ဘယ်ခေတ်တွေ ရောက်ကုန်ပြီလဲ ?

etoneJuly 23, 20121min56357

ပြီးခဲ့တဲ့ စနေက မြို့ထဲလမ်းလေးဆယ်မှတ်တိုင် ကနေ ၃၉ကားစီးရင်း ကြည့်မြင်တိုင်ဘက်ကိုပြန်တော့ ၊ နေ့ခင်းအချိန်ဖြစ်တာကြောင့် လူသိပ်မကြပ်ခဲ့ပါဘူး ။ ဒီလမ်းက သွားနေကြဖြစ်တာကြောင့် ဘယ်ဘက်အခြမ်းမှာ ထိုင်လျှင်နေပူမှာ စိုးလို့ ညာဘက်က လွတ်နေတဲ့ ထိုင်ခုံတစ်ခုမှာ ဝင်ထိုင်စီးခဲ့ပါတယ် ။

တစ်ယောက်တည်း တောင်ငေးမြောက်ငေးနဲ့ ရောက်တတ်ရာရာ တွေးရင်းပေါ့ ။

 

မီးပွိုင့်အရောက်မှာတော့ ၊ ချက်ချင်းတန်းဝါသွားတဲ့အတွက် ကားက ဘရိတ်ဆောင့်အုပ်လိုက်ပါတယ် ။ ကျွန်မနည်းတူ တခြားလူတွေလည်း ဟန်ချက်ပျက်ပြီး ယိုင်ကုန်ကျတာပေါ့ ။ ဆိုးဆိုးရွားရွားကြီး မှောက်လျှက်လဲသူတော့မရှိခဲ့ပါဘူး အားလုံးနေရာကိုယ်စီရတာကြောင့်ပါ ။ ယိမ်းယိုင်သွားတဲ့ ခန္ဓာကိုယ်ကို ဟန်မပျက် ပြန်လည် တည့်မတ်နေကြတုန်း … တခစ်ခစ်နဲ့ ရယ်သံထွက်လာပါတယ် …. ။ အသံလာရာကိုကြည့်လိုက်တော့ ကျွန်မရှေ့ခုံတန်းက ကောင်မလေးတစ်ယောက်ဆီက ထွက်လာတဲ့အသံပါ ။ ဘေးမှာလည်းကောင်လေးတစ်ယောက်ပါတာတွေ့ရတယ် ။ သူတို့နှစ်ယောက်ရဲ့ ပူးကပ်နေတဲ့ သဏ္ဍန်အရ ၊ အတွဲတွေဆိုတာ သေချာပေါက်အတပ်ပြောလို့ ရပါတယ် ။ ကား ယိုင်သွားလို့ အသံထွက်လာတော့မှ သူတို့နှစ်ယောက်ကို သတိထားမိခဲ့တာပါ ။

တလမ်းလုံး အပြင်ကိုငေးရင်း ၊ ကားထဲကိုလည်း မျက်စိကစားရင်း … ဆင်းရမယ့်မှတ်တိုင်မရောက်ခင်ထိ တောင်ကြည့်မြောက်ကြည့်ပေါ့လေ ။ ကြည့်ရင်းကြည့်ရင်းမြင်လာတာက ဟိုအရှေ့က နှစ်ယောက် ဂဏှာမငြိမ်တာပါပဲ ။ ပူးလိုက်ကပ်လိုက်ခွာလိုက်နဲ့ … ဘတ်စ်ကားပေါ်မှာ နှစ်ယောက်တည်းကမာ္ဘဖြစ်နေပုံပါ ။ သတိထားကြည့်မိမှပဲ ကြက်သီးထစရာ မြင်ကွင်းမျိုး ခဏခဏမြင်ရတော့ ၊ သူတို့ ခုံနောက်မှာ ထိုင်နေတဲ့ ကိုယ့်ကိုယ်ကိုယ်တောင် မလုံမလဲဖြစ်မိပါတယ် ။ သူများ အမြင်မှာ ခုံလွတ်တွေများပါလျှက် ဒီမိန်းမ ဒီအတွဲနောက်ထိုင်တာ ဘာမြင်ချင်လို့လဲဆိုတာမျိုး အထင်ခံရမှာစိုးလို့ မလုံမလဲဖြစ်မိတာပါ ။

 

