Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဝင့်ပြုံးမြင့် မြန်မာပြန်တဲ့ တိမ်ယံသစ္စာ အပိုင်း ( ၃၃ )

alinsettJuly 25, 20122min2914


”သူက

ကျွန်တော့်ရဲ့ အဖေတူ အမေကွဲညီပါ။ တရားမဝင်အဖေတူအမေကွဲညီ” ဟု

ဖြေလိုက်သည်။

”ကျွန်တော် စပ်စုဖို့ မရည်ရွယ်ပါဘူး ဆပ်”

”ခင်ဗျားစပ်စုတာ မဟုတ်ပါဘူး”

”ဒီကလေးကို ဆပ်ဘာလုပ်မလဲ”

………………………

………………………..
___________________________________________

”ဒီကလေးကို ဆပ်ဘာလုပ်မလဲ”

”ပက်ရှဝါကို ခေါ်သွားမယ်။ ဟိုမှာ ကလေးကိုဂရုစိုက်မယ့်လူတွေ ရှိတယ်”

ဝါဟစ်သည် ကျွန်တော့်ကို ဓာတ်ပုံပြန်ပေးပြီး ကျွန်တော့်ပခုံးပေါ် သူ့

လက်တုတ်တုတ်ကြီးကို တင်ကာ ”ဂုဏ်သိက္ခာကြီးမြတ်လှပါပေတယ် ဆပ်။ ဒါမှ

အာဖဂန်စစ်စစ်” ဟုပြောလိုက်ရာ ကျွန်တော့်မှာ ကြုံ့ဝင်သွားသည်။

”ဆပ် ဒီအိမ်မှာလာတည်းတာ သိပ်ဂုဏ်ယူမိတယ်ဗျာ” ဟု ဝါဟစ်ဆိုသည်။

ကျွန်တော် ကျေးဇူးတင်စကားပြောပြီး ဖာရစ်ဒ်ကို လှမ်းကြည့်လိုက်ရာ

ဖာရစ်ဒ်သည် ယခုတော့ ခေါင်းငုံ့ချထား၍ ကောက်ရိုးဖျာ၏ဖွာထွက်နေသော

အနားစများကို လိမ်ယှက်နေသည်။

အတန်ကြာသော် မာယမ်တို့သားအမိ ဝင်လာသည်။ အငွေ့တထောင်း ထောင်းထနေသော

ဟင်းသီးဟင်းရွက်စွပ်ပြုတ်နှင့် ပေါင်မုန့်နှစ်လုံးယူလာသည်။

”အသားဟင်းမပါလို့ စိတ်မကောင်းပါဘူးဗျာ။ ခုချိန်မှာ အသားဝယ်စားနိုင်တာ

တာလီဘန်တွေပဲရှိတော့တယ်” ဟု ဝါဟစ်ပြောပြသည်။

”ဒါအရမ်းကောင်းပါတယ်ဗျ” ဟု ကျွန်တော်ပြောသည်။ တကယ်လည်း ကောင်းနေသည်။

အတူတူစားကြဖို့ ကလေးတွေနှင့်ဝါဟစ်ကိုခေါ်ရာ သူတို့မိသားစု

စားပြီးပြီဟုဆိုသည်။ ဖာရစ်ဒ်နှင့် ကျွန်တော်သာ အကျႌလက်များလိပ်တင်၍

ပေါင်မုန့်ကို ဟင်းရည်ထဲနှစ်ကာနှစ်ကာ လက်နှင့်စားကြသည်။

စားနေရင်း ဝါဟစ်၏ကလေးများကို သတိထားကြည့်လိုက်ရာ သားကလေး

သုံးယောက်စလုံးပိန်လှသည်။ ပေပေတူးတူးမျက်နှာလေးများ ကျွန်တော့်ဒစ်ဂျစ်တယ်

လက်ပတ်နာရီကို ခိုးကြည့်နေကြသည်။ အငယ်ဆုံးလေးက သူ့အစ်ကိုလေးကို

တိုးတိုးပြောသည်။ အစ်ကိုလေးက မျက်လုံးအကြည့် ကျွန်တော့်လက်ပတ်နာရီမှ

မခွာဘဲ ခေါင်းညိတ်နေသည်။ အကြီးဆုံးလေးက ကျွန်တော့်အထင် အသက်ဆယ့်

နှစ်နှစ်လောက်သာရှိဦးမည်။ သူကလည်း ကျွန်တော့်လက်ပတ်နာရီကို အကြည့်

ကော်ကပ်ထားပြီး ကိုယ်ကိုရှေ့တိုးနောက်ငင် လှုပ်ယိမ်းနေသည်။

ညစာစားပြီး၍ ကျွန်တော်လက်ဆေးပြီးသောခါ ဝါဟစ်အား ကလေးများကို

လက်ဆောင်ပေးချင်ကြောင်း ကျွန်တော်ခွင့်တောင်းသည်။ ကျွန်တော်ထပ်တလဲလဲ

ပြော၍ ဝါဟစ်အင်တင်တင်နှင့် ခေါင်းညိတ်လိုက်ရသည်။ နာရီချွတ်ပြီး အငယ်ဆုံး

ကလေးကိုပေးရာ ကလေးက ”ကျေးဇူးတင်ပါတယ်”ဟု မပွင့်တပွင့်ဆိုသည်။ ကလေး များ

တစ်ယောက်တစ်လှည့်စီ နာရီပတ်ကြသည်။ သို့သော်မကြာခင် စိတ်ဝင်စားမှု

ကုန်ခန်းသွားပြီး ကောက်ရိုးဖျာပေါ်ပစ်တင်လိုက်ကြတော့၏။

——————————

”စောစောထဲက ဆပ်ပြောပြသင့်တာပေါ့” ဟု ဖာရစ်ဒ်ဆိုသည်။ ဝါဟစ်

ဇနီးခင်းပေးသည့် ကောက်ရိုးဖျာပေါ် ကျွန်တော်တို့နှစ်ယောက် ဘေးချင်းယှဉ်လှဲ

နေကြသည်။

”ဘာကိုလဲ”

