မန္တလေးဂေဇက်အယ်ဒီတာချုပ်ကိုခိုင်ရဲ့ ကျေးဇူးရှင်မွေးသမိခင်ကြီး ကွယ်လွန်ခြင်း

pwint pwintJuly 27, 20121min1284147

မန္တလေးဂေဇက်အယ်ဒီတာချုပ်ကိုခိုင်ရဲ့ ကျေးဇူးရှင်မွေးသမိခင်ကြီး ကွယ်လွန်သွားကြောင်း ကြားသိရတဲ့အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။ (မန်ဘာများ ကျေးဇူးပြုပြီး like မလုပ်ပဲ မှတ်ချက်ရေးပေးကြပါ)

147 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 27, 2012 at 10:36 pm

    လောကသဘာဝထဲ မွေးဖွားခြင်းသဘောရှိတဲ့ သတ္တဝါအတွက် ရှောင်ဖယ်မရတာက
    အိုနာသေဘေးဘဲလေနော
    လောကသတ္တဝါ လူသားတစ်ယောက်ဟာ လောကသဘာဝအတိုင်း ဖြစ်သွားတာကို ဝမ်းနည်းစရာလို့
    ကျုပ်တော့ဖြစ် နည်းနည်းလေးမှ မတွေးမိပေါင် ( ဘယ်သူနဲ့မှမတူအောင် ဘယ်သူနဲ့မှမတူအောင် )
    ငယ်ငယ်လည်းသေတတ်တာဘဲ ကြီးကြီးလည်းသေတတ်တာဘဲ ( သဘာဝ )
    ဒါပေသိ လူတို့လောကသဘောအရ လောကွတ်စကားတွေတော့ရှိကြပေသပေါ့
    ဝမ်းနည်းပါတယ် ကောင်းရာသုဂတိလားပါစေ
    လောကထဲ လူတွေပြောကြတာဘဲ
    အမေကိုမသေခင်ကြွေးမွေးကြ သေမှအော်မငိုနဲ့ လို့ဆိုတာလေးပါ ( ဒီလူကြီးသည်းခြေပျက်မည်မထင် )
    ကောင်းတဲ့ဖက်ကတွေးတော့ ဒီလူကြီး ဖေကြီးမေကြီး တွေကို အသက်ရွယ်ရင့်ကျက်တဲ့အထိ
    စီးပွားရေး လူမှု့ရေးပြည့်စုံစွာနဲ့
    နေထိုင်ခွင့်ရခဲ့တာလေး အရပ်စကားနဲ့ပြောရရင် တော်တော်ထူးတဲ့ကုသိုလ်ဘဲ
    အကြောင်းကြောင်းကြောင့်
    ကျုပ်လည်း ကျုပ်မသေခင် ဒါမှမဟုတ် ကျုပ်အဘနဲ့ ကျုပ်အမေ မသေခင်
    အဘနဲ့ အမေကို တွေခြင်းမိပါရဲ့

    • pooch

      July 27, 2012 at 11:04 pm

      ဟုတ်ပါတယ် ဘပု ။ ဒီအသက်အရွယ်ထိ မိဘကို ပြည့်စုံစွာလုပ်ကျွေး ပြုစုခွင့်ရခဲ့တာဆိုတော့ ဖြေသာမယ် ထင်ပါတယ်။ ကုသိုလ်ထူးပါတယ်လေ။

      ဘပုလည်း အချိန်ရှိတုန်း မိကြီး ဘကြီးများနဲ့ စုုံစုံလင်လင် နေနိုင်ပြီး ပြုစုခွင့်ရပါစေလို့။

  • pooch

    July 27, 2012 at 10:36 pm

    ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ် ဦးခိုင်။ မိခင်ကြီး ကောင်းရာသုဂတိလားပါစေ။

  • အရီးခင်လတ်

    July 27, 2012 at 10:47 pm

    ဧည့်သည်

    လာတုန်းကလဲ တစ်ယောက်ထဲနော့
    လက်တွဲခေါ်ကာ ဖော်မပါဘူး
    ဥစ္စာချည်းနှီး ကိုယ်ထီးတည်း

