စဉ်းစားကြစေလိုပါတယ် ( ၃၅ ) ( ဆွေးနွေး မိတာလေးပါ )

Foreign ResidentJuly 27, 20122min37568

စဉ်းစားကြစေလိုပါတယ် ( ၃၅ )

( ဆွေးနွေး မိတာလေးပါ )

 

အဘ ဒီနေ့ ၊

သူငယ်ချင်း တစ်ယောက်နှင့်

ဆွေးနွေး မိတာလေးပါ ။

အဘ သဘောထားလို့လဲ ၊

ပြောရင်ရပါတယ် ။

 

” မြန်မာပြည်ထဲမှာ နေရင် ၊ မြန်မာပြည်ကို ချစ်ရင် ၊

မြန်မာပြည်ကို ကာကွယ် ရမယ်…

ဒါ ဒီမြေမှာမွေးတဲ့ လူတိုင်းတာဝန် ။

မဟုတ်ရင်တော့ ….လောက်ကောင်ဘဲ “

 

Sorry, သူငယ်ချင်း ၊ ငါကတော့ တရားမျှတမှုကိုပဲ ကိုးကွယ်တယ် ။

ငါ့ တိုင်းပြည် ( မြန်မာပြည် ) က တရားတယ်ထင်ရင် ၊

ငါ့ တိုင်းပြည် ( မြန်မာပြည် ) ကို ကာကွယ်လိုတဲ့ ဆန္ဒရှိပေမယ့် ၊

မတရားဘူးလို့ထင်ရင်တော့ ၊ ငါ့ တိုင်းပြည် ( မြန်မာပြည် ) ကိုလည်း ၊

ငါ ပြန်ချဖို့ နဲနဲမှ ဝန်လေးနေမှာမဟုတ်ဘူး ။

 

လောက်ကောင်တွေ ၊ သစ္စာဖေါက်တွေ ၊ ဒိဋ္ဌိတွေ

ဆိုတဲ့ စကားလုံးတွေကိုလည်း ၊

သိပ်လည်း စိတ် မ ဝင်စား ၊ ခံလည်း မခံစားပါဘူး ။

တခုတည်းပဲ စိတ်ဝင်စားတယ် ၊

” တရားမျှတမှု ” နှင့် ၊

ငါ့ရဲ့ စိတ် Moral Conscience Clear ဖြစ်ဖို့ပဲ ။

 

” အခု ရခိုင် – ဘင်ဂါလီ အရေးကို ဥပမာ ထားပြီးတော့ ၊

မင်းရဲ့ အထင်လေး မင်းသုံးသပ်ပြလေ ငါတို့လဲ သိရအောင် “

 

သူငယ်ချင်း အချင်းချင်းမို့ ပွင့်ပွင့်လင်းလင်း ပြောပြမယ် ။

အခု ရိုဟင်ဂျာ အရေးအခင်းနှင့် ပါတ်သက်လို့ ငါ့သဘောထားကို ၊

 

၁ ။ ထုံးစံအတိုင်းပေါ့ကွာ ၊

မြန်မာ ဗုဒ္ဓဘာသာ တစ်ယောက် အနေနှင့် ရခိုင်ဘက်ကနာတာပေါ့ကွာ ။

အထူးသဖြင့် မွတ်ဆလင်ဘာသာ ရဲ့ သာသနာပြုနေတဲ့ ပုံစံ နှင့်

လူ့အခွင့်အရေး မရှိပုံ တွေကို ၊

တော်တော်လေးကို မကြိုက်တဲ့ အထဲမှာ ငါလဲ ထိပ်ဆုံးက ပါတာပေါ့ ။

 

၂ ။ But, very very big BUT ။

မင်း ရခိုင်ကို ဘယ်နှစ်ခေါက် ရောက်ဖူးလည်း ။

ငါ အခေါက် နှစ်ဆယ်ကျော် ရောက်ဖူးတယ် ။

ရခိုင်တွေက အဲဒီ ဘင်္ဂါလီတွေကို ဆက်ဆံတဲ့ပုံစံ မင်းတွေ့ဖူးလား ။

ဘင်္ဂါလီတွေကို ခွေးလောက်တောင် တန်ဘိုးမထားပဲ ဆက်ဆံကြတာ ။

ငါ မျက်ဝါးထင်ထင် မရေမတွက်နိုင်အောင် အံဩ ထိတ်လန့်စွာ တွေ့ခဲ့ဘူးတယ် ။

လိုရင်းပဲပြောရရင် ၊ အဲဒီ ဘင်္ဂါလီတွေ ရခိုင်ကို ပြန်သတ်တာ / သတ်ချင်တာ ကို ၊

ငါ မ အံ့ဩပါဘူးလို့ပဲ ပြောပါရစေတော့ ။

 

သေချာတာကတော့ ( ဘာသာရေးကို ဘေးဖယ်ထားလိုက် ပါ )

ငါသာ အဲဒီ ဘင်္ဂါလီတွေ နေရာမှာဆိုရင်လည်း ၊

အဲဒီ ဘင်္ဂါလီတွေ လုပ်သလိုပဲ ၊ လုပ်ချင်မိမှာ သေချာပါတယ် ။

 

၃ ။ နောက်တစ်ချက်က ၊

အဲဒီပြဿနာမှာ မြန်မာတွေဖက်က ဘင်္ဂါလီတွေကို ခိုးဝင်တယ်ဆိုပြီး စွတ်ဆွဲတယ် ။

ဘင်္ဂါလီတွေဖက်က နေလာတာ နှစ်ရာချီနေပြီဆိုပြီး တုန့်ပြန်တယ် ။

ငါ့ အမြင်ကို ပြောရရင် ၊ အခု မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ ဘင်္ဂါလီ ၉ သိန်းဟာ ၊

ဆယ်စုနှစ် တစ်ခု နှစ်ခု လောက်အတွင်းမှာ ခိုးဝင်လာတာတော့

မဟုတ်တာ သေချာတယ် ။

 

( ခိုးမဝင်စေချင်ရင်လဲ ၊ ခိုးမဝင်ရအောင်တားလေ ၊ သေနတ်နှင့်ပဲ ပစ်ပစ်ပေါ့ )

( ခြံစည်းရိုး ကာရမယ့်သူတွေ ကိုယ်တိုင်က ၊ ကိုယ့် ခြံစည်းရိုး ကို ထင်းခွေနေတာကိုး )

 

အေး ၊ အဲလိုမှ မဟုတ်ပဲ ။ ဒီမြေမှာပဲ မွေးခဲ့တဲ့သူတွေ ဆိုရင်ပဲဖြစ်ဖြစ် ၊

နေလာတာ နှစ် ၄/၅ဝ ရှိနေပြီ ဆိုရင်ပဲဖြစ်ဖြစ် တိုင်းရင်းသား မဟုတ်ရင်တောင် ၊

နိုင်ငံသား ဒါမှမဟုတ် တရားဝင် နေထိုင်ခွင့် တခုခု ကိုတော့ ပေးရတော့မှာပဲ ။

 

လူလူချင်း အဆင့်အတန်းခွဲပြီး ၊ ဘင်္ဂါလီကိုမှ ခွဲခြား ဖိနှိပ်ထားလို့မှ မရတာ ။

ဒါဟာ နိုင်ငံတကာက ၊ လူ့အခွင့်အရေးကို လက်ခံတဲ့ နိုင်ငံတွေရဲ့ ထုံးစံပဲလေ ။

( စိတ်မကောင်းစရာက စင်္ကာပူ ၊ မလေးရှား ၊ ထိုင်း နိုင်ငံတွေဟာ

အဲဒီ အဆင့်မရှိသေးပါဘူး )

 

၄ ။ နောက်တစ်ခုထပ်ပြောပါရစေ ၊ မှန်တာ ဝန်ခံရရင် ၊

ငါဟာ ” မြန်မာ ” လူမျိုးဆိုတဲ့ အယူအဆ ကျန်နေသေးသော်လည်း ၊

ငါ တကယ် ဦးတည်နေတဲ့ အယူအဆကတော့ ၊

ငါဟာ ” လူ ” လူမျိုးဆိုတဲ့ အယူအဆ ပါပဲ ။

 

မင်းတို့ သတိထားပြီး ကြည့်ရင် တွေ့မိပါလိမ့်မယ် ၊

US, England, Australia အစရှိတဲ့ အနောက်နိုင်ငံတွေမှာ နေနေတဲ့ မြန်မာတွေ ဆီက ၊

ဒီ ရိုဟင်ဂျာတွေကို ဆဲဆို တိုက်ခိုက်တဲ့အသံ လုံးဝ မထွက်သလောက်ပဲဆိုတာ ။

 

မြန်မာပြည်ထဲက အမြင်မကျယ်တဲ့သူတွေကတော့ ၊

အဲဒီ အနောက်နိုင်ငံတွေမှာ နေနေတဲ့ မြန်မာတွေကို ၊

သူတို့အထင်နှင့် ၊ ဒေါ်လာပဲရလို့ ပဲ ပါးစပ်ပိတ်နေသလိုလို ၊

မျိုးချစ်စိတ်ပဲ မရှိတဲ့သူ လိုလို ၊ ပြောချင်ကြတယ် ။

 

မှန်တာပြောမယ် ၊ သူငယ်ချင်း ၊

အဲဒီ ဒီမိုကရေစီ ၊ လူ့အခွင့်အရေး ၊ တရားမျှတမှု တကယ်ထွန်းကားတဲ့ နိုင်ငံတွေမှာ ၊

၂ နှစ် ၃ နှစ်လောက် သေချာ အခြေချ နေထိုင်ပြီးတဲ့သူတွေဟာ ၊

တရားမျှတမှု အစစ်အမှန်ကို သိသွားပြီဖြစ်တဲ့အတွက် ၊

သူတို့ဟာ ( မွတ်ဆလင် ဘာသာ ကိုမုန်းတဲ့စိတ် စိတ်ထဲမှာ ရှိရင်ရှိမယ် ) ၊

ရိုဟင်ဂျာတွေကိုတော့ လူသားချင်း စာနာစိတ်နှင့် ဆဲမှာ မဟုတ်တော့ဘူးကွ ။

အဲဒါဟာ ( ငါ့ အထင် ငါ့ အယူအဆ ပါ )

” မြန်မာ ” မျိုးချစ်စိတ်ထက် မြင့်တဲ့ ” လူ ” မျိုးချစ်စိတ် ပါပဲ ။

 

၅ ။ အရေးကြီးရင် သွေးနီးတယ် ဆိုတဲ့သဘောအရတော့ ၊

ငါလည်း ရခိုင် သဟာရ အသင်းကို ၊

ရခိုင် ပြန်လည်ထူထောင်ဖို့ ငါးသိန်း လှူထားပါတယ် ။

” ရခိုင် သွေးချင်းတွေ ဘဝ ကို ပြန်လည်ထူထောင်ဖို့ ” ပါ ။

ရိုဟင်ဂျာကို ချဖို့ လှူတာ မဟုတ်ပါဘူး ။

 

ဒါပေမယ့်လည်း ၊ နောက်ဆုံး All out War ဖြစ်လာရင်တော့လည်း ၊

နောက်ဆုံး မြန်မာ ရခိုင် ဗုဒ္ဓဘာသာဖက်က ဝင် ထောက်ခံပေးရတော့မှာပေါ့ ။

 

အဲဒီ မတိုင်ခင်မှာတော့ ၊ Sorry ပဲသူငယ်ချင်း ။

ရိုဟင်ဂျာကို ဆဲတဲ့အထဲ ငါ မပါနိုင်ဘူး ။

 

ငါဟာ ” လူ ” လူမျိုး ။

 

အင်း ၊ မြို့မေတ္တာတွေတော့ ခံရအုံးမယ် ထင်တယ် ။

 

တော်သေးပြီ ။

 

အဘ Foreign Resident ။

68 comments

  • htoosan

    July 27, 2012 at 6:46 am

    အမြင်ကျဉ်းတဲ့ ပြည်တွင်းနေ ကျွန်တော် ကတော့ ဒေါ်လာစားမို့ ပါးစပ်ပိတ်တယ်လို့ မမြင်ပါဘူး ။
    ဘဝတူ မို့လို့ မအော်ရက်တာ နေမှာပါလို့ ဘဲ မြင်ပါတယ်။ ဘဝတူ မို့လို လူ လူမျိုးလို့ အော်ကြရတာလို့ မြင်ပါတယ် ။
    ကိုယ့်ဟာကိုယ်တော့ ရက်အင်ဒီးယန်းတွေလို၊ အဘော်ဂီနိတွေလို နောင်မှာ လူနဲစု ဖြစ်မှာ စိုးမိနေတယ်လို့ အမြင်ကျဉ်းစွာ နဲ့ဘဲ မြင်မိနေပါတယ်။

  • htoosan

    July 27, 2012 at 6:53 am

    ပြောရရင်တော့ အချိန်လည်း အတော် နှောင်းခဲ့ပါပြီ ။
    ဒီရက်ပိုင်း အလုပ်ကိစ္စကြောင့် မြို့ထဲသွားရင် ရန်ကုန် အင်းစိန်လမ်းဘက်က သွားဖြစ်နေပါတယ် ။ ပါရမီ လမ်းကနေ ရန်ကုန်ဘက် စချိုးလိုက်ကတည်း က မြင်ရတဲ့ ဆိုင်၊ လူ အများစု ဟာ ဘယ်သူတွေ ဖြစ်နေပါလဲ ။ လှည်းတန်းလောက်ရောက်မှ တစ်ချက် ကိုယ်နဲ့ အရောင် ပြန်တူလာပါတယ် ။ ပြည်လမ်းကနေ မင်္ဂလာတောင်ညွန့် ရောက်တဲ့ အထိ အိမ်ခြေနည်းလို့ ဘာမှ မသိတာပေမဲ့ သိမ်ဖြူလမ်း ထိပ်ရောက်တာနဲ့ အရောင် ပြန်ပြောင်းသွားလိုက်တာ ဗိုလ်တထောင် ရုံးရောက်တဲ့ အထိ ငါ မြန်မာ နိုင်ငံမှာ နေတာ ဟုတ်ရဲ့လား ထင်မှတ်မှားစရာဖြစ်နေပါပြီ ။ လမ်းငါးဆယ် ပုဇွန်တောင်ဘက်ဆက်သွားရင်လည်း သူတို့ တွေကိုဘဲ အများစုမြင်နေရဦးမှာပါ ။
    ဆိုတော့ ……..

