Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဓါတ်လှေကား

ムラカミJuly 31, 20121min113140

ပြောရဦးမယ် ကျောင်းဒကာ ရေ …

(ခွက်ဒစ် တူ ဘဘဘလက်)

ကျုပ်တော့ အခုတလော… ခရီးယာယီ များနေတာကြောင့် …ရယ်ပါ…

3G model ယူမထားတဲ့ Gadgets တွေက ရောက်လေရာ free wifi ရတဲ့

နေရာတွေဆိုရင် ..အော်တိုငုတ်တုတ် လော့ဂင် ဝင်ဝင်သွားပီး ..အွန်လိုင်း

ရောက်နေတယ် ထင်ရမှာပဲဗျို့ …

ဒါ အပြင်ထွက်တဲ့အချိန်မှာသာဖြစ်ပေမယ့် …(သည်တခါသွားတာ..)

အသိတယောက်ရဲ့ ..ဇာတိက တောင်ပေါ် အိမ်ဗျ…

တောထဲမှာ ဆောက်ထားတာ … နွေရာသီ အားလပ်ရက်ရတုန်း

ဖိအားတွေ ကို နည်းနည်းပြေးပုန်းကြည့်တာပါဗျာ…

ခုတော့ ပြန်ရောက်ပြီဗျို့ …

ရေးမယ်တေးထားတာလေး အခုပဲ ချရေးလိုက်ပါတယ်ဗျာ…

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ဓါတ်လှေကား ဆိုလို့ ပြောရဦးမယ် ဘုရားဒကာရေ…။

အဆောက်အဦ စတင် ပုံစံရေးဆွဲကတည်းက ဓါတ်လှေကား ဘယ်နှစင်း

ဆိုတာမျိုး…ထည့်သွင်း ပုံစံချရတာ မဟုတ်လားရယ်…

ဆိုတော့…. ဆောက်လုပ်ပြီးစီးသွားတော့မှ စီးမယ့်လူ နည်းနေလို့ ..ဓါတ်လှေကား ၁စင်း

ပိတ်ထားရတာ အကြောင်းမဟုတ်ပေမယ့် … စီးမယ့်လူ များနေလို့ ..ဓါတ်လှေကား တစင်း

ထပ် တိုးဆောက်ဖို့ဆိုတာ ….. အင်မတန်ဂွကျတာ ကလားဗျာ…။

အဲ .. အပေါ်မှာ ဆိုကခဲ့သလို ..ဓါတ်လှေကားကြီး ၁စင်း ပိုနေလို့ ပိတ်ထားတယ် ဟုတ်စ..

နှမျောစရာကွာ ..ဓါတ်လှေကား တစ်စင်း ဘယ်ဈေးလဲ မင်းသိတယ်ဟုတ်….. ဟုတ်ကဲ့

ကွန်ထရိုး ယူနစ်က ဘုတ်ပြားတင် ဒေါ်လှ ၂ထောင်ကျော်ပါတယ်. ..ကျန်တာတွေ

မပြောသေးနဲ့ဦး … ။

ဒါပေသိ ပိုနေပိတ်ထား ကိစ္စမရှိ လို့ ပြောရတဲ့အချက်က ဓါတ်လှေကား ဟာ အိမ်တွင်းသုံးပစ္စည်း

တမျိုးမျိုးနဲ့ ဥပမာပေး ပါဆိုရင် … ဟုတ်ကဲ့ ရေခဲသေတ္တာနဲ့ သိပ်တူပါတယ် …။ သူတို့ဟာ

မူရင်း တန်ဖိုး ကုန်ကျစရိတ်ထက် ..အသုံးပြု ကုန်ကျစရိတ် operational cost အလွန်ထောင်းတဲ့

ပစ္စည်းမျိုးတွေဖြစ်လို့ပါပဲ။ နောက်ပြီး မကြာခန လဲလှယ်သုံးစွဲတတ်တဲ့ ဟန်းဆက်တွေ ပီစီတွေလို

မဟုတ်ဘဲ …ဆယ်စုနှစ်ချီ သုံးကြရတဲ့ အရာတွေဖြစ်ပါတယ် …။ ဆိုတော့…

ဆိုလိုရင်းက ခုမှ လာမယ် ကျောင်းဒကာ ရေ….. ကျနော် သတိထားဖြစ်တဲ့ ..

ဓါတ်လှေကား အသုံးချမှု ..လွယ်ကူချောမွေ့စေရေး…အခြေခံ အချက်လေး တချို့ပါ ….

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

၁ဝထပ် တိုက် တစ်တိုက်ရှိတယ် ဆိုပါစို့ … ဓါတ်လှေကား ၂စင်း တပ်ထားတယ်ပေါ့ဗျာ …။
ပုံမှန်အားဖြင့် ဘာမှ setting မလုပ်ထားရင် ၂စင်းစလုံး မြေညီမှာ ရပ်ထားမယ် ဆိုပါတော့ …။
ဒါဟာ ပုံမှန် အားဖြင့် မှန်သယောင်ထင်ရပေမယ့် .. control unit ကို နည်းနည်းကလလိမယ်..
ဓါတ်လှေကား ၂စင်း ..ကြားက အချိတ်အဆက်ကိုလည်း ထိန်းချုပ်ခန်း ထဲကနေ
ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်မယ် ဆိုရင်ပေါ့ဗျာ …
နည်းနည်း ..ပရိုဂရမ်းမင်း ဘက် သွားကြည့်ကြတာပေါ့ ….

သည်လိုဗျ .. အနှီ ဓါတ်လှေကား ၂စင်းကို efficiency ရအောင် လည်ပတ်လို့ ရတယ်ဗျို့…

ရုံးခန်း နဲ့ လူနေအိမ်ခန်း အချို့ ပါဝင်တဲ့ ကွန်ဒို ၁လုံး ဆိုပါစို့ဗျာ ..

တနေ့တာ ဓါတ်လှေကား အသုံးပြုမှု ဟာ pattern တခု အနေနဲ့ ဆွဲထုတ်လို့ကို ရနေပါတယ်..

၁။ မနက် ၅ နာရီ (သုံးမယ့်လူမရှိသလောက်)

၂။ မနက် ၆-ရ နာရီ(အိမ်ရှင်မတွေ ဈေးဝယ်မယ် .. ကိုယ်လက်လှုပ်ရှားသူတွေ အတက်အဆင်းရှိမယ်)

၃။ မနက်၇-၈-၉ နာရီ (ရုံးသမားတွေ ကျောင်းသမားတွေ အတက်အဆင်းများမယ်..)

၄။ မနက်၉-ညနေ၄ နာရီ (စီးပွားရေးလူမှုရေး အရ အဝင်အထွက် အတက်အဆင်းတွေရှိမယ်)

၅။ ညနေ-၄-၅-၆ နာရီ (ရုံးဆင်း ကျောင်းဆင်း ပျားပန်းခတ်ချိန်)

၆။ ည၆-ရ နာရီနဲ့ နောက်ပိုင်း ..(အသုံး နည်းမယ့် ကျဲမယ့် ကာလ ပေါ့ဗျာ..)

သည်လို အချိန်နဲ့ လိုက်လျောညီထွေစွာ ..ဘယ်ဓါတ်လှေကား ဘယ်မှာ ပုံမှန် ရပ် ဆိုတာမျိုး.

setting ချနိုင်မယ်ဆိုရင် … ရေရှည်မှာ အလွန်သိသာတဲ့ result တခု ထွက်ကိုထွက်ပါတယ်ဗျို့ …။

 

ပျမ်းမျှအားဖြင့် ပုံမှာ ပြထားတဲ့အတိုင်းပေါ့ဗျာ …။ အထက်အောက် စုန်ဆန် သုံးကြတာ…

အသုံးမပြုဘဲ ..(ဥပမာ ၅မိနစ်) ကြာတဲ့အခါ… ဓါတ်လှေကား ၁ ဟာ မြေညီမှာ သွားရပ်ထားပြီး

ဓါတ်လှေကားန ဟာ ၆လွှာမှာ သွားရပ်ထားမယ် ဆိုပါတော့ …(၁ဝထပ် တိုက် တစ်ခု အနေနဲ့

ပြောတာနော..)