    ပြန်သွားတော ့လည်း တစ်ယောက်ထဲနော့
    လက်တွဲခေါ်ကာ ဖော်မပါဘူး
    ဥစ္စာချည်းနှီး ကိုယ်ထီးတည်း

    လာပြီးတော့နား
    မသွားသေးခင် ချိန်လေးတွင်မှ
    ဝန်းကျင်ခက်နွယ် နှောင်ကြိုးတွယ်ကြ
    ပြုံးရယ်မဲ့ငို ချစ်မုန်းပိုကြ
    မလိုဒေါသ လိုလောဘနှင့်
    ဘဝရိပ်မြုံ ကကြိုးစုံခဲ ့

    ကံကုန်မိုးချုပ် လက်တွဲဖြုတ်ကာ
    သုတ်သုတ်ဆောလျှင် ခရီးနှင်သည်
    တို့လျှင် ဧည် ့သည်ပါတကား…

    အရှင်ဇာဂရိယ
    ယောနယ်

  • nature

    July 27, 2012 at 10:59 pm

    သူကြီးမိခင်ကနာမည်ဘယ်လိုခေါ်လဲ။ အသက်ဘယ်လောက်ရှိပြီလဲ။
    သူကြီး-အရေးထဲစသုံးလုံးကစာရင်းစစ်နေသေးတယ်။ 👿
    စတာနော်သူကြီး။အမျှဝေပေးမလို့ နာမည်မသိလို့မေးတာ။ 🙂

    သူကြီးနဲ့အတူထပ်တူထပ်မျှဝမ်းနည်းပါတယ်သူကြီးရေ။ ကျွန်တော်ပြုလုပ်ခဲ့သမျှသော ဒါနသီလဘာဝနာ ကောင်းမှုကုသိုလ်အစုစုတို့ကို သူကြီး၏ မိခင်ကြီးအားအမျှပေးဝေပါတယ်။ ရောက်ရာဘုံဘဝမှ သာဓုခေါ်ပါလေ။

    မွေးတဲ့သူတိုင်းတနေ့မှာသေကြရမှာပါပဲ။ လူတွေဟာမွေးနေ့ဆိုပြီးပျော်ပွဲရွှင်ပွဲတွေလုပ်နေကြမဲ့ မွေးနေ့ကျော်ရင်အသက်တစ်နှစ်ပိုကြီးလာပြီး သေဖို့တနှစ်ပိုနီးလာတယ်ဆိုတာကို သတိပြုမိတဲ့သူတော်တော်ရှားပါတယ်။

  • ပိုင်လေး

    July 28, 2012 at 12:41 am

    သူကြီးနဲ့အတူ ထပ်တူထပ်မျှဝမ်းနည်းကြောင်း။ သူကြီးဦးခိုင် မိခင်ကြီး ကောင်းရာသုဂတိလားပါစေ။

  • ko khin kha

    July 28, 2012 at 7:04 am

    ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ် ဦးခိုင်။

  • Shwe Phyu

    July 28, 2012 at 7:04 am

    Dear Ko Kai,

    Never known you in person nor your mother but reading your ideas/posts on MG, I can imagine what type of person you are and also imagine the mother who could raise such a son. She will only go to the better place in her next life “Thathayar”…..

    Sorry for your loss but death is part of our lives…

  • ကြောင်ကြီး

    July 28, 2012 at 8:43 am

    သဂျီး အတည်ပြုချက် မပေးသေးပါလား..။ အဟုတ်ဆိုရင်တော့ မိသားစုနဲ့ ထပ်တူ ဝမ်းနည်းရပါသည်။

    • shwe kyi

      July 28, 2012 at 9:17 am

      ဦးကြောင်ကြီး သူကြီးအတည်ပြုပြီးကျေးဇူးတင်စကားပြောထားပါတယ် ရှေ့ဆုံးကွန့်မန့်မှာပါ။
      သူကြီးဖခင်ကြီးကဗျာကိုဖတ်ပြီးဝမ်းနည်းမိသွားတယ်။ သွားကြည့်ပါဦး။