  • maungmoenyo

    July 27, 2012 at 7:58 am

    အဘ foreign resident ရဲ့ ဝေဖန်ပုံ ကြိုက်သဗျို့။ အမှန်ပြောရရင်တော့ မျက်စေ့ကန်းတစ္ဆေတောတိုးဆိုတဲ့ လူမျိုးရေးဗိုလ်ကျစိုးမိုးရေးဝါဒစွဲ ဟာ ခု(၂၁)ရာစုမှာ ကန့်လန့်ကာချပြီးနေလောက်ပါပြီ။ ဒါပေမဲ့ မြန်မာလိုတတိယနိုင်ငံတွေ အနေနဲ့က ဒီခေတ်ကိုအတိပ်မှာထားခဲ့နိုင်ဘို့ လက်ရှိမှာအတော်ခက်ပါသေးတယ်။ ဆိုရရင် မြန်မာအစိုးရက စစ်တပ်နဲ့ ရဲအင်အားသုံးပြီး ဗြောင်တမျိုး၊ မသိမသာတဖုံ ဘင်္ဂါလီရိုစင်ဂျာတွေကိုနှိပ်ကွပ်နေတာ၊ ပထစ လို့ခေါ်တဲ့ သခင်နုလက်ထက်ကတည်းကပါ။ သေချာတာတခုကတော့ ဘင်္ဂါလီတွေလက်ရှိနေထိုင်နေကြတဲ့ ဘူးသီးတောင် နဲ့မောင်းတော စတဲ့ဒေသတွေဟာ ရာစုပေါင်းမြောက်မြားစွာ (ထပ်ပြောရရင်ဆယ်စုမဟုတ်ပါဘူး) သူတို့ရဲ့နေရင်းဒေသတွေဆိုတဲ့ သမိုင်းအထောက်အထားတွေ မှိုလိုပေါက်နေပါတယ်။ (internetထဲအလွယ်တကူကြည့်နိုင်တာမို့) By appearance နဲ့ဘဲဖြစ်ဖြစ်၊ ကိုးကွယ်ရာဘာသာအနေနဲ့ဘဲဖြစ်ဖြစ် မတူညီတဲ့အချက်ကိုကြည့်ပြီးလူတန်းစားခွဲခြားတာ ဟာ ဘယ်ဥပဒေနဲ့ချိန်ထိုးထိုး၊ လူသားချင်းစာနာထောက်ထားမှုပေတံနဲ့ဘဲတိုင်းတိုင်း အလွန်အရုပ်ဆိုးတဲ့အပြင်၊ သမိုင်းမှာအမဲစက်ထင်နေစေပါတယ်။ ပြီးခဲ့တဲ့ရခိုင်းအရေး အစိုးရ နဲ့စစ်တပ်ကဘင်္ဂါလီတွေအပေါ် ရက်စက်တာတွေ အထောက်အထားတွေမဖုံနိုင်မဖိနိုင်ပေါ်လာပြီလေ။ နိုင်ငံတကာ စောင့်ကြည့်အဖွဲ့တွေက ခုချိန်၊ ဒီမိုကရေစီအညှောက်ပေါက်ခါစ၊ ဥိးသိန်းစိန်ကိုမသိမသာကနေ၊ သိသိသာသာကြီးလက်တို့နေရတဲ့ဘဝရောက်နေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း၊ ဒီလိုလူမျိုးရေးနှိပ်ကွပ်တာကို မနှစ်မြိုပေမဲ့လည်း၊ လူမျိုးရေးမို့ စကားမမှားရအောင် ကိုယ်ရှိန်သပ်ပြီးအခြေအနေကောင်းကိုစောင့်နေကြပါတယ်။ (ရှက်စရာကောင်းလိုက်တာ)
    လူမျိုးရေးအစွန်းရောက်ဝါဒီတွေ….အဖြစ်မှန်ကိုနားလည်လာပြီး၊ ကိုယ့်ရပ်တည်ချက်ကိုယ်ပြန်သုံးသပ်ပြင်ဆင်နိုင်မဲ့အချိန်ရောက်နေကြောင်းပါ။

    • Shwe Phyu

      July 27, 2012 at 11:32 am

      Yes, we can see the make up histories in the internet about you kalars and how much the kalars paid Moetheezun (which is also a kalar) to do the make-up research about Rohingya. It’s funny, isn’t it.
      Again, yes, you are right about this: By appearance နဲ့ဘဲဖြစ်ဖြစ်၊ ကိုးကွယ်ရာဘာသာအနေနဲ့ဘဲဖြစ်ဖြစ် မတူညီတဲ့အချက်ကိုကြည့်ပြီးလူတန်းစားခွဲခြားတာ ဟာ ဘယ်ဥပဒေနဲ့ချိန်ထိုးထိုး၊ လူသားချင်းစာနာထောက်ထားမှုပေတံနဲ့ဘဲတိုင်းတိုင်း အလွန်အရုပ်ဆိုးတဲ့အပြင်၊ သမိုင်းမှာအမဲစက်ထင်နေစေပါတယ်။
      Didn’t Mohammad say to kill nun-muslims in your Quran??? And are you not following the Quran? So, think about your religion first and say those…. You can read my comment as well as the book I shared to Aba. I would not mind to respect whom respect other religion and apperance.

  • Foreign Resident

    July 27, 2012 at 9:04 am

    ကျနော့်ရဲ့ Post ထဲမှာ
    ” မွတ်ဆလင်ဘာသာ ရဲ့ သာသနာပြုနေတဲ့ ပုံစံ နှင့်
    လူ့အခွင့်အရေး မရှိပုံ တွေကို ၊ တော်တော်လေးကို မကြိုက်တဲ့ ”

    ဆိုတဲ့စကား ပါသွားတဲ့အတွက် မွတ်ဆလင် များကို တောင်းပန်ပါတယ် ။
    အမှန်က ကျနော် နှင့် ကျနော့် သူငယ်ချင်း နှင့် ၊
    Personal ပုဂ္ဂိုလ်ရေး ဆန်ဆန် ၊ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနေတာကို ၊
    တိုက်ရိုက် ကူးချမိတာ မို့လို့ပါ ။
    ဖြုတ်လိုက်ပြန်ရင်လည်း Post ရဲ့ ဆိုလိုရင်း အားနည်းသွားမယ် ထင်လို့ပါ ။
    ခွင့်လွှတ်မယ်လို့ မျှော်လင့်ပါတယ် ။

    • Solid_Sn@ke

      July 27, 2012 at 9:10 am

      အင်း …
      ခုထက်ပို စိတ်ထိခိယက်စရာတွေများလာရင်ဖြင့်
      အဘတယောက်တော့ သားပိုက်ကောင်နဲ့ ဗျိုင်းပုံပါတဲ့
      စာအုပ်အပြာလေး. ပြောင်းကိုင်တော့မယ်ထင့် ….
      😀
      မနေ့ကလည်း ..ခါးဒယ် ခါးဒယ်နဲ့…

      • Foreign Resident

        July 27, 2012 at 9:39 am

        မေါင် ဂီ ရယ် ၊
        ဗျိုင်း မဟုတ်ရပါဘူးကွယ် ။
        သားပိုက်ကောင် နှင့် Emu ( ငှက်ကုလားအုပ် ) ပါကွယ် ။

  • အဂျစ်

    July 27, 2012 at 9:07 am

    စာဖတ်နဲ့တဲ ကျွန်တော်က အကြိုုက်ဆုံး ၂ ယောက်ရွေးပါတယ် ဒေါက်တာသန်းထွန်း နဲ့ (ဦး)ပီမိုးနင်းပါ အခု Online မှာ ဦး-Kai MandalayGazette ပါ ၊ နောက် အဘဖောရင်း MandalayGazette ပါ ။ စာရေးဆရာနှစ်ယောက်က အမှန်တွေအားမနာတမ်းပြောတယ် Online ကနှစ်ယောက်က ဒီမို နဲ့ လူ့အခွင့်အရေးအကြောင်း ပြောတယ် ၊ လေးစား ဂုဏ်ပြုပါတယ်ခင်ဗျာ …..

  • အဂျစ်

    July 27, 2012 at 9:19 am

    မလေး ကပါ အဘ။ မိန်းမအများကြီးယူပြီး သာသနာပြု တယ်ဆိုတာ တော့မဟုတ်လောက်ဘူး ၊ မိန်းမ ၂ ယောက် အထိတွေ့ဖူးတာ တောင်အနည်းကျဉ်းပါပဲ ၊ တယောက်ဆုုံးပါးလို တယောက်ယူတာတော့ရှိတယ်၊ နောက်ဒုတိယမြောက်မိန်းမက မဆိုးမ ၊ တခုလပ် ပဲများတယ် (သုသေတနလုပ်ထားတာမဟုတ် အမြင်/ အတွေ့) ကိုပြောခြင်းပါခင်ဗျာ…

    • chityimhtoo

      July 27, 2012 at 10:35 am

      စာအုပ်ကြီးတိုင်းလာမပြောနဲ့ လက်တွေ့ကိုဘဲဆင်းကြည့်ဦးနင်တို့အမျိုးတွေဒီလောက်သားဖေါက်
      နှူန်းကောင်းနေတာ။

    • ဝရမ်းပြေးဘခက်

      July 27, 2012 at 10:42 am

      ဒီမယ် မင်း ရခိုင်ဖက် ကိုရောက်ဖူးသလား ။ မသိဘဲ လျှောက်အော်မနေပါနဲ့ ။
      ရခု်ိင်မှာ စားစရာတောင်ကောင်းကောင်းမရှိတဲ့ ဘင်္ဂလီအမျိုးသား တယောက်မှာ
      မိန်းမ (၄) ယောက် ယူထားကြတယ် ။
      ခုဟာက မလေးအကြောင်းပြောနေတာ မဟုတ်ဖူး အဂျစ် ။

      • ဝရမ်းပြေးဘခက်

        July 27, 2012 at 10:44 am

        နောက်ပီး မယား ၁ ယောက်ထဲ ယူထားတဲ့ ဘင်္ဂလီ မှာ သားသမီး အနဲဆုံး (၇)
        ယောက်ရှိသကွ ။ မသိနားမလည်ပဲ ယောင်ဝါးဝါး သိသယောင်မလုပ်ပါနဲ့ ။

    • အဂျစ်

      July 27, 2012 at 12:48 pm

      ဒီမိုကရေစီ အကြောင်းမပြောရဲတော့ဘူးဗျို့ ၊ နဝတ လက်ထက်ကဒီပြဿနာတွေငြိမ်နေတော့ နဝတကိုပဲပြန်တမ်းတမိပါ၏

  • surmi

    July 27, 2012 at 9:35 am

    နောင်ကျရင်တော ့
    လူမျိုးဆိုတာထက် ဘယ်နိုင်ငံသားဖြစ်တယ်ဆိုတာကို
    ဦးစားပေးလက်ခံလာကြရင်ကောင်းပါလိမ့်မယ်
    နိုင်ငံချစ်စိတ်က မျိုးချစ်စိတ်ထက် ပိုပြီးလက်တွေ ့ကျမယ်ထင်တယ်
    ကျနော ့အမြင်ပါ။
    ဦးထုပ်လေးလည်းဆောင်းထားဦးနော်အဘ
    ကျနော ့ဆီလည်းတစ်လုံးပစ်လိုက်ဦး

  • ကြည်ဆောင်း

    July 27, 2012 at 10:15 am

    လူမြိုတော့ လူမျိုးတုံး တယ်ဆိုလားလို့ ….
    ကိုယ့်လူမျိုးမပျောက်ချင်တာကလွဲလို့ ကျန်တာကတော့
    လူအချင်းချင်းရန်လိုချင်း ကင်းရှင်းကြပါစေ …
    လူအချင်းချင်း သတ်ဖြတ်ခြင်း ကင်းရှင်းကြပါစေ …