”အာဖဂန်နစ္စတန်ကိုလာတဲ့ အကြောင်းရင်းလေ”

ဖာရစ်ဒ်အသံသည် အနားသားမကြမ်းဘဲ ချောမွေ့နေသည်။

”ခင်ဗျားမှ မမေးတာ”

”ဆပ်က ပြောပြသင့်တာပေါ့”

”ခင်ဗျားမှ မမေးတာ”

ဖာရစ်ဒ်သည် ကိုယ်ကိုလှိမ့်ပြီး ကျွန်တော်နှင့်မျက်နှာချင်းဆိုင်သည်။

”ဒီကလေးကိုရှာတွေ့ဖို့အတွက် ကျွန်တော်ကူနိုင်မယ်ထင်တယ်”

”ကျေးဇူးပါပဲ ဖာရစ်ဒ်”

”ဟိုထင်ဒီထင် ထင်မိတာ ကျွန်တော့်အမှားပါပဲ”

”စိတ်မပူပါနဲ့။ ခင်ဗျားသိတာထက် ခင်ဗျားပိုမှန်ပါတယ်”

—————————–

သူ့ကိုမျက်လုံးစည်း၍ လက်နောက်ပြန်ကြိုးတုပ်ထားသည်။ ကြမ်းရှသော ကြိုးက

လက်ကောက်ဝတ်အသားထဲ နစ်ဝင်နေသည်အထိ။ ရေသေမြောင်းကလေး နံဘေး လမ်းမပေါ်မှာ

သူဒူးထောက်နေသည်။ ပခုံးနှစ်ဖက်ကြားမှ ဦးခေါင်းသည် ငိုက်စိုက်ကျလျက်။

ယိမ်းထိုး၍ဘုရားရှိခိုးဆုတောင်းနေစဉ် မြေမာမာပေါ် ဒူးများ ပွန်းရိကာ

ဘောင်းဘီသွေးစွန်းနေပြီ။ ရှည်လျားသောသူ့အရိပ် ကျောက်ခင်းလမ်း ပေါ်

ရှေ့တိုးနောက်ငင် … နေညိုသွားချိန်။

သူ့အသံကတိုးတိုးလေး … ကျွန်တော် ချဉ်းကပ်သွားတော့မှ

အဖန်တလဲလဲရွတ်နေသောအသံကို ကြားသည်။ ”မင်းအတွက် ဆိုရင် …

အခေါက်ပေါင်းထောင်ချီသွားပစေ”။ ရှေ့တိုးနောက်ငင် … သူယိမ်း ထိုးနေဆဲ။

မျက်နှာကို သူမော့လိုက်တော့ အပေါ်နှုတ်ခမ်းတွင် ပါးလျသောချုပ်ရိုး

ကြောင်းလေးတစ်ခု။

ကျွန်တော်တို့ချည်းပဲ မဟုတ်။

သေနတ်ပြောင်းဝကို ကျွန်တော်ဦးစွာမြင်သည်။ ထို့နောက်မှ သူ့နောက်တွင်

ရပ်နေသော အရပ်မြင့်မြင့် ဗောင်းထုပ်အနက် စစ်ဝတ်စုံနှင့်လူ။ ထိုလူက

မျက်လုံး စည်းထားသောလူကို ငုံ့ကြည့်လျက်။ ထိုလူ့မျက်လုံးများကတော့

ဘာကိုမှမဖော် ပြ။ ဧရာမလိုဏ်ဂူကြီးလို ဗလာနတ္ထိ။ ထိုလူက

နောက်ခြေတစ်လှမ်းဆုတ်ပြီး သေနတ်ပြောင်းမ’ကာ

ဒူးထောက်နေသူ၏နောက်စေ့ကိုချိန်သည်။ ထိုတဒင်္ဂလေးမှာ ပင် ကျနေရောင်သည်

သတ္တုကို လက်ခနဲအမိဖမ်းလိုက်နိုင်သည်။

နားကွဲလောက်သောအသံဖြင့် ရိုင်ဖယ်သည် ဒိန်းခနဲပေါက်ကွဲသွားသည်။

ယမ်းငွေ့လူနေသော သေနတ်ပြောင်းဝ … ယမ်းငွေ့တို့နောက်မှ မျက်နှာကို

ကျွန်တော်မြင်လိုက်ရသော် … စစ်ဝတ်စုံနှင့်လူမှာ ကျွန်တော်ပဲဖြစ်နေ၏။

———————————

လည်မျိုထဲအသံငင်ပြီး အိပ်ယာမှနိုးလာ၍ ကျွန်တော်အိမ်ပြင်ထွက်လာ ခဲ့သည်။

တစ်ခြမ်းပဲ့ငွေလွှာ … ကြယ်ပွင့်တို့ ဆန်ကာဖောက်ထားသောကောင်းကင် …

အမှောင်ထုထဲမှ ပုရစ်အော်သံ … ခြေဗလာအောက်မှမြေပြင်သည် အေးမြနေ သည်။

သည်လောက်နှစ်တွေကုန်လွန်ခဲ့ပြီးမှ ကျွန်တော်အိမ်ပြန်ရောက်လာခဲ့ပြီ။

ဘိုးဘေးတို့၏မြေပေါ် ကျွန်တော်ရပ်နေပြီ။

ဤမြေသည် ကျွန်တော့်အဖိုး၏အဖေ တတိယမြောက်ဇနီးကိုလက်ထပ်ပြီး