 

၅လွှာက စီးဖို့ လှမ်းခေါ်မယ် ..တချိန်တည်းလောက်မှာ ၁ဝလွှာက တယောက်ကလည်း

လှမ်းခေါ်မယ် ဆိုပါစို့ … (ဘာ setting မှ မချထားတဲ့ ပုံမှန်မြေညီရပ် ထားတဲ့ အနေအထား

ထက်စာရင်…) ဓါတ်လှေကားတွေ သွားရတဲ့ခရီး အစုန်အဆန်ဟာ ပိုမို တိုတောင်းသွားတာမို့ …

ရေရှည်လည်း ခံ .. energy အစားလည်း သက်သာပြီး .. ပိုမို economy ဖြစ်ပါကြောင်း …။

အနှီ ကနဦး setting ချရတဲ့ ကိစ္စ … (programming ဆိုတာ သုံးပြီး စက်ကို အထက်ဖော်ပြပါ

pattern တွေ သိအောင် ရေးပေး ပြောပေးရတဲ့ ကိစ္စက ကနဦး ကုန်ကျစရိတ်ရှိ ပမာနတခု ပေမယ့်..)

ရက်ကနေလ လကနေနှစ် ပြောင်းတဲ့အခါ …အဆိုပါ effeiciency ဖြစ်မှုဟာ အလွန်ပင် သိသိသာသာ

တိုးတက်လာမှာ ဖြစ်ကြောင်း ပါ ….။

construction ပိုင်း civil ပိုင်း နဲ့ IT တို့ ကြားက ကူးလူးဆက်သွယ်တဲ့ အသုံးချ ပညာရပ်တခုပါဗျို့..။

(အနှီပညာကို သီးခြား လိုက်စားထားတဲ့ ဆြာတွေ ရှိလို့ ဝင်ရေး ဝင်အားဖြည့်ရင် အတော်ကောင်းမှာပါ..)

ကျနော်ကတော့ အိုင်တီဘက်ကနေ အကြမ်းဖျဉ်းပဲ ..ချဉ်းကပ် တတ်တာကိုး ဗျ….။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျောင်းဒကာရေ ..

တကယ်တော့ ဓါတ်လှေကားဆိုတာ ..သံလမ်းပေါ် ဒေါင်လိုက်ပြေးတဲ့ ..ရထား တစင်းပါပဲဗျာ..။

ဓါတ်လှေကား မိတ်ကာ ကတော့ ကိုယ် အော်ဒါပေးသလိုပဲ ..သံလမ်း ကို ဖရိမ်ချပေးပြီး

ရောင်းမှာပဲ ဖြစ်ပါတယ်… အဲ …ကိုယ် အော်ဒါပေးတယ် ဆိုတာကတော့ …

အပေါ်က ကေ့စ်က အလွန် ပျမ်းမျှခြင်း ဆန်တဲ့ ..သာမန် ကွန်ဒို၁လုံ းအနေနဲ့ ပဲ (ကိုယ်တွေ့)

ကို အခြေခံပြီး ရေးကြည့်ထားတာပါ..

တခါတခါ ကိုယ့် အဆောက်အဦဟာ သာမန်ထက် ကွဲပြား နေမယ်.. ထူးခြားနေမယ်ဆိုရင်တော့

တပ်ဆင်မယ့် ဓါတ်လှေကားတွေကို ပုံစံကွဲတွေ customization တွေ လုပ်ကြရပါတော့မယ်…..။

Customize ဆိုလို့ပါ.. ချုပ်ပြီးသား ကိုယ်နဲ့ တော်တဲ့ အင်္ကျ ီ ဝယ်ဝတ်တာ.. မဟုတ်ဘဲ…

ကိုယ့် ကိုယ်တိုင်းအတိုင်း အပ်ချုပ်ဆိုင် ကို အော်ဒါမှာ ချုပ်ခိုင်း တဲ့ သဘောတရားလို့ ပြောချင်ပါတယ်..။

သည်ပုံကတော့ ..အောက်ဘက် မြေညီကနေ ၄-၅ လွှာ လောက်အထိ ကို ဒီပါ့မန့်စတိုးတွေ

မီနီ ရုပ်ရှင်ရုံတွေ ထည့်သွင်းထားတဲ့ .. ကွန်ဒို တွေအတွက် ရှိသင့်တဲ့ pattern တစ်ခုပါ ….။

 

 

 

လူအသုံးများမယ့် အောက်ဘက်တွေအတွက် ကို ဓါတ်လှေကား ၂စင်းစလုံး အသုံးပြုခွင့် ရရှိပေမယ့်

အပေါ်ဘက် အတွက်ကိုတော့ ဓါတ်လှေကား ၁စင်းထဲသာ ထည့်ထားပေးတဲ့ စနစ်ဖြစ်ပါတယ်…။

အသေးစိတ် ရေးရင် ရှုပ်ကုန်မှာမို့ …၁ဝထပ်လောက်နဲ့ …ဓါတ်လှေကား ၂စင်းစာသာ ပုံစံငယ် ပြုလုပ်

ထားတာပါ … ။ တကယ်က ကားပါကင် မြေအောက် ၃-၄ထပ် အပါအဝင် ..မြေပေါ်အထပ် ၃ဝကျော် နဲ့

ဓါတ်လှေကား ၆စင်းလောက်ကို အမျိုးမျိုးသော case တွေကို လိုက်လို့ အစားစားသော pattern တွေ

အထွေထွေသော Programming အခြေပြု ချိတ်ဆက် လှုပ်ရှားမှုတွေနဲ့ စဉ်းစားကြည့်မှသာ ..

ဘာတွေ ဘယ်လောက် economy ဖြစ်တယ်.. efficiency ရတယ် ဆိုတာ မြင်သာမှာ ဖြစ်ပါတယ်…။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

သည်လိုတွေ ဘာကြောင့် efficiency ကို ခနခန ထည့်ပြောနေရသလဲ ဆို …

စီးနှင်းမှု အလွန်များပြားလို့ မဆန့်ရင်ကာ တာဝန်ထမ်းဆောင်နေရတဲ့ ဓါတ်လှေကားတွေ

၁စင်းစင်း ပျက်တဲ့အခါ …ကျန်အစင်း က အလွန့်အလွန် မနိုင်ဝန်ထမ်းရတာရယ်..

(သူလည်း သက်တမ်း တို မယ့် အရေး…) ပြင်ဆင်မှု ကြားကာလ လူတွေ ဒုက္ခရောက်ကြ..

စိတ်ပျက်ညည်းညူကြ … အဲ … အဲ့သည့်ထက် ပိုအရေးကြီးတာကတော့ electricity ပါပဲ..

ဓါတ်လှေကား ရဲ့ operating cost ဖြစ်တော့သကိုးဗျာ …ဟုတ်ကဲ့ ..စွမ်းအင် ကဏ္ဍ က

source ကိုအသစ်လည်းရှာ ပိုလည်း ထုတ် ပိုလည်း သုံးကြရတဲ့ ယနေ့ ခေတ်ကြီးမှာ…

ပို ပီး economy ဖြစ်အောင် ..ပိုပြီး efficient ဖြစ်အောင် သုံးစွဲနိုင်ဖို့ အားထုတ်သင့်ပါကြောင်း…

 

ဓါတ်လှေကားဆြာသမား တယောက်နဲ့ …သားစိမ်းငါးစိမ်း ကျလိမ်းရင်းသကာလ

ထွက်ကျလာတဲ့ စကားလုံးတွေကို စာစီကြည့်မိပါတော့တယ်…

 

 

P.S တောက ပြန်တက်လာပါပြီ … လွန်ခဲ့တဲ့ အနှစ် ၅၀ဝ လောက်က လူတွေ ဘယ်လိုနေခဲ့သလဲ
၁ရက်လောက် သွားနေကြည့်ရင်း … အလွန်အင်မတန် ကျေးဇူးများလှသော စွမ်းအင် ကဏ္ဍအတွက်
တတ်သလောက်မှတ်သလောက် ဝင် ရွှီးကြည့်မိပါသည်…။

40 comments

  • Solid_Sn@ke

    July 31, 2012 at 12:43 pm

    ဓါတ်လှေကား ထိန်းချုပ်မှု အပျော့ထည်များ ရောင်းရန်ရှိသည်…။

    နောက်တာ ..အတည် ..
    😀

    • zarlay

      September 2, 2012 at 3:06 pm

      ကြော်ငြာနေပြန်ပြီ။

  • Khaing Khaing

    July 31, 2012 at 1:44 pm

    အဟေး …….. ကြုံတုန်းဝင်ကြွားအုန်းမှ …… သများအိမ်က ၁၂ ထပ်တိုက်ဆောက်နေတာချင့် ……. ဒီနည်းစနစ်လေးကို အင်ဂျင်နီယာကိုကိုတွေကို ကုန်ကြမ်းသွားပေးလိုက်ဦးမယ် ….. နိမ့်ဟ နိမ့်ဟ

    • Khaing Khaing

      July 31, 2012 at 1:51 pm

      သများပို့စ်မှာ ကောင်းကောင်းလေးချီးမြှင့်ထားလို့ ဒီပို့စ်ကိုပြန်လာပြီး လက်မထောင်သွားပါကြောင်း ……….

