Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘာသာတရား (၄)မျိုး

ကိုပါႀကီးJuly 25, 20121min4029

လောကမှာ ဘာသာတရား (၄) မျိုးရှိပါတယ်၊ အဲဒါတွေကတော့……

၁။ သဘာဝဘာသာတရား
၂။စနစ်ဇယားရှိတဲ့ ဘာသာတရား
၃။ဖွင့်ဆိုရှင်းပြ ဘာသာတရား
၄။အဖွဲ ့အစည်းသဏ္ဏာန် ဘာသာတရားတွေပဲ ဖြစ်ပါတယ်။

(၁) သဘာဝဘာသာတရား

သမိုင်းမတင်မီကာလက ကျောက်ခေတ်လူသားတွေဟာ စိုးရိမ်ကြောက်ရွံ ့မှု့တွေနဲ ့ နေကြရပါတယ်၊ သူတို ့တတွေဟာ ရှင်းပြလို့မရတဲ့ နားမလည်နိုင်တဲ့ သဘာဝဖြစ်စဉ်တွေ သူတု့ိဝန်းကျင်မှာ ရှိနေလို့ပါပဲ၊ စိုးရိမ်ကြောက်ရွံ့မှု့ဆိုတာ သဘာဝရဲ့သဘောတရားတွေကို နားမလည်နိုင်မှု့က လာတာပါ၊ ကြောက်ရွံ့မှု့ဟာ တကယ်တော့ စိတ်ရဲ့အခြေအနေပါပဲ၊ ရှေးခေတ်လူသားတွေဟာ သဘာဝတရားတွေ သဘာဝဖြစ်စဉ်ရဲ့ အမှန်တရားတွေနဲ့ အခြား ဖြစ်စဉ်တွေကို နားမလည်နိုင်တဲ့အခါ လူသားဟာ အဲဒါတွေရဲ့နောက်ကွယ်မှာ ဘုရားသခင် သို့မဟုတ် သဘာဝလွန်တန်ခိုးရှင်တွေ ရှိနေလိမ့်မယ်လို့ ယုံကြည်လာပါတယ်၊
ဥပမာ အပူအအေးလွန်ကဲတဲ့ရာသီဥတုတွေဖြစ်တာ နေကြတ်တာ လျှပ်စီးလက်တာ မိုးကြိုးပစ်တာ မိုးကြီးရွာတာ သက်တံ့ပေါ်တာ မီးတောင်ပေါက်ကွဲတာ ရေကြီးတာ မိုးခေါင်တာနဲ့ အခြား နားလည်ရခက်တဲ့ အဖြစ်အပျက်တွေဖြစ်တာတွေရဲ့ နောက်ကွယ်မှာပေါ့၊ အဲဒီအဖြစ်အပျက်တွေဟာ သဘာဝလွန် တန်ခိုးရှင်တွေရဲ့လက်ချက်လို့ လူသားဟာတွေးထင်လာပါတယ်၊ ဒါ့အပြင် သူတို့ရဲ့ ငြိမ်းအေးတဲ့ ဘဝတွေတည်ဆောက်ဖို့ တန်ခိုးရှင်တွေကို ဖြေသိမ့်ရမယ်လို့လည်းတွေးမြင်လာပါတယ်၊ ဒီလိုနဲ့ လူသားဟာ သူတို့ အသက်ရှင်ရပ်တည်ဖို့နဲ့ သူတပါးအပေါ် ဩဇာရှိဖို့ တန်ခိုးရှင်တွေကို စတင်ကိုးကွယ်ကြပါတော့တယ်၊ အချိန်တွေကြာလာတာနဲ့အမျှ အဲဒီအလေ့အကျင့်တွေ ယုံကြည်မှု့တွေဟာ ဘာသာရေး ဆုတောင်းမှု့အသွင်ပြောင်းလွဲလာပြီး ”သဘာဝဘာသာတရား”ဆိုတာ ဖြစ်ပေါ်လာတာပါပဲ။

