုရာလေးနဲ ့ပဲ
        အေးအေးလူလူဂျစ်တော့မယ်

        • phola Pyae

          July 23, 2012 at 11:35 am

          အကောင့်သစ်ပေမဲ့ လူဟောင်းလေးပါ ကိုကိုပေ
          ခင်မင်လို့ စလိုက်တဲ့ သဘာပါ
          ရင်မောတော် မမူပါနဲ့တိုတိုပေ ခိခိ ။

  • ဘုဂလန့်

    July 23, 2012 at 11:09 am

    အားပေးနေဘာဒယ် ကိုခြောက်မျက်နှာရေ့

  • ကြောင်လေး

    July 23, 2012 at 11:17 am

    မောင်ဂီနဲ့အလဲအထပ်လုပ်မဲ့ပစ္စည်းက ဆိုင်ပစ်လို့ကောင်းမဲ့ ပြောင်းရှည်ရှည် ဖြစ်မယ်ထင်တယ်။

  • ဘဲဥ

    July 23, 2012 at 11:17 am

    အဟမ်း………ဟမ်း……ဟမ်း…..(ချောင်းဟန့်သံဖြစ်အိ) 😀
    အဟီး ဘာရမလဲ ကော်ပီကူးပလိုက်တာပေါ့အေ

  • shwe kyi

    July 23, 2012 at 11:24 am

    ကိုရင်မောင်ပျောက်နေသေးတယ်နော်ကိုအံစာ။ သူ့ကိုဘယ်တော့မှပွဲထုတ်မှာလဲ။

  • Solid_Sn@ke

    July 23, 2012 at 12:12 pm

    အောင်မယ်ငီး ..အူးခိုင်နဲ့
    ဒုတ်ပြဂဲပြတွေ ဖြစ်ကုန်ဘီ….
    ကျုပ်က အသည်းမမာလို့ …ပါဆို …
    😀

    အငြိမ့်မင်းသမီး တော့မသိဘူး…
    လှေယာဉ်မယ်လေးပဲ သိတယ်…(ဖားတာ ..)
    အဟိ..

    • Novy

      July 23, 2012 at 1:54 pm

      အငြိမ့်မင်းသမီးလေးတော့ ပြန်ပေး ဆွဲခံရတော့မယ်
      ဂီဂီရေ လုံအောင်ဖွက်ထားနော်

  • may flowers

    July 23, 2012 at 1:22 pm

    ဆွဲပြားလေးကို ဘာနဲ့ အလဲအထပ်လုပ်မှာလည်း ဆိုတာ စိတ်ဝင်တစားစောင့်ဖတ်နေပါမည်ဖြစ်ကြောင်း……….။

  • etone

    July 23, 2012 at 2:02 pm

    မောင်ဂီကို အချဉ်မှတ်လို့ လာတဲ့ ဦးခိုင်နဲ ့ကြောင်ကြီးကို ….. သေမင်းရဲ့ ပုံသဏ္ဍန်လေးပြလိုက်တဲ့ အခန်းက … အကယ်ဒမီရလောက်တယ် … အဟိ 😛

  • Wai Phyoe

    July 23, 2012 at 2:05 pm

    အားပေးသွားတယ်ဗျို့ လက်မလည်းထောင်သွားတယ် ကျွန်တော်ကအရင်ကတည်းက ဒီလိုစာမျိုးကိုကြိုက်တာဗျာ ဥပမာ ဆားပုလင်းနှင်းမောင်တို့မင်းမြတ်သူရတို့လို့ပေါ့ ။အရေးသားကိုလည်း အလေးပြုဦးညွတ်သွားပါကြောင်း

  • ဆယာလေး ( အော်စကာ ) အထီး

    July 23, 2012 at 2:29 pm

    ဆားပုလင်း ရာဇာရဲ့ အရေးအသားကို အလေးပုပါရစေ..