  • chityimhtoo

    July 27, 2012 at 10:33 am

    ဟဟရီရတယ်ဟေ့….ဒီလောက်နှိမ်ထားတယ်ပြောတာတောင် ခုလိုထမင်းကျွေးထားတဲ့ မြေကိုပြန်ပြီး
    သတ်ဖြတ်တာ…အဟိတ္တိရိစာ္ဆန်လောက်တောင် ကောင်းကျိုးမပြုတဲ့ကောင်ကိုသေတောင်လက်မခံဘူးကွ။
    …ရိုဟင်ဂျာကရိုဟင်ဂျာဘဲ…။ခုတောင်၉သိန်း..ဟဟနောက်ဆို..?။အဘဖေါကမြန်မာပြည်ကို ချစ်သလိုလိုနဲ့ ဒုက္ခရောက်အောင် လုပ်နေသလိုဘဲနော်။အဘဖေါလည်းသဘောင်္ကပ္ပတိန်ဘဲ Elite ကဆွေကြီးမျိုးကြီးတွေ
    ချမ်းသာတာ ဘဲ အဘဖေါအိမ်မှာတာဝန်ယူပြီး အယောက် ၁၀ဝလောက်လက်ခံထားပါလား။ဒါဆိုဒီ့ထက်ပို
    ပြီးလက်တွေ့ကျတယ်။ကမ္ဘာကြီးကိုကယ်တင်ပါမယ်ဆိုတဲ့ UNHCR တောင် တာဝန်မယူဘူးလို့ငြင်းထားတာ။
    ရိုဟင်ဂျာကိုသနားတဲ့လူတွေ ကိုယ့်အိမ်ကိုယ်ခေါ်ထားတာ အကောင်းဆုံးဘဲ။

  • chityimhtoo

    July 27, 2012 at 10:47 am

    ဒီလောက်နိုင်ငံတကာသတင်းတွေထဲမှာ…ဒီရိုဟင်ဂျာကိုမြန်မာပြည်ကရခိုင်တွေကသတ်ဖြတ်နေပါတယ်ဆိုပြီး
    မတရားပြန်ပြီးစွတ်ဆွဲနေကျတာတွေဖတ်ပြီး ဘယ်လိုမှမခံစားကျရဘူးလားဗျာ…ဘယ်လိုမျိုးတွေလည်း
    အံ့ဩမိပါရဲ့။ရိုဟင်ဂျာရောက်လို့ ကောင်းကျိုးဖြစ်တဲ့ နိုင်ငံတွေ့ဖူးလား။ဘယ်နိုင်ငံမှာ ဒီရိုဟင်ဂျာက
    ဘယ်သူ့ကိုကောင်းကျိုးပြုဖူးလည်း။

    • ဘရားသား

      July 27, 2012 at 10:55 am

      သူတို့ အမျိုးပဲသူတို့ ကောင်းကျိုးပြုတာ အသိသာကြီး
      AIDS ထက် ပိုကြောက်ဖို့ကောင်းတဲ့ အမျုးိအနွယ်တွေ

    • Foreign Resident

      July 27, 2012 at 11:43 am

      ” ဒီရိုဟင်ဂျာကိုမြန်မာပြည်ကရခိုင်တွေက သတ်ဖြတ်နေပါတယ်ဆိုပြီး
      မတရားပြန်ပြီးစွတ်ဆွဲနေကျတာ ”

      ကို chityimhtoo ရေ ၊

      အဲဒီ အရေးအခင်း ဖြစ်တဲ့ အချိန်တုန်းက ၊
      အဘ ရဲ့ သူငယ်ချင်း အရင်းကြီး တစ်ယောက်က ၊
      ရခိုင်ပြည်နယ်ထဲက အစိုးရ ခေါင်းဆောင် လက်တစ်ဆုပ်စာထဲမှာ ၊
      ရှိနေခဲ့ပါတယ်ကွယ် ။

      အဘ လည်း တကယ့် သတင်းအစစ်အမှန်တွေနှင့် သိပ်မဝေးလှပါဘူး ။
      သေသေချာချာ သတင်းလေးတွေကို လိုက်ကြည့်ပါအုန်းကွယ် ။
      မြန်မာ ဂျာနယ်ထဲက သတင်းလေးတွေလောက်နှင့်တော့ ရပ်မနေစေချင်ပါဘူးကွယ် ။

      • Oo Oo

        July 27, 2012 at 11:38 pm

        အဘရဲ့ သူငယ်ချင်းအရင်းကြီးက
        ဟို..အတိုင်ခံရတဲ့ နစက ကဗိုလ်မှုးကြီး တော့မဟုတ်လောက်ပါဘူးနော်…
        (အဟိ..စတာနော်)

  • Shwe Phyu

    July 27, 2012 at 10:52 am

    Aba For,
    In this world, there are certain people that you can not deal with standard, respect and love. Since you are in Australia, you can bla bla about Human rights and all but think carefully, if those certain white people really like Abrioginal or muslims or even Asian. Don’t forget 2005 Cronulla riots. But please note that NOT ALL the whites are also racist and like that. You will notice that I only use “certain people” in my comment. I am not saying I can’t deal all muslim or any other people and do not respect the right but it’s hard to respect when a religion is preaching to kill those non-muslims. I am sharing a book with you under this link
    http://islam-watch.org/authors/67-asghar/420-muhammad-and-his-quran-blood-lies-at-root-of-islam.html
    The author himself was from Bangladesh but he has shown the truth about the Quran….
    If you know like U Sann Lwin, U Zawtika who’re once muslims, now practicing Buddha’s Dhama. There are certain people even they practice Islam, they still know the right & wrong. Of couse, those kind of people will be dealt with respect and love.

    • Foreign Resident

      July 27, 2012 at 12:28 pm

      Shwe Phyu ရေ ။
      စာအုပ် Link လေးအတွက် ကျေးဇူးပါနော် ။
      ကျနော့်စိတ်ရင်း အရလည်း မြန်မာ ရခိုင် ဗုဒ္ဓဘာသာ ကိုမြတ်နိုးပါတယ် ။
      ကျနော်က ဒီဟာကို လူသားချင်း စာနာထောက်ထားမှု Humanity
      အမြင်ဖက်က ရေးမိတာပါ ။

      • ဘရားသား

        July 27, 2012 at 5:31 pm

        ထောက်ထားနေပါ အဘရဲ့ ဆွေမျိုးတစတွေ မုတ်ဆိတ်ပေါက်လာတော့မယ်

  • ဥဥ

    July 27, 2012 at 11:13 am

    အဘကရေးတဲ့ပိုစ့်တွေဖတ်ပီး အဘစိတ်ကို မခန့်မှန်းနိုင်တော့ဘူး

  • ဆူး

    July 27, 2012 at 11:26 am

    ငယ်ငယ်ကမြို့လယ်ခေါင်မှာ နေပြီး ကုလားတန်းလို့ လူအများပြောကြတဲ့ နေရာမှာတောင် မူဆလင်ဆိုပေမဲ့ မူဆလင်တိုင်း ခေါင်းမူးခြုံ တာ သိပ်မတွေ့ရဘူး။
    အခု နောက်ပိုင်း ခေါင်းမူးခြုံတာ တွေ့ရတာ တော်တော် များလာတယ်။ စိတ်ထင် မူဆလင် ဆိုတာ သိသာစေချင်လို့ ဖြစ်မယ် ထင်တယ်။ တနည်းပြောရရင်တော့ လူမျိုးရေး စိတ်ဓါတ် အချင်းချင်း တက်ကြွစေချင်လို့ ဂုဏ်ယူဝင့်ကြွားမှု တခု အနေနဲ့ ဝတ်ရုံကြတာ ဖြစ်လိမ့်မယ်လို့တောင် တွေးမိတယ်။ ရန်ကုန်မြို့မှာတောင် ခေါင်းမူးခြုံ တဲ့ မိန်းကလေးတွေ တော်တော် များလာပြီ။ နောက်ဆို မလေးလို မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းပါတယ်။

  • ပန်းစံပါယ်

    July 27, 2012 at 11:57 am

    ဘာကြောင့် ရခိုင်တွေက ရိုဟင်ဂျာတွေကို အဲဒီလိုဆက်ဆံသလဲဆိုတာ ခိုင်လုံတဲ့အကြောင်းရင်းရှိမှာပါ။ အစဉ်အဆက်အဆင်မပြေစရာ အကြောင်းကိစ္စတွေရှိမှာပါ။ အဓိက မကြိုက်ဆုံးက လူလည်းမြိုတယ် ဘာသာလည်းမြိုတယ်။ တစ်စုံတစ်ခုဖြစ်လာပြီဆိုရင် နောက်ဆုံးတော့လည်း ကိုယ့်လူမျိုးဘက်ကပဲ ရပ်တည်ကြရမှာပါ။ အမျိုးချစ်စိတ်ဆိုတာ ပျောက်ကွယ်မသွားသင့်ဘူးလို့ထင်ပါတယ်။

  • Gipsy

    July 27, 2012 at 12:07 pm

    🙄
    ဖျား . ဖျား ..
    အနီဒွေ …
    ရဲဗလောင်းထနေ ..
    ပြေးးးးးးးးး

  • Foreign Resident

    July 27, 2012 at 12:16 pm

    ” ဘာကြောင့် ရခိုင်တွေက ရိုဟင်ဂျာတွေကို
    အဲဒီလိုဆက်ဆံသလဲဆိုတာ ခိုင်လုံတဲ့အကြောင်းရင်းရှိမှာပါ ”

    မ ပန်းစံပါယ် ရေ ။
    ခုနလေးတင်ကပဲ အဲဒီ အတွေးမျိုး နှင့် လူတစ်ယောက် ၊
    ကျနော့်ကို Personal Mail ပို့ပါတယ် ။
    လက်ခံစဉ်းစားသင့်တာမို့ အခု ကူးတင်ပေးလိုက်ပါတယ် ။

    ကျနောနည်းနည်းလောက်ရှင်းပြချင်တယ်..
    ရခိုင်မှာဖြစ်ပျက်ခဲ့တဲ့ကိစ္စနဲ့ ပတ်သတ်ပြီး
    ရခိုင်ဒေသပြန်လည်ထူထောင်ရေး အတွက်
    ငွေ ငါးသိန်း လှူဒါန်းထားတယ်လို့သိရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်.
    ဒါပေမဲ့ရခိုင်မှာဖြစ်ပျက်ခဲ့တဲ့ ကိစ္စနဲ့ပတ်သတ်ပြီး —– ပြော တာက
    ရခိုင်ကို အကြိမ် ၂ဝကျော်လောက် ရောက်ဖူးတယ်လို့ပြောတယ်ပြီးတော့
    ရခိုင်တွေ က ကုလားတွေ ကိုခွေးလောက်တောင်တန်ဖိုးမထားဘဲ ဆက်ဆံ ကြတယ်လို့စွပ်စွဲ ထားတယ်
    ပြီးတော့ —– သာကုလားတွေနေရာ မှာ သာဆိုရင်
    ရခိုင်တွေကို ပြန်လုပ်မိမှာ ဘဲဆိုပြီးတော့ ရေးထားတယ်…
    —– ရခိုင် ကိုအကြိမ် 20 ကျော်ရောက် ဖူးကောင်းရောက်ဖူးနိုင်တယ်
    ဒါပေမဲ့ လူ့အခွင့်အရေး ဆိုတဲ့ပေတံနဲ့ အပေါ်ယံကြည့်ပြီးမဆုံးဖြတ်စေချင်ဘူး..
    သူတို့ရဲ့နောက်ကွယ်က ရည်ရွယ်ချက် ကိုမြင်အောင်ကြည့်ပြီးမှ ဆုံးဖြတ်စေချင်တယ်..
    ရခိုင်တွေ က ကုလားတွေ ကိုအဲ့လို ဆက်ဆံတာဘဲ လူတွေကမြင်ကြတယ်..
    ကုလားတွေ ကရခိုင်တွေကို သတ်ပြီးတော့
    အစဖျောက် လိုက်ကြတာ တွေကိုတော့ လူတွေ ကမမြင်ကြဘူး.
    ပြီးတော့ ဘူးသီးတောင် , မောင်တော တို့ လိုုမြို့တွေ မှာ
    ကုလား ၉၅% ရခိုင် ၅% ဘဲရှိတာ..
    ရခိုင်တွေ ကကုလားတွေကို အဲ့လို ဆက်ဆံလို့ရမယ် ထင်သလား..
    အဲ့ဒီမြို့တွေက ရွာတွေမှာ လူမသိသူမသိ အသတ်ခံ
    အစဖျောက် ခံ ရတဲ့ ရခိုင်တွေ အများကြီးရှိ တယ်
    အဲ့တာတွေ ကြတော့ သတင်းတွေကလည်းမဖေါ်ပြကြဘူး ၊
    လူတွေကလည်းမဘိကြဘူး..ဖားအော်တာဘဲ လူသိတယ်
    မြွေကိုက်တာကိုလူမသိကြဘူး..
    —– ပြောတဲ့ ရခိုင်တွေက ကုလားတွေကို
    ခွေးလောက်တောင်တန်ဖိုးမထားဘဲ ဆက်ဆံ ကြတယ် လို့ရေးထားတယ် ..
    ရခိုင်တွေ ကအဲ့လိုလုပ်လို့ ကုလားတွေက ရခိုင်တွေကို ပြန်သတ်တာ လား??
    ကုလားတွေ ကအရင် ရခိုင်တွေကိုစော်ကားလို့
    ရခိုင်တွေကပြန်လုပ်တာလား ဆိုတာကို လေးလေးနက်နက်တွေးကြည့်ဖို့လိုတယ်…
    1942 ခုနှစ် က ဘူးသီးတောင် မောင်တော မှာ
    ကုလားတွေက ရခိုင်တွေကိုလူမျိုးတုန်သတ်ဖြတ် ခဲ့တယ်…
    ကုလားတွေအုတ်စုလိုက် မောင်းတွေ တီးပြီး လူစု ၊
    စစ်တိုက်သလို မျုိုး တက်လား ပြီး
    ရခိုင်တွေ ကို သတ် ၊ မိန်းမတွေ ကို မဒိန်းကျင့် ၊
    ကလေး ကိုတောင်မချန် ဘဲ သတ်ဖြစ် ခဲ့ကြတယ်…
    အဖိုးကြီးတွေ ၊ အဖွားကြီးတွေ မပြေးနိုုင်တော့လို
    တောင်တွေပေါ်မုာ ဘဲ ထားခဲ့ ကြရတယ် …
    အဖေ တွေက ကိုယ့်မိသားစုအတွက် ခုခံပြီး အသက် စတေး ခဲ့ကြရတယ်..
    အဲဒီတုန်း က media တွေ က အခုခေတ် လို မျိုူး မဟုတ်သေးဘူး ဆိုတော့
    လူတွေ ကလည်းမသိ လိုက်ကြဘူး…
    အဲဒီ ဖြစ်ရပ်တွေ က —– ပြောသလို ရခိုင်တွေက ကုလားတွေကို
    ခွေးလောက်တောင်တန်ဖိုးမထားဘဲ ဆက်ဆံကြလို့
    ကုလားတွေ ကအဲ့လို လုပ်တာလား ဆိုတာ …
    —– တစ်ခေါက်လောက်ဖြေပေးစေချင်တယ်…
    ပြီတော့ ဘူသီးတောင် မောင်တော ဆိုတဲ့မြိူ့တွေ ဟာ
    ရခိုင်တွေ ဘိုးစဉ်ဘောင်ဆက်နေ လာတဲ့
    ရခိုင်တွေ မြန်မာ တွေ ပိုင်တဲ့မြိူ့တွေ ဆိုတာ မမေ့ပါနဲ့…
    ကိုယ်အိမ် မုာနေ ပြီးမလုံခြူံ ဘူးလို့ ခံစားနေ ရတာတွေ၊
    ကိုယ် ပစ္စည်း ဥစ္စာ ဆုံးရှံးမှာ ကို စိုးရိမ် ပူပန်နေ ရတာတွေ ..
    စတဲ့ ခံစားချက်တွေ ကို အခု ရခိုင်လူထု ခံစားနေ ကြရတယ်…
    —– ပြောတဲ့ လူ့အခွင့်အရေး ကိုတော့လေးစာ ပါတယ်…
    ဒါပေမဲ့ အဲဒါ ကို ဗန်ပြ ပြီး ကျူးကျော်ရန်စ မူ့ကိုတော့
    လုံးဝ သီးခံလို့ရနိုင်မယ်လို့တော့ ကျနော် မထင်ပါ….