      • ကြောင်ကြီး

        July 28, 2012 at 10:19 am

        ဆောဒီးဗျာ မဖတ်မိလိုက်လို့ပါ။ ဒါနဲ့ ရွှေကြည်လေးက သူ့သမီးလား၊ ဦးကြောင်ခြစ်ပါရစေ။
        အဖေဆုံးကြောင်း သူငယ်ချင်းပို့တဲ့ အီးမေးလ် အလုပ်ထမင်းစားချိန်မှာ ဖတ်ရစဉ် မငိုဘဲနဲ့ မျက်ရည်တလဟော ကျခဲ့တယ်။ တားဆီးမရ သူ့အလိုလို ထွက်လာတယ် သို့ပေမဲ့ မငိုကြွေးခဲ့မိဘူး၊ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်းမပြန်ဖြစ်ခဲ့ဘူး။ လောကမှာ မျှော်လင့်ထားပြီးသားဆိုရင် ကြုံလာတဲ့အခါ စိတ်ဖိစီးမှုသောက အထိုက်အလျောက် နည်းပါးစေပါတယ်။

        • shwe kyi

          July 28, 2012 at 10:38 am

          ဦးဦးကြောင် ရွှေကြည်ကသူကြီးရဲ့သမီးမဟုတ်ရပါဘူး။ ဦးကြောင်ကြီးအဖေဆုံးသွားကြောင်းသိရတာစိတ်မကောင်းပါဘူး။ မပြန်နိုင်ခဲ့တာကိုလည်းနားလည်ပါတယ် တကယ်ကိုစိတ်မကောင်းပါဘူးရှင်။

  • same kyaw

    July 28, 2012 at 9:09 am

    လာတုံးကလဲ တယောက်ထဲ သွားတော့လဲတယောက် ထဲ ဒီခရီးက လူတိုင်းမလွဲမသွေ သွားရမဲ့ခရီးပါ။ထပ်တူ ဝမ်းနည်းမိပါတယ်။

  • pyaponthu

    July 28, 2012 at 9:12 am

    ထပ်တူ ဝမ်းနည်းမိပါတယ်။

  • Gipsy

    July 28, 2012 at 9:24 am

    ကိုယ်ချင်းစာမိပါတယ် ၊ ကျနော်လဲ မိဘများ ရှိနေဆဲမို့ ကိုခိုင်လို မိဘတွေအတွက်
    ကျန်းမာရေးစောင့်ရှောက်ရဦးမှာပါ ..
    စိတ်မကောင်းဖြစ်မှု များနဲ့အတူ ကောင်းရာမွန်ရာ ဘုံဘဝ ကိုရောက်ပါစေလို့
    ဆုတောင်းပါတယ်ခင်ဗျာ …။

  • ahnyartamar

    July 28, 2012 at 9:54 am

    မိဘဆိုတော့ အတိုင်းအဆမဲ့ ခံစားနေရမယ်ဆိုတာ ပြောဖို့တောင်မလိုပါဘူးဗျာ။ သဂျီးနဲ့အတူ ထပ်တူဝမ်းနည်မူများနဲ့ ကောင်းရာ ဘုံဘဝကို ရောက်ပါစေလို့ ဆုတောင်းပေးနေပါတယ်။

  • kyeemite

    July 28, 2012 at 10:22 am

    မန္တလေးဂေဇက်အယ်ဒီတာချုပ်ကိုခိုင်ရဲ့ ကျေးဇူးရှင်မွေးသမိခင်ကြီး ကွယ်လွန်သွားကြောင်း ကြားသိရတဲ့အတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်ခင်ဗျာ…

    တစ်နေကွယ် သေနယ်သို့ တစ်ခါကူး
    မေ့လျော့ကာ သေဘူးထင်ပါနဲ့
    နေကွယ်တာအကြိမ်များရင်ဖြင့်
    သေနယ်ရွာတစ်ကြိမ်လားရမယ်
    တားမရဘူး။