  • ဝရမ်းပြေးဘခက်

    July 23, 2012 at 3:32 pm

    ဇတ်လမ်းက အတော်လေးရှည်ဦး မဲ့သဘောရှိပါ၏ ။
    ကိုရီးယား အခန်းဆက် နှင့် သူမသာ ကိုယ်မသာ ဖြစ်နိုင်ချေရှိပါ၏ ။
    အသင် အံစာတုံး၏ ရတနာသိုက် ရှာပုံတော်ခရီးသည်ကား
    အန ္တရာယ် အသွယ်သွယ် ဖြင့် ရင်ခုံလှိုက်မော ဖြစ်ကြရမည်မှာ အမှန်တည်း ။

  • မာလိန်မှုူး

    July 23, 2012 at 4:33 pm

    အကျွနုပ် ထူးစိန် ပြောလိုသည်မှာ ရတနာသိုက်ကြီးတည်ရှိရာနေရာသို့
    ရေလမ်းခရီးဖြင့် သွားလိုသော ခရီးစဉ်ရှိပါက အားကိုးနိုင်ပါဂျောင်း ။

  • မာလိန်မှုူး

    July 23, 2012 at 4:38 pm

    ဟိုက် —- တော်ပါပြီ တန်ပါပြီ
    နာဂ ကိုပင်လျှင်ထောင်ထဲ မှာတွေ့တယ် ဆိုနေမှ အကျွန်ုပ်အား
    ငရဲသို့ ပို့ရန် အသင် ဝန်မလေးကြောင်း သိရှိပြီးနောက်
    သင်နှင့်ဝေးရာသို့ ပြေးရပါပြီ ။

  • ဇောက် ထိုး

    July 23, 2012 at 5:45 pm

    ကျန်စစ်မင်းကြီး လက်ထက်မှာ ပစ္စည်းဥစ္စာ ချမ်းသာတဲ့ သူဌေးကြီးတစ်ဦး ရှိခဲ့တယ်၊ အဲဒီ သူဌေးကြီးဟာ လူတစ်ယောက်ကို အပြစ်ပေးရင်း ဇောက်ထိုးပုံစံမျိုး နေခိုင်းတယ် ဆိုပဲ၊ ဒါကြောင့် သူဌေးကြီးကို အများက နာမည်အရင်းကို မခေါ်ကြဘဲ သူဌေးကြီး ဦးဇောက်ထိုး ရယ်လို့ ခေါ်ခဲ့ကြတယ်၊

    ငါက…သူဋ္ဌေးကြီး ဦးဇောက်ထိုးကွ.. ဘာမှားမှတ်လဲ….သူဋ္ဌေးကြီးနော်…သူဋ္ဌေးကြီး ဟင်းးးးးးးးး

    သူဌေးကြီးမှာ အမွေဆက်ခံမည့် သားသမီး မထွန်းကားတာကြောင့် …………

    ဟိုက်…. ငါက… မျိုးမအောင်တဲ့ သူကြီးလား…. အို ဘာဖြစ်ဖြစ်…သူဋ္ဌေးကြီးဇောက်ထိုးဖြစ်ရင်ပြီးတာပဲ။
    ငွေရှိဖို့အဓိက….. ဟဲဟဲ…

    ဒါပေမယ့် သူဌေးကြီး သေခါနီးမှာ သူ့အပေါ်မှာ ကျေးဇူးရှိခဲ့ဖူးတဲ့ လူလေးယောက်ကို ရတနာသိုက် မြေပုံပါတဲ့ ဆွဲပြားလေးခု ပေးလိုက်တယ်လို့တော့ သတင်းထွက်လာခဲ့တယ်” ဟူ၍ ရှည်လျားစွာ ပြောပြလိုက်လေ၏။

    ဟာ….ဟာ….ငါက ခုမရှိတော့ဘူး…သေပြီပေါ့….. ဟေ့..ဟေ့.. ကိုမဟာ့ မဟာ မဟာ အဲဒီလိုတော့ မလုပ်နဲ့ဗျာ…. ဟီးဟီး……….. အဲဒီတုန်းက မာဆတ်တို့…
    နိုက်ကလပ်တို့လဲ ပေါ်လောက်သေးဘူး…
    အင်တာနက်လဲ မကြည့်ရလောက်သေးဘူး…..
    ဟီးဟီး……………… အဲလိုတော့ မရက်စက်ပါနဲ့ဗျာ……..