မြင်ရတာ မောင်နဲ့နှမ ၊ သားအမိအတူကြည့်လို့ မသင့်တော်ပါဘူး ။ ကိုယ့်ရဲ့ ဆွေးမျိုးရင်းချာ ညီအစ်မ ၊ တူမလေးတွေဆို ဂုတ်ကနေဆွဲချပြီးရိုက်ပစ်ချင်စရာမြင်ကွင်းမျိုးပါ ။ သူတို့အနေထားက လူမြင်ကွင်းမှာ မသင့်တော်တာကတော့ အမှန်ပါ ။ ဓါတ်ပုံရိုက်ပြီး ပြမလို့ ၊ ဘေးကလူတွေကို အားနာသလိုလို စိတ်ဖြစ်မိတာကြောင့် လက်ရှောင်ခဲ့ပါတယ် ။ ကျွန်မပြောလို့ သူတို့ ဘယ်လို အနေထားနဲ့ ကားစီးကြသလဲ သိချင်ကြမှာပေါ့နော် ။ ဒီလိုပါ ….. ။ ကောင်လေးက ညာဘက် ပြတင်းပေါက်နဲ့ နီးတဲ့နေရာမှာ ထိုင်ပြီး ကောင်မလေးကတော့ သူ့ရဲ့ ဘယ်ဘက်မှာ နှစ်ယောက်ခုံကို အတူတူထိုင်ကြပါတယ် ။ ကောင်လေးကိုယ်က ကောင်မလေးဘက်ကို ခြောက်ဆယ် ဒီဂရီလောက်စောင်းတွဲမှီခိုပြီး …. သူရဲ့ လက်က သူမရဲ့ ပခုံးထက်ကနေကျော်လွန်ကာ ချိုင်းအောက်ကို လျှိုဝင်ပြီး ဖက်ထားပါတယ် ။ ကားယိုင်လျှင် ကောင်မလေး စောင်းကျမသွားအောင် တွယ်ကပ်ထားသယောင်ယောင်တူပါတယ် ။(ဘာကိုင်ထားတာလဲဆိုတာတော့ ကာယကံရှင်တွေပဲ အသိဆုံးပါ … ပြောရမှာတောင် ရှက်လွန်းလို ့ပါ…ကိုယ့်ဘာသာကိုယ်စဉ်းစားကြပါကုန် …   ) ။  ခြောက်ဆယ်ဒီဂရီလောက် မှီထားတဲ့ ကောင်လေးဘက်ကို ကောင်မလေးကလည်း ခေါင်းစောင်းလို့ … ပါးချင်းကပ်နေတဲ့ မြင်ကွင်းက ယနေ့မျက်မှောက်ခေတ် လူငယ်များထဲ ၊ သိပ်မရိုင်းသေးဘူးလို့ ထင်ချင်ထင်ကြမှာပါ ။ ကားလှုပ်တိုင်း ပူးချည် ၊ ခွာချည်နဲ့ အဲ့ဒီပါးနှစ်ဖက်က တစ်ချက်တစ်ချက်ဆို မျက်နှာချင်းဆိုင်အနေထားရောက်ရောက်သွားပါတယ် ။ အပျိုကြီးမို့လို့ ကျွန်မကို ဇီဆာကြောင်တယ်ပဲပြောပြော ၊ ဒီလို လုပ်ရပ်မျိုး လူမြင်ကွင်းမှာဖြစ်နေတာ ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်မို့လို့ နေချင်သလို နေတယ်ဖြစ်စေဦး ၊ ဘေးလူတွေ စိတ်အနှောက်ယှက်ဖြစ်စေတာမျိုးမို့ … ကျွန်မတော့ ရှုံ့ချမိပါတယ် … ။ လူရှေ့သူရှေ့တောင် အကဲပိုနေတဲ့ နှစ်ယောက်က ကား ယိုင်တာကို အခွင့်ကောင်းယူ ပူးလိုက်ကပ်လိုက် လုပ်ရုံတင်မကပဲ … ဖရန့်ရှ်ကစ်လို့ခေါ်တဲ့ အပြုမူမျိုးတောင် …. နေ့ခင်းကြောင်တောင် ကားပေါ်မှာ လုပ်လို့ပေါ့ … ။ ကား စပယ်ယာကအစ ၊ တခြားလူတွေလည်း … ထို အပြုမူကို သတိထားမိကြမှာပါ … ။ မသိမသာ ကြည့်သူကကြည့် တည့်တည့်ကြည့်သူက ကြည့်နဲ့ …. အားလုံးက ငေးမောအံ့ဩလို့ …. ။ သူတို့နောက်မှာ ထိုင်နေတဲ့ ကျွန်မကတော့ ရှက်လွန်းလို့ … ကြက်သီးမွှေးညှင်းထောင် ထမိတဲ့ အဖြစ်ပါ ။ အရွယ်လေးငယ်သလောက် … ဆရာကျလွန်းတဲ့ သူတို့စုံတွဲကိုကြည့်ပြီး ကျွန်မ ပျို့အန်ချင်သလိုလို ၊ လည်ချောင်းတွေ ခြောက်ပြီး မျက်စိတွေ ပြာလာသလိုလိုတောင်  .. မသတီတဲ့ ခံစားချက်မျိုး …   ဖြစ်မိပါတယ် ။

 

သူများအတွဲတွေ ချစ်ကြတာကို အပြစ်မပြောပါဘူး ။ အနေအထိုင်မတတ်ပဲ အရှက်ကြောက်မဲ့နေတာကတော့ ၊ မပြောမိပေမယ့် မြင်နေရတဲ့ ရှောင်လွဲလို့မရတဲ့အနေထားမျိုးပေါ့ ။ ပခုံးပုတ်ပြီး ရှက်တတ်ကြရဲ့လားလို့ မေးချင်စိတ်ကိုလည်း မနည်း မြိုသိပ်ခဲ့ရပါတယ် ။ အရွယ်ကြီးကြီးငယ်ငယ်ပါ … မိန်းမတစ်ယောက်မှာ ကိုယ်ကျင့်သိက္ခာနဲ့ တန်ဖိုးဆိုတာရှိပါတယ် ။ ယောကျာ်းတစ်ယောက်မှာလည်း စောင့်စည်းအပ်တဲ့ ထိန်းချုပ်မှုမျိုး၊ ဆင်ခြင်တတ်တဲ့ ဦးနှောက်ဉာဏ်မျိုး ရှိကြမှာပါ ။ အခုလို လူမြင်ကွင်းမှာ တော်သလင်းဇာတ်ခင်းတော့မယောင် လုပ်ရပ်မျိုးတွေ ၊ ဘယ်လောက်များ များနေကြပြီလဲ ။ မိမိကိုယ်တိုင်က မရှက်တတ်လျှင်တောင် ၊ ပါ့ဘလစ်နေရာမျိုးတော့ ဆင်ခြင်သင့်တာပေါ့ ။ ဘုန်းကြီးတွေ ၊ သီလရှင်တွေ အပါဝင် တခြားသော ဘာသာက သာသနာ့ဝန်ထမ်းတွေလည်း ဒီလိုကားပေါ် ပါလာတတ်၊ စီးနင်းတတ်ကြတယ် ။ ကိုယ့်ရဲ့ အပြူမူကြောင့် အမြင်ရိုင်းသွားတယ် ၊ စိတ်အနှောက်ယှက်ဖြစ်သွားခဲ့မယ်ဆိုလျှင် ….. ဒါပတ်ဝန်းကျင်ကို အနှောက်ယှက်ပေးတာပဲလို့ ကျွန်မယူဆပါတယ် ။

 

တိရိစာ္ဆန်အချို့တောင် ရှက်ရ ကြောက်ရကောင်းမှန်း သိပေမယ့် ၊ လူသား စစ်စစ်တွေက အရှက်တရားပျောက်ပြီး အသိဉာဏ်နည်းနည်းလာတာ ၊ကမာ္ဘဦးကတည်းက ကြိမ်စာတိုက်ခဲ့လို့များလားပဲ …. ။ တွေးရင်းတောင် မဝံ့မရဲနဲ့ စိတ်တွေမွမ်းကြပ်လို့လာပါတယ် … ။ ကျွန်မတို့ရဲ့ ဂျန်နရေးရှင်းတွေ ခေတ်များရောက်လျှင် …. ဒီထက်ဆိုးတဲ့ မြင်ကွင်းမျိုးများ ကြုံလာလေမလားလို့ …….. တွေရင်း တွေးရင်း ….  စိတ်မောမိပါတယ် ။ကိုယ်တိုင်တောင် ဘယ်ခေတ်မှာများ ကျန်ခဲ့ပြီလဲဆိုတဲ့ အတွေးမျိုးလည်း ဖြစ်မိပါတယ် ။

 

စာဖတ်သူနဲ့ ရွာသူားအားလုံးလည်း မိမိရဲ့ ကိုယ်ကျင့်သိက္ခာ ၊ တန်ဖိုးနဲ့ စောင့်ထိန်းအပ်ရာတွေကို အလေးထားတတ်ကြပါစေလို့ ဆုတောင်းပေးပါတယ် ။ ။