  • ကြောင်ဝတုတ်

    July 31, 2012 at 1:48 pm

    P.S တောက ပြန်တက်လာပါပြီ … လွန်ခဲ့တဲ့ အနှစ် ၅၀ဝ လောက်က လူတွေ ဘယ်လိုနေခဲ့သလဲ
    ၁ရက်လောက် သွားနေကြည့်ရင်း … အလွန်အင်မတန် ကျေးဇူးများလှသော စွမ်းအင် ကဏ္ဍအတွက်
    တတ်သလောက်မှတ်သလောက် ဝင် ရွှီးကြည့်မိပါသည်…။

    ဟိုးတစ်နေ့က ရုပ်ရှင်တကားကြည့်ရင်း….
    ထောင်သားတစ်ယောက် (၄၈)နာရီ အခန်းထဲမှာ အပိတ်ခံထားရတဲ့အခန်းမှာ…
    မဂ္ဂဇင်းစာအုပ်လေးတစ်အုပ်နဲ့ အတော်လေးအထီးကျန်တဲ့မြင်ကွင်းကိုရိုက်ပြထားတယ်ပေါ့ဗျာ…
    အဲဒီအချိန်မှာ မဆီမဆိုင် ကျွန်တော်စဉ်းစားမိတာက အဲဒီလိုမျိုးအခြေအနေမှာ အိုင်ဖုန်းလေးတစ်လုံးရှိရင်တောင် (၄၈)နာရီကို ပေါ့ပေါ့ပါးပါးဖြတ်သန်းသွားနိုင်မယ်ဆိုတာပါ…
    တကယ်တော့ စွမ်းအင်အခြေခံအကျိုးများလှသောကိစ္စအရပ်ရပ်များဟာ ကျွန်တော်တို့အတွက်လိုအပ်ချက်ကနေ မရှိမဖြစ်အနေအထားကို ရောက်မှန်းမသိရောက်လာခဲ့သည်ပေါ့…
    ဂီဂီလို အခွင့်အရေးပေးရင်ဖြင့် စွမ်းအင်မရှိသော တော့အရပ်တွင်ခေတ္တခဏသွားရောက်ခိုလှုံလိုပါသေးသည်…

    နောက်တစ်ခုက စီးလေ့စီးထရှိသောဓာတ်လှေကား၏ သီအိုရီကိုဗဟုသုတအဖြစ်တင်ပြပေးသော… သူငယ်ချင်းဂီဂီအားလဲ ကျေးဇူးတင်ရှိကြောင်း….

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • ချစ်ရင်ထူး II

    July 31, 2012 at 1:52 pm

    ဓါတ်လှေကား ဆိုတော့ ဘာတွေများပါမလဲ လို့ ဝင်ဖတ်လိုက်ပါတယ် .. ဝင်ဝင်ချင်း ဂီတစ်ယောက်ပဲ မန့်ထားပါတယ် မန့်မလို့ လော့အင်လိုက်တာ 3 ခုတွေ့ပါတယ် ..
    ကျွန်တော်က ဓါတ်လှေကားကို အဲဒီလောက်ထိလေးနက်လိမ့်မယ်လို့ မတွေးမိရိုး အမှန်ပါ ..
    ခုမှ သိရလို့ ကျေးဇူးတင်ပါတယ် . . .

  • manawphyulay

    July 31, 2012 at 2:30 pm

    အင်း ဓာတ်လှေကားဋီကာပေါ့လေ… လုပ်တဲ့သူတွေ ဒါတွေသိထားမယ်လို့တော့ ထင်တာပဲ။ ခုတော့ ပစ္စည်းမတင်ရ ဓာတ်လှေကားတွေပဲ တွေ့နေရတယ်။ မီးပျက်ရင် အချိန်ကြာကြာညပ်တာလည်း ကြုံခဲ့ဖူးပါတယ်။

    • Solid_Sn@ke

      July 31, 2012 at 2:36 pm

      သိတယ်ဗျ …သေချာတယ်..
      ဒါပေသိ ..ပထမနည်း ..အိုင်တီအရ ..ထိန်းချုပ်ဖို့… ဆိုရင်
      initial cost အတိုင်းအတာ တခုထိ ကုန်ကျဖို့ ရာရှိတယ်…။

      ဒုတိယနည်း .. အရ ထိန်းချုပ်ဖို့ ဆိုရင် .. ကိုယ့်အဆောက်အဦရဲ့
      လူဝင်လူထွက် ပမာဏ ကို analysis လုပ်ပြီး dynamics scenario လုပ်ဖို့လိုတယ်..

      ကုန်ကျမယ့် စရိတ်..ရယ် အချိန်ရယ် .. နဲ့ အတူ .. operation cost ကိုလျှော့တွက်မှုတွေ
      ပုံမှန်အတိုင်းပဲ ကောင်းပါတယ်လေ ဆိုတဲ့ အတွေးအခေါ်တွေကြားမှာ …
      ပညာကို သုံးခွင့် ပြခွင့် မရရှာတဲ့ ပရိုတွေ …နေရာတိုင်းမှာ ရှိတတ်ပါကြောင်းဗျာ…

      • Solid_Sn@ke

        July 31, 2012 at 2:52 pm

        ဥပမာဗျာ …ကျနော် ၅လွှာမှာ ရှိနေတယ်.. အပြင်ထွက်ဖို့ ၁လွှာ(မြေညီထပ်) ကိုဆင်းဖို့
        ဓါတ်လှေကား ခေါ်တယ်… ။
        တိုက်တိုက် ဆိုင်ဆိုင်ဆိုင် မြေညီက လူတစ်ယောက် ၅လွှာကို တက်လာတယ်…
        ဓါတ်လှေကား ခလုပ်ခုံပေါ်က အပေါ်တက်တဲ့ မီး ▲ ရော ..အောက်ဆင်းတဲ့မီးပါ
        ▼ ၂လုံးစလုံး လင်းတဲ့ အခိုက်အတန့်ပေါ့ဗျာ ….

        အဲ…
        ၁။ တံခါးဖွင့်တယ်… သူထွက်လာတယ်။ ▲သည်မီး ငြိမ်းသွားတယ်.
        ၂။ တံခါးပိတ်တယ်.. ဓါတ်လှေကားရောက်ကြောင်း အချက်ပေးသံ မြည်တယ်။
        ၃။ တံခါးပြန်ပွင့်တယ် ….(ကျနော် ဝင်တယ်..) အဲ့သည့်အချိန်လောက်မှ သည်မီး▼ ငြိမ်းတယ်..
        (ဒါ ၂၀ဝပြည့်လွန်နှစ်အစောပိုင်းတွေက ထုတ်တဲ့ ဓါတ်လှေကားတွေမှာဖြစ်တတ်တဲ့ ပုံမှန်အနေအထား)