    ဦးပေတို့ အဖွဲ့ကို ပြောလိုက်ပါ… ဇောက်ထိုးရတနာသိုက်ကို လာလုလို့ကတော့ အဒိန္ဒာဒါန ပြစ်မှု ဥပဒေနဲ့ တရားစွဲမယ်လို့…….စောင့်နေတယ်နော်….

    • မဟာရာဇာ အံစာတုံး

      July 23, 2012 at 7:35 pm

      အူးအူးဇောက် ..
      အူးအူးဇောက် …
      အူးအူးဇောက်ကို သဋ္ဌိန်းဂျီး လုပ်ပေးထားလို့ ..
      အနော့်ကို မုန့်ဝယ်ကျွေးရမယ် .. 😀

  • ညလေး

    July 23, 2012 at 6:50 pm

    အငြိမ့်မင်းသမီးလေးကကော…..ဘူများလည်းနော်……
    သူဌေးကြီးစောက်ထိုး…….အော်သူ.ကြမှသူဌေးနေရာသရုပ်ဆောင်ရတယ်…..
    အဟိဟိ…မတရားဝူးးးး………
    ဆက်လက်အားပေးလျက်ပါ…..

  • မိုး မင်းသား

    July 23, 2012 at 7:28 pm

    မဟာရာဇာ…..

    မသိလို ့မေးပါရစေ….နော်…

    ဆရာ ့ရဲ ့ဝထ္ထုထဲမှာ….အလင်းဆက်လည်းမတွေ ့ဘူးနော်….

    ဟိ..ဟိ

  • မဟာရာဇာ အံစာတုံး

    July 23, 2012 at 7:33 pm

    လင်းဆက် ဆိုတဲ့ လူတစ်ယောက်တော့ဖြင့်
    မုဆိုးအဖြစ်နဲ့ ပါဝင်လာလိမ့်မယ် ထင်ပါရဲ့ … 😀

    အဲ .. ကိုမိုးမင်းသားကို ပြောရဦးမယ်ဗျ ..
    အနော့်ကို ဆရာလို့ မသုံးပါနဲ့ဗျာ ..
    ဘာလို့လဲဆိုတော့ကာ အနော်က ဖွတ်ကျားမို့ပါနော့ ..

  • အလင်းဆက်

    July 23, 2012 at 7:39 pm

    အလို… မုဆိုး..တဲ ့ ။

    ငိုပြီ….တားတာ.း….နိုပါပြီ..ခညာ……

    ဒါနဲ ့… မတိလို ့မေးရဥိးမယ်..မုဆိုး..ဆိုတော့ ဘာ မုဆိုးလဲ..ဟင်..။
    တားက..ခြင်တောင် သတ်ဖုူးတာ ဟုတ်ဖူး..ဂျ.။

    အဲဒီ ဇာတ်ကောင် စရိုက်က ာတားနဲ ့ …အံမဝင်ပါဘူးခညာ ..။

    တားတားက ကိုရီးယားမင်းတား.. ဂျွန်စော..နဲ ့တူနေတာဆိုတော့.
    တားတားကို…. ကိုရီးယားက လာတဲ ့ဂျွန်စော..( ခေါ် ) အလင်းဆက် အဖြစ်..ထားလိုက်ရင် ကောင်းပါလိမ့်မယ်..။

    အဟိ ။ အကျန်…ပေးတာနော် ။

    • စိန်ဗိုက်ဗိုက်

      July 23, 2012 at 7:47 pm

      မတရားဘူး..မတရားဘူး…
      အူးဆတ်က ဂျိုစော ဆိုရင် တားတားကို ဒယ်စောက် ဆိုပြီး ပြန်ပြောင်းပေး..

