ပတ္တမြား ဂမုန်းပင် စိုက်ပါလျှင်…
ပတ္တမြား ဂမုန်းပင် စိုက်ပါလျှင်…
ပတ္တမြား ဂမုန်းသည် ပတ္တမြားမှန်လျှင် နွံမနစ် ဆိုသည့်အတိုင်းအတိတ်တစ်ဘောင် နိမိတ်ဆောင်သည့်
ဂမုန်းဖြစ်ပါသည်။
စီးပွားလာဘ်လာဘ တိုးတက်တော့မည်ဆိုလျှင် သို့မဟုတ် ငွေအစုလိုက်အပြုံလိုက်
ဝင်တော့မည်ဆိုလျှင် မိမိစိုက်ပျိုးထားသော ပတ္တမြား ဂမုန်းများပွင့်တတ်ပါသည်။
ပတ္တမြား ဂမုန်းအပင်မှာ နာနတ်ပင်နှင့် ဆင်သယောင်ထင်ရသော်လည်း ပတ္တမြားဂမုန်းပင်၏ အရွက်မှာ
နာနတ်ရွက်ကဲ့သို့ မရှည်ဘဲ ထိပ်ဖျားဝိုင်း၍ အရွက်များဘေးတွင်ဆူးမရှိပါ။
အပင်တစ်ပင်သည် တစ်ကြိမ်သာပွင့်ပြီး နောက်ထပ်အပွင့်မပွင့်ပါ။ အပင်သစ်ထပ်မံထွက်ခြင်းဖြင့်သာမျိုးပွားပါသည်။
ပတ္တမြားဂမုန်းပွင့်သည် အရွက်များအလယ်မှ ဖူးတံထွက်လာကာ ရိုးတံရှည်လျက် ပွင့်လာတတ်ပါသည်။
ပွင့်သောအခါ ပွင့်ဖတ်လေးများထိပ်တွင် အနီရဲရောင် အပွင့်တံများ ဝန်းရံပွင့်ပြီး ပတ္တမြားကဲ့သို့ လှပပါသည်။

ပတ္တမြားဂမုန်းပွင့် အားဘုရားကပ်လှူ၍ ပဠာန်း ၂၄ ပစ္စည်း ရွတ်ဖတ်ပူဇော်ပါက စီးပွားလာဘ်လာဘပိုမို
တိုးတက်စေကြောင်းမှတ်သားဖူးပါသည်။


ပတ္တမြားဂမုန်းပွင့်ပြီးမကြာမှီ ရက်ပိုင်း လပိုင်းတွင် ထီပေါက်၍ ဖြစ်စေ၊ အရောင်းဝယ် ကောင်း၍ ဖြစ်စေ၊
ကောင်းသော အကျိုးကျေးဇူးနှင့် တစ်ကွ ငွေအစုလိုက် အပြုံလိုက်ဝင်တတ်ပါသည်။
ဂမုန်းချစ်သူများအနေဖြင့် နေအိမ်တွင် ကျက်သရေဆောင်ဂမုန်းပင်များမှ ပတ္တမြားဂမုန်း စိုက်ပါလျှင်
အတိတ် နိမိတ်ကောင်း၍ စီးပွားလာဘ်လာဘ တိုးတက်စေနိုင်ပါကြောင်း မျှဝေလိုက်ပါတယ်…
ခင်တဲ့
မအိ
29 comments
ဘဲဥ
July 23, 2012 at 4:07 pm
အဲ့ဒီ အပင်က မအိတို့အိမ်မှာ ပွင့်နေတာလားဟင်
အဲ့ဒါဆိုရင် မအိတော့ ထောဘီပေါ့ ဟိဟိ
တားဒို့ဂို မေ့ မသွားရဘူးနော် တိရား
Ma Ei
July 23, 2012 at 4:39 pm
ခုရက်ပိုင်းမှာကို အကျိုးရှိခဲ့ပါတယ်…
ယုံကြည်မှုကလည်း အားတစ်ခုပေါ့နော်…
မမေ့သွားနိုင်သေးပါဘူး ဘဲဥရယ်…
ခပ်မိုက်မိုက် ကောင်မလေး
July 23, 2012 at 4:15 pm
မအိရေ..အဲ့ဒီဂမုန်း က…
ဘယ်လိုနေရာ ဒေသမှာ မဆို…
စိုက်ပျိုးလို့ရလားဟင်…
နောက်ပြီး အဲ့ဒီဂမုန်း ပင်က…
ဘယ်နေရာမှာ ရနိုင်သလဲ…
စိတ်ဝင်စားသွားတယ်….