57 comments

  • ဘဲဥ

    July 23, 2012 at 4:21 pm

    ကျိသောသူမြင်အိ 😆

  • ဆယာလေး ( အော်စကာ ) အထီး

    July 23, 2012 at 4:23 pm

    မြင်သောသူ အတုခိုးအိ 😆

    • water-melon

      July 23, 2012 at 5:30 pm

      အပေါ်က နှစ်ယောက်အစား
      ကျိသောသူမြင်အိ
      မြင်သောသူ အတုခိုးအိ
      ခိုးသောလူ အင်တာနက်ပေါ်ရောက်၏
      အဟီ

      • မမ အညာသူ

        July 24, 2012 at 11:29 am

        အင်တာနက်ပေါ်ရောက်သောသူ Q ၏
        Q သောသူသည် ကိုဖရဲလေးများဖြစ်နေလေရော့သလား
        စတာနော် အတည်

  • မိုးမှောင်

    July 23, 2012 at 4:26 pm

    တိန်
    မသိသူကျော်သွား – သိသူဖေါ်စား 😛
    ( နောက်မိပါသည် ၊ ခွင့်လွှတ်ပေးပါ )

  • ster

    July 23, 2012 at 4:46 pm

    copy လုပ်တာ တခြားကောင်းတာလေးတွေ ရွေးပြီး copy လုပ်သင်.တာ၊
    မဟုတ်တာတွေပဲ ရွေးပြီး လုပ်နေကြတယ်၊
    ငယ်ငယ်လေးတွေနဲ. အဲဒါမျိုးပုံစံတွေ နေရာတော်တော်များများမှာ တွေ.နေရတာ ရင်လေးစရာပါ၊

  • နေ ့သစ်/ ဘဝသစ်

    July 23, 2012 at 4:57 pm

    ယိုသူမရှက် မြင်သူရှက်၏။

  • P chogyi

    July 23, 2012 at 5:23 pm

    ”စာဖတ်သူနဲ့ ရွာသူားအားလုံးလည်း မိမိရဲ့ ကိုယ်ကျင့်သိက္ခာ ၊ တန်ဖိုးနဲ့ စောင့်ထိန်းအပ်ရာတွေကို အလေးထားတတ်ကြပါစေလို့ ဆုတောင်းပေးပါတယ် ။ ”
    ရွာထဲကလူတွေကို ဆွဲမထည့်နဲ့လေ

  • water-melon

    July 23, 2012 at 5:27 pm

    ကောင်လေးကိုယ်က ကောင်မလေးဘက်ကို ခြောက်ဆယ် ဒီဂရီလောက်စောင်းတွဲမှီခိုပြီး …. သူရဲ့ လက်က သူမရဲ့ ပခုံးထက်ကနေကျော်လွန်ကာ ချိုင်းအောက်ကို လျှိုဝင်ပြီး ဖက်ထားပါတယ် ။ ကားယိုင်လျှင် ကောင်မလေး စောင်းကျမသွားအောင် တွယ်ကပ်ထားသယောင်ယောင်တူပါတယ် ။(ဘာကိုင်ထားတာလဲဆိုတာတော့ ကာယကံရှင်တွေပဲ အသိဆုံးပါ … ပြောရမှာတောင် ရှက်လွန်းလို ့ပါ…ကိုယ့်ဘာသာကိုယ်စဉ်းစားကြပါကုန် … ) ကိုအကြိုက်ဆုံးပါ
    အဟီ
    တော်တော်ဆိုးနေပြီရန်ကုန်က
    နောက်ဆို ကားပေါ်မှာတင် အမလေး မတွေးဝံစရာဘဲ

    • ဘဲဥ

      July 23, 2012 at 5:53 pm

      မျက်စိထဲကို ကွက်ကွက်ကွင်းကွင်းပေါ်လာဒယ် ဟီးဟီး
      ဘာကိုင်ထားလဲသိချင်ပြောပြမယ် အဲ့ဒါ……………
      လိမ္မော်သီး :mrgreen:

      • water-melon

        July 23, 2012 at 6:10 pm

        အဲ့လိမ္မော်သီးက ခွာစားလို့ရလားဟင် :mrgreen:

      • အရင့်ရောင်

        July 23, 2012 at 6:37 pm

        ကိုဘဲဥရေ့………..
        ကိုင်ထားတာ လိမ္မော် သီးမဟုတ်ပါဘူးဆို
        အဲဒီအဖြေ ကျွန်တော် ဟြေမယ်
        ဝမ့်ဝမ့်……..

  • မွန်မွန်

    July 23, 2012 at 5:59 pm

    အစ်မရေ..တစ်ခါသား ကြုံဖူးတယ်။ ကားပေါ်မှာတော့ မဟုတ်ပါဘူး။ အင်းလျားမှာပါ။ အင်းလျားမီးပွိုင့်ထိပ်၊ ကန်ပေါင်ပေါ်တက်တဲ့ လှေကားမရောက်ခင်မှာ သစ်ပင်လေးတွေနဲ့ နေရာရှိတယ်လေ။ အင်းလျားလမ်းမဘက်ရောက်တဲ့နေရာမှာဆို ကွင်းပြင်လို ဖြစ်နေပါတယ်။ (အဲဒီအချိန်တုန်းကပေါ့။ ခုတော့ မသိဘူး။)။ မွန်မွန်တို့ သူငယ်ချင်းနှစ်ယောက် မုန့်စားပြီး ချင်းမိုင် ဆိုင်ဘေးလမ်းက ပြန်ဆင်းလာတာ။ ဟာ..ကနဲဆိုပြီး သူငယ်ချင်းကောင်မလေးက ဖြစ်သွားတော့ မွန်မွန်လည်း ချက်ချင်းဆိုသလို ကြည့်မိလိုက်တာ… ကောင်မလေးက ဘေးတစ်စောင်းလေး လှဲပြီးတော့ မျက်နှာလေးကို မော့ထားတယ်။ ကောင်လေးက ကောင်မလေးပေါ်ကို ယိုင်ပြီးတော့ မျက်နှာချင်းက ထိတော့မယ်။ သူတို့ ထီးကွယ်ထားတာက ဟိုဘက်ကို။ လမ်းဘက်ကကြည့်ရင် အတိုင်းသား။ မွန်မွန်တို့နှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မျက်လုံးအပြူးသား။ သူတို့ကတော့ လှည့်ကြည့်ပြီး ခပ်တည်တည်ပဲ….
    တစ်ခါသားတော့ အဲဒီလို ကြုံဖူးတယ် အစ်မရေ…ဒါပေမယ့် အစ်မကြုံရတာကတော့ တော့်တော့်ကို ဆိုးဆိုးဝါးဝါးပဲ။
    ရွာထဲကလူတွေကတော့ စာဖတ်ပြီး အသိဉာဏ်ရှိတဲ့သူတွေ ဖြစ်တဲ့အတွက် ဒီလိုအမှားမျိုးတွေကိုတော့ လုပ်မယ့်လူတွေ မဟုတ်ဘူးလို့ ထင်ပါတယ် အစ်မ။