  • မဟာရာဇာ အံစာတုံး

    July 23, 2012 at 7:48 pm

    အကျန်တောင်းခြင်း
    _______________

    နည်းနည်း များများ ပေးကြပါချင့် … 😀
    အဲ့ဂလို ဟုတ်ပါဘူးလို့ …

    ကျနော့်အနေနဲ့ ရတနာသိုက် နောက်တစ်ပိုင်းကို ဆက်ဖို့အတွက်
    အနည်းငယ် အကြံအိုက်နေမိပါသည်။
    အဘယ်ကြောင့်ဆိုသော် အဆိုပါ ဇာတ်ကောင်များထဲမှ
    ရွာသား အမျိုးသားဇာတ်ကောင် တစ်ယောက်၏ ရည်စားနေရာတွင်
    ရွာသူ အမျိုးသမီးတစ်ယောက်၏ အမည်အား ယူသုံးလိုက်ပါက .. ဆိုသည့်
    သို့လော .. သို့လော .. အတွေးများ ပွားနေမိခြင်း ကြောင့်ပင် ဖြစ်ပါ၏ …

    ကျနော့် အနေဖြင့် အခြားသော ပြင်ပ အမည်နာမကို သုံးလိုက်လျှင် ရနိုင်သော်လည်း
    အာသီတ ရှိသည်မှာ ဤရွာကြီးထဲမှ အမည်တစ်ခုကိုပင် သုံးလိုက်ချင်သည့် ချဉ်ခြင်းပင် ဖြစ်နေမိ၏ ..

    ထို့အတွက်ကြောင့်ပင် အကျန်တောင်းမိခြင်း ဖြစ်ပါ၏ …
    အကယ်၍ မပြောမဆိုနှင့် သုံးလိုက်ပါက ရွာသားအတွက် ကိစ္စမရှိသော်လည်း ရွာသူအတွက်မူ မကောင်းတတ်ဟု ထင်နေမိပါ၏ ….
    ဤသည်ကား ကျနော့်ရဲ့ ပြဿနာပင် ဖြစ်ပါပေ၏ …….. ။

    _______________________

    • သရဲ ပြေး ဘီလူး ငို

      July 23, 2012 at 8:14 pm

      ဥဥ အံစာတုန်းချင့်
      မိန်းခေးနေရာ အခက်တွေ့ရင် သားမီးကိုရွေးလို့ရပါတယ်ချင့်
      မသရဲပြေး ဘီလူးငို နံမီလေးက ဇတ်လမ်းနဲ့ တိုက်ဆိုင်ပြီး
      အရမ်းသင့်တော်မှာပဲ ထင်မိလို့ပါချင့်

    • htoosan

      July 24, 2012 at 7:22 am

      မမေ့ နဲ့လေ .. သူလေး ရှိတယ် .. ရွာထဲ နံမည် တစ်မျိုး နဲ့ လာရင်တော့ သိဘူး .. အခုတော့ မတွေ့တော့ဘူး .. သူလေး လာရင်လည်း ရွာက ဝိုင်းမောင်းထုတ်တတ်ကြတယ်လေ.. ဘပုတို့ အကြိုက်ဆိုလား .. ဒုသမ္မတ တောင် ဖြစ်သွား သေးတယ်လေ… 😀 😀

  • အလင်းဆက်

    July 23, 2012 at 7:54 pm

    တားတားကတော့..ဂျွန်စော..နဲ ့တူနေတာ..တကယ်ပဲ..။
    ဟိုတစ်နေ့က
    ရပ်ကွက်ထဲမှာတောင်….ဂျွန်စောနဲ ့တူတဲ ့လူ…ဖမ်းမယ်..ဆိုလို ့ ပြေးလိုက်ရတာ..။
    အဟိ ။

    ရွာသူ တစ်ယောက်ယောက်ရဲ ့နာမည် ယူသုံးရာမှာ..
    ရွာသူရွာသားအချင်းချင်း..ရင်စနီးခင်မင်ကြပြီးသားမို ့..( တစ်ရွာတည်းနေ တစ်ဆိုက်တည်း..သုံးနေကြသူများ မို ့..)
    စိတ်ဆိုးနေမယ် မထင်မိပါကြောင်း…ခညား..။