ပန်းလေးကလည်း လှတယ်နော်…။
Ma Ei
July 23, 2012 at 4:31 pm
မြေပဒေသာ ထဲကဆိုင်မှာရောင်းတာကိုတစ်ခါတွေ့မိပါတယ်…
ခုရှိမရှိ တော့ မရောက်တာကြာလို့ သိပ်မသေချာတော့ဘူးနော်…
သဲဆန်ဆန်မြေသန့်မျိုးမှာရှင်သန်ပါတယ်…
ရေဝပ်ရင် အပင်ပုပ်သွားတတ်တာမို့
အိမ်မှာတော့ ပန်းအိုးနဲ့စိုက်ထားပါတယ်…
ko khin kha
July 23, 2012 at 4:16 pm
ဘယ်လိုဝယ်ရပါလဲ၊ဘယ်မှာရနိုင်လည်းနဲ့ ဘယ်လိုစိုက်ရပါသလဲ(ပန်းအိုးနဲ့ဘဲစိုက်ရတာလား၊ မြေကြီးမှာချစိုက်ရတာ)ပါထဲ့ရေးရင် ကောင်းမယ်နော်။
Ma Ei
July 23, 2012 at 4:45 pm
ဝယ်ရနိုင်မည့်နေရာ သေချာမပြောနိုင်လို့ စိတ်မကောင်းပါဘူး…
အိမ်မှာအရင်က အတော်များများ ရှိခဲ့တာ ၊ရေဝပ်လို့ သေသွားခဲ့တယ်…
Post အတွက် အကြံပေးတာ ကျေးဇူးတင်ပါတယ်နော်…
shwe kyi
July 23, 2012 at 4:42 pm
မအိမြင်ဘူးအောင်မျှဝေလို့ကျေးဇူးပါ။ အရောင်ကလေးကလည်းလှလိုက်တာ နာမည်နဲ့လိုက်ဖက်ပါတယ်။
Ma Ei
July 23, 2012 at 5:00 pm
လှပပြီး အကျိုးပေးတဲ့
ပန်းကလေးပါ
ရွှေကြည်ရေ…
ခပ်မိုက်မိုက် ကောင်မလေး
July 23, 2012 at 4:45 pm
အခုလို ပြောပြပေးတဲ့အတွက်…
မအိ ကိုကျေးဇူးတင်ပါတယ်…
မိုက်လေး လည်းအဲ့ဒီ ဂမုန်းလေးတွေ့ရင်…
စိုက်ပါဦးမယ်…..။
ဆူး
July 23, 2012 at 5:37 pm
ပတ္တမြား ဂမုန်း ကိုတော့ တခါမှ မမြင်ဘူးဘူး။
အန်တီ အိ ဆီက အပင်မျိုး လာတောင်းမယ်နော်..