  • AKKO

    July 28, 2012 at 10:27 am

    လူသားတိုင်းအတွက် သေဆုံးခြင်းက ဓမ္မတာဆိုပေမယ့် မိခင် ဆုံးရှုံးတဲ့အခါ ဝမ်းနည်းကြေကွဲစိတ်က ဘာနဲ့မှ အစားထိုးမရသလိုပါပဲ ။
    ဒါပေမယ့် မသေခင်အချိန်ထိ ကျွေးမွေးခွင့်ရလိုက်တယ်ဆိုတာကိုက အမြတ်ပါပဲ ။ မိသားစုနဲ့ အတူ ဝမ်းနည်းရပါတယ် ။
    သာဓုခေါ်နိုင်တဲ့ ကောင်းရာဘုံဘဝရောက်ရှိပါစေ ။

  • mocho

    July 28, 2012 at 10:28 am

    သဂျီး ရေ လူချင်း မမြင် ဖူးပေမယ့် စာတွေ ကတဆင့် ရင်းနှီး ပြီးသားဆိုတော့ မိသားစု နဲ့ထပ်တူ ဝန်းနည်းမိပါတယ်။ ဘာပဲ ပြောပြော သဂျီး က ဒီ အရွယ် ထိ မိစုံ ဖစုံ နေ ခဲ့ ရတယ်ဆိုတော့ အများ ကြီး ကံကောင်းပါတယ်။ ကျန် ခဲ့ ဖခင် ကြီး အပေါ် ပို ပြီး ဂရု စိုက်ပေးလိုက် ပါ နော်။ နှစ် ရှည် လများ လက်တွဲ ခဲ့ တဲ့ အိမ်ထောင် ဖက် ဆုံးရှုံး ရတဲ့ သောက ကို အမျိုး သမီးတွေ ထက် စာရင် အမျိုး သားတွေ က ခံနိုင် ရည် ပိုမရှိတတ်ဘူးဆိုတာ ကျမ အဖိုး တုန်း ကကိုယ်တွေ့ ကြုံ ဖူး ခဲ့ တယ်။ သားသမီးတွေနဲ့ မြေး တွေ က ပိုပြီး ဂရု စိုက်ပေးဖို့ လိုပါတယ် ။

