ဧရာကမ်းရဲ့ညနေခင်းလေး………..တစ်






ရေပြင်ဆီအခ
ရွှေမူံတွေကြဲ့ပက်
လက်လက်ရယ်လှ.









We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.
The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ...
Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.
Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.
Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.
Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.
Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.
26 comments
မမ အညာသူ
July 31, 2012 at 10:24 am
ပုံလေးတွေကိုကြည့်ရှု.သွားပါတယ်
ဓါတ်ပုံဆရာလေးဦးပေါက်ရဲ့ပုံတွေကိုနှစ်သက်တယ်
ညာရဲ့မွေးနေ့ပွဲကျရင် လေးပေါက် ပုံလှလှလေးရိုက်ပေးနော်
ဘယ်လိုလဲ ရိုက်ပေးမှာလားလို့………………..
ကိုပေါက်(မန္တလေး)
July 31, 2012 at 11:26 am
မန်းလေးမှာလာပြီးမွေးနေ့ပွဲလုပ်မယ်ဆိုရင်ဖြစ်စေ
အခြားနေရာမှာလုပ်လို့ ကျနော်အားတဲ့အချိန်နဲ့တိုက်ဆိုင်ရင်ဖြစ်စေရိုက်ပေးပါမယ်။
ဒါပေမယ့် ကျနော်က လူပုံရိုက်တာ သိပ်မကျွမ်းဘူးရယ်၊
ကျနော်ရိုက်လိုက်မှ လှတဲ့သူက မလှရင်တော့ အပြစ်မပြောကြေး။
ဦး ဂျစ်
July 31, 2012 at 10:57 am
လှေစီးနေတဲ့ ပုံလေးတွေ နဲနဲမှုန် နေတယ်နော် ကိုပေါက် …
သီးခြား ကင်မရာ နဲ့ ရိုက်ထားလို့လားဗျ…
ကိုပေါက်(မန္တလေး)
July 31, 2012 at 11:24 am
ကိုဂျစ်ရေ
အချုို့ပုံတွေနည်းနည်းမှုံသွားတာကတော့ ဇွမ်းဆွဲရိုက်တဲ့အချိန်ကျနော့်လက်မငြိမ်လို့ဝါးသွားတာပါဗျို့။.
aye.kk
July 31, 2012 at 11:11 am
လှေငယ်လေးရယ်…
မြစ်မင်းဧရာရယ်….
ကိုပေါက်လက်ရာတွေက…
မြူးမြူးကြွကြွနဲ ့….
ထူးလှပါပေတယ်…။
စိတ်ကူးထဲမှာ…
ဧရာဝတီမြစ်ပြင်ကျယ်ထဲ…
သင်ဖြူးခင်းပြီးသာ၊လှဲအိပ်လိုက်ချင်မိပါတော့တယ်။။။
ကိုပေါက်(မန္တလေး)
July 31, 2012 at 11:27 am
ဧရာမြစ်မင်း
ရေဇလာသင်ဖြူးခင်း
အိပ်စက်အနားယူရင်း
စိတ်ကူးရွှက်လွှင့်ခြင်း……………………………………………….
surmi
July 31, 2012 at 11:54 am
ပုံတွေကြည် ့ပြီး တခါကဧရာဝတီမြစ်ထဲမှာလှေတစ်စီးနဲ ့သွားခဲ ့ဘူးတာသတိယမိတယ်အစ်ကိုရေ
ဘာကိုလွမ်းလို ့လွမ်းမှန်းမသိ
တကယ်ကိုထိတယ်ဗျို ့
ပန်းချီဘဲဆွဲချင်သလိုလို စာဘဲရေးချင်သလိုလိုတောင်ဖြစ်သွားတယ်
ကိုပေါက်(မန္တလေး)
July 31, 2012 at 3:13 pm
ကိုဆာမိရေ
စာများများရေးပါနော်။
shwe kyi
July 31, 2012 at 12:18 pm
အိမ်အပြန်ဆိုတဲ့ပုံလေးကိုအရမ်းသဘောကျတယ်လေးလေးရေ။ နံပါတ် ၄ ပုံကိုလည်းကြိုက်တယ်။
