Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“လူဟာလူလိုသိဘို ့ရာအတွက်”

aye.kkJuly 27, 20121min54622

လော က ကို အ လှ ဆင် နေ သည် ကား မေ တ္တာ တ ရား ပင် ။
လော က ကို ဗြ ဟ္မ စို ရ် မျက် စိ ဖြင့် ကြည့် မြင် တတ် စေ ရန် ။ မေ တ္တာ တ ရား များ များ ထား ရှိ တတ် နိုင် စေ ရန် ။ လူ ဟာ လူ လို သိ ဘို ့ရာ အ တွက် ဟု ပြော ဆို ပြီး…..။
အ မေ က……ကျ မ အား အ မြဲ ဆုံး မ ဘူး ပါ သည် ။
ငယ် ငယ် ထဲ က ကျ မ ၏ ပင် ကို ဗီ ဇ စိတ် ဓတ် မှာ …….။
ကိုယ့် အ မြင် ဖြင့် သ ဘော မ ကျ မှု တွေ့ မြင် ရ ပါ က ၊ စိတ် အ လို အ တိုင်း မ ကျ နိုင် ခြင်း ၊ ဒေါ သ ကြီး တတ် ခြင်း ၊ စိတ် အ လွန် တို တတ် ခြင်း ပင် ။
အ ရာ ရာ ကို ကိုယ့် အ မြင် ဖြင့် ၊ စိတ် ထဲ မ တွေ့ဘ ဝင် မ ကျ ပါ က ၊ အ ရာ ဝထ္ထု ပ စ္စည်း များ အ ပေါ် တွင် ၊ ကျ မ မှ ပျက် စီး အောင် ဖျက် ဆီး လုပ် ပစ် တတ် ပါ သည် ။ ကျ မ အ ကြောင်း သိ သော အ မေ က ၊ ငယ် ငယ် လေး ထဲ က ပင် ။ လ ပြည့် လ ကွယ် ဥ ပုသ် ရက် တိုင်း အ မေ သွား လျှင် ၊ ကျ မ က မ ပါ မ ဖြစ် ။ အ မေ နှင့် အ တူ အ မြဲ လိုက် ပါ ရ ပါ သည် ။

မည် သည့် ဘုန်း ကြီး ကျောင်း ကို မ ဆို သွား သည့် အ ခါ တိုင်း ၊ လက် ဆွဲ ခေါ် သွား တတ် ပါ သည် ။ တ ရား နာ ခိုင်း ၊ ဥ ပုသ် စောင့် ခိုင်း တတ် ပါ သည် ။ တ ရား ပွဲ ပြီး က လည်း ၊ ဘု ရား စောင်း တန်း ရှိ ၊ နံ ရံ ရေ ဆေး ပန်း ချီ ကား ချပ် များ ရှိ ၊ ရုပ် ပုံ များ ကား ချပ် များ ပါ ။ ဘု ရား ဟော နိ ပတ် တော် လာ များ အား ၊ သ ဘော နား ဝင် လောက် အောင် အ မြဲ ဆုံး မ ပြော ပြ တတ် ပါ သည် ။

အ မေ့ ရည် ရွယ် ချက် က ၊ ဒေါ သ ကြီး တတ် သော ကျ မ အား မေ တ္တာ တ ရား များ များ ထား တတ် ရန် ၊ သီ လ ယူ ခိုင်း ခါ ၊ တ ရား ထိုင် ခိုင်း တတ် ပြီး ၊ ကျ မ အား သည်း ခံ ခြင်း ခန္တီ အား ပြု လုပ် ခိုင်း တတ် ခြင်း ပင် ။ တ ရား ထိုင် ၍ ထုံ ကျင် လာ လျှင် ၊ ကျ မ ၏ ကိုယ် အ မူ အ ယာ မ ငြိမ် ဘဲ ရွေ ့သွား လျှင် ၊ အ မေ က လည် ချောင်း အ သံ ပေး ကာ ချောင်း ဟန် ့တတ် ပါ သည် ။
အ မေ က တ ရား ထိုင် သည် ဆို လျှင် လည်း ၊ စိတ် က ကျ မ ထံ ရောက် နေ သည် ကို သိ ရ ၍ ၊ ထို အ ခါ မျိုး တွင် ကျ မ စိတ် ထဲ တွင် ၊ ကျ မ ကြောင့် အ မေ တ ရား ဖြောင့် အောင် မ ထိုင် နိုင် သည် ကို စိတ် မ ကောင်း ဖြစ် မိ ရ ပါ သည် ။
မ လိုက် လို က လည်း မ ရ ။ အ မေ သွား လျှင် ကျ မ အား ခေါ် သွား တတ် စ မြဲ ။ အ မေ က ၊ ကျ မ အား တ မိ ပေါက် တ ယောက် ထွန်း ဆို သ လို လွန် စွာ ခေါင်းကြော မာ သည့် သူ ဟု အ မြဲ ပြော နေ တတ် ပါ သည် ။ ကျ မ အ ကျင့် က ဖြောင့် ရ အ လွန် ခက် ပါ သည် ။ ခေါင်းလည်း အ လွန် မာ ပါ သည် ။
အ မေ က တော့ ခွေး နှင့် ပုံ ပ မာ နှိုင်း ကာ ၊ နာ လောက် အောင် မှတ် သား ပြော ဆို တတ် ပါ သည် ။
ခွေး မြီး ကောက် က ၊ ကျည် တောက် စွပ် ထား ပေး သည့် အ ချိန် တွင် ခ ဏ သာ ဖြောင့် သည် ။
ကျည် တောက် ချွတ် လိုက် လျှင် န ဂို မူ လ အ တိုင်း ပင် ။ ပြန် ကောက် သည် ။ မ ထူး ခြား နား ဟု ပြော ပါ သည် ။
လူ မှန် ပါ က လူ လို အ သိ ထား ရှိ ရ မည် ။
လူ ဖြစ် လျှင် လူ လို သိ ရ မည် ။ လူ ဖြစ် ပြီး လူ လို မ သိ ပါ က လူ ့အ ဖြစ် ကို ရ တာ နာ သည် ။ လူ ဖြစ် ရှူံး သည် ဟု ပြော ခါ အ မြဲ ဆုံး မ တတ် သည့် အ ပြင် ၊ မိုး ကုတ် ဆ ရာ တော် ဘု ရား ကြီး ၏ ဆုံး မ ဩ ဝါ ဒ စ ကား များ အား အ လွတ် ရွတ် ဆို လျှက် ၊ ကျ မ အား နေ ့ စဉ် ကျက် မှတ် သား ခိုင်း ပါ သည် ။
ကျ မ တို ့ မောင် နှ မ များ ၏ စာ ကြည့် စား ပွဲ ခုံ နှင့် ကပ် လျှက် အ ခန်း နံ ရံ ပေါ် တွင် မိုး ကုတ် ၊ ဆ ရာ တော် ဘု ရား ကြီး ၏ ဆုံး မ ဩ ဝါ ဒ က ထား အား ၊ အမေ က မှန် ဘောင် ဖြင့် သွင်း ထား ပြီး ၊ အ ကျ အ န ချိတ်ဆွဲ ၍ ကပ် ထား ပါ သည် ။