    တားတားတို ့ကလည်း…. ရည်းစား..ဖြစ်လာမည် ့ ( ရတနာသိုက် ဇာတ်လမ်းင်္ကြီး အရ.ပေါ့လေ..)
    ရွာသူ ကို….ကိုယ် ့ ညီမရင်းလေး..လိုပဲ..
    စောင်…မ ကြည့်ရှု.. အဲ.. စောင်မ ကြည့်ရှု… ပြီး.ရိုးသားစွာ…သဘောထားပါမည့်အကြောင်းး…

    အဟိ ။

    လူပျိုကြီး…ဘဝ ဒီ ဇာတ်လမ်းထဲမှာ..ကျွတ်မယ် ထင်ရဲ ့ ။
    ပျော်လို ့ ထပ် ရီလိုက်ဦးမယ်..
    အဟိ ။

    • မဟာရာဇာ အံစာတုံး

      July 23, 2012 at 8:02 pm

      သူဂ ဂြိုလ်စောနဲ့ တူဒဒဲ့ ..
      ငစိန်ဗိုက်က ဒယ်စောက်နဲ့ တူဒဒဲ့ …
      နာလည်း အားကျမခံ ဘာနဲ့ တူလိုက်ရမလဲ ..
      အဲ .. ဟုတ်ပီ ..
      နာဂ အက်ဖိုးမင်းဒါးနဲ့ တူဒယ်တွ
      (တွေ့ဖူးသူများ မသိချင်ယောင် ဆောင်ပေးကြဘာ 😀 )
      ________________

      အထက်က ဂျွန်စောနဲ့ တူဒဲ့လူဂျီး ..
      အကျန်အတွက် ရှဲရှဲပါနော့ ..
      နို့ မုဆိုးနေရာက နေချင်ဘူးဆိုတော့ ..
      ကျုပ်မှာ ဘီလို လုပ်လိုက်ရပါ့ .. 🙄

  • အလင်းဆက်

    July 23, 2012 at 8:10 pm

    ရပါဒယ်..ရဘာဒယ်..။ တားကို…မုချိုးပဲ..လုပ်ခိုင်းခိုင်း.၊ ပျိုတိုင်ကြိုက်တဲ ့နှင်းဆီခိုင်..ပဲ..ထားထား..
    ရပါဒယ် ။ အဓိက က.. တားတား လင်းဆက်…ဟာ.ဂျွန်စော နဲ ့တူတယ်..ဆိုတဲ ့အချက် ပါရင်..ရပါပြီခညာ ။

    အဲ… တစ်ခုတော့ ရှိတာပေါ့လေ..။ နောင်ကြီးရဲ ့ဝတ္ထု.ဇာတ်အိမ်တည်ထားတဲ ့ခေတ်အခါက ဂျွန်စော..ဆိုတာ မပေါ်သေးဘူး.ဆိုရင်ဖြင့်
    တားတားတော့…. ဘယ်တူနဲ ့တူရမယ်..မတိတော့ပါကြောင်း….

    အက်ဖိုးမင်းတား..နဲ ့တူတယ်..ဆိုတော့… ရပ်ဆွေရပ်မျိုးတွေ.ပေါ့နော် ။
    တားတားကို ဇာတ်ကောင် စရိုက်မနာ..အောင်… စောင် …မ ကြည့်ရှု..ပါ ခညာ…
    အဟိ ။

  • Moe Z

    July 23, 2012 at 8:14 pm

    အူးလေးအံချာဒုံးရေ
    နေ့လည်ကတည်းကဖတ်ပြီး ကွန်မန့်ကို ကိုအင်ဂျီးပို့စ်မှာရေးလိုက်မိတယ်
    အခုက ဖတ်ပြီးကြောင်းသတင်းပို့တာ
    အဟိ …တကယ်က ၁၅ကျပ်မရလိုက်လို့ 😆