    အဘက ဒီလို အကြောင်းပြန်ခဲ့တယ် ။

    ကို —– ရဲ့ Message လေး ကောင်းပါတယ် ။
    လက်ခံနိုင်စရာလဲ ရှိပါတယ် ။
    မှန်တာပြောရရင် ကျနော်ကလည်း ၊
    ကျနော်ရောက်တုန်း တွေ့ခဲ့တဲ့ အခြေအနေ ပေါ်မှာပဲ သုံးသပ်မိတာပါ ။
    သမိုင်းကြောင်း ရန်စ တွေကိုတော့ ထည့်စဉ်းစား စရာပါပဲ ။

    ကျနော်လည်း မြန်မာ ရခိုင် ဗုဒ္ဓဘာသာ ကိုမြတ်နိုးပါတယ် ။
    ” နောက်ဆုံး All out War ဖြစ်လာရင်တော့လည်း ၊
    နောက်ဆုံး မြန်မာ ရခိုင် ဗုဒ္ဓဘာသာဖက်က ဝင် ထောက်ခံပေးရတော့မှာပေါ့ ”
    လို့လဲ ပြောထားပြီးသားပါ ။

    ကျနော်က ဒီဟာကို လူသားချင်း စာနာထောက်ထားမှု Humanity
    အမြင်ဖက်က ရေးမိတာပါ ။

  • စိန်ဗိုက်ဗိုက်

    July 27, 2012 at 12:17 pm

    ရခိုင် မီးလောင်ပြာကျတာ အားမရလို ့
    ဗမာပြည် တစ်ပြည်လုံးပြာကျတာ မြင်ချင်လို ့လားဟင် 🙄

    ဒီကောင်တွေ…အကျင့်သာ မကောင်းတာ ဉာဏ်ကောင်းတယ်နော်..
    စာလဲ ကျော်တို ့ထက် တတ်တယ်..
    တော်ကီလဲ ကောင်းတယ်..
    သူတို ့ပြောတာ နားထောင်လိုက်ရင် ထိုင်ငိုချင်စိတ်တောင် ပေါက်သွားလိ့မယ်..ဟင်း..ဟင်း..
    ဂျပိုးကို လိပ်ဖြစ်အောင် လုပ်တတ်တယ်..လိပ်ကို ဂျပိုးဖြစ်အောင် လုပ်တတ်တယ်.
    ဘယ်လောက် မှားမှား ဖင်ပိတ်ဖုံးကွယ်တယ်..
    နဲနဲတော့ လာမထိနဲ ့ တစ်ကမ္ဘာလုံး သိအောင် ငိုပြတတ်တယ်.
    ရေလည် စည်းရုံးတယ်နော်..ရေလည် ချစ်ကြတယ်…ရေလည် အကြံကြီးတယ်..ရေလည် အမျိုးစူးတယ်..ရေလည် အကြောတင်းတယ်..
    လှေတစ်စီးရှိရင်နော်..မြန်မာနိုင်ငံမပေါနဲ ့ အမေဒစ်ကန်ထိအောင် နယ်ချဲ ့နိုင်တယ်..
    အဖွဲ ့တောင့်ရင် ဂန်ကျယ်တယ်..နော်..တစ်ယောက်ထဲဆို ကုပ်နေတယ်..လူစုပြီးမှ ပြန်လာ ရှို ့တယ်..
    အဘအိမ် ရခိုင်မှာရှိရင်နော်..အဘလဲ ခွေးပြေးဝက်ပြေး ပြေးရမယ်.
    မပြေးရင် အလှီးခံရမယ်..အခုတ်ခံရမယ်..အများကြီးနော်…အဲတာတွေလဲစဉ်းစား ကြစေလိုပါတယ်..
    😐

    • စိန်ဗိုက်ဗိုက်

      July 27, 2012 at 12:21 pm

      လောလောဆယ်တော့ ပြာကျကုန်ပါပီ
      အဲ..
      အူးလေးတို ့ကျော်တို ့မသိတဲ့ရပ်ကွက်တွေမှာ ဒီလို http://www.news.myanmaronlinecentre.com/2012/07/21/huge-demonstration-in-punjab-against-muslim-massacres-in-myanmar/ လန်ကြုတ်သတင်းတွေနဲ ့ လန်ကြုတ်နေကြတာ..
      ဒါ ပါးပါးလေးပဲ စိသေးတယ်..
      ကိုယ်တွေ မသိတာတွေ များကြီး..

    • Foreign Resident

      July 27, 2012 at 12:42 pm

      စိန်ဗိုက်ဗိုက် ပြောတာတွေလည်း မှန်တယ်ထင်ပါတယ် ။

    • myanmarcitizen

      July 27, 2012 at 1:43 pm

      နိတ်ဟ။ ဗိုက်ကလေးတို့ ရေးသားချက်ကတော့ မိတယ်ဗျာ။ လုံးဝသဘောကျတယ်ဗျာ 🙂

  • shwe kyi

    July 27, 2012 at 12:32 pm

    အဘရေ အဘပြောတာကိုနားလည်ပါတယ်။ တရားဥပဒေစိုးမိုးမှုမရှိတဲ့တိုင်းပြည်မှာခြစားပြီးနှစ်ပေါင်းများစွာဖြစ်ချင်တိုင်းဖြစ်နေတော့ ခက်သားပဲ။
    အများကြီးတော့နားမလည်ပါဘူး။ နားလည်သလောက်ကတော့ဆူပူသောင်းကျန်းတာဟာမကောင်းပါဘူး။
    အေးချမ်းလုံခြုံမှုမရှိတာဟာလုံးဝမကောင်းပါဘူး။ အရင်ကနှစ်ပေါင်းများစွာငြိမ်ခံလာကြပြီးအခုမှထသောင်းကျန်းကြတာဟာအချိန်ကိုက်ပါပဲ။
    ဉာဏ်ကောင်းတယ်ပြောရမယ်။ နိုင်ငံသားခံယူချင်တယ်ဆိုရင်တော်သေးတယ် တိုင်းရင်သားသတ်မှတ်ဖို့ကိုတော့လုံးဝလက်မခံနိုင်ပါဘူး။ ရိုဟင်ဂျာဆိုတဲ့တိုင်းရင်းသားတဲ့ လုံးဝလက်မခံနိုင်ပါဘူး။ သူတို့ကိုလက်ခံနိုင်တဲ့နိုင်ငံအခုအထိမရှိသေးတာဘာကြောင့်ပါလဲ။ သူတို့လဲလူပဲဆိုရင်လက်ခံနိုင်ကြရမှာပေါ့။ အသားအရောင်အသွင်ပါတူတဲ့တိုင်းပြည်တွေ ကိုးကွယ်မှုတူတဲ့တိုင်းပြည်တွေ ခေါ်ထားကြပါလား။ မြန်မာတွေအမြင်မကျယ်လို့ ကျဉ်းမြောင်းလိုမျိုးတုန်းကုန်မှာစိုးရိမ်ကြသူတွေကမြန်မာကိုဖိအားပေးရုံ အပြင်သူတို့အတွက်ဘာမှလုပ်မပေးနိုင်ကြတော့ဘူးလား။ သူတို့တတ်နိုင်တာဒါပဲလား မြန်မာကိုလက်ညိုးဝိုင်းထိုုးအပြစ်ပြောဖို့ပဲတတ်ကြတာလား။ မြန်မာတွေကိုရောနားလည်မပေးနိုင်ကြဘူးလား။ အပြောင်းအလဲကာလမှာအရာရာဟာမတည်ငြိမ်ဖြစ်နေရတဲ့အချိန်မှာ ဒီမိုကရေစီဆိုတာကြီးကိုစမ်းတဝါးဝါးဖြစ်နေတဲ့အချိန်မှာ ဖိအားတွေပဲလာပေးနေကြတာဟာဘာကြောင့်ပါလဲ။ တာလီဘန်ကရောခြိမ်းခြောက်နေတယ် အဲလိုခြိမ်းခြောက်ရုံပဲလား သူများတိုင်းပြည်ကိုတောင်အန္တရာယ်ပေးနိုင်စွမ်းတဲ့သူတို့ကရောခေါ်ထားဖို့ကြမစွမ်းနိုင်ကြတာလား။ သူတို့နိုင်ငံမှာလူဦးရေပြည့်ကျပ်နေလို့လား။
    (ဉာဏ်မမှီလို့ပါ အမြင်လွန်စွာကျဉ်းမြောင်းနေတာမို့ အမှားပါရင်ခွင့်လွှတ်ပါ)

  • lynn lynn

    July 27, 2012 at 12:46 pm

    အဘဖောရေ အဘဖောက လင်းလင်းထက် အသက်ကြီးတော့ အရေးအသားရိုင်းစိုင်းတာပါခဲ့ရင် ကန်တော့နော်။ အဘဖောရေ အဘဖောတို့လို သဘောထားကြီးပြီး အမြင်ကျယ်လွန်းတဲ့လူတွေ ရှိလို့ သူတု့ိလည်း အဲဒီလောက်ထိ စော်ကားမော်ကားလုပ်ရဲတာ။ အတင့်ရဲနေတာထင်တယ်။ အမြင်ကျဉ်းပြီး သဘောထားသေးတဲ့ လူတွေပဲ မြန်မာပြည်မှာ ရှိမယ်ဆိုရင် သူတို့ကို လုံးဝလက်မခံလို့ အခုလိုတောင် မြင်ရကြားရမှာ မဟုတ်ဘူး။ လူမျိုးပျောက်ပြီး ဘာသာကွယ်မှာတော့ လုံးဝမလိုလားဘူး။ တစ်သက်လုံး ဗုဒ္ဓဘာသာဖြစ်ခဲ့တာ ကိုယ့်ကိုကိုယ် ဂုဏ်ယူကျေနပ်ခဲ့တာ။ အကြောင်းပြချက်အမျိုးမျိုးနဲ့ လူမျိုးပျောက်ပြီး ဘာသာကွယ်အောင် လုပ်တဲ့လူတွေကို လုံးဝခွင့်မလွှတ်နိုင်ပါဘူး။