        ဆိုတော့…သည်လို ကွန်ဒစ်ရှင် မျိုးအတွက် တံခါး အဖွင့်အပိတ် ၂ခါ လုပ်ရတာ သွားတွေ့ရတယ်..
        သူတို့ဆီက အဲ့ဒါကို တွေ့မိတဲ့ တက္ကနစ်ရှင်တွေက သည်လို ကွန်ဒစ်ရှင်မျိုးဆိုရင် …
        တံခါး ၂ခါ အဖွင့်အပိတ်ဟာ မလိုအပ်ဘူး ..ပုံမှန် တံခါးဖွင့်ချိန် ..(လူဝင်လူထွက်လုပ်ရန်)
        က ၁ဝ စက္ကန့် ဆို သည်လိုကွန်ဒစ်ရှင်မျိုးအတွက် တံခါးကို စက္ကန့်၂ဝလောက် ဖွင့်ထားပေးရုံနဲ့..
        အနှီ မလိုအပ်ဘဲ ပိတ်လိုက်ဖွင့်လိုက် လုပ်ရတဲ့ စကျူရေးရှင်းကို ကျော်လွှားနိုင်တယ်ဆိုတာ
        ရှာတွေ့သွားတယ်… ဆိုတော့ .. ပြောရရင် …စွမ်းအင် ကို … ပစ္စည်းတခုကို အပို မသုံးဖြစ်အောင်ကို
        အဲ့သည့်လောက် အသေးစိတ် စဉ်းစားတွေးခေါ် ခွဲခြမ်းစိတ်ဖြာပြီး .. တီထွင်ဖန်တီး မွမ်းမံကြပါကြောင်း.
        (နောက်ပိုင်းထုတ် ဓါတ်လှေကားများမှာသာ ဒါမျိုး မွမ်းမံထားတာ တွေ့နိုင်မယ် ဆိုတာ …)

        တကမာ္ဘလုံးမှာ ကျယ်ကျယ်ပျံ့ပျံ့ ထုတ်လုပ်နေတဲ့ ဓါတ်လှေကား မိတ်ကာ အရေအတွက်
        အလွန်နည်းတာကြောင့် … ဘယ်ဘရန်းလဲတော့ မပြောတော့ပါကြောင်း..

        :mrgreen:

        • htoosan

          July 31, 2012 at 9:11 pm

          မြန်မာပြည်မှာတော့ Otis , Schindler , Mitsubishi , Hitachi , LG (အရင်က Sigma) အသုံးများပါတယ် ။

  • kai

    July 31, 2012 at 3:27 pm

    လပ်စ်ဗေးဂတ်က.. ပရိမစ်ပုံစံကြီးဆောက်ထားတဲ့.. ကာစီနိုဟောတယ်(Luxor)မှာ.. ဓါတ်လှေကားက… ပိရိမစ်အနားတလျှောက်ရှိတာမို့.. စောင်းစောင်းကြီးဗျ..
    အဲဒီလိုဆန်းတာလေးတွေလည်း.. ရှိတယ်လို့.. နှမ်းဖြူးချင်လို့ပါ…

    • Solid_Sn@ke

      July 31, 2012 at 3:31 pm

      ဟီငရှိယာမ ကိုးအဲန်း (ဟိုတခါ ဒေါင်းတွေ ပစ်ခဲ့တဲ့နေရာ)
      မှာလည်း တခုကြုံဖူးတယ်ဗျို့ …သဂျီး ပိရမစ်က တစောင်းကြီးကတော့
      ကေဘယ်လ်ကား စီးရသလို ဖီလင်ဖြစ်မှာအမှန်ပဲ …

      အဲ့သည့် ကိုးအဲန်းက ဟာကတော့ ချိက (မြေအောက်) မို့ …
      မှောင်မှောင်မည်းမည်း ကို စောင်းစောင်းကြီး နိမ့်နိမ့်ဆင်းနေတာမို့..
      အတော်လေး အော်ဂလီဆန်တဲ့ ဖီလင် ဖြစ်ပါဂျောင်း…
      ထပ်မံ နှမ်းဖြူးလိုက်ပါတယ်..
      :mrgreen:

  • pan pan chit

    July 31, 2012 at 3:33 pm

    ဟုတ်ပ…ဟုတ်ပ
    အနော်မနေ့ကတောင် ဒါတ်လှေဂါးစောင့်ရင်း စဉ်းစားမိသေးတယ်
    ဒါတ်လှေဂါးက ၁ဝလွှာရောက်နေတယ်
    အနော်က မြေညီမှာ
    သူ့ခေါ်ရတာ တော်တော်ကြာတယ်
    ကျန်တဲ့ဟာတွေတော့ ကိုဂီလောက်နက်နက်နဲနဲမတွေးမိဘူး
    ရုံးနောက်ကျရင်တော့ သိသာတယ်၊ တစ်မိနစ်နဲ့ ဂိရော
    ဟွင့် 🙁
    ဒါနဲ့ လက်မထောင်သွားဒယ်နော်
    အနော့်ဂျာကြီးနဲ့ အိုင်ဖုန်းလေးလူကြုံဝယ်ထည့်ပေးလိုက်ဘာာာာ :mrgreen:

    • pan pan chit

      July 31, 2012 at 3:43 pm

      အဲ့….တိုတိုဂီ
      ထောင်စရာလက်မ တွေ့ဘူးတော့ 🙁
      ကွန်မျက်လှည့်ပြနေတာလား… 🙄

  • htoosan

    July 31, 2012 at 3:43 pm

    အဟိ .. ဘော်ဘော်တော့ တွေ့ပြီ ။။ အနော်တို့ တောသားလေးတွေ ဓါတ်လှေကား ဘယ်လိုသုံးကြလဲဆိုတာ ရေးမယ် ရေးမယ်နဲ့ မရေး ဖြစ်တာ အခုတော့ ဂီထဲမှာဘဲ လူပျင်းလုပ်ပြီးမန့်လိုက်ပါတော့မယ် ။။

    အနော်တို့ ပေါ့နော် .. ခုန ဂီပြောသလို ၅ လွှာမှာ ရှိနေတယ်ပေါ့နော် ။။ ဓါတ်လှေခါးကြီးက အောက်ဆုံးမှာ ရှိနေတယ်ပေါ့နော် ။ ကိုယ်က အောက်ဆင်းချင်တော့ ဆြာတွေက ဘာလုပ်ကြတယ် မှတ်လဲ ။ ဓါတ်လှေကား အပေါ်ခေါ်ဖို့တဲ့ အပေါ် အတက်ပြ ခလုတ် နိုပ်ကြပါတယ်။ ပြီး အောက်ဆင်းမှာ ဆိုပြီး အောက်ဆင်းခလုတ်ပါ နိုပ်ထားသေးတယ် ။ အဟဲ ။ ဆိုတော့ ဓါတ်လှေကားကြီးက လာ ရပ် ဖွင့် လူတွေက အထဲဝင် ။ အပေါ်က လူတွေ ခေါ်ထားတာရှိရင် အပေါ်ပါသွား ။ ပြီး ပြန်ဆင်းလာ။ ငါးထပ်မှာ ပြန်ရပ် ။ ဖွင့် ။ ဘယ်သူမှ မရှိ ။ ပြန်ပိတ် ။

    တစ်ခါတစ်လေကျ အပေါ်က ခေါ်ထားတဲ့ သူ မရှိရင် အထဲဝင် ။ တံခါးပိတ် ။ အောက်ဆင်းမဲ့ အထပ် နိုပ်ထားပေမဲ့ ဓါတ်လှေခါးက မလှုပ် ။ ဘယ်သူမှ အပေါ်မတက်တော့မှ တံခါးကြီးပြန်ပွင့် ။ လူတွေက အထဲမှာ ဘာလုပ်ရမှန်း မသိဖြစ်နေကြ ။ တံခါးကြီးပြန်ပိတ် ။ ခုန နိုပ်ထားတဲ့ အောက် အထပ် နံပါတ်ကလည်း ပြန်ပျောက် ။ ဓါတ်လှေကားကြီး ပျက်ပါပြီဆို ဟိုနှိပ် ဒီနှိပ် နှိပ်ကြ ။

    တစ်ယောက်တစ်လေ မဟုတ် အများကြီးပါ ။ အဲ့ဒါကြောင့် နိုင်ငံခြားရောက်ရင် ဓါတ်လှေကား စီးနည်း ဆိုပြီး ရေးမလားလို့ ။ 😀

    ဓါတ်လှေကား ဘယ်မှာရှိရှိ ကိုယ်နဲ့ မဆိုင် ။ အောက်ဆင်းချင်ရင် အောက်ညွှန်တာကို နိုပ် ။ အထက်တက်ချင်ရင် အထက်ညွှန်တာကိုဘဲ နှိပ်
    အထဲရောက်မှ ကိုယ်သွား လိုရာ အထပ်ကို နိုပ် ဆိုတာလေး ရွှေမြန်မာ အချင်းချင်း လမ်း ညွှန်ကြပါလို့ ။