ရွှေကြည်တို့ကဧရာဝတီမြစ်ဘေးမှာနေတာဆိုတော့ ပုံလေးတွေကြည့်ရင်းအိမ်ကိုအရမ်းပြန်ချင်သွားပြီ။
Shwe Ei
July 31, 2012 at 2:18 pm
လွမ်းတယ်ဗျာ (အိမ်ကို)။ မြစ်ထဲမှာ သောင်ထွန်းချိန်အမှီ အိမ်ပြန်ပီး ဓါတ်ပုံရိုက်အုံးမယ်။ လေးပေါက်ကို အားကျလို့။
မောင်ပေ
July 31, 2012 at 2:27 pm
ခလေးတွေ ဒိုးဇက် ဆက်နေအိ
လှေကလေးကိုလှော်မြီ
မမေးမြန်းပဲ သေးပန်းတော့သည်
ဖရဲဟာ ဂေါ်လီ
ဆော်ကျီဖို့ အတော်ပလီတော့သည်
ဟီဟိ
snow white
July 31, 2012 at 2:39 pm
ပုံတွေ တော်တော် များများတင်တဲ့လေးလေးပေါက်သက်ရှည်ကျန်းမာစွာ ပုံများများရိုက်တင်နိုင်ပါစေ လေးလေးပေါက်တင်တဲ့ပုံလေးတွေကတစ်ခါမှမမြင်ဖူးတဲ့ပုံမျိုးလေးတွေ တွေ့ရလို့ တကယ်ကိုနှစ်သက်မိပါတယ်။။
ကိုပေါက်(မန္တလေး)
July 31, 2012 at 3:11 pm
ဆယ်စုနှစ်တစ်ခုလောက် ဆိုင်တွင်းပုန်းနေရတဲ့ဘဝလွတ်မြောက်ချိန်
ကင်မရာလေးတစ်လုံးကို စုပြီးဝယ်နိုင်ချိန် ငယ်အိမ်မက်တွေကို အကောင်အထည်ဖော်ခဲ့မိပါတယ်။
ကျနော့်ပုံလေးတွေကို ကြည့်မိတဲ့မိတ်ဆွေတွေက နှစ်သက်တယ် ကြည်နူးတယ်ဆိုတဲ့
ကော်မင်းလေးတွေရတော့ ကျနော်က ပိုစိတ်ကြည်နူးရပါတယ်။
အခုလိုပုံလေးတွေတင်ခွင့် နှစ်ပေါင်းများစွာရချင်ပါသေးတယ်။
စိတ်ချမ်းသာလွန်းလို့ပါ။
Ma Ei
July 31, 2012 at 3:39 pm
ဧရာကမ်းရဲ့ ညနေခင်းလေးကိုကြည့်ပြီး
….လှေကလေးကိုလှော်မည်…
ဘေးမသန်းဘဲ.. အေးချမ်းတော့သည်…
မြစ်ကမ်းခြေ.. ရေနဒီ…
စိမ်းလဲ့လဲ့ကြည်…
သီချင်းလေးညည်းမိပါတယ်…
အခုလိုပုံလေးတွေကြည့်ရတာတစ်ကယ်ကို
စိတ်ချမ်းသာရပါတယ်…
ko khin kha
July 31, 2012 at 4:26 pm
ကျွန်တော်ငယ်ငယ်က ကျောင်းအပ်ဖို့ဓာတ်ပုံသွားရိုက်တော့ ဆိုင်ကဓာတ်ပုံရိုက်တဲ့ ဆရာကြီးကိုမေးမိတယ် “ ဦးကြီးကသားကို ဓာတ်ပုံရိုက်ရင် သားပုံကလှလှလေးထွက်မှာလား´´လို့။ ဓာတ်ပုံရိုက်တဲ့ဆရာကြီးက “သားက ဓာတ်ပုံရိုက်တဲ့ ဦးကချောလား´´မေးတယ်၊ ကျွန်တော်က ကိုယ်ပုံမကောင်းမှာဆိုးလို့ “ဦးကြီးကချောတယ်´´ လို့ဖြေတာပေါ့၊ အဲဒီတော့ ဓာတ်ပုံရိုက်ဆရာကြီးက “ဒါဆို သားဓာတ်ပုံ လှလှလေး ထွက်မှာပေါ့။ ´´ အဲဒီတော့“ ဘာဆိုင်လို့လဲ ဦးကြီးရ´´ မေးလိုက်တယ်၊ အဲဒီမှာသူဖြေတာက “ဓာတ်ပုံရိုက်တဲ့သူက ရုပ်ချောရင်၊ သူရိုက်တဲ့ပုံလေးတွေလည်း လှလှလေးတွေထွက်တယ်တဲ့´´ကလေး ဆိုတော့အဟုတ်မှတ်လို့မှတ်ထားတာပေါ့၊ နောက်ဓာတ်ပုံရိုက်စရာကြုံလို့ ဓာတ်ပုံရိုက်မယ်ဆို ဓာတ်ပုံဆရာ ရုပ်ဆိုးရင် ဓာတ်ပုံအရိုက်မခံဘဲ ပြေးရောဗျာ။ကိုယ်ပုံတွေ မလှမှာစိုးလို့လေ၊ ကလေးဘဝကအတွေးပါ။