  • mike tee

    July 28, 2012 at 3:53 pm

    ကိုခိုင်ရေ
    ဝမ်းနည်း မိပါတယ် ကိုခိုင်ရေ ၊ မတည်မြဲတဲ့လောကကြီးမို့ ကောင်းရာသူဂတိလားပါစေလို့တောင်းဆု့ချွေလိုက်ပါတယ်၊
    လူသားတွေဟာ သေပြီးနောက်ဘယ်ရောက်သွားတယ်၊လူသားဟာဘယ်လောက်စနစ်တကျဖွဲစည်းတည်ဆောက်ထားတယ်၊
    လုးသားတွေဟာ ဘယ်လောက်ကိုယ်ဟာကိုယ်လုပ်တယ်ပြောပြောကိုယ်မလုပ်တဲ့အရာ ဘုရားသခင်ပေးထားတဲ့အရာတွေဟာ
    လို့ အများကြီးပါ၊ ဘုရားသခင်ရဲ့ညွန်ကြားချက်နဲ့လူရဲ့ခန္ဓာကိုယ်ထဲမှ လုပ်နေတာတွေအများကြီးပါ၊သီးသန့်ဆောင်းပါရေးပါအုံးမယ်၊
    ကိုယ်ဟာကိုယ်လုပ်ပါတ်.လို့အော်နေတဲ့ ပါစပ်ပေါက်တောင် သူဖေါက်ပေးလိုက်တဲ့အပေါက် ကအော်နေရတာပါ၊
    လူမှဘုရားသခင်ဖန်ဆင်းထားတာတွေထဲ့က အစိတ်အပိုင်းလေးတစ်ခုချိုယွင်းသွားရင်တောင် နိုင်ငံတကာကပညာရှင်တွေစုပေါင်းပြီးလုပ်တာ
    တောင် ၊နဂိုစွမ်းရည်မရနိုင်ကြပါဘူး၊ ဘုရားသခင်ဖန်ဆင်းထားတဲ့ ပရွက်ဆိတ်ကလေးတစ်ကောင်လောက်တောင်ပြီးပြည့်စုံတဲ့
    စွမ်းရည်ရအောင် လူသားတွေပညာရှင်တွေမဖန်တီးနိုင်ကြပါဘူး၊ ဒါကို စွတ်ပြီးကိုယ်ဟာကိုယ်လုပ်တယ်အော်နေကြတာတွေကို သနားမိပါတယ်၊
    လူသားတွေရဲ ဇောက သေခါနီး မှာရောဂါတွေကြားထဲမှာ အားမရှိလှပါဘူး၊ ရှင်သန်စွမ်းရည်ပြည့်နေတုံးမှာတောင် ဇောနဲ့မကူးနိုင်တာ
    သေတဲ့အခါမှ နောင်ဘဝကူးတယ်ဆိုတာ .. တကယ်တော့ ..မဟုတ်ပါဘူး၊သေသေချာချာဆောင်းပါရေးပြီးအမှန်တရားကို
    လူသားတွေသိအောင်ပြေပြပေးပါမယ်၊ ဒါမှ လူသားတွေကို ဘုရားသခင်စေလွတ်လိုက်တဲ့ရည်ရွယ်ချက်၊သွားရမယ်လမ်းခရီး၊ရှောင်ကျဉ်ရမယ်ကိုယ်ကျင့်တရားတွေကို သေသေချာချာသိရှိသွားကြမှာပါ..

  • maung khinmin

    July 28, 2012 at 4:45 pm

    ထပ်တူထပ်မျှ .. ကြွေကွဲရပါကြောင်း …ခင်ဗျာ

  • R Ga

    July 28, 2012 at 4:47 pm

    ဆုံးတကာ ဆုံးရှုံးမှုတွေအထဲမှာမှ ပြန်လည် အဖတ်ဆယ်ယူလို့ မရသော ဆုံးရှုံးမှုကြီးတစ်ခုဖြစ်တဲ့ အတွက်

    ထပ်တူထပ်မျှ ဝမ်းနည်းမိပါတယ်။

  • mayjuly

    July 28, 2012 at 4:54 pm

    ဦးလေး သူကြီး မိသားစုနဲ့ ထပ်တူ ဝမ်းနည်းကြေးကွဲရင်းးး

    အမျှပေးဝေပါတယ်ရှင် …

    အမျှပေးဝေမှုအားလုံးကို မိခင်ကြီး ရောက်ရာဘုံဘဝမှ သာဓုခေါ်နိုင်ပါစေ ….

  • cobra

    July 28, 2012 at 5:05 pm

    သူကြီးမင်းနှင့်ထပ်တူ ဝမ်းနည်းမိပါကြောင်း။
    သူကြီးမင်း ရဲ ့မွေးသမိခင်ကျေးဇူးရှင်ကြီး ကောင်းရာဘုံဘဝရောက်ပါစေ……

  • အရီးခင်လတ်

    July 28, 2012 at 5:19 pm

    ရွှေကြည် ပြောမှ သူကြီး ရဲ့ မှတ်ချက် နဲ့ သူကြီးဖခင်ကြီး ရဲ့ ကဗျာ ကို ဖတ်မိပါတယ်။

    အဲဒီ ကနေ သူကြီး မိခင် ကို ပုံဖော်ခဲ့ပါတယ်။
    သူကြီး တို့ အားလုံး ဂရုဏာရှင် မေတ္တာရှင် ကို ရခဲ့ကြတာပါ။