  • mocho

    July 31, 2012 at 4:18 pm

    မောင်ဂီ ရေ ပိုစ့် နဲ့ မဆိုင် ပေမယ့် ဓါတ်လှေ ကား ဆိုလို့ ဝင်ပွား လိုက် ပါ အုံးမယ်။
    ဒီ စလုံး မှာ အခု အနိုင်ရထားတဲ့ ပါတီ မဲဆွယ် စည်းရုံးတုန်း က တထပ်ခြား ပဲ ဓါတ် လှေ ကားရောက်တဲ့ HDB တိုက် ဟောင်း တွေ ကို သူတို့ ပါတီ အနိုင် ရရင် အထပ်တိုင်းရောက်တဲ့ ဓါတ် လှေကား တွေ တပ်ပေး မယ်လို့ ကတိ ပေး ခဲ့ တယ်။ တကယ် အနိုင် ရတော့ ပြောတဲ့ အတိုင်း ပဲ ဓါတ်လှေ ကား သစ် တွေ လိုက်တပ်ပေး တာ ဖောချင်းသောချင်းပဲ။
    သူများတို့ နိုင်ငံ မှာ ကော……ဟိဟိ…။
    ခုတလော နာမည် ကြီးနေတဲ့ လူကြီးဆိုရင် နာမည် ရှေ့ မှာတပ်စရာ ဘွဲ့ ထူးတောင် ရလို့။

    • htoosan

      July 31, 2012 at 9:04 pm

      အွန် .. မိုချိုရေ .. အခု အနိုင်ရထားတဲ့ ပါတီ ဆိုတော့ လီဂွမ်ယု ပါတီ မဟုတ်တော့ဘူးလား .. ကျွန်တော် တသက် အဲ ဟုတ်ဘူး စကာင်္ပူ သက်တမ်းတလျှောက်လုံးသူတို့ဘဲ အမြဲနိုင်နေတာလေ..
      ပြိုင်ဘက်တွေ ကို ခေါင်းမဖော်နိုင်အောင် နည်းစုံနဲ့ အမြဲ နိုပ်ကွပ်ထားတဲ့.. ပညာရှိ လူဆိုးကြီး လေ.. 😀 😀

  • Ma Ei

    July 31, 2012 at 4:25 pm

    အိမ်ထောင်မှု
    ဘုရားတည်
    ဆေးမင်ရည် စုတ်ထိုး
    ဤသုံးမျိုး ဂျက်မပိုင်
    နောင်ပြင်ရန်ခက်သည့်အမျိုး ဆိုတဲ့ စာချိုးတဲ့
    ရှေးလူကြီးတွေ ခုခေတ်ရှိရင်
    ဓါတ်လှေကားလဲထည့် စာချိုးမှာသေချာတယ်နော်…
    နေ့စဉ်ရုံးတက်ဆင်းရတဲ့နေရာမှာ
    ဓါတ်လှေကား နှစ်စီးတပ်ထားတယ်
    မလောက်တော့ တစ်စီးထပ်တပ်ရတယ်…
    Brand မတူတော့ Building နဲ့ Level မတူ
    လှေကားထစ်နဲ့ ထပ်ဆင်း၊ထပ်တက်
    နေရာရအောင်ဆင်ရတော့ လျှောက်လမ်းနဲ့က
    ကွက်တိမဖြစ် နဲနဲကွေ့ဝင်၊ကွေ့ထွက်…
    အရင်နှစ်စီးကလဲ Control ကသီးသန့်
    စီးတဲ့သူတွေက နှစ်ဘက်လုံး ခလုတ်နှိပ်
    နှစ်စင်းလုံး တက်လိုက်ဆင်းလိုက်နဲ့
    တစ်ချို့ကလေးတွေ အောက်ရောက်ပြီးမှ
    ခလုပ် အကုန်နှိပ်ခဲ့တယ်..
    ပြန်လဲတက်ရော အထပ်တိုင်းရပ်
    ဘယ်လိုစွမ်းအင်ချွေတာမလဲ…
    ပတ်စီးကြတဲ့ သူတွေကရှိသေး
    ဝိတ်ပိုနေလို့ အသံမည်လဲ ခဏထွက် ပြီးပြန်ဝင်တဲ့
    သေချာ Maintenance လုပ်ထားလို့သာ
    စီးရဲတာ…

  • J@ckal

    July 31, 2012 at 4:26 pm

    အနော်လဲ နည်းနည်းဝင် အာချောင်ပါရစေ
    ကိုဂီပြော သလို ဒါတ်လှေဂါးကို ဆော့ဖဝဲနဲ့ ထိန်းချုပ်ဖို့ ကြိုးစားကြပါတယ်
    အဲဒီမှာ နည်းနည်းတော့ ရှော့ရှိနေပါတယ်…. ဂတစ်.. ဂတစ်
    ပြားသေနာက strength ကို ကြာရှည်စွာ ထိန်းဖို့ ကိုက်ညီတဲ့ ပစ္စည်းဒွေ သုံးမယ်ဆိုရင် မူလကုန်ကျစရိတ်ထက် ၃၅% ပိုလာနိူင်ကြောင်း(ကနဦး) ဘာဖစ်လဲဆိုတော့ ဒါတ်လှေကားက အောက်မှ ထိုင်ထားတဲ့ မော်တာတွေကတဆင့် အတက်အဆင်း လုပ်ကြပါတယ်(ယေဘူယျ အားဖြင့်) နောက်တခုက ရေတွင်းက ရေကို စက်သီးနဲ့ ဆွဲတင်တဲ့ စနစ်ကို မှီးထားပါတယ်။ ဆိုတော့ ဒါတ်လှေကားကို ပလိုဂလမ်နဲ့ရမ်းပီး အတက်အဆင်း လုပ်တာကို ချိန်ရာမှာ အစမှာတော့ဖြင့် တွဲလောင်းဆွဲထားရမယ် ထင်ပါတယ်(အထင်) ဆိုတော့ အပေါ်ကဟာဘဲ ပြန်ရောက်သွားဘီ ရေရှည်သူရဲ့ strength ကိုထိန်းဖို့ အမာထည်များအား ထပ်ပိုးထုတ်လုပ်ရာမှာ ချိန်သားမကိုက်ညီနိူင်ဘူးလို့ ဖတ်မှတ်ရပါတယ်။
    ပါးစပ်နဲ့တော့ ရှင်းပြတတ်ပီး စာဖြင့်ရှင်းလင်းအောင် မပြောနိူင်တာ ခွှင့်လွှတ်ပါ

    ဒါတ်လှေဂါး တင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်း ၊ တင်သွင်းခြင်း အနည်းငယ် လုပ်ဖူးသော အတွေ့အကြုံဖြင့် အနည်းငယ် အာချောင်မိပါသည်။

    • myanmarcitizen

      July 31, 2012 at 4:52 pm

      “ပလိုဂလမ်နဲ့ရမ်းပီး အတက်အဆင်း လုပ်တာကို ချိန်ရာမှာ အစမှာတော့ဖြင့် တွဲလောင်းဆွဲထားရမယ် ထင်ပါတယ်(အထင်) ”