ကျ မ မှတ် မိ နေ သော စာ ပိုဒ် မှာ…။
“လူ ဟာ လူ လို သိ ဘို ့ရာ အ တွက်” ”လွယ် တယ် မ ထင် နှင့်” ။ ဟူ သော ရေး သား ထား သည့် ဆုံး မ စ ကား ၊ စာ သား အ ပိုဒ် ပင် ဖြစ် ပါ သည် ။
စာ ကျက် ပြီး လျှင် နေ ့စဉ် ရွတ် ဆို ခိုင်း တတ် ပါ သည် ။ နေ ့တိုင်း ပင် ဆို ပြ ရ ။ လက် ပိုက် လျှက် က အ လွတ် ပြော ခိုင်း တတ် သ ဖြင့် ၊ ကြာ လာ သော အ ခါ ၊ ကျ မ မှ မ ခံ စား နိုင် တော့ ပါ ဘဲ ငို ပါ သည် ။ မ ဆို မ ပြ ပဲ ပေ ကပ် နေ ပါ လျှင် ။ အ မေ က ထား ဝယ် ကြိမ် လုံး အား ကိုင် ကာ ကျ မ တင် ပါး နှင့် ကပ် ပါ တော့ သည် ။ အ သား နာ လို ့ကျ မ ငို လျှင် ။ ကျ မ အ တွက် နှင့် အ ဖေ အ မေ တို ့မ ကြာ ခ ဏ စ ကား များ ကြ ရ ပါ သည် ။

ခေါင်းမာ သော ကျ မ အား ၊ ဆယ့် တစ် နှစ် သ္မီး အ ရွယ် ရောက် လျှင် ။ အ မေ က နွေ ရာ သီ ကျောင်း ပိတ် ရက် တွင် သ င်္ကြန် ရေ အား မ က စား ခိုင်း တော့ ပဲ ။ အောင် သ ပြေ က မ္မ ဋ္ဌာန်း ကျောင်း ရှိ ၊ ယော ဂီ တ ရား ပတ် ဝင် ခိုင်း ပြီး ၊ ဆ ရာ တော် နား အ ကျိုး ကြောင်း လျှောက် ခါ အပ် ထား လိုက် ပါ တော့ သည် ။
အ မေ့ စေ တ နာ ကြောင့် ၊ ကျ မ တ ရား ထိုင် တတ် ခဲ့ ပါ သည် ။
ခ န္တီ စ သီး ခံ တတ် ခြင်း အ ရာ ကို လည်း ၊ ကျ မ မြင် တွေ ့ လာ ခဲ့ မိ ပါ သည် ။

ထို မှ အ စ ပြု ခဲ့ သည် ဟု ကျ မ ထင် မြင် လာ မိ ခဲ့ ပါ သည် ။
ကျ မ နား လည် ၍ ၊ ကြီး ပြင်း လာ သည့် အ ချိန် များ တွင် ၊ လူ ပု ဂ္ဂိုလ် နှင့် ပတ် သက် လျှင် ၊ မိ မိ လည်း လူ ၊ သူ လည်း လည်း လူ ၊ အ တူ တူ ပဲ ဟု မြင် လာ မိ ပါ သည် ။
ထို သို ့တ ရား ထိုင် ပြီး နောက် ပိုင်း တွင် လည်း ၊ ကျ မ စိတ် က များ စွာ ပြောင်း လည်း သွား ခဲ့ ပါ သည် ။
အ ဖေ အိမ် တွင် ခေါ် ထား သော အိမ် ဖော် အ ကူ များ ထဲ မှ မိန်း က လေး အ ချင်း ချင်း ဖြစ် သူ ၊ ကျ မ နှင့် မ တိမ်း မ ယိမ်း ရှိ သည့် မိ ဝင်း အား ၊ ကျ မ မှ လူ လူ ခြင်း အ တူ တူ ဘဲ ဟု မြင် လာ ပြီး ၊ ထ မင်း စား လျှင် အ တူ တူ စား ပါ သည် ။ အိပ် လည်း ကျ မ နှင့် ပင် အ တူ တူ လာ အိပ် ခိုင်း မိ ပါ သည် ။ ကျ မ ဝတ် ဆင် ရန် အ တွက် ၊ မိ ဘ များ မှ ချုပ် ထား ပေး သည့် အ ဝတ် အ စား အ သစ် များ ပါ ကိုယ် နှင့် ပင် ယှဉ် ခါ ထား ပြီး တန်း တူ ပေး ဝတ် ခဲ့ ပါ သည် ။ ဆင်း ရဲ ချမ်း သာ ၊ အ လုပ် သ မား ဟူ ၍ ဆို ပြီး ၊ ကျ မ မှာ ခွဲ ခြား မ မြင် ပါ ဘဲ “လူ ဟာ လူ လို သိ ဘို့ရာ အ တွက်” တ ပြေး ညီ တည်း ထား ခါ ၊ ဆက် ဆံ တတ် လာ ခဲ့ ပါ သည် ။