  • manawphyulay

    July 23, 2012 at 6:18 pm

    ဒါတွေက နောက်ပိုင်းမှာ မြင်တွေ့ရတာ အတော်များလာတယ်။ ထိုင်ခုံရတဲ့သူက တစ်မျိုး မရတဲ့သူကျတော့လည်း မတ်တတ်ရပ်နဲ့မို့ တစ်မျိုး… မြင်တွေ့တဲ့သူတွေက မမြင်ချင်ယောင်ဆောင်နေပါလို့တောင် ပြောချင်မိတော့တယ်။ အတော့်ကို ကိုယ်ကျင့်တရားတွေ မကောင်းတာတော့ အလွန်စိတ်မကောင်းစရာပါပဲ။ တစ်ခါတလေ ထိုင်ခုံတောင် ပြောင်းထိုင်မိတဲ့အထိပါပဲ။ တချို့က အသက်အရွယ်ငယ်ငယ်တွေ မဟုတ်ကြတော့ဘူး။ လူမြင်ကွင်းမှာ ပြောတဲ့သူပဲ အလွန်ဖြစ်မယ်။

    ဒါနဲ့ ညီမလေးရေ တိရစ္ဆာန်က စာလုံးပေါင်းမှားနေတယ်နော်။ ရ ကောက်ပေါ် လုံးကြီးတင် မတင်ရဘူးလေ….

    • etone

      July 24, 2012 at 10:54 am

      ဟုတ်ကဲ့ အစ်မမနောရေ … တိရစာ္ဆန်ကို နောက်တစ်ခါရေးရင် အမှန်ပြင်လိုက်ပါမယ် ……။

  • သစ် တည်

    July 23, 2012 at 6:24 pm

    သိဘီ သိဘီ
    ဂျိုင်းမွှေး ဟားဟား……

  • နေဝန်းနီ

    July 23, 2012 at 6:28 pm

    အဲဒါတွေကြောင့်….. အွန်လိုင်းပေါ်မှာ မူဗွီ တွေ ပွထနေတာ…။ ရုပ်ရှင်လိုပဲ သဘောထားလိုက်ပါ…….

  • မောင်ပေ

    July 23, 2012 at 6:45 pm

    အော်…
    ငါ့ညီမနဲ ့မှ တည့်တည့်သွားတိုးခဲ့တာကိုး
    ငါ့ညီမ တွေ ့ခဲ့တဲ့ အတွဲဆိုတာ
    တခြားလူတွေမဟုတ်ဘူးကွဲ ့
    ရွာထဲကပျောက်နေတဲ့
    77 နဲ ့ဖြိုး တို ့ဘာကွယ်
    ဟီဟိ
    ဒါနဲ ့..
    ဆကာအမကြီးတွေ စကားကို သေချာနားထောင်ဘာကွယ်
    စာဘယ်လောက်ကောင်းကောင်း
    နားမလည်တတ်ကြဘူးကွဲ ့

  • ညလေး

    July 23, 2012 at 6:54 pm

    အော်……..စာရေးဆရာကြီးတွေပြောသလိုပါပဲလား…….
    အရင်ခေတ်က ဆရာတို.စီးတဲ.မြင်းဟာအထီးမှန်းအမမှန်းမတိကြဝူးတဲ……..
    ခုခေတ်လူငယ်(အားလုံးတော့မပါဝူးနော်)
    တွေကြတော့..သူတို.စီးနေတာဘာကောင်မှန်းကိုမသိတော့တာတဲ…….
    အရှက်ရှိရမယ်မှန်းကို မသိကြတော့တဲ့ခေတ်ကြီးးးး…..

  • ဆိုးပေ ကြီး

    July 23, 2012 at 7:16 pm

    ခ်ခ် ဖတ်ရင်းနဲ့မရိုးမရွတွေ့နေလို့ ကိုယ့်လက်ကိုယ်ကိုယ် ပြန်နမ်းလိုက်တယ် အာဘွားးးးးးးးးးးးးးးးးးး

  • မိုး မင်းသား

    July 23, 2012 at 7:20 pm

    အရှက်တရားဆိုတာ…ဘာလည်းလို ့မေးနေပါဦးမယ်…အိတုန်လေးရေ….

    ကားပေါ်မှာမြင်ရတဲ ့…အတွဲတွေကြောင် ့…မထိတ်သာမလန် ့သာဖြစ်ခဲ ့ရတာတွေ

    ပြောကိုပြောချင်ပါဘူးအေ…လို ့ဒေါ်မြလေး…လေသံနဲ ့ပြောရမလိုဖြစ်နေတယ်လေ…

    ယိုသူမရှက်…မြင်သူရှက်ဆိုတဲ ့ခေတ်ကိုရောက်လေ………..

  • ဘရားသား

    July 23, 2012 at 7:25 pm

    အမယေး ပလုတ်တုတ်
    တယ်မလွယ်တဲ့ ဆိုးပေကြီးပါလား
    ဝေးဝေးရှောင်မှ ဖစ်မယ် ခိခိ

  • မဟာရာဇာ အံစာတုံး

    July 23, 2012 at 7:30 pm

    သူတို့အတွက်တော့
    ဆုတ်ခေတ်ကြီးကို ရောက်သွားတာပေါ့ဗျာ ..

    ဒီလိုမျိုးတွေ ကျနော်လည်း တွေ့ခဲ့ဖူးပါတယ် …
    အချစ်မှာ မျက်စိ မရှိဘူးဆိုတာ မှန်ပေမယ့်
    လူကြားသူကြားမှာ အရှက်တရားတော့ ရှိသင့်ပါတယ်ဗျာ …

    အမအိတုံရေ …
    ဒီပို့စ်အတွက် လက်မလေးတစ်ချောင်း ထောင်သွားပါတယ် ခင်ဗျာ ..

  • အလင်းဆက်

    July 23, 2012 at 8:05 pm

    တားတားက ရည်းစား မရှိဘူး။ ရှိလာရင်တောင်..မမတုန် ပြောတဲ ့ စုံ့တွဲ..လို နေဖြစ်မယ် မထင်ပါဘူး။
    ကားပေါ်မှာ..ရှက်စရာ….