အိမ်မှာ ပဒုမ္မာ ကြာ ပန်း ဝယ်စိုက်ပြီးခါစတုန်းက မှတ်မှတ်ရရ လာဘ်ရွင်ခဲ့တာ တခု ရှိတယ်။
အဖေ ရှိတုန်းက ဝန်ထမ်းတယောက် ကျန်းမာရေး မကောင်းလို့ အတင်းရောင်းလို့ အားနာပါးနာ နဲ့ ဝယ်ထားမိတဲ့ မြေတကွက် ရောင်းထွက်သွားတယ်။
အဲဒီ မြေကွက် ပိုင်ထားပေမဲ့ ကိုယ်တိုင်လည်း မသွားနိုင်… လိုလည်း မလိုချင်လို့ အမျိုးတွေ ၂ယောက် လောက် ရှိတယ် နင်တို့ မိသားစု နေချင်ရင် သွားနေ အဲဒါ အပိုင်ယူလိုက်ဆိုပြီး ပေးထားတာ.. တစ်ယောက်မှ မယူကြဘူး။ ပြောရရင် အလကားပေးရင်တောင် မလိုချင်ဘူး ဆိုတဲ့ အသိနဲ့ ပိုင်ဆိုင်မှု ကို အာရုံထဲက ထုတ်ထားတာ.. မြေဈေးတက်တော့ အဲဒီ နေရာ ပိုင်ထားမှန်း သိတဲ့ လူတယောက်က အဲဒါလေး ထုတ်ရောင်းလိုက်ပါလား ဆိုပြီး ဝယ်သူပါ ခေါ်လာလို့ ရောင်းထုတ်လိုက်တယ်။
ပိုက်ဆံတောင် တသောင်းတန် ဆိုတာ ကြာပန်းနဲ့ အခုက ကြာခေတ် ဆိုတော့.. ဒီနှစ်ထဲမှာ ကြာပန်းတွေ အိမ်မှာ စိုက်ရင် လာဘ်ပေါတယ်လို့ ပြောကြတယ်။
Ma Ei
July 24, 2012 at 9:39 am
ဆူးရေ…
ပဒုမ္မာ ကြာပန်းကလဲ စိုက်ပျိုးသူအတွက်
စီးပွားလာဘ်လာဘ တိုးတက်စေနိုင်တဲ့
ပန်းမျိုးဖြစ်ပါတယ်။
ကုမုဒ် ကြာပန်းကိုတော့ အိမ်တွေမှာ မစိုက်ကောင်းပါဘူး…
စိုက်ပျိုးသူအတွက်စီးပွားလာဘ်လာဘ တိုးတက်စေနိုင်သော်လဲ
မိသားစုအတွင်းမှာ ခိုက်ရန်ဒေါသ၊သောကမျိုးစုံ ဖြစ်စေနိုင်ပါတယ်…
manawphyulay
July 23, 2012 at 6:34 pm
အိမ်မှာတော့ စိုက်ထားတယ်။ ခြံပေါက်ဝနားပဲ ထားတာပါမအိရယ်…
အပြုံလိုက်ကတော့ အမြဲဝင်တယ် ဧည့်သည်တွေလေ… 😛
Ma Ei
July 24, 2012 at 9:49 am
မနောဖြူလေးရေ…
ဧည့်သည်တွေ လာတယ်ဆိုထဲက
အိမ်ကလေးကသာယာနေလို့ပါကွယ်…
ဧည့်ခံနိုင်အောင်လည်း စီးပွားတက်လာစေမှာပါ…
ယုံယုံကြည်ကြည် စိုက်ပျိုးပါနော်…
တစ်ကယ် အကျိုးထူးပါတယ်…
မိုး မင်းသား
July 23, 2012 at 7:32 pm
မအိရေ…..
မအိပေးတဲ ့အတိုင်း…ပတ္တမြားဂမုန်းကိုစိုက်ဖြစ်အောင်…
စိုက်လိုက်ပါ ့မယ်….
ကျေးဇူးနော်မအိ……
မောင်ပေ
July 23, 2012 at 7:37 pm
အိလေးရေ
ကိုပေ ရန်ကုန်ရောက်တဲ့အခါ
ကိုပေ့ကို ပေးဖို ့
တစ်ပင် ချန်ထားပေးဘာနော
Ma Ei
July 24, 2012 at 10:07 am
မိုး မင်းသားရေ…
စိုက်ပျိုးသင့်တဲ့ ဂမုန်းပင်လေးပါ…
ကိုပေရေ…
ဘယ်ချိန်လာမှာလဲ…ဘယ်နေရာဆုံမှာလဲ…
သီချင်းဆိုတာနော်…
အံဇာတုံးရေ…
ဘယ်မှာဝယ်လို့ရလဲ မသိဖြစ်နေတယ်…
ကန်တော်ကြီးရောက်ရင် မြေပဒေသာမှာ
ရှာကြည့်ပေးမယ်နော်…
မဟာရာဇာ အံစာတုံး
July 23, 2012 at 8:30 pm
အဲ့ဒါ ပတ္တမြား ဂမုန်းလားဗျ ..