နောက်တစ်နှစ်အကြာတွင် ကာလဝမ်းရောဂါဖြင့် ကွယ်လွန်ခဲ့ရာမြေ။ ၁၉၁၅ ခုတွင်

ကာလဝမ်းရောဂါသည် ကဘူးကိုခြိမ်းချောက်ခဲ့သည်။ ဤမြေသည် ကျွန်တော့်အဖိုး

ဘုရင်နာဒါရှားနှင့် အမဲလိုက်ခဲ့ရာမြေ။ သမင်တစ်ကောင်မိခဲ့ရာမြေ။

ကျွန်တော့် မေမေ ဤမြေပေါ်မှာဆုံးခဲ့သည်။ ဘာဘာ့မေတ္တာကိုရရန် ဤမြေပေါ်တွင်

ကျွန်တော် တိုက်ခဲ့သည်။

အိမ်နံရံရွှံ့သားကိုမှီပြီး ကျွန်တော်ထိုင်ချလိုက်စဉ်

ဇာတိမြေကိုချစ်မြတ်နိုး စိတ် ရုတ်ချည်းပေါ်လာသည်။ အံ့ဩစရာတော့ကောင်းသည်။

ဤမြေကိုမေ့ပျောက် သွားပြီဟု ကိုယ့်ကိုယ်ကိုယ်ထင်ထားခဲ့သည်။

အာဖဂန်နစ္စတန်ကတော့ ကျွန်တော့်ကို မေ့မထား၍ပဲဖြစ်မည်။

အနောက်အရပ်ကိုမျှော်လိုက်ပြန်တော့ တောင်စဉ်ကိုကျော်လျှင် မြို့တော်

ကဘူးကိုရောက်တော့မည်။ ကျွန်တော့်ညီလေးနှင့် ကျွန်တော်စွန်လိုက်ခဲ့ရာမြေ။

ကျွန်တော့်အိပ်မက်ထဲက မျက်လုံးစည်းထားသောလူ မလိုအပ်ဘဲ အသက်ပေးခဲ့ရာ မြေ။

ကျွန်တော်အိမ်ထဲပြန်ဝင်မလိုလုပ်စဉ် အိမ်ထဲမှအသံများကြားရသည်။ ဝါ

ဟစ်အသံကို ကျွန်တော်မှတ်မိသည်။

”-ကလေးတွေအတွက် ဘာမှမကျန်ဘူး”

”ငါတို့ဆာနေပေမယ့် အရိုင်းအစိုင်းမှမဟုတ်တာ။ သူကဧည့်သည်။ ငါ ဘာပြောထားလဲ”

”မနက်ဖြန်အတွက် တစ်ခုခုရှာဖို့-”

အမျိုးသမီးအသံသည် ငိုသံပေါက်လုနီးဖြစ်နေသည်။ ကျွန်တော်ခြေဖျား

ထောက်ထွက်လာခဲ့သည်။ လက်ပတ်နာရီကို ကလေးများ ဘာကြောင့်စိတ်မဝင်စား မှန်း

ကျွန်တော်နားလည်လိုက်ပြီ။ သူတို့လေးတွေ ကျွန်တော့်နာရီကို တချိန်လုံး

ကြည့်နေခဲ့ခြင်းမဟုတ်ပါပေ။ အစားအသောက်ကို ကြည့်နေခဲ့ခြင်းသာ။

မနက်ပိုင်းတွင် အိမ်ရှင်များကိုနှုတ်ဆက်၊ လင်းခရူဆာကားပေါ် မတက်ခင်

ဝါဟစ်ကို ကျွန်တော်ကျေးဇူးတင်စကားပြောသည်။ ဝါဟစ်သည် သူ့အိမ်ကလေးကို

ညွှန်ပြပြီး ”ဒါ ဆပ်ရဲ့အိမ်ပါပဲ” ဟုဆိုသည်။ တံခါးဝတွင်ရပ်နေပြီး

ကျွန်တော်တို့ ကိုကြည့်နေသည့် ကလေးသုံးယောက်အနက်မှ အငယ်ဆုံးလေး၏

အရိုးဂေါင်ဂင် လက်ကလေးတွင် နာရီတွဲလောင်းကျနေသည်။

ကျွန်တော်တို့ကားလှိမ့်ထွက်လာကြစဉ် ဝါဟစ်သည် ကလေးများခြံရံလျက်

ဖုန်လုံးကြားထဲကျန်ရစ်သည်။ ကျွန်တော့်ခေါင်းထဲ အတွေးတစ်ခုဝင်လာသည်။

တခြားကမ္ဘာ့နေရာများ၌သာဆိုလျှင် ဤကလေးများ ကားနောက်အပြေးမလိုက် နိုင်အောင်

ငတ်ပြတ်နေကြမည် မဟုတ်ပေ။

ယနေ့မနက်လင်းအားကြီးချိန်တွင် ကျွန်တော်သည် လွန်ခဲ့သောနှစ်ဆယ့်

ခြောက်နှစ် မတိုင်မီကတည်းက လုပ်ခဲ့ဖူးသော အလုပ်တစ်ခုကိုလုပ်ခဲ့သည်။

မွေ့ယာမ’ ပြီး မွေ့ယာအောက်ထဲ ငွေလက်တစ်ဆုပ်စာထည့်ခဲ့ခြင်းပင်။

_______________________________________

အခန်း(၂ဝ)