    မမတုန်ရေ..
    အသိပေးး..သတိပေး ပို ့စ်လေးအတွက်ကျေးကျေး

  • surmi

    July 23, 2012 at 9:39 pm

    သူနဲ ့ကျမှ တိုက်တိုက်ဆိုင် ဟဲဟဲ
    ကွန်ဆာဗေးတစ်လို ့ပဲပြောပြော ကျုပ်ကတော ့နဲ နဲလေးမှဒီအပြုအမူကို
    မကြိုက်ဘူး ။ အပျက်မတောင် လူကြားထဲ ဒီလောက်ကဲခွင် ့ပေးမှာမဟုတ်ဘူး
    ဥပဒေပြုပြီးတားသင် ့တယ်
    နောက်မှရုပ်ရှင်ရုံထဲကအကြောင်း ဖွဦးမယ်
    ကျုပ်တို ့အဖိုးကြီးတွေ မမြင်မကမ်းနဲ ့ ချော်လဲရတဲ ့အကြောင်း

  • ဖိုးထောင်

    July 23, 2012 at 11:02 pm

    အဲဒါကြောင့် နောက်တန်းက အန်တီကြီး မြင်ဖူးပါတယ် ဘယ်မှာမှန်းမသိစဉ်းစားနေလို့ သိပ်တောင်ခရီးမရောက်လိုက်ဘူး လက်စသပ်တော့ အန်တီအီးတုံးကိုး… ညွှတ်ညွှတ်ညွှတ်…

  • kai

    July 24, 2012 at 12:47 am

    သာမန်အားဖြင့် ဒီလို scenes တွေက.. ရုပ်ရှင်ထဲမှာပိုက်ဆံပေးကြည့်ရတာ..။ အပြင်မှာ အလကားဆားဗစ်ပေးပြနေတာ.. ဝိုင်းကြည့်ကြပေါ့ကွယ်.. ဒါလေးများ..။ :mrgreen:

    ကလေးတွေမကြည့်သင့်တဲ့အဆင့်ရောက်ရင်တော့.. ကလေးမိဘတွေက.. တရားစွဲပေါ့..။ ကင်မရာထုတ်ရိုက်.. တရားရုံးတင်ပေးလိုက်ပေါ့..
    ကိုယ့်ကလေးက.. အဲဒါကြည့်ပြိး.. ရည်းစားလိုချင်တယ်.. ဖြစ်နေလို့.. အလုပ်ဖျက်ပြီး.. ထိမ်းသိမ်းလိုက်ရတာ.. ၁လအချိန်ကုန်သွားတဲ့အတွက်.. နစ်နာကြေး.. ကျပ် ၅သိန်းရလိုမှုနဲ့..တရားစွဲပေါ့..
    တရား နိုင်မှာပါ.. :mrgreen:

    • etone

      July 24, 2012 at 9:14 am

      ွှအဟီးဟီး … သဂျီးရယ် …. ရုပ်ရှင်ထဲက ရုပ်ရည်မျိုးမရှိတော့လည်း …. ကြည့်ပျော်ရှုပျော်မဖြစ်ဘူးပဲ … ။

      ဒီနိုင်ငံမှာ တရားစွဲလို့ရှိလျှင် … စည်းစိမ်ပြုတ်ခါနီးမှပဲ အမှုပြတ်မယ် … ။ရုံးချိန်းတွေများလွန်းလို့ ….။ လျှော်ကြေးရဖို့တော့ လမ်းမမြင်ဘူး ။ ပ ါးတစ်ချက်တောင်မှ တစ်ထောင်နဲ့ ဇာတ်သိမ်းသွားတာပဲ … အဟိဟိ … 😛

  • htoosan

    July 24, 2012 at 7:31 am

    2012 .. ၂၁ ရာစု … :mrgreen:

  • tharli kar

    July 24, 2012 at 8:06 am

    လူငယ်များ..အရှက်နည်းနေကြသည်…….
    ရှက်တတ်သူများ….မကြည့်ပါနှင့်…….
    အံကြိတ်နေကြသူလည်းပါသည်…….
    ကူ၍ပြောပေးကြပါ……..နေရာများ မရှိနှိုင်ဘူးလား……
    မျက်လုံးကန်းလျှင်…….သက်သာနိုင်သည်……

  • ဦးဦးပါလေရာ

    July 24, 2012 at 8:29 am

    အဲဒါမျိုးကတော့
    ဘယ်သူဘယ်လိုမြင်မြင် ဘယ်သူဘယ်လိုထင်ထင်
    ဂရုမစိုက်ဘူးဂရုစိုက်စရာမလိုဘူးဆိုတဲ့အတွေးအခေါ်မျိုးကို
    ကျင့်သားရအောင် နမူနာပြဖြန့်ဝေပေးရာရောက်ပါတယ်။
    ဒါကြောင့် လူ့အဖွဲ့အစည်းကို ဖျက်ဆီးရာရောက်ပါတယ်။
    တတ်နိုင်သမျှ ဆန့်ကျင်ကန့်ကွက်ရှုတ်ချသင့်ပါတယ်…။

    လက်ရှိမြန်မာနိုင်ငံဥပဒေအရတော့
    လူအများဖြတ်သန်းသွားလာစုဝေးရာနေရာမှာ မတော်မလျှော်ပြုမူခြင်းဖြင့်
    အများပြည်သူကို အနှောက်အယှက်ဖြစ်စေတဲ့ အမှု့နဲ့အရေးယူနိုင်ပါတယ်။
    လူအများကို မဖွယ်မရာလုပ်ပြမှု့
    အရက်မူးပြီး သောင်းကျန်းတဲ့လူကို အရေးယူတဲ့အမှု့မျိုးနဲ့ အတူတူပါပဲ..။
    ရဲအရေးပိုင်တဲ့အမှု့ဖြစ်ပြီး
    ငွေဒါဏ်သော်၎င်း ထောင်ဒါဏ်သော်၎င်း ၊ နှစ်ရပ်လုံးသော်၎င်း ချမှတ်နိုင်ပါတယ်။
    လက်တွေ့မှာတော့ မူးပြီးသောင်းကျန်းတဲ့လူကိုတော့ စခန်းထဲခေါ်ထားပြီး အမူးပြေရင် ပြန်လွှတ်လိုက်တာပါပဲ..။
    ဒီလိုစုံတွဲမျိုးကတော့ မြို့ရွာအာဏာပိုင်တွေက ဆိုဆုံးမပြီး ပြန်လွှတ်ရမှာပါ။
    (တချို့အစ္စလာမ်မစ် နိုင်ငံများမှာဆိုရင်တော့ ထောင်ဆယ်နှစ်လောက်ကျသွားမှာပါ..။)

    လူ့အဖွဲ့အစည်းတခုအတွင်းမှာနေရင်
    အဲဒီလူ့အဖွဲ့အစည်းနဲ့ လိုက်လျှောညီထွေ နေနိုင်ဘို့တော့လိုပါတယ်။
    မနေနိုင်တဲ့သူတွေကို တော့ ပြုပြင်ပေးရပါမယ်..။ လွှတ်ထားလို့မဖြစ်ပါဘူး..။
    မပြုပြင်နိုင်တဲ့သူတွေကိုတော့ အဲဒီလူ့အဖွဲ့အစည်းကိုမဖျက်စီးခင်
    အဲဒီလူ့အဖွဲ့အစည်းရဲ့ပြင်ပကို ရောက်သွားစေလိုက်တာ အကောင်းဆုံးပါပဲ…။
    အဲဒါကတော့ ကွန်ဆာဗေးတစ်ဘိုးအေကြီးဖြစ်တဲ့ ကျုပ်ရဲ့ အမြင်ပါပဲ…။