  • myanmarcitizen

    July 27, 2012 at 1:39 pm

    http://www.rfa.org/burmese/news/rohingya-taliban-pakistan-07262012102204.html
    အဲ့ဒီလိုမျိုးကိစ္စတွေလဲသူတို့ဘက်မှာရှိသေးတယ်။ အဲ့နယ်စပ်မှာ ရှိသမျှအကုန်လုံးသာ လက်ခံလိုက်ရင် အကြမ်းဖက်လုပ်ရပ်တွေမွေးဖွားဖို့နေရာတစ်ခုဖြစ်လာနိုင်တယ်။ မနေ့ကလဲ ဖတ်လိုက်ရသေးတယ် မြန်မာလူမျိုးနှစ်ယောက် မလေးမှာအသတ်ခံရတယ်။ နောက်ပြီး ယိုးဒယား နဲ့ မလေးနယ်စပ်လား မှာသေနပ်နဲ့ပစ်ခံရသေးတယ်။ (အဲ့ကစ္စကကော တခြားအကြောင်းကြောင့်လား ဒီမှာဖြစ်နေတဲ့ ပရောကကြောင့်လား) ကျွန်တော့အနေနဲ့ပြောရရင်တော့ မြွေပွေးကိုတော့ ခါးပိုက်ထဲပိုက်မထားစေချင်ဘူး။

  • ကြောင်ဝတုတ်

    July 27, 2012 at 1:47 pm

    အချိန်လေးပဲနဲနဲလွဲသွားတာပါ…အဘဖောရေ…
    အတွေးအခေါ်မမှားပါဘူး…

    လူသားချင်းစာနာထောက်ထားသော-
    ကြောင်ဝတုတ်

  • ဘုဂလန့်

    July 27, 2012 at 3:22 pm

    ဗျို့ အဘဖောဆိုဒဲ့လူဂျီး
    အဲ့ဒီ ကုလားတစ်ကောင်လောက်ဖမ်းပီး သမက်တော်ပလိုက်ပါ့လား

    • Foreign Resident

      July 28, 2012 at 12:08 am

      ” ကုလားတစ်ကောင်လောက်ဖမ်းပီး သမက်တော်ပလိုက်ပါ့လား ”

      အဘ လည်းစဉ်းစားနေတာ ။
      ငါ အဲဒါမျိုးကို လက်ခံနိုင်လောက်တဲ့အထိ ရင့်ကျက်ပါ့မလားလို့ ။
      ဒါပေမယ့် ယဉ်ကျေးမှု အပြုအမူ အတွေးအခေါ်တွေ မနီးစပ်တဲ့အတွက် ၊
      အိမ်ထောင်ရေး အဆင်ပြေဖို့ မလွယ်လှဘူး ထင်ပါတယ် ။

      အဘ က ကုလားကို မဆဲဖြစ်သေးတဲ့ အဆင့်ပဲ ရှိပါသေးတယ် ။
      ကုလားကို ချစ်တဲ့ အဆင့် မ ဟုတ်ပါဘူး ။
      ကုလားထက် စာရင် ရခိုင်ကို ပိုချစ်ပါတယ် ။

  • သန်းထွဋ်ဦး

    July 27, 2012 at 5:17 pm

    အင် အဘဖောရေ အဆို ့လို flexible အမြင်လေးတွေ တိုးတက်လာစေဖို ့ရာ
    ကျနော် မျှော်လင့်မိပါတယ်ဗျာ။ကျနော် ကြိုက်တဲ့ စာသားပါ။
    ““ 
    ၃ ။ နောက်တစ်ချက်က ၊
    အဲဒီပြဿနာမှာ မြန်မာတွေဖက်က ဘင်္ဂါလီတွေကို ခိုးဝင်တယ်ဆိုပြီး စွတ်ဆွဲတယ် ။
    ဘင်္ဂါလီတွေဖက်က နေလာတာ နှစ်ရာချီနေပြီဆိုပြီး တုန့်ပြန်တယ် ။
    ငါ့ အမြင်ကို ပြောရရင် ၊ အခု မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ ဘင်္ဂါလီ ၉ သိန်းဟာ ၊

    ဆယ်စုနှစ် တစ်ခု နှစ်ခု လောက်အတွင်းမှာ ခိုးဝင်လာတာတော့
    မဟုတ်တာ သေချာတယ် ။
     
    ( ခိုးမဝင်စေချင်ရင်လဲ ၊ ခိုးမဝင်ရအောင်တားလေ ၊ သေနတ်နှင့်ပဲ ပစ်ပစ်ပေါ့ )
    ( ခြံစည်းရိုး ကာရမယ့်သူတွေ ကိုယ်တိုင်က ၊ ကိုယ့် ခြံစည်းရိုး ကို ထင်းခွေနေတာကိုး )
     
    အေး ၊ အဲလိုမှ မဟုတ်ပဲ ။ ဒီမြေမှာပဲ မွေးခဲ့တဲ့သူတွေ ဆိုရင်ပဲဖြစ်ဖြစ် ၊
    နေလာတာ နှစ် ၄/၅ဝ ရှိနေပြီ ဆိုရင်ပဲဖြစ်ဖြစ် တိုင်းရင်းသား မဟုတ်ရင်တောင် ၊
    နိုင်ငံသား ဒါမှမဟုတ် တရားဝင် နေထိုင်ခွင့် တခုခု ကိုတော့ ပေးရတော့မှာပဲ ။
     
    လူလူချင်း အဆင့်အတန်းခွဲပြီး ၊ ဘင်္ဂါလီကိုမှ ခွဲခြား ဖိနှိပ်ထားလို့မှ မရတာ ။
    ဒါဟာ နိုင်ငံတကာက ၊ လူ့အခွင့်အရေးကို လက်ခံတဲ့ နိုင်ငံတွေရဲ့ ထုံးစံပဲလေ ။
    ( စိတ်မကောင်းစရာက စင်္ကာပူ ၊ မလေးရှား ၊ ထိုင်း နိုင်ငံတွေဟာ
    အဲဒီ အဆင့်မရှိသေးပါဘူး )

  • ဘရားသား

    July 27, 2012 at 5:37 pm

    လူ့အခွင့်အရေးကို လက်ခံနိုင်တဲ့ နိုင်ငံရှိရာကို ဒိုးပေတော့
    ဒီမှာ ဘာလာညှော်နေသေးတာလဲ လစ်ကြတော့
    အလကား တိုင်းပြည်မငြိမ်သက်အောင် လှုံ့ဆော်တဲ့ လူမျိုးခြားတွေ
    ပြောလိုက်မယ် အားလုံး အတူတူနဲ့ အနူနူပဲ မှတ်ထားလိုက်

  • ဘဲရှုပ်

    July 27, 2012 at 5:55 pm

    မှန်တယ် ၊ အေပေးကောင်တွေ ရိုဟင်ဂျာ ပြောတာနဲ့ ဒီမှာမွေးတဲ့ ကောင်တွေပါ
    လိုက်လိုက်နာနေကြတယ် ၊ အားလုံး အတူတူဘဲ ၊
    အရိပ်နေ အခက်ချိုး ၊ လုံးဝ စိတ်မချရတဲ့ သွေးဆာမုဒိန်းကောင်တွေ ။

  • ဦးဦးပါလေရာ

    July 27, 2012 at 6:40 pm

    ဆင်ခြင်တုံတရား ဆိုတာ ယမကာတမျိုးလိုပါပဲ
    စိတ်အေးလက်အေး အောင်ပွဲခံတဲ့အခါ တွဲဖက်သောက်သုံးရတာမျိုးပေါ့….

    ကိုယ့်ရပ်တည်မှု့ကို အသည်းအသန်ကာကွယ်နေရတဲ့အချိန်မျိုးမှာတော့
    ကျုပ်တို့ရွေးခွင့်ရှိတဲ့ menu ထဲမှာ အဲဒါပါပါ့မလားလို့ သံသယဖြစ်မိတယ်..။

    အေးဗျာ..
    လူတွေက ယဉ်ကျေးမှု့မြင့်လာလေ
    ကျင့်ဝတ်တွေ သိက္ခာတွေ တဖိတ်ဖိတ်တလက်လက်နဲ့
    လူ့ဘောင်လောကကြီးက တင့်တယ်လာလေပါပဲ…
    သို့သော်…….
    ကျုပ်တို့မေ့ချင်မေ့ထားမိမယ့် ကိစ္စတခုတော့ရှိလေရဲ့…..
    ကမ္ဘာပေါ်က သက်ရှိမျိုးစိတ်တွေအားလုံးထဲက နေပြီး
    လူ ဆိုတဲ့မျိုးစိတ် ပျောက်ကွယ်မသွားတာ
    ဥပဒေတခုထဲကြောင့်-
    “ အားကြီးသူသာ ရှင်ကျန်တယ် ” ဆိုတဲ့ တော ဥပဒေတခုထဲကြောင့်….။

    ဒါကြောင့် ကျုပ်တော့ အားနည်းသူမဖြစ်ချင်တာအမှန်ပါပဲ…။

    ဖြစ်နိုင်တာမဖြစ်နိုင်တာမသိပေမယ့်
    ဖြစ်စေချင်တာလေးတော့ရင်ထဲမှာရှိပါတယ်……….
    ရခိုင်ဒေသက တိုင်းရင်းသားတွေကိုလဲ စိတ်အေးလက်အေးနေနိုင်ခွင့်ရှိတဲ့လုံခြုံမှု့မျိုးပေးနိုင်ပြီး-
    မြန်မာပြည်ဖွားအခြားလူသားတွေကိုလဲ တရားမျှတစွာ ဆက်ဆံနိုင်တဲ့ အခွင့်အလမ်းမျိုးပေါ့….။

    • Foreign Resident

      July 28, 2012 at 12:21 am

      ” ဖြစ်စေချင်တာလေးတော့ရင်ထဲမှာရှိပါတယ်……….
      ရခိုင်ဒေသက တိုင်းရင်းသားတွေကိုလဲ စိတ်အေးလက်အေးနေနိုင်ခွင့်ရှိတဲ့လုံခြုံမှု့မျိုးပေးနိုင်ပြီး-
      မြန်မာပြည်ဖွားအခြားလူသားတွေကိုလဲ တရားမျှတစွာ ဆက်ဆံနိုင်တဲ့ အခွင့်အလမ်းမျိုးပေါ့ ”

      ကျနော်တော့ Near Future မှာအဲဒီလို ဖြစ်လာနိုင်မယ် မထင်ပါဘူး ။

      အဲဒီအစား ဖြစ်ဖို့များတာကတော့ ၊
      မွတ်ဆလင် အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ ၊
      အကြမ်းဖက် တိုက်ခိုက်မှုကို ကြုံရဖို့များတယ် ။

      အကြမ်းဖက်အဖွဲ့အစည်းတွေ လာကိုလာမှာ ၊ သေချာတယ် ၊
      သူတို့က ၊ အဲလို မခံမရပ်နိုင်ဖြစ်နေတဲ့ မွတ်ဆလင် လူငယ်တွေကို သည်းခြေကြိုက်ပဲ ။
      တိုင်းပြည်ကြီးလည်း ကြိုပြီး ပြင်ဆင်သင့်ပြီနော် ။

    • Foreign Resident

      July 28, 2012 at 12:27 am

      ” ကိုယ့်ရပ်တည်မှု့ကို အသည်းအသန်ကာကွယ်နေရတဲ့အချိန်မျိုးမှာတော့
      ကျုပ်တို့ရွေးခွင့်ရှိတဲ့ menu ထဲမှာ အဲဒါပါပါ့မလားလို့ သံသယဖြစ်မိတယ် ”

      ကျနော်လည်း သံသယဖြစ်မိပါတယ် ။

      ကျနော့်ရဲ့ လက်ရှိ ခံယူချက်ကလည်း ၊
      နောက်ဆုံး လျော့ပေးနိုင်သမျှ အထိတော့ ၊
      လူကြီးလူကောင်း ပီသပြ ၊ ယဉ်ကျေးပြနေသေးတာပါ ။

      အဲဒါကိုမှ ၊ မခံမရပ်နိုင်အောင် လွန်လာရင်တော့ ၊
      ကိုယ်တွေလည်း ပုထုဇဉ်ပဲ ၊ ဘာသားနှင့် ထုထားတာလိုက်လို့ ။

  • အရီးခင်လတ်

    July 27, 2012 at 6:54 pm

    အဘဖော

    တတိယ နိုင်ငံ တွေ က ဒီမိုကရေစီ အသီးအပွင့် ခံစားဖူး သူ တွေ က လူသားချင်းစာနာစကား ဆိုတဲ့ စကား ကို ပေါ့ပေါ့ လေးပြော နေနိုင်ပေမဲ့
    ဒီမိုကရေစီ ဆိုတာ ဘာလဲ ဆိုတာ ကို တောင် နားမလည်သူ အများစု ရှိနေတဲ့ ကျွန်မ တို့ နိုင်ငံ မှာ “လူသားချင်းစာနာစကား” ပြောဖို့ မလွယ်သေးပါဘူး။

    ဘာကြောင့် လဲ ဆိုတော့ ကျွန်မတို့ နိုင်ငံသား တွေ ကိုယ်၌ က လူသားချင်း ဖိနှိပ် နေတာ ကို ခံ နေရတဲ့ သားကောင် တွေ မို့ပါဘဲ။

    ကျွန်မ ပါစင်နယ် ခံစားချက် အရ ဆိုရင်တောင် မှ
    ကျွန်မ လဲ အခုအချိန်မှာ ရိုဟင်ဂျာ ဆိုတာ တွေ ကို လက်ခံဖို့ အဆင်သင့် မဖြစ်သေးပါဘူး။
    ဘာလို့ လဲ ဆိုတော့ ကိုယ့်သားသမီး ကိုတော့ ဂရုမစိုက်ဘဲ သူများ သားသမီး ကို ချစ်ပြ ဖို့ မသင့် လို့ပါ။