ခုမှ မြင်ဖူးတာပါ …
ဒါကြောင့်လည်း ကျေးဇူးပါနော့ …
သူ့အပွင့်ကတော့
စိုစိုပြေပြေ နီနီရဲရဲနဲ့ တောက်ပလို့ပဲနော့ …
အနော်လည်း စိုက်ချင်လို့ ..
အဲ့ဒါ ဘယ်မှာ ဝယ်လို့ ရမတုံးဟင်င်င် …
TTNU
July 23, 2012 at 10:53 pm
မအိရေ…
လှလို့ တီချာ့ ပန်းခင်းလေးထဲမှာထားဖို့
ယူသွားတယ်နော်။
ကျေးဇူးတင်လျက်
TTNU.
Ma Ei
July 24, 2012 at 10:20 am
တီတီနုရေ…
ပန်းခင်းလေးထဲ ယူထားရင်းနဲ့ဘဲ
စီးပွား လာဘ်လာဘ တိုးတက်ပါစေလို့
ဆုတောင်းပေးပါတယ်နော်…
ဖိုးထောင်
July 23, 2012 at 11:41 pm
လှတယ်ဗျ အခုမှမြင်ဖူးတာ အင်း ပန်းပွင့်လေးကလည်းလှ အိမ်မှာလည်းစိုက်ချင် စိုက်ပျိုးရေးကလည်း ဝါသနာမပါ မြေပဒေသာကျွန်းသွားဝယ်တော့လည်း ရွာထဲက ရွာသူားများက ဝယ်သွားတာကုန်ပြီ ဂမုန်းပင်လေးလည်း အရမ်းလိုချင်နေတယ်ဆိုတော့…. ဆိုတော့ … ဆိုတော့ … း)
ဘဲဥ
July 24, 2012 at 9:37 am
ဟေ့လူဂျီး ……. ဘာတွေကြံနေလဲဆိုတာ သိနေဒယ်နော် သိနေဒယ် 😉
Ma Ei
July 24, 2012 at 10:23 am
ဂမုန်းပင်လေးအရမ်းလိုချင်နေတယ်ဆိုရင်တော့
ဓါတ်ပုံလေးဆောင်ထားနော်…
အပင်စစ်လောက်မဟုတ်ပေမဲ့
သူလဲ အကျိုးထူးမှာပါနော်…
အရီးခင်လတ်
July 24, 2012 at 4:08 am
မအိရေ
ပတ္တမြား ဂမုန်း က လှလိုက်တာ။
နီပြီး စိုနေတာဘဲ။
ငယ်ငယ်တုန်းက အမေစိုက်ထားတဲ့ ငွေလာဂမုန်း အပင်ကြီး ဘောလုံး နဲ့ ကန်မိလို့ ကျိုးသွားတာ မသိအောင် ကြိုးနဲ့ ချည်ပြီး ဆက်ထား ရတာတောင် ပြေးသတိရတယ်။
အနောက်တိုင်း နိုင်ငံတွေ မှာတောင် Lucky money plant တို့ Lucky bamboo plant တို့ ရောက်လာပြီ။
တရုတ် ကနေ နွယ်ပြီးလာတာ ထင်တာပါဘဲ။
ကျွန်မ အိမ်မှာလဲ Lucky money plant စိုက်ထားတယ်။
ထီတော့ပေါက်ချင်သား။
ထီ ကတော့ ကိုယ်ထိုးတိုင်း ပေါက်တာ၊ လူတိုင်း ပေါက်နေတာ မဟုတ်တော့
ဒီလို လောကီ ထဲက အရေး တွေ အတွက် အနဲ ဆုံး စိတ်ဓာတ်အား အပံ့အပိုး တွေပေါ့။ 🙂