    • ကြောင်ဝတုတ်

      July 24, 2012 at 9:26 am

      ဦးဦးပါလေရာရေ…
      ကွန်ဆာဗေးတစ်ကြီးလို့မပြောပါဘူးဗျာ…

      သမီးရည်းစားအချင်းချင်းကျေနပ်လို့ ဘာပဲလုပ်လုပ်ပေါ့… နောက်ဆက်တွဲကောင်းကျိုးဆိုးကျိုးကိုသူတို့ကိုယ်တိုင်ပဲတာဝန်ယူကြရမှာပါ…
      နောက်တစ်ခုက Public Area မှာ အများပြည်သူကိုအနှောက်အယှက်ဖြစ်နိုင်တဲ့အပြုအမူမျိုးဆိုရင်တော့ ထိုက်သင့်အလိုအရေးယူရမှာပါ… အရေးလဲယူသင့်ပါတယ်…

      ပြောရင်းပြောရင်းနဲ့ တရားဥပဒေစိုးမိုးရေးဆိုတာကြီးဆီ ရောက်မှန်းမသိရောက်လာပြန်ပြီ…
      တရားဥပဒေစိုးမိုးရေးဆိုတာ သူပုန်မထအောင် မြို့လည်ခေါင်သေနတ်နဲ့မပြစ်ရုံသုံးတာမဟုတ်ပါဘူး…
      နိစ္စဓူဝသွားလာလှုပ်ရှားနေသောနိုင်ငံသားအားလုံး အဆင်ပြေချောမွေ့ပြီး အနှောက်အယှက်ကင်းကင်းနဲ့ သွားလာလှုပ်ရှားဖို့အတွက်ပါ သုံးတယ်ဆိုတာကြီးကိုလဲ ခေါင်းထဲကနေမေ့မထားစေချင်ဘူးကွယ်…

      ထီးအောက်တွင်ငြိမ်သက်နေသူ-
      ကြောင်ဝတုတ်

  • ko khin kha

    July 24, 2012 at 9:25 am

    မန်းမြို့က ဒိုင်မွန်းပလာဇာဆိုတဲ့ ရှော့ပင်းမောကြီးကို တစ်ခါကျွန်တော် လျှောက်ကြည်ပြီး စက်လှေကားနဲ့ဆင်းနေတုံး တဖက်က စက်လှေကားနဲ့တက်လာတဲ့ လူငယ်စုံတွဲတစ်တွဲကို အတက်အဆင်းမျက်နှာချင်းဆိုင်မျိုးမို့ ကြည့်မိနေတုံးမှာဘဲ သူတို့နှစ်ယောက်က မျက်နှာချင်းနီး၍ နမ်းလိုက်ကြပါရောဗျာ။အဲဒီတော့ အခုလက်ရှိရောက်နေတဲ့ ခေတ်ကဘာခေတ်လဲတော့မသိဘူး မအိတုံရေ။ အဲဒီလိုမျိုးတွေကတော့ ခဏခဏလူုမြင်ကွင်းမှာ တွေ့လာရတာများလာတယ်၊ အရှက်တရားဘဲနည်းလာတာလား၊ ရှက်ရကောင်းမှန် မသိလာကြတာလား၊လွတ်လွတ်လပ်လပ် နေလာကြတာလား၊ သူတို့ကိုမေးကြည့်ရင်တော့ ဒါခေတ်မှီတယ်လို့ဆိုမလားဘဲ၊ ဘာခေတ်ကိုမှီနေတာလဲမပြောတတ်ပေမယ့် နောက်ကြုံခဲ့လို့များရှိရင် ကြည့်ချင်ကြည့်၊ မကြည့်ချင်မျက်နှာလွဲ၍သာနေလိုက်ပါ မအိတုံရေ လို့ဘဲအကြံပေးတတ်တော့တယ်ဗျာ။

  • mamanoyar

    July 24, 2012 at 9:32 am

    တကယ်ပါပဲနော် ယိုသူမရှက် မြင်သူရှက်

  • နွယ်ပင်

    July 24, 2012 at 9:33 am

    etone ရေ ရေးပြထားတာ တကယ့်ကို ကွက်ကွက်ကွင်းကွင်းပါပဲ
    ကိုယ်ကိုတိုင်အပြင်မှာ မြင်နေရတယ်လို့တောင် ထင်ရတယ် ..
    အခုတစ်လော ဒီလို အဖြစ်ပျက်မျိုး ဆန်ဆန် နွယ်ပင်လည်း အပြင်မှာ
    ခဏခဏ မြင်ဖူးလာတယ် . နောက်တွေ့လိုက်တိုင်းလည်း ကလေးသာသာ
    စုံတွဲလေးတွေချည်းပဲ .. ဒီကလေးတွေများ ဘာကို အတုယူစရာရှားလို့
    ဒီလိုအပြုအမူတွေကို လူမြင်ကွင်းမှာ လုပ်ပြရဲတဲ့အထိ သတ္တိတွေကောင်းနေရတာလည်း
    ဆိုပြီး အကြိမ်ကြီမ်လဲတွေးမိတယ် .. တစ်ခါကများ ကားပေါ်အဲလို သောင်းကျန်းနေတဲ့
    အတွဲကို ပေါ်တင်သွားကြည့်တဲ့ လူတစ်ယောက်ကိုလည်းတွေ့ခဲ့တယ် အဲတာကို အကြည့်ခံရတဲ့
    စုံတွဲက ကောင်လေးက ဘာကြည့်တာလဲ ဘာညာဆိုပြီး ပြသာနာရှာတော့ ဟိုလူက
    ဘာပြန်ပြောလိုက်တယ်မှတ်လဲ အကြည့်ခံရမှာ မရှက်လို့ လူမြင်ကွင်းမှာ ဒါမျိုးလာလုပ်ပြတာ
    မဟုတ်လားတဲ့ ငါကမင်းတို့အတွက် ကြည့်ပေးတာတဲ့လေ … ကဲကောင်းရော …

  • ဂဂျီဂဂျောင် ပျိုတို့မောင်

    July 24, 2012 at 10:51 am

    အော် အေ သဂျီးပြောသလိုပါပဲ အလဂါးလာပြတာ ပိုက်ပိုက်ပေးရဘူးလေ
    ကြည့်စေချင်လို့ လုပ်ပြနေတာလဲ ဖြစ်ချင်ဖြစ်မှာ

  • Solid_Sn@ke

    July 24, 2012 at 10:57 am

    ဟုတ်…အဲ့နေ့က ဘတ်စကားစီးတာ ကျနော်ပါ…
    ဘေးကတော့ ..ဟို မေးဇိ အကွဲလေးပါ….
    ခုခိခုခိ
    :mrgreen:
    😳