အခုကိုပေါက် ပုံလေးတွေလှတယ်လို့ မန့်ကြတော့ နောက်များဆုံတွေ့ရင် ကျွန်တော်ကိုဓာတ်ပုံ တစ်ပုံလောက် တော့ရိုက်ပေးပါလား ကိုပေါက်ရေ။ ပုံတွေကလှတယ်ဆိုတော့ ဓာတ်ပုံဆရာတော့ ချောမှာသေချာတယ်ဗျာ။( ကလေးဘဝလေးကို သတိရသွားလို့ပါ)။
ကိုပေါက်(မန္တလေး)
July 31, 2012 at 5:09 pm
ကိုခ ရိုက်စေချင်ရင် ရိုက်ပေးမှာပေါ့။
တော်တော်များများက ကိုပေါက်ကိုကြောက်ကြတယ်နော်။
ဓါတ်ပုံရိုက်ပြီး အင်တာနက်တင်မှာစိုးလို့တဲ့။
မွန်မွန်
July 31, 2012 at 5:42 pm
လေးပေါက်ရေ..ဧရာကမ်းက ညနေခင်းလေးကို ခံစားသွားပါတယ်နော်…
မွန်မွန်တို့လို အလုပ်စားပွဲမှာထိုင်ပြီး နေဝင်ချိန်ကို ဖြတ်သန်းနေရသူတွေအတွက်တော့ လေးပေါက်ရဲ့ ပုံလေးတွေနဲ့ပဲ သဘာဝနေဝင်ချိန်အလှကို မြင်ရတာပါ…
နံပါတ် (၅) ပုံလေးကို အကြိုက်ဆုံးပါပဲ…
MaMa
July 31, 2012 at 6:37 pm
ဓာတ်ပုံလေးလးတွေကိုကြည့်ပြီး ငယ်ငယ်က တောဘက်ကို သွားလည်ရတဲ့ ခံစားမှုမျိုးမို့ စိတ်တမျိုး ကြည်နူးရတယ်။
ဒါ့ထက် ချောင်းနေသူကို ပြန်ချောင်းခဲ့သေးတယ်ပေ့ါ။ [:*]
ကိုပေါက်(မန္တလေး)
July 31, 2012 at 9:59 pm
အဲဒီပုံလေးမတိုင်ခင်သူက ကျနော်ကို အရင်ချောင်းသွားတာ မမရဲ့။
မွန်မွန်ရေ ကျနော်ကိုယ်တိုင်လဲ လွန်ခဲ့တဲ့ဆယ်နှစ်က ညနေခင်းဆိုတာ ဘာမှန်းမသိတဲ့ထပ်ခိုးကျဉ်းကျဉ်းလေးမှာ နေဝင်ချိန်တောင် မသိတော့တဲ့
လူတစ်ယောက်အဖြစ်နေခဲ့ရပါ၏
မွန်မွန်
August 1, 2012 at 9:57 am
လေးပေါက်ရေ…တစ်ချိန်ချိန်မှာတော့ လေးပေါက်တို့လို ခရီးတွေထွက်၊ သဘာဝအလှအပတွေကို ခံစားနိုင်တဲ့အခွင့်အရေး ရလာမယ်လို့ မျှော်လင့်မိပါတယ်…
သန်းထွဋ်ဦး
July 31, 2012 at 10:03 pm
အင် တကယ်ကိုနေခဲ့ရတာလား ကိုပေါက်ရေ။ခုမှ သိရလို ့ပါဗျာ။
ကိုပေါက်(မန္တလေး)
August 1, 2012 at 10:46 pm
အတွေးချော်မသွားနဲ့ အလုပ်လုပ်တဲ့အခန်းက ထပ်ခိုးလေးမှာ စာရင်းတွေလုပ်ရတာကိုပြောတာနော်
ကိုပေါက်(မန္တလေး)
July 31, 2012 at 10:12 pm
တကယ်နေခဲံ့ရတာပါ ကိုသန်းထွဋ်ရေ
marblecommet
August 1, 2012 at 3:32 am
ကဗျာကို
ကင်မလာနဲ့
ရေးတဲ့ လူကြီး…
ပေါ့ဗျာ….
YE YINT HLAING
August 1, 2012 at 9:52 am
ဦးပေါက်ဒါတ်ပုံ တွေကိုစုပြီး ” ကိုပေါက် ခရီး သွားနေသည် ” ဆိုတဲ့ နာမည်နဲ့ ပြပွဲလုပ်လို့ရပြီနော် ! တနိုင်ငံလုံး အနှံ့ ရိုက်ထားတာလေ ။
ကိုပေါက်(မန္တလေး)
August 1, 2012 at 10:49 pm
ကိုရဲရင့်ရေ
မွန်ပြည်နယ်
ချင်းပြည်နယ်
ကချင်ပြည်နယ်
ရခိုင်ပြည်နယ် ကျန်ပါသေး၏။
ရောက်ဘူးသေးဘူးရယ်