      ဘယ် program မှရမ်းပြီးအလုပ်မလုပ်ပါဘူး (သေချာစနစ်တကျ ရေးထားတာဆိုရင်ပေါ့)။

      • Solid_Sn@ke

        July 31, 2012 at 6:48 pm

        ကျနော်ရေးတာ မပြည့်စုံသလိုဖြစ်သွားတယ် ဆောရီးဗျာ…
        ပထမဆုံး ကေ့စ်မှာ ပရိုဂရမ်နဲ့ ထိမ်းမယ်ဆိုတာက …
        ဓါတ်လှေကားတွေ အားသွားတဲ့အချိန် (၁ဝမိနစ် ၊ ၁၅မိနစ်) ရှိပြီ ဆိုရင်
        ဆိုတဲ့ condition နဲ့ အကျုံးဝင်သဗျ…
        အဲ့သလိုဖြစ်သွားရင် အထပ်က ၁ဝထပ် ဓါတ်လှေကားက ၂စင်းရှိတယ်ဆိုရင် … တစင်း
        ၆ ကို တက်သွား အဲ့သည့်မှာ ထိုင်စောင့် …၁စင်း ၁လွှာမှာ နေမြဲအတိုင်းနေ…
        အဲ …ခေါ်တဲ့လူရှိပြီဆိုရင် … ၂စီးရဲ့ တည်နေရာနဲ့ ခေါ်တဲ့အထပ် ရဲ့ အကွာအဝေးကို ..
        ထောက်ချင့်လို့ …မင်းသွားမလား ငါသွားမလား ဆိုတာကိုပဲ ဆုံးဖြတ်ပေးတဲ့ ပက်တန် ဗျ …
        ဓါတ်လှေကားရဲ့ လုပ်ငန်းဆောင်တာ ကို စွက်ဖက်မှုမရှိဘူး …
        ပကတိအတိုင်း ပုံမှန် အလုပ်လုပ်နေမှာပဲဖြစ်တယ်…

        တက္ကစီတွေ ဂိတ်ထိုးတဲ့အခါ ..ရှေ့နောက် စီသလို …သည် ပါဆင်ဂျာကတော့ …
        ဘယ်သူနဲ့ ပိုလမ်းသင့်တယ် ..မင် းလိုက် သွားကွာ ဆိုတာမျိုးလောက်
        စီစဉ်တဲ့အခင်းအကျင်းကိုပဲ ပရိုဂရမ်က ထိန်းကွပ်မှာဖြစ်ပါတယ်…

        ဓါတ်လှေကားအလုပ်လုပ်ပုံကတော့ …သူ့သဘော သူ့သဘာဝအတိုင်း ဆိုပါတော့ …

        (နောက်မှ နည်းနည်းအကျယ် ထပ်ပြောပါဦးမယ်ဗျာ..)
        အိမ်စာလုပ်လိုက်ဦးမယ် …
        ဟီး…
        😀

  • myanmarcitizen

    July 31, 2012 at 5:11 pm

    ကိုဂီရေးထားတာလေးကော မန့်ထားတာလေးကောကောင်းပါတယ်။ မကြာမကြာ comment တွေကိုကြည့်ဖြစ်ပါတယ်။ ကိုယ်ကစိတ်လဲစိတ်ဝင်စားတာကိုး။

    ဓါတ်လှေကား ဆီကိုရောက်ဖို့ နဲနဲလေးပဲလိုတော့တယ် (အပြေးတစ်ပိုင်းလေးနဲ့သွားနေတာပေါ့) အဲ့ဒီအချိန်မှာ ဓါတ်လှေကားထဲက လူကလဲ စောင့်မနေဘူး (မမြင်တာလဲဖြစ်နိုင်ဒါပေါ့)( နောက်ပြီး Full weight မဖြစ်သေးတဲ့အခြေအနေမျိုး) တံခါးသူ့အလိုလိုပိတ်ပြီး ဒိုးသွားရော။ အဲ့လိုအခြေအနေမျိုး အတွက်လဲ System ကထဲ့စဉ်းစားပေးနိုင်ရင်ပိုကောင်းလိမ့်မယ်ထင်တယ် 🙂

    • Solid_Sn@ke

      July 31, 2012 at 5:14 pm

      လူရဲ့ မန်နာလေးလည်း အရေးကြီးသဗျို့ …
      ကွန်ဒို ဆင်နာရီယိုလေး တစ်ခုပါ …

      ရုံးခန်းထဲက အမ်ဒီတယောက် စာရွက်စာတမ်း တွေနဲ့ ရုံးခန်းထဲက အပြေးအလွှား ထွက်လာတယ်..
      အိမ်ဖော်မလေးတစ်ယောက် အမှိုက်သွန်မလို့ ဓါတ်လှေကားထဲ ဝင်သွားတယ်..

      အဲ..close button ကို ကဗျာ ကယာ နှိပ်ရင်း… ကမန်းကတန်း ဆင်းချသွားတယ်လေ…
      သူကြည့်လက်စ ကိုရီးယားကား
      ကြော်ငြာ ထိုးချိန်လေး ကလွဲရင် နည်းနည်းမှ အပွန်းအပဲ့ မခံချင်ရှာဘူးရယ်လေ…

      အော်…

      • Solid_Sn@ke

        July 31, 2012 at 5:15 pm

        တကယ်က open button လေး ဖိထားပြီး ဆက်စောင့်ပေးနေလို့ရတဲ့ ၃-၄စက္ကန့်ကိုဗျာ…

        စစ်စတမ် က လူ့ ကွန်ထရိုး ကို override မလုပ်ပါဘူးဗျာ ..
        သည်လို situation တွေမှာပြောပါတယ်…

        စနစ်လည်း ပြောင်းဖို့လိုပါတယ်
        လူလည်း ပြောင်းဖို့လိုပါတယ်…

      • အရီးခင်လတ်

        July 31, 2012 at 8:05 pm

        ကျောင်းတကာတွေ၊ ဘုရားဒကာ တွေ နဲ့ ဆိုတော့ မင်းကြည့်ရတာ ဘုန်းကြီးကျောင်း မှာ တပ်မဲ့ ဓာတ်လှေခါးအတွက် ကန်ထရိုက် ရနေပြီ ထင်ရဲ့။
        စတာပါ။ 😉

        အနှစ် ပါသော စာတွေကိုတော့ မျက်လုံးလေးအကြောင်သား နဲ့ ဖတ်သွားပါတယ်။
        မှတ်ချက်တွေ ထဲ မှာ မင်း ပြန်ဆွေးနွေး ထားတဲ့ အထဲက
        {{ ကွန်ဒို ဆင်နာရီယိုလေး က လူရဲ့ မန်နာလေး အကြောင်း }} ကိုတော့ သဘောကျ မိသွားတယ်။
        အမှန်တော့ အဲဒီ အိမ်ဖော်မလေးတစ်ယောက် က အဲဒီ အမ်ဒီကြီး ရဲ့ အလုပ် ဘယ်လောက် အရေးကြီးမှန်း သိဖို့ မလွယ်ပါဘူး။
        လူရဲ့ မန်နာတွေ အကြောင်း လဲ ဒီ ကလေး ဘယ်ကြားဘူးမလဲ။
        ဒီတော့ သူ့ကို အပြစ်ပြောဖို့ ခက်တယ်။
        ဒါပေသည့် တစ်ခုတော့ ရှိ တယ်။
        အဲဒီ အမ်ဒီကြီး က အဲဒီ အိမ်ဖော်မလေး အပြေးအလွှား ထွက် လာတာ ကို မစောင့် ရင်တော့ အဲဒီ အမ်ဒီကြီး ကို ကဲ့ရဲ့ နိုင်တယ်။
        လူရဲ့ မန်နာတွေ အကြောင်း ကို ပညာတတ်လူကြီး က သိသမို့ သူကိုယ်တိုင် လက်တွေ့ကျင့်သုံးပြသင့် တာကိုး။

        ဘာမှ လဲ မဆိုင်ဘူးနော်။
        မင်း အရီးက ဒီလိုဘဲ။
        ခွေးလွှတ်ပါကွယ်။
        ခွေးမလွှတ် ခင် မှာ မယ်လက်မလေးတော့ယူလိုက်ဦး။ 😛

        ဒါနဲ့ ခရီး မှာ စိတ်အပန်း ပြေခဲ့ရဲ့လား။ 🙂

        • Solid_Sn@ke

          August 1, 2012 at 4:24 am

          ဟုတ်…
          ပြေပါတယ်ချင့် …
          အခု …ပြန်လည် အသားကျနေပါဘီချင့်
          အိုလံပစ်မှာ ….Ai Fukuhara လေးကို အားပေးရအုံးမယ်ချင့်…

          အိုဘယ့် …
          တေဘယ်တင်းနစ်စ်..
          😀

  • MaMa

    July 31, 2012 at 6:14 pm

    ကိုယ်မတတ်ပေမယ့် တို့ရွာထဲမှာ ဒီလိုစာမျိုးရှိတယ်လို့ ကြွားပြီး ဓာတ်လှေကားဆင်တဲ့နေရာမှာ လုပ်နေတဲ့ သူငယ်ချင်းကို လက်ဆင့်ကမ်းလိုက်ဦးမယ်။ [:)]