    မိခင် ကို အနားမှာထားပြီး စောင့်ရှောက် နိုင်ခဲ့တဲ့၊ စောင့်ရှောက် ခွင့် ရခဲ့တဲ့၊ စောင့်ရှောက် လိုသော စိတ်စေတနာ ပြည့်ဝ ခဲ့တဲ့ သူကြီး ကို အင်မတန် အားကျ ပြီး ချီးကျူး မိပါတယ်။
    ဒါဟာ လူတိုင်း ရနိုင်၊ ယူနိုင်တဲ့ ကုသိုလ် မဟုတ်ပါဘူး။
    အတော် ကုသိုလ်ကံ ထူးလို့ပါ။

    မိခင်ကြီး ပြသွား တဲ့ အိုခြင်း၊ နာခြင်း၊ သေခြင်း နဲ့ တွဲ နေတဲ့ မမြဲ ခြင်း တွေ ကို မြင်ပြီး လောကီရေးမှာရော၊ လောကုတ္တရာ အရေးမှာပါ ပိုပြီး အောင်မြင်သူဖြစ်ပါစေ လို့ ဆုတောင်းပါတယ်ရှင်။
    ဖခင်ကြီး နဲ့ တစ်ကွ သူကြီးတို့ မိသားစု အားလုံး စိတ်အေးချမ်း မှု ရှိကြပါစေ။

  • zenn

    July 28, 2012 at 6:54 pm

    ..စိတ်မကောင်းပါဘူးဗျာ..ထပ်တူထပ်မျှ ဝမ်းနဲ ရပါကြောင်း…:(

  • kai

    July 30, 2012 at 2:02 am

    Viewing နေ့သိပါပြီ..

    Viewing
    Wednesday, August 1, 2012 | 05:00 PM – 08:30 PM
    Rose Hills Mortuary
    3888 Workman Mill Rd., Whittier, California 90601 | (562)699-0921
    Enter Park through Gate: 1

    အမှတ်တရစကားရေးဖို့အတွက်လည်း.. Rose Hills Memorial park ကတာဝန်ယူပေးပါတယ်..
    အောက်က လင့်ခ်မှာပါ..။
    http://obits.dignitymemorial.com/dignity-memorial/obituary.aspx?n=Daw+Khin-Kyi&lc=7067&pid=158794883&uuid=0646fc6a-0db7-4c6d-9466-59072226bbdd

  • ကိုသင်း

    July 30, 2012 at 9:00 am

    စိတ်မကောင်းပါဘူး ၊ ဖြေဆည်ရာ တစ်ခုကိုတော့ဖြင့်
    “ခင်ဗျား” တွေ့မယ်ဆိုတာ သေချာသိပါတယ်။

  • weiwei

    July 30, 2012 at 9:49 am

    ယနေ့မှ ဖတ်မိလိုက်လို့ အနဲငယ်နောက်ကျပြီးမှ ဝမ်းနည်းကြောင်းရေးလိုက်ရပေမယ့် တကယ်စိတ်မကောင်းဖြစ်မိပါတယ် …
    သူကြီးကို အစ်ကိုတစ်ယောက်လို ခင်မင်ရင်းနှီးခဲ့တာမိလို့ မိသားစုဝင်တစ်ယောက်ဆုံးရှုံးသွားသလို ခံစားရပါတယ် ..
    သူကြီးမိခင် ကောင်းရာသုဂတိ လားပါစေ ……

  • kai

    August 1, 2012 at 3:20 pm


    ချစ်မေမေ

    ချစ်မေမေ- ဝမ်းနဲ့မွေး
    ရင်နဲ့ဖေးခဲ့တယ်၊ လေးဆယ်နှစ်ကျော်ကွယ်။

    ချစ်မေမေ- အပီးသူဆောင်
    ထွန်းဂုဏ်ရောင်။ မိဘဝတ်ကြေတယ်။

    ချစ်မေမေ- ခံစားဖြေသိပ်
    ချော့လို့သိပ်၊ မေတ္တာရိပ်ရဲ့ထိပ်။

    ချစ်မေမေ- တုနှိုင်းယှဉ်မရ
    အချစ်ပြ၊ မြင့်မိုရ်ထုမက။

    ချစ်မေမေ- ဝေးနေစမ်းလည်း
    မေတ္တာကမ်း၊ ရင်ဆိုင်ဖြေရှင်းတန်း။

    ချစ်မေမေ- အပြုံးများနဲ့
    တာဝန်ယူ၊ သူမတူမိခင်၊အိုမိခင်
    လွမ်းမိ၊တမိ၊သတိရမိ၊ ရှား၏ရှား၏…။