ကျွန်တော့်ကို ဖာရစ်ဒ် သတိပေးခဲ့သည်။ သို့သော် သူ့မှာလေကုန်ရုံသာ အဖတ် တင်သည်။

ချိုင့်ကျင်းထူပြောလွန်းသောလမ်းအတိုင်း ဂျာလာလာဘက်မှ ကဘူးသို့

ခရီးဆက်လာသည်။ ကျောက်ဆိုင်ကြားထဲ မြွေလိမ်မြွေကောက် ယိုင်ထိုးနေအောင်

သွားရသော ကဘူး-ဂျာလာလာဘက်လမ်းသည် ခုတော့ စစ်ပွဲနှစ်ပွဲ၏အမွေအနှစ်

ဖြစ်နေသည်။ လွန်ခဲ့သောနှစ်နှစ်ဆယ်မတိုင်မီက ကျွန်တော်သည် စစ်ကိုမျက်စိ

တပ်အပ်မြင်တွေ့ခဲ့ရသည်။ ထိုစစ်၏ခက်ထန်သော အမှတ်ရစရာများ လမ်းဘေး

တစ်လျှောက်ပျံ့ကျဲနေသည်။ မီးလောင်ကျွမ်းသွားသော ဆိုဗီယက်တင့်ကားဟောင်း

ကြီးများ၊ သံချေးအလိမ်းလိမ်းထနေသော စစ်ဘက်ထရပ်ကားကြီးများ၊ တောင်နံဘေး

ထိုးဆင်းနေသော ရုရှားဂျစ်ကား၊ ဒုတိယမြောက်စစ်ပွဲကိုမူ ကျွန်တော်

တီဗွီဖန်သား ပြင်၌သာ ကြည့်ခဲ့ရသည်။ ယခုတော့ ထိုစစ်ကို

ဖာရစ်ဒ်၏မျက်လုံးထဲမှတဆင့် မြင်တွေ့နေရပြီ။

ချိုင့်ကျင်းများကို ဟိုကွေ့သည်ရှောင်ဖြင့် ဖာရစ်ဒ်သည်

ကားကိုစိတ်တိုင်းကျမောင်းနှင်နေသည်။ ဝါဟစ်အိမ်တွင် တည်းပြီးကတည်းက

ဖာရစ်ဒ် စကားကြွယ်လာသည်။ ကားစတီယာရင်ဘီးကို အင်္ဂါမစုံသောလက်ဖြင့်

ကျင်လည်စွာကိုင်တွယ် ရင်း လမ်းဘေးတစ်လျှောက်မှ သူ့အသိ ရွှံ့တဲများကို

ညွှန်ပြသွားသည်။ အိမ်ရှင် အများစုသည် သေသူသေ၊ ပါကစ္စတန်မှ

ဒုက္ခသည်စခန်းရောက်သူရောက်နှင့် ”တစ်ခါတလေတော့လည်း သေတာပိုကောင်းတယ်” ဟု

ဖာရစ်ဒ်ဆိုသည်။

အတိတ်တချိန်ကဆိုလျှင် ဂျာလာလာဘက်မှ ကဘူးရောက်အောင် နှစ်နာရီ-

နှစ်နာရီသာသာခန့်မောင်းရသည်။ ယခု ဖာရစ်ဒ်နှင့်ကျွန်တော် ကဘူးရောက်အောင်

လေးနာရီမောင်းရသည်။ မာဟီပါဆည်ကို ဖြတ်လာစဉ် ဖာရစ်ဒ်က ကျွန်တော့်အား

သတိပေးခဲ့ခြင်းဖြစ်သည်။

”ကဘူးက ဆပ်မှတ်မိထားတဲ့ပုံမျိုး မဟုတ်တော့ဘူး”

”ကျွန်တော်ကြားပါတယ်”

ကျွန်တော့်အား ဖာရစ်ဒ်ကြည့်သည့်အကြည့်က ‘အကြားနှင့်အမြင်မတူ’