    ကျွန်မတို့ ကိုယ်ပိုင် နိုင်ငံသား တွေ ရဲ့ ဒုက္ခ တွေ ကို မဖြေရှင်း ပေးနိုင် ဘဲ သူများ ဒုက္ခ တွေ ကို ဝင်ဖြေရှင်း ဖို့ မဖြစ်နိုင်ပါဘူး။
    အဲဒါ ကို တွန်းအားပေးနေတဲ့ သူများ အားလုံး နားလည်သင့် ပါတယ်။
    မဟုတ်ရင်တော့ သူတို့ ကိုယ်တိုင် လူ့အခွင့်အရေး ချိုးဖောက် သူတွေ ဖြစ်ကုန် မှာပါဘဲ။

    အဘဖောကို လဲ
    ကိုယ့်ပြည်သူ တွေ ရဲ့ ဒုက္ခတွေ အကြောင်း ကို နဲနဲလေး ပြန် စဉ်းစားစေချင် ပါ တယ် လို့
    တိုက်တွန်း ပါတယ်။

    လေးစားစွာဖြင့်

  • မိုးတိမ်

    July 27, 2012 at 7:06 pm

    ကျွန်တော်ကတော့ ပုခုံးနှဘက်ကြားခေါင်းပေါက်တိုင်း လူလို့မသတ်မှတ်ပါ။
    လူလိုမကျင့်၊လူလိုမတွေး၊လူလိုမလုပ်သော သူများကို လူလို့ မသတ်မှတ်ပါ။
    ဒီတော့ လူ့အခွင့်အရေးလဲ မပေးနှိုင်ပါ။အဘဖောရေ ကျွန်တော်က အမြင်ကျဉ်းမြောင်းပါ၏။
    အမြင်ကျဉ်းတာထက် လူမျိုး၊ဘာသာ၊သာသနာက ပိုအရေးကြီးတယ်ထင်လာလို့ အမြင်ကျဉ်း
    တဲ့တောသားလေး တစ်ယောက်အဖြစ်ပဲ ဆက်လက်ရပ်တည်သွားပါရစေခင်ဗျာ။

  • Oo Oo

    July 27, 2012 at 7:55 pm

    ၂ ။ But, very very big BUT ။
    မင်း ရခိုင်ကို ဘယ်နှစ်ခေါက် ရောက်ဖူးလည်း ။
    ငါ အခေါက် နှစ်ဆယ်ကျော် ရောက်ဖူးတယ် ။
    ရခိုင်တွေက အဲဒီ ဘင်္ဂါလီတွေကို ဆက်ဆံတဲ့ပုံစံ မင်းတွေ့ဖူးလား ။
    ဘင်္ဂါလီတွေကို ခွေးလောက်တောင် တန်ဘိုးမထားပဲ ဆက်ဆံကြတာ ။
    ငါ မျက်ဝါးထင်ထင် မရေမတွက်နိုင်အောင် အံဩ ထိတ်လန့်စွာ တွေ့ခဲ့ဘူးတယ် ။
    လိုရင်းပဲပြောရရင် ၊ အဲဒီ ဘင်္ဂါလီတွေ ရခိုင်ကို ပြန်သတ်တာ / သတ်ချင်တာ ကို ၊
    ငါ မ အံ့ဩပါဘူးလို့ပဲ ပြောပါရစေတော့ ။

    အဘ F R ရေ.. အဘအမှန်တကယ်မြင်တွေ့ခဲ့တယ်ဆိုတာ ကျနော်ယုံပါတယ်..
    ဒါပေမယ့်.. အဘမမြင်ဖူးခဲ့တာတွေလဲအဲ့ဒီဒေသမှာ အများကြီးရှိနေပါသေးတယ်..
    ရခိုင်ကို အခေါက်နှစ်ဆယ်ကျော် ရောက်ဖူးခဲ့တာ.. ဘင်ဂါလီ ကုလားရွာတွေထဲမရောက်ခဲ့ဖူးဘူးဟုတ်….
    ဘင်ဂါလီတွေရဲ့ စိတ်ဓါတ်နဲ့ အပြုအမှုအကျင့်စရိုက်တွေကိုမခံစားဖူးဘူးဟုတ်..
    ကြိုတော့ပြောထားမယ်နော်… ဘင်ဂါလီရွာထဲကိုအဖေါ်လေးတစ်ယောက်စနှစ်ယောက်စ လောက်နဲ့တော့ဝင်မလေ့လာနဲ့ဗျ..
    ကျနော်ကိုယ်တိုင်လဲ မသွားရဲဘူး…အဟီးး

    ရခိုင်တွေ ဘာကြောင့်စရိုက်ကြမ်းတမ်း ရတာလဲလို့သိချင်ရင် ဘင်ဂါလီတွေ ရဲ့ အကျင့်စရိုက် အပြုအမူတွေ
    ကို လည်းသေချာလေ့လာကြည့်လိုက်ပါဦးဗျာ..
    (အခုမအားသေးလို့ ..ဒီလောက်ပဲဝင်အားပေးသွားပါ၏။ ခနနေအားမှ တခေါက်ပြန်လာပါဦးမယ်)

    • Foreign Resident

      July 27, 2012 at 11:37 pm

      ” ဘင်ဂါလီ ကုလားရွာတွေထဲမရောက်ခဲ့ဖူးဘူးဟုတ်….
      ဘင်ဂါလီတွေရဲ့ စိတ်ဓါတ်နဲ့ အပြုအမှုအကျင့်စရိုက်တွေကိုမခံစားဖူးဘူးဟုတ်..
      ကြိုတော့ပြောထားမယ်နော်… ဘင်ဂါလီရွာထဲကိုအဖေါ်လေးတစ်ယောက်စနှစ်ယောက်စ လောက်နဲ့တော့
      ဝင်မလေ့လာနဲ့ဗျ.. ကျနော်ကိုယ်တိုင်လဲ မသွားရဲဘူး ”

      တော်တော်ကောင်းတဲ့ ထောက်ပြချက်ပါပဲ ။
      အဘ က စစ်တွေမြို့ကိုပဲ အဓိက ရောက်ခဲ့တာပါ ။
      ဘင်ဂါလီရွာထဲကိုတော့ မရောက်ဖူးပါဘူး ။
      ဒါပေမယ့် ရခိုင်တွေရဲ့ ခံစားချက်တွေကိုလည်း ကြားခဲ့ပါတယ် ။

  • Oo Oo

    July 27, 2012 at 10:41 pm

    အဘရေ..
    ကုလသမဂ္ဂ ရဲ့လူ့အခွင့်အရေးကြေငြာ စာတမ်းပါအတိုင်း တိတိကျကျ လိုက်နာကျင့်သုံးနိုင်တဲ့ နိုင်ငံ ဘယ်နှစ်နို်င်ငံရှိနေလဲဆိုတာ
    ကျနော်မသိပါဘူး။ကျနော်သိသလောက်တော့ နိုင်ငံအတော်များမျာက လိုက်နာကျင့်သုံးဖို့အခက်အခဲရှိနေကြလို့ ယနေ့အချိန်အထိ
    မလိုက်နာ မကျင့်သုံးနိုင်တဲ့ နိုင်ငံကတော့ တော်တော်များများကိုရှိနေကြပါတယ်..လိုက်နာကျင့်သုံးချင်ပေမယ့်..
    ဒေသအခြေအနေတွေအရ လိုက်နာကျင့်သုံးဖို့ အခက်အခဲရှိကြတာလည်းဖြစ်နိုင်ပါတယ်..
    အဘရောက်နေတဲ့ အော်စီရဲ့ လူအဖွဲ့အစည်း ဖြစ်တည်နေမှုအခြေအနေအရ ထွက်ပေါ်လာတဲ့လူအခွင့်အရေးပေတံ
    နဲ့ တစ်ကမာ္ဘလုံးကို ပတ်တိုင်းနေမယ်ဆိုရင်တော့..မြန်မာပြည်လိုနိုင်ငံမပြောနဲ့ မြန်မာပြည်ထက်အခြေအနေအများကြီးသာတဲ့
    နိုင်ငံတွေတောင် မလွတ်နိုင်ပါဘူး..မြန်မာပြည်ကဒေသခံတိုင်းရင်းသားတွေကိုယ်တိုင်က ယနေ့အချိန်အထိ ဒီမိုကရေစီ နဲ့
    လူအခွင့်အရေး ဆိုတာတွေကို တကယ်မခံစားဖူးသေးပါဘူး..ဒါကြောင့် မြန်မာတိုင်ရင်းသားသာမန်ပြည်သူတွေဖြစ်တဲ့
    ကျနော်တို့ကို လူ့အခွင့်အရေးနားမလည်တဲ့ တောသားတွေလို့ပြောရင်လည်း..မျက်လုံးလေးကလယ်ကလယ်နဲ့ခံရမှာပါပဲ။
    ဒါပေမယ့်..ကျနော်တို့သိထားတာတစ်ခုကတော့…အခုအချိန်မှာ..ဘင်ဂါလီရိုဟင်ဂျာ တွေဖေါ်ဆောင်နေတဲ့
    ခေတ်သစ်နယ်ချဲ့ ကျူးကျော်လာနေမှုဘေးရန်ကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ကာကွယ်နိုင်မှ နောင်တစ်ချိန်မှာ ကျနော်တို့
    အားလုံးအတွက် လူ့အခွင့်အရေး ဆိုတာတွေ ရှိနေနိုင်မှာကို တော့ သေသေချာချာကိုသိထားပါတယ်..
    အမြဲတမ်းရန်လိုကျုးကျော်လွွှမ်းမိုး လိုနေသူတွေကို ယဉ်ကျေးစွာဆက်ဆံဖို့ဆိုတာ တော်တော်ခက်ပါတယ်..
    ဘင်ဂါလီရိုဟင်ဂျာတွေဟာ ရခိုင်နဲ့မှမဟုတ်ပါဘူး..အခုဆို အိန္ဒိယ အာသံပြည်နယ်ကဒေသခံတွေနဲ့ပါဖြစ်နေပါတယ်..
    သူတို့ရဲ့စရိုက်အရ ရောက်လေရာ အရပ်မှာဒီလိုပဲ ရန်လိုနေတတ်တာ ပိုပြီးထင်ရှားလာနေပါတယ်..ကျနော်ပြောရဲပါတယ်
    ဘင်္ဂလားဒေ့(ရှ်)အနွယ်ဖွါး ဘင်ဂါလီရိုဟင်ဂျာတွေကို မြန်မာနိုင်ငံမှမဟုတ်ပါဘူး ကမာ္ဘ ပေါ်မှာဘယ်နိုင်ငံကမှသူတို့နိုင်ငံ
    ထဲမှာအခြေချနေထိုင်ခွင့်ပေးဖို့ လက်ခံလိုစိတ်ရှိကြမှာမဟုတ်ပါဘူး.. (တလောတုန်းကတောင်..အော်စီကိုရောက်နေတဲ့
    ဘင်ဂါလီရိုဟင်ဂျာလှေစီးဒုက္ခ သည် ရာဂဏန်းနဲ့ မလေးမှာရှိနေတဲ့ မြန်မာတိုင်းရင်းသား ဒုက္ခသည်ထောင်ဂဏန်း ကို
    ဒုက္ခသည်ချင်းလဲလှယ်ဖို့ကိစ္စအော်စီနဲ့မလေးဆွေးနွေး တာကို လူ့အခွင့်အရေးသမားတွေကဝိုင်းအော်ကန့်ကွက်ကြလို့
    မလုပ်ဖြစ်ခဲ့ဖူးဆိုလား ဘာလား ကြားမိသလိုပဲ…ဟီးး)
    ကျနော့်အမြင်တစ်ခုကိုပြောရရင်..မြန်မာနိုင်ငံကြုံတွေ့နေရတဲ့ဘင်ဂါလီရိုဟင်ဂျာ အရေးကိစ္စ ပြသနာဟာ
    ဘင်္ဂလားဒေ့(ရှ်)နိုင်ငံရဲ့ခေတ်သစ်နယ်ချဲ့ကျုးကျော်မှုကို ခံနေရတာပါပဲ.. အဓိကတာဝန်ရှိနေတဲ့ ဘင်္ဂလားဒေ့(ရှ်)နိုင်ငံရဲ့
    တာဝန်မဲ့ပြုမူမှုတွေကိုကျတော့ ကမာ္ဘ့မှုစလင်အဖွဲ့အစည်းအသီးသီးတွေ..မူစလင်နိုင်ငံတွေက အပြစ်မပြောပဲ .. ဘာမှမဆိုင်
    တဲ့ မြန်မာနိုင်ငံကိုကျတော့ ဘာအကြောင်းနဲ့ အပြစ်လုပ်ပြောပြီး ချိန်ခြောက်နေကြတာလဲ ..မူစလင်တွေရဲ့ တစ်ဖက်သတ်ဆန်မှုတွေ
    ရန်လိုမှုတွေ ဟာ မဖိတ်ခေါ်ပဲ ရောက်လာတော့မယ့် အရိပ်အရောင်တွေ တနေ့ထက်တနေ့ပိုတွေ့ လာနေရတယ်လို့ ခံစားမိတယ်
    အနှေးနဲအမြန်ပါပဲ..တနေ့နေ့မှာတော့ ကျနော်တို့တွေ မူစလင်တွေရဲ့အကြမ်းဖက်မှု ရန်ကို ရင်ဆိုင်ရမှာမလွဲပါဘူး..
    ကဲ..တကယ်ရင်ဆိုင်ရပြီဆိုရင်..ကျနော်တို့ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို.. စဉ်းစားထားဖို့တော့လိုနေပါပြီ
    … ကျနော်တောသားလေးရဲ့လူပိန်းအတွေး သာဖြစ်ပါတယ်လို့ ဝန်ခံပါတယ်..