၂။စနစ်ဇယားရှိတဲ့ ဘာသာတရား

ဘာသာတရားတွေ မပေါ်ပေါက်ခင်ကတည်းက လူသားတွေမှာ လူသားဆန်တဲ့ စည်းကမ်းတွေ ရှိခဲ့ကြပါတယ်၊ အခုခေတ်လိုမျိုး ဘာသာတရားတွေတော့ မရှိဘူးပေါ့၊ အဲဒီ သူတို့ရဲ့ မွေးရာပါ လူ့အရည်အသွေးနဲ့ ကိုယ်ကျင့်တရားတွေကို တိုးတက်အောင်လုပ်ကြယင်း လူသားတွေဟာ ကောင်းမွန်တဲ့အလေ့အကျင့်တွေကို တည်ဆောက်နိုင်ခဲ့ကြပါတယ်၊ သူတို့ရဲ့တွေးခေါ် မြှော်မြင်မှု့တွေနဲ့အတူ သူတို့နေထိုင်ရာ အဖွဲ့အစည်းကို အုပ်ချုပ်ဖို့ ကိုယ်ကျင့်တရားဆိုင်ရာ ဥပဒေသတွေကို တိုးတက်စေခဲ့ပါတယ်၊ လူသားတွေဟာ သူတို့ရဲ့မွေးရာပါ ဟိရီ (မကောင်းမှု့ လုပ်ရမှာရှက်မှု့) ဩတ္တပ္ပ (မကောင်းမှု့ လုပ်ရမှာကြောက်မှု့) တရားတွေက သူတု့ိကိုလမ်းညွန်နိုင်ခဲ့ပါတယ်၊ အဲဒီ ဟိရီ ဩတ္တပ္ပတရားတွေနဲ့ပဲ လူသားဟာ အတ္တ ပရမျှတဖို့အတွက် ဘဝတွေကို ပုံဖေါ်နိုင်ခဲ့ကြပါတယ်၊ အဲဒီ ကိုယ်ကျင့်တရားဆိုင်ရာ ဥပဒေသတွေနဲ့ ယုံကြည်မှု့တွေဟာ တဖြည်းဖြည်းနဲ့ ဘသာတရားအသွင်ပြောင်းလာခဲ့ပါတယ်။

၃။ဖွင့်ဆိုရှင်းပြ ဘာသာတရား

ဒါကတော့ တမာန်တော် သို့မဟုတ် ပရောဖက်တွေကတဆင့် တန်ခိုးရှင်တွေရဲ့ သတင်းစကားတွေကို အခြေခံပါတယ်၊ ပညတ်တော်တွေ ဘာသာတရားဆိုင်ရာ ဥပဒေတွေပေါ့၊ သူရဲ့နောက်ပါတွေကတော့ ဘုရားသခင်ရဲ့ ဖွင့်ဆိုရှင်းပြထားတဲ့ ဒီသတင်းစကားတွေဟာ သူတို့ရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ လူမှု့ရေးဆိုင်ရာ အခြေခံ အမူအကျင့်တွေအဖြစ် အပြည့်အဝ ယုံကြည်ကြပါတယ်။

၄။အဖွဲ့အစည်းသဏ္ဏာန် ဘာသာတရားတွေပဲ ဖြစ်ပါတယ်

အခြားအဖွဲ့အစည်းတွေမှာတော့ လူသားဟာ ဘာသာတရားဆိုင်ရာ ဘဝနေနည်းတွေကို အစပျိုးလုပ်ဆောင်ကြတယ်၊ စိတ်ပညာ ဒဿနပညာ စာရိတ္တနဲ့ ကိုယ်ကျင့်တရားဆိုင်ရာ စည်းကမ်းတွေကို ပြုကျင့်ကြရင်းပေါ့၊ ဒီစီမံချက်တွေနဲ့ အမူအကျင့်ကောင်းတွေ လူ့သန္တာန်မှာ ဆက်ရှိနေဖု့ိအတွက် ဥပဒေတွေကို ထပ်ပြီးပြဋ္ဌာန်းလာကြတယ်၊ လူသားအရည်အသွေးတွေ တိုးတက်လာဖို့ ငြိမ်းချမ်းတဲ့ ဘဝတွေတည်ဆောက်ဖို့၊ ပြီး… လောကမှာ သူတို့ ကြုံတွေ့နေရတဲ့ များပြားလှတဲ့ ပြဿနာတွေ ပျက်စီးဆုံးရှုံးမှု့ကြီးတွေ အတားအဆီးတွေကို ဖြေရှင်းနိုင်ကြဖို့ပေါ့၊ နောက်ပိုင်းမှာတော့ ဒါတွေဟာ ပုံစံပြောင်းလာခဲ့ပြီး စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမှု့ကြောင့် အဖွဲ့အစည်းသဏ္ဏာန်ဘာသာတရား ဖြစ်လာပါတော့တယ်။