ဟုဆိုလိုခြင်းဖြစ်သည်။ သူမှန်ပါသည်။ ကျွန်တော်တို့ရှေ့တွင်

ကဘူးမြို့ကိုဖြန့် ခင်းပြလိုက်ချိန်၌ ဖာရစ်ဒ်လမ်းမှားနေပြီဟု

ကျွန်တော်သိပ်သေချာနေသည်။ ကျွန်တော့် အံ့ဩတုန်လှုပ်မှုကို

ဖာရစ်ဒ်မြင်တွေ့သွားနိုင်သည်။ ကဘူးကို သွားချည်ပြန်ချည် လူပို့ပေးနေရသော

သူ့အဖို့ သည်လိုအံ့ဩတုန်လှုပ်မှုမျိုးကမဆန်း။ ကျွန်တော့် ပခုံးကိုပုတ်ပြီး

”ကြိုဆိုပါတယ်ဗျာ” ဟုမှုန်ကုပ်စွာဆိုသည်။

—————————–

ကြည့်လေရာရာ အုတ်ကျိုးအုတ်ပဲ့နှင့် သူတောင်းစားများချည်းသာ။ ဟို

ယခင်ကဆိုလျှင် ဘာဘာသည် အာဖဂန်ငွေစက္ကူ လက်တစ်ဆုပ်စာအပိုထည့်၍

သွားလေရာရာယူသွားခြင်းမှာ သူတို့အတွက်သက်သက်ဖြစ်သည်။ ခုတော့လည်း

လမ်းထောင့်တိုင်းတွင် ဆောင့်ကြောင့်ထိုင်နေသော သူတောင်းစားများ။ အကြွေတစ်

စေ့ရဖို့ လက်ဝါးများဖြန့်လျက်။ ထို့ပြင်သူတောင်းစားအများစုသည်

ရေမြောင်းနံ ဘေး မိခင်ပေါင်ပေါ်ထိုင်ကာ တောင်းရမ်းနေကြသော

အသက်ငါးနှစ်ခြောက်နှစ် အောက် ကလေးသူငယ်များဖြစ်နေသည်။

သားအဖသူတောင်းစားကား ရှားပါးလှဘိ သည်။ အာဖဂန်နစ္စတန်တွင် စစ်သည် ဖခင်ကို

ရှားပါးကုန်ဖြစ်အောင် ပြုနိုင်စွမ်းသည်။

အနောက်ဘက် ကာတာရှားမြို့နယ်ဆီ ဦးတည်ပြီး ကျွန်တော်တို့မောင်း

လာခဲ့ကြသည်။ ၁၉၇ဝ ဝန်းကျင်တွင် ဤလမ်း-ဂျာဒါမေဝင်းလမ်းသည် အဓိက

လမ်းဖြစ်သည်။ ကျွန်တော်တို့သွားနေသောလမ်း၏ မြောက်ဘက်တွင် လုံးဝခြောက်

သွေ့နေသော ကဘူးမြစ်။ တောင်ဘက်တောင်ကုန်းများပေါ်တွင် ပြိုကျပျက်ဆီးနေ သော

မြို့တော်တံတိုင်း။

မြို့တော်တံတိုင်း၏အရှေ့ဘက်ကလေးတွင်မှ ရှာဒါဝါဇာတောင်တန်းရှိ သည်။

ထိုတောင်တန်းပေါ်မှ ဘာလာဟစ်စာခံတပ်သည် ၁၉၉၂ ခုတွင် စစ်ဘုရင် ဒိုစတမ်

သိမ်းပိုက်ခဲ့သောခံတပ်ဖြစ်သည်။ ၁၉၉၂ မှ ၁၉၉၆ ထိ မူဂျာဟစ်ဒင် အင်အားစုသည်

ရှာဒါဝါဇာတောင်တန်းပေါ်မှနေ၍ မြို့တော်ကဘူးကို ဗုံးမိုး ကြဲခဲ့သည်။

”ကျွန်တော် ငယ်ငယ်တုန်းက ဂျာဒါမေဝင်းလမ်းထဲ ခဏခဏရောက်တယ် ဗျ။ ဒီနားမှာ

ဆိုင်ခန်းနဲ့ဟိုတယ်ချည်းပဲ။ နီယွန်မီးရောင်နဲ့ စားသောက်ဆိုင်ကြီး တွေလည်း

ရှိပါ့။ ဆိုင်ဖိုအဖိုးကြီးရဲ့ဆိုင်မှာ ကျွန်တော် စွန်ဝယ်နေကျ။ ရဲစခန်း

ဘေးက စွန်ရောင်းတဲ့ဆိုင်လေ”

”ရဲစခန်းကတော့ ခုထိရှိတုန်းပဲ။ ဒီမြို့ပေါ်မှာ ရဲကတော့မပြတ်ဘူး။

ဒါပေမယ့် ဂျာဒါမေဝင်းမပြောနဲ့ ကဘူးတမြို့လုံးပတ်ရှာတောင်

စွန်ဆိုင်တွေ့မှာ မဟုတ်ဘူး”

ဂျာဒါမေဝင်းလမ်းသည် ဧရာမသဲရဲတိုက်ကြီး တစ်ခုဆီကွေ့ချိုးသွားသည်။

အဆောက်အဦးသည် မပြိုသေးသော်လည်း ပြိုဖို့ရန်တည်းတည်းလေးသာလိုတော့ သည်။

ခေါင်မိုးနှင့်နံရံများ ဒုံးကျည်စာမိပြီး အပေါက်ကြီးများဖြစ်နေသည်။ အုတ်

ကျိုးပုံပေါ်တွင် ကျည်ဆံဆန်ကာဖောက်ထားသော ကိုကာကိုလာဆိုင်းဘုတ်တစ်ခု။

ပြတင်းမရှိသော အဆောက်အဦး၏အုတ်ကျိုးပုံပေါ်တွင် ဆော့ကစားနေသော ကလေး များ။

ခွေး၊ ကလေးနှင့် အမှိုက်ပုံများကို စက်ဘီးသမား မြင်းလှည်းသမားများ

ကွေ့ရှောင်ပတ်မောင်းနေရသည်။ တမြို့လုံး ဖုန်ထုလွှမ်းပတ်ထားသည်။

”သစ်ပင်တွေကရော” ဟု ကျွန်တော်မေးကြည့်ရာ

”ဆောင်းတွင်းအတွက် ထင်းခုတ်သုံးကြရတယ်ဗျာ။ ရှိုရာဝီတွေလည်း

သစ်ပင်တော်တော်များများ ခုတ်သွားတယ်” ဟု ဖာရစ်ဒ်ဖြေသည်။

”ရှိုရာဝီတွေက ဘာကြောင့်များခုတ်ရတာလဲ”

”ချောင်းပစ်တဲ့လူတွေ ပုန်းတတ်လို့”

စိတ်ထဲကြေကွဲသွားသည်။ ကဘူးကိုပြန်ရောက်လာရခြင်းသည် ဘဝမလှ

တွယ်ရာမဲ့ခိုကိုးရာမဲ့ဖြစ်နေသော သူငယ်ချင်းဟောင်းရောင်းရင်းကြီးနှင့်

လာတွေ့ ရသလိုရှိသည်။

”ရှာရီခိုးနားမြို့ဟောင်းမှာ ကျွန်တော့်အဖေ မိဘမဲ့ဂေဟာ ဆောက်ထား သေးတယ်”

”ကျွန်တော်မှတ်မိပါတယ် ဆပ်။ အဲဒီဂေဟာ ဖျက်ဆီးခံလိုက်ရပြီ”

”အဲဒီကိုပို့ပေးပါလား။ ကျွန်တော် မြန်မြန်လေးလျှောက်မယ်”

အဆောက်အဦးပျက်တစ်လုံးနောက်မှ နောက်ဖေးလမ်းကျဉ်းထဲ ဖာရစ်ဒ်

ကားရပ်ပေးသည်။ ကားထဲမှထွက်စဉ် ဖာရစ်ဒ်က ”ဒါဆေးပေးခန်း” ဟုပြောပြ သည်။

ကျွန်တော်တို့ ဂျာဒါမေဝင်းလမ်းထဲ ပြန်လျှောက်ပြီး ညာဘက်ချိုးသည်။

ကျွန်တော့်မျက်လုံးများ စပ်လာ၍ ”ဘာနံ့လဲမသိဘူး” ဟုမေးကြည့်သည်။

”ဒီဇယ်နံ့။ မြို့တော်ဂျင်နရေတာက အမြဲတမ်းပျက်နေတာလေ။ လျှပ် စစ်မီးက

အားကိုးလိုု့မရဘူး။ ဒီတော့ လူတွေက ဒီဇယ်စွမ်းအင်သုံးရတာပေါ့”

”ဒီဇယ်နံ့လား။ ဟိုးအရင်က ဒီလမ်းထဲ ဘာနံ့ရလဲ မှတ်မိလား”

ဖာရစ်ဒ်ပြုံးသည်။ ”ခပတ်နံ့လေ”

”သိုးသားခပတ်”