အ ဖေ က တော့ ကျ မ ပြု မူ လုပ် ဆောင် နေ မှု များ အ တွက် ဘာ မျှ မ ပြော ခဲ့ ပါ ။ ကျ မ အား ကျန် သည့် မောင် နှ မ များ က ၊ အ မြင် တ မျိုး မြင် လာ ခဲ့ ကြ ပါ သည် ။
သူ တို့က ကျ မ လို ခေါင်းမ မာ ပေ မယ့် ၊ တ ရား မ ထိုင် ဘူး ပါ ။ အ မြင် မ တူ ကွာ ဟ မှု တွေ တော့ ရှိ လာ ခဲ့ ကြ ပါ သည် ။ ရှေး ပြု အ တိတ် ကံ ကြောင့် ဖြစ် သော ၊ အ ကျင့် စာ ဂ များ မှာ မ တူ လာ ကြ သ ဖြင့် သာ ၊ လက် ရှိ ပ စ္စု ပ္ပန် ဘ ဝ မှာ ကွဲ ပြား ခြား နား လာ ကြ သည် ဟု ၊ တ ရား သ ဘော အ တိုင်း သာ ။ ကျ မ မှ ထင် မြင် မိ ပါ သည် ။
ရှေး ပြု အ တိတ် ကံ အ ကြောင်း အ ရ ၊ ဆင်း ရဲ သည် ၊ ချမ်း သာ သည် ဟု ကွဲ ပြား ခြား နား လာ ခဲ့ ကြ ခြင်း အ ပေါ် ၊ မိ ဝင်း မှာ သူ ၏ ဆင်း ရဲ လှ သော ဘ ဝ ကို မ ကျေ မ နပ် ဖြစ် နေ ခဲ့ ပြီး ၊ ကျ မ က သူ နှင့် က အ တူ တူ ပင် တ ထပ် တည်း မ ဖြစ် နိုင် ။ သူ ့မှာ ကျ မ လို ကျောင်း ပ ညာ သူ မ သင် ရ ။ ကျ မ ၏ မိ ဘ များ က သူ့အား ၊ ကျ မ လို ပင် တန်း တူ ထား နိုင် မှု ဆို သည် မှာ ဘယ် သော အ ခါ မှာ မှ မ ဖြစ် နိုင် ။ သူ့အား မွေး ဖွား လာ သည့် မိ ဘ များ အား ပြောင်း လည်း ပစ် ၍ လည်း ဘယ် သော အ ခါ မှာ မျှ မ ဖြစ် နိုင် ။ ဝမ်း နှင့် လွယ် ၍ မွေး ထား ရ သည့် ၊ မိ ဘ မေ တ္တာ တ ရား တို့မည် သည် မှာ လည်း ၊ ဘယ် သော အ ခါ မှာ မျှ ၊ အ စား ထိုး ၍ မ ရ နိုင် ဟု ။ ခံ စား ရ သည် တို့ အား ၊ ကျ မ အား ရင် ဖွင့် ပြော ဆို ပြ ခါ ၊ သူ့နေ ရပ် ထံ သို ့အ ပြီး ပြန် သွား ခဲ့ ပါ တော့ သည်။
အ ဖေ က သန်း ခေါင်း စာ ရင်း သွင်း ခါ ၊ ကျောင်း ထား ပေး မည် ။ မိ ဘ များ အား ပြန် တိုင် ပင် ရန် ပြော ဆို ပြ ခဲ့ သော ကြောင့် လည်း ဖြစ် ပါ မည် ။ ကျ မ မှ စိတ် မ ကောင်း ဖြစ် ခါ ၊ စိတ် ထိ ခိုက် ခံ စား ရ သော် လည်း မိ ဝင်း အ ပေါ် ခွင့် လွှတ် နိုင် ခဲ့ ပါ သည် ။ မိ ဝင်း က သူ ၏ မာ န အ မြင် ။ တ နည်း အား ဖြင့် ဆို ရ ပါ လျှင် ၊ ပ ပ ဉ္စ မျက် စိ ဖြင့် ကြည့် မြင် ပြီး ခံ စား သွား ခဲ့ သူ ဖြစ် ပါ သည် ။

အ မေ ကြောင့် သာ ၊ ကျ မ မှာ ။ “လူ ဟာ လူ လို သိ ဘို ့ရာ အ တွက်” ၊ မေ တ္တာ တ ရား စိတ် ထား တတ် လာ ပြီး ၊ မိ ဝင်း အ ပေါ် နှိုက် ချစ် ကြင် နာ နိုင် ခဲ့ ၊ ခွင့် လွတ် စ ရာ အ ဖြစ် တ နည်း ဆို ရ ပါ က ၊ ဗြ ဟ္မ စို ရ် မျက် စိ ဖြင့် ကြည့် မြင် နိုင် ခဲ့ ပါ သည် ။