    • Foreign Resident

      July 27, 2012 at 11:42 pm

      ” အနှေးနဲအမြန်ပါပဲ..တနေ့နေ့မှာတော့ ကျနော်တို့တွေ မူစလင်တွေရဲ့အကြမ်းဖက်မှု ရန်ကို ရင်ဆိုင်ရမှာမလွဲပါဘူး..
      ကဲ..တကယ်ရင်ဆိုင်ရပြီဆိုရင်..ကျနော်တို့ ဘယ်လိုဖြေရှင်းကြမလဲဆိုတာကို.. စဉ်းစားထားဖို့တော့လိုနေပါပြီ ”

      အခုထက်ထိတော့ ဘင်္ဂါလီပြဿနာပဲ ရှိပါသေးတယ် ။
      “မူစလင်” ( ဘာသာ ) အဆင့်အထိတော့ မကြီးသေးပါဘူး ။

  • htoosan

    July 27, 2012 at 11:31 pm

    ဘယ်သူတွေမှန် ဘယ်သူတွေမှားတာ ခဏလေး ဘေးဖယ်ပြီး ပြဿနာ ဖြစ်ကြတဲ့ အချိန်မှာ ကျွန်တော်ဘဲ စာဖတ်အား နည်းလို့လား မသိ ။ ဘယ်ဗုဒ္ဒဘာသာ နိင်ငံကမှ ဘာမှ ပြောသံမကြားရပေမဲ့ အီရန် ကနေ ဘယ်လို၊ ပါကစ္စတန် အခြေစိုက် အဖွဲ့ က ဘယ်ညာ ၊ အီဂျစ်မှာက ဘယ်သို့ နဲ့ ကြားနေရတဲ့ အချိန်မှာ ကျွန်တော်တို့ တွေက မြန်မာထက်မြင့်တဲ့ လူ လူ မျိုးဆိုပြီး အော်ကာ မကြားချင်ယောင်ဆောင်သဘောထား ကြီးယောင် မပြနိုင်တော့တာ တော့ အမှန်ပါဘဲ ။
    ဖြစ်လာရင် ပြေးစရာ ဩဇီလည်း မရှိဘူးလေ ။ 😀
    ဆဲတဲ့ ထဲ မပါဘဲ ပါးစပ်ပိတ်ထားနိုင်ပါတယ် ။ ပါးစပ်ပိတ်ထားပါတယ် ဆိုတာကိုလည်း ပါးစပ်ကြီးဟပြီး လူတိုင်းကြားအောင် အော်ပြောစရာ ဖွင့်ပြောစရာ မလိုပါဘူး ။
    မြန်မာကို မချစ်ရင် ရပါတယ် နစ်အောင်တော့ မလုပ်သင့်ပါဘူး ။
    နစ်အောင် လုပ်တာ မဟုတ်ပါဘူး စေတနာ ပါဆိုနိုင်ပေမဲ့ အဲ့ဒီ့ စေတနာကြီးက ဝေဒနာ အနေနဲ့ ဘူးလေးရာ ဖရုံဆင့် ဖြစ်ပြီး နစ်သွားနိုင်ပါတယ် ။

    • pooch

      July 28, 2012 at 12:45 am

      ဟုတ်ပါတယ် ကိုထူးဆန်း ကျမတို့က ပြေးစရာ မြေမရှိပါဘူး။ လူလူမျိုးဆိုပြီး သဘောထားလည်း ဒီအချိန်မှာ ကြီးပြနေလို့ ရကောင်းတဲ့ အရာ မဟုတ်ပါဘူး။
      ကိုယ့်မြေ ကိုယ့်ရေကို ဘိုးဘွားတွေ ဘယ်လိုထူထောင်ယူခဲ့ရသလဲ တချက် ပြန်ကြည့်ရအုန်းမှာပါ။

      ကိုယ့်လက်ထက်ကျမှ ဝါးအစည်းပြေသလို ဖြစ်ရုံမက နည်းမျိုးစုံနဲ့ အပဲ့ အရွဲ့ ခံဖို့ မဖြစ်နိုင်ပါဘူး။
      နိုင်ငံတခု ထူထောင်နိုင်ခဲ့တယ်ဆိုတာ အလကားရခဲ့တာ မဟုတ်ပါဘူး။ အဆက်ဆက်က အသက်သွေးတွေ ရင်းခဲ့ရတာပါ။

      ကမာ္ဘမှာ ထိပ်ရောက်နေတဲ့ စင်ကာပူတောင် သူ့နိုင်ငံသား မဟုတ်တဲ့သူတွေကို အခွန်အခတွေ တိုး တခြားသော ဥပေဒတွေနဲ့ ထိန်းချုပ်ထားပြီး သူတို့နိုင်ငံသားများရဲ့ အခွင့်အရေးကို အကာအကွယ်ပေးထားတာပါ။ တန်းတူထားမပေးပါဘူး။

      နောက် ဂျပန်မှာလည်း ဒီနှစ်ထဲမှာ နို်င်ငံသားမဟုတ်သူတွေ ပြည်ပသွင်းကုန်တွေအပေါ် အခွန်အခတွေပိုတိုးပြီး ကောက်တော့မဲ့ ဥပဒေတခု အသက်ဝင်သွားပြီမို့ ရှေ့လျှောက် နိုင်ငံသား မဟုတ်သူတွေ ရပ်တည်ဖို့ နည်းနည်းခက်လာပါပြီ။ ဒီဥပဒေကလည်း သူတို့ နိုင်ငံသားတွေက တောင်းဆိုလို့ ဂျပန်အစိုးရက ပြဌာန်းပေးလိုက်ရတာပါ။

      နေရင်းထိုင်ရင်း ထုတ်ပေးတဲ့ ဥပဒေ မဟုတ်ပါဘူး။

      ဆိုတော့ နိုင်ငံတိုင်းဟာ သူတို့ နိုင်ငံသားများရဲ့ အခွင့်အရေးကို ဦးစားပေးလေ့ရှိပါတယ်။
      ကိုယ့်တနိုင်ငံထဲ မဟုတ်ပါဘူး။ သူများတကာပေါ်မှာ တဖက်စောင်းနင်း နှိပ်ကွပ်တာမျိုး မဟုတ်ပဲ ကိုယ့်နိုင်ငံသားရဲ့ အခွင့်အရေးကို ကာကွယ်တာမျိုးက မဖြစ်မနေ လုပ်ကို လုပ်ရမဲ့ အရာပါ။

      အဲ့ဒိလို ကာကွယ်ရာမှာလည်း အခြေနေ အချိန်ခါကိုလိုက်လို့ တတိုင်းပြည်နဲ့ တတိုင်းပြည် တိုင်းတဲ့ သုံးတဲ့ စံနှုန်းတွေ လုပ်ပုံကိုင်ပုံတွေလည်း ကွာဟမှု ရှိချင်လည်း ရှိပါလိမ့်မယ်။ အစွန်းမရောက်ဖို့ပဲ အရေးကြီးတာပါ။

      ဆိုတော့ မြန်မာ ဖြစ်ရတာ သိပ်ခါးတယ် ထင်ရင် စာအုပ်ပြောင်းကိုင်လိုက်ပေါ့။
      တမျိုးလုံး တဆွေလုံး တတ်နိုင်လို့ ပြောင်းသွားလဲ တားမဲ့သူမှ မရှိတာ။ ကိုယ့်ကုသိုလ်ကံနဲ့ ကိုယ်ပါ။
      လွမ်းစရာရှိမှ လွမ်းပါတယ် အဘရယ်။ လွမ်းဖို့မကောင်းရင် စကားထဲတောင် ထည့်မပြောကြပါဘူး ။ :mrgreen:

  • chityimhtoo

    July 28, 2012 at 8:30 am

    #သတင်းထောက်တစ်ဦး
    “အယ်လ်ကိုင်းဒါး နဲ့ အစ္စလာမ် စစ်သွေးကြွတွေကို ဖမ်းဆီးစစ်ဆေးတဲ့အခါမှာ အမေရိကန်တွေဟာ ရက်စက်ကြမ်းကြုတ်လွန်းတယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်” အဲဒါ ဟုတ်ပါသလား..။

    *အမေရိကန်သမ္မတ ဂျော့ရှ်ဒဗလျူဘုရှ်* …
    “နေစမ်းပါအုံး။ ဂျီနီဗာ သဘောတူညီမှုဆိုတာ နိုင်ငံရှိတဲ့ သူတွေက ရေးဆွဲထားတဲ့အချက်အလက်တွေပါ။ နိုင်ငံမရှိတဲ့ အယ်ကိုင်းဒါး အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှု့အန္တရာယ်တွေကို တားဆီးဖို့အတွက် ကျနော့နိုင်ငံရဲ့ လုံခြုံရေးဟာ အဓိက အရေးကြီးဆုံးဖြစ်တယ်။ သူတို့ကို လူ့အခွင့်ရေးပေးစရာ လိုလို့လား”

  • နေဝန်းနီ

    July 28, 2012 at 11:04 am

    ရိုဟင်ဂျာ လော်ဘီသမား မစ္စတာ ဒီကူးမား၊ ခင်ဗျားထွက်သွား။

    Written by အောင်ဝေး

    ရိုဟင်ဂျာကို ကျနော်တို ့က လက်မခံဘူးဆိုတာဟာ
    ခင်ဗျားစွပ်စွဲသလို
    လူ ့အခွင့်အရေးချိုးဖောက်တာမဟုတ်ဘူး။
    ကျနော်တို ့ ကိုယ့်အချုပ်အခြာအာဏာကို ကာကွယ်တာပဲဖြစ်တယ်။
    ကျနော်တို ့ ကိုယ့်အမျိုး၊ဘာသာ၊သာသနာကို စောင့်ရှောက်တာပဲဖြစ်တယ်။

    ခင်ဗျားဘက်လိုက်ပြောဆိုနေတဲ့
    ရိုဟင်ဂျာဆိုတဲ့လူတွေဟာ
    ကမ္ဘာကြီးအတွက် အန္တရာယ်ရှိလာမယ့်
    ဘာသာရေး၊ လူမျိုးရေး အစွန်းရောက် အကြမ်းဖက်သမားလက်သစ်တွေပဲဗျ။

    ခင်ဗျားလုပ်ရပ်တွေ ရပ်တန်းကရပ်ပါ။
    ခင်ဗျားထွက်သွား မစ္စတာ ဒီကူးမား။

    GET OUT !

    အောင်ဝေး
    (မြန်မာတိုင်းရင်းသား၊ဗမာနိုင်ငံသား)
    RFA TV July 11,2012 မှ။
    http://www.anti-rohingya.blogspot.com/
    ဘာမှမပြောချင်လို့ ဖွပေးလိုက်တာ…………. 😛

  • Phaung Phaung

    July 28, 2012 at 12:10 pm

    လူသားချင်းစာနာထောက်ထားမှုတို့/လူ့အခွင့်အရေးဆိုတဲ့ စကားလုံးအကြီးကြီးတွေသုံးပြီး ရိုဟင်ဂျာတွေကို ရခိုင်တွေနှိမ်ပါတယ်လို့ မစွပ်စွဲသင့်ပါဘူး… မြန်မာလူမျိုးတွေဟာ စိတ်သဘောထားကောင်းပြီးသားပါ… ကိုယ့်ထက်နိမ့်ကျသူကိုပေးကမ်းကျွေးမွေးတာဟာ တိုင်းရင်းသားလူမျိုးတိုင်းပါပဲ… ရိုဟင်ဂျာကိစ္စကို ရခိုင်မှာနေတဲ့ ရခိုင်လူမျိုးတွေအသိဆုံးပါ….
    ဦးဖောဘာကြောင့်ဒီလိုတွေးသလဲဆိုတာကို ဒီလိုပြန်သုံးသပ်မိပါတယ်…
    နိုင်ငံခြားမှာနေတဲ့သူတွေ ရိုဟင်ဂျာအရေးကို အသံမထွက်ကြပါဘူးဆိုတာ … မြန်မာတွေရဲ့စိတ်ရင်းအခံဖြူစင် မှုနဲ့အတူ သူတစ်ပါးတိုင်းပြည်မှာနေနေတဲ့ရိုဟင်ဂျာတွေကို ကိုယ်လည်းသူများတိုင်းပြည်မှာနေနေတာပဲဆိုတဲ့ ကိုယ်ချင်းစာစိတ်ကြောင့်လို့ထင်ပါတယ်..။ ဒါပေမယ့် မြန်မာပြည်ထဲမှာပဲနေထိုင်နေတဲ့ မြန်မာလူမျိုး
    တွေကတော့ ဘယ်လိုမှမခံစားနိုင်ပါဘူး… ဘာကြောင့်လဲဆိုတော့ ကိုယ့်နိုင်ငံမှာကိုယ်နေပြီးတော့ စော်ကားခံနေရလို့ပါပဲ…
    ဒါ….အရိုးရှင်းဆုံးပါပဲ ။ ဦးဖောတို့လို ပြည်ပကနေ စကားလုံးအကြီးကြီးတွေနဲ့ သဘောထားမကြီးနိုင်ပါဘူး..
    အမြင်လည်းမကျယ်နိုင်ပါဘူး … ဘာကြောင့်ဆိုတော့ မြန်မာနိုင်ငံကိုချစ်လို့ မြန်မာပြည်မှာပဲနေပါတယ်။