”သိုးကတော့ …” ထိုစကားလုံးကို ဖာရစ်ဒ်သည် လျှာထဲအရသာခံပြီးမှ

”ကဘူးမှာ သိုးသားစားနိုင်တာ တာလီဘန်တွေပဲ ရှိတော့တယ်” ဟုဆိုသည်။

ကျွန်တော့်အကျႌလက်ကို ရုတ်တရက်ဆွဲပြီး ”မုတ်ဆိတ်လှည့်ကင်း” ဟုပြောသည်။

ယာဉ်တစ်စီး ချဉ်းကပ်လာနေသည်။ တာလီဘန်တွေကို ကျွန်တော် ပထမ

ဆုံးမြင်ဖူးခြင်းဖြစ်သည်။ သတင်းစာထဲ၊ မဂ္ဂဇင်းထဲ၊ တီဗွီနှင့် အင်တာနက်ပေါ်

¤င်းတို့ကို ကျွန်တော်ကြည့်ခဲ့သည်။ ယခု သူတို့တွေ ကျွန်တော်နှင့်

ပေငါးဆယ် ပင်မကွာ။ ခံတွင်းထဲမှ ရုတ်ချည်းပေါ်ထွက်လာသော ခါးသီးမှုသည်

ရေမရောသော အကြောက်တရားစစ်စစ် မဟုတ်ပါဟု ကျွန်တော်

မိမိကိုယ်ကိုပြောနေရသည်။ အ ရိုးပေါ်မှ အသားတွေကျုံ့ဝင်မသွားသေး၊

ကျွန်တော့်နှလုံး တူထုမနေသေးဟု မိမိ ကိုယ်ကိုပြောရသည်။

တာလီဘန်တွေလာနေကြပြီ။ ¤င်းတို့၏ ခမ်းနားထည်ဝါ ခြင်းအလုံးစုံဖြင့်

လာနေကြပြီ။

အနီရောင်တိုယိုတာပစ်ကပ်ကား ကျွန်တော်တို့ကိုကျော်ဖြတ်သွားသည်။

ကားပေါ်တွင် မျက်နှာထားမာတောင်နေသော အသက်ငယ်ငယ်ယောက်ျားလေး

လက်တစ်ဆုပ်စာခန့် လက်နက်များစလွယ်သိုင်းလျက် ဆောင့်ကြောင့်ထိုင် လိုက်

ပါသွားသည်။ အားလုံး ဗောင်းထုပ်အနက်ဆောင်း၍ မုတ်ဆိတ်မွေးထားကြသည်။

အသက် နှစ်ဆယ်ကျော်စ အသားမည်းမည်းတစ်ယောက်သည် ကြာပွတ်ကို လက်တွင်ရစ်ပြီး

ကားနံဘေးကို တစ်ချက်ချင်းရိုက်နေသည်။ သူ၏ တလည်လည်မျက် လုံးကြီးများ

ကျွန်တော့်ထံကျလာသည်။ သူနှင့်ကျွန်တော် မျက်လုံးချင်းဆိုင်မိနေသည်။

ကျွန်တော့် တစ်ဘဝလုံး ဤမျှလောက်လုံးတီးဗလာ မဖြစ်ခဲ့စဖူး။ တာလီဘန်ကောင်

သည် ဆေးရွက်ကြီးတံတွေးကို ပျစ်ခနဲထွေးပြီး အကြည့်လွှဲသွားသည်။ ထိုအခါမှ

ကျွန်တော် အသက်ပြန်ရှူနိုင်ကြောင်း သိလိုက်ရသည်။ ဂျာဒါမေဝင်းလမ်းအတိုင်း

မောင်းတက်သွားသောကားနောက်တွင် ဖုန်တလုံးလုံးထကျန်ခဲ့သည်။

”ဘာများဖြစ်နေတာလဲ” ဟု ဖာရစ်ဒ် တိုးတိုးမေးသည်။

”ခင်ဗျာ”
”သူတို့ကို ဘယ်တော့မှစိုက်မကြည့်နဲ့။ ကျွန်တော်ပြောတာ နားလည်လား”

”ဒီသဘောမဟုတ်-”

”ဆပ်ရဲ့မိတ်ဆွေပြောတဲ့စကား သိပ်မှန်တယ် ဆပ်။ ခွေးရူးကို တုတ်နဲ့

သွားမဆွသင့်ဘူး” ဟူသောအသံထွက်ပေါ်လာသည်။ ကျည်ဆန်ကာပေါက် အိမ်

တစ်လုံး၏ရှေ့လှေကားပေါ်တွင် သူတောင်းစားအဘိုးကြီးတစ်ဦး။ ဟောက်ပက်မျက်

လုံးတစ်ဖက်ပေါ် မျက်ခွံတွဲကျနေသည်။ ထွက်ခွာသွားသောယာဉ်ကို သူ၏အဆစ်

ရောင်လက်ညွှန်ပြပြီး ”သူတို့ကပတ်ပြီးရှာနေကြတာကွဲ့။ သူတို့ကိုဆွမယ့်လူ

တွေ့ မလားရှာကြတာ။ တစ်ယောက်ယောက်ကတော့ ဓားစာခံဖြစ်သွားတာချည်း။ အနှေး

နဲ့အမြန်ပဲကွာတယ်။ ဒီတော့မှခွေးတွေ ပွဲတော်တည်ကြတာ။ တစ်နေ့တာ ငြီးငွေ့မှု

ပြေပျောက်သွားကြပြီလေ” ဟုဆိုသည်။

”တာလီဘန်တွေ အနားရောက်လာရင် မျက်လုံးအောက်စိုက်ထားပါ ဆပ်” ဟု ဖာရစ်ဒ်ပြောသည်။

”ဆပ်ရဲ့မိတ်ဆွေက အကြံကောင်းပေးနေတာနော” ဟု သူတောင်းစားကြီး ပြောကာ

ရွှံ့ပေနေသောလက်ကိုင်ပုဝါထဲ ချောင်းဆိုးချသည်။ ”ခွင့်လွှတ်ပါဗျာ။

ပိုက်ဆံလေး နည်းနည်းပါးပါး စွန့်ကြဲကြပါ”