မိုး ကုတ် ဆ ရာ တော် ဘု ရား ကြီး ၏ ဆုံး မ ဩ ဝါ ဒ က ထာ ဖြစ် သော ၊ ကျ မ ၏ စိတ် တွင် ထာ ဝ စဉ် ဖြစ် တည် ထွန်း နေ ခဲ့ သော “လူ ဟာ လူ လို သိ ဘို ့ရာ အ တွက်” “လွယ် တယ် မ ထင် နှင့်” ဟူ သော ဆုံး မ စ ကား စာ သား အ ပိုဒ် မှာ ၊ နား ထဲ တွင် အ စဉ် အ မြဲ မ ပြတ် ၊ ယ နေ ့ အ ထိ ပင် ၊ အ ထပ် ထပ် ကြား ယောင် နေ လျှက် ရှိ ပါ သည် ။ သ တိ ယ နေ လျှက် ရှိ နေ ပါ သည် ။
အ မေ မှ ၊ ကျ မ အား လော က ကြီး၌နေ ထိုင် သ မျှ ကာ လ တ လျောက် လုံး ၊“လူ ဟာ လူ လို သိ ဘို ့ရာ အ တွက် ” ဟု ဆို ပါ လျှင် ။ လူ လူ ချင်း ကိုယ် ချင်း စာ မေ တ္တာ တ ရား ၊ များ များ ထား ရှိ ကြ ရ မှာ ဖြစ် ပြီး ၊ ဗြ ဟ္မ စို ရ် မျက် စိ အ မြင် ဖြင့် ကြည့် တတ် ရန် ။ ရ ခဲ လှ သော လူ ့ဘ ဝ အား တန် ဘိုး ထား သိ မြင် ပြီး ။ လူ သူ တော် အ ကျင့် မြတ် ပု ဂ္ဂိုလ် တို ့ထံ ၊ ချည်း ကပ် နည်း နာ ခံ ယူ တတ် ရန် ။ သူ တော် မြတ် တို ့ ထုံး အား နှ လုံး မူ ကာ ၊ ကြိုး စား ကျင့် ကြံ နေ ထိုင် လုပ် ကိုင် ဆောင် ရွက် တတ် ရန် ။ လူ လူ ချင်း အ တူ တူ ။ ကွဲ ပြား ခွဲ ခြား သည့် ၊ ဒိ ဋ္ဌိ အ မြင် မျိုး ဖြစ် သည့် ပ ပ ဉ္စ မျက် စိ အ မြင် မျိုး ဖြင့် ကြည့် ခြင်း တို ့မှ ရှောင် ကွင်း ရန် ။ လူ လူ ချင်း တန် ဘိုး ထား သိ မြင် ကြ လျှက် ၊ တစ် ဦး အ ပေါ် တစ် ဦး အ ပြန် အ လှန် ၊ လေး စား ချစ် ခင် သည့် စိတ် ဓတ် ဖြင့် ။ ကိုယ့် လူ မျိုး ကိုယ့် ဘာ သာ သာ ၊ ကိုယ့် သာ သ နာ အား မ ညိုး နွမ်း စေ ဘဲ ၊ လော က ကြီး ကို ကျေး ဇူး သိ မြင် တတ် သည့် ၊ က တ ညု တ မျက် စိ ဖြင့် ကြည့် မြင် ၍ ၊ အ ကျင့် မြတ် ဖြင့် ၊ ကျေး ဇူး တင် တတ် ။ နေ ထိုင် တတ် ရန် ၊ ဟူ ၍ ဖြစ် ပါ သည် ။

“လူ ဟာ လူ လို သိ ဘို့ရာ အ တွက်” “လွယ် တယ် မ ထင် နှင့်” ဟူ သော ။ မိုး ကုတ် ဆ ရာ တော် ဘု ရား ကြီး ၏ ဆုံး မ ဩ ဝါ ဒ က ထာ စ ကား မှာ ။ ရ ခဲ လှ သော လူ ့ ဘ ဝ သို ့ရောက် ရှိ လာ ကြ သည့် လူ သား အ ချင်း ချင်း အား လုံး တို ့ မှ ။ “လူ ဟာ လူ လို သိ ဘို့ရာ အ တွက်” အ မှန် တ ကယ် မှတ် သား နာ ယူ ကျင့် သုံး ထိုက် သည့် ။ လိုက် နာ စ ရာ ကောင်း လွန်း လှ သည့် တန် ဘိုး မ ဖြတ် နိုင် သည့် စ ကား သာ လျှင် ဖြစ် ပါ သည် ။

(ကျေး ဇူး ရှင် ကျွေး မေ မေ အား သ တိ ယ လျှက် ရေး သား မိ ခြင်း ဖြစ် ပါ သည်)

22 comments

  • မောင်ပေ

    July 27, 2012 at 9:08 am

    အန်တီအေးရေ
    ကမ်ဘာကျော် ဘောလုံးသမား ခရစ်စတီယာနိုရော်နယ်ဒို ဖရီးကစ် ကန်တော့မယ်ဆိုရင် မကန်ခင်မှာ အသက်ကို တစ်ဝရှူသွင်းပြီး ပြန်ထုတ်တာမျိုး ၂ခါ ၃ခါလောက် အမြဲလုပ်တယ်
    ကျွန်တော်လဲ စိတ်ရှုပ် စိတ်ဒေါသဖြစ်တဲ့အခါမျိုးဆိုရင် အသက်ကို ပြင်းပြင်းရှူထုတ်တာကို ၁ဝခါလောက်လုပ်တယ်
    တော်တော်လေး သက်သာရာရပါတယ်

  • etone

    July 27, 2012 at 9:16 am

    အန်တီအေးရေ … မှတ်သား ဆင်ခြင်လိုက်နာရမယ့် ပို့စ်ကောင်းလေးတပုဒ်ပါပဲ ။
    လူဟာ လူလိုသိဖို့ အရေးကြီးမှန်း မသိတော့ဘူး …. အခုပို့စ်ဖတ်ပြီးမှ … လူလိုသိဖို့ ကြိုးစားရမယ်ဆိုတဲ့စိတ်ဖြစ်မိပါတယ် ။ …

    ဒါနဲ့ … ဝင်ဖတ်တုန်းက ပို့စ်ခေါင်းစဉ်က ကြည့်မြင်တတ်နိုင်ပါစေ ဆိုလို့ … အခုတော့ လူဟာ လူလို သိဘို့ရာအတွက် ဖြစ်သွားတော့ …. ပို့စ်မှားဝင်မိသလားဆိုပြီး .. ဇဝေဇဝါဖြစ်သွားတယ် … နောက်မှ … ပြန်တွေးကြည့်တော့ … ခေါင်းစဉ်ပြောင်းလိုက်တာပဲဖြစ်မယ်လို့ ထင်မိပါတယ် … ။

  • Shwe Tike Soe

    July 27, 2012 at 10:47 am

    လေးစားထိုက်တဲ့ အမေ ပါပဲ အန်တီ အေးကေကေရေ. အခုပို.စ်လေးဖတ်ရတော့ တစ်ခုခုကို ရလိုက်သလိုပါပဲ….

    အမေဆိုတာ သားသမီးတွေရဲ. ရှေ.ဆောင်လမ်းပြပါပဲဗျာ…… ပြောရင်းကျွန်တော် အမေကို သတိရလိုက်တာ… အမေချက်တဲ့ စားလို.မကောင်းတဲ့ဟင်း၊ အမေပြောတဲ့ ဆုံးမ စကားတွေနဲ. ဝေးကွာခဲ့တာ ၅နှစ်လောက်ရှိတော့မယ် ………….