    • Foreign Resident

      July 28, 2012 at 1:02 pm

      ” ရိုဟင်ဂျာတွေကို ရခိုင်တွေနှိမ်ပါတယ်လို့ မစွပ်စွဲသင့်ပါဘူး ”

      မဟုတ်သေးဘူး Phaung Phaung ရဲ့ ၊
      အဲဒါတွေက အဘ မျက်စိ နှင့် ကိုယ်တိုင် တွေ့ခဲ့တာလေ ။
      အဘ အထင် အမှန်တရားကို လက်ကိုင်ထားတဲ့ ရခိုင်တွေလည်း ၊
      အဲဒီလို ကိစ္စတွေ ဖြစ်ခဲ့တယ် ဆိုတာကို မငြင်းလောက်ဘူးကွယ့် ။

      အပေါ်က အဘရဲ့ Comment မှာရေးထားတဲ့ ၊
      အဘ ဆီ Personal Mail ပို့ထားတဲ့ ရခိုင်လူမျိုးတစ်ဦးလို ၊
      သမိုင်းကြောင်းက ဘယ်လိုရှိလို့ ၊ ရခိုင် တွေက ၊ ဘင်္ဂါလီ ကို ၊
      ဒီလို ဆက်ဆံရပါတယ် ဆိုတာကို ၊ ရှင်းတာက ပိုမှန်ပါ့မယ် ။

      ဒါမှမဟုတ် အပေါ်မှာ ” Oo Oo ” ရေးခဲ့သလို ၊
      ဘင်္ဂါလီ တွေကလည်း ၊ ရခိုင် တွေကို ၊
      ဘယ်လို ဆက်ဆံ / အပျောက်ရှင်း နေတယ် ဆိုတာမျိုး ရှင်းတာက ပိုမှန်ပါ့မယ် ။

      ကြုံလို့ ဟာသလေးတစ်ခု ပြောပြပါ့မယ် ။

      ၂၀၀၅ ပါတ်ချာလောက်ဖြစ်မယ် ထင်တယ် ။
      အဘ စစ်တွေ ရောက်တော့ ၊ ရခိုင် မိတ်ဆွေတစ်ယောက်နှင့် စကားပြောဖြစ်တယ် ။
      အဘ က မေးကြည့်တယ်လေ ။ ကို —– ပေါ့ ၊
      ကျနော် ၁၉၈၈ အရေးအခင်း မတိုင်ခင်ကတည်းက ၊ ရခိုင် ရောက်ဖူးတယ်ပေါ့ ၊
      အဲဒီတုန်းက ရခိုင်တွေက ဘင်္ဂါလီ တွေကို အတော်နိုင်တယ်ပေါ့ ၊
      တခါတလေ လမ်းလျှောက်တာ အချိုးမပြေရင်ကို ခေါ် —– တယ်ပေါ့ ။
      အခု အဲဒါမျိုး မတွေ့ရတော့ပါလား လို့ မေးလိုက်တယ်လေ ။

      အဲဒီတော့ ကို —– က ၊
      မရတော့ဘူး အဘ ရေတဲ့ ၊
      အရင်က ရခိုင်က ဘင်္ဂါလီ ထက်ပိုများတာတဲ့ ၊
      အခုက ဘင်္ဂါလီက ရခိုင် ထက်ပိုများသွားပြီတဲ့ ၊
      နောက်ပြီး ဘင်္ဂါလီတွေက —– တွေနှင့် အလွမ်းသင့် တဲ့အတွက် ၊

      အခု အခြေအနေ က ၊
      ရခိုင်က ဘင်္ဂါလီကို —– ဖို့မရှိတော့ဘူးတဲ့ ။
      ဖြစ်ချင်းဖြစ်ရင် ဘင်္ဂါလီက ရခိုင်ကို —– ဖို့ပဲရှိတော့တယ်တဲ့ ။
      ဟာသ တစ်ခုအနေနှင့် ပြောပြတာပါ ။

  • maung khinmin

    July 28, 2012 at 12:37 pm

    ရခိုင် အရေးတွေ …
    ရိုဟင်ဂျာ အရေးတွေ …
    ကျွန်တော်လည်း …မရေးတော့ပါ (မရေးတတ်ရျ်) ..

    အရေးကြီးနေတာက … ကျုပ်တို ့ဒီမိုးကရေမစီးသေးတာပါပဲ …
    ဘေးတွေရောက်နေကြပြီလို ့ … မြင်မိပါတယ် …
    လမ်းကြောင်းသွေနေပြီလို ့ထင်ပါတယ် ..

    ကုလားအကြောင်းလဲ … မစဉ်းစားပါနဲ ့ဦး …
    ရခိုင်အရေးလဲမတွေးကြပါနဲ ့ဦး ..
    ကျုပ်တို ့ … နိုင်ငံပြောင်းလဲရေးအတွက် … တစ်မျိုးသားလုံးအညီအညွတ်
    စုပေါင်းဆောင်ရွက်နိုင်ဖို ့… ခေါင်းထဲထည့်ကြစေချင်ပါတယ် ….(ဆရာလုပ်ခြင်းမဟုတ်ပါ)….

    • ဘရားသား

      July 28, 2012 at 7:19 pm

      ဒီမိုကရေစီအရေးကို အသာထားပါ ကိုခင်မင်
      ဟိုခွေးကောင်တွေ လာပြီး အကြမ်းဖက်လုပ်တော့မှာက နီးစပ်နေပြီ
      ကြိုပြီး စဉ်းစားထားမှ တော်ကာကျမယ် မဟုတ်လား ။

  • Phaung Phaung

    July 28, 2012 at 2:28 pm

    အဘဖောရယ် …. ရခိုင်တွေ ဘင်္ဂါလီတွေကို နှိမ်တယ်ပဲထားပါဦး … သူတို့ဘဝပျက်သွားလောက်အောင် မိုက်ရိုင်းစော်ကားခဲ့ကြတာမဟုတ်ပါဘူး… ကိုယ်မွေးတဲ့မျောက်ကိုယ့်ပြန်ခြောက်မှာစိုးလို့ ကြိုကာထားသ
    လောက်ပါပဲ…
    ဒါတောင် ဒီလိုဖြစ်လာတာကိုကြည့်ခြင်းအားဖြင့် သူများမြေမှာနေ၊သူများရေသောက်ပြီး ဆက်ဆက်ထိမခံနိုင်
    ကြရင် လာမနေကြနဲ့ပေါ့ ….

  • မိုးတိမ်

    July 28, 2012 at 6:03 pm

    စဉ်းစားရန်ကိုမလိုသော၊ရှင်းရှင်းလင်းလင်းသိသာနေသော၊တစ်မျိုးသားလုံးကလက်မခံနှိုင်သော
    ဘင်္ဂလီကုလားအကြောင်းတွေးခိုင်းနေသော အဘဖောအားကန့်ကွက်ပါ၏။

  • Foreign Resident

    July 29, 2012 at 12:45 pm

    စဉ်းစားကြစေလိုပါတယ် ( ၃၆ ) ( ဆွေးနွေး မိတာလေးပါ – ၂ )
    ဆက်ရေးထားပါတယ်ကွယ် ။

  • Foreign Resident

    August 17, 2012 at 3:22 am

    ” ဟိုမှာ တိုးလာတဲ့ လူတွေထက် လက်ရှိလူက ပေါက်ဖွားတဲ့ နူန်းက ပိုများပါတယ်။
    ကျနော်တို့ ကွင်းဆင်းပြီးတော့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ
    နောက်ထပ်ဝင်ရောက်လာတဲ့ သူတွေက မရှိသလောက် နည်းပါတယ်။
    ဒါပေမယ့် ဟိုးတုန်းကရှိနေတဲ့ သူတွေက ပေါက်ဖွားမူတွေ သိပ်များတယ် ”

    ” ပြဿနာအစတုန်းကတော့ လူမျိုးရေး စိတ်ဓာတ် နဲ့ ပြည်တွင်းမီဒီယာတွေက ရေးပါတယ် ၊
    သို့သော်လဲ နောက်ပိုင်းမှာ ပြည်တွင်းမီဒီယာတွေက သူတို့သိလာပါတယ်။
    ဒါတွေက လူသားချင်းအနေနဲ့မြင်ရမယ်။
    လူ့အခွင့်အရေးကို ကျွန်တော်တို့ ထိခိုက်လို့မရဘူး ဆိုတဲ့ အမြင်တွေ သူတို့ရှိလာပါတယ် ”

    ” လူမျိုးရေး စိတ်ဓာတ် နဲ့ ပြည်တွင်းမီဒီယာတွေက ရေးပါတယ် ”
    Pro အဆင့်မရောက်သေးပဲ emotion နှင့် သတင်းရေးကြတဲ့ ပြည်တွင်းမီဒီယာတွေ ။
    သမ္မတကြီးနှင့် အမေစု သာ အမြင်မကျယ်ရင် ၊
    လူမျိုးရေး ၊ ဘာသာရေး စစ်တောင်ဖြစ်နိုင်တယ် ။

    အဘ ကတော့ အရင်ပြောခဲ့သလိုပဲ ၊
    ရခိုင်ပြည်နယ်က အရေးပါတဲ့ အာဏာပိုင်ထဲကအသိဆီက ကြားထားပြီးသားမို့လို့ ၊
    အခု သမ္မတကြီး ပြောတဲ့အခါ မထူးဆန်းတော့ပါဘူး ။

    လူမကြိုက်မှာသေချာနေပေမယ့် အမှန်ကို ပြောရဲလာတဲ့ ၊
    သမ္မတကြီးရဲ့ သတ္တိကိုပဲ အားပေးပါတယ် ။

    ၁ ။ နောက်ထပ်ဝင်ရောက်လာတဲ့ သူတွေက မရှိသလောက် နည်းပါတယ် ။
    ၂ ။ ပြဿနာအစတုန်းကတော့ လူမျိုးရေး စိတ်ဓာတ် နဲ့ ပြည်တွင်းမီဒီယာတွေက ရေးပါတယ် ။

    ဒါတောင် မပြောသင့်တဲ့ အမှန် တွေ အများကြီး ကျန်နေသေး ။
    ထားပါတော့လေ ။

    စိုးရိမ်မိတာက ၊
    အမှန်တရားဆိုတာ ကြာကြာ ဖုံးဖိလို့မရပဲ ပေါ်လာမှာပါ ။
    အခုတောင် အစိုးရ စကားပြန် လိမ်ပြီး ဘာသာပြန်တဲ့အကြောင်းက ၊
    နိုင်ငံတကာမှာ ပွထပြီး ၊ မြန်မာ အစိုးရ အရှက်ကောင်းကောင်း ကွဲနေပြီ ။

    —http://www.salem-news.com/articles/august132012/rohingya-genocide.php—
    —http://www.youtube.com/watch?v=awSYVns7y9I—

    • ဦးဦးပါလေရာ

      August 17, 2012 at 9:19 am

      သမ္မတက အဲဒီစကားကို အမုန်းခံပြီးပြောရုံမကပါဘူး
      ဘဝတခုလုံးနဲ့ ရင်းပြီး ပြောတာပါ..။
      ဒီစကားမပြောခင်အထိ သူ့ကို ဘာအတွက်လုပ်နေတယ်လို့ တိတိကျကျ မပြောဝံ့ဘူး..။
      အခုတော့ (ကျုပ်တယောက်ထဲအတွက်) ပြောနိုင်ပါပြီ..။
      ဒီသမ္မတဟာ တိုင်းပြည်အတွက်အလုပ်လုပ်တယ်… လို့ပေါ့…။

      ကျုပ်ကတော့ ရခိုင်မြောက်ပိုင်းကဘင်္ဂါလီတွေရဲ့
      လူဦးရေအဆမတန်တိုးပွားမှု့နဲ့ ဘာသာရေး+ယဉ်ကျေးမှု့ သီးခြားဖြစ်တည်မှု့ကို
      စိတ်လဲပျက် ၊ ကြောက်လဲ ကြောက်နေတဲ့သူပါ..။
      ရာနှုံးပြည့်နီးပါး မလိုလားတဲ့သူပါ။

      ဒါပေမယ့်လဲ ကိုယ်မကြိုက်လို့ ကန်ထုတ်ကြေးဆိုရင်
      ဘယ်လိုပြည်ထောင်စုနိုင်ငံလုပ်လို့ရပါ့မလဲ…..။

      တကယ်ဖြစ်နိုင်တဲ့အဖြေက
      လောလောဆယ် မတည့်အတူနေဘို့ နည်းလမ်းရှာ
      နောင်ကိုတော့ မတည့်တည့်အောင်နေဘို့ နည်းလမ်းရှာ ကြဖို့ထင်တာပဲ..။
      အဲဒီနည်းလမ်းတွေထဲက တခုကတော့-
      သူတို့ကို ကိုယ့်လို တွေးခေါ်ဖြစ်အောင်၊ စဉ်းစားဖြစ်အောင်၊ ခံစားဖြစ်အောင်
      ကိုယ်က တန်းဆွဲညှိဘို့ ကြိုးစားဘို့ပါပဲ…။

Leave a Reply