    နောက်ကို ဆင်ဂျင်ပါ့မယ်ခည…

    • pan pan chit

      July 24, 2012 at 1:14 pm

      အဲ့မေးကွဲလေးကို ခုထိသံယောဇဉ်မပြတ်သေးဘူးလား ဟိဟိ 😆

      မမတုံရေ…ဘတ်စ်ကားပေါ်မှာပဲလားဆိုတော့ ဟုတ်ဘူးဂျ
      အနော်တို့ ကျောင်းတက်တုန်းကရော ကျောင်းမှာတချို့အဲ့လို
      ချဉ်ဘ 👿 :mrgreen:

      • Solid_Sn@ke

        July 24, 2012 at 1:21 pm

        လာပါအေ ..ဘစ်ဇနက် လေးဘာလေး ဒူးရအောင်…
        ဟို ကိစ္စ … တကယ်ဖြစ်လာပြီ အေ့ …
        ဟုမ်းပေ့ချ် တွေ့မှာပေါ့ …

        ခိုခုနိုင်း နစ်ခေး ခိဂယော တွေ ကို ကျုပ် သိပ်သိပ်စိတ်ဝင်ဇားနေတယ် ဗျာ…
        အခုတလော ..အဲ့ဒါ …ဖတ်လို့ ရှုလို့ရမယ့် နေရာလေး ဝက်ဆိုက်လေးတွေ့ရင်လက်တို့ပါအုံးအေ…

        အဲ့ …ထိပ်က ကိစ္စလေးလည်း လက်တို့ပေးပါအုံး ..နီးစပ်ရာကို..
        အိုနဲဂိုင်း..

        • pan pan chit

          July 24, 2012 at 3:11 pm

          တို့လို့ရတဲ့တစ်ယောက်တော့ တို့ပြီးပြီ
          ရွာထဲကလူတွေကိုပါ တို့ရအုံးမလား
          ဒါနဲ့ ခိုခုနိုင်းက နောက်ပိုင်းတော်တော်များတော့မယ်နော် ကိုဂီ
          အင်း….စလုံးကလူတွေ ပြည်တော်ပြန်ကြမလားမသိ 🙄
          အနော်တော့ လခလေးတိုးရရင်ရတော့ရှယ်၊ မရရင်လည်း ယောက်ျားယူပြီး အငြိမ်းစားလုပ်မလားလို့ ဟိ :mrgreen:

        • Solid_Sn@ke

          July 24, 2012 at 3:20 pm

          လခတွေ တိုးလိမ့်မယ် ပန်ပန်ရေ…
          (ဘယ်သူမှ မကြားအောင် တိုးတိုး …လေး အော်ပြောသွားပါသည်)

          နိုင်ဂျံဂါး သွားတယ်ဆိုတဲ့ ခေတ်က တဖြည်းဖြည်း ကောလာတော့မှာပါအေ
          ခုတောင် ဘစ်ပလေယာတွေ အတော်လေး လာနေကြပြီကို
          (ညည်းဆို ရရာလောက် ရမှာ နောက်ဆို …)

          ပြည်တော်တွေ ပြန်ကြမှာ ..မြင်ယောင်မိတယ်…
          (နေရာရရန် မြန်မြန်ကြွ ပါ ဆိုတဲ့ အယူအဆကလည်း ရှိ)
          အိမ်ထောင်ပြုသင့် ပြုနိုင် တဲ့အရွယ်တွေလည်း ရောက်လာကြပြီ
          မဟုတ်လား…. (ရမယ်ရှာပြန်ဘီ..)

          အူးဂီ ကတော့ မောင်ဂျီး မပြန်နိုင်ဖြစ်နေပါဘီ ကွယ်…
          ကတောက် … အသည်းနာပြန်ဘီ…

        • pan pan chit

          July 24, 2012 at 4:12 pm

          ပွားသာပွားနေရတာ
          မမတုံကိုလည်းကြောက်ရသေး
          သူ့ပို့စ်မှာ ပို့စ်နဲ့မဆိုင်တာတွေ လာအာနေလို့
          တော်ကြာ လည်ပင်းလာညှစ်နေမှ ဒွတ်ခ ဟင့် 🙁
          :mrgreen:

  • မောင်ဘလိူင်

    July 24, 2012 at 12:38 pm

    Singapore မှာလို ကို့ယို့ကားယား လုပ်တဲ့လူတွေအတွက Stomp Site ဆိုတာမျိုး
    ဗမာပြည်မှာလည်း လုပ်ရမလို ဖြစ်နေပြီ။ “http://singaporeseen.stomp.com.sg”

  • snow white

    July 24, 2012 at 12:58 pm

    သူတို့တောင်အရှက်မရှိတာ ဓာတ်ပုံရိုက်ယူလာပြီးအင်တာနက်ပေါ်တင် ပြစ်လိုက် ပြီးရောမှတ်လောက်သားလောက်အောင်။။။

  • ကိုရင်စည်သူ

    July 24, 2012 at 1:49 pm

    မအိတုန်ကြီး တွေ့လိုက်တာ ကိုရင် မသွားခင်တစ်ရက်က
    သူလေးနဲ့ အတူဘတ်စ်ကားစီးပြီး တိုင်းရင်းသားကျေးရွာသွားတုန်း တွေ့လိုက်ဒါဖြစ်မယ်.. အဟိ.. 😉 😀 ခွိ
    သူလေးကတော့ အခု အူအတက်ပေါက်ပြီး ဆေးရုံတက်နေတဲ့
    သူလေးဖြစ်ပါဒယ် … ဘီသူလဲ သိချင်ရင် ကိုဘလက်ရဲ့ ချိုပေါ့ကျ ဂျူလိုင်မှာ ဖတ်ကြည့်ဘာ.. 😆 😆

    • etone

      July 24, 2012 at 4:16 pm

      ဪ .. ကရင်စည် …. ဟိုကောင်မလေး ဟိုဒင်းဖြစ်တာ … သူ့လက်ချက်ကိုး … အဟိ .. ဟိ 😛

  • Khaing Khaing

    July 24, 2012 at 2:59 pm

    မမတုံ အဲဒါသူများတို့အတွဲလေ ဒါပုံရိုက်တင်ဖို့မစဉ်းစားနဲ့ သွားချီးနဲ့တိုင်ပြောပြီး ဖျက်ပလိုက်မယ် ……. ကိုယ့်ဘာသာ ကိုယ်ခန္ဓာနဲ့ကိုယ်အထိခံတာ တော့အပူလား ………

  • kyeemite

    July 24, 2012 at 3:54 pm

    အင်း..ဘယ်လိုပြောရမလဲမသိ..
    ဒီတော့ လွယ်အောင်မန့်လိုက်မယ် ဒေါ်အီးတုံးရေ..
    ကိုပါလေရာ ပြောတာအပြည့်အဝထောက်ခံပါတယ်..
    အဲဒီ အတိုင်းပဲ ကျုပ်လည်းမန့်ချင်တာ..(အလွယ်လိုက်တာ..)ဟီး..