  • Khaing Khaing

    July 27, 2012 at 10:50 am

    အန်တီအေး …… ဒီနေ့ စိတ်ရှုပ်နေတုန်း အန်တီအေးရဲ့ပို့စ်လေးကို နှလုံးသွင်းဖတ်မိတယ် ……. အခိုင်ကလည်း စိတ်ကြမ်းလူကြမ်းတစ်ယောက်ပါ တရားထိုင်တာတို့ တရားစခန်းသွားတာတို့ကို မှတ်မှတ်ရရ တစ်ခါပဲ လုပ်ဖူးပါတယ် ……. ဒါပေမယ့် ဒေါသကို နှမြောခြင်း နောင်တရခြင်းနဲ့ ဖြေသိမ့်တတ်ခဲ့တယ် …. အခိုင် (၁၀) တန်းဖြေပြီး အဖိုးကို ဒေါသထွက်လို့ သံပေတံနဲ့ကော်စင်တစ်ခုကို ထုရိုက်ခဲ့ဖူးပါတယ် …. အဲဒီ ကော်စင်ကလေးကို အခုအခိုင်အိမ်ထောင်ကျတော့ အမေကအိမ်ကိုပေးလိုက်တယ် …….. အဲဒီစင်လေးကို မြင်တိုင်း ဒေါသထွက်ရင်စိတ်လိုက်မာန်ပါမလုပ်မိဖို့သတိပေးနေသလိုပါပဲ …. ဒါပေမယ့် မမအေးရယ် ပုထုစဉ်ဆိုတော့ကားလည်း သတိကဝင်တချက် ထွက်တချက်ဖြစ်နေတာပေ့ါ …….
    ဒါကြောင့် စာသားလေးတစ်ခုကသိပ်မှန်တယ် “တရားစကားနေတိုင်းကြားက စိတ်ထားဖွေးလက် သိဉာဏ် တက်၏” အဲဒီစာသားလေးကသိပ်မှန်တယ် စိတ်ထဲညစ်နွမ်းနေရင် ဘုရားစာ တရားစာတွေဖတ်လိုက်ရင် အလိုလိုပြေပျောက်သွားတယ် ……..

  • mamanoyar

    July 27, 2012 at 11:23 am

    အန်တီအေးရေ
    တကယ့်ကို အကျိုးရှိ တဲ့ ပိုစ့်တစ်ခုပါပဲ
    နိုရာလဲအတ္တကြီးပြီး ဒေါသထွက်တတ်တဲ့သူတစ်ယောက်ပါ
    ဒါပေမယ့်အခုနောက်ပိုင်း ဘုရားဖူး တရားထိုင်တာတော့
    သိပ်မလုပ်ဖြစ်သေးပါဘူး အားရင်ကျောင်းဝေယာဝစ္စ တွေတော့
    လုပ်ဖြစ်ပါတယ် အတတ်နိုင်ဆုံးလဲ စိတ်ထားကောင်းအောင်နေပါတယ်

  • ahnyartamar

    July 27, 2012 at 11:33 am

    ဆိုင်လားတော့ မသိဘူး၊ ကျတော်လည်း နဲနဲမျှချင်ပါတယ်။ ကျတော့ ငယ်ငယ်က ကျတော့ အဘ က နှုတ်တိုက်သင်ပေးခဲ့တာလေးကိုပါ။ ခ န္တီစ၊ သီး ခံခြင်းနဲ့ ပတ်သက်တဲ့ လကာင်္လေးပေါ့။

    ခန္တီမှုလ၊ မာန်ကိုချ။
    ဒေါသကိုပယ်၊ မေတ္တာလွယ်။

    တဲ့
    ကျတော်တော့ ဒေါသဖြစ်တိုင်း အဲဒီ လကာင်္လေးကို ဆိုမိတာပဲ။

  • စိန်ဗိုက်ဗိုက်

    July 27, 2012 at 12:55 pm

    စိတ်ဆတ်ပြီး အကြွေး မဆပ်တဲ့ ကျော့်အတွက် လူလိုသိဖို ့ အများကြီးကြိုးစားရဦးမယ်ဗျား..
    ကြိုးစားရဦးမယ်

  • ko khin kha

    July 27, 2012 at 1:31 pm

    လူလိုသိပါ စကားလုံးလေးတိုပေမဲ့ ကြိုးစာနေထိုင်ပြုမူရမှာတွေကတော့ ကျယ်ပြန့်တယ်နော်။

    • aye.kk

      July 28, 2012 at 4:25 pm

      ကိုပေ,…
      သိတာလေးပြောပြတာ..
      အန်တီကျေးဇူးတင်။ဝမ်းသာမိပါတယ်။
      အန်တီပြောပြချင်မိပါတယ်၊ရင်ဖွင့်စကားလေးပါ။
      ဒေါသကြီးတာ၊စိတ်တိုတာတွေဟာ..
      အသက်အရွယ်ရလာတော့…
      စိတ်ဖိစီးမှုကြောင့်နှလုံးသွေးတိုးဖြစ်လာပါတယ်…။
      ကျွေးမေမေကို၊နောင်တမလွန်ဆိုတာရှိခဲ့ရင်…
      လူ ့ဘဝကိုပြန်ရှင်သန်ခွင့်ရရင်..
      ဆုမတောင်းကောင်းဘူးဆိုပေမယ့်လည်း…
      ဝမ်းနဲ ့လွယ်မွေးနိုင်တဲ့သူဖြစ်နိုင်ရစေဘို ့ကြိမ်ဖန်များစွာဆုတောင်းပေးမိပါတယ်။
      ကျွေးမေမေကလည်းနောင်တမလွန်မှာလူ ့ဘဝအဖြစ်ပြန်ရလို ့မိန်းမသားဘဝပြန်ရခဲ့ရင်
      သားသ္မီးမွေးနိုင်တဲ့အမေဖြစ်စေဘို ့ကျမတို ့မောင်နှမအားလုံးကိုဆုတောင်းခိုင်းခဲ့ပါတယ်။
      အမေ့ကိုမြေချတဲ့ခါဆုတောင်းပေးပါတဲ့လေ။။
      ဒေါသအရမ်းကြီးလွန်းတဲ့ကျမကို…
      ကျွေးမေမေ၊မသေခင်ကတိရအောင်တောင်းသွားခဲ့တာက။
      “သည်းခံ”ဆိုတဲ့ကတိစကားနှစ်လုံးတည်းပါဘဲ။
      အရာရာကို“သည်းခံနိုင်ပါစေ”တဲ့၊ကတိရအောင်တောင်းပြီးမှသာ
      လာကကြီးကနေမျက်စိမှိတ်ပြီးထွက်ခွာသွားနိုင်ခဲ့တဲ့ကျွေးမေမေပါ။
      ရင်ထဲမှာနာကျင်မှုပေါင်းများစွာတို ့ရဲ ့နှိပ်စက်ခြင်းကိုမသေမချင်းခံစားနေရတာကအန်တီပါဘဲ။။
      အဆိုးဆုံးအဖြစ်ကိုရင်မဆိုင်ချင်ဘူးဆိုရင်၊သည်းခံရမယ်ဆိုတဲ့အသိက
      နှလုံးသားအိမ်ထဲအမြဲဝင်ရောက်ကိန်းအောင်းနေခဲ့ပါတယ်။။
      —————————————————————–