    • amatmin

      August 1, 2012 at 3:26 pm

      သဂျီးမင်းရေ..
      မျက်စိကမြင်.နှလုံးသားက ခံစားပီး..
      စာနာစိတ်နဲ့ ဖတ်လိုက်ပါ .၏..
      သူကြီးရဲ့ ချစ်မေမေ..ကောင်းမွန်ရာအရပ်ဒေသကို ..
      ရောက်ရှိနိုင်ဖို့ ထပ်ဆင့်ဆန္ဒပြုပါတယ်..

  • lynn lynn

    August 1, 2012 at 3:36 pm

    သူကြီး ကိုအမတ်မင်းပြောသလိုပဲ နှလုံးသားရဲ့ ခံစားပြီး ဖတ်ရှု့သွားပါတယ်။

  • shwe kyi

    August 1, 2012 at 3:39 pm

    သူကြီး အမေကချောတယ်နော်။ သူကြီးရေကိုယ်ချင်းစာမိပါတယ်။
    အစားထိုးမရတဲ့အမေ့မေတ္တာကို သတိရတမ်းတတဲ့ကဗျာလေးကိုဖတ်ပြီးထပ်တူခံစားမိပါတယ်။
    ရွှေကြည်လည်းရွှေကြည့်အမေကိုသိပ်ချစ်တယ်။ သူကြီးတယောက်အစစအရာရာအဆင်ပြေပါစေ။

  • kotun winlatt

    August 1, 2012 at 5:08 pm

    တဂျီးရေ…
    ထပ်တူထပ်မျှ ဝမ်းနည်းမိပါကြောင်းးးးး
    တဂျီး၏ မွေးသမိခင် ကျေးဇူးရှင် ကောင်းရာမွန်ရာ ဘုံဘဝမှာ ငြိမ်းချမ်းပျော်ရွှင်နိုင်ပါစေလို့လည်း
    ဆုတောင်းလိုက်ပါတယ်ခင်ဗျာ….။

  • aungnng87

    August 1, 2012 at 5:16 pm

    သူကြီးနှင့်ထပ်တူထပ်မျှ ဝမ်းနည်းပါကြောင်း…..သူကြီးမယ်တော်ကြီး ကောင်းရာမွန်ရာရောက်ပါစေသော်ဝ်…..

  • ဆူး

    August 1, 2012 at 5:16 pm

    သဂျီး ကဗျာလေးက အဓိပ္ပါယ်တွေ အများကြီးပါတာပဲ.. ကဗျာ ကို ခံစားပြီး နှစ်သက်ပါကြောင်း။။

    အန်တီကြီးလည်း ကောင်းတဲ့ ဘုံဘဝမှာ အေးအေးချမ်းချမ်း ဖြစ်နေလိမ့်မယ်လို့ ယူဆပါတယ်။

  • ကိုရင်မောင်

    August 1, 2012 at 8:33 pm

    သဂျီးရေ…ကဗျာလေးဖတ်ပြီးအထူးစိတ်မကောင်းဖြစ်ရပါတယ်….
    သဂျီးရဲ့ ချစ်မိခင်ကြီး
    မြင့်မြတ်တဲ့ဘုံရောက်ပါစေလို့ဆုတောင်းလိုက်ပါတယ်…..