ထင်ရှားတဲ့ ထိုင်းရဟန်းတော်တစ်ပါးဖြစ်တဲ့ အရှင်ဗုဒ္ဓဒါသ ကတော့ ဘာသာတရား {Religion} ကို အောက်ပါအတိုင်းဖွင့်ဆိုပြပါတယ်၊
# ယုံကြည်ကိုးကွယ်သူတွေက ကြောက်ရွံ့မှု့ကိုသာ အခြေခံတဲ့ ”သဘာဝလွန်တန်ခိုးပါဝါရှိတဲ့ ဘာသာတရား”
# ယုံကြည်မှု့ ဆုတောင်းမှု့ သက်သက်ကိုသာ အခြေခံတဲ့ ”မျက်ကန်းယုံကြည်မှု့ ဘာသာတရား”
# ကိုယ့်ကိုယ်ကို ကယ်တင်မှု့ဝါဒကို အခြေခံတဲ့ ”ကမ္မဝါဒ (ကံကို ယုံကြည်မှု့) ဘာသာတရား”
# လွတ်လပ်စွာ တွေးခေါ်ဆင်ခြင်မှု့ကို အခြေခံတဲ့ ”ပညာဘာသာတရား”
# မိမိ သူတပါး နှစ်ဦးသားလုံး မညှင်းဆဲမှု့ကို အခြေခံတဲ့ ”ငြိမ်းချမ်းရေး ဘာသာတရား”
# အရာအားလုံးကို ခွင့်လွတ်သည်းခံမှု့ကို အခြေခံတဲ့ ”မေတ္တာ ဘာသာတရား”
များဖြစ်ကြပါသည်။

www.facebook.com

9 comments

  • ပင်လယ် ပျော်

    July 25, 2012 at 5:35 pm

    အခုလို ကျွမ်းကျင်စွာရှင်းပြပေးတဲ့ဘိုးပါကြီးကိုလေးစားပါတယ်…..ဒါပေမဲ့ နားမလည်ပါ…….

  • အရီးခင်လတ်

    July 25, 2012 at 6:03 pm

    Tom Cruise လက်ရှိ ကိုးကွယ် နေတာ Scientology ဆိုဘဲ။
    http://en.wikipedia.org/wiki/Scientology
    သူတို့က ကမ္ဘာထဲ မှာတောင် မဟုတ်ဘူး။ စကြာင်္ဝဠာတွေ၊ ဂြိုလ်သားတွေ တောင်ပါတယ်။
    တကဲ့ နာမယ်ကျော် သူဌေး တွေ မှ အဲဒီ အဖွဲ့ထဲ ဝင်လို့ ရပါတယ်။
    အဲဒီ ဘာသာ ကို ကိုးကွယ်လို့ ရပါတယ်။
    အနုပညာ သမား တွေ အများကြီးပါတယ်။
    http://en.wikipedia.org/wiki/List_of_Scientologists

    လောလောဆယ် တော့ အဲဒီ ဘာသာရေး ကို အခြေပြုပြီး သူတို့ လင်မယား ကွဲပါပြီ။

    စကားအတင်းစပ် လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဘာသာရေး အင်တာဗျူး လေး မျှပေးလို့ ကျေးဇူးပါ ကိုပါကြီးရှင့်။ 🙂

  • ssa

    July 25, 2012 at 8:22 pm

    ကျွန်တော်မှတ်သားသွားပါတယ်ချင်ဗျာ..
    သိပ်ပိးတော့်နားမလည်ဘူးအကို…

  • Gipsy

    July 25, 2012 at 8:37 pm

    ရာစုနှစ်များ တလျောက်မှာ ဗုဒ္ဓဘာသာကို ပြန်ပြီး အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ ပြင်ပ ပုံပန်းသဏ္ဌာန် အနေနဲ့ အမျိုးမျိုး ကွဲပြားနေတယ်လို့ ထင်ရသော်လဲ အားလုံးရဲ့ ဗဟိုချက်မ အနှစ်သာရကတော့ သစ္စာလေးပါး မဂ္ဂင်ရှစ်ပါးပါ …။

  • သန်းထွဋ်ဦး

    July 25, 2012 at 8:49 pm

    ၃။ဖွင့်ဆိုရှင်းပြ ဘာသာတရား
    ဒါကတော့ တမာန်တော် သို့မဟုတ် ပရောဖက်တွေကတဆင့် တန်ခိုးရှင်တွေရဲ့ သတင်းစကားတွေကို အခြေခံပါတယ်၊ ပညတ်တော်တွေ ဘာသာတရားဆိုင်ရာ ဥပဒေတွေပေါ့၊ သူရဲ့နောက်ပါတွေကတော့ ဘုရားသခင်ရဲ့ ဖွင့်ဆိုရှင်းပြထားတဲ့ ဒီသတင်းစကားတွေဟာ သူတို့ရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ လူမှု့ရေးဆိုင်ရာ အခြေခံ အမူအကျင့်တွေအဖြစ် အပြည့်အဝ ယုံကြည်ကြပါတယ်။