      အိတုံ…ရေ
      အားနာမိပါတယ်။
      အမှန်ဆိုရင်တော့postနှစ်ခုသီးခြားတင်မလို ့ပါ။
      သဘောတရားကဆင်တူရိုးမှားဆိုသလိုဖြစ်နေတာနဲ ့
      ဝေခွဲမရဘဲ၊ခေါင်းစဉ်စာသားပြောင်းလိုက်မိပါတယ်။
      —————————————————————–
      ရွှေတိုက်စိုးရေ…
      တခုခုကိုရလိုက်သလိုပါဘဲဆိုတဲ့အတွက်..
      ရေးသူအန်တီကဝမ်းသာပီတိဖြစ်မိရပါတယ်ကွယ်။
      အမေဆိုတာ…
      နိုင်ငံအတွက်,ကမ္ဘာအတွက်
      သားကောင်း၊သ္မီးကောင်းမွေးထုတ်ပေးနိုင်တဲ့
      ကမ္ဘာကိုအကျိုးပြုစေနိုင်တဲ့ပုခက်လွှဲသောမိခင်လက်တွေဆိုရင်လည်းမမှားပါဘူးကွယ်။
      မိဘကိုသတိရတယ်ဆိုကတည်းက..
      လိမ္မာတဲ့သားကောင်းတယောက်လို ့အန်တီထင်မြင်ယုံကြည်ပါတယ်ကွယ်။။
      —————————————————————–
      ခိုင်ခိုင်ရေ…
      အန်တီရေးတဲ့postကိုနှလုံးသွင်းဖတ်မိတယ်ဆိုလို ့
      အရမ်းဝမ်းသာမိခဲ့ရပါတယ်ကွယ်။
      ခိုင်ခိုင်ရဲ ့အတွေ ့အကြုံလေးကိုပြန်မျှတာကျေးဇူးပါကွယ်။
      —————————————————————–
      နိုရာရေ…
      အကျိုးရှိတယ်ဆိုလို ့။
      အန်တီဝမ်းသာမိရပါတယ်ကွယ်။
      —————————————————————–
      အညာတမာရေ…
      သိတာလေးပြန်မျှပေးတာကျေးကျေးပါနော်။။
      —————————————————————–
      အလင်းဆက်…
      ကျေးဇူးတရားသည်လည်းမေတ္တာတရားပါဘဲ။
      —————————————————————–
      စိန်ဗိုက်ဗိုက်ရေ…
      မိုးကုတ်ဆရာတော်ဘုရားကြီး
      နှလုံးသွင်းခိုင်းတာက“လူဟာလူလိုသိဘို ့ရာ”“လွယ်တယ်မထင်နဲ ့တဲ့”လေ။
      ကြိုးစားမယ်ဆိုလို ့ဝမ်းသာမိရပါတယ်ကွယ်။။
      —————————————————————–
      ကိုခင်ခ..
      ကျယ်ပြန် ့လွန်းတဲ့အတွက်…
      မနည်းကိုလိုက်နာယူဘို ့ကြိုးစားရပါဦးမယ်ကွယ်။
      အမေပြောသလိုပါဘဲ။
      လူဖြစ်ပြီးလူ ့အသိမရှိရင်လူ ့အဖြစ်ကိုရတာနာတယ်တဲ့လေ။လူဖြစ်ရှူံးတယ်ပေါ့နော်။။

  • သန်းထွဋ်ဦး

    July 27, 2012 at 6:40 pm

    လူဟာ လူ လို သိ ဘို ့ရာ အ တွက် ” ဟု ဆို ပါ လျှင် ။ လူ လူ ချင်း ကိုယ် ချင်း စာ မေ တ္တာ တ ရား ၊ များ များ ထား ရှိ ကြ ရ မှာ ဖြစ် ပြီး ၊ ဗြ ဟ္မ စို ရ် မျက် စိ အ မြင် ဖြင့် ကြည့် တတ် ရန် ။ ရ ခဲ လှ သော လူ ့ဘ ဝ အား တန် ဘိုး ထား သိ မြင် ပြီး ။ လူ သူ တော် အ ကျင့် မြတ် ပု ဂ္ဂိုလ် တို ့ထံ ၊ ချည်း ကပ် နည်း နာ ခံ ယူ တတ် ရန် ။ သူ တော် မြတ် တို ့ ထုံး အား နှ လုံး မူ ကာ ၊ ကြိုး စား ကျင့် ကြံ နေ ထိုင် လုပ် ကိုင် ဆောင် ရွက် တတ် ရန် ။ လူ လူ ချင်း အ တူ တူ ။ ကွဲ ပြား ခွဲ ခြား သည့် ဒိ ဋ္ဌိ အ မြင် မျိုး ဖြစ် သည့် ပ ပ ဉ္စ မျက် စိ အ မြင် မျိုး ဖြင့် ကြည့် ခြင်း တို ့မှ ရှောင် ကွင်း ရန် ။ လူ လူ ချင်း တန် ဘိုး ထား သိ မြင် ကြ လျှက် ၊ တစ် ဦး အ ပေါ် တစ် ဦး အ ပြန် အ လှန် ၊ လေး စား ချစ် ခင် သည့် စိတ် ဓတ် ဖြင့် ။ ကိုယ့် လူ မျိုး ကိုယ့် ဘာ သာ သာ ၊ ကိုယ့် သာ သ နာ အား မ ညိုး နွမ်း စေ ဘဲ ၊ လော က ကြီး ကို ကျေး ဇူး သိ မြင် တတ် သည့် က တ ညု တ မျက် စိ ဖြင့် ကြည့် မြင် ၍ ၊ အ ကျင့် မြတ် ဖြင့် ၊ ကျေး ဇူး တင် တတ် နေ ထိုင် တတ် ရန် ၊ ဟူ ၍ ဖြစ် ပါ သည် ။