  • ကိုရင်မောင်

    July 24, 2012 at 2:19 am

    အံစာတုံးလေးရေ ငါ့နာမည်လေးလဲဆက်ရေးအုံးလေ
    ကိုရင်မောင်ဘယ်လောက် မိုက်လို့ထောင်ကျတယ်ဆိုတာလေ..
    ဒါမှကိုရင်မောင်ကြီးဘယ်လောက်မိုက်တယ်ဆိုတာ
    သိသွားစေရမယ်……ဟင်းးးးးးးးး
    ဦးအတွက်ကတော့မမယ်မရှိပြီးသားဆိုတော့ပူစရာမလိုဘူးပေါ့..
    အော်…ဒါနဲ့စကားမစပ် ရွာထဲမှာ…ဖြိုး..ရှိတယ်လေ…
    ဖြိုးကရွာသားလေးတွေကို စိတ်ဝင်စားပုံရတယ်….
    တယောက်လောက်ရှာပေးလိုက်ပါလား အံစာတုံးလေးရဲ့…ဟဲဟဲ

  • အရီးခင်လတ်

    July 24, 2012 at 4:13 am

    အင်း
    သူဌေးဦးဇောက်ထိုး ရဲ့ ရတနာ တွေ ဆိုမှတော့ ရွှေ၊ ငွေ၊စိန် ကျောက်သံပတ္တမြား ဖြစ်နိုင်ပါတော့မလား။
    ကိုပု နဲ့ မောင်ပေါက်ဖော် တို့ ရေ၊ အချိန်မှီ သေးတယ်နော်။ စဉ်းစား။
    မဟုတ်လို့ ကတော့ ရတနာသိုက်ဖွင့်ပြီးချိန် ရိပ်ကြီးခို နေကြရမယ်။
    မယုံမရှိနဲ့။
    ဒါပေမဲ့ ရိပ်ကြီးခို ရရင်လဲ အဲဒီမှာ သစ်တွေကို ခုတ်လို့ တော့ ရပါသေးတယ်။

    ကကြောင်ကြီး ရဲ့ ““ကျုပ်ကတော့ သေမင်းကို ခေါင်းခါ မပြဘူး၊ ဓါးနဲ့ပဲ ရမ်းပြလိုက်မှာ” ဆိုတဲ့ စကားတော့ ကြိုက်တယ်။
    ဒီတော့ ဟိုက သူ့ကို ပွဲတောင်းတယ် မှတ်ပြီး အမြီး က ဆွဲသွားမှာ။

    မောင်ဂီ ရဲ့ အငြိမ့်မင်းသမီး လေး ဘယ်သူ ဆိုတာ စိတ်ဝင်စားနေပါ၏။ 🙂

  • aye.kk

    July 24, 2012 at 9:00 am

    ဇတ်လမ်းလေးရဲ ့သဘော…
    ှနှစ်ချိုက်တယ်လို ့ပြောလိုက်ပါရစေနော်….။။

  • ချာလီဂဇက်ဒလဝမ်

    July 24, 2012 at 11:12 am

    ရတနာသိုက် အကြောင်းပြောပြောပြီး ဒီရွာသားတွေ ဒီဂေဇက်ကြီးကို အေးဓမြ
    တိုက်မလို့လားမသိနိုင်ဘူး
    သေချာစောင့်ကြပ်ရတော့မယ်ထင်ပါရဲ့လေ
    ဒါထက် သဂျီးဆီက လစာလဲ မရတာအတော်ကြာနေပြီ
    သဂျီးလဲ ဘိုင်ပြတ်နေလားမှ မသိ
    ဪ အနိစ္စ

  • Khaing Khaing

    July 25, 2012 at 4:03 pm

    ဥကိုင် က ဦးခိုင်နဲ့တူသလားဟင် …… သွားချီးကလည်း ပေါက်ပေါက်ရှာရှာ နာနံမည်နဲ့မှ လာတူနေတယ် … ဒီလိုမှန်းသိရင် နာ့နံမည်ကို ရွာထဲမှာ ဖြူလွှလွှနှင်းပန်းပွင့်အေးချမ်း ခိုင်မာလာနှင်းဆီသဇင်ဖူးငုံလို့ပေးပါတယ်အေ ……..

Leave a Reply