”မရဘူး၊ သွားမယ်” ဟု ဖာရစ်ဒ်ဆိုကာ ကျွန်တော့်ကိုလက်မောင်းမှ ဆွဲသည်။

အမေရိကန်ဒေါ်လာ သုံးဒေါ်လာနှင့်ညီမျှသော ၁ဝဝ တန်အာဖဂန်ငွေစက္ကူ ကို

အဘိုးအိုအား ကျွန်တော်လှမ်းပေးသည်။ ငွေယူရန် အဘိုးအိုကုန်းလိုက်စဉ်

အဘိုးအိုထံမှ အနံ့အသက်ဟောင်ထွက်လာသည်။ ကျွန်တော်ပေးသောငွေကို ခါး

ကြားထဲမြန်မြန်ဖွက်သည်။ တစ်လုံးထဲသောမျက်လုံး ဟိုဘက်သည်ဘက် လှစ်ခနဲ

လှစ်ခနဲကြည့်ပြီး ”ကျေးဇူးတင်လိုက်တာကွယ်” ဟုဆိုသည်။

”ကာတာရှားရပ်ကွက်ထဲက မိဘမဲ့ဂေဟာကို သိသလား” ဟု ကျွန်တော် မေးကြည့်ရာ

အဘိုးအိုက ”ဒါရှာရမခက်ပါဘူး။ ဒါရူလာမင်လမ်းမရဲ့ အနောက် ဖက်ကိုသွား။

ဂေဟာအဟောင်း ဒုံးကျည်စာမိသွားတော့ ကလေးတွေကို ကာတာရှား ရပ်ကွက်ထဲ

ပို့ထားကြတာ။ ခြသေ့င်္တွေရဲ့လှောင်အိမ်ထဲက ထုတ်ပြီး ကျားတွေရဲ့

လှောင်အိမ်ထဲပို့ပေးလိုက်တာကွဲ့”

”ကျေးဇူးတင်ပါတယ်” ဟုပြောပြီး ကျွန်တော်လှည့်ထွက်မလိုအလုပ်

”ဒါ ဆပ်ရဲ့ပထမဆုံးအကြိမ်လား”

”ဘာပြောပါလိမ့်”

”တာလီဘန်ကို ပထမဆုံးမြင်ဖူးတဲ့အကြိမ်လား”

ကျွန်တော် မဖြေ။ သူတောင်းစားအဘိုးကြီး ခေါင်းညိတ်ပြီး ဝါကြင်ကျိုး

ပဲ့နေသောသွားများပေါ်အောင် ပြုံးနေသည်။ ”ကဘူးမြို့ထဲ ဒီကောင်တွေ ပထမဆုံး

လှိမ့်ဝင်လာတဲ့နေ့ကို ဘယ်မေ့ဦးမလဲ။ အဲဒီနေ့က ပျော်လိုက်ရတာကွာ။ ဪ

… အသတ်အဖြတ်တွေ နိဋ္ဌိတံပြီပေါ့။ ဟိုကဗျာဆရာရေးသလိုလေ … ဒုက္ခတွေ

သယ်ဆောင်လာဖို့ အချစ်ဟာ အင်မတန်ချောမွေ့သတဲ့”

ကျွန်တော်ပြုံးမိတော့သည်။ ”ဒီကဗျာ ကျွန်တော်သိတယ်။ ဟာဖိဇ့် လေ”

”ဟာ ဟုတ်တယ်၊ ဟုတ်တယ်။ ကျုပ်သိသင့်တာပေါ့။ တက္ကသိုလ်မှာ ဆရာလုပ်ခဲ့ပြီးတော့-”

”အဘိုးက-”

အဘိုးအို ချောင်းဆိုးသည်။ ”၁၉၅၈ ခုကနေ ၁၉၉၆ ထိ တက္ကသိုလ်မှာ

သင်ပေးခဲ့တာကွ။ ဟာဖိဇ့်၊ ခိုက်ယမ်၊ ရူမီ၊ ဘေဒဲလ်၊ ဂျမီ၊ ဆာဒီ။

တစ်ခါတုန်းက ဆိုရင် တီဟီရန်မှာ စာပြဖို့အဖိတ်ခေါ်တောင်ခံရဖူးတယ်။ အဲဒါ

၁၉၇၁ ခုက။ ဘေဒဲလ်ရဲ့နက်နဲမှုကို ပို့ချအပြီးမှာ အားလုံးထပြီး

လက်ခုပ်တီးခဲ့ကြတာကလား။ ဟား …” အဘိုးအို ခေါင်းယမ်းနေသည်။ ”ဒါပေမယ့်

ခုကလေးတင်တွေ့လိုက်ရ တဲ့ လူတွေကတော့ … သူတို့တန်ဖိုးဘယ်လောက်ထားမယ်လို့

ထင်သလဲ”

”ကျွန်တော့်အမေလည်း တက္ကသိုလ်မှာ စာပြခဲ့တယ်”

”ဟုတ်ပြီ … နာမည်ဘယ်လိုခေါ်လဲ”

”ဆိုဖီယာအခရာမီ”

အဘိုးအို၏ အတွင်းတိမ်စွဲသောမျက်လုံး မှိတ်တုတ်မှိတ်တုတ်ဖြစ်လာသည်။

”ကန္တာပေါင်းပင်တွေဟာ ရှင်သန်လို့၊ နွေဦးရဲ့ ပန်းပွင့်ကလေးကတော့

ပွင့်ပြီး နွမ်းသွားတာပဲတဲ့။ ဒီလောက်ကျက်သရေရှိတဲ့ မိန်းကလေး …

ဒီလောက်ဂုဏ် သိက္ခာရှိတဲ့မိန်းကလေး … ဒီလိုကြေကွဲစရာဖြစ်ခဲ့တယ်ကွယ်”

”အဘိုးက ကျွန်တော့်အမေကိုသိလား” အဘိုးကြီးရှေ့ ကျွန်တော်ဒူးထောက် ပြီးမေးရပြီ။

”သိပ်သိတာပေါ့”

………………………

………………………..