  • uncle gyi

    August 1, 2012 at 11:16 pm

    သူကြီးရေဒီနေ့မှရွာပြန်ရောက်လို့အခုပဲသတင်းဖတ်ပြီးတယ်
    စိတ်မကောင်ပါဖုူဗျာ
    ၆ဝကျော်ဆိုတာအခုခေတ်မှာငယ်ပါသေးတယ်
    နေမယ်ဆိုနေနိုင်သေးတဲ့အရွယ်ပါ
    ကောင်းမွန်ရာဘုံကိုရောက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ

  • akswe

    August 8, 2012 at 9:12 am

    ကိုခိုင်ခင်ဗျား
    ခုမှရွာထဲရောက် မိလို့အသိနောက်ကျ တဲ့အတွက် ခွင့်လွတ်ပါ…
    အမေ ကိုချစ်တဲ့ ဒုက္ခ အပေးဆုံး သားဆိုး တစ်ယောက် ကိုယ်တိုင်ဖြစ်လို့ ..
    ဆုံးရှုံးမှုတန်ဖိုး ဘယ်လောက် ကြီးမားတယ် ဆိုတာ ထပ်တူ ခံစားနိုင် ပါတယ် လို့ ပြောရင်း…
    မွေးသမိခင်ကြီး ကောင်းရာ ဘုံ ဘဝ မှ ကို ခိုင်ပြုသမျှသော ကုသိုလ်တွေ ကို သာဓု ခေါ်နိုင်ပါစေ…
    ထပ်တူသော ဝမ်းနည်းကြေကွဲ မှုဖြင့်
    အဘဆွေ

  • ကိုရင်စည်သူ

    August 8, 2012 at 1:12 pm

    ဦးခိုင်ရေ… မိသားစုနဲ့အတူ ထပ်တူ ထပ်မျှ ဝမ်းနည်းကြောင်းပါခင်ဗျ…
    ဦးခိုင် ချစ်မေမေလည်း ကောင်းရာသုဂတိရောက်ပါစေ ဆုတောင်းမေတ္တာပို့ပေးပါတယ်။
    ကိုရင် ကမ်းပြန်မကပ်လို့ ကွန့်မန့်နောက်ကျသွားတာ ခွင့်လွှတ်ရယ်ပါနော်… 🙂 🙂
    ဦးခိုင်မေမေကလည်း ချောချောလှလှဆိုတော့ တို့ရွာသူကြီး ဦးခိုင်ကြီးလည်း
    အပြင်မှာ ခန့်ချောကြီးနေမှာပဲ။ 😎 😎

  • ချစ်တိုးလေး

    August 8, 2012 at 2:12 pm

    ဦးခိုင်ရေ ထပ်တူထပ်မျှဝမ်းနည်းမိပါတယ်။အမေမရှိတော့တဲ့နောက်မှာ အမေဖြစ်စေချင်ခဲ့တာတွေ လိုက်လုပ်ရင်းအလွမ်းဖြေနိုင်ပါစေလို ့

  • kai

    August 26, 2012 at 2:47 pm

    တလပြည့်ခဲ့ပြီ
    တလတိဆွမ်းကပ်ဖို့
    ပြင်ဆင်ရင်း သတိရမိ
    တခါတုံးက ရက်များဆီ
    စီရီကာ ပေါ်လာသည်။ ။

  • aye.kk

    August 26, 2012 at 4:09 pm

    ဦးခိုင်
    ထပ်တူထပ်မျှခံစားဝမ်းနည်းမိပါကြောင်း။
    တမလွန်မှအမေ(ဒေါ်ခင်စန်းကြည်)ကောင်းရာမွန်ရာဘုံဘဝမှာအေးအေးချမ်းချမ်းရှိပါစေ။

  • candle .

    August 26, 2012 at 4:51 pm

    အစားမထိုးနိုင်သောဆုံးရှူံးမှူအတွက်..
    မိသားစုနှင့်ထပ်တူကြေကွဲဝမ်းနည်းမိပါတယ်..
    အမေ..ကောင်းရာသုဂတိလား၍ငြိမ်းချမ်းပါစေ..

  • ALITTLE

    August 26, 2012 at 7:44 pm

    မိဘတိုင်းကို ကိုယ်.ရဲ.မိဘ လို. သဘောထားပြီး ထပ်တူ ဝမ်းနည်းရပါကြောင်း

Leave a Reply