  • pooch

    July 24, 2012 at 4:11 pm

    တုန်တုန် မန်းလေးလာလည်ရင် ညနေဖက် ကျုံးဘေး လမ်းလျှောက်ခေါ်အုန်းမယ်။
    ဒီလောက်ကတော့ ပျင်းတောင် ပျင်းသေးတယ် ဆိုတာ ဖြစ်သွားလိမ့်မယ် ညီမရေ။ :mrgreen:
    တခါ တခါ ကိုယ်တိုင်လည်း တွေးမိတယ် ငါကပဲ ခေတ်မမှီတော့တာလား ဆိုပြီး။

    တခါကလည်း လမ်းမှာ တွေ့ဖူးတယ် ။ ဆိုင်ကယ်စီးလာတာ အတွဲ နေ့ခင်းကြောင်တောင်ကြီး သုဓမ္မာ ဇရပ်တန်း ဘက် ကျုံးဘေးမှာ။ နောက်ကထိုင်လို်က်တဲ့ ကောင်လေးက ရှေ့က မောင်းတဲ့ ကောင်မလေးရဲ့ လိမ္မော်သီး ၂ လုံးကို အားရပါးရ ကိုင်လိုက်လာတာ။

    ဘာပြောကောင်းမလဲ လမ်း ဟိုဘက်ကနေ ဒီဘက် လမ်းလယ်ကျွန်းကွေ့ကနေ ကွေ့ချပြီး မောင်းလာတဲ့ သူငယ်ချင်းက နောက်ကနေ လိုက်ပြီး ကားဟွန်းကို အကျယ်ကြီး အရှည်ကြီး ဆွဲတီးပြီး မောင်းပြေးခဲ့ကြတာ။ သူကလည်း ဒါမျိုးဆို နည်းနည်းမှ သီးခံကြည့်တတ်တဲ့ အပျိုကြီး မဟုတ်ဖူးရယ် ။ ကိုယ့်ထက်ဆိုးတယ်။ :mrgreen:

  • Kyithur Tun

    July 24, 2012 at 5:18 pm

    ဘတ်စ်ကားပေါ်ဆိုတာ အများပြည်သူတိုင်းစီးနင်တဲ ့နေရာမှာတောင်ဒီလိုဖြစ်နေတယ်ဆိုရင်
    တော်တော်ကိုအခြေအနေဆိုးနေပါပြီ….သူတို ့တွေရှက်ရကောင်းမှန်းကောသိကြသေးလားမသိပါဘူး….
    ဘတ်စ်ကားပေါ်တောင်မျက်လုံမှိတ်ရမလို ပဲ………

  • ကြောင်လေး

    July 24, 2012 at 11:04 pm

    “အခုလို လူမြင်ကွင်းမှာ တော်သလင်းဇာတ်ခင်းတော့မယောင် လုပ်ရပ်မျိုးတွေ”

    ဒေါ်အိတုန်ရယ် ညည်းတို့ ကလေ၊
    လူတွေ အကြောင်းပြောရင် ပြောဂျပါ၊
    အားအားရှိ တော်သလင်းတို့ ပြာသိုတို့ထည့်ထည့်ပြီး တိရစ္ဆာန်တွေရဲ့လတွေကိုပြောပြီးစော်ဒဂါးနေဂျဒယ်။
    ဒါဂြောင့် ကိုရွှေ တိရစ္ဆာန်တို့ က အချိန်တွေပြောင်းပြီး ကျုပ်အိမ်အောက်မှာ အခု ခွေးလေးတွေပေါက်နေပြီ။ မရုံရင် ဒါ့ပုံရိုက်တင်ပေးလိုက်မယ်။ ပြာသို ဂိုဏ်း လို့ပြောတဲ့ကျုပ်တို့ကြောင်တွေတောင် အခုကတည်းက လှုပ်ရှားနေကြတာ တခွီးခွီးနဲ့ ဖြစ်နေပြီ၊ မသိဂျဘူးလား၊ မရုံရင် ဦးကြောင်ဂျီးမေးဂျိ၊
    လက်တွေ့နော်၊ကြုံဖူးသူများ ရှိလိမ့်မယ်။

  • padonmar

    July 24, 2012 at 11:37 pm

    တုံတုံလေးရေ
    ဒါမျိုးတွေမကြိုက်ပါဘူးပြောရင် အပျိုကြီးတွေမို့လို့ ပြောကြမယ်။
    အန်တီတို့ ငယ်ငယ်က ဖတ်ရတဲ့ စာအုပ်တွေ(ဂျာနယ်ကျော်မမလေးရဲ့သူမ ကစလို့ ၊ယုဝတီခင်စိန်လှိုင် ၊ခင်ဆွေဦး၊ခင်နှင်းယု ဝတ္ထုတွေ အပါအဝင် မိန်းကလေးပီပီသသနေတဲ့ ဇာတ်လိုက်မင်းသမီး။စိတ်ဓာတ်ကြံ့ခိုင်တဲ့ မင်းသမီး ဆိုတာမျိုးတွေဖတ်ခဲ့ အားကျခဲ့ရတယ်။
    ယောကျာင်္းလေးတွေဖက်ကလည်း ဗိုလ်ချုပ်အောင်ဆန်းအထ္ထုပတ္တိကစ ရွှေဥဒေါင်းရဲ့ ဇာတ်လိုက် ဇော်ဝိတ်၊မင်းသိင်္ခရဲ့ ဆားပုလင်းနှင်းမောင်၊စနေမောင်မောင် တွေဟာ ယောကျင်္ားပီပီ ရဲရင့်တဲ့ အနစ်နာခံတတ်တဲ့ မိန်းမသားတွေပေါ်ညှာတာတဲ့ အသားမယူတတ်တဲ့ တကယ့် ကို အားကျစရာတွေပါ)
    အဲဒီတော့ ကိုယ်လေးစားအားကျရတဲ့သူလို လိုက်ပြုမူနေထိုင်ကြတာပေါ့။
    ခုခေတ် ကလေးတွေက ဒါမျိုးစာပေတွေ မှောင်ချခံထားရတော့ အခုလိုအပြုအမူတွေရှိတာ မဆန်းဘူးလို့ ပြောချင်ပါတယ်။
    ဒါတွေပျောက်စေချင်ရင် အားကျအတုယူဖွယ် စံပြတွေအကြောင်း မီဒီယာတွေမှာ ပျံ့နှံ့စေရပါမယ်။

  • ကြောင်ကြီး

    July 28, 2012 at 11:35 am

    အနမ်းများ
    ဆန်းပြား
    လွမ်းသား
    စွမ်းအား
    ဝမ်းသွား
    ပန်းဖျား။

Leave a Reply