………………………….

……………………
……………………..
………………………

_____________________________

ဆက်ပါဦးမည်..။
____________________________
မူရင်းစာအုပ်အမည်…..THE KITE RUNNER

မူရင်းစာရေးဆရာ…….KHALED HOSSEINI
______________________________
မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်

မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ

2009 / ဇွန် ၊ ပထမ အကြီမ် ။

စာမျက်နှာ စုစုပေါင်း…350

13 x 21 စင်တီဆိုဒ်

စာအုပ်တန်ဖိုး … 3000 ကျပ်
______________________________

လေးစားစွာဖြင့်..

……………………………

4 comments

  • မောင်ပေ

    July 25, 2012 at 8:49 pm

    ုဒီအပိုင်းကိုတော့ ကူးသွားတယ်…
    ပြီးမှ အေးအေးလူလူဖတ်တော့မယ်ဗျာ..
    နောက်တစ်ပိုင်းကိုလဲ အမြန်ဆုံးတင်ပေးဘာဗျို ့

  • shwe kyi

    July 26, 2012 at 9:48 am

    (ဒုက္ခတွေသယ်ဆောင်လာဖို့ အချစ်ဟာ အင်မတန်ချောမွေ့သတဲ့)
    မှတ်သားလောက်ပါပေတယ်။ တာလီဘန်နဲ့တို့တိုင်းပြည်ကိုနှိပ်စက်သွားတဲ့ ဖက်ဆစ်နဲ့တူမယ်ထင်တယ်။
    စစ်ဆိုတာမုန်းစရာကောင်းတယ်။

  • Gipsy

    July 26, 2012 at 12:03 pm

    စစ်တိုက်တဲ့ ဗီဒီယိုဇတ်ကား ခွေတွေကိုတော့ကြိုက်ပါတယ်..
    ဒါပေမဲ့ အာဖဂန်နစ္စတန် တွေလို အဖြစ်မျိုးကိုတော့ ကြောက်တယ်…
    ကျုပ်တို့ ကမ ္ဘာကြီးလဲ ငြိမ်းချမ်းမှုဆိုတာ ရှာတွေ့ပါဦးမလား ကိုအလင်းဆက်ရေ….။

  • အလင်းဆက်

    July 27, 2012 at 11:07 am

    ဦးပေ…ရေ..။ ဇာတ်ရှိန်က မြင့်လာပြီနော် ။ နောက်တစ်ပိုင်းကို ဒီနေ့ပဲ..တင်လိုက်ပါ့မယ်.။
    အားပေးတာ ကျေးဇူးပါ ။
    _________

    ရွှေကြည်..ရေ.. တာလီဘန်တွေ. ဘယ်လောက် ယုတ်မာ လဲ..ဆိုတာ.နောက် အခန်းတွေ.မှာ..ဆို မြင်ရက်စရာ..တောင်မရှိဘူး..ဗျာ…။
    ကျွန်တော်လည်း..ရွှေကြည့်..လိုပဲ..။ စစ်ကို မုန်းတယ် .။
    __________

    Gipsy ရေ..။ ဟိုတလောက..

    ဂျူး.ရေးတဲ ့..ပိုချစ်ရတဲ့သူ ကိုယ်ပဲ.ဖြစ်ပါစေ… ဆိုတဲ ့စာအုပ်ကလေး ဖတ်လိုက်ရတယ်။ မိတ်ဆွေများလည်း ဖတ်မိမှာပါ ။ အဲဒီ စာအုပ်ထဲက…ဇာတ်ကောင်…နှစ်ယောက်က..
    ငြိမ်းချမ်းတဲ ့နေရာတစ်ခု ရှာဖွေခြင်းကို…..အလောင်းအစား လုပ်ကြတာ.လေ ။
    အမျိုးသား..ဇာတ်ကောင်က.. အကောင်းမြင် ပေးတတ်တဲ့သူ.။
    ကမ္ဘာကြီးတစ်ခုလုံး.မငြိမ်းချမ်းတာတော့မဟုတ်ဘူး..တဲ ့ ။ တစ်နေရာတော့ ကျန်ပါသေးတယ်..တဲ ့ ။
    ဆုးဝါးမှု..တွေ..မဖြစ်တဲ့နေရာ.ေ.ပါ့လေ.။
    အမျိုးသမီး..ဇာတ်ကောင်ကတော့… ခပ်ဆိုးဆိုးပဲ..မြင်တယ် ။
    ဘယ်နေရာ တစ်ခုမှ မငြိမ်းချမ်းဘူး..တဲ ့။
    နောက်ဆုံးမှာ…အလောင်းအစားပွဲ..တစ်ခု ဖြစ်သွားပြီး…
    အမျိုးသမီး..နိုင်သွားပါတယ် ။
    စာအုပ်ရဲ ့ဆိုလိုချက်ကို…သဘောပေါက်မိတယ် ။
    ကမ္ဘာကြီးမှာ..ဘယ်နေရာမှာမှ..မငြိမ်းချမ်းတော့ဘူး…..လို ့ ။
    အဲဒီ စာအုပ်ထဲမှာ…အမျိုးသမှး.ဇာတ်ကောင်…ပြောတဲ ့စကားတစ်ခွန်း..ကို..တော်တော်..သဘောကျမိတယ်..ဗျ ။
    ရှင်ဘုရင်..ဆိုတာတွေဟာ… ကိုယ့်ထီးနန်းအတွက်…. စိတ်မချရတော့ဘူး..ဆိုရင်.. ဘယ်သူ ့ကို မဆို..မျိုးဖြုတ်.သုတ်သင်ပစ်ဖို ့.ဝန်မလေးတတ်ဘူး…တဲ ့ ။

    ______________

    စာချစ်သူများကို..လေးစားခင်မင်လျက်

Leave a Reply