  • pooch

    July 27, 2012 at 11:47 pm

    လူဟာ လူလို သိဖို့ရာအတွက် လွယ်မယ်မထင်နဲ့ ဆိုတဲ့စကား လေးက လွယ်မယောင်နဲ့ ခက် တိမ်မယောင်နဲ့ နက် အလွန်သိမ်မွေ့တဲ့ အနက်ဖွင့်ဆိုချက်လေးပါ။
    ဖြေးဖြေးချင်းတွေးမှ ရေးရေးပေါ်တာမျိုးပါ။

  • surmi

    July 28, 2012 at 12:46 am

    တခါတရံမှာ ကျနော်က လူတစ်ကောင်ရောဟုတ်ရဲ ့လားလို. ပြန်စဉ်းစားဘူးတယ်
    လက်မထောင်ခဲ.တယ် အန်တီအေးရေ ။

  • ကြောင်ကြီး

    July 28, 2012 at 8:55 am

    လူဖြစ်ရတာ လွယ်ဘူးဗျို့…။ အချစ်ရေး အိမ်ထောင်ရေး သားရေး သမီးရေး ကြီးပွားရေး စီးပွားရေး ဘာရေး ညာရေး ဟာယေရေး ဟာရေယေး အာရားမား ဒစ္စကို ဒန်းစား…စွံလို့ကြည် နေတာပဲ…။

    • etone

      July 28, 2012 at 9:14 am

      အဲ့ဒါကြောင့် လူမဖြစ်ပဲ ကြောင်ဖြစ်သူတွေများနေတာ ..ဝုတ်တယ် ဝုတ် … ခိခိ 😛

  • ဆူး

    July 28, 2012 at 4:49 pm

    မေတ္တာ တရား ထားနိုင်ရင်တော့ ဒေါသတွေ လျော့သွားတာ တော့ အမှန်ပဲ..
    သီအိုရီ သိပြီး အဖြေ မထွက်တဲ့ ပုစာ္ဆတခုလိုပဲ.. မေတ္တာထားပြီး ဒေါသမထိန်းနိုင်သေးတာတော့ အမှန်ပါပဲ။

    မိဝင်းက ကံကောင်းခဲ့တာလို့ ပြောလို့ ရမှာပေါ့ သူကို မျှဝေ ပေးတတ်တဲ့ သူနဲ့ နေခဲ့ ရတယ် ဆိုတော့လေ.. အတိတ်က ရေစက်တွေ ရှိခဲ့လို့ နဲ့ တူပါတယ်။

  • aye.kk

    July 28, 2012 at 8:04 pm

    သန်းထွဋ်ဦးရေ…
    အမေပြောတဲ့ဆုံးမစကားက…
    မှတ်သားစရာလေးမို ့ဒိုင်ယာယီနဲ ့
    မှတ်ထားလို ့ပြန်ပြီးပြောနိုင်ရတာပါကွယ်။။
    —————————————————————
    pooch,ရေ
    အန်တီကျောင်းနေတဲ့..
    ပထမတန်းအရွယ်…
    ဒုတိယတန်းအရွယ်….
    တတယတန်းအရွယ်…
    စတုထ္ထတန်းအရွယ်…
    အမေရိုက်လို ့ကောင်းတဲ့အရွယ်လေးဆိုတော့…
    စာကြည့်စားပွဲထိုင်တာနဲ ့မိုးကုတ်ဆရာတော်ဘုရားကြီးရဲ ့..
    ဆုံးမဩဝါဒကထာကိုအမေကမှန်ဘောင်ထဲအကျအနသွင်းထားပြီး
    စာကြည့်စားပွဲခုံကအိမ်ခန်းနံရံနဲ ့ထိပြီးကပ်ပြီးချိတ်ထားတာ။
    စာမကျက်ခင်ဆရာတော်ကြီးရဲ ့ဆုံးမဩဝါဒကထာကိုအမြဲအရင်ဆုံးရွတ်ဖတ်ရတယ်။
    နောက်တခုကအပြစ်လုပ်တဲ့နေ ့ဆိုလက်ပိုက်လျှက်နဲ ့အမေ့ကိုဆိုပြရတယ်။
    အမြဲလိုဆိုတော့ငိုရတယ်။
    အမေရိုက်တဲ့ထားဝယ်ကြိမ်လုံးကအလုံးသေးသေးလေးနဲ ့
    တအားစပ်ပြီးနာကျင်တာ။ကြောက်ပြီးမရွတ်ချင်လည်းရွတ်ရတယ်ပေါ့နော်။
    နောက်ပြီးအမေပြောတာလေးဖြည့်ပြီးပြောပြချင်မိပါတယ်။
    ရိုးရိုးကျင့်၊မြင့်မြင့်ကြံ၊မှန်တာပြော။ဤသုံးချက်ကိုလေးစားလိုက်နာခိုင်းခဲ့ပါတယ်။
    လူဟာလူလိုသိဘို ့ရာအတွက်ဆိုပါတယ်။
    လေးနက်လွန်းလှတာမှန်ပါတယ်ကွယ်။
    —————————————————————–
    ဆာမိရေ…
    ကျေးဇူးတင်ပါတယ်ကွယ်။
    —————————————————————–
    ကြောင်ကြီး…
    လူဖြစ်ရတာမျှောလမ်းမှာပုခုံးထမ်းထားရတဲ့အလောင်းကောင်ပါကွယ်။။
    —————————————————————–
    ဆူး
    ကျေးဇူးပါ။
    ရေစက်ကဆန်းကျယ်လှပါတယ်။
    ဂေဖက်သူကြီးကြောင့်အန်တီတို ့တွေ၊တွေ ့ဆုံခင်မင်သိကျွမ်းကြခဲ့ရတယ်နော်။။