Ma Ei
July 24, 2012 at 9:31 am
ပန်းကလေးတွေပွင့်နေတာမြင်ရင်ပျော်နေတဲ့သူမို့
စိတ်ဓာတ်အင်အား ပံ့ပိုးမှုရခဲ့တာ အမှန်ပါနော်…
ခုလိုပန်းကလေးမျိုးဆိုတော့ ပိုပျော်ရတာပေါ့…
မလတ်ရေ…
အမေရဲ့ ပန်းအိုးကွဲ၊ပန်းပင်ကျိုးလို့ အရိုက်ခံရလဲမမှတ်တဲ့
ငယ်ငယ်တုန်းက ဘောလုံးသမားချင်းတူနေပြီ…
mamanoyar
July 24, 2012 at 9:39 am
ဒီနေ့ကစပြီး အိမ်မှာ ဂမုန်းပင်စိုက်တော့မယ်
snow white
July 24, 2012 at 10:02 am
ဂမုန်းတော်တော်များများလည်းမြင်ဖူးတယ် ဂမုန်းတိုင်းလိုလို ဆေးဖက်ဝင်တာလည်း တွေ့ရတယ် ပြီးတော့ ငွေဝင်တဲ့ဆိုတဲ့ဂမုန်းလည်းကြားဖူးတယ် ရွှေဝင်ငွေဝင်ဂမုန်းဆိုတာလည်း မြင်လည်းမြင်ဖူးတယ် ပတ္တမြားဂမုန်းကို မြင်ဖူးတယ် အဲ့လောက် အကျိုးပေးလိမ့်မယ်လို့မထင် ထားဘူး ။။။ဒီတစ်ခေါက်ကျရင် တောင်းလာမယ် အဲ့ပတ္တမြားဂမုန်းပင်ကို မမအိလည်းစနိုးတို့ကိုတစ်ပင်လောက်ပေးနိုင်အောင်မျိုးပွားထားနော် ။။။
Ma Ei
July 24, 2012 at 10:38 am
နိုရာလေးရေ…
နောက်မှ စိုက်သင့် ၊မစိုက်သင့် ဂမုန်းပင်များ
အကြောင်းလေးရေးပေးမယ်နော်…
စနိုးလေးရေ…
အပင်ပွားတွေထားပြီးမှရေးရင်
စိုက်ချင်တဲ့ ရွာသူားတွေကို
ပေးနိုင်မှာနော်…
ရောင်းရရင်လဲ စီးပွားဖြစ်မှာ…
ဒါပေမဲ့ ပတ္တမြား ဂမုန်းက ပွားမရဘူးရယ်…
သူ့ဘာသာ အပင်သစ်ထွက်လာတာ ဆိုတော့
မြန်မြန် များများထွက်လာရင်ကောင်းမှာနော်…
etone
July 24, 2012 at 10:27 am
အန်တီအိရေ .. ပတ္တမြားဂမုန်းဆိုတာ ကြားသာ ကြားဖူးတာ …
တစ်ခါမှ မမြင်ဖူးဘူး .. လာဘ်ရွှင်တယ်ဆိုတာလည်း သတင်းတော့ကြီးတယ် …. ။
မြေပဒေသာ ကျွန်းဘက်ရောက်လျှင် အဲ့အပင်လေး ရှာဝယ်ဦးမှပဲ … ။
Ma Ei
July 24, 2012 at 10:44 am
ရောင်းတဲ့နေရာ တွေ့ရင်
သတင်းပေးပါဦး အိတုန်လေးရေ…
လိုချင်သူတွေများနေတာ
ညွှန်လု့ိရအောင်ပါနော်…
ကျေးဇူးနော်…