  • မိုးတိမ်

    July 25, 2012 at 9:34 pm

    # ယုံကြည်ကိုးကွယ်သူတွေက ကြောက်ရွံ့မှု့ကိုသာ အခြေခံတဲ့ ”သဘာဝလွန်တန်ခိုးပါဝါရှိတဲ့ ဘာသာတရား”
    # ယုံကြည်မှု့ ဆုတောင်းမှု့ သက်သက်ကိုသာ အခြေခံတဲ့ ”မျက်ကန်းယုံကြည်မှု့ ဘာသာတရား”
    # ကိုယ့်ကိုယ်ကို ကယ်တင်မှု့ဝါဒကို အခြေခံတဲ့ ”ကမ္မဝါဒ (ကံကို ယုံကြည်မှု့) ဘာသာတရား”
    # လွတ်လပ်စွာ တွေးခေါ်ဆင်ခြင်မှု့ကို အခြေခံတဲ့ ”ပညာဘာသာတရား”
    # မိမိ သူတပါး နှစ်ဦးသားလုံး မညှင်းဆဲမှု့ကို အခြေခံတဲ့ ”ငြိမ်းချမ်းရေး ဘာသာတရား”
    # အရာအားလုံးကို ခွင့်လွတ်သည်းခံမှု့ကို အခြေခံတဲ့ ”မေတ္တာ ဘာသာတရား”
    များဖြစ်ကြပါသည်။

    ကိုပါကြီးကကော မည်သည့်ဘာသာတရားအား ယုံကြည်ပါသလဲခင်ဗျား။

  • မောင် ဓုဝ

    July 26, 2012 at 7:33 am

    ဤကဲ့သို့ တကူးတက ရှာဖွေတင်ပြပေးလာတဲ့ ကိုပါကြီးအား အထူးကျေးဇူးတင်စွာဖြင့်
    အားပေးကြည့်ရှုရင်း…တွေးတောနေမိပါတော့သည်။

  • နတ် ကလေး

    July 26, 2012 at 2:47 pm

    ဘာသာတရားတွေဆိုတာ ဧကန်ရှိပြီးသားဖြစ်တဲ့ မှန်ကန်တဲ ့ဖြစ်စဉ် နိယမတရားတွေကို အခြေခံကာ တွေးခေါ်သိမြင်လာတဲ့ ကျင့်စဉ် ကျင့်ဝတ်တွေသာဖြစ်တယ် ။မမြင်နိုင် မသိနိုင်တဲ ့အကြောင်း တရားတွေနဲ ့ အမြှောက်တရားတွေ အကြောက်တရားတွေဖြစ်စေကာ လူ တွေ ကို ယဉ်ကျေးလိမ္မာလာအောင်ဘာသာတရား ယုံကြည်မှုတွေက လုပ်ဆောင်တယ်။ဘာသာတရား တစ်ခု ခု အပေါ် ယုံကြည်လိုက်နာသူ ဟာ လူ ဆိုး လူယုတ်မာတစ်ယောက် မဖြစ်နိုင်တော့ဘူး။ဒါကြောင့် ဘာသာတရား တစ်ခုခု ကို ယုံကြည်လိုက်နာ ဖို ့လိုပါတယ် ။

  • aye.kk

    July 26, 2012 at 4:45 pm

    ဗဟုသုတလေးအဖြစ်
    သိထားတာလေးပြောပြချင်မိပါတယ်။
    လူအမျိုးမျိုးသက်ဝင်ယုံကြည်ရာ
    ဗုဒ္ဓဘာသာကိုးကွယ်ကြတာငါးမျိုးရှိပါတယ်။
    ဗုဒ္ဓဘာသာ(၅)မျိုး
    ၁။ထေရဝါဒဗုဒ္ဓဘာသာ
    ၂။ဈင်ဗုဒ္ဓဘာသာ
    ၃။အမိတာဘာဗုဒ္ဓဘာသာ
    ၄။ယောဂါစာရဗုဒ္ဓဘာသာ
    ၅။ဝဇီရယာနဗုဒ္ဓဘာသာ
    ဗုဒ္ဓဘာသာတွေကွဲပြားကြသော်လည်းအနှစ်သာရအားဖြင့်တူညီကြပါတယ်။
    ဆင်းရဲမှလွတ်မြောက်ခြင်း။အားလုံးရဲ ့ဗဟိုချက်မအနှစ်သာရကတော့သစ္စာလေးပါးမဂ္ဂင်ရှစ်ပါးပါဘဲ။။

Leave a Reply