  • ကိုရင်စည်သူ

    August 1, 2012 at 12:08 pm

    ှSanity လို့ခေါ်တဲ့ ဆင်ခြင်တုံးတရားကတော့ လူတစ်ဦးစီမှာ မရှိမဖြစ်ပါပဲ။
    ပညာ မရှိရင်လည်း လူလိုမသိသလို၊ သီလမရှိလည်း လူလိုမသိကြပါဘူး။
    ကိုရင်လည်း insensate ဖြစ်သွားတဲ့အခါမှာ ခံစားချက်ထက်…
    ဦးနှောက်ကို ဦးစားပေးခဲ့တာတွေရှိပါတယ်။။ အန်တီအေး ပို့စ်လေးကို သဘောကျပါတယ်ခင်ည။
    ဒါနဲ့ စကားအတင်းစပ်ရရင်…
    ဧရာဝတီTun က အန်တီ့တူမလေးလားဟင်… အဟီးး.. 😀 😀
    ဘယ်ဘဝက ပဌာန်းဆက်လဲမသိ …. အန်တီ့ကို အဒေါ်တော်ချင်နေတာ…
    ဪ.. ရေစက်.. ရေစက်… 😎 😎
    စတာနော့်.. အန်တီ…

  • padonmar

    August 14, 2012 at 7:54 pm

    ဒေါက်ဒေါက်ဒေါက်
    အေးကေကေရေ

    ဖိတ်စာပို့ပါတယ် (စာပို့သမားမအားလို့ နောက်ကျတာခွင့်လွှတ်ပါ)
    လူရင်းတွေမို့ ရောက်ပြီးသားပဲနော်။
    စကဒ်တိုနဲ့ ကြိုးတစ်လုံးတောင်ဝတ်လာသေး။
    http://myanmargazette.net/143974
    http://myanmargazette.net/143981

    နှစ်သက်သူတွေရဲ့ မှတ်ချက်တွေဖတ်ပြီး ပီတိလေး ခံစားရဖို့ရယ်။
    အခြားသူတွေလည်း အလွယ်တကူဖတ်မိကြဖို့ ရည်ရွယ်ပါတယ်။

    • aye.kk

      August 15, 2012 at 1:09 pm

      ဒေါက်တာပဒုမ္မာရေ…။
      ကျေးဇူးပါ။
      ကြီးမားလှတဲ့ကျွေးမေမေမေတ္တာထားတဲ့ဆုံးမစကားတွေကို..
      သတိရလွမ်းဆွတ်ပြီးခံစားဖြစ်ပေါ်ရေးမိသွားခဲ့ရတာပါ။
      အပြည့်အစုံလေးမရေးပြခဲ့ရတာ၊စိတ်ထဲအားမလိုအားမရ၊ဖြစ်မိရတဲ့အပြင်
      ဝမ်းနည်းဝမ်းသာခံစားဖြစ်ပေါ်ခဲ့ရပါတယ်။
      ကျမအနေနဲ ့က၊ခုလိုဖော်ပြအသိအမှတ်ပြုခံရတဲ့အတွက်။
      နောင်ကိုပိုပြီးကြိုးစားရေးချင်စိတ်အားအင်တွေတိုးပွားဖြစ်ထွန်းပေါ်ပေါက်လာခဲ့ရ
      ပါကြောင်းဝန်ခံလိုက်ပါရစေ။။

  • Shwe Ei

    August 15, 2012 at 11:38 am

    အန်တီပဒုမ္မာကျေးဇူးကြောင့် အန်တီအေးစာကို ပြန်ဖတ်ခွင့်ရပါတယ်။ အမှန်တကယ် အသိပညာပေးနို်င်တဲ့ ပို့စ်ဖြစ်လို့ အန်တီ ၂ယောက်လုံးကို ကျေးဇူးတင်ပါကြောင်း။ လူ လူချင်းကိုယ်ချင်းစာတရားလက်ကိုင်ထားပြီး ဆက်ဆံရမဲ့ အသိကို အငြိမ်းစားဆရာမကြီးဖြစ်တဲ့ အဖွားရော အန်တီဆရာမအပျိုကြီးတွေရော မွေးသမိခင်ကိုယ်တိုင်ဆီကရော သင်ပြပြောပြလို့ သိခွင့်ရပါတယ်။ ကိုယ့်အပေါ် ကျောချင် နှိမ်ချင် မျက်လှည့်ပြပြီး လိမ်စားချင်သူများ ဆွေနီးမျိုးစပ်ထဲက ရှိခဲ့ ကြုံခဲ့ရတာတောင် သည်းခံနို်င်တဲ့ ကွယ်ရာကျမှ မချင့်မရဲ အပြစ်တင်တတ်တဲ့ အမေကြောင့် ဒေါသထွက်ရတာ အခါခါပေမဲ့ စိတ်ထိန်းနို်င်နေတုန်းပါဘဲ။ အန်တီအေးရဲ့ပို့စ်ကို ဖတ်မိပြီး ငါလုပ်တာမှန်ပါလားလို့ခံစားမိလို့ စိတ်ချမ်းသာရပါတယ်။

  • aye.kk

    August 15, 2012 at 1:16 pm

    ရွှေအိရေ…။
    ကွန်မန်းအားပေးသွားတဲ့အတွက်။
    အန်တီအားတက်ခါ၊ဝမ်းသာမိရပါကြောင်းပြောပြလိုက်ပါစေကွယ်။

Leave a Reply