    _________________________
    I added cool smileys to this message… if you don’t see them go to: http://s.exps.me

  • ရဲစည်

    July 31, 2012 at 6:16 pm

    တောင်ဒဂုံက UP ဓါတ်လှေကား စက်ရုံက လူတချို့နဲ့တော့ တွေ့ပီး စပ်စုဖူးတယ်။
    သူတို့လဲ ဂီဂီတွေးသလို မပြောကြဘူး မပြောဖြစ်တာလဲ ပါမယ်ထင် အရင်းစစ်တော့
    စွမ်းအင်ချွေတာမှုသော် လည်းကောင်း နည်းပညာနဲ့ အသုံးချမှုမှာ နည်းနည်း လိုအပ်နေတာ ထင်ရဲ့

    • Solid_Sn@ke

      July 31, 2012 at 6:39 pm

      ပြောချင်တာ အဲ့ဒါပဲဗျို့ …..
      အိုင်တီ ဆိုတာကြီးက သီးခြား ရပ်တည်တဲ့ ဆပ္ပဂျက်ကြီး တခုမဟုတ်ဘူး …
      ရှိပြီးသား စီးပွားစက်မှု နယ်ပယ် စုံမှာ ပိုမိုချောမွေ့အောင် ပိုမို အလုပ်တွင်ကျယ်အောင်
      ပိုမို မြန်ဆန်သွက်လက်အောင် လုပ်ပေးနိုင်တဲ့ အရာတခု ဆိုတာမျိုးပါ…

      ဆောက်လုပ်ရေး လုပ်ငန်း ကလူတွေ အိုင်တီ ဘက် ဆက်စပ်ထိတွေ့တာ အများဆုံးက
      ဒီဇိုင်းပိုင်းဖြစ်တဲ့ အော်တိုကတ် ဆိုရင် မှားမယ် မထင် …
      ပရိုဂရမ်မင်း လို့ပြောရင် ကုဒ်ဒင်လို့ပြောရင်…

      အခြား စက်မှုစီးပွား ကဏ္ဍက ပရိုတွေဟာ …(ထဲထဲဝင်ဝင် မလေ့လာထားဘူးဆိုရင်)
      ကွန်ပြူတာတွေကို မောင်းနှင်တဲ့ စနစ်တွေ OS တွေ
      လောက်ပဲ လို့ ထင်နေမြင်နေတာ …ပြုပြင်ပြောင်းလဲ သင့်ပြီ ထင်ပါတယ်…

      အနှီ ဆြာတွေကလည်း … လေ့လာသင့်သလို
      အိုင်တီဘက်က ပရိုတွေကလည်း …မိတ်ဆက် သရုပ်ပြတွေ …
      ရှင်းလင်းပြောကြားမှုတွေ လိုကိုလိုနေတယ်ဗျို့ ….

      ပရိုဂရမ်မင်း ဟာ ..အကောင့် ဆော့ဖ်ဝဲ တခုမဟုတ်ဘူး..
      အလားတူ ဘဏ် ဆော့ဖ်ဝဲလည်းမဟုတ်ဘူး ….
      ဝန်ထမ်း အတန်းဒန့်စ် ဖြတ်တဲ့ ဆော့ဖ်ဝဲလည်းမဟုတ်ဘူး…

      တချိန်တည်းမှာ အနှီ အရာအားလုံးလည်း ဟုတ်နေပြန်တယ်…
      ဆိုလိုချင်တာ …ဒါကြီးကို ပလက်ဖောင်းတခု လို့ မမြင်ဘဲ …
      ဒါကို သုံးပြီး ခိုင်းပြီး …အလုပ်ပိုတွင်ကျယ် ပို အီကိုနော်မီဖြစ် ပို အက်ဖီရှန်စီ ရအောင်
      လုပ်ဖို့ လို့ပဲ ပြောချင်ပါတယ်…

      language လေ့လာသလိုပေါ့ …ဒါကြီးကို လေးစားနေစရာ …အောက်ကျို့နေစရာ မလိုသလို
      ကိုယ် မလိုက်စားထားလို့ ..စပျစ်သီးချဉ်စရာလည်း မလိုဘူးမှတ်ပါတယ်…
      win-win နဲ့ ၂ဦး၂ဖက် အကျိုးများအောင် ပူးပေါင်း ဆောင်ရွက်သင့်ကြောင်း…လည်း…ရေးခဲ့ချင်သေးရဲ့….

      အဲ …လူအစား စက် အသုံးပြုမယ် ပရိုဂရမ်နဲ့ ရွမ်း စေမယ်ဆိုရင် …
      exceptional case တွေ …တားမရမှာ ထိန်းမရမှာတို့…
      နောက်တခု …လူတွေ အလုပ်ပြုတ်ကုန် …အလုပ်လက်မဲ့ဖြစ်ကုန်မှာတို့ …
      စိုးရွံ့ကြတယ်… စိတ်ပူကြတယ် ကြားဖူးပါတယ်…

      တကယ်က အဲ့သည့် အယူအဆ မှားပါတယ်….
      (ကိုင်းဖျား ကိုင်းနား ဖြစ်လွန်းလို့ … ကတ်ကြေးနဲ့ အကိုက်ခံရတဲ့ အဆင့်တော့ အနည်းနဲ့ အများ ရှိမှာဖြစ်ပေမယ့်..)

      ကိုင်း ခွဲကြီးကြီးကိုတော့ ဘယ်စီးပွားရေးသမားမှ ဓါးမ နဲ့ မချိုင်ပါဘူး …
      automation အရ ..ပိုမြန်ဆန် ပို ချောမွေ့လာရင်
      ပို အလုပ်ဖြစ်ဖို့ အကြောင်းဖန်လာမှာမို့….
      သည်ဘက်ကို စက်နဲ့အစားထိုးနိုင်တဲ့အနေအထားမှာ..
      အဲ့သည့်ဘက်ကဖယ်လိုက်တဲ့ လူကို အခြားနေရာသစ် လုပ်ငန်းသစ်နဲ့ …
      ဈေးကွက်အသစ်မှာ နေရာပေးစမြဲ ဖြစ်ပါတယ်…

      စတုတ္ထလှိုင်းက အခုမှ မစရင် ဘယ်တော့ စကြမတုန်းဗျာ….

      ဓါတ်လှေကား ဆိုတာ ကျနော် ဉာဏ်မှီသလောက် အပေါ်ယံ ဖျန်းပြီးရေးထားတာလေးပါ…

      သည့်ထက် နက်နဲတာတွေ …business sectors တွေအချင်းချင်း …
      ပူးပေါင်းဖို့တွေ ..အပြန်အလှန် အကျိုးပြု သဘောတရားနဲ့ ဆောင်ရွက်ကြဖို့တွေ …
      အများကြီးမှ အများကြီး ကျန်နေသေးပါကြောင်း ….

      တော်သေးဘီ

      ခင်တဲ့
      ဂီ

  • ကိုရင်စည်သူ

    July 31, 2012 at 7:04 pm

    ဓါတ်လှေကားဆိုလို့… ဓါတ်လှေကားထဲမှာ
    စကီချောချောလေးနဲ့ နှစ်ယောက်ထဲ
    အမြင့်ဆုံးအထပ်တက်ရင် ရင်ခုန်တာတော့သိတယ်..။
    မြို့တက်လာလို့… ကိုရင်လည်း စက်လှေကားနဲ့ ဓါတ်လှေကားဆိုလို့ ရွှေတိဂုံဘုရားမှာပဲ
    စီးဖူးတာ… သိတယ်မဟုတ်လား… ဒီက ဘာမှ သိပ်တိတာမဟုတ်ဘူး.. ရိုးတာလေ…
    ဒင်းကြီး မြွေမာမာကြီးလို့.. အဟိ… အာဟိ… 😛 😛
    ဟုတ်တယ်နော်.. ဒေါင်းမလေး… mိုး… 😳 😳

  • မောင်ပေ

    July 31, 2012 at 9:27 pm

    ဓါတ်လှေကား
    အထပ်တွေကြား
    တက်လေမနား
    အဆင်းရွေ ့လျား
    နှင်းငွေ ့ကြား
    ပုလင်းမေ့ခါး

  • Pye Kun Zaw

    July 31, 2012 at 10:17 pm

    စွမ်းအင်ချွေတာတဲ့အနေနှင့် နှစ်ထပ်သုံးထပ်လောက်မှာနေတဲ့သူတွေ(သက်ကြီးရွယ်အို၊ဒုက္ခိတမပါ) ပစ္စည်းအလေးအပင်မပါရင် ခြေထောက်နှင့်တက်လို့ရပါက ဓါတ်လှေကားအသုံးမပြုသင့်ပါဘူး

    • Solid_Sn@ke

      August 1, 2012 at 10:00 am

      ရုံးအလုပ်လုပ်ကြတဲ့ မမလှလှတွေ (၀ဝတွေမပါ)
      ကတော့ တတ်နိုင်သလောက် လှေကား ကိုပဲ အသုံးပြုကြတယ်ဗျ..
      အဆီကျ အသားကျစ်ဖို့အတွက် သူတို့မှာ ကိုယ်ပိုင်
      ကိုယ်လက်လှုပ်ရှားချိန် မပေးနိုင်လို့ ဆိုပဲ ….

      အဟုတ်လည်း ..အသားကျစ်ကြပါတယ်လေ….
      :mrgreen:

  • marblecommet

    August 1, 2012 at 2:38 am

    ဂီရေ့ နင်ပြန်လာရင်
    နင်ပြန်လာရင် နာ့အတွက်
    ဒါ့လှေဂါး ဒဇင်း ဝယ်ခဲ့ဘာ….
    သာဗျော ထတောက
    မြွေဟောက်ပင်ဂျီးကို
    ဒါ့လှေဂါး တပ်ထားချင်လို့ဘာ….
    နင်လည်း မနစ်နာစေရပါဘူး…
    ပင်စည်ထိပ်မှာငြမ်းဆင်ပြီး
    မောင့်ကျက်သရေ ခေါင်းပေါင်း
    ဖောင်းဖောင်းဝေနေတဲ့
    မြွေဟောက်ပင်ရဲ့
    အရည်အနှစ်ကို အသေကြိတ်ရပါစေ့မယ်…
    အာဟိ……
    သများတို့ က အိုင်တီ နားမလည်လို့
    နားလည်တာဂို ရေးသွားသီ….
    ခင်တဲ့
    ငကမ်း…

  • kai

    August 1, 2012 at 5:20 am

    ဓာတ်လှေကား = Elevator (or lift in the Commonwealth excluding Canada) is a type of vertical transport equipment that efficiently moves people or goods between floors (levels, decks) of a building, vessel or other structures. Elevators are generally powered by electric motors that either drive traction cables or counterweight systems like a hoist, or pump hydraulic fluid to raise a cylindrical piston like a jack.

    =
    စက်လှေကား = An escalator is a moving staircase – a conveyor transport device for carrying people between floors of a building. The device consists of a motor-driven chain of individual, linked steps that move up or down on tracks, allowing the step treads to remain horizontal.

    ဓာတ်လှေကား = Elevator ဆိုတာကြီး.. အသုံးအနှုန်းသိပ်သဘောမကျပါဘူး..
    အဲဒီ.. ခေတ်မှီပစ္စည်း.. ဘာမှန်းမသိရင်.. “ဓာတ်ထည့်” နေတာကို.. ဖျောက်သင့်ပြိ..
    တောကျလွန်းလှပါတယ်…။

    ဓာတ်လှေကား = Elevator အပေါ်အောက်.. အနိမ့်အမြင့်သွားတာမို့..
    တခုခုပြင်ပေးလိုက်ဖို့သင့်တယ်..။
    လှေကားအသုံး ထည့်မသုံးသင့်တာအမှန်.. လေးဖက်ပိတ်အခန်းလေးထဲမှာမို့..
    “စက်သေတ္တာ”ဆိုတော်သေးတယ်..။ :mrgreen:

  • ကြောင်ကြီး

    August 1, 2012 at 9:44 am

    ဓာတ်လည်းမဟုတ် စက်လည်းမဟုတ် နတ်ဖြစ်သင့်တယ်။
    နယူးယောက် မြို့လည်ခေါင် မန်ဟက်တမ်အရပ်မှာ နိုင်တီးဂွမ်တီးကထဲက ဆောက်ထားတဲ့ လူနေ၊ ရုံးခန်း အထပ်မြင့် တိုက်ဟောင်းဂျီးတွေရှိတယ်။ အဲဒီမှာ ဓာတ်လှေခါးအစောင့် ကိုယ်တိုင်မောင်းပေးရတုန်း… ဘာလို့လည်းသိလား.. (၁) အကြောင်းအမျိုးမျိုးကြောင့် အဆောက်အဦး အသစ်ပြန်ဆောက်ဖို့ အစီအစဉ်မရှိသေးဘူး။ (များသောအားဖြင့် စာချုပ်စာတမ်း ပိုင်ဆိုင်မှု၊ မြို့တော်ကောင်စီနဲ့ အရှုပ်အရှင်း ရှိတာတွေများတယ်)
    (၂) ဓာတ်လှေခါး အသစ်ပြန်ထည့်တဲ့ဒဏ် အဆောက်အဦးက ခံနိုင်ရည်ရှိချင်မှ ရှိမယ်။ အကြီးစားမွမ်းမံလို ရပြန်ရင်လည်း ပြင်စရိတ်က အသစ်ထည့်တာထက် ပိုကြီးနေတယ်။
    (၃) ဓာတ်လှေခါး အသစ်ပြန်ထည့်လို့ ငှားနေသူတွေ ပြောင်းရွှေ့သွားမှာ၊ အခန်းငှားခ ဝင်နည်းသွားမှာ မလိုလားဘူး။
    ဒါနဲ့ပဲ အန်းတိတ်ဓာတ်လှေခါးကြီးများ ဆက်သုံးနေကြတယ်။ မြန်မာပြည်က အတိုင်းပဲ၊ မယုံမရှိနဲ့။ ဘာဂျာသံတံခါးကြီး ဂျိန်းကနဲပိတ်၊ ဝုန်းကနဲစောင့်တက်၊ ရပ်တဲ့အခါ အင့်ကနဲဖြစ်သွား..အကျင့်မရှိသူများဆို မူးကနဲမိုက်ကနဲ ရင်လေးတဖိုဖို နံရံလေးတမှီမှီ ဖြစ်ကုန်ဂျ၏။ ဟား ဟား ဟား အဲဒါ သဂျီးနေတဲ့ အမေရိကန်နိုင်ငံဒေါ်ဂျီးကွ…

  • kyeemite

    August 1, 2012 at 3:36 pm

    “စက်သေတ္တာ” လည်းမကောင်းဘူး
    “နတ်သေတ္တာ” လည်းမကောင်းဘူး
    တစ်ကယ်က..“နတ်လှေကား”..ဟီးးးး

  • Inz@ghi

    September 2, 2012 at 12:36 am

    ကျနော် Fuzz Logic အကြောင်း အရင် ရေးသင့်ခဲ့ကြောင်း နောင်တရမိတဲ့ပိုစ့်ပါဗျို့ …
    ခုလို နာမည်ဖော် မန့်လိုက်တာက …အနှီ Fuzz Logic အကြောင်း
    ပိုင်ပိုင်နိုင်နိုင် ရေးနိုင်မယ့်လူရှိရင် ရေးစေချင်တာကြောင့်ပါ…

    ကျနော် ကတော့ ရေးဖြစ်မယ် ရေးဖို့ နိုင်နင်းမယ် လို့
    သိပ် ကွန်ဖီးဒန်စ့် မရှိဘူးဗျာ…
    Hardware ပိုင်း အတော် အတန် တီးခေါက်မိတဲ့
    အပျော့ထည် ဆြာ တယောက်ယောက် ရေးစေချင်မိပါရဲ့…..

    တော်သေးဘီ
    ခင်တဲ့
    ဂီ

  • Zu

    September 2, 2012 at 10:49 am

    လောလောဆယ်တော့ မနက်ပိုင်း ရုံးတတ်ချိန်နဲ့
    ညနေပိုင်း ရုံးဆင်းချိန်ဆို ဓာတ်လှေကား တော်တော်စောင့်ရတယ်…… 🙁

Leave a Reply